ကျွတ်လွတ်သွားခြင်း
Vol. 2 Ch. 26
ညသန်းခေါင်ကြီးမှာ တောင်တွေဝန်းရံထားတဲ့ တောင်ချိုင့်ဝှမ်းတစ်ခုမှာ သန်မာတဲ့လူငယ်တစ်စုက သူတို့အမေတွေကို တပြီး ကြောက်လန့်တကြားအော်ဟစ်နေကြတယ်။
ခေါင်းတလားကိုဖွင့်လိုက်တဲ့ မစ္စတာဟွမ်ကတော့ ထိုနေရာတွင်မှာပင် အေးခဲသွားပြီး ဒေါသတကြီး မျက်လုံးနှင့် ပါးစမ်များပြူး ကျယ်လာသည်။
သူက ဝိညဥ်လွင့်သွားတဲ့ လူတစ်ယောက်ပမာ မလှုပ်မယှက် မတ်မတ်ကြီးရပ်နေမိသည်။
လူတိုင်း နောက်ပြန်ဆုတ်သွားပြီး တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းမှ ပရိသတ်များက သူတို့ရှေ့က မြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။
အခေါင်းထဲမှာ လူတစ်ယောက်က ထိုင်နေတယ်။
ခြောက်သွေ့သော ပါးရိုးများနှင့် သူ့ကြည့်ရတာ တော်တော်လေးသေးငယ်နေသည် ။ သူ့မျက်နှာတစ်ခုလုံး မည်းမှောင်နေပြီးတော့ မျက်တွင်းအိုင်တစ်ခုလုံးလည်း ချိုင့်ဝင်နေသည်။
ဆံပင်ဖြူကျဲကျဲက သူ့ခေါင်းနောက်မှာ မံမီတစ်ကောင်လို ကပ်နေတယ်။
"အဘိုးဂျီက လွန်ခဲ့တဲ့ အနှစ်ငါးဆယ်က ဆုံးသွားတာ မဟုတ်လား"
နောက်ဆုံးတွင် တစ်စုံတစ်ယောက်က တစ်ခုခုပြောရဲသော သတ္တိရှိလာပြီး သူ၏စကားများသည် လူတိုင်း၏ခန္ဓာကိုယ်ကို ပြင်းထန်စွာ တုန်လှုပ်စေခဲ့သည်။
ဟုတ်တယ်၊ အဘိုးဂျီက ဆုံးသွားခဲ့တာ ဆယ်စုနှစ်တွေကြာခဲ့ပြီ ဒါပေမယ့် အခေါင်းထဲမှာ ထိုင်နေပြီးတော့ သူ့အလောင်းကလည်း မပုပ်မသိုးသွားဘူး။
ပြီးတော့... လူတွေကို သင်္ဂြိုဟ်တဲ့အခါ အခေါင်းထဲမှာ လဲနေသင့်တယ်လေ။ ဘာလို့သူကထိုင်နေတာလဲ?။
မစ္စတာဟွမ်က သူ့တံတွေးတွေကို ခက်ခက်ခဲခဲနဲ့ မျိုချလိုက်တယ်။ အခု သူတကယ်ကြောက်နေခဲ့တယ်။
အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခု ဖြစ်ပျက်ခဲ့ပြီး ကြောက်စရာကောင်းတဲ့ အရာတွေနဲ့ ထပ်ခါထပ်ခါကြုံရတဲ့အခါမှာတော့ သူ့ကိုယ်သူ ထင်ခဲ့တာကတော့ နောက်ထပ်ဘာပဲကြုံကြုံ သိပ်ကြောက်မှာမဟုတ်တော့ဘူးပေါ့။
