← Chapters

အဲ့ဒီနှစ်က လူတွေအများကြီးသေခဲ့ကြတယ်

Vol. 2 Ch. 22

အဲ့ဒီနှစ်က လူတွေအများကြီးသေခဲ့ကြတယ်

Vol. 2 Ch. 22

ရေပေါ်တွင် လွင့်မျောနေသော အရာတစ်ခု လှေနံဘေးသို့ ဖြည်းညှင်းစွာ ရွေ့လျားလာသည်။

၎င်းသည် အဝတ်စတစ်ခုဖြစ်ပြီး မစ္စတာဟွမ် ဝတ်ထားသောအ၀တ်အထည်နှင့် အတိအကျတူနေသည်။

မစ္စတာဟွမ် ကိုယ်တိုင် မမြင်လိုက်ရပေမဲ့ ကျန်းရီနဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေက အဲဒါကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါတယ်။

တဲလေးနားက ဖယောင်းတိုင်တစ်တိုင်ကိုင်ဆောင်ထားတဲ့ မစ္စတာဟွမ်ရဲ့နောက်ကွယ်ကပုံရိပ်ကို တွေးရင်း ဒီအချိန်မှာ အားလုံးက နားလည်သွားကြပါတယ်။

သို့သော် သူတို့ပိုနားလည်လာလေလေ ပိုပြီးစိုးရိမ်လာလေပါပဲ "စတွင်မာ ၊ အစ်ကိုဟွမ်ရဲ့နေ့က မကြာခင်ရောက်လာတော့မှာလား"

ကျန်းရီက တိတ်တိတ်လေး ခေါင်းညိတ်ပြလိုက်တယ်။ ဒါပေမယ့် "ဒီကိစ္စကို အမြစ်ကနေပြီးတော့ စုံစမ်းရမယ်။ တကယ်လို့ ဖြေရှင်းနိုင်ခဲ့ရင်တော့ တကယ့်ကိုကောင်းချီးတစ်ခုပဲ" လို့ပြောလိုက်တယ်။

"အစ်ကိုဟွမ်က လူကောင်းတစ်ယောက်ဖြစ်ပုံရပြီး သူ့မိသားစုရဲ့ ကျောထောက်နောက်ခံတစ်ယောက်ပဲ ။ သူသာတစ်ခုခုဖြစ်သွားရင် သူ့မိဘတွေ၊ ဇနီးနဲ့ ကလေးတွေက ဘယ်လိုနေမလဲဆိုတာ တွေးတောင်မတွေးနိုင်ဘူး" လို့ ပရိသတ်က ရုတ်တရက် ပြောလိုက်ပါတယ်။

မစ္စတာဟွမ်သည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ဘာတွေဖြစ်နေသည်ကို မသိပေ။ ရေကန်ရဲ့အဆုံးကို ရောက်ခါနီးမှာတော့ သူမနေနိုင်ဘဲ စိတ်တွေလှုပ်ရှားနေခဲ့ပါတယ်။

နောက်ဆုံးတွင် လှေသည် ဆိုက်ကပ်လာပြီး မစ္စတာဟွမ်က မတ်တပ်ရပ်လိုက်ပြီး ကျန်းရီကို "စတွင်မာ အခုဘာဆက်လုပ်ရမှာလဲ" ဟု မေးသည်။

ကျန်းရီက အသက်ပြင်းပြင်းရှူပြီးပြုံးကာ "အကိုဟွမ် လှေရဲ့ဦးခေါင်းမှာ ချိတ်ထားတဲ့ ကြက်တွေနဲ့ ဘဲတွေကို မပြီးတစ်ချက်ကြည့်လိုက်ပါ။"

မစ္စတာဟွမ်က ခေါင်းညိတ်ပြပြီး အောက်ကိုငုံ့ကာ လှေခေါင်းမှာချိတ်ထားတဲ့ ပိုက်ကွန်အိတ်ကို ဆွဲယူလိုက်တယ်။

အဲဒီထဲမှာ ကျောက်တွေ အများကြီး ထည့်ထားတယ့်အတွက်၊ သူတို့က နည်းနည်းတော့လေးတယ်။

ဒါပေမယ့် အဲ့အချိန်မှာတော့ ပိုက်ကွန်အိတ်ထဲမှာ ကြက်တွေ ဘဲတွေ မရှိတော့ပါဘူး သူတို့ရဲ့အရိုးစုအချို့သာ ကျန်ပါတော့တယ်။

