← Chapters

သူတို့အားလုံးက လူဆိုးတွေ

Vol. 3 Ch. 37

သူတို့အားလုံးက လူဆိုးတွေ

Vol. 3 Ch. 37

ကလေးမလေးက လုံးဝကြောက်စရာကောင်းမနေပါဘူး။

သူမက ယခုအချိန်မှာ အနည်းငယ် အားကိုးရာမဲ့ပြီးတော့ သနားစရာကောင်းနေပါတယ်။

သူ့အဖေက သူမကို ဘာကြောင့် မျက်ကွယ်ပြုထားလဲဆိုတာ သူမ နားမလည်နိုင်ပေမယ့်လည်း သူမနဲ့တူတဲ့ တခြားမိန်းကလေးတစ်ယောက်အတွက် အရမ်းဝမ်းနည်းနေတယ်။

သူမကမ္ဘာမှာတော့ သေခြင်းတရားက ဘာလဲဆိုတာကို မသိသေးပါဘူး ပြီးတော့ သူမဘယ်သူလဲဆိုတာကိုတောင် မသိသေးပါဘူး။

သူမရဲ့ အဖြစ်အပျက်တွေကို ကြားလိုက်ရတော့ ပရိသတ်တွေက အံ့အားလည်းသင့်ပြီး စိတ်လည်းပူနေခဲ့ကြပါတယ်။

ထူးခြားစွာနဲ့ပဲ သူမက မကောင်းတာပြုလုပ်ဖို့ လုံးဝ ရည်ရွယ်ချက်မရှိပါဘူး။ ဒါဆို ပျောက်ဆုံးနေတဲ့ လူသုံးဦးက အသက်ရောရှင်နေသေးသလား?။

သူတို့ရှေ့က ထိုကဲ့သို့ နတ်ဆိုးဆန်ဆန်ကလေးမလေးက လူများကို ကြောက်လန့်သွားအောင် ခြောက်လန့်နိုင်သော်လည်း သူမက ထိုလူများကို အန္တရာယ်ပြုနိုင်ခြေမှာ အလွန်နည်းပါးပါသည်။

ဒါပေမယ့် မတ်လ ၂၆ ရက်နေ့ ကစလို့ နှစ်လနီးပါးတောင် ရှိနေခဲ့ပြီ။

နှစ်လအတွင်း ပျောက်ဆုံးနေသူ သုံးဦး အသက်ရှင်ကျန်ရစ်ဖို့ အခွင့်အလမ်းက ဘယ်လောက်များရှိမှာလဲ?။

ဒီမေးခွန်းကို တွေးပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေ သူတို့နှလုံးသားထိတောင် အေးစိမ့်သွားတယ်။

ကျန်းရီသည် ထိုသို့ အဆိုးမြင်သူမဟုတ်ပေ။ ကလေးမလေးက စကားပြောလို့ပီးတာကိုတွေ့တော့ သူက " ရှောင်ယုရေ မင်းမိဘတွေကို တွေ့ချင်လား" လို့ ညှင်သာစွာမေးလိုက်သည်။

"သမီး တွေ့ချင်တာပေါ့၊ ဒါပေမယ့် သူတို့က သမီးကို မမြင်နိုင်၊ သမီးပြောတာကို မကြားနိုင်ဘူးလေ"

"အဖွားက သမီးကိုမြင်နိုင်တာကို မေ့သွားပြီလား။ သမီးရဲ့မိဘတွေကို တွေ့အောင်ကူညီပေးရင် သမီးအစ်ကို့ကို တစ်ခုခုကတိပေးနိုင်မလား"

ကျန်းရီ စကားပြောနေစဉ်မှာပဲ ကလေးမလေးက ခေါင်းကိုမော့ပြီး ဖုန်းထဲက သူ့ကိုကြည့်လိုက်တယ်။ မဆိုင်းမတွ ခေါင်းညိတ်ပြပြီးတော့ "ဒါဆို သူတို့က သမီးကိုတွေ့မှာလား။"

"ဟုတ်​တယ်​ သမီးလိုချင်​ရင်​ အခု​တွေ့နိုင်​တယ်​"

"ကောင်းပြီ ဒါဆို သမီးမိဘတွေကို ဘယ်တော့တွေ့ရမှာလဲ"