သူမှားတယ်၊ လုံးဝမှားသွားတယ်၊ သူ့သတ္တိက လုံးဝကို မလုံလောက်ခဲ့ဘူး။ ထိုအချိန်မှာ သူသည် သေးထွက်မတက် ကြောက်လန့်နေခဲ့သည်။
"သူ့ခန္ဓာကိုယ်က သဘာဝအတိုင်း မဆွေးမြေ့သွားရတာက မရဏကိုသွားတဲ့လမ်းကို ပိတ်ဆို့ထားလို့ပဲ။ သူ့ခန္ဓာကိုယ်က အခုထိ မပုပ်ပျက်သွားတာက ပုံမှန်ပါပဲ"
ကျန်းရီက အကြောင်းပြချက်ကို အေးအေးဆေးဆေးရှင်းပြပြီး မစ္စတာဟွမ်က အဲ့ကိစ္စက မထူးဆန်းဘူးလို့ ကြားမှသာ စိတ်သက်သာရာရသွားခဲ့တယ်။
“အဘိုးဂျီက အသက်တစ်ရာကျော်မှ ဆုံးပါးသွားခဲ့တာဆိုတော့ သူ့ခန္ဓာကိုယ်က တော်တော်ညှိုးနွမ်းနေပြီ၊ ဆိုလိုတာက ဒီလိုအခြေအနေမှာတောင် အခေါင်းထဲမှာ ထိုင်နေနိုင်တာဆိုတော့ သာမန်လူတွေကတော့ လုံးဝ မထိုင်န်ိုင်ဘူး။” မစ္စတာဟွမ်က သတ္တိရှိရှိ တစ်ခုခုပြောပြီး ခေါင်းတလားဆီသို့ လျှောက်သွားလိုက်သည်။
ကျန်းရီမျှော်မှန်းထားသည့်အတိုင်း၊ ခေါင်းတလားတွင် နတ်ဘုရားရုပ်ပွားတော်များ ပြည့်နှက်နေပြီး ခေါင်းတလား၏ ဘေးနှစ်ဖက်တွင် ချိတ်ဆွဲထားသည်။
ထို့အပြင် အဘိုးဂျီသည် အခေါင်းထဲတွင် ထိုင်နေပြီး နတ်ဘုရားရုပ်ပွားတော်တစ်ခုကိုလည်း လက်ထဲတွင် ကိုင်ဆောင်ထားသည်။
အဘိုးမူက ဂျီမိသားစုရဲ့ ဘိုးဘေးဟာ နတ်အိုကြီးလို့ လူတွေပြောခဲ့တာ အံ့သြစရာမရှိပါဘူး။
သူသည် မရဏသွားတဲ့လမ်းကို မြင်နိုင်ပြီးတော့ မရဏကို သွားတဲ့လမ်းကို ပိတ်ဆို့နိုင်ခဲ့တယ်။
ဤစွမ်းရည်ကို နှစ်ရာနှင့်ချီ၍နေထိုင်ခဲ့သော သူကဲ့သို့လူများကသာ ရရှိနိုင်တယ်။
သင်္ချိုင်းဂူတစ်ဝိုက်တွင် တိတ်ဆိတ်ငြိမ်သက်သွားကာ တစ်မိနစ် သို့မဟုတ် နှစ်မိနစ်နီးပါးကြာပြီးနောက် တစ်ယောက်ယောက်က"ဒါဆို အဘိုးဂျီက ရွာကို အန္တရာယ်ပြုနေတာ အမှန်ပဲလား။"
မစ္စတာဟွမ်က ဘာမှပြန်မပြောဘဲ ကျန်လူများကတော့ အံကြိတ်နေကြသည်။
နေလကန်ရဲ့ ဒဏ္ဍာရီကို လူအများစုက သိကြပေမယ့် ၁၉၆၉ ခုနှစ်မှာ နေလရေကန်မှာ ပိုကြီးတဲ့အရာတစ်ခု ဖြစ်ခဲ့တာကို မစ္စတာဟွမ် နဲ့ အဘိုးမူကသာ သိပါတယ်။