မစ္စတာဟွမ်က ဤမြင်ကွင်းကိုမြင်ပြီးတော့ မျက်လုံးများပြူးကျယ်သွားကာ စကားပြောတော့မယ့် အချိန်မှာပဲ ကျန်းရီက သူ့ရှေ့ကနေပြီးတော့ "သိပ်ပြီး​တော့လည်း စိတ်မပူပါနဲ့၊ အဲ့အိတ်ကို လှေပေါ်သာအရင်မတင်လိုက်ပါ"

မစ္စတာဟွမ်သည် အိတ်ကို လှေပေါ်ကို အမြန်မချီလိုက်ပြီး ကြက်တွေနှင့် ဘဲတွေအားလုံးကတော့ အရိုးဖြူ အရိုးစုများအဖြစ်သာ ကျန်ပါတော့သည်။

"အဲဒီအရိုးစုတွေကို ရွေးထုတ်ပြီး ဖုန်းကင်မရာနဲ့ သေချာရိုက်ပြီးတော့ အဲဒီအရိုးစုတွေမှာ ဘာတွေပါလဲဆိုတာ ငါ့ကိုပြပါအုံး"

ကျန်းရီက ထပ်ပြောလိုက်သည် ၊ မစ္စတာဟွမ်ကလည်း သူပြောတဲ့အတိုင်းပဲ အရိုးများအားလုံးကို ကောက်ယူပြီး သူ၏ လက်ကိုင်ဖုန်းဖြင့် အနီးကပ်ရိုက်ပြခဲ့သည်။

ဒါပေမယ့် အနီးကပ်လည်းကြည့်လိုက်ရော မစ္စတာဟွမ်ရဲ့ သွားတွေက မနေနိုင်ဘဲ နည်းနည်းတောင် ကျင်သွားသည်။

ကြက်နှင့် ဘဲအရိုးစုတစ်ခုစီတွင် ထင်ရှားတဲ့ သွားရာအမှတ်အသားတွေ ရှိနေပါတယ်။ အရိုးတိုင်းလိုလိုပါပဲ။ ဒါပေမယ့် သွားရာတွေရဲ့အရွယ်အစားကတော့ တစ်ခုနဲ့တစ်ခု မတူပါဘူး။ အချို့က ချွန်ထက်ပုံရပြီးတော့ အချို့ကတော့ သွားကြီးကြီးနဲ့ ကိုက်ထားပုံရပါတယ် ပြီးတော့ လူတစ်​ယောက်က ကိုက်ထားတဲ့ သွားရာတွေလည်း ဖြစ်ပုံမပေါ်ပါဘူး။

ကျန်းရီ၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီးတော့- "တကယ်ကို အများကြီးပဲ၊ အစ်ကိုဟွမ် မြန်မြန်ကမ်းပေါ်တက်လိုက်တော့ ပြီးရင် အနီးဆုံးရွာကိုသွားပြီးတော့ အဲ့ဒီက လူကြီးသူမတစ်ယောက်ကို မေးဖို့လုပ်ရမယ် ။ ဘာတွေမေးရမယ်ဆိုတာကတော့ နောက်မှပြောပြမယ်"

"အမ်...အနီးဆုံးရွာကို သွားရမှာလား"

"ဟုတ်တယ် မြန်မြန်လေး... မြန်လေကောင်းလေပဲ"

ကျန်းရီက တိုက်တွန်းလိုက်ပြီးတော့ မစ္စတာဟွမ်က ရေကန်မှ ကုန်းပေါ်အမြန်တက်ခဲ့သည်။ ကျန်းရီပြောတာကို နှောင့်နှေးမနေဝံ့ဘဲ၊ အနီးနားက ရွာတစ်ရွာကို ဆက်ပြေးလိုက်သည်။

သို့သော် ထိုရွာသည် မစ္စတာဟွမ်၏အိမ်နှင့် သိပ်မဝေးလှပါဘူး၊ ရွာမှာလည်း အသိမိတ်ဆွေ အနည်းငယ်ရှိပါတယ်။

မစ္စတာဟွမ်ရောက်သွားတဲ့ အိမ်မှာ အသက်ရှစ်ဆယ့်ခြောက်နှစ်ရှိနေပြီဖြစ်တဲ့ အဘိုးကြီးယောက်ရှိပါတယ်။

