ချိတ်ပိတ်ထားသော
Vol. 3 Ch. 32
ကျန်းရီ၏ စကားကြောင့် ချင်းဟို ထိတ်လန့်သွားသည်။ သူသည် အထွေထွေမန်နေဂျာ ၏ ဖုန်းကို အလျင်အမြန်ချပြီး သူ့လုပ်ဖော်ကိုင်ဖက်ထံ အမြန်ဖုန်းဆက်လိုက်သည်။
ကံကောင်းထောက်မစွာပဲ သူ့လုပ်ဖော်ကိုင်ဖက်က ဖုန်းခေါ်တာကို ချက်ချင်းပဲဖြေကြားခဲ့ပါတယ်။ ချင်းဟိုက မနှောင့်နှေးတော့ဘဲ "ကားမောင်းဆရာကို အနီးဆုံးဘုရားကျောင်း ဒါမှမဟုတ် တာအိုကျောင်းဖြစ်ဖြစ် လူနာတင်ကားကို အမြန်မောင်းခိုင်းလိုက်။ ခေါင်းဆောင်ကျင်းကို ဆေးရုံကို မပို့လိုက်နဲ့။ ဆေးရုံကို လုံးဝ မပို့မိစေနဲ့။"
"ချင်းဟို ဘာတွေဖြစ်နေတာလဲ၊ ခေါင်းဆောင်ကျင်းက သတိရမလာသေးဘူးလေ ဘာလို့ သူ့ကို အခု ဘုရားကျောင်းကို ခေါ်သွားခိုင်းနေတာလဲ၊ ဘုရားကျောင်းက လူကယ်နိုင်လို့လား"
"သိပ်ပြီးတော့ စိတ်ပူမနေနဲ့၊ ငါပြောသလို မြန်မြန်သာလုပ် အရမ်းနောက်ကျသွားရင် ခေါင်းဆောင်ကျင်းကို ကယ်နိုင်မှာ မဟုတ်တော့ဘူး။ အခင်းဖြစ်ပွားတဲ့ ရုံးခန်းထဲမှာ ပျောက်ဆုံးနေတဲ့သူ သုံးဦးရဲ့ ဦးခေါင်းတွေပါတဲ့ ဓာတ်ပုံတစ်ပုံကို ရှာတွေ့ခဲ့တယ်။အခု ခေါင်းဆောင်ကျင်းရဲ့ ဦးခေါင်းက အဲဒီဓာတ်ပုံမှာ ပေါ်လာပြီ။"
"f**k ဟုတ်ကောဟုတ်ရဲ့လားကွာ?"
"ဘာပဲဖြစ်ဖြစ် လူနာတင်ကားကို ခေါ်ပြီး ဘုရားကျောင်းကို မြန်မြန်သွား မြန်လေကောင်းလေပဲ။
ချင်းဟိုသည် မည်ကဲ့သို့ရှင်းပြရမှန်းကို မသိတော့ပါဘူး။ ဒါပေမယ့်လည်း လူနာတင်ယာဉ်ဖြင့် ထွက်ခွာသွားသော သူ၏လုပ်ဖော်ကိုင်ဖက်ကို ဆက်မသွားဖို့ကတော့ ပြောမှရမှာပါ။
ခေါင်းဆောင်ကျင်းရဲ့ မျက်နှာတစ်ဝက်လောက်က အဖွဲ့လိုက်ဓာတ်ပုံထဲမှာ ပေါ်လာတာကို မြင်လိုက်ရတော့ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေအားလုံး တုန်လှုပ်ခြောက်ခြားသွားကြပါတယ်။
ချင်းဟိုကတော့ ဘာဆက်လုပ်ရမှန်း မသိတော့ပါဘူး။ အဲ့ဒီအချိန်မှာ ကျန်းရီက" ခေါင်းဆောင်ကျင်းရဲ့ သေခြင်းရှင်ခြင်းကို မင်းထိန်းချုပ်လို့မရဘူး။ ဒါပေမယ့် မင်းငါ့စကားကို နားထောင်ရင် ခေါင်းဆောင်ကျင်းရဲ့ အသက်ကို ကယ်တင်နိုင်လိမ့်မယ်။ မင်းနားမထောင်ရင်တော့ သူ့ကံကြမ္မာပဲပေါ့”
"အခု မေးချင်တာက မင်း ဒီကိစ္စကို တကယ်စုံစမ်းချင်တာလား"
ကျန်းရီက ချင်းဟိုကို မေးလိုက်တယ်။ တကယ်တော့ သူ့ကို ခေါင်းဆောင်ကျင်းက ဖုန်းခေါ်ခဲ့တာလေ ချင်းဟို ခေါ်ခဲ့တာမှမဟုတ်တာ။
"စုံစမ်းရမှာပေါ့!"
