ဓာတ်ပုံပေါ်က ခေါင်းသုံးလုံး
Vol. 3 Ch. 30
ကျန်းရီ၏အော်သံသည် နောက်ဆုံးတွင် အနည်းငယ်နောက်ကျသွားသည်။ အရှိန်ပြင်းပြင်းနဲ့ ကုလားထိုင်က သူ့ဆီ ပြေးလာတဲ့အခါ ရဲအရာရှိက ဘာမှလုပ်ချိန်တောင် မရလိုက်ပါဘူး။
အဲ့ဒီမြင်ကွင်းက ကျန်းရီရဲ့မျက်နှာကို ဖြူဖျော့သွားစေခဲ့တယ်။ ဒါပေမယ့် ထိုင်ခုံက ရဲအရာရှိ ရှေ့မှာပဲ ရုပ်တရက် ရပ်တန့်သွားခဲ့တယ်။
ဒါပေမယ့် အားလုံးက တိတ်ဆိတ်နေပြီးတော့ ရဲအရာရှိရဲ့ မျက်လုံးတွေတောင် အနည်းငယ်မှိုင်ထွေထွေဖြစ်သွားသည်။
ကြည့်ရှု့သူ A-"စတွင်မာ ဘာတွေဖြစ်နေတာလဲ၊ ရဲအရာရှိကရော အဆင်ပြေရဲ့လား"
ကြည့်ရှု့သူ B-"မြန်လွန်းတယ်။ ကုလားထိုင်ရွှေ့တာက လျှပ်စီးလိုပဲ။ ငါတောင် လုံးဝ မတုံ့ပြန်လိုက်နိုင်ဘူး"
ကြည့်ရှု့သူ C-"သွားပြီ၊ ငါတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ လူတစ်ယောက်သေတော့မယ်!"
ကျန်းရီက တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းမှ စကားများကို တုံ့ပြန်ခြင်းမရှိပေ။ သူသည် ယခင်က အသံသုံးခုကိုသာ တွေးတောနေသည်။
ကုလားထိုင်၊ ဖွင့်မရသော တံခါးနှင့် မှိန်ဖျော့သော မီးအလင်းရောင်များသည် လီချင်း၊ ဝမ်လီ နှင့် လီကျန်းဖန် တို့အားလုံး ပြောခဲ့သည့်အတိုင်းဖြစ်သည်။
ဒါပေမယ့် အရင်လူနှစ်ယောက် ပြောမပြခဲ့တဲ့အရာတစ်ခုရှိတယ်၊ အဲဒါကတော့ လီကျန်းဖန်က သူ့ကိုလွှတ်လိုက်ဖို့ အဆုံးမှာ အသဲအသန်အော်လိုက်တာပါပဲ။
ကြမ်းပြင်က အေးနေပြီး သူ့ရဲ့လက် ခြေထောက်တွေ သူ့ခန္ဓာကိုယ်ကပါ အကုန်အေးနေတယ်လို့ ပြောခဲ့တယ်။
နောက်ဆုံး၊ ရေနစ်တဲ့အသံတွေလည်း ထွက်လာခဲ့တယ်။
ဒီအခိုက်အတန့်မှာ ရဲအရာရှိက ကုလားထိုင်ပေါ်မှာ ထိုင်နေပြီး သူ့မျက်လုံးတွေက ခဏတာ မှိုင်းနေရာကနေ ရုတ်တရက် တည်ငြိမ်မှု ပြန်ရလာခဲ့တယ်။
ထို့နောက် ပိတ်ထားသော တံခါးသည် ရုတ်တရက် ပွင့်လာခဲ့တယ်။
"ငါ…ငါဘာမှမဖြစ်ဘူးလား"
ရဲအရာရှိက သူ့ပါးစပ်က အသံထွက်လာပြီး ထိုင်ခုံပေါ်ကနေ ရုတ်တရက် ထရပ်လိုက်တယ်။
"အဆင်ပြေရဲ့လား?" ကျန်းရီက တိုးတိုးလေးမေးလိုက်သည်။
