← Chapters

ကကြစို့

Vol. 3 Ch. 35

ကကြစို့

Vol. 3 Ch. 35

R&F အဆောက်အအုံ စီမံခန့်ခွဲရေးရုံး တာဝန်ခံက အဆောက်အဦး ဆောက်လုပ်မှု အစမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုနဲ့ ပတ်သက်ပြီး အခုလို ပြောပြခဲ့ပါတယ်။

သုံးလေးနှစ်အရွယ် ကလေးမလေးတစ်ယောက်က လမ်းပျောက်ပြီးတော့ ရာဇ၀တ်မှု မှတ်တမ်းရှိတဲ့လူဆိုးတစ်ယောက်နဲ့ တွေ့မိသွားတယ်။ အဲ့နောက်ရက်ရက်စက်စက် သတ်ခံရပြီးတော့ အဲ့အချိန်က တည်ဆောက်နေတဲ့ ကျောက်တိုင်ထဲမှာ ဝှက်ထားခဲ့သည်။

အမှုကို ဖြေရှင်းပြီးတဲ့နောက်မှာ အလောင်းကို တွေ့ရှိခဲ့တယ်။ သို့သော်လည်း Bagua က မကောင်းတာတွေကို နှိမ်နင်းနိုင်သည်ဟု လူများကြားမှာ ပြောလေ့ရှိတဲ့အတွက်ကြောင့်မို့လို့ ထိုတိုင်ပေါ်တွင် မကောင်းမှုများကို နှိမ်နင်းရန် Bagua ကို အသုံးပြုသည်မှာ သဘာဝကျသည်။

ချင်းဟိုက သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီးတော့ ကျန်းရီကို "စတွင်မာ အခု မြေအောက်ကားပါကင်ကို သွားလိုက်ရမလား"

"ခဏစောင့်အုံး၊ ကျောက်တိုင်ကို ချိတ်ပိတ်ခဲ့တဲ့သူက အခုဘယ်မှာရှိလဲ၊ ဆက်သွယ်လို့ရနိုင်မလားလို့ အရင်မေးကြည့်ရအောင်။"

ကျန်းရီသည် သူဖြေရှင်းနေသည့်ကိစ္စများ ရုတ်တရက်ပြောင်းလဲသွားသည့် ခံစားချက်ကို မကြိုက်ပါဘူး။ သူက သူ့လက်ထဲမှာ အရာအားလုံးကို ထိန်းချုပ်မှုရှိနေတာကိုပဲ လိုချင်တယ်။

ဒီနည်းဖြင့် သူက အချိန်အများစုကို ဖြုန်းစရာမလိုတော့မည်ဖြစ်သည်။ အကယ်၍ သန့်ရှင်းရေး အမျိုးသမီးနဲ့ မတွေ့လိုက်ရဘူးဆိုရင် ဒလောင်တန်ကို သွားရလိမ့်မယ် ဒါဆိုရင် သူတို့ဟာ အချိန်တစ်ခုကို တော်တော်ကြာကြာဖြတ်သန်းရပေလိမ့်မယ်။

ချင်းဟိုက "Bagua နဲ့ ချိတ်ပိတ်ခဲ့တဲ့ တာအို ဘုန်းကြီးရှိသေးလား" ဟု ထပ်မေးလိုက်သည်။

"ဒါကိုတော့ ကျွန်တော် သေချာမသိပါဘူး။ ကျွန်တော် သူဌေးကို ဖုန်းဆက်ပြီး မေးပါရစေ။ အရင်သူဌေး ဆုံးပါးသွားချိန်တုန်းက သူကရှိနေတုန်းပဲ၊ အရင်သူဌေးရဲ့ ဖုန်းရွှေရတနာကို ပြခဲ့တာကို ကျွန်တော် မှတ်မိပါသေးတယ်။"

"ဒါဆို အခုပဲ ဆက်သွယ်လိုက်ပါ။ မင်းမှာ အဲ့တာအိုဘုန်းကြီးရဲ့ နံပါတ်ရှိရင် ငါ့ကို အမြန်ဆုံး ပို့ပေးလိုက်ပါ"

