နောက်ထပ် ခေါင်းအသစ်
Vol. 3 Ch. 31
ရဲအရာရှိ ချင်းဟိုက အဖွဲ့လိုက်ဓာတ်ပုံကို မကြည့်ရဲဘဲ ကျန်းရီနှင့် တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းရှိ ပရိသတ်များကသာ ၎င်းကို ဂရုတစိုက်ကြည့်ရှုခဲ့ကြသည်။
ဓာတ်ပုံထဲမှာ လီချင်း၊ ဝမ်လီ ဒါမှမဟုတ် လီကျန်းဖန်ပဲ ဖြစ်ဖြစ် အားလုံးက ပြုံးနေကြပါတယ်။ ဒါပေမယ့် ဓာတ်ပုံက နည်းနည်းတော့ထူးဆန်းနေတယ်။ ဓာတ်ပုံမှာ သူတို့ရဲ့ ဦးခေါင်းတွေသာ ပါပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ လည်ပင်းတွေကတော့ မပါဘူး။
ပြီးတော့ အဲ့ခေါင်းတွေက ဓာတ်ပုံရဲ့ အပေါ်နားမှာမဟုတ်ဘူး ဓာတ်ပုံရဲ့ အလယ်တည့်တည့်မှာ။
ဓာတ်ပုံမှာ နောက်ခံတစ်ခုရှိတယ်။ ပြီးတော့ အဲ့ခေါင်းသုံးလုံးကို ဓာတ်ပုံရဲ့နောက်ခံအလယ်တွင် တွဲထားသလိုမျိုးကြီး ဤမြင်ကွင်းက အလွန်ထူးဆန်းနေသည်။
အဲ့ဒီအချိန်မှာ ကျန်းရီက သိပ်နားမလည်ခဲ့ဘူး။ မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်ကျင်းက ဒီဓာတ်ပုံကို တွေ့လိုက်ရတာလား။
ဒါပေမယ့် ခေါင်းဆောင်ကျင်း က ဒီဓာတ်ပုံကိုမြင်ပြီး သူ့လက်အောက်ငယ်သားတွေကို ဘာကြောင့် မပြောတာလဲ။
သူ ဒီအကြောင်းကိုတောင် နှုတ်ဆိတ်နေခဲ့တာလား။
ကျန်းရီက ဒါကို သိပ်နားမလည်ခဲ့ပါဘူး။ ချင်းဟိုကတော့ ဤအခိုက်အတန့်တွင် သူ၏ သိချင်စိတ်ကို မထိန်းနိုင်ဘဲ နောက်ဆုံးတွင် အုပ်စုဓာတ်ပုံကို ကြည့်လိုက်မိသည်။
အဲ့ဒီထူးဆန်းသောဓာတ်ပုံကိုမြင်လိုက်တဲ့အခါ ချင်းဟို ၏မျက်လုံးများပြူးသွားသော်လည်း အနည်းငယ် အသက်ပြင်းပြင်းရှူပြီး သူ့ခံစားချက်များကို ထိန်းချုပ်လိုက်သည်။
"ဒါက အဖွဲ့လိုက်ဓာတ်ပုံပဲ။ ဒီအဖွဲ့ဓာတ်ပုံက ပြင်ထားတာလည်း မဟုတ်ဘူး၊ အစစ်ကြီးပါပဲ ။ ဒါပေမယ့် ဘာလို့ထူးဆန်းနေတာလဲ။ ဒါက ပျောက်ဆုံးနေတဲ့ လူသုံးယောက်ရဲ့ ဦးခေါင်းပုံတွေကို တူတူချိတ်ဆွဲထားသလိုမျိုးကြီး။"
ချင်းဟိုလည်း အလွန်အံ့အားသင့်သွားပြီး ကျန်းရီက "မင်းသာမင်းရဲ့ ခေါင်းဆောင်ကျင်းနေရာမှာဆိုရင် ဒီဓာတ်ပုံအကြောင်းကို မင်းပြောပြမှာလား။"