လောလောဆယ် သူ့ကို အဘိုးမူ လို့ ခေါ်ရအောင်။

မစ္စတာဟွမ်ကို တံခါးလာဖွင့်ပေးတဲ့သူကတော့ အဘိုးမူ ၏သားဖြစ်တယ်။ ညဆယ်နာရီကျော်နေပြီး ကျေးလက်မှာတော့ အဲ့ချိန်ဆိုရင် ညဉ့်နက်နေပြီဖြစ်သည်။ ဒါပေမယ့် အဘိုးမူ၏ သားမှာ တီဗီကြည့်ရတာ နှစ်သက်သည့် အလေ့အထတစ်ခုရှိသည်။

အဲ့တော့ တံခါးခေါက်သံကြားတာနဲ့ သူ တံခါးကိုဖွင့်ပေးလိုက်တယ်။ တံခါးဖွင့်လိုက်တာနဲ့ အခန်းထဲမှာ အရက်နံ့တွေ သင်းပျံ့နေတာပေါ့။

ကျန်းရီ နားလည်သလောက်ကတော ဟန်ကျိုးအလယ်ပိုင်းရှိ အမျိုးသား ဆယ်ဦးတွင် ကိုးဦးသည် အရက်သောက်ကြပြီးတော့ အများစုမှာ အရက်ကို နှစ်သက်ကြသည်။ အဘိုးမူ ၏သားဖြစ်သူက မစ္စတာဟွမ်၏ ရည်ရွယ်ချက်ကို သိရှိပြီးနောက် ဘာမှမပြောဘဲ သူ့အဖေအခန်းဆီသို့ ဦးဆောင်ခဲ့သည်။

တံခါးကိုဖွင့်ကာ ကုတင်ပေါ်တွင် အိပ်ပျော်နေသော အဘိုးမူ ကို နှိုးလိုက်သည်။

မစ္စတာဟွမ်က ကျန်းရီညွှန်ကြားတဲ့အတိုင်း ဗီဒီယိုကို ပိတ်ထားပြီးဖြစ်သည်။ ဒါပေမယ့် အသံကတော့ ကြားနေရသေးသည်။ အဘိုးမူ အိပ်ယာထတာကို စောင့်ပြီး သူ့သားလည်း အပြင်ထွက်သွားတဲ့နောက်မှာတော့ မစ္စတာဟွမ်က သူ့ဖုန်းကို စားပွဲပေါ် တင်ထားလိုက်သည်။

"အဘိုး ဒီရက်ပိုင်း ဘယ်လိုနေလဲ"

ဟုတ်ပါတယ်၊ တွေ့တွေ့ချင်းပဲ သိချင်တာတွေမေးလို့မရဘူးလေ ဟုတ်တယ်မလား အလာဘသလာဘ နည်းနည်းတော့ ပြောရဦးမယ်လေ။

အထူးသဖြင့် လူကြီးသူမတွေအတွက် ဤဓလေ့တွေက အလွန်အရေးကြီးတယ်။

ညသန်းခေါင်ကြီး အဘိုးမူရဲ့ အိပ်ရေးကို နှောင့်ယှက်တာ မယဉ်ကျေးရာရောက်တယ်လေ။

အဘိုးကို နှုတ်ဆက်စကားတောင် မပြောရင် မစ္စတာဟွမ်ကို ညသန်းခေါင်ကြီးနှင်လွှတ်လိုက်ရင်တောင် မနက်ဖြန် အပြောခဲရမယ့်သူက မစ္စတာဟွမ်ပဲ ဖြစ်ပါလိမ့်မယ်။

အဘိုးမူက စိတ်ကြည်လင်နေပြီးတော့ "ကောင်းတာမှ ဒေါင်ဒေါင်မြည်ပဲဟေ့၊ တစ်နေ့တစ်နေ့ကို နှစ်ခွက်လောက်တောင် သောက်နိုင်သေးတယ်" လို့ ပြောလိုက်တယ်။

မစ္စတာဟွမ်ကလည်း လိုက်ရယ်မောနေသည်။ သူ့အသံက ဒီအချိန်မှာ အရင်ကထက် ပိုပြီး ပေါ့ပါးသွားတယ်ဆိုတာ ကြားနေရတယ်။ နောက်ဆုံးတော့ ဒီအခန်းထဲက ကိုသိတဲ့လူနဲ့ ထိတွေ့မှုက သူ့ကို ပိုနွေးထွေးတဲ့ ခံစားချက်ကို ပေးနေလို့ပါပဲ။