ချင်းဟိုကပြောပြီးတော့ ဖုန်းခေါ်ဆိုမှု ခေတ္တဖြတ်တောက်လိုက်သည်။

ထိုင်ခုံပေါ်တွင်ထိုင်နေသော သန့်ရှင်းရေးအမျိုးသမီး၏ မျက်လုံးများသည် ပတ်ပတ်လည်ကိုလိုက်ကြည့်နေသည်။ ချင်းဟိုက ဓာတ်ပုံကို ကောက်ကိုင်လိုက်ပြီး ကြည့်လိုက်သည်။

ဓာတ်ပုံထဲတွင် ခေါင်းဆောင်ကျင်း၏ ဦးခေါင်း၏နဖူးတစ်စိတ်တစ်ပိုင်းသာ ပေါ်နေသေးပြီးတော့ ရပ်တန့်သွားပုံရသည်။ သူ့လုပ်ဖော်ကိုင်ဖက် က ကျန်းရီပြောတဲ့အတိုင်း လုပ်ပုံရသည်။

အချိန်တွေကုန်လွန်သွားပြီးတော့ ချင်းဟိုရဲ့ဖုန်းမြည်လာတယ်။ ၎င်းသည် မရင်းနှီးသော နံပါတ်ဖြစ်သည်ကို မြင်သောအခါ သူက ကိုင်လိုက်သည်။

"ဟယ်လို၊ ချင်းဟိုပါ"

"အရာရှိ ချင်း၊ ငါက မင်းရှာနေတဲ့ တာအိုဘုန်းကြီးပါ...."

ချင်းဟိုက တစ်ဖက်လူ၏စကားများကို နားထောင်ခဲ့ပြီးနောက် သူပြန်မပြောမီ ကျန်းရီက စကားစပြောခဲ့သည်။

"ဟယ်လို၊ အရာရှိချင်းက အနီးနားမှာ ရှိနေပေမယ့် ကျွန်တော်က စကားစပြောဖို့ အသင့်တော်ဆုံးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်နာမည် ကျန်းရီပါ တာအိုဘုန်းကြီးကို ဘယ်လိုခေါ်ရမလဲ မသိဘူးခင်ဗျ"

ဖုန်းရဲ့အခြားတစ်ဖက်က ခဏလောက် အသံတိတ်သွားပြီး "တာအိုနာမည်က ချွမ်ကျန်း ဖြစ်ပြီး အများခေါ်တဲ့နာမည်က ဖန်းရိ" ပါ။

"ဘယ်လောက်တောင် ကောင်းတဲ့ နာမည်လဲ။ တာအိုဘုန်းကြီး ငါမင်းကိုမေးချင်တာက အဲဒီတုန်းက ကလေးမလေးကို မင်းတကယ်တွေ့ခဲ့တာလား"

ကျန်းရီက ထပ်ပြီးတော့ "အမှန်တရားကိုပဲ ကြားချင်တယ်၊ မင်းရဲ့ စည်းကို ပြင်ပအားနဲ့ တိုက်ချေပစ်ခဲ့ပေမယ့် မင်းအချိန်မှားပြီး စည်းချခဲ့မှာကို ငါစိုးရိမ်နေတာ။"

"ငါဘယ်လိုမှားသွားမှာလဲ။ အဲ့ဒီကိုရောက်ဖို့ နာရီဝက်ပဲကြာတယ်"

"တာအိုဘုန်းကြီး က သူမကို ချေမှုန်းဖို့ဒီကို လာခဲ့တာလား ဒါမှမဟုတ် ဘာလဲ"

“ဝိညာဥ်က အသက်ရှင်နေတဲ့ လူတွေကို ထိခိုက်စေတယ်လေ ဒါကြောင့်ဘသဘာဝအတိုင်းပဲ သူမကိုလွှတ်ထားလို့ မရဘူး။

"ဒါဆို တာအိုဘုန်းတော်ကြီးက R&F အဆောက်အဦးအကြောင်း တစ်ခုခုသိလား?"

