← Chapters

ယှဉ်ပြိုင်ပွဲ

Vol. 22 Ch. 298

ယှဉ်ပြိုင်ပွဲ

Vol. 22 Ch. 298

ဇူယွမ်နှင့် ချောင်းစူည်တို့၏ ယှဉ်ပြိုင်ပွဲသည် နောက်ဆုံးတွင် မူလသူတော်စင် တောင်ထွတ်၌ အနည်းငယ်သော လှုပ်ခတ်မှု ဖြစ်ပေါ်ခဲ့ပေသည်။ သို့သော်လည်း ထိုယှဉ်ပြိုင်ပွဲအား လုစုန့်နှင့် လုဟုန်းတို့ လက်အောက်ရှိ တပည့်များမှာ စိတ်ဝင်စားခြင်း မရှိပဲ မိုက်မဲသော အငြင်းပွားမှု တစ်ခု အဖြစ်သာ ရူမြင်ခဲ့ကြပေသည်။

ထိုအရာမှာ ပုံမှန်ဖြစ်ပြီး အကြီးအကဲ စိန်း၏ အုပ်စုတွင်ပင် နောက်ဆုံးအသုတ် တောင်ထွတ် ရွေးချယ်မှု အခန်းအနားတွင် ချန်ပီယံဖြစ်ခဲ့သော ဇူယွမ်၌ အခွင့်အရေး မရှိဟု ထင်နေသော တပည့်များစွာ ရှိကြပေသည်။

သည်နေ့ရက်များတွင် ချောင်းရှိုးမှာ စစ်မှန်သော မူလစဦး ပဉ္စမအဆင့်ရှိ စီနီယာ တပည့်တစ်ယောက် ဖြစ်ပြီး လုဖန်းထက် များစွာ သာလွန်သူ တစ်ယောက်ဖြစ်သည်။

များစွာသော တပည့်များ၏ မျက်လုံးထဲတွင် ဇူယွမ်က ပြဿနာကို တောင်းဆိုနေသူ တစ်ယောက် ဖြစ်သည်။

များစွာသော တပည့်များ၏ အတွေးများကြားတွင် ငါးရက်တာ ကာလမှာ မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

မြူခိုးများက ထင်းရူးပင်များ၏ ပတ်ပတ်လည်တွင် ယှက်သိုင်းနေကြပြီး  ကြီးမားလှသော စင်မြင့်ကြီး တစ်ခုက ထိုအပေါ်တွင် တည်ရှိနေခဲ့သည်။

လက်ရှိအချိန်တွင် အနီးအနားရှိ ကျောက်တုံး ပွဲကြည့်စင်မြင့်များမှာ ပုံရိပ်များဖြင့် ပြည့်နှက်နေခဲ့ပြီး အကြီးအကဲ စိန်းထိုက်ယွမ်ပင် ထိုနေရာသို့ ရောက်ရှိနေကာ အထက် တစ်နေရာတွင် ထိုင်နေခဲ့သည်။ သည်နေ့မှာ ဇူယွမ်နှင့် ချောင်းရှိုးတို့၏ တိုက်ပွဲနေ့ ဖြစ်ပြီး မမျှော်လင့်ထားသော မတော်တဆ ဖြစ်ပွားမှုမှ ကာကွယ်ရန်အတွက် အကြီးအကဲစိန်းမှာ ထိုနေရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

သူတို့အပြင် အခြားသော အုပ်စုနှစ်ခုမှ တပည့်အချို့လဲ ထိုနေရာသို့ ရောက်ရှိ နေကြပြီး ပျော်ရွှင်ဖွယ် ပြပွဲတစ်ခုကို ကြည့်ရူလိုဟန်ဖြင့် လာရောက်ကြသည်မှာ ထင်ရှားပေသည်။

တကယ်တော့ သူတို့အားလုံးမှာ ဇူယွမ် ဒုက္ခရောက်သည်ကို မြင်လို၍ လာရောက်ခဲ့ကြခြင်း ဖြစ်သည်။ တကယ်တော့ ဇူယွမ်မှာ မကြာခဲ့သေးသော အချိန်က တောင်ထွတ် ရွေးချယ်မှု အခမ်းအနား၏ ချန်ပီယံဖြစ်ခဲ့သဖြင့် တော်တော်လေး ကျော်ကြားခဲ့ပေသည်။ သို့သော်လည်း သူက အတွေ့အကြုံ မရှိသေးသည့် အတွင်းတောင် တပည့်အသစ်လေး တစ်ယောက်မျှသာ ဖြစ်သည်။ ထိုကြောင့် များသောအားဖြင့် လူများမှာ ဇူယွမ်အား တစ်စုံတစ်ယောက်က ရိုက်နှက်မည်ကို ပျော်ရွှင်စွာ လာရောက် ကြည့်ရှုကြခြင်း ဖြစ်သည်။