ရဲအရာရှိက သူ့ပတ်ဝန်းကျင်အား ထိတ်လန့်တကြားကြည့်ပြီးတော့ ခေါင်းယမ်းကာ "ကျွန်တော်အဆင်ပြေပါတယ်၊ ဒါပေမယ့် ခုနက အရိုးထဲထိအေးသွားသလို ခံစားလိုက်ရတယ်။ ခေါင်းတွေအရမ်းမူးပြီးတော့ ဘာမှမသိလိုက်ဘူး။
"မင်းရဲ့ ခေါင်းဆောင်ကျင်းက သူ့အသက်ကို ကယ်ခဲ့ပြီးတော့ မင်းအသက်ကိုပါ ကယ်ခဲ့တာ။ ကောင်းပြီ၊ ရဲဘော် မင်းနာမည် ဘယ်လိုခေါ်လဲ ပြောပြပေးနိုင်မလား၊ နောက်ပြီးတော့ ဒီပျောက်ဆုံးမှုရဲ့ အဖြစ်အပျက်အစုံအလက်ကိုလည်း ပြောပြပါဦး။"
ကျန်းရီ၏စကားကြောင့် ရဲအရာရှိ ခဏတုံ့ဆိုင်းသွားသော်လည်း ကျန်းရီခုနကပြောခဲ့သောစကားကို အမြန်စဉ်းစားလိုက်မိသည်။
ခေါင်းဆောင်ကျင်းက သူ့ကိုယ်သူ ကယ်တင်ရုံတင်မကဘဲ ငါ့ကိုပါ ကယ်ခဲ့တာလား?။
ဒီစကားရဲ့ လေးနက်တဲ့ အဓိပ္ပါယ်က ခေါင်းဆောင်ကျင်းနဲ့ ငါက အခုပဲ ဘေးဥပဒ်ကနေ လွတ်မြောက်နိုင်ခဲ့တာက ခေါင်းဆောင်ကျင်းက သူ့ကိုဖုန်းခေါ်ဆိုခဲ့တဲ့အတွက်ကြောင့်လို့ ပြောချင်တာလား။
ရဲအရာရှိက သိပ်အများကြီး မတွေးရဲတော့ပါဘူး။ လူသူကင်းမဲ့နေတဲ့ ရုံးခန်းနှင့် တစ်ခုတည်းသော စွမ်းအင်ချွေတာရေး မီးလုံးလေးကို ကြည့်ပြီး သူ့တံတွေးကို မျိုချလိုက်ပြီး ပြောလိုက်သည် ။
"ကျနော့်နာမည်က ချင်းဟိုပါ ။ Qingzhou ရဲ့ အန်းယန် ခရိုင်က မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့က ရာဇ၀တ်ရဲအရာရှိ ပါ။
မတ်လ ၂၆ ရက်နေ့က စတင်ခဲ့တဲ့ လူပျောက်ဆုံးမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ ဒီနေ့ညမှာ R&F အဆောက်အဦးကို လာခဲ့တာပါ။
ပထမဆုံးပျောက်ဆုံးသူက လီချင်းပါ။ ထန်းဟိုင်နည်းပညာကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးဖြစ်ပြီးတော့ အသက်က ၂၃ နှစ်ဖြစ်ပြီး Qingzhou သို့ လာရောက်အလုပ်လုပ်ကိုင်ဖို့ နယ်ကနေ လာခဲ့တဲ့သူတစ်ယောက်ပါ။"
" လီချင်းဟာ မတ်လ ၂၆ ရက်ညမှာ ပျောက်ကွယ်သွားခဲ့တာပါ။
ဒုတိယပျောက်ဆုံးသူကတော့ ဝမ်လီပါ၊ သူက ဧပြီလ ၄ ရက်နေ့ ညမှာ ပျောက်ဆုံးသွားခဲ့တာပါ။
တတိယမြောက် ပျောက်ဆုံးသူကတော့ လီကျန်းဖန်ပါ၊ သူကတော့ ဧပြီလ ၁၃ ရက်နေ့ ညတွင် ပျောက်ဆုံးသွားခဲ့တာပါ။
သူတို့ထဲမှာ လီချင်း က သူမ၏အလုပ်တွေမပြီးပြတ်သောကြောင့် ပျောက်ဆုံးနေခဲ့တာပါ။
ကုမ္ပဏီက အချိန်ပိုအလုပ်ဆင်းဖို့ ခိုင်းတဲ့ညမှာပဲ ပျောက်သွားခဲ့တာပါ။
