← Chapters

မရဏတံခါးကို ပိတ်ထားတဲ့ ဂူတစ်လုံး

Vol. 2 Ch. 25

မရဏတံခါးကို ပိတ်ထားတဲ့ ဂူတစ်လုံး

Vol. 2 Ch. 25

"ဒါဆို အဘိုးဂျီ ကို နေလရေကန်နားမှာ သင်္ဂြိုဟ်ခဲ့တာလား။"

"အဘိုးဂျီကို နေလရေကန်နားက ဘယ်နေမှာမြှုပ်ခဲ့တာလဲ၊ ပြီးတော့ သူ့မိသားစုက အခု ငါတို့ဒေသမှာ ရှိပုံလည်းမပေါ်ဘူး "

မစ္စတာဟွမ်က ဒီလိုမျိုးလူ တကယ်ကိုရှိလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။

အဘိုးမူက ခဏစဉ်းစားပြီး "သူကို နေလရေကန်နားက ဝုရင် တောင်နဲ့ လောပိုင် တောင်ကြားက တောင်လမ်းဟောင်းမှာ မြှုပ်နှံထားခဲ့တာ။

အဘိုးဂျီ မိသားစုရဲ့ သားမြေးတွေအကြောင်းကတော့ မင်းသတိပေးလို့ပဲ မဟုတ်ရင် အဘိုးကသူတို့မိသားစုအကြောင်းကို မေ့နေလောက်ပီ။

သူတို့မိသားစုကလည်း အချိန်အကြာကြီး မနေလိုက်ရပါဘူးကွာ အဖိုးဂျီဆုံးပါးသွားပြီး ဆယ်နှစ်လောက်က တောင်မြေပြိုမှုမှာ ဘယ်သူမှ မလွတ်မြောက်နိုင်ခဲ့ဘူး။”

"၁၉၇၉ ခုနှစ်က Aba တောင် မြေပြိုကျမှု?"

“ဟုတ်တယ်၊ ဒါပေမယ့် အဖိုးကြီး ကိုယ်တိုင်က သားစဥ်မြေးဆက် သိပ်မရှိဘူး။

လူအများပြောကြတာကတော့ အဘိုးဂျီက ကောင်းကင်ရဲ့ လျှို့ဝှက်ချက်များကို စူးစမ်းတဲ့အတွက်ကြောင့် သူ့မျိုးဆက်မှာ လူသိပ်မရှိဘူးလို့လပြောကြတယ်။

သားလေးနှစ်ယောက်ရှိပါတယ် မြေပြိုမှုထဲပါသွားတော့ မျိုးဆက်ပြတ်သွားတာပေါ့။"

အဘိုးမူ စကားပြီးသွားတဲ့အခါ သူ့မျက်နှာမှာ ရှုပ်ထွေးတဲ့အမူအရာတွေ အများကြီးရှိနေပြီးတော့ သူအနေနဲ့ရှင်းပြလို့မရနိုင်လောက်အောင်ပါပဲ။

ဒါပေမယ့် အဘိုးမူ က ခပ်တုံးတုံးလူတစ်ယောက်တော့မဟုတ်ပေ။ အသက်ကြီးနေပြီဖြစ်သော်လည်း ခေါင်းမရှုပ်သေးပေ။

"ခဏနေပါဦး၊ ဆရာငယ်လေးက မင်းကိုမေးခိုင်းတာလို့ မင်းပြောခဲ့တာမလား၊ ဘာတွေဖြစ်နေတာလဲ၊ ၁၉၆၉ မှာ ဖြစ်ပျက်ခဲ့တာက အဘိုးဂျီနဲ့ တစ်ခုခုသက်ဆိုင်နေတာလား"

အဘိုးမူရဲ့ စကားမဆုံးခင်မှာ စားပွဲပေါ်ရှိ မစ္စတာဟွမ်ရဲ့ ဖုန်းထဲကနေ ကျန်းရီ၏အသံထွက်လာသည်- "ဝုရင်တောင်နဲ့ လောပိုင်တောင်ကြားက တောင်လမ်းမှာ အရင်တုန်းက ရေကန်ကရေတွေ စီးဆင်းလေ့ရှိသလား"

"ဘာသံလဲ?"