ကျောက်တုံးစင်မြင့်၏ တစ်ဖက်တွင် ချောင်းစူည်က ပြုံးရွင်လျက် လူအများကြားတွင် ကြယ်များ ဝန်းရံနေသော လတစ်စင်းအလား တည်ရှိ နေပေသည်။ သူ၏ အမူအရာမှာ တော်တော်လေး သက်သောင့်သက်သာ ဖြစ်နေဟန်ရပြီး သည်ယှဉ်ပြိုင်ပွဲအား စိတ်ထဲ သိပ်မထားဟန်ဖြင့် ရှိနေသည်။

ဝှစ်…

အလွန်ကွာဝေးသော နေရာမှ မူလ ချီတိမ်တိုက် တစ်ခုက ပျံသန်းလာခဲ့ပြီးနောက် စင်မြင့်၏ အခြားတစ်ဖက်တွင် ဆင်းသက်လိုက်သည်။ ထိုပေါ်တွင် ဇူယွမ်နှင့်အတူ နံဘေး၌ ကောင်းကင်မှ ဆင်းသက်လှသော ရေခဲနတ်ဘုရားမ တစ်ပါးအလား တင့်တယ်စွာ ရှိနေသော ယောင်ယောင် ပါလာခဲ့ပြီး သူမ၏ အသက်ရှူ မှားလောက်သော အလှက များစွာသော အကြည့်များကို ဆွဲဆောင်၍ သွားလေသည်။

“ဆရာစိန်း” ဇူယွမ်မှာ ပတ်ဝန်းကျင်ရှိ သူ့အား ပျက်ရယ်ပြုကာ ကြည့်နေကြသော အကြည့်များကို မြင်လိုက်ရသော်လည်း လျစ်လျူရူလိုက်ပြီး အကြီးအကဲ စိန်းထိုက်ယွမ်ဆီသို့သာ လှမ်းကြည့် လိုက်ကာ လက်သီး နှစ်ဖက်အား ဆုပ်၍ အရိုအသေ ပေးလိုက်လေသည်။

စိန်းထိုက်ယွမ်မှာ စိတ်ရှုပ်ထွေး နေပုံရသော မျက်နှာအနေအထားဖြင့် ခေါင်းညိတ်ကာ ပြန်လည် တုံ့ပြန်လိုက်လေသည်။ သူက ဇူယွမ်၏ အလားအလာကို မြင့်မားစွာ မျှော်လင့်ထားခဲ့သဖြင့် သည်ကဲ့သို့သော အချိန်မျိုးတွင် ချောင်းစူည်နှင့် ပြဿနာ မတက်လိုပေ။

သို့သော်လည်း ယခုလက်ရှိအချိန်တွင် ဇူယွမ်ကို သူအရေး ပေးနေခြင်းကြောင့် စီနီယာ တပည့်များက မပျော်မရွင်ဖြစ်နေပြီး ဇူယွမ်ကို ခက်ခဲစေရန် ပြုလုပ်နေကြောင်း နားလည်ပေသည်။ သို့သော်လည်း သူတို့၏ မေးခွန်း ထုတ်နေမှုများကို သည်အချိန်၌ ရပ်တန့်နိုင်ခြင်းမရှိသေးပေ။ သူတို့အားလုံး၏ လုပ်ရပ်မှာ မှားယွင်းနေသည် ဆိုလျှင်တောင် သူ့အနေဖြင့် တစ်စုံတစ်ယောက်တည်း အပေါ်၌ မျှော်လင့်ချက်များကို ပုံအောထားရန် လိုအပ်နေသည်လား စဉ်းစားရဦးမည် ဖြစ်သည်။

သည်နေ့ ယှဉ်ပြိုင်မှုတွင် ဇူယွမ်ရှုံးနိုမ့်ခဲ့ပါက သူ့အနေဖြင့် သေချာပေါက်ပင် ဇူယွမ်အား နိုမ့်ကျသော ပုံရိပ်အဖြစ် အချိန်အတိုင်းအတာ တစ်ခုလောက် နေစေရလိမ့်မည် ဖြစ်ပြီး ခရမ်းရောင် မူလဂူနန်း ရရှိလိုမှု အတွက် မျှော်လင့်ချက်များအားလုံး ပျောက်ဆုံး သွားမည် ဖြစ်သည်။