ချင်းဟိုက ခဏတုံ့ဆိုင်းသွားပြီတော့ အဖြေပြန်ပေးလိုက်သည်။ ကျန်းရီက သူ့ကို ပြုံးပြီးတော့ "ကောင်းပြီ၊ ဒီဓာတ်ပုံကို ယူပြီး ဒလောင်တန်ကို အခုပဲ သွားရမယ်" လို့ ပြောလိုက်တယ်။
"အမ်?" ချင်းဟို ချက်ချင်း စိတ်ရှုပ်သွားသည်။
"ဘာအမ်လဲ၊ ခေါင်းဆောင်ကျင်းက ဒလောင်တန်ကို ရောက်ခဲ့တယ်။ လီချင်း၊ ဝမ်လီ နဲ့ လီကျန်းဖန်တို့ကလည်း ဒလောင်တန် ကို အဲ့နေ့မှာပဲ သွားခဲ့ကြတယ်။ တခြားဘာမှ မဖြစ်ခဲ့ရင် ကိစ္စရဲ့အဖြေက ဒလောင်တန်မှာ ရှိတယ်။ ပြီးတော့ ဒီဓာတ်ပုံကို လွှင့်မပစ်လိုက်နဲ့... အရေးကြီးတဲ့ အခိုက်အတန့်မှာ မင်းအသက်ကို ကယ်တင်နိုင်လိမ့်မယ်!”
ချင်းဟိုက အနည်းငယ် တုံ့ဆိုင်းသွားပြီး ကျန်းရီက မျက်မှောင်ကြုတ်ကာ "ဘာလဲ ကြောက်နေတာလား?"
"အမှန်အတိုင်းပြောရရင် ငါကြောက်တယ်၊ တကယ်ကို ကြောက်တယ်။"
"ကြောက်နေလို့ ဘာမှအသုံးမဝင်ဘူး၊ မင်းအဲ့ဒီကုလားထိုင်ပေါ်မှာ အခုပဲ ထိုင်လိုက်တယ်မလား။"
ချင်းဟိုက ခေါင်းညိတ်ပြပြီး ကျန်းရီက "မင်း အဲ့ဒီကုလားထိုင်ပေါ်မှာ ထိုင်လိုက်တယ် ပြီးတော့ ဓာတ်ပုံထဲမှာ ခေါင်းဆောင်ကျင်းရဲ့ ဘေးမှာ နေရာအလွတ်တစ်ခု ရှိနေတာကို မင်းမြင်တယ်မလား? ဓာတ်ပုံရဲ့ အချိုးအစားအရ နောက်ထပ်ခေါင်းတစ်လုံးစာလောက်ထားဖို့ လုံလောက်တယ် ။"
"တစ်နည်းအားဖြင့်ဆိုရရင် မင်းမှာ ရွေးချယ်စရာ မရှိတော့ဘူး "
ကျန်းရီက ပြောလိုက်တဲ့အခါ ချင်းဟိုက သေမတက်ကြောက်လန့်သွားသည် ။
သူသည် ရဲတစ်ယေညက်ဖြစ်သော်လည်း လူသားတစ်ဦးလည်းဖြစ်သေးသည်။ သူသည် လူဖြစ်နေသရွေ့ တစ္ဆေနှင့် သရဲတို့ကို ကြောက်ရွံ့ထိတ်လန့်မှုများရှိနေသည်မှာ ပုံမှန်သာဖြစ်သည်။
"ကောင်းပြီ ငါသွားမယ်။"
ချင်းဟိုသည် အံကြိတ်ကာ ဖွင့်ထားသော တံခါးဆီသို့ ထွက်လာခဲ့သည်။
အဆောက်အဦး၏ဆယ့်လေးထပ်တွင် ထန်ဟိုင်းကုမ္ပဏီမှ ခပ်မှိန်မှိန် မီးအလင်းမှလွဲ၍ အခြားကုမ္ပဏီများရှိ မီးများကို ပိတ်ထားပြီးဖြစ်သည်။
ချင်းဟိုက အမြန်လျှောက်ပြီး အောက်ထပ်သို့ဆင်းရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း သူထွက်သွားပြီး မကြာခင်မှာပဲ ကျန်းရီက သူ့ကို ရုတ်တရက် တားလိုက်တယ်။
