အဲ့ဒီထိုင်ခုံ
Vol. 3 Ch. 29
ဖုန်းရဲ့အခြားတစ်ဖက်ကကျန်ခဲ့တဲ့ နောက်ဆုံးအသံက လူတစ်ယောက်ရေထဲနစ်နေသလိုမျိုး အသံထွက်လာသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသည် အလွန်တိတ်ဆိတ်နေပြီး အားလုံးက ကျန်းရီဘာပြောမလဲဆိုတာကို စောင့်မျှော်နေကြသည်။
သို့သော်လည်း ကျန်းရီက မျက်မှောင်ကြုတ်ပြီး တစ်ခုခုကို တွေးနေပုံရသည်။ ထိုအချိန်တွင် ဖုန်းနံပါတ်ကို သွားစစ်ဆေးသော ပရိသတ်ကပြန်လည်ရောက်ရှိလာခဲ့သည်။
"နံပါတ်ကို ရှာတွေ့တယ်။ Qingzhou ကပါ။ နံပါတ်ပိုင်ရှင်နာမည်က ကျန်းဇီ ပါ။ သူက အသက် လေးဆယ့်တစ်နှစ်ရှိပါပြီ။ ဒါပေမယ့် ပိုတိကျတဲ့အချက်အလက်တွေကို စစ်ဆေးဖို့ ကျွန်တော့်မှာ အခွင့်အာဏာမရှိဘူး၊ ပြီးတော့ စစ်ဆေးဖို့လည်း မလွယ်ဘူး။"
အဲဒီလူက ပြန်ဖြေပြီးနောက် ကျန်းရီက "Qingzhou ကကြည့်ရှု့တဲ့သူရှိလား"
ပရိတ်သတ်တော်တော်များများက Qingzhou မှာရှိတယ်လို့ ကျန်းရီကိုပြောပေမယ့် ကျန်းရီက တုံ့ဆိုင်းနေပြီး "Qingzhou မှာရှိတဲ့ ပရိတ်သတ်တို့ ရဲကိုပဲဖုန်းဆက်ပေးပါ ။ R&F အဆောက်အဦးက ထန်းဟိုင်နည်းပညာကုမ္ပဏီမှာ တစ်ခုခုဖြစ်နေပြီလို့ ပြောပေးပါ။
ဘယ်လိုပြောရမလဲဆိုတော့ ဖုန်းပြောနေရင်းနဲ့ ရုတ်တရက် အသံမထွက်လာတော့ဘူး။" လို့ပြောလိုက်။
"စတွင်မာ ရဲကို ခေါ်လိုက်ရင် မင်း ဖော်ထုတ်ခံလိုက်ရမယ်လေ " မစ္စတာဝူက စိတ်ပူစွာပြောလိုက်သည်။
ရှောင်ယွီကလည်း "ဟုတ်တယ် စတွင်မာ ဒါက အလုပ်မဖြစ်ဘူး။ ရဲတွေက မင်းရဲ့ဖြစ်တည်မှုကို သိသွားရင် မင်းရဲ့အစွမ်းတွေကို သေချာမေးခွန်းထုတ်လိမ့်မယ်။"
"ကျုပ်က Qingzhou နားမှာနေတာ။ အဲဒီကို ကားမောင်းသွားရင် တစ်နာရီလောက်အတွင်းရောက်နိုင်တယ်။ ငါကိုယ်တိုင် အဲဒီကို သွားလိုက်ရင်လဲ။"
ထိုအချိန်တွင်၊ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းရှိ အခြားသူဌေးကြီး ဒန်နီယယ်ပိုင်ရှင်က မက်ဆေ့ခ်ျပို့ခဲ့သည်။
ကျန်းရီက တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲက စကားလုံးတွေကို ကြည့်ပြီး ကူရာမဲ့စွာပြုံးလိုက်ပြီး"လူတိုင်းက ငါ့ကို အထင်လွဲနေကြတယ်ထင်တယ်။ ရဲကိုရှောင်ခိုင်းရတဲ့ အကြောင်းရင်းက ငါ ရဲကို ကြောက်လို့ မဟုတ်ဘူး။ မင်းတို့ပြောပုံက မသိရင် ငါက ရဲထောက်လှမ်းမှုကို ရှောင်နေတဲ့ ရာဇဝတ်ကောင်နဲ့တူနေတယ် ။”
“ငါရဲတွေကို ရှောင်ရတဲ့ အကြောင်းရင်းက အရင်က ပြဿနာတွေကို အင်တာနက်ကနေ အလွယ်တကူ ဖြေရှင်းလို့ရလို့ပဲ။
ဒါပေမယ့် အခုအခြေအနေက မတူဘူး။
ဖုန်းခေါ်တဲ့သူက တိတ်နေပြီးတော့ ဒီအသံသုံးမျိုးပဲ ထွက်လာတာ။