သည်ကဲ့သို့ ကျင့်ကြံခြင်း အရင်းအမြစ်မရှိပဲနှင့် ဝါရင့် ခရမ်းရောင် ခါးစည်းတပည့်များကို လိုက်မှီရန်မှာ ဇူယွမ်အတွက် ခက်ခဲပေလိမ့်မည်။

ထိုခံစားချက်က သူ၏ နှလုံးသားကို ရှုပ်ထွေးစေပြီး နောက်ဆုံးတွင် စိန်းထိုက်ယွမ်မှာ စိတ်ထဲမှသာ သက်ပြင်း ချလိုက်တော့သည်။ သူက ဇူယွမ်ကို ခေါင်းညိတ် ပြခဲ့ပြီးနောက်တွင် ချောင်းစူည်ဖက်သို့ လှည့်ကာ “ဒီယှဉ်ပြိုင်ပွဲက ကိုယ့်လူ အချင်းချင်းပဲမလို့ ဘယ်အချိန်မှာ ရပ်ရမလဲဆိုတာ သေသေချာချာ နားလည်ဖို့ လိုတယ်”

ချောင်းစူည်က ရယ်မော လိုက်ပြီးနောက် ပေါ့ပါးစွာ ပြန်ပြောလိုက်သည် “စိတ်မပူပါနဲ့ ဆရာစိန်း ကျွန်တော်က စီနီယာတစ်ယောက် ဖြစ်တဲ့အတွက် ငဲ့ညှာပေးမှာပါ”

ထိုသို့ပြောပြီးနောက် သူ၏ ပုံရိပ်မှာ ရွေ့လျားသွားပြီး ကျောက်တုံးစင်မြင့်၏ အလယ်ဗဟိုတွင် ရပ်လိုက်ကာ ဇူယွမ်အား ဆော့ကစားတော့မည့် အကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်သည် “ညီတော်ဇူယွမ်၊ မင်းအခု ရှုံးနိုမ့်ကြောင်း ဝန်ခံလိုက်ရင် ဘာဒုက္ခမှ မဖြစ်စေရဘူး။ မဟုတ်ရင် လက်သီးချက်တွေ ခြေကန်ချက်တွေက မျက်စိမပါဘူးနော်”

ဇူယွမ်က သူ့အား လျစ်လျူရှုကာ စင်မြင့်၏ အလယ်သို့ တက်လှမ်း လာခဲ့သည်။ သူက ချောင်းစူည်၏ ရှေ့တွင် ရပ်တန့်လိုက်ပြီး သူ၏ မျက်နှာထားက ရှေးဟောင်း ရေတွင်းတစ်ခုလို တည်ငြိမ် နေပေသည်။

သူတို့ နှစ်ယောက်လုံး၏ အကြည့်များ ဆုံတွေ့မိသွားချိန်တွင် အေးစက်စက် အလင်းတန်းများက မျက်လုံး အတွင်းတွင် လင်းလက် သွားခဲ့သည်။

စိန်းထိုက်ယွမ်၏ အောက်ဘက် ပွဲကြည့်စင်များတွင် ခရမ်းရောင် ခါးစည်း တပည့်များကလည်း ကြည့်ရူနေကြပေသည်။

ကျန့်ယန်က ပြုံးလျက်ပင် ဇူယွမ်ထံသို့ လှမ်းကြည့်ကာ ပြောလိုက်သည် “ဟီးဟီး။ အစ်ကိုတော် ဇူထိုက်၊ ငါတို့ရဲ့ ညီတော်လေးက အလားအလာ ရှိပေမယ့် သူက အနည်းငယ် စဉ်းစားဆင်ခြင် နိုင်စွမ်းမဲ့ပြီးတော့ စည်းမျဉ်းတွေကို မလိုက်နာဘူးပဲ။ သည်နေ့ ပြီးသွားရင် အနည်းဆုံးတော့ သူ့အနေနဲ့ ငါတို့လို့ အစ်ကိုကြီးတွေကို ပိုလေးစားသင့်တယ် ဆိုတာ နားလည်သွားပြီး ကောင်းကောင်းမွန်မွန် နေနိုင်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်”