"ပြောမှာပါ၊ ခေါင်းဆောင်ကျင်းက ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တစ်ယောက်ပါ၊ ဒါပေမယ့် တစ်ခါတလေမှာ သူက ငါတို့အတွက် ဆရာနဲ့ ပိုတူတယ်။ အထူးသဖြင့် ကျွန်တော်လို လူသစ်တစ်ယောက်အတွက်ပေါ့၊ သူနဲ့ ကိစ္စတစ်ခုကို စုံစမ်းတိုင်း ကျွန်တော်မေးတဲ့ မေးခွန်းတိုင်းကို သူကျွန်တော့်ကို လေးလေးနက်နက် ပြန်ဖြေပေးတယ်။ ဒီလို ထူးဆန်းတဲ့ပုံကိုတွေ့ခဲ့ရင် သူက ကျွန်တော်တို့ကို သေချာပေါက်ပြောပြလိမ့်မယ်။"
"ဒါဆို အံဆွဲကို ဖွင့်လိုက်တာနဲ့ ဒီဓာတ်ပုံကို မမြင်ဖူးဘူးလို့ မင်းထင်သလား။ အဲဒါကို မြင်လိုက်တာနဲ့ ဘယ်လိုအရာမျိုးကို မြင်လိုက်ရင် မင်းတို့ကို မပြောဘဲ နေမယ်လို့ထင်လဲ။ ပြီးတော့ ဒီအံဆွဲကိုဖွင့်ပြီး ရုတ်တရက် ဒေါသတွေထွက်လာတယ်လို့ မင်းပြောခဲ့ဖူးတယ်။ ပြီးတော့ အားလုံးကို ပြန်ဖို့ပြောခဲ့တယ် ဟုတ်တယ်မလား"
"ဟုတ်ပါတယ်၊ အံဆွဲပိတ်ပြီးတာနဲ့ သူက ငါတို့ကို ပြန်ခေါ်သွားတာပဲ။"
ချင်းဟိုသည် အဖွဲ့ဓာတ်ပုံကို ကိုင်ဆောင်ကာ သူ့မျက်နှာမှာလည်း ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။
ကျန်းရီ၏ ညွှန်ကြားချက်အရ၊ သူသည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ပိုမိုကောင်းမွန်စွာ မြင်တွေ့နိုင်ရန် ဓာတ်ပုံကို သေသေချာချာ အနီးကပ်ရိုက်ပြခဲ့သည်။
ဓာတ်ပုံက သိပ်မကြီးပါဘူး၊ လူကြီးတစ်ယောက်ရဲ့ လက်ဖဝါးလောက်သာ ရှိပါတယ်။
လူသုံးဦး၏ဦးခေါင်းတွေက အလယ်တွင်ရှိပြီးတော့ အဲ့နှစ်ဖက်စလုံးတွင် နေရာလွတ်ရှိသော်လည်း အခြားသူတစ်ဦး၏ဦးခေါင်းကို ထားဖို့ကတော့ နေရာမလုံလောက်ပေ။
ခေါင်းဆောင်ကျင်းက ဘာကိုမြင်လိုက်တာလဲ။
လောလောဆယ်တော့ သူဟာဆေးရုံကို သွားတဲ့လမ်းမှာ ရှိနေပြီး သတိပြန်မရသေးပါဘူး။
ဒါပေမယ့် သေချာတာကတော့ ခေါင်းဆောင်ကျင်းက တစ်ခုခုကိုတော့ တွေ့လိုက်ရမယ်၊ ပြီးတော့ အဲ့ဒီည အဲ့ရုံးခန်းကို သူပြန်လာတာက ၁၈ ရက်ညမှာ အဲ့အံဆွဲထဲမှာ တွေ့ခဲ့ရတဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို အတည်ပြုဖို့ ဖြစ်နိုင်တယ်။
"ဒီနေ့ည မင်းဘာလို့ ဒီအဆောက်အဦးကို ထပ်လာတာလဲ။ ဒီဓာတ်ပုံရဲ့ နောက်ခံက ဘယ်မှာလဲဆိုတာ မင်းသိလား"
ချင်းဟိုက သေသေချာချာ စဥ်းစားလိုက်ပေမယ့် နောက်ဆုံးမှာတော့ ခေါင်းခါပြီး "ကျုပ်က Qingzhou က မဟုတ်တဲ့အတွက် သိပ်မသိဘူး၊ ဒါပေမယ့် ကြည့်ရတာ အပန်းဖြေတဲ့ နေရာကောင်းတစ်ခုလို့တော့ ထင်တယ်။ တွေ့လား မီးခိုးငွေ့တွေ အများအပြားထွက်နေပုံရတယ်?"