ကျန်းရီက မေးလိုက်သည်နှင့် တစ်ဖက်လူက လှောင်ရယ်၍ "သိတာပေါ့ လူသုံးယောက်တောင် ဆက်တိုက် ပျောက်ကွယ်သွားခဲ့တာ၊ ဒီကိစ္စက အကြီးအကျယ်ကို နာမည်ကြီးနေတာ"

"ဒါဆို သူတို့ သုံးယောက်ရဲ့ အလောင်းကို ဘာလို့ မမြင်ရတာလဲ"

"ဒါ……"

"တာအိုဘုန်းတော်ကြီးက သူမကို လွှတ်ထားလို့မရဘူးလို့ပြောတဲ့အတွက် သူမဝိညာဉ်ကို ဘဝကူးဖို့ ကူညီမပေးလိုက်ဘူးလား၊ ပြီးတော့ ဒီကမ္ဘာမှာ ဝိညာဥ်တစ္ဆေဖမ်းတဲ့ နည်းလမ်းလည်းရှိတယ်၊ ဒါပေမယ့် တာအိုဘုန်းတော်ကြီးက သရဲဖမ်းနည်းကို တကယ်ရောသိသလား။ "

ကျန်းရီ၏စကားများက တစ်ဖက်လူ၏မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင် ဖုန်းတစ်ဖက်မှလူက ဒေါသတကြီးထွက်ကာ "မင်းဒီလိုမေးလိုက်တဲ့ပုံအရ မင်းက တာအိုအသိုင်းအဝိုင်းထဲက အဖွဲ့ဝင်တစ်ယောက်ဖြစ်ပုံရတယ် မဟုတ်လား။ မင်းကို တာအိုရောင်းရင်းလို့ခေါ်လိုက်မယ်။

ငါ မင်းကို အပြစ်လုပ်ခဲ့မိလို့လား"

"မရှိဘူးလေ ငါတို့ တစ်ခါမှကို မမြင်ဖူးတာ"

"အဲ့ဒါဆို မင်းငါ့ကိုဘာလို့မေးနေတာလဲ"

"ငါ မင်းကို မေးနေတာမဟုတ်ဘူး ငါအမှန်အတိုင်းကြားချင်တာ။ အဲဒီကလေးမလေးကို မင်းအရင်က တကယ် တွေ့ခဲ့တာလားလို့။"

"ငါ……"

ကျန်းရီက ပြုံးပြီး "ကောင်းပြီ အရာရှိ ချင်း ၊ ဖုန်းချလိုက်တော့ သူ ဘာမှ မသိသလို တစ်ခါမှလည်း မမြင်ဖူးပါဘူး။ စည်းပိတ်ခဲ့တာကလည်း တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ပြီး သူနဲ့ ဘာမှ မဆိုင်ဘူး။"

"တာအိုရောင်ရင်း၊ မင်းအရမ်းလွန်သွားပြီ။ မင်းငါ့ကိုဘာလို့အရမ်းပစ်မှတ်ထားနေတာလဲ။"

" ငါ မင်းကို ပစ်မှတ်ထားနေတာ မဟုတ်ဘူး။ မင်း သူမကို တကယ်ပဲ နှိမ်နှင်းရင် ပြီးတော့ မင်းမှာအရည်အချင်းတကယ်ရှိရင် R&F အဆောက်အဦးရဲ့ကိစ္စက အဲ့ဒီကတည်းက ဖြေရှင်းပြီးသားဖြစ်မှာပဲလေ၊ ဒီနေ့အထိ စောင့်စရာမလိုတော့ဘူး။”

ကျန်းရီက ဘာကိုမှ ထပ်မပြောချင်တော့ကြောင်း ပြောပြီးတော့ ချင်းဟိုကလည်း ခဏလောက်စဉ်းစားပြီး "ဟုတ်တယ်၊ မင်းမှာအရည်အချင်းရှိရင် ဒီအဆောက်အဦးအရင်ပိုင်ရှင်နဲ့ မင်းရဲ့ခင်မင်မှုအပေါ်အခြေခံပြီးတော့ မင်းကို ဟိုးအရင်ကတည်းက ဒီဝိညာဥ်ကိုနှိမ်နှင်းဖို့ မင်းကိုပြန်ဖိတ်ခဲ့မှာပေါ့။

"ဘယ်လိုတောင် လူလိမ်လဲ!"

ချင်းဟိုသည် ပြောပြီးတော့ဖုန်းချလိုက်သည်။ တဖက်လူ ဒေါသထွက်မထွက် ဂရုမစိုက်တော့ဘဲနဲ့ ကျန်းရီအား လေးစားမှုများနှင့်ကြည့်ကာ "စတွင်မာ တဖက်လူက ဘာမှမသိဘူးဆိုတာ သေချာသွားပြီ။ ငါတို့ ဘာဆက်လုပ်သင့်လဲ ပြီးတော့ ပျောက်နေတဲ့လူသုံးယောက်အကြောင်းလဲ မင်းပြောလိုက်သေးတယ် ဖြစ်နိုင်တာက သူတို့သုံးယောက်က......"

