လမ်းပျောက်နေသော
Vol. 3 Ch. 33
သန့်ရှင်းရေးအမျိုးသမီးသည် စကားပြီးသောအခါတွင် သူမသည် ထွက်ပြေးသွားပြီးတော့ ပျောက်ကွယ်သွားသည်။ ချင်းဟိုကတော့ ထိုနေရာမှာပဲ ကြောင်တောင်တောင်ရပ်ကာ သူ့စိတ်ထဲမှာ မေးခွန်းတစ်ခုကိုသာ တွေးနေခဲ့သည်။
သန့်ရှင်းရေးအမျိုးသမီးက ဘာကြောင့် သူ့ကို ထွက်ပြေးဖို့ ရုတ်တရက် ပြောခဲ့တာလဲ။
ဒီစင်္ကြံလမ်းမှာ ဘာမှမရှိဘူးလေ။
သန့်ရှင်းရေးအမျိုးသမီး ပေါ်လာသော စင်္ကြံလမ်း၏ အခြားတစ်ဖက်စွန်းမှ ထူးဆန်းဖွယ်ကောင်းသော ရယ်မောသံက ချင်းဟို၏ နားထဲသို့ ဝင်လာသည်။
အသံကိုကြားကြားချင်း ချင်းဟို ရဲ့ တုံ့ပြန်မှုက တော်တော်မြန်တယ်။ သူ ချက်ချင်းနီးပါးကို လှည့်ကြည့်လိုက်တယ်။
အဲ့ဒီအချိန်မှာ သူက ထောင့်ဆီသို့ လျင်မြန်စွာ ပြေးသွားသည့်ပုံရိပ်တစ်ခုကို သူမြင်လိုက်ရသည်။
"ငါ မျက်စိကြောင်နေတာတော့ မဟုတ်ပါဘူးနော် စတွင်မာ မင်းအခုတွေ့လိုက်ရလား"
"ငါမြင်လိုက်တယ်။"
ကျန်းရီက သေချာစွာ ပြန်ပြောလိုက်သော်လည်း သူသည် သိပ်ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ပုံရိပ်သည် အရပ်တစ်မီတာ သာသာရှိသည်ဟု ထင်မြင်ရသည်။
ကလေးတစ်ယောက်ဖြစ်နေမလား?
"အရာရှိ ချင်း၊ အခု သန့်ရှင်းရေးအဒေါ်ကို သွားရှာလိုက်ပါ။ မင်း သူ့ကို ရှာတွေ့မှရမယ်။ ဒလောင်တန် မှာ သရဲမရှိဘူးဆိုပြီး အခုပဲပြောလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီက အဆောက်အဦးက စည်းက ကျိုးပျက်သွားပြီလို့လည်း ပြောလိုက်တယ်။ အဲ့ဒီတော့ အဒေါ်ကြီးက တစ်ခုခုတော့ သိထားရမယ်၊ မပြောရဲလို့သာ မပြောတာထင်တယ်။"
ရာဇ၀တ်မှုစုံစမ်းရေးရဲတစ်ဦးအနေဖြင့် ချင်းဟိုသည် ကျန်းရီဆိုလိုချင်သည့်အဓိပ္ပာယ်ကို နားလည်သောကြောင့် သန့်ရှင်းရေးအမျိုးသမီး ပြေးသွားတဲ့ဦးတည်ရာသို့ လိုက်သွားခဲ့သည်။
အခြားတစ်ဖက်ရှိ စင်္ကြံဆီသို့ လိုက်သွားပြီးနောက် ချင်းဟိုသည် လှေကားထစ်မှ ပြေးဆင်းသံကို ကြားလိုက်ရသည်။ လမ်းကိုဖြတ်၍ လှေကားမှဆင်းသွားသော သန့်ရှင်းရေးအမျိုးသမီးဖြစ်ရမည်။
ချင်းဟိုက ဆက်ပြီး လိုက်ဆင်းလိုက်ပေမယ့် အသံက ပျောက်သွားပြီး လူလည်း ပျောက်သွားသည်။