ဓာတ်ပုံထဲတွင် မီးခိုးငွေ့တွေ အများအပြားထွက်နေတာကို တွေ့လိုက်ရသည်။
"အပြင်မှာလည်း ဖြစ်တယ်၊ မီးခိုးပြာတွေ၊ သာယာတဲ့ရှုခင်းတွေ၊ အပြင်မှာ ပျော်ပွဲစားထွက်တာလား ဒါမှမဟုတ် အပြင်မှာ အသားကင်ထွက်စားတာလား။ အရာရှိချင်း ထန်ဟိုင်းရဲ့ တာဝန်ခံကို ဖုန်းဆက်ပြီး မတ်လ ၂၆ ရက်နေ့မတိုင်ခင် ကုမ္ပဏီကနေ အုပ်စုလိုက် ပျော်ပွဲစားထွက်တာတွေ လုပ်ပေးဖူးလား ဒါမှမဟုတ် လီချင်း နဲ့ အခြားနှစ်ယောက်က သူတို့ဘာသာ ပျော်ပွဲစားထွက်တာ ရှိသလားလို့ မေးပေးပါ။ "
ကျန်းရီက သတိပေးလိုက်ပြီး ချင်းဟိုက သူ့လက်ကိုင်ဖုန်းကို ယူလိုက်ပြီး "ငါ့မိုဘိုင်းလ်ဖုန်းနဲ့ ဖုန်းခေါ်လို့မရဘူး" လို့ပြောလိုက်တယ်။
"အခု စမ်းကြည့်လိုက်ပါ။"
ချင်းဟိုက ခေါင်းညိတ်လိုက်သည်။ ထန်းဟိုင် နည်းပညာကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဖုန်းနံပါတ်ကို သူ၏ ဖုန်းတွင် ရှိနေသည်။ ဖုန်းခေါ်လို့ရမရသိရန် စမ်းခေါ်ကြည့်လိုက်သော်လည်း လျင်မြန်စွာ ချိတ်ဆက်သွားမည်ဟု မမျှော်လင့်ခဲ့ပေ။
"ဟယ်လို မန်နေဂျာဂျင်၊ ကျွန်တော်က ချင်းဟိုပါ၊ အခု မင်းဆီက ငါသိချင်တာလေးရှိလို့ပါ။" ဖုန်းခေါ်ဆိုမှု ချိတ်ဆက်သွားသည်ကို တွေ့လိုက်ရသည်နှင့် ချင်းဟိုက သဘာဝအတိုင်းပင် အဓိကအချက်ကို ပြောလိုက်သည်။
"အရာရှိချင်းပါလား။ မေးလို့ရပါတယ် မေးပါ"
"ဒီနှစ် မတ်လ ၂၆ ရက်နေ့ လီချင်းမတော်တဆမှု မဖြစ်ခင်မှာ သူမ၊ ဝမ်လီနဲ့ လီကျန်းဖန်တို့က ကုမ္ပဏီကလုပ်တဲ့ ပြင်ပ ပျော်ပွဲစားတစ်ခုခုမှာ ပါဝင်ခဲ့သေးလား။"
ဖုန်းရဲ့အခြားတစ်ဖက်ကလူက ခဏလောက်စဉ်းစားပြီး “သူတို့သုံးယောက် ဘာလုပ်ခဲ့လဲတော့ ကျွန်တော်မသိဘူး ပြီးတော့ ဝန်ထမ်းတွေရဲ့ အပြုအမူကို သေချာမသိပါဘူး။ ဒါပေမယ့် မတ်လ ၂၆ ရက်နေ့မတိုင်ခင်မှာ ကျွန်တော်တို့ ကုမ္ပဏီက ပြင်ပ ပျော်ပွဲစားလေးတစ်ခု လုပ်ခဲ့ပါတယ်။"
"ဘယ်တုန်းကလည်း? ဘယ်နေရာမှာလဲ?"