မစ္စတာဟွမ်က ဖုန်းကို အမြန်ကောက်ကိုင်လိုက်ပြီးတော့ "ဒါက အင်မော်တယ်ဆရာလေးပါ၊ ကျွန်တော် သူနဲ့ ဖုန်းပြောနေခဲ့တာ"

အဘိုးမူက နားလည်ပြီး "ရေလမ်းကြောင်းပြောင်းဖို့ လမ်းကြောင်းတစ်ခုရှိခဲ့ဖူးပေမယ့် နောက်ပိုင်းမှာ ပိတ်ဆို့သွားခဲ့တယ်"

"လသာတဲ့ည ဒါမှမဟုတ် နွေရာသီရဲ့ အလွန်ပူတဲ့နေ့တွေမှာတောင် အဲဒီလမ်းက အမြဲတမ်း အရိပ်ရနေတာပဲ မဟုတ်လား"

"ဟုတ်ပါတယ်။"

"ငါနားလည်သွားပီ အစ်ကိုဟွမ် မင်းအဲ့ဒီကလူတွေအတွက် တစ်ခုခုကောင်းတာလုပ်ပေးချင်လား"

မစ္စတာဟွမ်က ကျန်းရီကို ခေါင်းညိတ်ပြီးတော့ "ဟုတ်ပါတယ် ငါလုပ်ချင်တယ်" လို့ ပြောလိုက်တယ်။

"ကောင်းပြီ၊ အခုမင်းရဲ့ အန္တရာယ်​က​တော့ ဖယ်​ရှားပြီးသွားပြီ၊ ဒါ​ပေမယ့်​ ​ရောဂါရဲ့လက္ခဏာ​တွေကိုသာ ကုသ​ရသေးတာ ၊ ရောဂါရဲ့ အရင်းအမြစ်ကို​မဟုတ်​ဘူး။

ယခု မင်းလုပ်ရမည့်အရာသည် မင်းအသက်ကို ကယ်တင်ရုံသာမက နေလရေကန်ရဲ့ အန္တရာယ်ကိုလည်း ဖယ်ရှားပေးနိုင်တယ်။

အခုအချိန်ကစပြီး နေလ​ရေကန်တွေက အ​ကြောင်းပြချက်မရှိဘဲ လူတွေရဲ့အသက်ကို ဝါးမျိုတော့မှာမဟုတ်ဘူး။ ကိုယ့်ကိုကိုယ် သေကြောင်းသွားကြံရင်တော့ တစ်မျိုးပေါ့။"

ကျန်းရီရဲ့ စကားကြောင့် မစ္စတာဟွမ်က မတုံ့ပြန်နိုင်သေးခင်မှာ အဘိုးမူက "အင်မော်တယ်ဆရာလေး၊ မင်းက အဖိုးဂျီရဲ့ အုတ်ဂူကို ရှာဖို့ ရှောင်ဟွမ်ကို ပြောနေတာတော့ မဟုတ်ဘူးမလား။"

အချို့က မစ္စတာဟွမ်ကို လောင်ဟွမ်ဟု ခေါ်သော်လည်း အဘိုးမူ က သူ့ကို ရှောင်ဟွမ်ဟူ၍ ခေါ်လျှင် ပြဿနာမရှိပါ။ ထို့အပြင် သူသည် အသက်ကြီးပြီး လိမ္မာပါးနပ်သူဖြစ်သည်။ ကျန်းရီက မစ္စတာဟွမ်ကို လုပ်စေချင်သည့်အရာကို ချက်ချင်းစဉ်းစားလိုက်မိသည်။

