အဘိုးဂျီ
Vol. 2 Ch. 24
ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်များလောက်ပင် တည်ရှိခဲ့သည့် ဤရေကန်ဟောင်းကြီးတွင် ဖြစ်ပျက်ခဲ့သည့်အရာများ များပြားလွန်းလှသည်။
သို့သော် ၁၉၆၉ ခုနှစ်အတွင်းက လူမျက်နှာအနာအဖြစ်အပျက်ကတော့ အဲ့ခေတ်က အဖိုးအဖွားတွေရဲ့ နှလုံးသားထဲမှာစိုက်ဝင်နေတဲ့ ဆူးတစ်ချောင်းလိုပါပဲ။
ကံမကောင်းစွာပဲ ဒီဆူးကို မနုတ်ရပဲနဲ့ အဆုံးမှာ တင်းတင်းကြပ်ကြပ် ဖိနှိပ်ခံခဲ့ရပါတယ်။
အဘိုးမူက အဲ့ဒီဖြစ်ရပ်ကိုအသေးစိတ်သိသူအနည်းငယ်ထဲမှတစ်ယောက်ဖြစ်ရမည်ဖြစ်ကာ ထိုကြောက်စရာကောင်းသောအဖြစ်အပျက်အတွက်မျက်မြင်သက်သေလည်းဖြစ်သည်။
ထိုအချိန်တွင် မစ္စတာဟွမ်က အိမ်သာသွားရန် အကြောင်းပြချက်ရှာပြီးတော့ ကျန်းရီကို "စတွင်မာ နောက်ထပ် မေးချင်တာရှိသေးလား" ဟု မေးသည်။
"မေး၊ မေးရမှာပေါ့၊ အခုကစပြီး ငါဘယ်သူလဲဆိုတာ အဘိုးကို ပြောရမယ်၊ ငါက ဒိလောကမှာ ကျွမ်းကျင်တဲ့ဆရာတစ်ယောက်လို့ သူ့ကို ဆွဲဆောင်ဖို့ ငါ့အစွမ်းအစတွေကို ချဲ့ကားဖို့ လိုတယ်။ မစ္စတာဝူ နဲ့ ရှောင်ယွီအကြောင်းလည်း ပြောပြလိုက်။ မဟုတ်ရင် ဒီကိစ္စက ပြေလည်မှာ မဟုတ်ဘူး။”
ကျန်းရီ၏စကားများက ကြည့်ရှု့သူများကို ရှင်းရှင်းလင်းလင်း လေးနက်မှုကို ခံစားရစေပြီးတော့ မစ္စတာဟွမ်ကတော့ ခေါင်းသာညိတ်ပြနိုင်ခဲ့သည်။
"ဒါဆို ဘာထပ်မေးချင်သေးလဲ"
"နေလရေကန်နားမှာရှိတဲ့ ဘိုးဘွားသင်္ချိုင်းတွေက ဖယောင်းတိုင်မီးများကို ငြိမ်းသတ်သင့်သည်ဟု ဘယ်သူက ပြောခဲ့တာလည်း။ ပြီးတော့ အဲ့ဒီနှစ်ချင်မင်ပွဲတော်မတိုင်ခင် အဲ့နေရာနားမှာ တာအိုဘုန်းကြွီး တစ်ပါး ဒါမှမဟုတ် ဖုန်းရွှေကို ကောင်းကောင်းသိတဲ့သူတစ်ယောက်ယောက် ကိုမြှုပ်ထားသေးသလားဆိုတာ မေးရမယ်။ မြှုပ်ထားခဲ့ရင်လည်း အသေးစိတ် အချက်အလက်တွေကို ဘယ်မှာ မြှုပ်နှံထားလဲ ဆိုတာကိုပါ ရှင်းရှင်းလင်းလင်း မေးဖို့ လိုတယ်။