"ခဏနေဦး၊ အဲ့ဒါ ဘာသံလဲ"
ချင်းဟိုသည် ခဏရပ်တန့်ကာ တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းကို စူးစူးစိုက်စိုက်ကြည့်ကာ စင်္ကြံလမ်းသည် ချက်ချင်းပင် တိတ်ဆိတ်သွားသည်။
ထိုသို့တိတ်ဆိတ်မှုက၊ ယခင်အသံထက် ပိုမိုကျယ်လောင်သော အသံကို ကြားနိုင်သည်။
"ဒေါက်.. ဒေါက် ……"
ကြမ်းပြင်ပေါ်တွင်ထွက်နေသည့် အသံသည် စျေးပေါသော ဒေါက်မြင့်ဖိနပ်သံနှင့် ခပ်ဆင်ဆင်တူနေပြီး ချင်းဟိုလည်း ကြားကြားချင်း သူ့ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။
လူတစ်ယောက်ကို မြင်လိုက်ရသည်၊ ထိုလူကလည်း သူ့ကို ကြည့်နေသည်၊ နှစ်ယောက်သား အလင်းရောင်အနည်းငယ်သာရှိသည့် ဆယ့်လေးထပ်ရှိ ဆိတ်ငြိမ်နေသော စင်္ကြံလမ်းကိုဖြတ်ပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။
ထိုပုံရိပ်သည် အနည်းငယ် ရပ်လိုက်ပြီး သူ့လက်ထဲတွင်လည်း တစ်ခုခုကို ကိုင်ထားပုံရသည်။
ချင်းဟိုကတော့ ကြောက်လွန်းလို့ ချက်ခြင်းကို ရူးချင်စိတ်တောင်ပေါက်နေပြီဖြစ်သည်။ သူ့လေသံမှာ အလွန် တုန်လှုပ်စွာဖြင့်
"ဘယ်သူလဲ!"
"လူငယ်လေး၊ မီးဖွင့်ထားတဲ့ အဲ့ဒီရုံးခန်းထဲကနေ ထွက်လာတာလား"
အသံက ကြမ်းရှရှဖြစ်နေပေမယ့် အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်ရဲ့ အသံဖြစ်သည်။
လူတစ်ယောက်မှန်း သိလိုက်တဲ့အခါမှာတော့ ချင်းဟို၏ မူလကြောက်စိတ်က ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
ဘာလို့လဲဆိုတော့ အမျိုးသမီးကြီးက R&F အဆောက်အဦသန့်ရှင်းဝန်ထမ်းများ၏ အဝတ်အစားများကို ဝတ်ထားသောကြောင့်ဖြစ်သည်။
"အန်တီ၊ ညဉ့်နက်မှ ဒီအဆောက်အဦးမှာ ဘာလုပ်နေတာလဲ၊ အန်တီကြောင့် နှလုံးခုန်တာတောင်ရပ်တော့မယ် "
ချင်းဟိုက မနေနိုင်ဘဲ မကျေမနပ်ပြောလိုက်သည်။ဒါပေမယ့် အနီးကပ်ကြည့်လိုက်တဲ့အခါမှာတော့ ခေါင်းမှာ ဆံပင်ဖြူတွေ အနည်းငယ်ရှိနေတာကလွဲရင် သူထင်ထားသလောက် အသက်မကြီးသေးတာကို သူသိလိုက်ရတယ်။