ထိုစကားကို ကြားချိန်တွင် ဇူထိုက်မှာ မျက်မှောင်ကြုတ် သွားခဲ့သည်။ သူက သဘောထားကြီးပြီး စိတ်ထားကောင်းသူ တစ်ယောက် ဖြစ်သည်။ သူ့တွင် ထူးခြားသော ပါရမီ မပါသော်လည်းပဲ တပည့်များကြားတွင် သူ၏ တည်ရှိမှုက သြဇာလွှမ်းမိုးမှု ရှိပေသည်။

ဇူယွမ် ရောက်ရှိလာခြင်းက ဆရာစိန်းထိုက်ယွမ်အား ဝမ်းသာစေသည်ကို သူမြင်ခဲ့ပြီး ထို့အရာကြောင့် ဇူယွမ်ကို အပြစ်မမြင်ခဲ့ပဲ သူ့ကိုယ်သူသာ အနည်းငယ် အရှက်ရမိခဲ့ပေသည်။ သူသာ ပထမတပည့် တစ်ယောက် အနေဖြင့် ပိုမိုသော စွမ်းရည်ရှိခဲ့လျှင် ဆရာစိန်းက သည်လို ခံစားနေရမည် မဟုတ်ပေ။

သူ့အနေဖြင့် စစ်မှန်သော တစ်စုံတစ်ယောက်က သူတို့အုပ်စုမှ ပေါ်ထွက် လာတော့မည်ဟု မျှော်လင့်မိသောကြောင့် သူက ဇူယွမ်အား ကောင်းမွန်စွာ ဆက်ဆံခဲ့ပေသည်။

သို့သော်လည်း ထိုသို့သော စိတ်ထားမျိုးက တပည့်များ အားလုံးတွင် ရှိမနေခဲ့ပေ။ ဥပမာအားဖြင့် ကျန့်ယန်မှာ ဆရာစိန်းက ဇူယွမ်အပေါ် အလေးထားခြင်းကို မနှစ်သက် ဖြစ်နေပေသည်။ သည်ကိစ္စတွင် ချောင်းစူည်မှာ အဓိက စီစဉ်သူဟု မြင်ရသော်လည်း သည်အပြစ်ပြုမှု တစ်ခုလုံးကို ကျန့်ယန်က ထောက်ပံ့ပေးနေခြင်း ဖြစ်ပေသည်။

ကျန့်ယန်၏ ပါရမီ အရည်အချင်းမှာ သူ့ထက် ပိုသာသောကြောင့် ညီတော် ကျန့်ယန်က သူ့အား ပထမ တပည့်အဖြစ် သူ့အား အသိအမှတ်မပြုမှန်း သူသိပေသည်။ ကျန့်ယန်မှာ ဆရာစိန်း၏ အုပ်စုသို့ နောက်ကျမှ ဝင်ရောက်ခဲ့သော်လည်း လျှင်မြန်စွာပင် သူ၏ အကိုအား အမီလိုက် နိုင်ခဲ့ပေသည်။ ထိုကြောင့် သူတို့နှစ်ယောက် တွေ့ဆုံတိုင်းတွင် ကျန့်ယန်မှာ သူအား လေးစားဟန် မပြပေ။

“ညီတော် ကျန့်ယန်၊ ညီတော် ဇူယွမ်က ကြီးမားတဲ့ အလားအလာ ရှိတယ်။ သူ မူလသူတော်စင် တောင်ထွတ်ကို လာခဲ့ပြီး ဆရာစိန်းရဲ့ အုပ်စုထဲ ဝင်ရောက်ခဲ့တာက ငါ့တို့အတွက် အခွင့်အလမ်းလို့ ပြောနိုင်တယ်။ သည်အချိန်မှာ သူကို ကျင့်ကြံခြင်း အရင်းအမြစ်တွေ ပေးထားရင် အနာဂတ်မှာ သူဆီကနေ အကျိုးကျေးဇူးတွေ ပြန်ရမှာ သေချာတယ်” ဇူထိုက်ကပြောလိုက်သည်။

ကျန့်ယန်က သူ၏ အပြုံးကို ဆက်လက် ထိန်းသိမ်း ထားသော်လည်း သူမျက်လုံးထဲတွင် လှောင်ပြောင် သရော်မှုများက ထင်ဟပ်နေပေသည်။ “အစ်ကိုတော် ဇူထိုက်ရဲ့ စကားတွေက ချဲ့ကား ပြောဆိုနေတာပဲ။ သူမှာ အလားအလာ ရှိတယ်ဆိုတာကတော့ ကျွန်တော် မငြင်းပါဘူး။ ဒါပေမဲ့ ငါတို့ရဲ့ အခွင့်အလမ်းလို့ လက်ခံ လာရအောင်အထိ သူမှာ အရည်အချင်းမရှိမှာ ငါစိုးရိမ်မိတယ်”