"ဒါ့အပြင်၊ အကယ်၍ အဲ့လူကို နေလရေကန်နားမှာ အမှန်တကယ် မြှုပ်နှံထားခဲ့ရင် ၊ထိုလူရဲ့ သားစဉ်မြေးဆက်များ ယခု ဘယ်မှာလဲဆိုတာကိုပါ ရှင်းရှင်းလင်းလင်း မေးဖို့ လိုတယ်။"
ကျန်းရီပြောသည့်အတိုင်း မစ္စတာဟွမ်သည် သန့်စင်ခန်းမှ ထွက်လာပြီး အဘိုးမူဆီ ပြန်သွားလိုက်သည်။
ဤအခိုက်အတန့်တွင် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းရှိ ပရိသတ်များက ကျန်းရီ၏ လေသံသည် အုံ့မှိုင်းမှိုင်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အချို့လူများက "စတွင်မာ၊ ပြဿနာကဘာလဲဆိုတာကို မင်းရှာတွေ့သွားတာလား။ တစ်ယောက်ယောက်က နေလရေကန်နားမှာ တကယ်မြုပ်ထားတယ်ဆိုရင် ပြဿနာက သူ့ခန္ဓာကိုယ်မှာ အမြစ်ထုံးနေတာလား။"
ကြည့်ရှု့သူ A-"ဒါက ဖြစ်နိုင်ချေများတယ်။ စတွင်မာက တိုးတိုးလေးနဲ့ အေးအေးဆေးဆေး ပြောလိုက်ပေမယ့် တကယ်တော့ သူ့စကားတွေက ငါတို့အားလုံးကို ကျောချမ်းစေတယ်။ အားယုကို မြင်လိုက်တုန်းကလည်း ဒီလိုမျိုးခံစားရဘူးတယ်။"
ကြည့်ရှု့သူ B-"ဒီ နေလရေကန်က အနှစ်တစ်ရာနီးပါး သမိုင်းကြောင်းရှိတယ်။ ပြီးတော့ဘိုးဘွားတွေရဲ့ သင်္ချိုင်းဂူတွေ၊ တောင်တွေ ဝန်းရံထားပြီးတော့ သေဆုံးပြီးလို့ ဒီနေရာမှာ မြှုပ်ထားတဲ့ လူအရေအတွက်က ဘယ်လောက်ရှိမှန်းတောင် ရေတွက်လို့မရဘူး။ ဒီနေရာက မကောင်းတာတွေစုနေတယ်လို့တောင်ပြောလို့ရတယ် ၊ အရမ်းကြောက်ဖို့ကောင်းတယ်။"
တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းမှာ ဆွေးနွေးနေတဲ့ ပရိသတ်တွေကိုတွေ့တော့ ကျန်းရီက "ဆိုရိုးစကားအတိုင်းပဲ လူတွေမှာ လူစည်းရှိပြီး သရဲတစ္ဆေတွေကလည်း သူတို့ကိုယ်ပိုင်နည်းတွေရှိတယ်။
မစ္စတာဟွမ်က သူ့ခန္ဓာကိုယ်မှာ သရဲတစ္ဆေတွေရဲ့ အမှတ်တွေ အများကြီးတွေ့လိုက်တော့ သူတစ္ဆေသိုက်ထဲ ရောက်သွားတယ်လို့ ငါပြောလိုက်တယ်။
ဘာကြောင့် တစ္ဆေသိုက်ကရှိနေတာလဲ။ လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်းက နေလရေကန်နားမှာ မြှုပ်နှံခဲ့တဲ့သူတွေထဲက ဘယ်သူမှ လူပြန်မဝင်စားနိုင်ခဲ့ကြလို့ပဲ!"
ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းရှိ ကြည့်ရှုသူအများအပြား ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။
ကြည့်ရှု့သူ C-"ဘယ်လိုတောင်လားဟ၊ ဘယ်သူကမှ လူပြန်မဝင်စားချင်ကြဘူးလား"
ကြည့်ရှုသူ D-"ဘယ်သူမှ လူဝင်စားတာမရှိဘူးဆိုရင် နေလရေကန်က ဘယ်လောက်တောင် ဆိုးရွားနေလိုက်မလဲ။ မစ္စတာဟွမ်အခုထိ အသက်ရှင်နေသေးတာကိုက အံ့သြစရာပဲ"
ကျန်းရီသည် ကြည့်ရှုသူတို့ရဲ့ အတွေးတွေကို နားလည်သောကြောင့် မစ္စတာဟွမ်ကို "အစ်ကိုဟွမ်၊ မင်းရဲ့မျိုးရိုးနာမည် ဟွမ်က အဲ့ဒေသမှာဘယ်လိုအခြေအနေလဲ" လို့မေးလိုက်တယ်။
“အတိတ်ကို ပြန်ကြည့်ရရင်တော့ နာမည်ကြီး မိသားစုပါပဲ။
ယခင်ခရိုင်အုပ်ချုပ်ရေးမှူးများက ကျွန်ုပ်တို့၏ ဟွမ်မျိုးနွယ်ဝင်များဖြစ်ပြီးတော့ နှစ်တော်တော်များများ ဆက်တိုက်ထမ်းဆောင်ခဲ့တာ။
အကယ်၍ မျိုးနွယ်စုဝင်အချို့က တစ်ခုပြီးတစ်ခုပြောင်းသွားခြင်းကြောင့်သာ မဟုတ်ပါက၊ ဒီနယ်တဝိုက်မှာ ဟွမ်မျိုးနွယ်ဝင်များ အများအပြားရှိမည်ထင်ပါတယ်။”
" ဒီဒေသမှာ ဘုံမျိုးရိုးနာမည်တစ်ခုပဲရှိတာ မဟုတ်ဘူးမလား"
"ဟုတ်ပါတယ်၊ ဟွမ်၊ လီ နဲ့ လျှူ က ငါတို့နယ်မြေရဲ့ အဓိကမျိုးရိုးသုံးမျိုးပဲ"
"ဒါဆို လွယ်လွယ်လေးပဲ ၊ အစ်ကိုဟွမ် သွားပြီးတော့ အဘိုးမူကို သွားမေးပေးပါ။"
မစ္စတာဟွမ်က ခေါင်းညှိတ်ပြပြီး အခန်းထဲသို့ ပြန်ဝင်လာကာ အဘိုးမူကတော့ ဝမ်းနည်းမှုတွေမှာ နှစ်မြုပ်နေပါသေးသည်။ ထိုင်ပြီးနောက် မစ္စတာဟွမ်က "အဘိုး၊ ငါသိတဲ့ ပညာရှင်ကို ခေါ်လိုက်တာပဲ။ ဒီပညာရှင်က တကယ်ကို အံ့သြစရာကောင်းတယ်။ မင်း ကျန်းစု နဲ့ ကျဲ့ကျန်း ကို သိလား။"
ဟန်ကျိုးအလယ်ပိုင်းမှလူတော်တော်များများက ကျန်းစု နှင့် ကျဲ့ကျန်း သို့ အလုပ်သွားလုပ်ကြသောကြောင့် ဒေသခံတွေအဖို့ ကျန်းစု နှင့် ကျဲ့ကျန်း သည် အလွန်ကောင်းသော နေရာများဖြစ်သည်ဟု ထင်မှတ်နေကြသည်။
" ကျန်းစု နဲ့ ကျဲ့ကျန်း က ကျွမ်းကျင်တဲ့သူကို မင်းသိတာလား"
"သိတာပေါ့အဘိုးရဲ့ အဲ့ဒီမြို့ကြီးတွေမှာ သူ့ကို အင်မော်တယ်ဆရာ လို့တောင်ခေါ်ကြတာ။
ဟန်ကျိုးမှာရှိတဲ့ Jinlongရေကန်ကို အဘိုးကြားဖူးလား။
ရှေးခေတ်က အဲ့ရေကန်ထဲမှာ နဂါးများ ရှိခဲ့တယ်လို့ လူတွေကပြောကြတယ်။
အင်မော်တယ်ဆရာက အဲ့ရေကန်ကိုရောက်သွားတော့ ဘာပြောခဲ့တယ်လို့ အဖိုးထင်လဲ
သူက ရေကန်ဘေးမှာ ရပ်နေပြီးတော့ ရေကန်နားကမြောင်းကို သေသေချာချာမဖို့ခဲ့ဘူး ပြီးတော့ အဲ့ဒီအောက်မှာ သားအမိနှစ်ယောက်ကို ဇောက်ထိုးကြီး မြှုပ်ထားတဲ့အကြောင်း တွေပြောလိုက်တယ်။ ပြီးတော့ အဲ့နေရာနားမှာ လူတွေအများကြီးသေကြတယ်။