လီကျန်းဖန်ရဲ့ ပျောက်ဆုံးမှုကတော့ ကုမ္ပဏီရဲ့ အစီအစဉ်များနှင့် မသက်ဆိုင်ပါဘူး။
ကုမ္ပဏီကို သူ့ဘာသာသူ ရောက်လာတာပါ။"
"စုံစမ်းမှုအတွင်း ကျွန်တော်တို့ရှာတွေ့ခဲ့ရတာကတော့ ဝမ်လီက သူပျောက်ခဲ့တဲ့နေ့မှာ သူ့အကောင့်ထဲ ဘောနပ်စ် ယွမ် ၈၀၀၀၀ ရရှိခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။
နောက်ပိုင်း အဲ့ကုမ္ပဏီကဝန်ထမ်းတွေကို မေးမြန်းကြည့်လိုက်တော့ ဝမ်လီက အိမ်ထောင်သည်ဖြစ်ကြောင်းကို သိလိုက်ရတယ်။ ဒါပေမယ့် သူနှင့် လီချင်းရဲ့ ဆက်ဆံရေးက ဘာညာဘာညာဆိုပြီးတော့ ကုမ္ပဏီအတွင်း မရေရာသော ကောလာဟလများ ထွက်ပေါ်နေတဲ့အတွက် ယွမ် ၈၀၀၀၀ ရပြီးနောက် အဲ့နေ့ညမှာပဲ ဝမ်လီပျောက်ပြီးတော့ လီချင်းနဲ့ သွားတွေ့တာ ဖြစ်နိုင်တယ်ဆိုပြီးတော့ ထင်ကြေးပေးတာတွေလည်း ရှိခဲ့တယ်။"
"ဒါမှမဟုတ် လီချင်း ပျောက်ဆုံးမှုက တမင်တကာရှောင်ပုန်းနေတာလည်း ဖြစ်နိုင်တယ်။ ဆုကြေးငွေတွေရောက်လာပြီးနောက် ဝမ်လီ နဲ့ လီချင်း တို့က ဝမ်လီရဲ့ မိသားစုရှာမတွေ့အောင် Qingzhou ကနေ ထွက်သွားခဲ့တာများ ဖြစ်နိုင်နေမလား?နောက်ပိုင်း လီကျန်းဖန် ပျောက်ဆုံးမှသာ အဲ့ကုမ္ပဏီကလူတွေ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရတာ။
ဝမ်လီ နှင့် လီချင်း တို့က ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေးရှိခဲ့တာကြောင့် ၎င်းတို့၏ပျောက်ဆုံးမှုကို နားလည်ပေးလို့ရတယ်။"
"ဒါပေမယ့် လီကျန်းဖန်က သူတို့နဲ့ ဘာမှ မဆိုင်ဘူးလေ။
ကုမ္ပဏီကို သူ့ဘာသာသူ တစ်ယောက်တည်း သွားခဲ့တာ။
ပြီးတော့ အဲ့ဒီအချိန် ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူး။
ဧပြီလ ၁၄ ရက်နေ့မှာ အဲ့ဒီအမှုကို ကျွန်ုပ်တို့၏ဌာနခွဲထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးတော့ ခေါင်းဆောင်ကျင်းက ဤအမှုကို စုံစမ်းစစ်ဆေးဖို့ တာဝန်ယူထားတာ။
ဒါပေမယ့် တစ်လကျော်ကြာသွားပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာသဲလွန်စမှမတွေ့ရသေးပါဘူး။
တစ်ယောက်ပြီးတစ်ယောက် ဒီရုံးခန်းထဲက လေထဲကို ပျောက်ကွယ်သွားသလိုပဲ”