“သူက တောင်ထွတ် ရွေးချယ်မှု အခမ်းအနားရဲ့ ချန်ပီယံဖြစ်တော့ရော ဘာဖြစ်လဲ သူတဖြည်းဖြည်းနဲ့ အရွေးချယ်ခံ တပည့်ဆယ်ယောက်ထဲက တစ်ယောက် ဖြစ်သွားမယ်ဆိုတာ သေချာလို့လား။ သည်မတိုင်ခင်က တောင်ထွတ် ရွေးချယ်မှု အခမ်းအနားက ချန်ပီယံတွေကို မမြင်ဖူးတာလဲ မဟုတ်ဘူး။ သူတို့အများစုက အတွင်းတောင်ကို ဝင်ရောက်ပြီး ငါတို့ထက် မြန်မြန်ဆန်ဆန် ခရမ်းရောင် ခါးစည်းတပည့် ဖြစ်သွားတာက လွဲရင် ကျန်တာ ငါတို့နဲ့ မကွဲပြားပါဘူး”

ဇူထိုက်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “ဆရာစိန်းက ဇူယွမ်ကို သည်လို မျှော်လင့်ချက် မြင့်မားတာလဲ သူ့အကြောင်းနဲ့သူ ရှိမှာပေါ့”

“ငါတို့ စောင့်ကြည့်ကြတာပေါ့” ကျန့်ယန်မှာ မည်သည့် မှတ်ချက်မှ ထပ်မပေးတော့ပေ။ သူ၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်း သွားခဲ့ပြီး ကျောက်တုံး စင်မြင့်ပေါ်ရှိ ဇူယွမ်၏ ပုံရိပ်အား စိုက်ကြည့်ကာ မနှေးမမြန်ဖြင့်  တစ်လုံးချင်းပြောလိုက်သည် “သည်ယှဉ်ပြိုင်ပွဲ ပြီးဆုံးသွားရင်တော့ မင်းမှာ သည်လို စိတ်ထားမျိုး ဆက်ရှိနေစေဖို့ ငါ မျှော်လင့်ပါတယ်”

“သူမှာ အလားအလာ ဘယ်လောက်ရှိရှိ ထိုအလားအလာကို သန်မာမှုအဖြစ် ပြောင်းနိုင်တဲ့ နေ့မရောက်မချင်း သူနဲ့ မသက်ဆိုင်သေးဘူး။ အခုအတွက်တော့… ဒါက သူ့ရဲ့ အပြုအမူတွေကို နည်းနည်းလောက် ဖြစ်ဖြစ် ကောင်းမွန် သွားစေမယ်လို့ ငါခံစားရတယ်။ လူငယ်တွေ အတွက်တော့ အနည်းငယ် နာကျင် ခံစားရတာက အမြဲတမ်း မကောင်းတဲ့ အရာတစ်ခု မဟုတ်ပါဘူး။ ”

သူတို့ စကားပြောဆိုနေကြစဉ်အတွင်း စိန်းထိုက်ယွမ်က ကျောက်တုံးစင်မြင့်ကို ဖြတ်၍ ကြည့်လိုက်ပြီး တည်ကြည်သော အသံဖြင့်ပြောလိုက်သည် “စတော့”

ဝရုန်း။

သူ၏ နှုတ်မှ စကားသံ ထွက်ပေါ်သွားသည်နှင့် တပြိုင်နက် အံ့အားသင့်ဖွယ် ကောင်းသော မူလချီလှိုင်းများက ချောင်းစူည်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ပြီး မီးခိုးတိုင်လုံးများ အသွင်ဖြင့် ကောင်းကင်သို့ ထိုးတက် သွားခဲ့သည်။

ချောင်းစူည်၏ မူလချီများမှာ ငွေနှင်းရောင်ဖြစ်ပြီး အလွန်အမင်း ထက်ရှသော အရှိန်အဝါကို ပေးစွမ်း နေခဲ့ကာ လေထုကိုပင် ဆုတ်ဖြဲနေခဲ့ပေသည်။

သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဖိအားက ဇူယွမ်၏ ကိုယ်ပေါ်သို့ ကြီးမားသော တောင်ကြီး တစ်လုံး ပိကျလာသလိုပင် ဖြစ်သည်။