ငါ့အထင်တော့ ဒီကစ္စက လွယ်လွယ်နဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်ဘူး၊ ပြီးတော့ ငါတို့ထဲကပရိသတ်တစ်ယောက်ကို လွှတ်လိုက်ရင်လည်း သူ့ရဲ့ အသက်လုံခြုံရေးအတွက်လည်း စိတ်မချရဘူး”
“ဒါကြောင့် ဒီတကြိမ် ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဒီဖြစ်ရပ်အတွက် မျက်မြင်သက်သေ ဖြစ်မှရမယ်။ ပြီးတော့ ဒါက ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ ဒုတိယ ညဖြစ်ပြီးတော့ သေဆုံးမှုဖြစ်စဉ်တွေကို မကြာခဏ ကိုင်တွယ်ဖြေရှင်းလေ့ရှိတဲ့ ရာဇ၀တ်ရဲတွေက သဘာဝလွန်ဖြစ်ရပ်တွေကို ဘယ်တုန်းကမှ မသိချင်ယောင်ဆောင်နေမယ်လို့ ငါမထင်ဘူး။ "
ကျန်းရီက တကယ်ကို စိတ်မပူပါဘူး၊ အထူးသဖြင့် "ငါးလိုရေသောက်"က လျှို့ဝှက်သောရာဇသံစောင်ရေ တစ်သိန်းလက်ဆောင်ပေးပြီးနောက်မှာတော့ သူ့ကို ရှာတွေ့သွားမှာကို လုံးဝ ဂရုမစိုက်တော့ပါဘူး။
မှုခင်းစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့တွေ အတွက်ကတော့ လူသုံးယောက်တောင် ဆက်တိုက်ပျောက်ကွယ်သွားခဲ့တာလေ ဒီအဖြစ်အပျက်ကို မှုခင်းရဲတပ်ဖွဲ့တွေက ဘယ်လိုလုပ် အလေးမထားပဲနေလို့ရမလဲ။
ကျန်းရီ၏ စီစဉ်မှုအောက်တွင် တစ်စုံတစ်ယောက်က ရဲကို ဖုန်းဆက်လိုက်သည်။
သို့သော် မထင်မှတ်စွာနဲ့ပဲ၊ ရဲအား ဖုန်းမဆက်မှီတွင် ဖုန်း၏အခြားတစ်ဖက်မှ နောက်ထပ်အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
"ခေါင်းဆောင် ကျင်း၊ ခေါင်းဆောင် ကျင်း၊ အဆင်ပြရဲ့လား၊ လူနာတင်ကားကို အမြန်ခေါ်ရမယ်။"
ကျန်းရီက ရဲခေါ်တော့မယ့် ပရိသတ်ကို ချက်ခြင်းရပ်လိုက်ပြီး ဖုန်းရဲ့အခြားတစ်ဖက်ကို “ဟေး၊ အဲ့ဒီမှာ တစ်ယောက်ယောက်ရှိလား”
ကျန်းရီ ၏အော်သံသည် အနည်းငယ်ကျယ်လောင်နေပြီးတော့ အနီးနားတွင် တစ်ယောက်ယောက်ရှိနေပါက သူသည် ဖုန်းပြောသံကို သေချာပေါက်ကြားနိုင်မည်ဖြစ်သည်။
"မင်းက ဘယ်သူလဲ၊ ငါက ခေါင်းဆောင်ကျင်းရဲ့ လက်အောက်ကပါ။ သူက မင်းနဲ့ အခုပဲ ဖုန်းပြောနေတာလား။"
ဖုန်း၏အခြားတစ်ဖက်ရှိ လေသံသည် တော်တော်လေးယဉ်ကျေးနေသည်။ ကျန်းရီက "ငါက စတွင်မာတစ်ယောက်ပါ။ မင်းခုနက ပြောခဲ့တဲ့ ခေါင်းဆောင်ကျင်းက ငါ့ကို အကူအညီတောင်းချင်နေတာ ဖြစ်နိုင်တယ်။သူဘယ်လိုနေလဲ၊ အဆင်ရောပြေရဲ့လား"
"စတွင်မာ? ခေါင်းဆောင်ကျင်းက မင်းရဲ့အကူအညီကို တောင်းတယ်?၊ကောင်းပြီ ဘာတွေဖြစ်နေလဲတော့ မသိပေမယ့် ဒါပေမယ့် ငါတို့ ခေါင်းဆောင်ကျင်းက မင်းဆီက ဘာသိချင်တာလဲ၊ သူ၊ ငါနဲ့ ရှောင်းဝမ်က ဒီကိုရောက်နေတာက ဒီကကိစ္စကိုစုံစမ်းဖို့ပဲ။"
"လူသုံးယောက် ပျောက်ဆုံးနေမှုကို စုံစမ်းနေတာလား။"