"မှန်ပါတယ်၊ အဘိုးဂျီရဲ့ အုတ်ဂူကို သွားကြရအောင်။ အဲဒီသင်္ချိုင်းရဲ့ တည်နေရာကို အရင်ဆုံး ဆုံးဖြတ်ရမယ်။ မတော်တဆမှု မရှိရင် အဘိုးရဲ့ အုတ်ဂူကို စနစ်တကျ မမြှုပ်နှံထားလို့ ဖြစ်မယ်။"

ကျန်းရီ၏စကားများသည် သေချာနေပြီးတော့ အဘိုးမူပင် မျက်မှောင်ကြုတ်ကာ " ရှောင်ဟွမ် ၊ ဒါဆို မင်းဆရာလေးနဲ့ အတူတူသွားလိုက်၊ ဆရာလေးကို ဦးတည်ရာကို သေချာပြလိုက်ဦးနော်။"

မစ္စတာဟွမ်လည်း မနားနေတော့ပဲနဲ့ အဘိုးမူအားနှုတ်ဆက်ပြီးနောက် သူသည် နေလရေကန်ဆီသို့ ပြန်သွားခဲ့သည်။

နေလရေကန်နားရှိ ဝုရင် နှင့် လောပိုင်တောင်ကြားရှိ လမ်းကြားလေးသို့ ရောက်သောအခါ ဟောင်းနွမ်းနေသော သင်္ချိုင်းဂူတစ်ခုကို တွေ့လိုက်ရသည်။

"အစ်ကိုဟွမ်၊ မင်းရဲ့ ဆဲလ်ဖုန်းနဲ့ ပတ်ဝန်ကျင်ကို ရိုက်ပြပေးပါဦး"

ကျန်းရီပြောလိုက်သောအခါ မစ္စတာဟွမ်သည် သူ့လက်ကိုင်ဖုန်းဖြင့် ပတ်ပတ်လည်ကို ရိုက်ပြလိုက်သည်။ သူပြလို့မပြီးသေးခင်မှာပဲ ကျန်းရီက "သူရူးနေတာလား?"

ကြည့်ရှု့သူ A-"စတွင်မာ ဘာဖြစ်နေတာလဲ၊ ဘယ်သူက ရူးနေတာလဲ"

ကြည့်ရှု့သူ B-"အဲ့ဒါက ဂျီမိသားစုရဲ့ ဘိုးဘေးမဖြစ်နိုင်ဘူးလား"

ကြည့်ရှု့သူ C-"ဟုတ်တယ် စတွင်မာရေ ဘယ်သူက ရူးနေတာလဲ"

"အဲဒီ အဘိုးကြီး။ ဒီလမ်းက တခြားသူတွေ ဘဝကူးဖို့အတွက် မရဏပြည်ကို သွားရတဲ့လမ်းပဲ။ သူက ဒီနေရာမှာ သူ့သင်္ချိုင်းနေရာအဖြစ် ရွေးလိုက်တော့ သူ လုံးဝ ရူးသွားပြီ။ တစ်စုံတစ်ယောက်ရဲ့ သင်္ချိုင်းက မရဏပြည်ကို သွားတဲ့လမ်းမှာ ပိတ်ထားရင် သူတို့ သားစဉ်မြေးဆက်တွေ မျိုးတုံးတက်တယ်။ သူသေတာတောင် သူ့ရဲ့ မျိုးဆက်တွေကို တစ်ခါတည်းခေါ်သွားချင်တာလားဟ။"

ကျန်းရီ၏စကားများသည် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းရှိ အခြားကြည့်ရှုသူများကို အံ့အားသင့်စေခဲ့သည်။