၁၀ ထပ်ရှိ လှေကားထိပ်တွင်ရှိနေသည့် ချင်းဟိုသည် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းကို အံ့အားသင့်စွာကြည့်ကာ "စတွင်မာ ဒီအဒေါ်ကြီးက ပြေးတာ တော်တော်မြန်တယ် တခဏလေးနဲ့ပျောက်သွားတယ်"
ကျန်းရီက ကွန်ပြူတာရှေ့မှာ ထိုင်နေပြီးတော့ ချင်းဟိုရှေ့က တံခါးကို ညွှန်ပြလိုက်တယ်။
တံခါးဖွင့်ထားပေမယ့် သိပ်မကျယ်ဘူး။ တံခါးအစွန်းနှင့် နံရံကြားတွင် နေရာလွတ်တစ်ခုရှိနေသည်။
ကျန်းရီ၏အမူအရာကိုမြင်တော့ ချင်းဟိုကရုတ်တရက်နားလည်သွားပြီး တံခါးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ သန့်ရှင်းရေးအမျိုးသမီး အထဲမှာ ရှိနေတာကို မြင်လိုက်ရတော့ တိုက်ရိုက်ထုတ်လွှင့်ခန်းက လူတွေက အံ့သြသွားကြသည်။ နောက်ပြီး အဒေါ်ကြီးက တုန်တုန်ယင်ယင်နဲ့ လက်ဝှေ့ယမ်းနေကြတာကို တွေ့လိုက်ရတော့ ရယ်ချင်တယ့်စိတ်ကိုမထိန်းနိုင်ခဲ့ကြဘူး။
"အန်တီ ဘာလို့ ဒီလောက်မြန်မြန်ပြေးနေရတာလဲ"
ချင်းဟိုက မေးလိုက်သည်။ သန့်ရှင်းရေးအမျိုးသမီးက သူ့ကို ဒေါသတကြီး လက်ညှိုးထိုးပြပြီး "မင်းအရူးးပဲ၊ မင်းငါ့ကိုသတ်ချင်နေတာလား မင်းငါ့ကိုသတ်တော့မလိုဖြစ်သွားတာကို သိလား?"
"အန်တီ၊ ဒီအဆောက်အဦးမှာ မကောင်းတဲ့အရာတစ်ခုရှိတယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် မင်းကိုသတ်တယ်လို့ ဘာလို့ပြောတာလဲ။" ကျန်းရီကလည်း တစ်ခုခုပြောလိုက်သည်။
"မင်း ပြီးတော့မင်းရောပဲ ငါသာ တစ်ခုခုဖြစ်သွားရင် အဲ့တာမင်းတို့သတ်တာပဲ။ မင်းမေးချင်တာတွေ၊ ပြီးတော့ အဲ့ဒီစည်းအကြောင်းကိုရော ငါသိတယ်။ ဒါပေမယ့်အဲ့ဒီစည်း ဘယ်မှာရှိလဲဆိုတာ ငါမသိဘူး၊"
ချင်းဟိုက ရှင်းပြချင်ပေမယ့် သူ့ဦးနှောက်ကို အပြည့်လှုံ့ဆော်လိုက်တာတောင် ကြံဥာဏ်ကောင်းတွေ မထွက်လာခဲ့ပါဘူး။ အဲဒီအစား ကျန်းရီက "အန်တီ၊ မင်း သရဲအခြောက်ခံနေရတာလား။"
သန့်ရှင်းရေးအမျိုးသမီးက ရုတ်တရက် ခေါင်းမော့ပြီး ကျန်းရီကို ကြည့်ကာ "မင်းဘာတွေ့လိုက်တာလဲ" လို့မေးလိုက်တယ်။
ထိုအချိန်တွင် ကျန်းရီက သန့်ရှင်းရေးအဒေါ်ကြီး၏ မျက်လုံးများကို နက်နက်နဲနဲ စိုက်ကြည့်နေသည်။ ဖြည်းညှင်းစွာပဲ သူသည် ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများ ပြည့်နှက်နေသော မျက်လုံးများတွင် တက်တက်ကြွကြွ ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
"ကလေး မိန်းကလေးတစ်ယောက်မလား?"