အင်မော်တယ်ဆရာက အဲဲလိုပြောပြီးတော့ လူတွေကအဲ့မြောင်းရှိတဲ့နေရာကို စတူးကြတာပေါ့။ အသေအချာပဲ အင်မော်တယ်ဆရာပြောတဲ့အတိုင်း အဲ့သားအမိရဲ့ အရိုးခြောက်တစ်စုံ တူးဖော်ခဲ့တယ်။
အဲ့နောက်ကစပြီးတော့ Jinlong ရေကန်နားမှာ ဘယ်သူမှမသေကြတော့ဘူး။"
မစ္စတာဟွမ်က ဆက်ပြောနေတာပေါ့။ သူသည် ယနေ့ည ကျန်းရီအကြောင်းကို သူ့မှာရှိတဲ့အကြွားစကေးတွေအကုန်ထုတ်ရင်း အဘိုးမူအား ကြွားနေခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပရိသတ်များတောင် အံ့အားသင့်သွားကြသည်။ ၎င်းကိုနားထောင်ပြီးနောက်၊ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းတွင် လူပေါင်း သောင်းနှင့်ချီနီးပါးရှိတဲ့ ပရိတ်သတ်တွေကတောင် "တော်လိုက်တာ"လို့ ကွန်မန့်များ ရေးနေကြသည်။
မစ္စတာဟွမ်ကို ပုံပြင်ပြောတဲ့ဆရာမလုပ်တာ နှမြောစရာကောင်းတယ်လို့ ပြောနေကြသည်။
ကျန်းရီသည်ပင် တိတ်တဆိတ် လက်မထောင်ပြီးတော့ အစ်ကို ဟွမ်က ကြွားတဲ့အရည်အချင်းမှာတော့ ဆရာကြီးပဲ။
အသက်ကြီးနေပြီဖြစ်သော အဘိုးမူတောင် ခဏတာ အံ့အားသင့်သွားသည်။ မစ္စတာဟွမ်က သူ့အသံကို လျှော့လိုက်ပြီး "အဘိုး၊ အဲ့ဒီဆရာနဲ့ ကျွန်တော်က အဆက်အသွယ်ရှိတယ်။ အခုပဲအဘိုးပြောသမျှကို သူ့ကိုပြန်ပြောခဲ့တယ်၊ သူဘာပြန်ပြောတယ်လို့ အဘိုးထင်လဲ"
"အိုး..အရာငယ်လေး ဘာပြောလဲ"
" ၁၉၆၉ခုနစ်တုန်းက တစ်စုံတစ်ယောက်ဟာ နေလရေကန်မှာ ပြဿနာရှာနေတာလို့ သူကပြောခဲ့တယ် ။ ၁၉၆၉ ခုနှစ် ချင်မင်ပွဲတော်မတိုင်ခင်မှာ ဒေသခံ တာအိုဘုန်းကြီး ဒါမှမဟုတ် ဖုန်းရွှေ ကိုသိတဲ့သူ ရှိမရှိ မေးခိုင်းခဲ့တယ်။
ဒါမှမဟုတ် Yin နှင့် Yang အကြားခြားနားချက်ကိုပြောပြနိုင်တဲ့ တစ်ယောက်ယောက် နေလကန်နားမှာ မြှုပ်နှံထားခဲ့တာလားဆိုတာ မေးခိုင်းတာ!”
ဒါကို အဘိုးမူ ကြားတော့ သူက ချက်ချင်းနီးပါး "အဘိုး?"
"ဘယ်အဘိုးလဲ" မစ္စတာဟွမ်က မေးလိုက်သည်။
"ဘယ်အဘိုးရှိရဦးမှာလဲ? ဒီမှာလူတိုင်းခေါ်တဲ့ တစ်ဦးတည်းသောအဘိုးက ဂျီ မိသားစုက အဖိုးပဲ။
သူက ၁၉၆၈ ခုနှစ် နှစ်သစ်ကူးအကြိုနေ့တွင် ကွယ်လွန်ခဲ့ပြီးတော့ နှစ်ပေါင်းတစ်ရာကျော်လောက် အသက်ရှင်ခဲ့တာ။
သူ့ကို ငါ့မွေးရပ်မြေက လူတွေက အဖြူအမည်း ဝူချန် ( သေလွန်သောသူတို့ရဲ့ ဝိညာဥ်များကို ငရဲသို့ပို့ပေးသောသူ) တို့နဲ့ ထိုင်ပြီး ယှဥ်ထိုးနိုင်တဲ့ နတ်အိုကြီးလို့ ပြောကြတယ်!"