← Chapters

နတ်ဆိုးလေးထွက်လာပြီ

Vol. 3 Ch. 36

နတ်ဆိုးလေးထွက်လာပြီ

Vol. 3 Ch. 36

ခေါင်းသေးသေး ပုံရိပ်လေးက စင်္ကြံလမ်းထောင့်ကနေ သူတို့ကိုကြည့်နေတာပေါ့။

စင်္ကြံလမ်းက မီးရောင်လေးက သူမဆီကျနေသော်လည်း သူမတွင်အရိပ်မရှိပေ။

ဒါပေမယ့် သူမရဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုကို ကြည့်ပြီး သူမမှာ သူတို့နဲ့ လာကစားချင်တဲ့ဆန္ဒ တစ်ချို့ရှိနေတာကို တွေ့ရသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပရိသတ်များသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါမှာတော့ အံ့အားသင့်သွားကြသည်။

သူမသည် လူစုလူဝေးထဲတွင် ပါဝင်ကစားလိုသော်လည်း သတ္တိမရှိနေသော ကလေးတစ်ယောက်နှင့်တူနေသည်။

အထူးသဖြင့် ချင်းဟိုနှင့် သန့်ရှင်းရေးအဒေါ်ကြီးတို့၏ ခန္ဓာကိုယ်လှုပ်ရှားမှုသည် ညှိနှိုင်းမှု နည်းပါးသောကြောင့် သန့်ရှင်းရေး အဒေါ်နှင့် ချင်းဟိုတို့ကြား ကနေသည်ကို ကြည့်ရသည်မှာ တကယ်ကို ဆိုးရွားလှသည်။

ဒါပေမယ့်လည်း သူတို့နှစ်ယောက်ရဲ့ ရယ်ချင်စရာအကတွေကြောင့် စင်္ကြံအဆုံးထောင့်က ကလေးမလေးမှာ တခစ်ခစ်ရယ်နေသည်။

"အရာရှိချင်း ငါ့အသံကို သူမကြားနိုင်စေဖို့အတွက် ခေါင်းဆောင်ကျင်းရဲ့ ဖုန်းအသံကို အမြင့်ဆုံးအထိ တိုးလိုက်။"

"စတွင်မာ သူမမှာ အရိပ်ရှိမနေဘူး၊ သူမက အဲ့ဒီကလေးမလေးပဲ!" ချင်းဟိုသည် အမှန်တကယ်ပင် စိတ်လှုပ်ရှားနေပါသည်။

ကျန်းရီ၏ အသံက တည်ငြိမ်သက်နေဆဲပါပဲ "ငါသိပါတယ်၊ ငါပြောတဲ့အတိုင်းပဲ လုပ်ပါ"

ချင်းဟိုသည် အသံကို အမြင့်ဆုံးသို့ တိုးလိုက်ပြီးတော့ ကျန်းရီကလည်း သီချင်းကို ပိတ်လိုက်သည်။

"ညီမလေး ကိုကြီးအသံကြားကလား"

ကျန်းရီက စင်္ကြံလမ်း၏အဆုံးဆီသို့ လှမ်းအော်လိုက်သောအခါ ကလေးမလေးက ချက်ချင်းပင် ခေါင်းကို ပြန်ရုတ်လိုက်သည်။

"ဒီကအဖွား ဦးလေးနဲ့အတူတူ မကချင်ဘူးလား၊ ကစားရတာကို ကြိုက်တယ်မလား၊ ငါတို့တူတူ ကစားကြရင်ရော ဘယ်လိုလဲ။"

ကျန်းရီသည် သူမကို ကလေးတစ်ယောက်လို ချော့ပြောလိုက်ရာ ခုနကပုန်းကွယ်သွားသော ခေါင်းသေးသေးလေးက ပြန်ပေါ်လာသည်။

"ဒီကိုလာခဲ့ပါလား၊ ဂိမ်းအတူတူကစားရအောင်လေ"