မရဏပြည်ကိုသွားတဲ့လမ်းက နားလည်ရလွယ်ပါတယ် အထူးသဖြင့် ကျန်းရီက သေလွန်သူတွေ နောက်ဘဝကူးဖို့ သွားရတဲ့လမ်းကြောင်းဖြစ်တယ်လို့ ဆိုတဲ့အတွက် ။ အကယ်၍ တစ်ယောက်ယောက်က သင်္ချိုင်းဂူတစ်ခုနှင့် အခြားသူ၏ ဘဝကူးတဲ့လမ်းကို ပိတ်ဆို့ပါက၊ သူသည် အမျိုးအနွယ် သို့မဟုတ် သားစဉ်မြေးဆက်များ မရှိစေလိုသည်မှာ သေချာပါသည်။

"အဲ့သင်္ချိုင်းဂူကို တူးဖော်ပြီးရွှေ့ရမယ်။ ဒါ့အပြင်၊ နတ်ဘုရားရုပ်ပွားတော် အမျိုးမျိုးကို အခေါင်းထဲမှာ မြှုပ်နှံထားတာသေချာတယ် အဲ့ဒါတွေက ဘဝကူးတဲ့လမ်းကို လုံးဝဖြတ်တောက်ပစ်ထားတာ ။ မဟုတ်ရင် နေလရေကန်က သရဲသိုက်ကြီး ဖြစ်လာမှာ မဟုတ်ဘူး!"

ကျန်းရီက ပရိသတ်တွေကို ထိတ်လန့်စေမယ့် စကားတစ်ချို့ကို ပြောခဲ့ပေမဲ့ လူတချို့က သိပ်နားမလည်သေးဘဲ - "ဒီလူကိုယ်တိုင်ကိုက ဗေဒင်ဆရာပဲကို သူကအဲ့အကြောင်းတွေကို နားမလည်ဘူးလား?"

"သူ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာဖြစ်မယ်!"ကျန်းရီက အသံနက်ကြီးဖြင့်ပြောလိုက်သည်။ အဲ့အချိန် မစ္စတာဟွမ်သည် တစ်စုံတစ်ခုကို သတိရသွားသည် ။

"ကျွန်တော်မွေးတုန်းက ဂျီမိသားစုရဲ့ ဘိုးဘေးက ဆုံးသွားခဲ့တာ ကြာပြီဆိုပေမယ့် အဲဒီဘိုးဘေးအကြောင်း ဒဏ္ဍာရီတော်တော်များများကို နောက်ပိုင်းမှာ ကြားခဲ့ရတယ်။

အဘိုးဂျီမိသားစုရဲ့ သားမြေးအနည်းစုက သားသမီး တာဝန်မကျေဘူးလို့ ရွာကလူတစ်ယောက်က ပြောတာကို သတိရမိတယ်။ အနှစ်တစ်ရာကျော် အသက်ရှင်ပြီးနောက် နောက်ဆုံးတွင် အဘိုးဂျီက ငတ်သေသွားပုံရတယ်။”

မစ္စတာဟွမ်ပြောသည့်အတိုင်းပဲ အားလုံးက နောက်ဆုံးတွင် နားလည်သွားကြသည်။

"ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် သူ့ကြောင့်ပဲ အစ်ကိုဟွမ်က မကောင်းတဲ့အရာတွေနဲ့ ထိတွေ့ခဲ့ရတာ။ နေလရေကန်ရဲ့ ပြဿနာတွေကို အမြစ်ပြတ်ချင်ရင် သူ့သင်္ချိုင်းကို ရွှေ့မှရမယ်။ သင့်တော်တယ်မတော်တယ်ထားကွာ၊ ငါတို့ဒီညလုပ်ရမယ်။”

မစ္စတာဟွမ်က သူ့သွားတွေကို အနည်းငယ် အံကြိတ်ပြီး "ကောင်းပြီ၊ ကိရိယာတွေရှာဖို့ ငါ့တဲအိမ်လေးကို သွားလိုက်မယ်။ ဒီလူကြီးကြောင့် တခြားသူတွေ မကျွတ်မလွတ်ဖြစ်ရတာ သူ့အပြစ်တွေက တကယ်ကို များလွန်းတယ်။ ငါ သူ့ဂူကို တူးမယ်"