သန့်ရှင်းရေးအမျိုးသမီးက ပိုလို့တောင် အံ့သြသွားပြီး "မင်း သူ့ကို ရှင်းရှင်းလင်းလင်း မြင်ရတာလား"
"ကလေးက သိပ်မကြီးသေးဘူး၊ သုံးလေးနှစ်လောက်ပဲရှိတယ် ဟုတ်တယ်မလား"
"မှန်တယ်!"
"ကလေးက မျက်ခုံးကြားမှာ အမှတ်ရှိတယ်။"
"ဟုတ်တယ်၊ အနီရောင် အမှတ်လေးရှိတယ်!"
ကျန်းရီက အသက်ပြင်းပြင်းရှူပြီး "သူမက မင်းနဲ့ ဂိမ်းဆော့နေတာမလား မင်းကပုန်းရမယ် သူမကမင်းကို လိုက်ရှာမယ်။ ဒါဆိုရင် မင်းကို လွှတ်ပေးမယ် ဟုတ်တယ်မလား"
ထိုအချိန်တွင် သန့်ရှင်းရေးအမျိုးသမီးရဲ့ မျက်လုံးများမှ မျက်ရည်များ စီးကျလာခဲ့သည်။
"ဟုတ်တယ် မင်းပြောသလိုပါပဲ၊ သူမက ဒီနှစ်စကတည်းက အခုချိန်ထိ နေ့တိုင်း ငါ့ကို နှောင့်ယှက်နေတာ"
ကျန်းရီသည် သန့်ရှင်းရေးအမျိုးသမီး ဤစကားများကိုကြားလိုက်ရသောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။
ဤထူးဆန်းသော အခြေအနေများကို ပေါင်းစပ်ပီးတွေးတောလိုက်ရင် သန့်ရှင်းရေး အမျိုးသမီးကြီးက တကယ့် အဓိက သော့ချက်ဖြစ်နေကြောင်း သိလိုက်ရသည်။
“အရာရှိ ချင်းက အန်တီကို ကူညီပေးပြီး ၁၄ ထပ်ကို ခေါ်သွားပြီးတော့ အဲဒီကကုလားထိုင်ပေါ်မှာ ထိုင်ခိုင်းလိုက်။
အန်တီ၊ အခုချိန်ကစပြီး မင်းငါ့စကားကို နားထောင်ရမယ် မင်းဘာမှမဖြစ်စေရဘူးဆိုတာ ငါအာမခံတယ်ဟုတ်ပီလား။ မင်းတွေ့တဲ့အတိုင်းပဲ ငါအခုဗီဒီယိုခေါ်ဆိုမှုကနေ ပြောနေတာ နေရာက Qingzhou နဲ့ ကီလိုမီတာ တစ်ထောင်ကျော်တောင်ဝေးတယ်၊ ဒါပေမယ့် မင်းမှာဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို တစ်ချက်ကြည့်တာနဲ့ သိလိုက်တယ် ဆိုတော့ မင်းငါ့ကိုဒီကိစ္စအတွက် ယုံလို့ရတယ် ဟုတ်ပီလား"
သန့်ရှင်းရေးလုပ်တဲ့ အဒေါ်က အဲ့ဒီကုလားထိုင်ရဲ့ အကြောင်းကို မသိသေးပါဘူး။ သူမသိတာက သူမက ကလေးမလေးအကြောင်းကို ကျန်းရီကို တစ်ခါမှ မပြောဖူးပါဘူး ဒါပေမယ့် ကျန်းရီက အဲဒါကို တစ်ချက်ကြည့်ရုံနဲ့ သိတဲ့အတွက်ကြောင့် ခေါင်းညိတ်ပြီး "ကောင်းပြီ ငါနားထောင်ပါ့မယ်" လို့ပြောလိုက်တယ်။
