← Chapters

ကယ်ကြပါအုံး

Vol. 2 Ch. 27

ကယ်ကြပါအုံး

Vol. 2 Ch. 27

နေလရေကန်တွင် လူများ ပိုမိုများပြားလာပါတယ်။ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ လမ်းမလျှောက်နိုင်လောက်အောင် အသက်ကြီးသူအချို့မှလွဲ၍ ရွာသူရွာသားအများစုက ရောက်လာပြီးတော့ ထိတ်လန့်တုန်လှုပ်နေကြပါတယ်။

တကယ်တော့ ကျန်းရီက နေလရေကန်အကြောင်း သိရှိသွားပြီးနောက်၊ ဒီအဖြစ်အပျက်ဟာ ဟိုးလေးတကျော်ကျော် နာမည်ကြီးသွားမယ်ဆိုတာ သေချာပေါက် သိထားပြီးသားပါ။

ဒါနဲ့ သူက မစ္စတာဟွမ်ကို ဘေးခေါ်လိုက်ပြီး "အစ်ကိုဟွမ်၊ မင်းရဲ့ကိစ္စကပြီးသွားပြီ။ မင်းက အရမ်းသတ္တိရှိတယ်ဆိုတာ ငါတို့အားလုံးသိတယ်။ အခု မင်း ဒီငါးကန်ကို ဆက်ပြီး ငှားရအုံးမယ်၊ မဟုတ်ရင် မင်းရဲ့ ၀င်ငွေရင်းမြစ်ကို ဖြတ်ပစ်လိုက်သလို ဖြစ်လိမ့်မယ်။"

"ငါသိပါတယ်၊ ဒီငါးကန်ကို ငါပစ်ထားလို့ မရဘူး မဟုတ်ရင် ငါ့ဘ၀အသက်မွေးဝမ်းကြောင်းလမ်းကို ငါတကယ်ဆုံးရှုံးရလိမ့်မယ်။ နောက်ပြီး ငါ့အတွက် ဖြေရှင်းပေးနိုင်တဲ့ စတွင်မာတစ်ယောက်လုံးရှိနေတာပဲ ၊ ဒါကြောင့် အခုကစပြီး ငါမကြောက်တော့ပါဘူး!"

“အိုကေ၊ အခု ကိစ္စကပြီးသွားပြီ၊ နောက်ဆက်တွဲ ဖြေရှင်းဖို့ ကျန်တာကို မင်းကို ငါလွှဲထားခဲ့မယ်” လို့ပြောလိုက်တယ်။

"ကိစ္စမရှိပါဘူး၊ နောက်ကိစ္စတွေကို ကိုင်တွယ်ဖို့ တခြားသူတွေကို ငါခေါ်လိုက်ပါ့မယ်။ စိတ်မပူပါနဲ့ စတွင်မာ၊ မင်းပြောတဲ့အတိုင်း ငါလုပ်ပါ့မယ်။"

ကျန်းရီသည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး မစ္စတာဟွမ်၏ ဗီဒီယိုခေါ်ဆိုမှုကို ပိတ်ရန် စိတ်ကူးရှိနေပြီဖြစ်သည်။

မစ္စတာဟွမ်က တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

ဦးညွှတ်တဲ့အချိန်က အတော်ကြာလိုက်သည် ။ မစ္စတာဟွမ်သည် ဦးညွှတ်ပြီးနောက်၊ သူသည် ငရဲဘုရင်ရဲ့ အမိန့်ကို လက်ဆောင်အဖြစ်ဆုချလိုက်သည်။

"စတွင်မာ ငါ့ရဲ့အသက်ကယ်တဲ့ ကျေးဇူးကို ပြန်မဆပ်နိုင်သေးဘူး။ ဒီအရာလေးကို မင်းစိတ်မဆိုးဘူးလို့ ငါမျှော်လင့်ပါတယ်။"

ကျန်းရီက မျက်မှောင်ကြုတ်ပြီး "ငါ မင်းကို အခကြေးငွေ ပေးစရာ မလိုဘူးလို့ ငါပြောခဲ့ပါတယ်"

"မဟုတ်ပါဘူး၊ မင်းက ဒီ​လက်ဆောင်ထက်ပိုပြီး ထိုက်တန်ပါတယ်၊

မင်းတကယ်လက်ခံချင်တယ်ဆိုရင် ဒီယွမ်တစ်သောင်းနဲ့ ဘာလုပ်နိုင်မှာလဲ။ ငါ့အသက်က ယွမ်တစ်သောင်းမကတန်တယ်ဆိုတာလည်း ငါသိပါတယ်"