ဤသင်္ချိုင်းဂူသည် သူ၏အသက်ရှင်နေဆဲ ကာလအတွင်းတစ်လျှောက်တွင် ဘိုးဘေးမှရွေးချယ်ခဲ့ခြင်းဖြစ်ရမည်။ သူ့နောက်တွင် သေသောသူတို့အတွက် သေခြင်းလမ်းကိုဖြတ်တောက်ထား၏။ ဒါကိုပတ်ဝန်းကျင်တောင်တန်းတွေမှာ မြှုပ်နှံထားတဲ့ ဘိုးဘေးတွေက နောက်လာနောက်သားတွေကို သတိမပေးပဲနေမလား။
၁၉၆၈ ခုနှစ် နှစ်သစ်ကူး အကြိုနေ့တွင် အဘိုးဂျီက ကွယ်လွန်ခဲ့သည်။ ၁၉၆၉ ခုနှစ်ချင်မင်ပွဲတော်တွင် ဖယောင်းတိုင်မီများးသည် တောင်တပြင်လုံးတွင် နာရီပေါင်းများစွာ တောက်လောင်ခဲ့သည်။
ဤသည်မှာ တောင်ပေါ်ရှိ ဘိုးဘွားများက တစ်စုံတစ်ဦးက ဒုက္ခပေးသည်ဟု နောက်မျိုးဆက်လူငယ်များအား ပြောပြနေခြင်းဖြစ်သည်။
သို့သော်လည်း မည်သူကမျှ နားမလည်ပဲ ဖယောင်းတိုင်မီးများကိုသာ မှုတ်သတ်လိုက်ကြသည်။
တစ်ခါတစ်ရံ ညဘက်မှာလင်းတဲ့ အလင်းရောင်သည် ဆိုးရွားသော နိမိတ်မဟုတ်ဘဲ တောက်ပသောအလင်းရောင်ဖြစ်နိုင်သည်။
သို့သော် ဖယောင်းတိုင်မီးကို မှုတ်ထုတ်လိုက်ခြင်းသည် လမ်းကို ဖြတ်တောက်ခြင်းဟု လူအများက နားမလည်ကြပေ။ ဖယောင်းတိုင်မီးမှုတ်သူတွေက ဘယ်လိုလုပ်ငြိမ်းချမ်းနိုင်မလဲ။
“အလောင်းကို ဖယ်ထုတ်ပြီး မနက်ဖြန် မီးရှို့ရမယ်။
ငွေစက္ကူတွေကို သူ၏သင်္ချိုင်းတွင် ရှေ့နောက်ပတ်ကြဲပေးရမယ်။
ဤဆယ်မိုင်ပတ်လယ်ကရွာတွေက ဤနေရာမှာ မြှုပ်နှံထားတဲ့ ဆွေမျိုးသားချင်းများ ရှိနေသရွေ့ ငွေစက္ကူများ ဖြန့်ကြဲဖို့ကို အချင်းချင်း အပြန်အလန်အကြောင်းကြားရမယ်။
ငွေစက္ကူတွေကို မီးရှို့ပြီး သေဆုံးသွားတဲ့ ဆွေမျိုးတွေကို ဘဝအမြန်ကူးအောင် ဆုတောင်းရမယ်။”
ကျန်းရီက မစ္စတာဟွမ်ကို ပြောလိုက်တယ်၊ ရောက်လာတဲ့ ရွာသူရွာသားတွေက သူပြောတာကို ငြင်းဖို့ ဘယ်လိုလုပ် သတ္တိရှိမှာလဲ ။
အနှစ်ငါးဆယ်ကြာ ဆွေးမြေ့ခြင်းမရှိသော အဘိုးအဂျီရဲ့ အလောင်းက အရာအားလုံးကို ရှင်းပြနေပြီးသားဖြစ်သည်။ အဖိုးအို၏ ရုပ်အလောင်းကို ထုတ်ယူကာ နတ်ဘုရားရုပ်ထုတော်များကိုပါ ဆွဲထုတ်လိုက်သောအခါတွင် တောအုပ်အတွင်း၌ လေပြင်းများ တိုက်ခတ်လာခဲ့သည်။