ကျန်းရီသည် သန့်ရှင်းရေးအမျိုးသမီးကို ဆယ့်လေးထပ်သို့ ခေါ်သွားသော ချင်းဟိုကို ကြည့်လိုက်သည်။
ထိုအချိန်တွင်၊ ချင်းဟို နှင့် သန့်ရှင်းရေးအဒေါ်ကြီးတို့ နှစ်ယောက်စလုံး ထိတ်လန့်နေကြသော်လည်း ကျန်းရီကတော့ အဲ့အချိန်တွင် အထူးပဲတည်ငြိမ်နေသည်။
၁၄ ထပ်သို့ ရောက်သွားသောအခါ ချင်းဟိုသည် သရဲခြောက်တဲ့ ကုလားထိုင်ပေါ်တွင်ထိုင်ရန် သန့်ရှင်းရေးအမျိုးသမီးကို ကူညီခဲ့သည်။
သူမက ထိုင်ချလိုက်ပြီးတာနဲ့ ကျန်းရီက သူမနှင့် မျက်နှာချင်းဆိုင်တွင် ပြုံးလိုက်သည်။
"အန်တီ၊ ဒီနှစ်အစကတည်းက မင်းကို နှောင့်ယှက်နေတယ်လို့ မင်းပြောခဲ့တယ် ဟုတ်တယ်မလား"
“ဟုတ်ပါတယ်၊ မီးပုံးပွဲတော်ပြီးတော့ ဒီအဆောက်အအုံမှာရှိတဲ့ ကုမ္ပဏီတွေက တစ်ခုပြီးတစ်ခု ပြန်ဖွင့်ကြတော့ လူအရေအတွက်က တဖြည်းဖြည်း တိုးလာတယ်။
ဟုတ်ပါတယ်၊ သန့်ရှင်းရေးလုပ်တဲ့သူတွေကလည်းပဲ ပြန်အလုပ်လုပ်ရပါတယ်။
အဆောက်အဦးက တကယ်တော့ ညစ်ပတ်နေတာမဟုတ်ပေမယ့် နှစ်စဉ်နှစ်တိုင်း ကံကောင်းဖို့လိုတာမို့လို့ ဒီကိုစရောက်တဲ့ ပထမဆုံးနေ့မှာ အရမ်းကိုအလုပ်ရှုပ်ပါတယ်။
ဒီအဆောက်အဦးထဲမှာ သန့်ရှင်းရေးဝန်ထမ်းတွေ အများကြီးရှိပေမယ့် လူတိုင်းမှာ သူတို့တာဝန်ယူတဲ့ အထပ်တွေရှိကြပါတယ်။
မင်းမြင်နေရတဲ့ ၁၀လွှာကနေ ၁၅လွှာရဲ့ သန့်ရှင်းရေးကို ငါတာဝန်ယူထားတာ။
ပွတ်တိုက်ရတာတွေ အများကြီးလုပ်ရတာမို့ အခြေခံအားဖြင့် ညသန်းခေါင်အထိ အလုပ်လုပ်ရတယ်။”
“သေသေချာချာလေး သန့်ရှင်းထားရင် တကယ်လို့ အဆောက်အအုံ စီမံခန့်ခွဲရေးက သဘောကျရင် ဘောနပ်ပိုပေးတာမို့လို့ အားလုံးက ပျော်ပျော်ရွှင်ရွှင်နဲ့လုပ်ကြတယ်။
အဲဒီညက ဆယ့်တစ်နာရီ နီးပါးအထိ ကျွန်မ အလုပ်လုပ်နေခဲ့တယ်။
အဲဒီတုန်းက သန့်စင်ခန်းထဲမှာ သန့်ရှင်းရေးလုပ်နေခဲ့တာ။