"သမီးအဖေနာမည်ကို မှတ်မိလား"

"မှတ်မိပါတယ်၊ သူ့နာမည်က ကျင်းချန် ပါ၊ သမီးအမေက ဟွမ်းနင် ပါ။ သမီးအဖေက မြို့ဆေးရုံမှာ ဆရာဝန်ဖြစ်ပြီးတော့ အမေက ကျောင်းဆရာမပါ။"

ကျန်းရီက ချင်းဟိုကို ကြည့်လိုက်ပြီးတော့ "အရာရှိချင်း မိုးမလင်းခင် တွေ့အောင်ရှာရမယ်။ သူတို့ Qingzhou နဲ့ သိပ်မဝေးပါစေနဲ့လို့ပဲ မျှော်လင့်ရတယ်။"

"ကောင်းပြီ၊ စိတ်မပူပါနဲ့၊ သက်ဆိုင်ရာ အလုပ်အကိုင်နဲ့ နာမည် အချက်အလက်တွေနဲ့ ရှောင်ယုတို့ အရင်က ဖြစ်ပျက်ခဲ့တာတွေနဲ့ ပေါင်းစပ်လိုက်ရင် သူတို့ကို ရှာရတာ လွယ်ပါတယ်။"

ချင်းဟိုက တုံ့ပြန်လို​က်ပြီး ဗျူရိုကို အမြန်ခေါ်ကာ ကျင်းချန် နှင့် ဟွမ်းနင်တို့၏ အချက်အလက်များကို စုံစမ်းရန် လူအင်အားကို အသုံးပြုခဲ့သည်။

ချင်းဟို ပြောတဲ့အတိုင်းပါပဲ စုံစမ်းမှုက မြန်ဆန်ပြီးတော့ ကျန်းရီက ကျင်းချန်ရဲ့ ဖုန်းနံပါတ်ကို တစ်နာရီတောင်မကြာလိုက်ဘူး ရခဲ့တယ်။

ကျန်းရီက ခေါ်လိုက်တယ်။ ဖုန်းက ဆယ်စက္ကန့်ကျော်ကြာအောင် မြည်ပြီးနောက် "ဟယ်လို ဘယ်သူပါလဲ"

"ဟယ်လို၊ ဒါ မစ္စတာကျင်းချန် ပါလား။"

"ဟုတ်ပါတယ် မင်းက?။"

"မင်းနဲ့ စကားပြောမယ့်သူရှိတယ်။ သူ့အသံကို မှတ်မိသေးလားတော့ မသိဘူး၊ ဒါပေမယ့် သူက တစ်ချိန်က မင်းရဲ့ အရင်းနှီးဆုံး ဆွေမျိုးဖြစ်ခဲ့ပြီးတော့သူ့အသံကို ကြားလိုက်တာနဲ့ မင်း အရမ်းစိတ်မလှုပ်ရှားဖို့ ငါမျှော်လင့်တယ်။"

ကျန်းရီက သူ့အား ကြိုကာပြောလိုက်ပြီးနောက် ကလေးမလေးအား "ရှောင်ယု ဖေဖေလို့ ခေါ်လိုက်"

"အဖေက တကယ်ကြားရမှာလား"

"အင်း"

"ဖေဖေ?"

ရှောင်ယုက အစမ်းသဘောနဲ့ခေါ်လိုက်ပေမယ့် ဖုန်းရဲ့တစ်ဖက်က ကျင်းချန် ကတော့ တိတ်ဆိတ်နေပါတယ်။

အချိန်တွေက စက္ကန့်နဲ့အမျှ ရွေ့လျားနေပြီးတော့ တဖက်က လှုပ်ရှားမှုမရှိသေးပါဘူး။

မိနစ်ဝက်နီးပါးကြာပြီးနောက် ရှောင်ယုက စိတ်ပျက်လက်ပျက်နဲ့ "ဖေဖေက မကြားရပါဘူး၊ သူက ဘယ်တော့မှ မကြားရတော့ဘူး"

"ငါ..ကြားနိုင်တယ်! ငါ..ကြားရပါတယ်! မင်းဘယ်သူလဲ၊ အဲဒီကလေးမလေးက ဘယ်သူလဲ၊ ဒါရှောင်ယုရဲ့အသံပဲ။ ဒီအသံကို ငါဘယ်လိုလုပ်မေ့နိုင်မလဲ။ အဲဒါ ငါ့သမီး!"