"ဟုတ်တယ်၊ ဒါကို မင်းဘယ်လိုသိတာလဲ၊ ခေါင်းဆောင်ကျင်းက မင်းကို ဒီလိုမျိုးကိစ္စကို ပြောမှာတော့ မဟုတ်ဘူး။"
"မင်းရှေ့က ကွန်ပြူတာကို မြင်လား။ အဲ့ကွန်ပြူတာမှာ ခုနကမှ ဖွင့်ထားတဲ့ ဗီဒီယိုတစ်ခု ရှိတယ်။ အဲဒါကို ပြန်ကြည့်ပြီးရင် မင်းနားလည်လာလိမ့်မယ်။ သြော် ဒါနဲ့ အခု ခေါင်းဆောင်ကျင်းကို ဆေးရုံပို့ပြီးပြီလား။"
"ရှောင်းဝမ်က သူ့ကို လူနာတင်ကားဆီ ခေါ်သွားပေးခဲ့တယ်။"
"ကောင်းပြီလေ မင်းဗီဒီယိုကိုဖွင့်ကြည့်လိုက်ရင် မင်းရဲ့ခေါင်းဆောင်ကျင်း ဘာဖြစ်သွားလဲဆိုတာ မင်းသိလိမ့်မယ်။"
ကျန်းရီက ပြောပြီးတာနဲ့ ခဏရပ်လိုက်တယ်။ ရဲအရာရှိက ဖုန်းမချလိုက်ဘဲ ကုလားထိုင်ပေါ်ထိုင်ပြီး ကွန်ပြူတာက ဗီဒီယိုပြန်ဖွင့်ကြည့်လိုက်တယ်။
လီချင်း၏ အသံသည် ဖုန်း၏ အခြားတစ်ဖက်မှ ထွက်ပေါ်လာပြန်သည်။ ရဲအရာရှိသည် ဝမ်လီ၏ ဗီဒီယိုအထိ ဆက်လက်ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် သူသည် ဆက်မကြည့်နိုင်တော့ဘဲ ကြည်သီးများထလာကာ
"ဝှက်..သယ်..***။ ဘာတွေဖြစ်နေတာလဲ၊ ဒီဗီဒီယိုကရော ဘယ်ကနေရောက်လာတာလဲ။"
"ငါ ဆက်မကြည့်နိုင်တော့ဘူး၊ ခေါင်းဆောင်ကျင်းက ဒီဗီဒီယိုတွေကို ကြည့်ခဲ့တာလား။ ဒါက သာမန် ပျောက်ဆုံးမှုတော့ မဟုတ်ဘူးလေ။ ဒါက... ဒါက... သရဲတစ္ဆေတွေနဲ့ တစ်ခုခုပတ်သတ်နေတဲ့ကိစ္စပဲ။"
အသံကို နားထောင်ကြည့်လိုက်ရင် ဤရဲအရာရှိက အလုပ်စဝင်ခဲ့တာ မကြာသေးဘူးဖြစ်ရမယ်။ အဲ့ဒီ အခိုက်အတန့်မှာ သူ့လေသံမှာ ထိတ်လန့်ခြင်းတွေပါနေတယ်။
ကျန်းရီက "အခု ဘာတွေဖြစ်နေတယ်ဆိုတာကို မင်းနားလည်ပြီမလား။ တွေ့ရတာဝမ်းသာပါတယ်။ ငါ့နာမည် ကျန်းရီပါ။ သဘာဝလွန်ဖြစ်ရပ်တွေကို ဖြေရှင်းပေးနေတဲ့ စတွင်မာပါ။"
အဲ့ဒီအချိန်မှာ ကျန်းရီက သူ့ကိုယ်သူ တကယ်မိတ်ဆက်ခဲ့ပါတယ်။ စတွေ့တွေ့ချင်း သူ့ကိုယ်သူ ဒီလို မိတ်ဆက်ခဲ့မယ်ဆိုရင် လူတွေက သူ့ကို အရူးလို့ ထင်ကြပေလိမ့်မယ်။
လူတစ်ယောက်က ဖြစ်ပျက်နေသည့်ပြဿနာများကို ကိုယ့်မျက်စိဖြင့်မြင်ပြီးတော့ ကိုယ်လုပ်နိုင်တဲ့အရာမရှိကြောင်းကို သိမှသာ အကူအညီတောင်းပေလိမ့်မည်။
အဲ့ဒီအချိန် ကိုယ့်ကိုတကယ်အကူအညီပေးနိုင်တဲ့သူ ပေါ်လာမှ အသက်ကယ်တင်ရှင်တစ်ယောက်လို အလေးအနက်ထားပေလိမ့်မည်။
"ငါ...မင်း...ခဏစောင့်ဦး ခေါင်းဆောင်ကျင်းကို ကိစ္စတွေကို အတည်ပြုဖို့ အခုပဲဖုန်းဆက်လိုက်အုံးမယ်"
"ကောင်းပြီ၊ ဒါပေမယ့် သူ့ဖုန်းကို မချလိုက်နဲ့၊ မင်းကိုယ်ပိုင်ဖုန်းနဲ့ ခေါ်လိုက်။" ကျန်းရီက သတိပေးလိုက်သည်။
ရဲအရာရှိက တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီးတော့ မကြာခင်မှာပဲ သူ့အသံက ပိုထိတ်လန့်သွားပြီး "ဖုန်းက ဆက်လို့မရတော့ဘူး!"