အနီးအနားတွင် ရှိနေသည့် တပည့်များ၏ အမူအရာများပင်လျှင် ထိုဖိအားဒဏ်ကို ခံစားလိုက်ရသော အခါ အနည်းငယ် တုန်လှုပ်သွားကြပေသည်။ ယခင်က ချောင်းစူည်အနေဖြင့် ရွှေရောင်ခါးစည်းတပည့်များ၏ တတိယမြောက် ထိုင်စရာ နေရာကို သိမ်းပိုက်နိုင်ခဲ့ခြင်းက သူ၏ စွမ်းရည်ကို သက်သေ ပြနိုင်ပေသည်။ ထိုသို့ သိပ်သည်းပြီး များပြားလှသော ချီစွမ်းအားများကို ပိုင်ဆိုင်နေသူများအား မူလစဦး ပဉ္စမအဆင့်တွင် ရှိနေသူများထဲမှာပင် ရေတွက်၍ ရပေသည်။

ဇူယွမ်၏ မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားခဲ့သည်။ ချောင်းစူည်ထံမှ ထွက်ပေါ်လာသော မူလချီဖိအားက လုဖန်းထက် အနည်းငယ်မျှသာ သာလွန်ခြင်း မဟုတ်ပေ။

ဇူယွမ်၏ အမူအရာကို မြင်သောအခါ ချောင်းစူည်က လှောင်ပြောင် ရယ်မောလိုက်ပြီး “ညီတော်ဇူယွမ် လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ဒီယှဉ်ပြိုင်ပွဲကို မင်းတောင်းဆို ခဲ့တာမလား။ အဲအချိန်တုန်းကလိုမျိုး သတ္တိတွေ မင်းမှာ မရှိတော့ဘူးလား”

ဇူယွမ် အမူအရာမှာ ပြောင်းလဲခြင်း မရှိပဲ ရွှေရောင် မူလချီများက သူ၏ ဦးခေါင်းထက်မှ ရောင်ခြည် စက်ဝန်းတစ်ခုအဖြစ် ပေါ်လာကာ လေထဲတွင် ရစ်ဝဲ၍ နေခဲ့သည်။ ကြီးမားသော စပါးအုံး တစ်ကောင်၏ ပုံရိပ်ကလည်း ထိုအထဲတွင် ဟစ်ကြွေးကာ ပါဝင်နေခဲ့ပေသည်။

သူက ချောင်းစူည်ကို စိုက်ကြည့်နေရင်းမှ သူ၏ မျက်လုံးအစုံမှာ လေးနက် တည်ကြည် သွားခဲ့သည်။ စက္ကန့်ဝက်မျှအကြာတွင် ဇူယွမ်အရှိန်အဝါမှာ ဓားအိမ်မှာ ထုတ်လိုက်သည့် ဓားသွားအလား ပြောင်းလဲသွားခဲ့ပြီး အေးစက်မှုနှင့် ထက်ရှမှုကို မည်သည့် အရာကမှ ဖုံးကွယ် မထားနိုင်တော့ပေ။

“လာစမ်းပါ။ ငါတို့ရဲ့ ရွှေရောင်ခါးစည်း တပည့်ကြီးက ဘယ်လောက် အံ့အားသင့်ဖို့ ကောင်းလဲဆိုတာ ငါ့ကို ပြစမ်း”

သူ၏ စကားလုံးများ အဆုံးသတ်သွားသည်နှင့် သူ၏ ပုံရိပ်က အရှေ့သို့ ထိုးတက် သွားခဲ့ပြီး သူ၏ နိုးထလာမှုနှင့် အတူ မူလချီများက ဝှီးခနဲမြည်သံနှင့် ပိုင်းဖြတ် ခံလိုက်ရပေသည်။

ကျောက်တုံး စင်မြင့်အနီးရှိ လူတိုင်းက ထိုမြင်ကွင်းကို အာရုံစိုက်ကာ ကြည့်နေ ခဲ့ကြပေသည်။

သူတို့အားလုံးမှာ တောင်ထွတ် ရွေးချယ်မှု အခမ်းအနား၏ ချန်ပီယံ ဇူယွမ်က ဆရာစိန်း၏ အလေးပေးမှုနှင့် ထိုက်တန်လောက်အောင် အရည်အချင်းရှိလား သိချင်နေကြပေသည်။

All Chapters