ချင်းဟိုက ပျောက်ဆုံးမှုဖြစ်စဉ်ကို အပြည့်အစုံပြောပြခဲ့ပြီး ကျန်းရီက ပြောနေစဥ်အတွင်း သူ့ကို အနှောင့်အယှက်မပေးခဲ့ပါဘူး။
သူပြောပြီးတဲ့ နောက်မှာတော့ ကျန်းရီက "စုံစမ်းစစ်ဆေးစဉ်အတွင်း ဒီထန်းဟိုင်နည်းပညာကုမ္ပဏီကို ဘယ်နှစ်ခါရောက်ဖူးလဲ"
"ဒီနေ့မှတစ်ကြိမ်လွဲပြီး ကျွန်တော် ဒီကို နှစ်ကြိမ်ရောက်ဖူးပါတယ်။"
" နေ့ဘက် လာတာလား ညဘက် လာတာလား "
"နေ့တစ်ရက်နဲ့ ညတစ်ရက်။"
"ညဘက် လာခဲ့တဲ့နေ့က ဘယ်နေ့လဲ။"
ချင်းဟိုက ခဏလောက်စဉ်းစားပြီး "ပြီးခဲ့တဲ့ ရက်အနည်းငယ် မေလ ၁၈ ရက်ညကပါ " လို့ပြောခဲ့ပါတယ်။
"အဲ့ဒီညက တစ်ခုခုမှားနေတယ်လို့ ခံစားရဖူးလား"
ကျန်းရီက မေးလိုက်တော့ ချင်းဟိုက မသိစိတ်က ခေါင်းခါလိုက်ပြီး ကျန်းက မျက်လုံးတွေကို မှေးကျဥ်းလိုက်ပြီးတော့ "ဘာမှ မမှားတာ သေချာလား? ဒါမှမဟုတ် အဲဒီနေ့က မင်းအဲ့ဒီမှာ နေရတဲ့အချိန်က အရမ်းတိုနေတာများ ဖြစ်နေမလား?"
ချင်းဟိုက သေသေချာချာ စဉ်းစားလိုက်တော့ သူ့မျက်နှာက ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး- "ဟုတ်တယ်၊ အဲဒီညက ခေါင်းဆောင်ကျင်းက ဒီရုံးခန်းထဲမှာပဲ ဟိုလျှောက်ဒီလျှောက် လျှောက်နေခဲ့တယ်။
အဲဒီတုန်းက အထက်လူကြီးက ငါတို့ဒီအမှုကို အမြန်ဆုံးဖြေရှင်းရမယ်ဆိုတဲ့ တစ်ခွန်းအမိန့်ထုတ်ထားတာကြောင့် ခေါင်းဆောင်ကျင်းက ဒီရုံးခန်းထဲမှာ လူတွေဘာကြောင့်ပျောက်ဆုံးနေတယ်ဆိုတာကို မဖြေရှာမတွေ့မချင်း မပြန်ဘူးလို့ ပြောခဲ့တယ်။"
"ခေါင်းဆောင်ကျင်းက အစပိုင်းမှာ ဘာပြဿနာမှမရှိဘူးဆိုတာကို ကျွန်တော် ရှင်းရှင်းလင်းလင်း မှတ်မိပါတယ်။ ဒါပေမယ့် နောက်တော့ သူက ပိုပိုပြီး စိတ်တိုလာတယ်။ ရုတ်တရတ် စားပွဲခုံဆီကို လျှောက်သွားပြီး အံဆွဲကို ဖွင့်လိုက်တယ်။ အဲ့ဒီမှာ တစ်ခုခုကို မြင်လိုက်ပုံရပြီး နားမလည်နိုင်စွာပဲ ဒီကနေမြန်မြန်ထွက်သွားရမယ် ဆိုပြီး ထအော်ပါလေရော"
"အဲဒီအချိန်က ဘာဖြစ်သွားမှန်း ကျွန်တော်တို့မသိပေမယ့် ခေါင်းဆောင်က ငါတို့ထွက်သွားသင့်တယ်လို့ ပြောရင် ငါတို့က သေချာပေါက် ထွက်သွားရလိမ့်မယ်။ မဟုတ်ရင်လည်း ငါတို့ ဒီရုံးခန်းထဲမှာ ဘာသဲလွန်စမရဘဲ နေရင်လည်း မကျိုးမရှိဘူးလေ!"