"ဝူးးးးးးးးးး"
လေသည် တောထဲတွင် တိုက်ခတ်နေပြီး တစ်စုံတစ်ယောက်က ငိုနေသကဲ့သို့ အသံထွက်နေသည်။
အသံက ကြောက်စရာကောင်းသော်လည်း ပတ်ဝန်းကျင်တောင်တန်းများပေါ်တွင် မီးအလင်းရောင်များ နားမလည်နိုင်စွာ ပေါ်လာခဲ့သည်။
ပထမတော့ အလင်းစက်လေး တစ်စက်၊ ထို့နောက် နှစ်စက်၊ သုံးစက်၊ နောက်ဆုံးတွင် တောင်တန်းများနှင့် လွင်ပြင်များတွင် အလင်းစက်များဖြင့် ပြည့်နေတော့သည်။
အနီးဆုံးရွာက အဘိုးအိုတစ်ဦးသည် တုတ်တစ်ချောင်းဖြင့် တုန်တုန်ယင်ယင်ဖြင့် အိမ်ထဲမှ ထွက်လာခဲ့သည်။ တောင်တန်းများနှင့် လွင်ပြင်တစ်ခုလုံးမှ အလင်းရောင်ကို မြင်သောအခါ မျက်ရည်များ စီးကျလာသည်။
"အနှစ်ငါးဆယ်၊ အနှစ်ငါးဆယ်တိတိ ဒီတောင်တန်းကြီးက တစ်ဖန်ပြန်တောက်ပပြန်ပြီ!"
"အဖေ၊ အဲဒီတုန်းက အဖေ့အပြစ်မဟုတ်ခဲ့ပါဘူး!"
အဘိုးမူသည် နေလရေကန်တွင် ဘာဖြစ်သွားသည်ကို မသိသော်လည်း အသက်ငါးဆယ်တွင် ကိုယ့်ကံကြမ္မာကို သိသည်ဟူသော စကားပုံတစ်ခုရှိသည်။ အဘိုးမူ သည် ယခု အသက်ရှစ်ဆယ့်ခြောက်နှစ်ရှိပြီဖြစ်ပြီး ထိုအလင်းတန်းများတွင် သူ့အဖေကို မြင်နေပုံရသည်။
ဒါက လျှို့ဝှက်ဆန်းကြယ်တဲ့ ခံစားမှုတစ်ခုပါပဲ သူဘာကြောင့်လဲတော့မသိဘူး။ သူ့မျက်လုံးတွေက အလင်းတန်းလေးကို စိုက်ကြည့်နေမှန်းသာ သိတယ်။
အချိန်အကြာကြီး ကြည့်နေပြီးနောက် ထိုအလင်းတန်းများသည် လွင့်ပျံသွားပြီး နေလရေကန်နောက်သို့ ပျံသန်းသွားသည်။
အဘိုးမူက ဒါကို ပိုရှင်းရှင်းလင်းလင်း မြင်နေရသည်။ အလင်းရောင်သည် တဖြည်းဖြည်း မှိန်ဖျော့သွားသည်။ ရွာထဲကလူတွေ တော်တော်များများ အပြင်သို့ ထွက်လာကြသည်။
အဘိုးမူကဲ့သို့ပင်၊ ထိုသူတို့သည် ထိုအလင်းတန်းများမှ အလွန်ရင်းနှီးသော ခံစားချက်ကို ခံစားနေရသည်။
ထိုလူတွေက တစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြပြီးတော့ ဘာကြောင့်လဲဆိုတာတော့ နားမလည်နိုင်ကြပါဘူး။
ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ပရိသတ်တွေက တစ်ခုခုကို တွေးမိပြီးတော့ မေးလိုက်တယ် "စတွင်မာ ဒီအလင်းတန်းတွေဟာ ၆၉ နှစ်အတွင်း အနီးနားက သေဆုံးသွားတဲ့သူတွေ မဟုတ်လား"
ကျန်းရီက ဟုတ်သည် ၊ မဟုတ်သည်ကို မပြောဘဲ သူက ပြုံးရုံသာ " အခုချိန်ကစပြီး နေလရေကန်က ငြိမ်ချမ်းသွားပီ "
"ကြည့်စမ်း၊ အလင်းအစက်တွေ ပိုပိုပြီး များလာနေတယ်။ အဲဒါက သိပ်ကို လျှို့ဝှက်ဆန်းကြယ်ပြီး အံ့သြစရာကောင်းတာပဲ။"
" အပေါ်ထပ်က ကောင်လေး မင်းက ဘယ်လောက်လှလဲဆိုတာ အံ့သြနေတာလား? မစ္စတာဟွမ် သစ်ရွက်နဲ့ ရေစိမ်ပြီးထွက်လာတဲ့ မျက်နှာတွေကိုရော လျှို့ဝှက်ဆန်းကြယ်လွန်းတယ်လို့ မထင်ဘူးလား။?"
မစ္စတာဟွမ်သည် မြေပြင်ပေါ်သို့ ထိုင်ချလိုက်ပြီး ကျယ်လောင်စွာ အော်ငိုလိုက်လိုက်သည်။ ကပ်ဘေးမှ လွတ်မြောက်ခြင်း၏ ခံစားချက်ကို သူသာလျှင် နားလည်ပါတယ်။
သူသည် ဤအဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ရတဲ့သူ တစ်ဦးတည်းသာဖြစ်သည်။ ယခုတော့ နေလရေကန်သည် ငြိမ်းချမ်းသွားပီဟု ကျန်းရီက ကိုယ်တိုင်ကိုယ်ကျ ပြောသည်ကို ကြားလိုက်ရပြီး သူ့ခံစားချက်များကို ထိန်းထားနိုင်ခြင်းမရှိတော့ပေ။
တစ်ယောက်ယောက်က အိမ်ကို ဖုန်းဆက်ပြီး အမွှေးတိုင်တွေ ငွေစက္ကူတွေလာပို့ဖို့ ပြောလိုက်တယ်။
ထိုသတင်းသည် ဆယ်ယောက်ကနေ ရာနှင့်ချီ၍ ပျံ့နှံ့သွားပြီး အဲ့ဒီနယ်တစ်ဝှမ်းမှ လူများ ပိုများလာကာ နေလရေကန်တွင် စုဝေးခဲ့ကြသည်။
သို့သော် ထိုအချိန်တွင် မစ္စတာဟွမ်သည် သူ၏ငါးကန်ဘေးမှ ဖြည်းညှင်းစွာတွားထွက်လာသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုပုံရိပ်သည် အလွန်ရင်းနှီးပုံရနေသည်။
ရှောင်ဖေးပါပဲ။
ရှောင်ဖေးထွက်လာပြီး သိပ်မကြာခင်မှာပဲ နောက်ထပ်ပုံရိပ်တစ်ခု ထွက်ပေါ်ခဲ့ပါတယ်။ အသက် ဆယ့်သုံးနှစ်လောက်ရှိပုံရတဲ့ ကလေးတစ်ယောက်။
အဲဒီ့နောက်ထွက်လာတဲ့ ပုံရိပ်တွေကို အဘိုးမူသာရှိခဲ့ရင်၊ တင်ဖန်းဆိုတဲ့ တစ်ယောက်နဲ့ နဲ့ အာတုန် ဆိုတဲ့ လူငယ် လိုမျိုး လူတစ်ချို့ကို သူ မှတ်မိနိုင်မှာပါ။