ကျန်းရီက သူမကို ပြုံးပြီး ထပ်ပြောလိုက်သည်။ ကလေးမလေးသည် ခဏတုံ့ဆိုင်းသွားပြီးတော့ နောက်ဆုံးတွင် သူတို့ထံ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

ချင်းဟို နှင့် သန့်ရှင်းရေးအဒေါ်ကြီးတို့သည် ထိုသေးငယ်သောပုံရိပ်လေးကို ကြည့်နေရင်း သူတို့၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုများပြည့်နေသည်။

အထူးသဖြင့် ထိုကလေးမလေး အနားကပ်လာသည်နှင့်အမျှ သူ့တို့ပတ်ဝန်းကျင် အပူချိန်က အနည်းငယ် အေးလာပုံရသည်။

ဒါပေမယ့် ကလေးမလေးက သူတို့ကို မကြည့်နေပါဘူး။ အဲဒီအစား ချင်းဟိုရဲ့လက်ထဲက ဖုန်းကို စိုက်ကြည့်နေတယ်။ သူမက ကျန်းရီကို ကြည့်နေတာပါ။

ကျန်းရီကလည်း သူ့မျက်နှာပေါ်တွင် အမြဲလိုလို အပြုံးမပျက် ရှိနေပြီး သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး သူမ၏ခေါင်းကိုပုတ်ပေးသည့်ဟန် ပြုလုပ်လိုက်သည်။

ဒါပေမယ့် ကလေးမလေးက ဖုန်းထဲကို ခေါင်းထိုးပေးလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့ပါဘူး။

သူမ ဘယ်လို လုပ်လိုက်တာလဲ?

သူမဘယ်လိုလုပ်ခဲ့တယ်ဆိုတာကို ဘယ်သူကသိမှာလဲ။

ချင်းဟို နှင့် သန့်ရှင်းရေးအမျိုးသမီးကြီးတို့က ကလေးမလေး၏ ဦးခေါင်း ပျောက်ကွယ်သွားသည်ကို သူတို့ မျက်စိနှင့် ကိုယ်တိုင် မြင်လိုက်ကြပြီးတော့ ကြောက်ရွှံ့တုန်လှုပ်သွားကြသည်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူမက ခေါင်းကိုပြန်ထုတ်လိုက်ပြီးတော့ နှုတ်ခမ်းစူကာ "ထိလို့လည်းမရပဲနဲ့ လိမ်နေတာ"

"ဟုတ်တာပေါ့ မင်းကို ဒီနည်းနဲ့ ထိလို့မရနိုင်ဘူးလေ၊ ဒါပေမယ့် မင်းရဲ့ခေါင်းလေးကိုထိဖို့ အဖွားကိုကူညီခိုင်းလို့ ရတယ်လေ"

ကျန်းရီက ပြုံးပြီး ပြောလိုက်သည်။ ကလေးမလေးက သူ့ဘာသာသူ အဒေါ်ကြီးရဲ့လက်နဲ့ သူ့ဦးခေါင်းကို ပွတ်သပ်ရင်း “ခေါင်းကို အဲ့လိုထိပေးခံရတာကို အကြိုက်ဆုံးပဲ၊ အဖေက လိမ္မာတဲ့ကလေးလေးဆိုပြီး ခေါင်းကို အမြဲထိပေးလေးရှိတယ်၊ အဖွားက ထိတောင်မထိပေးဘူး”

သန့်ရှင်းရေးအမျိုးသမီးကြီးက အံ့ဩသွားသည်။ သူ့စိတ်ထဲမှာတော့ ဒီကလေးမလေးက အိပ်မက်ဆိုး၊ နတ်ဆိုးတစ်ကောင်လိုပါပဲ။

သူမလေးက သူမနှင့် သူမ၏ မိသားစုကို အချိန်တိုင်း ညှဉ်းပန်းနှိပ်စက်သည့် တရားခံဖြစ်သည်။