"ဒါပေမယ့် ထွက်သွားပြီးတဲ့နောက်မှာတော့ ခေါင်းဆောင်ကျင်းက တစ်ယောက်တည်း အိမ်ပြန်ခဲ့တယ်။ နောက်နေ့ကျတော့ မနေ့ညက ရှာဖွေတာကို ဘာကြောင့် ရပ်လိုက်တာလဲလို့မေးလိုက်တယ်။ ခေါင်းဆောင်ကျင်းက ကျွန်တော်တို့ကို နားမလည်နိုင်အောင်ကြည့်ပြီး တစ်ခုခုပြောချင်ပေမယ့် အဆုံးမှာတော့ သူဘာမှမပြောလိုက်ဘူး။
ကျန်းရီက ဒီအချိန်မှာ တစ်ခုခုကို စဉ်းစားမိသွားပေမယ့် အတည်ပြုဖို့ သူ့အတွက် ပိုအရေးကြီးတဲ့ အချက်အလက်တွေ ရှိနေပါသေးတယ်။
သူက ချင်းဟိုကို စိုက်ကြည့်နေပြီးတော့ "ဒါဆို အဲဒီတုန်းက ဘယ်စားပွဲအံဆွဲလည်းဆိုတာကို မှတ်မိသေးလား။"
ချင်းဟိုက ခဏလောက် စဥ်းစားလိုက်ပြီး သူ့မျက်လုံးတွေ ရုတ်တရက် ပြူးကျယ်လာပြီး ကုလားထိုင်ရဲ့ ဦးတည်ရာကို ညွှန်ပြပြီး "အဲ့ဒါက ကုလားထိုင်ရဲ့ နောက်က စားပွဲ၊ ဟုတ်တယ်... အဲ့စားပွဲရဲ့ ပထမဆုံး အံဆွဲပဲ!"
"အဲ့ဒီအံဆွဲကို သွားဖွင့်လိုက်။" ကျန်းရီက ပြောလိုက်သည်။
ချင်းဟိုက ဗီဒီယိုထဲက တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အခန်းကို မသိစိတ်က စိုက်ကြည့်လိုက်တယ်။ သူ မဖွင့်ရဲဘူးလို့ ပြောချင်ပုံပေါ်ပေမယ့် အဆုံးမှာတော့ သူမပြောလိုက်ပါဘူး သူ့ကိုယ်သူ ရဲတစ်ယောက်ဆိုတာကို သတိထားမိသွားတာ ဖြစ်နိုင်ပါတယ်။
ဖြည်းဖြည်းလေး ရွေ့လျားရင်း စားပွဲကို ဖြည်းညှင်းစွာ ချဉ်းကပ်ကာ ထိုအံဆွဲကို တုန်ရီနေသော လက်များဖြင့် ဖွင့်လိုက်သည်။
သူအရမ်းကြောက်နေခဲ့တယ်။ ကုလားထိုင်က သူ့ကို ကြောက်သွားအောက် ခြောက်ခဲ့တာကိုး ။ သူက ခေါင်းကို လှည့်ပြီး ကျန်းရီကို "အံဆွဲထဲမှာ ဘာပါလဲ၊ ငါ မကြည့်ရဲ့ဘူး!"
ကျန်းရီက သူ့ကို မတုံ့ပြန်လိုက်ပေမယ့် သူ့မျက်လုံးထဲမှာ ဓာတ်ပုံအရိပ်တစ်ခု ရှိနေပါတယ်။
လူသုံးယောက်ရဲ့ ခေါင်းပိုင်းကိုသာ ပေါ်လွင်စေအောင်ရိုက်ထားတဲ့ အဖွဲ့ဓာတ်ပုံဖြစ်ပြီးတော့ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးတို့ ဖြစ်သည်။