အဘိုးမူက မစ္စတာဟွမ်ကို သူ့အိမ်နဲ့ ငါးကန်အကြောင်း တချို့ကို မေးတယ်။ မစ္စတာဟွမ်ကလည်း ယဉ်ကျေးစွာ ပြန်ဖြေသည်။ ခဏကြာ စကားစမြည်ပြောပြီးနောက် မစ္စတာဟွမ်က ရေကန်အကြောင်း တဖြည်းဖြည်းပြောလာတယ်။

သက်ကြီးရွယ်အိုတွေ အထူးသဖြင့် အဘိုးမူတို့လို အသက်အရွယ်ကြီးရင့်သော မျိုးဆက်တွေက သရဲတစ္တေတွေကို ယုံကြည်ကြသည်။ ဒါကြောင့်ကျန်းရီရဲ့ ညွှန်ကြားချက်တွေအရ မစ္စတာဟွမ်က အမှန်အတိုင်းပြောတဲ့အခါ အဘိုးမူ ရဲ့ မျက်နှာဟာ ချက်ချင်း ပြောင်းသွားခဲ့တယ်။

"တကယ်ကြီးလား? ညနက်သန်းခေါင်ကြီးမှာ မင်းငါ့ကို မဟုတ်တာတွေတော့ လာပြောနေတာတော့ မဟုတ်ဘူးမလား"

“မဟုတ်ပါဘူး အဖိုး၊ ဒါကကျွန်တော့်မှာ အတိအကျ ဖြစ်ခဲ့တာပါ၊ ဒီည ပညာရှင်တစ်ယောက်က ကျွန်တော့်ကို ညွှန်ပြပြီးတဲ့ နောက်မှာ အကြောင်းရင်းကို သိလိုက်ရတယ်။ သူက ကျွန်တော့်ကို လာမေးခိုင်းတာပါ။ အရင်က ဒီနေလကန်မှာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို"

အဘိုးမူက ဒီမေးခွန်းကိုကြားတော့ တိတ်သွားတယ်။ အခန်းသည် တိတ်ဆိတ်လွန်းသဖြင့် အပြင်ဘက်တွင် သားဖြစ်သူ၏ တီဗီသံကိုပင် ကြားနေရသည်။

အချိန်မည်မျှကြာသွားသည်မသိသော်လည်း အဘိုး မူ၏ အသံက နောက်ဆုံးတွင် ဖုန်းထဲတွင် ထွက်ပေါ်လာသည်

"ကလေးငယ်လေးတစ်ယောက် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရေနစ်သေသွားတာကို မင်းလည်း သိတယ်၊ ဒါကြောင့် ငါ ဒီအကြောင်း မပြောတော့ဘူး၊ ဒါပေမယ့် လူသိပ်မသိသေးတဲ့ အကြောင်းအရာတွေအဲ့မှာ အများကြီးရှိတယ်။

နေလရေကန်က မျိုချထားတဲ့ အသက်တွေက မင်းရွာမှာရှိတဲ့ ရှောင်ဖေးတစ်ယောက်တည်းတင် မဟုတ်ဘူး။

အနီးတစ်ဝိုက်က ရွာပေါင်း တစ်ဒါဇင်ကျော်က အသက်တွေရောပဲ ။

အဲ့မှာ ရေကစားတဲ့နှစ်တိုင်း မတော်တဆမှုတွေကနှစ်စဉ်ဖြစ်တတ်တယ်”

" မှတ်မှတ်ရရ အဆိုးဆုံးဖြစ်ခဲ့တာကတော့ ကျိုးမင်တို့ မိသားစုပဲ။ သူ့မိသားစုမှာ အဲဒီတုန်းက မြေးသုံးယောက်ရှိပြီး ရွာမှာ အချမ်းသာဆုံးပဲ။ ဒါပေမယ့် ၁၉၇၆ မှာတော့ ကျိုးမင်ရဲ့ မြေး သုံးယောက်စလုံး နေလရေကန်ထဲမှာ ရေနစ်သေဆုံးသွားခဲ့တယ်"

" ပြီးတော့ ၁၉၇၃တုန်းက နွားမွေးစားတဲ့ တင်ဖန်း နဲ့ ၁၉၇၆ တုန်းကလည်း ရှောင်အာဒန်တစ်ယောက်လည်း ရှိခဲ့တယ်။ ဟင်း... အဲဒီ့မှာ လူတွေ အများကြီး သေခဲ့တယ်။ လူတွေက တကယ့်ကိုမရေမတွက်နိုင်ပဲ သေခဲ့ကြတယ်။"