"မနက်ဖြန် ခေါင်းဆောင်တစ်ချို့ လာလည်မယ်လို့ ပြောတယ်၊ ငါက ၁၀ လွှာကနေ ၁၅ လွှာအထိ သန့်ရှင်းရေး သမားလေ အခု ဒီကို ရောက်နေတာ မဆန်းပါဘူး။ လူငယ်လေး မင်း ငါ့ကို ပြန်မဖြေသေးဘူး။ မင်းခုနက အဲ့ရုံးခန်းက ထွက်လာတာမလား"
အသက်ငါးဆယ်ကျော်လောက်ရှိသည့် အဒေါ်ကြီးသည် ထန်းဟိုင်နည်းပညာကုမ္ပဏီကို ကြည့်လိုက်သည်။ ချင်းဟိုက ခေါင်းညိတ်ပြီး "ဟုတ်တယ်"
"အဲ့ဒီရုံးခန်းမှာ ကြီးကြီးမားမား တစ်ခုခုဖြစ်သွားတာ မင်းမသိဘူးလား။ မင်းဒီကို ညဥ့်နက်မှလာတာ မင်းအသက်ကို စွန့်စားရာရောက်နေတယ်"
အဒေါ်ကြီးသည် ထန်းဟိုင်နည်းပညာကုမ္ပဏီကိုကြည့်လိုက်တဲ့အခါ သူမ၏လေသံတွင် အနည်းငယ်တုန်လှုပ်သွားနေသည်မှာ ထင်ရှားသည်။
ကျန်းရီက သူမ၏အသံတွင် ပုံမှန်မဟုတ်တဲ့တစ်စုံတစ်ရာကို ကြားလိုက်ရပြီး "အန်တီ၊ အဲဒီ့ရုံးခန်းမှာ ဘာဖြစ်နေတာလဲဆိုတာ သိလား"
သန့်ရှင်းရေးအမျိုးသမီးသည် ချင်းဟိုကိုင်ဆောင်ထားသော ခေါင်းဆောင်ကျင်း၏လက်ကိုင်ဖုန်းကိုသတိပြုမိလိုက်သည်။ ကျန်းရီကို တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် သူမမြင်လိုက်သောအခါ သူမက "ဘာမှမသိဘူး၊ ငါဘာမှမပြောမိဘူး ငါနဲ့လည်းဘာမှမဆိုင်ဘူး!"
ထိုသို့ပြောပြီး သန့်ရှင်းရေးအမျိုးသမီးက အရှိန်မြှင့်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
"အန်တီ၊ အဲ့ဒီလူသုံးယောက် အသက်မရှင်တော့ဘူးဆိုတာကို မင်းသိလား" ကျန်းရီက ထပ်မေးလိုက်တယ်။
"မသိဘူး၊ ဘာမှမသိဘူး၊ ငါ့ကိုမမေးပါနဲ့... ငါက သန့်ရှင်းရေးသမားပဲ!"
သန့်ရှင်းရေးအမျိုးသမီးကြီးသည် ပို၍ပို၍ ကြောက်ရွံ့လာသည်။ ကျန်းရီက "ဒလောင်တန် ဘယ်မှာလဲ" ဟု ထပ်မေးသည်။
"ဘယ်မှာလဲဆိုတာ ငါမသိဘူး၊ ငါ တစ်ခါမှ မရောက်ဖူးဘူး၊ ကြားပဲ ကြားဖူးတာ"
သန့်ရှင်းရေးအဒေါ်ကြီးက ကြမ်းတိုက်တဲ့ ပစ္စည်းကို လက်ထဲမှာ ကိုင်ထားပြီး အမြန် ပြေးချင်နေပြီဖြစ်သည် ။
ဒါပေမယ့် ခြေလှမ်းအနည်းငယ် ပြေးပြီးနောက် သူမ ရုတ်တရက် နောက်ပြန်လှည့်ကြည့်ကာ ချင်းဟိုကို "ပြေး၊ မြန်မြန် ပြေးတော့! ဒလောင်တန်မှာ ဘာသရဲမှမရှိဘူး၊ ဒီအဆောက်အဦးမှာပဲ... ချိတ်ပိတ်ထားတာတွေ... အဲ့ဒီချိတ်ပိတ်ထားတဲ့စည်းကပဲ ဒုက္ခတွေဖြစ်စေခဲ့တာ!"