ဒါပေမယ့် သူမဒီလိုစကားတွေပြောနေတာကို ကြားလိုက်တဲ့အခါ ဒီကလေးမလေးဟာလည်း အခြားအသက်ရှင်နေတဲ့ ကလေးတွေနဲ့ မထူးခြားနားဘူးဆိုတာကို ရုတ်တရက်ခံစားလိုက်ရတယ်။

"အဘွား၊ အဘွားက အမြဲတမ်း သမီးနဲ့ ဂိမ်းမဆော့ချင်ခဲ့ဘူး။ လူတော်တော်များများကလည်း သမီးနဲ့ ဂိမ်းမဆော့ချင်ကြဘူး။ ဒါပေမယ့် သမီးက အရမ်းလိမ္မာနေတာပဲကို ဘာလို့ သမီးကို မကြိုက်ကြတာလဲ။"

သန့်ရှင်းရေးအမျိုးသမီး မလှုပ်တာကို ကလေးမလေးက မြင်တော့ တိတ်တိတ်လေး တစ်ခုခုပြောလိုက်တယ်။

ကျန်းရီက သန့်ရှင်းရေးအဒေါ်ကို "ကလေးတွေအလိုအပ်ဆုံးအရာက သူတို့ကိုအလိုလိုက်ပေးတာပဲ။ သူမကိုမင်းမြေးလေးတစ်ယောက်လို ချော့ကစားပေးလိုက်ပါ။ သေချာတာကတော့ ကိစ္စတွေကငါတို့စိတ်ကူးထားတာနဲ့ တူမနေတာတွေ အများကြီးဖြစ်နေနိုင်တယ်။"

ကျန်းရီပြောတာကို နားမလည်သလို ကလေးမလေးက မျက်မှောင်ကြုတ်လိုက်တယ်။

ဒါပေမယ့် သန့်ရှင်းရေးအဒေါ်က ကျန်းရီရဲ့ စကားတွေကို လိုက်နာပြီး အေးစက်နေတဲ့ ကလေးမလေးရဲ့ နဖူးပေါ်လက်တင်ကာ ညင်သာစွာ ပွတ်သပ်ပေးလိုက်တယ်။

"သမီးလေး၊ အဖွားက သမီးနာမည်ကို တစ်ခါမှ မမေးဖူးဘူးထင်တယ် အဖွားကို သမီးနာမည်ကို ပြောပြလို့ရမလား"

"ရှောင်ယုပါ"

"ရှောင်ယုရေ ဖုန်းထဲကအကိုနှင့် စကားပြောလို့ရမလား "

သန့်ရှင်းရေး အဒေါ်ကကလည်း ပါးပါးနပ်နပ်နဲ့ ကျန်းရီဆီ စကားလွှဲပေးလိုက်သည်။

အရိပ်မဲ့ကလေးမလေးက ကျန်းရီကိုကြည့်ကာ "အကိုကြီးက သမီးနဲ့ ဂိမ်းဘယ်လိုဆော့ရတာ သိလို့လား?"

"ဟမ်၊ တူတူပုန်းတမ်းလား?။"

“အင်း ဖေဖေက သူ့ကို မတွေ့ခဲ့ရင် တစ်နေရာရာမှာ ပုန်းနေလို့ပြောတယ်။

နောက် သေချာပေါက် သူသမီးကို လာရှာလိမ့်မယ်။

ဒါပေမယ့် ဖေဖေက လိမ်တယ်။

သမီး သူ့ကို မတွေ့တာ တော်တော်ကြာနေပြီ။

ပြီးတော့ အခု အရမ်းထူးဆန်းနေတယ်။

လူတော်တော်များများက သမီးကို မမြင်နိုင်ကြဘူး။

အဖေရော အမေရော သူတို့ကိုင်ထားတဲ့လူက သမီးမဟုတ်ဘူး။

သမီးသူတို့ဘေးမှာရပ်ပြီး အော်နေပေမယ့် သူတို့မကြားရဘူး!"

ကလေးမလေးက စကားပြောပြီး စငိုပါလေရော။ ကျန်းရီက တစ်စုံတစ်ခုကို နားလည်သွားပုံရပြီး "အဲ့ဒါက ဘယ်တုန်းက ဖြစ်ခဲ့တာလဲ?"