ငါ့မှာ ပိုက်ဆံအများကြီးမတက်နိုင်လို့ မဟုတ်ရင် မင်းကို ဒီထက်ပိုပြီးဆပ်ချင်သေးတာ"

မစ္စတာဟွမ်က ဒီအကြောင်းပြောပြီး ကျန်းရီက လက်ဆောင်ကို လက်ခံလိုက်ရင် သူအတွက် အဆင်ပြေလိမ့်မည်ဖြစ်သည်။

ထို့အပြင် မစ္စတာဝူ နှင့် ရှောင်ယွီ တို့သည်လည်း လက်ဆောင်များ ပေးခဲ့ဖူးတာကို ကျန်းရီကလည်း ပြုံးပြီး ခေါင်းညိတ်ကာ "ကောင်းပြီ၊ ဒီလက်ဆောင်ကို ငါလက်ခံလိုက်မယ်။ မင်းအကြောင်းကို ရဲအရာရှိတစ်ယောက်ယောက်က မေးရင် မင်းတတ်နိုင်ရင် သူတို့ကို ညာလိုက်ပါ။ မင်းမညာနိုင်တော့တဲ့အဆုံးရောက်မှ ငါဘယ်သူလဲဆိုတာ သူ့ကိုပြောပြလိုက်။"

တောင်တန်းတွေနဲ့ လွင်ပြင်တွေ အနှံ့ အလင်းတန်းတွေက ဒီလောက်လင်းထိန်နေတာ မနက်ဖြန် တစ်ယောက်ယောက်က အခြေအနေကိုမေးဖို့ သေချာပေါက် လာမယ်ဆိုတာ တွေးတောင်တွေးစရာမလိုဘူး။

မစ္စတာဟွမ်က နားလည်စွာနဲ့ “ စိတ်ချပါ စတွင်မာဘယ်သူလဲဆိုတာ နောက်ဆုံးအချိန်အထိ ငါမပြောပါဘူး” လို့ပြောလိုက်တယ်။

"ကောင်းပြီ၊ နောင်တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာ အချိန်ရရင်တွေ့ကြတာပေါ့။"

မစ္စတာဟွမ်က သူ့မျက်နှာတွင် ရိုးရှင်းသော အပြုံးဖြင့် ပြောပြီး တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းဆီသို့ လက်ပြလိုက်သည်။ ကျန်းရီသည် အဆုံးတွင် ဗီဒီယိုကို ပိတ်လိုက်သည်။

ဗီဒီယိုကို ပိတ်လိုက်သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် လက်ဆောင်တွေ ဆုချတဲ့ မက်ဆေ့များဖြင့် ပြည့်နေသည်။

" ရမက်အနမ်း က စတွင်မာကို စိတ်ဝိညာဥ်ကျောက်တုံး ၁၀၀ ကို ပေးခဲ့သည်!"

" တိမ်တွေကြားပျံသန်းသူ ကစတွင်မာကို သေခြင်းရှင်ခြင်းပုတီးစေ့ ၁၀ ကို ပေးခဲ့သည်။"

" ဒန်နီယယ်ပိုင်ရှင်က စတွင်မာကို ငရဲဘုရင်၏ အမိန့် ၁၀ ကို ပေးခဲ့သည်။"

"ငါးလိုရေသောက် က စတွင်မာကို လျှို့ဝှက်သောရာဇသံ ၁၀၀,၀၀၀ ပေးခဲ့သည်။"

…………

တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းတွင် ရွှေရောင်အလင်းတန်းနှင့် လက်ဆောင်ပေးသည့် မက်ဆေ့ချ်နှစ်ခု ပေါ်လာသောအခါ ကွန်မန့်ဧရိယာသည် မက်ဆေ့များဖြင့် ​ပြည့်နေတော့သည်။

ဒန်နီယယ်ပိုင်ရှင် က "မစ္စတာကျန်းရဲ့ ပညာတွေက အရမ်းထက်မြက်တဲ့အတွက် ဒီလက်ဆောင်တွေနဲ့ ထိုက်တန်ပါတယ်။ မစ္စတာကျန်း မင်းကို တွေ့ရတာ ဝမ်းသာပါတယ်။"