"အဲဒါက Qingzhou ရဲ့ အစွန်အဖျားက ဒလောင်တန်မှာပါ။ အဲဒီမှာ ရှုခင်းက အရမ်းလှတယ်၊ အပြင်မှာ အသားကင်ခွင့်လည်းပေးတယ်။ အဲဒီတုန်းက အသားကင်ပါဝင်ပစ္စည်းတွေအတွက် လိုအပ်တဲ့ ရန်ပုံငွေအားလုံးကို ကျွန်တော်ပေးခဲ့တာပါ သွားဖို့စီစဥ်တာကတော့ ဝန်ထမ်းတွေကပဲ စီစဉ်တာပါ။"
ကုမ္ပဏီမန်နေဂျာက စကားပြောပြီးတဲ့အခါ ချင်းဟိုက လေးလေးနက်နက် တွေးတောပြီး သူ့မျက်နှာက သိသိသာသာ ပြောင်းလဲသွားပြီး "ဒလောင်တန်လား?၊ အချိန်အတိအကျကိုရော မှတ်မိလား?"
"အချိန်က မတ်လ ၁၇ ရက်နေ့ လောက်ဖြစ်မယ်။"
"မင်းဘာပြောလိုက် တာလဲ။"
"မတ်လ ၁၇။"
"အိုး ငါတို့ရဲ့ ခေါင်းဆောင်ကျင်းလည်း မတ်လ ၁၇ ရက်နေ့မှာ ဒလောင်တန် ကိုသွားခဲ့တာ၊ သူက သူ့မိန်းမနဲ့ ကလေးတွေကို အပန်းဖြေဖို့ ခေါ်သွားတယ်။
ချင်းဟိုက အော်ပြောလိုက်ပြီး ကျန်းရီသည် အင်တာနက်ပေါ်တွင် Qingzhou ရှိ ဒလောင်တန် နှင့်ပတ်သက်သည့် သက်ဆိုင်ရာအချက်အလက်များကို ချက်ချင်းရှာဖွေခဲ့သည်။
ဒါပေမယ့် ဒလောင်တန်မှာ သဘာဝလွန်ဖြစ်ရပ်မျိုးတွေ ရှိခဲ့သလား မသိသေးခင်မှာပဲ ချင်းဟိုရဲ့ လက်ထဲက ဓာတ်ပုံက တိတ်တဆိတ် ခေါင်းတစ်ခြမ်းပဲ ရှိတဲ့ ပုံရိပ်တစ်ခုပေါ်လာခဲ့တယ်။
ကျန်းရီက သူ့မျက်လုံးထောင့်ကနေ သတိထားမိလိုက်ပြီးတော့ ချက်ချင်းပဲ ခေါင်းကို လှည့်ကြည့်လိုက်ပြီး "အရာရှိ ချင်း၊ မင်းလက်ထဲမှာ ဓာတ်ပုံကို သေချာကြည့်လိုက်" လို့ အော်လိုက်ပါတယ်။
ချင်းဟိုက အဲဒါကို သတိမထားမိသေးဘဲ ဓာတ်ပုံကို ကြည့်ပြီးနောက် သူ့အမူအရာက ချက်ချင်း တုန်လှုပ်သွားခဲ့တယ်။
"ခေါင်းတစ်လုံး၊ ခေါင်းအသစ်တစ်လုံး ထွက်လာတယ်ဟ!၊ အဲ့ခေါင်းက အရမ်းရင်းနှီးပုံရတယ် ဆံပင်ပုံစံကောပဲ အရမ်းရင်းနှီးနေပုံရတယ်!"
"ဟ...ခေါင်းဆောင်ကျင်းပဲဟ၊ ခေါင်းဆောင်ကျင်းမှာပဲ အဲ့လိုခေါင်းမျိုးရှိတာ"
ချင်းဟိုက ဒါကို မှတ်မိလိုက်ပြီးတော့ ကျန်းရီက စိတ်ထဲမှာ တစ်ခုခုကို တွေးမိပြီး "ခေါင်းဆောင်ကျင်းကို ဆေးရုံလိုက်ပို့တဲ့ ရဲကို ဖုန်းခေါ်လိုက်၊ ဒီအချိန်မှာ ခေါင်းဆောင်ကျင်းကို ဆေးရုံပို့လို့ မရဘူး၊ အနီးနားက ဘုရားကျောင်းတစ်ခုခုကို မြန်မြန် ပို့ပေးရမယ်!"