"အချိန်တော်တော်ကြာခဲ့ပီထင်တယ်။

အဲဒီနေ့မှာပဲ အဖေက ကျွန်မနဲ့တူတဲ့ ကလေးမလေးကို တိုင်ထဲကနေ ယူသွားတာကို တွေ့လိုက်ရတယ်။

သူအရမ်းဝမ်းနည်းပြီး အရမ်းကိုငိုနေတယ်။

ဒါပေမယ့် အဲဒီတုန်းက သမီးက သူ့ရှေ့မှာ ရပ်နေတာလေ။

အဲ့ဒါ သမီးမဟုတ်​ဘူးဆိုပြီး ​အော်​​ပြော​ပေမယ့်​ သူက မကြားရ​ဘူး။

နောက်ပိုင်း အဖေက သမီးကို အရမ်းကြောက်စရာကောင်းတဲ့ နေရာကို ပို့လိုက်တယ်၊ ထူးဆန်းတဲ့လူတွေအများကြီးရှိတဲ့ ခြံဝင်းထဲမှာ သူတို့အားလုံး စုဝေးနေကြပြီး သူတို့ရဲ့ ဆွေမျိုးတွေကလည်း အဲဒီနေရာမှာ ရှိနေကြတယ်။

သူတို့ကလည်း သမီးကိုမမြင်ရဘူး။"

"သူတို့ဘာလုပ်နေလဲဆိုတာ သမီးအရမ်းသိချင်ပေမယ့် ဘာမှမေးလည်း မမေးရဲသလို စကားလည်းမပြောရဲခဲ့ဘူး။ အဖေက သမီးနဲ့တူတဲ့ ကောင်မလေးကို အခန်းထဲ ခေါ်သွား​ပြီး အဲ့အခန်းထဲမှာ အရမ်းထူးဆန်းတဲ့ ဦးလေးတစ်ယောက် ရှိနေတာကို တွေ့လိုက်ရတယ်။ အဲ့ဦးလေးဝေက အရမ်းကြောက်စရာကောင်းတယ်။ သူက အဲဒီကောင်မလေးကို မီးဖိုထဲကို ထည့်လိုက်ပြီး မီးတင်ရှို့လိုက်တယ်”

"သူမက အရူးပဲ။

ဒီလောက် မီးအကြီးကြီးထဲမှာ ဘာလို့ အိပ်နေရတာလဲ။ သူမ မနာကျင်ဘူးလား? ပြီးတော့ သူမက အဲ့နေရာမှာ မလှုပ်မယှက်ပဲ လဲလျောင်းနေတယ်။

ဒါပေမယ့် သမီးဘာလို့အရမ်းနာကျင်ခံစားရတာလဲ။ ဖေဖေ၊ ဖေဖေ အရမ်းနာနေတယ်လို့ ဖေဖေ့ကို ငိုပြီး ပြောလိုက်တယ်။

ဒါပေမယ့် အဖေက အဲဒီအခန်းထဲက မီးဖိုကို စိုက်ကြည့်နေတယ်။

အဆုံးမှာတော့ သူက သမီးကို လှည့်မကြည့်ဘဲ သေတ္တာထဲကို ပြာတွေ အများကြီး ထည့်လိုက်တယ်။

သူသမီးကိုမလိုချင်တော့ဘူး...သူသမီးကိုမလိုချင်တော့ဘူး...

ဝူး....ဝူး....။"

ကလေးမလေးက ကျယ်လောင်စွာ အော်ငိုပြီးတော့ “သူ သမီးကို လိမ်နေတာ။ ခဏခဏ ပုန်းနေပေမယ့် သူ သမီးဆီ ဘယ်တော့မှ မလာရှာတော့ဘူး။ သူ သမီးကို မချစ်တော့ဘူး၊ သူ သမီးကို တကယ် မလိုချင်တော့ဘူး… !"

All Chapters