အဘိုးမူ သည် ထိုအကြောင်းကိုပြောသောအခါ သက်ပြင်းကို အကြိမ်ကြိမ်ချလိုက်သည်။ မစ္စတာဟွမ်က သူ့တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး “ဘာလို့ အဲအကြောင်းတွေကို တစ်ခါမှ မကြားဖူးတာလဲ” လို့ မေးလိုက်တယ်။

"မင်းအဲ့အချိန်တုန်းက အသက်ငယ်သေးတယ်လေ ။ ပြီးတော့ နေလရေကန်က ၁၉၇၉ မှာတုန်းက ဒေသခံတွေက မစ္စတာကျန်းလို့ ခေါ်တဲ့ အလွန်လေးစားရတဲ့ တာအိုဘုန်းကြီးတစ်ပါးကို ပင့်ဖိတ်ခဲ့တယ်။"

အဘိုးမူက မစ္စတာကျန်းအကြောင်းပြောနေချိန်တွင် သူ့မျက်လုံးထဲတွင် လေးစားကြည်ညိုမှုများ ပြည့်နေသည်။

"မစ္စတာကျန်းက နေလရေကန်မှာ သုံးရက်လုံးလုံး ထုံးတမ်းအစဥ်အလာတွေ ပြုလုပ်ခဲတယ်။

အဲ့ဒီချိန်မှသာ နေလရေကန်က အနှစ်နှစ်ဆယ်သုံးဆယ်အတွင်း ဘာမှမဖြစ်ခဲ့တာ။

နေလရေကန်ကို ငှားချင်တယ်လို့ မင်းပြောတုန်းက ငါဒေါသထွက်ပြီး မငှားရဘူးလို့ မပြောခဲ့ဘူးလား။

မစ္စတာဟွမ်သည် ထိုအဖြစ်အပျက်ကို မှတ်မိပြီးနောက် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

အဘိုးမူ က သူ့ပခုံးကို ပုတ်လိုက်ပြီး “အဲဒီတုန်းက အဘိုး မင်းကို ရှင်းရှင်းလင်းလင်း ပြောခဲ့သင့်တာ၊ ဒါပေမယ့် အဲဒီတုန်းက အဖြစ်အပျက်တွေက ပြီးခဲ့တာ ဆယ်စုနှစ်ကြာခဲ့ပြီလေ ။

အဲဒါကို သဘာဝကျကျနဲ့ တွေးကြည့်မယ်ဆိုရင် ဒီလောက်ကြီးတဲ့ ရေကန်ကြီး ငှားဖို့၊ သစ်သီးပင်တွေ စိုက်မယ် ပြီးတော့ တဲအိမ်ငယ်လေးတစ်လုံး ဆောက်ဖို့ ယွမ် ၁၀၀၀၀၀ ကျော်တောင် ကုန်ကျမှာ။

အဲ့ကန်မှာ ဘာမှမဖြစ်သရွေ့တော့ လုပ်ငန်းက အရှုံးပေါ်မှာမဟုတ်ဘူးလေ။"

အဘိုးမူ က စကားပြောနေစဉ် မစ္စတာဟွမ်၏ နှလုံးသားက စိတ်သက်သာရသွားသော်လည်း လာရောက်လည်ပတ်သည့် ရည်ရွယ်ချက်ကို မေ့သွားခြင်းမရှိပဲ " ကျိုးမင် မိသားစုရဲ့ မြေးသုံးယောက် ရေနစ်တဲ့ကိစ္စတွေမတိုင်ခင် အခြားကိစ္စတွေ ဖြစ်ခဲ့သေးသလား" ဟု မေးလိုက်သည်။

ဒီမေးခွန်းမေးပြီးတာနဲ့ အဘိုးမူ ရဲ့မျက်နှာမှာ ကြောက်ရွံ့မှုတွေ ပေါ်လာတယ်။

သူသည် အလွန်ချီတုံချတုံဖြစ်ပြီး ချောင်းတဟွတ်ဟွတ်ဆိုးလိုက်ပြီး နောက်ဆုံးမှာတော့ သူပြောပြခဲ့ပါတယ်။ ဒါပေမယ့် သူ့လေသံထဲမှာတော့ နာကျင်ဝမ်းနည်းမှာ တစ်ချို့ပါနေသည်၊ "၁၉၆၉ ၊အဲ့ဒါက ၁၉၆၉ ခုနစ်မှာဖြစ်ခဲ့ပြီး အဲ့နှစ်မှာပဲ လူပေါင်းများစွာသေဆုံးခဲ့တာ...လူတွေမှအများကြီး !"

All Chapters