ကျန်းရီက သန့်ရှင်းရေးအဒေါ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီးတော့ " ပြောနေကြအတိုင်းပဲ လူတစ်ယောက် သေလားရှင်လား သိချင်ရင် အဲ့လူရဲ့ ခန္ဓာကိုယ်ကို ကြည့်ရမယ်။ အဲ့တော့ သူတို့သုံးယောက်ရဲ့ ခန္ဓာကိုယ်တွေကို မတွေ့မချင်း ဘာမှကောက်ချက်ချလို့ မရသေးဘူးလေ"

"အမှန်ပဲ "

"အန်တီကို အပြင်ထုတ်လိုက်တော့။ အန်တီရေ ထိုင်ခုံမှာပဲ မလှုပ်ဘဲထိုင်ပြီးတော့ ကျွန်တော်ပြောတာကိုပဲ နားထောင်"

အပြင်ကိုရောက်တော့ ကျန်းရီက ခဏလောက်စဥ်းစားပြီးတော့ ပြောလိုက်တယ် " ပတ်ဝန်းကျင်က တိတ်ဆိတ်နေတာပဲ သီချင်းလေးတစ်ပုဒ်နှစ်ပုဒ်လောက် ဖွင့်လိုက်ရအောင်"

" ဒီမှာ စတွင်မာ ဒီလိုအချိန်ကြီးတောင် မင်းမှာ သီချင်းနားထောင်ချင်စိတ်က ရှိနေသေးတာလား" တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ပရိတ်သတ်တွေက မနေနိုင်ဘဲ ပြောလိုက်သည်။

ကျန်းရီက ထူးထူးဆန်းဆန်းပြုံးပြီးတော့ သီချင်းတစ်ပုဒ်ဖွင့်လိုက်သည်။

သီချင်းက မြူးမြူးကြွကြွနဲ့ အကသီချင်းတစ်ပုဒ် ဖြစ်တယ်။

ကျန်းရီက "အရာရှိချင်း မင်းအဒေါ်ကြီးနဲ့ အတူတူမကချင်ဘူးလား"

"အမ်..ဘာပြောလိုက်တယ်။ ကရမယ်?"

"အေး ဟုတ်တယ်၊ လီချင်းနဲ့တခြားသူတို့ရဲ့ နောက်ဆုံးရလဒ်က မင်းဘယ်လောက် ကတက်သလဲအပေါ်မူတည်တယ်"

ချင်းဟိုက ထိုင်ခုံပေါ်က အဒေါ်ကြီးကို ရှုပ်ထွေးစွာကြည့်လိုက်ပြီးတော့ ပြုံးလိုက်သည်။

ဒါပေမယ် အဒေါ်ကြီးက တစ်ခုခုကိုနားလည်သွားပုံံရပြီးတော့ ချင်းဟိုရဲ့ လက်ကိုဆွဲကိုင်ကာ "လူငယ်လေး မင်းဘာကိုကြောက်နေတာလဲ၊ မင်းငါနဲ့ကလို့ ဘာမှမဖြစ်သွားပါဘူး။ ဖုန်းထဲက လူငယ်လေးရဲ့ စကားကို နားထောင်လိုက် သူ့ရဲ့နည်းလမ်းက အလုပ်ဖြစ်လိမ့်မယ်"

သူတို့ရဲ့ မျက်နှာတွေက ဖြူဖတ်ဖြူရော်ဖြစ်ပြီးတော့ နှဖူချွေးတွေ ထွက်နေပေမယ့် အန်တီကြီးနဲ့ ချင်းဟိုတို့ကတာတွေက တဖြည်းဖြည်းအဆင်​ပြေချောမွေ့လာတယ်

အဲ့ဒီအချိန် သီချင်းကလည်း ပိုမြူးလာပြီးတော့ မကြာခင်မှာဘဲ စင်္ကြံလမ်းရဲ့ အခြားထောင့်ကနေ ခေါင်းလေးတစ်လုံးက ထွက်ပေါ်လာခဲ့တယ်

သူ့ပုံကြည့်ရတာ လာချင်ပေမယ့် မလာရဲတဲ့ပုံပေါက်နေတယ်။

All Chapters