သန့်ရှင်းရေးလုပ်ပြီးလို့ လက်ဆေးနေရင်း တစ်ဝက်လောက်မှာ ကျွန်မအဝတ်ကို တစ်စုံတစ်ယောက်က ဆွဲနေသလို ခံစားလိုက်ရတယ်။”
“အဲဒီတုန်းက မှန်ကို ကျွန်မမကြည့်လိုက်မိဘူး ။နောက်ပြန်လှည့်ကြည့်လိုက်တော့ မျက်ခုံးကြားမှာ လှပတဲ့ အမှတ်လေးနဲ့ ချစ်ဖို့ကောင်းတဲ့ ကလေးလေးတစ်ယောက်ကို မြင်လိုက်ရတယ်။
အဲဒီတုန်းကတော့ သူမ ကြီးပြင်းလာတဲ့အခါ သေချာပေါက် အလှပဂေးလေးဖြစ်လိမ့်မယ် လို့ တွေးလိုက်မိတယ်။
ဒါပေမယ့် ညဘက်ကြီး တော်တော်နောက်ကျနေပြီလေ။
ဒီလိုကလေးလေးက ဘယ်လိုရောက်လာတာတုန်းလို့ အရမ်းသိချင်ခဲ့တယ်။
မင်းမိဘတွေဘယ်မှာလဲလို့မေးလိုက်တယ်။"
“သူမက စကားမပြောဘဲနဲ့၊ ငါ့အဝတ်အစားကိုသာဆွဲကိုင်ပြီး တူတူပုန်းတမ်းကစားချင်တယ်လို့ ပြောခဲ့တယ်။
အဲဒီတုန်းက သူမနဲ့ တူတူပုန်းတမ်းဆော့ကစားဖို့ အချိန်မရှိလို့ သူ့လက်ကို ကိုင်ပြီး စင်္ကြံလမ်းဆီ ခေါ်သွားဖို့ ပြင်ဆင်လိုက်တယ်။
ကလေးကို ကုမ္ပဏီကို ဘယ်သူခေါ်လာတယ်ဆိုတာ သိဖို့ အထဲကို ဝင်ကြည့်လိုက်တယ်။
ဒါပေမယ့် ကျွန်မ သူ့လက်ကို ကိုင်လိုက်တဲ့အခါ သူမလက်က အရမ်းကိုအေးစက်နေခဲ့တယ်။"
"ဒါပေမယ့် အဲဒီတုန်းက သိပ်ပြီးမစဉ်းစားခဲ့မိဘူး၊ သူမလက်တွေ အရမ်းအေးနေတာကို မြင်လိုက်ရတော့ ရာသီဥတုကလည်း အေးတယ်၊ ကလေးအအေးသွားမိမှာကို ကြောက်လို့ ကျွန်မအပေါ်အဝတ်ကို ချွတ်ပြီး သူမကိုခြုံပေးလိုက်တယ်။ ပြီးတော့ သူမကို ကောက်ချီလိုက်ပြီးတော့ သူမရဲ့ အဖေနဲ့အမေ ကိုရှာဖို့ ခေါ်သွားပေးမယ် လို့ပြောလိုက်တယ်။
ကလေးမလေးက မငြင်းပဲနဲ့ ကျွန်မကို ချီခွင့်ပေးခဲ့တယ်။
ဒါပေမယ့် တံခါးနားကို ရောက်တော့ ရေခလုပ်ပိတ်ဖို့ မေ့သွားတာကို သတိရပြီး မှန်ဘက်ကို လှည့်ကြည့်လိုက်တယ်။ “
“လက်ထဲမှာကိုင်ထားတဲ့အရာကို မှန်ကိုကြည့်လိုက်ရမှပဲ ဘာလဲဆိုတာကိုသိလိုက်ရတယ်။ မင်းစိတ်ကူးကြည့်လိုက်စမ်း ငါက ကလေးတစ်ယောက်ကို ချီထားတာကွာ ဒါပေမယ့် မှန်ကိုကြည့်လိုက်တော့ ငါ့အပေါ်ဝတ်ကလွဲပြီး ဘာမှရှိမနေဘူး။ မင်းဘယ်လိုခံစားရမလဲ?"