"ညီအစ်ကို ဒန်နီယယ်၊ မင်းနဲ့ တွေ့ရတာ ဝမ်းသာပါတယ်၊ ငါးလိုရေသောက် နဲ့ လက်ဆောင်ပေးခဲ့တဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။"

ကျန်းရီသည် အခုအချိန်မှာတော့ တော်တော်လေးကို ပျော်နေပါတယ်။ ဒန်နီယယ်၏ ငရဲဘုရင်ရဲ့အမိန့် ၁၀ ခုနှင့် နှိုင်းယှဉ်ပါက ငါးလိုရေသောက် ရဲ့ လျှို့ဝှက်သော ရာဇသံ တစ်သိန်းက ယခုအချိန်တွင် သူ့ကို ပို၍ ပျော်ရွှင်စေခဲ့သည်။

လျှို့ဝှက်သော ရာဇသံ တစ်သောင်းသည် သူ့ရဲ့ဖုံးကွယ်နိုင်စွမ်းကို ၁၀% ကို တိုးပေးပြီးတော့ စောင်ရေတစ်သိန်းသည် သူနှင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ ဖုံးကွယ်နိုင်စွမ်းကို နှစ်ဆတိုးစေသည် ။

ဒီအချိန်မှာ အပြင်ကနေ ဘယ်သူက သူ့ကိုစုံစမ်းချင်လဲ။

မဖြစ်နိုင်ပါဘူး၊ မျှော်လင့်ချက် လုံးဝမရှိပါဘူး။

ငါးလိုရေသောက်သည် လက်ဆောင်များကို တိတ်တဆိတ်ပေးနေပြီးတော့ အသစ်စက်စက် သူဌေးဒန်နီယယ်က ကျန်းရီကိုနှုတ်ဆက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ထွက်သွားခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ လက်ဆောင်ပေးမှုများသည် မရပ်သေးဘဲ ကြည့်ရှု့သူတော်တော်များများက ကျန်းရီအားလက်ဆောင်များပေးနေကြသည်။ ပြီးတော့ တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် ကြည့်ရှု့သူ စုစုပေါင်း ၁၂,၀၀၀ ကျော်နေပီဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ ဝင်ရောက်သည့်နည်းလမ်းကို ဤနည်းဖြင့် သတ်မှတ်ထားသည်။ တစ်ယောက်မှ နောက်တစ်ယောက်သို့ လင့်ခ်များ ပေးပို့ခြင်း ဒါမှမဟုတ် ညသန်းခေါင်တွင် သဘာဝလွန်ဖြစ်ရပ်များကို ရှာဖွေသူများသာ တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းသို့ ဝင်ရောက်နိုင်သည်။ ၎င်းကိုယ်တိုင်က ဖုံးကွယ်မှု ယန္တရားတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

ကျန်းရီအတွက်ကတော့ သူသည် ကျော်ကြားမှုကို အထူးစိတ်မ၀င်စားပါ။ ဒါပေမယ့်လို့ စတွင်မာတစ်ယောက်အနေနဲ့ သူ့အခန်းထဲတွင် ကြည့်ရှု့သူများတာကို မကြိုက်ဘဲမနေပါဘူး။

ကြည့်ရှု့သူ A-"စတွင်မာ, မစ္စတာဟွမ်ရဲ့ ကိစ္စကတော့ ပြေလည်သွားပြီ၊ ငါတို့ သူ့ကို ကုဒ်နာမည် ပေးသင့်သလား" တစ်စုံတစ်ယောက်က တွေးပြီး ပြောလိုက်သည်။

ကျန်းရီက ခေါင်းညိတ်လိုက်ပြီး "ကဲ အားလုံးပဲ အဲဒါကို ဘယ်လိုထင်လဲ?"

"အဲ့ဒါကို အဘိုးဂျီလို့ ခေါ်ရင်ဘယ်လိုခေါ်လဲ" တစ်ယောက်ယောက်က အကြံပြုတယ်။

တစ်စုံတစ်ယောက်က ချက်ချင်းပြန်ပြောတယ်- "ဘာတွေပေါက်ကရတွေ နာမည်လာပေးနေတာလဲ။ အဲဒီအဘိုးကြီးက ရူးနေတာ။ သူက အရမ်းရူးသွပ်လွန်းလို့ သူ့မိသားစုဝင်တွေကိုတောင် သတ်ပစ်လိုက်တာ။ သူ့ကို ကုဒ်နာမည်အဖြစ် သုံးတာ အဓိပ္ပါယ်မရှိဘူး။"