စကားပြောနေရင်း သူသည် ၎င်း၏တဲအိမ်လေးသို့ ပြေးသွားပြီး ကိရိယာများကို ကောက်ယူကာ ပြန်ပြေးခဲ့သည်။ စကားတစ်ခွန်းမှ မပြောတော့ဘဲ အဖိုးဂျီ၏ ဟောင်းနွမ်းနေသော အုတ်ဂူကို ပေါက်ပြားဖြင့် အထပ်ထပ် တူးခဲ့သည်။

ဒါပေမယ့် တူးနေစဥ်မှာပဲ လမ်းမှာ မီးရောင်တချို့ ပေါ်လာခဲ့တယ်။

အဘိုးမူ၏သားသည် လူငယ်အနည်းငယ်နှင့်အတူ သူ့ဆီသို့ ပြေးလာခဲ့သည်။

ဒါကိုမြင်တော့ မစ္စတာဟွမ်က သူ့ကိုဖမ်းဖို့လာနေပြီလို့ တွေးလိုက်တယ်။

မထင်မှတ်ပဲ၊ အဘိုးမူရဲ့သားက "ငါ့အဘိုးကြီးပြော လိုက်တယ်"

ငါတို့နေရာက ထူးဆန်းတဲ့အရာတွေက အဘိုးဂျီကြောင့်ဖြစ်နိုင်တယ်တဲ့။

အခု မင်း သူ့သင်္ချိုင်းကို တူးနေတာဆိုတော့

အင်မော်တယ်ဆရာက အမှန်တရားကို တကယ်သိနေတာလား။ "

"အခုအဲ့တာတွေ ခဏထားလိုက်ဦး၊ သူ့သင်္ချိုင်းကိုပဲ တူးရအောင်။

အင်မော်တယ်ဆရာလေး ပြောတဲ့အတိုင်း သူ့အခေါင်းထဲမှာ နတ်ဘုရားရုပ်ပွားတော်များ ဒါမှမဟုတ် နတ်တွေရဲ့ရွှံ့ရုပ်တုများရှိနေခဲ့ရင် သေချာပေါက် အဘိုးဂျီက ငါတို့ကို ဒုက္ခပေးနေတာပဲ။

မဟုတ်ဘူးဆိုရင်လည်း ဂျီမိသားစုမှာ တစ်ယောက်မှ မရှိတော့တာကွာ ငါတို့က သူ့အတွက် ဂူအဟောင်းကိုဖျက်ပြီး ဂူအသစ်ဆောက်ပေးတာပဲ ငါတို့ကို အပြစ်တင်မှာ မဟုတ်ပါဘူး!"

"ကောင်းပြီ၊ ငါ့အဖေကလည်း သူ့ကိုကူညီခိုင်းလိုက်တယ်၊ အတူတူတူးလိုက်ရအောင်"

သရဲခြောက်တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ဘယ်သူကမှ အလေးအနက်မထားပဲ မနေရဲဘူး။ နေလရေကန်မှာ လူတွေ တယောက်ပြီးတယောက် သေဆုံးနေကြတယ်။ ဒီကိစ္စကို ဘယ်သူမှ ပေါ့ပေါ့တန်တန် မနေရဲကြဘူး။

တစ်ယောက်ပြီးယောက်က အုတ်ဂူကို အတူတူတူးပြီးတော့ မကြာခင်မှာ အခေါင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။

မစ္စတာဟွမ်က ဤကိစ္စအတွက် ရှေ့ဆောင်ဖြစ်တဲ့အတွက် ဘာစကားမှမပြောဘဲ အဖိုးဂျီ၏ ခေါင်းတလား၏ အဖုံးကို ဖွင့်ဟခဲ့သည်။

အခေါင်း ပွင့်သွားတဲ့အခုမှာတော့ ပရိသတ်အားလုံး အကြောက်အလန်တကြီး အော်ဟစ်ခဲ့ကြပါတယ်။

"အမေ!"

All Chapters