ဖုန်း၏အခြားတစ်ဖက်ရှိ ကျင်းချန်၏အသံသည် အလွန်တုန်လှုပ်သွားကာ သူပြောသမျှကို မကြားနိုင်လောက်အောင်ပင် စိတ်လှုပ်ရှားနေသည်။ ရှောင်ယုက အံ့အားသင့်သွားကာ "ဖေဖေ၊ သမီးပြောတာကို ကြားရလား? ဖေဖေ သမီးကို ဘာကြောင့် မတွေ့ချင်ယောင်ဆောင်နေတာလဲ။ သမီး ဖေဖေ့နားမှာ အချိန်အတော်ကြာကြီးရပ်နေတာတောင် ဖေဖေက သမီးကိုဘဘယ်တော့မှ မကြည့်ဘူး။"

သူမက ပြောနေရင်းနဲ့ ထပ်ငိုပြန်သည်။

ဖုန်းရဲ့ အခြားတစ်ဖက်ကနေ ပြုတ်ကျသံကြားလိုက်ရသည်။ ကျန်းရီက "မစ္စတာကျင်း၊ အခုအချိန်မှာ ကိစ္စတွေက မင်းထင်သလိုမျိုး မဟုတ်ဘူး၊ ရှောင်ယုကိုတွေ့ချင်ရင် အခုမင်း စိတ်တည်ငြိမ်အောင် ထားရမယ်။"

"ကောင်းပြီ ငါမင်းကို ကတိပေးတယ်၊ ငါ မင်းကို ဘာပဲဖြစ်ဖြစ် ကတိပေးတယ်။ သူမသေသွားပြီဆိုတာ သိနေရင်တောင်မှ ငါမင်းကို ကတိပေးသေးတယ်၊ သူမအသံလေးကို ကြားရဖို့ပဲ မင်းကို တောင်းဆိုတာပါ ဟုတ်ပြီလား၊ ငါးနှစ်၊ ငါးနှစ်၊ နေ့တွေညတွေ မရေတွက်နိုင်အောင် ကြာသွားခဲ့တာတောင် သူမ ငါ့ကမ္ဘာထဲက ထွက်သွားခဲ့တာကို မယုံနိုင်သေးဘူး!"

ကျင်းချန်၏ စိတ်ဓာတ်များ ဆိုးရွားစွာ ကျဆင်းနေခဲ့ပြီးတော့ ကျန်းရီက သက်ပြင်းချကာ "မင်း အခု ဘယ်မှာလဲ၊ Qingzhou နဲ့ တော်တော်ဝေးလား"

"သိပ်မဝေးပါဘူး နှစ်ရာ ကီလိုမီတာလောက်ပါပဲ"

"ကောင်းပြီ၊ အခု မင်းရဲ့မိန်းမနဲ့ Qingzhou မှာရှိတဲ့ R&F အဆောက်အဦးရဲ့ ၁၄ လွှာကို အမြန်ဆုံးလာခဲ့ပါ။ မင်းကို အဲ့ဒီမှာစောင့်နေမယ်။ မှတ်ထားပါ မိုးမလင်းခင်ရောက်အောင် လာရမယ်ဆိုတာကို။"

"ကောင်းပါပြီ ငါချက်ချင်း လာခဲ့လိုက်ပါ့မယ် ၊ ကျေးဇူးပြုပြီးတော့ အဲ့မှာပဲ စောင့်နေပေးပါ!"

ကျင်းချန်က ပြောပြီးတော့ ဖုန်းကိုချလိုက်သည်။

ကျန်းရီက ရှောင်ယု ကိုကြည့်လိုက်ပြီး "သမီးအဖေ အခုလာနေပြီ၊ ​​ဒါပေမယ့် ဒီကိုရောက်ဖို့ အချိန်နည်းနည်းကြာလိမ့်မယ်၊ ဒါကြောင့် ရှောင်ယုက အကို့ကိုကူညီရမယ့်အချိန်ရောက်ပြီ"