တံခါးပိတ်သံဟု ထင်ရသည့် "ဘန်း" ဆိုတဲ့အသံက ထွက်ပေါ်လာခဲ့သည်။
ရဲအရာရှိသည် ချက်ချင်းထရပ်ပြီး တံခါးဆီသို့ ဦးတည်သွားပြီးနောက် သူမည်မျှပင် ကြိုးစားဖွင့်သော်လည်း တံခါးက ပွင့်မလာပေ။
"ကျွီ...ကျွီ..ကျွီ.."
သစ်သားတံခါးဟောင်းတစ်ခုကို ပိတ်လိုက်ဖွင့်လိုက်လုပ်တဲ့ အသံအနည်းငယ်ထွက်ပေါ်လာပြီးတော့ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းသို့ ရဲအရာရှိက "ဘာလို့ ကုလားထိုင်က သူ့ဘာသာသူရွေ့နေတာလဲ!"
ကျန်းရီက မျက်မှောင်ကြုတ်ကာ "ဟေး မင်းငါပြောတာကိုကြားရလား"
"ကြားရပါတယ်။"
"ကောင်းပြီ ၊ အခု မင်း ငါပြောတဲ့အတိုင်းလုပ်ရမယ်။ ငါ ဗီဒီယိုခေါ်ဆိုမှုပို့လိုက်မယ် ။ မင်း လက်ရှိ ဘယ်လို ပတ်ဝန်းကျင်မျိုးမှာ ရှိနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်။"
စကားပြောပြီးနောက် ကျန်းရီသည် ဗီဒီယို ခေါ်ဆိုမှု ပေးပို့ခဲ့ပြီး မကြာမီတွင် ငယ်ရွယ်သော မျက်နှာနှင့် လူတစ်ဦးသည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ပေါ်လာသည်။
သူသည် ပေါ့ပေါ့ပါးပါး အဝတ်အစားများကို ၀တ်ဆင်ထားသော်လည်း သူ့မျက်နှာမှာ ထိတ်လန့်နေပုံပေါ်သည်။
"ကုလားထိုင်က ဘယ်မှာလဲ"
"ဟိုနားမှာ!"
ရဲအရာရှိက သူ့ရဲ့ ဆဲလ်ဖုန်းဖြင့် ထိုင်ခုံကို အမြန်ရိုက်ပြလိုက်သည်။ စွမ်းအင်ချွေတာရေး မီးလုံးတစ်လုံးသာဖွင့်ထားသည့် ရုံးခန်းထဲတွင်အရှေ့တောင်ထောင့်ရှိ ကုလားထိုင်တစ်လုံးသည် ဖြည်းညှင်းစွာ လှည့်လည်နေသည်။
ဘယ်လှည့်လိုက် ညာလှည့်လိုက်နဲ့ တစ်စုံတစ်ယောက်က ၎င်းပေါ်တွင် ဇိမ်ကျကျ ထိုင်နေသလိုပင်။
ကုလားထိုင်သည် ရဲအရာရှိထံ ဖြည်းညှင်းစွာ ချဉ်းကပ်လာပြီး ရုတ်တရက် လျှပ်စီးလက်သလို ပြေးထွက်လာသည် ။
"မြန်မြန်ပြေးတော့!"