ကြည့်ရှု့သူ B-"နေလရေကန် နာမည်ကဘယ်လိုအခြေအနေရလဲ"

ကြည့်ရှု့သူ C-"နေလရေကန် နာမည်က သိပ်မထူးခြားဘူးလေ"

ငါးလိုရေသောက်က "နေလရေကန်က သရဲသိုက် ဆိုတဲ့ နာမည်က ဘယ်လိုလဲ။"

ကြည့်ရှု့သူ D-"ဟုတ်တယ် အဲ့နာမည်မဆိုးဘူး။ နေလရေကန်လည်းပါတယ်။ ကုဒ်နာမည် နေလရေကန်က သရဲသိုက် က သာမာန် မဟုတ်ဘူးလို့ ထင်ပါတယ်!"

ကြည့်ရှု့သူ A-"ဟုတ်တယ်၊ စတွင်မာရေ အဲ့ဒါကို နေလရေကန်က သရဲသိုက် လို့ ခေါ်ရအောင်။ နောက်လာတဲ့သူတွေ နေလရေကန်မှာ သရဲသိုက်ရှိဖူးတယ်ဆိုတာ အမှတ်ရအောင်။"

ကျန်းရီက အဲဒါကို တွေးပြီး အဓိပ္ပါယ်ရှိတယ်လို့ ထင်တဲ့အတွက် "ကောင်းပြီ ဒါဆိုရင် အဲ့ဒါကို နေလရေကန်က သရဲသိုက် လို့ ခေါ်ရအောင်!"

နေလရေကန်ဖြစ်ရပ်အတွက် ကုဒ်အမည်ကို ပေးပြီးတော့ ကျန်းရီက မတ်တပ်ထရပ်ပြီး သူ့လည်ချောင်းကို စိုစွတ်အောင် ရေသောက်ပြီး အချိန်ကို ကြည့်လိုက်တယ်။ ညသန်းခေါင် ၁၂ နာရီ ၁၆ မိနစ် ရှိနေပြီဖြစ်သည်။

ဒီအချိန်ကိုကြည့်လိုက်တော့ ကျန်းရီက "စောနေသေးတယ်၊ နောက်ထပ်ဖြစ်ရပ်တစ်ခုတော့ ရှင်းလို့ရသေးတယ်။ တစ်ယောက်ယောက်ဖုန်းခေါ်တာရှိမလားဆိုတာ စောင့်လိုက်ကြရအောင်" လို့ပြောလိုက်တယ်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပရိသတ်များကလည်း စိတ်အားထက်သန်စွာ စောင့်မျှော်နေကြပြီး မျှော်လင့်ထားသည့်အတိုင်း အဲ့ဒီအချိန်တွင် ဖုန်းတကယ်မြည်လာသည်။

ကျန်းရီက "ဟယ်လို၊ ငါက ထိတ်လန့်ကြောက်ရွံ့စရာတွေကို ဖြေရှင်းပေးနေတဲ့ စတွင်မာ ကျန်းရီပါ။ မင်းအခုနက နေလရေကန်အဖြစ်အပျက်ကို ကြည့်လိုက်ရတယ် မဟုတ်လား"

ဖုန်း၏အခြားတစ်ဖက်ကတော့ ဘာအသံမှထွက်မလာခဲ့ပါဘူး။ အချိန်အနည်းငယ်ကြာမှ အသံသွင်းထားဟန်ရှိတဲ့ အမျိုးသမီးတစ်ဦး၏ အသံထွက်လာသည်-

“၂၀၁၉ ခုနှစ် မတ်လ ၂၆ ရက်နေ့ ညပါ။

ကျွန်မနာမည် လီချင်း ပါ။

ဒီတစ်ခါလည်း ဗီဒီယိုကို ပို့နိုင်မလားဆော့ မသိဘူး။

ဝူး....ဝူး.....(ငိုနေသံ)

ကျွန်မအကြိမ်ပေါင်းများစွာ ကြိုးစားခဲ့တယ် အကြိမ်ကြိမ်ပို့ ခဲ့တယ်။ ဒါပေမယ့်အဆင်မပြေခဲ့ဘူး... လုံးဝအလုပ်မဖြစ်ခဲ့ဘူး။

မဟုတ်ဘူး! ဒီတခေါက် အောင်အောင်မြင်မြင် ပို့နိုင်ခဲ့ရင် ဒီဗီဒီယိုကို ကြည့်လိုက်ရတဲ့သူတွေ အကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..။

All Chapters