"ကောင်းပြီ သမီးကူညီပါ့မယ်။"ဟု ကလေးမလေးက ယုံကြည်မှုရှိစွာနဲ့ ပြောလိုက်တယ်။

ကျန်းရီက ထန်းဟိုင်ကုမ္ပဏီကို ညွှန်ပြလိုက်ပြီးတော့ "ဒီရုံးခန်းကို သိတယ် မလား၊ အဲ့ဒီထဲမှာ သမီးဦးလေး အဒေါ်တွေနဲ့ ဂိမ်းဆော့ဖူးလား။ အဲ့ဒီအဖွားထိုင်နေတဲ့ ကုလားထိုင်မှာပဲ"

"အင်း၊ သမီးသူတို့ကို ဝှက်ထားတယ်။" ကလေးမလေးက မဆိုင်းမတွပြောလိုက်သည်။

ကျန်းရီက ဒါကိုကြားတော့ ဝမ်းသာအားရနဲ့ "ဒါဆို အခု သူတို့ဘယ်မှာလဲ"

"အင်း...အဲ့ဒီဦးလေးတို့ အဒေါ်တို့က လူကောင်းတွေ မဟုတ်ဘူးမလား" ကလေးမလေးသည် ရုတ်တရက် ချီတုံချတုံ ဖြစ်လာသည်။

"ဟမ်.. လူကောင်းမဟုတ်ဘူး?" ကျန်းရီကအနည်းငယ် အံ့သြသွားသည်။

ကလေးမလေးက အထပ်ထပ်အခါခါ ခေါင်းညိတ်ပြလိုက်ပြီး- "အဲဒီနေ့က သမီးဖွက်ထားတဲ့ဦးလေးတစ်ယောက်နဲ့ အဒေါ်တစ်ယောက် ကားထဲမှာ ရှိနေခဲ့တာ။ သူတို့က တိုးတိုးလေးစကားပြောနေတာ။ သမီးကြားတာကတော့ အဒေါ်ကြီးက ဦးလေးကို သူ့ကို လက်မထပ်ရင် အထဲက ကလေးကို သတ်ပစ်မယ်လို့ ပြောနေတာ။"

"ကလေးက ဒီလောက်ချစ်စရာကောင်းတာကို၊ ဘာလို့သတ်ရမှာလဲ? အဲဒီတုန်းက ဦးလေးက ဆက်တိုက်တောင်းပန်နေတာ။ သူကို လူကောင်းတစ်ယောက်လို့ ထင်ခဲ့ပေမယ့် အိမ်ပြန်ရောက်တိုင်း နောက်အဒေါ်တစ်ယောက်ကို ရိုက်လိမ့်မယ်လို့ သမီးမမျှော်လင့်ထားခဲ့ဘူး။ သမီးသူ့ကို တားဖို့အကြိမ်ကြိမ်ကြိုးစား​ခဲ့ပေမယ့် တားလို့မရခဲ့ဘူး။ အဲ့ဒါနဲ့ သမီးလည်း ဒေါသအရမ်းထွက်ပြီးတော့ သူ့ကို ဖွက်ထားလိုက်တယ်။"

ရှောင်ယွီ၏ပါးစပ်မှ ဤအဖြစ်အပျက်များအကြောင်းဆုံ ထွက်ပေါ်လာသောအခါ အားလုံးက ဆွံ့အသွားကြတယ်။ ပျောက်နေတဲ့ လီချင်း နှင့် ဝမ်လီ တို့ကြားမှာ ဤကဲ့သို့ ကိစ္စမျိုး ရှိခဲ့မယ်လို့မထင်ထားခဲ့ကြပါဘူး။

"တခြား ဦးလေးကြီးကကော။"

“အဲဒီဦးလေးက ပိုလို့တောင် မကောင်းသေးတယ်။ သန့်စင်ခန်းထဲမှာ အစ်ကိုအသစ်တစ်ယောက်ကို အနိုင်ကျင့်တာ မကြာခဏတွေ့ဖူးတယ်။ အစ်ကိုအသစ်ကို ကြိမ်ဖန်များစွာ ဆူပူကြိမ်းမောင်းပြီး ငိုအောင်လုပ်တယ်။ ဆဲဆိုနေတာတွေကလည်း ကြားလို့မကောင်းဘူး။ အသစ်ရောက်လာတဲ့အကိုက သနားစရာကောင်းနေလို့ သမီး အဲဒီ့ဦးလေးကိုလည်း ဝှက်ထားလိုက်တယ်။"

ရှောင်ယု၏အသံဆုံးသွားသောအခါ ချင်းဟိုသည် သန့်ရှင်းရေးအဒေါ်ကို ထိတ်လန့်စွာကြည့်ကာ သန့်ရှင်းရေးအဒေါ်သည်လည်း ချင်းဟိုကို ထိတ်လန့်စွာကြည့်နေသည်။

ကျန်းရီသည်လည်းပဲ တစ်စက္ကန့် သို့မဟုတ် နှစ်ချက်လောက် ဆွံအသွားပြီး ရယ်ရမလိုငိုရမလိုနဲ့ "ဒါဆို... သူတို့သုံးယောက် ဘယ်မှာလဲ?"

“သူတို့အားလုံးကို တောင်ပေါ်မှာ သမီးဝှက်ထားတယ်။

အဖေနဲ့အတူ အဲဒီတောင်ကို သွားခဲ့တုန်းက အဲ့ဒီမှာ ဂူတစ်ဂူရှိနေတယ်ဆိုတာ သိခဲ့တယ်။ ဒါကြောင့် သူတို့အားလုံးကို အဲ့ဂူထဲ ပစ်ချခဲ့တယ်။

ဒါပေမယ့် သမီး သူတို့ကို နေ့တိုင်း အစာပေးပါတယ်။

သူတို့အားလုံး အဆင်ပြေနေပါတယ်၊ ဒါပေမယ့် ညစ်ပတ်ပြီး နံစော်နေတဲ့အတွက် သမီးသူတို့ကို ဂရုမစိုက်ခဲ့တော့ဘူး၊ နောက်ပီး သမီး သူတို့ကိုလည်း ပြန်မလွတ်ချင်ဘူး၊ မဟုတ်ရင် နောက်တစ်ခါ ထပ်ဆိုးတာတွေ လုပ်လိမ့်မယ်!”

ကျန်းရီက အံ့သြလွန်းလို့ ဘာမှတောင် မပြောနိုင်တော့ပါဘူး။

ဒီလို အဆော့သန်တဲ့ သရဲကို သူ တစ်ခါမှ မတွေ့ဖူးခဲ့ဘူး။

လီချင်း နှင့် ဝမ်လီ တို့ ပျောက်ဆုံးသွားခြင်းက သူတို့၏ ဆက်ဆံရေးနှင့် အမှန်တကယ်ကို သက်ဆိုင်နေခဲ့ပါတယ်။ လီချင်းက သူမအား လက်ထပ်ရန် အတင်းအကြပ် ခိုင်းစေခဲ့ကာ ဗိုက်ထဲက ကလေးနှင့်ပင် ခြိမ်းခြောက်ခဲ့သည်။ ရှောင်ယုအတွက်ကတော့ ဒါဟာ လူဆိုးတစ်ယောက်ရဲ့ လုပ်ရပ်ပင်ဖြစ်သည်။

လီကျန်းဖန် အတွက်ကတော့ ဘယ်ကောင်မှမကြောက်ဘူး ဘာလေးညာလေးနဲ့ သတ္တိရှိသလိုလို မိုက်သလိုလိုနဲ့ နောက်ဆုံးမှာ ဖင်ပြဲအောင် အော်ငိုသွားတဲ့သူကတော့ လူသစ်တွေကို အနိုင်ကျင့်တာကြောင့်ပဲ ရှောင်ယုရဲ့ မျက်လုံးထဲမှာတော့ လူဆိုးတစ်ယောက်ပဲ ဖြစ်ပါတယ်။

သူတို့ သုံးယောက်က အမှားတွေလုပ်မိခဲ့တယ်။ ဖြစ်ချင်တော့ စည်းပိတ်ထားတာကနေ လွတ်မြောက်လာတဲ့ နတ်ဆိုးလေးတစ်ကောင် ပေါ်လာပြီး သူတို့သုံးယောက်ကို ပြုစုစောင့်ရှောက်ပေးခဲ့တယ်။ ဒီအချိန်မှာ သူတို့ဟာ ဂူထဲမှာ လူရိုင်းတွေလိုမျိုး နေထိုင်နေကြရပီပဲ ဖြစ်ပါတယ် ။

All Chapters