ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ
Vol. 3 Ch. 38
ဒီကိစ္စရဲ့အမှန်တရားက တကယ်ကိုပဲ ရယ်စရာကောင်းနေသော်လည်း၊ လက်သည် တရားခံက သုံးလေးနှစ်သာရှိသေးသော နတ်ဆိုးလေးတစ်ကောင် ဖြစ်နေတဲ့အခါမှာတော့ အရာအားလုံးက အကြိုးအကြောင်းညီနေပုံရသည်။
ဒါပေမယ့် ခေါင်းဆောင်ကျင်းက ဘာဖြစ်သွားတာလဲ။
"ရှောင်ယု ၊ ဒီညလာခဲ့တဲ့ ရဲသားဦးလေးကြီးကကော၊ သူကရော...လူဆိုးပဲလား"
ကျန်းရီက မေးလိုက်သည်။ တခါတရံ သရဲတစ္ဆေတွေက လူတွေထက်ပိုပြီးတော့ အခြားလူတစ်ယောက်ရဲ့ အတွင်းစိတ်ကို အမှန်ပင် မြင်နိုင်ပေသည်။
ရှောင်ယုက အဲ့ဒါကို လေးလေးနက်နက် တွေးပြီးတော့"အဲ့ဒီရဲသား ဦးလေးကြီးက အရမ်းရုပ်ဆိုးတယ်။ သူ့မျက်နှာမှာ ကြောက်စရာကောင်းတဲ့ အမာရွတ်ကြီးရှိနေတယ်!"
"ငါ့……သောက်ကြိုးနည်း.."
ချင်းဟိုက တစ်ခဏလောက် ဆွံ့အသွားပြီးတော့ မနေနိုင်ဘဲ ရှင်းပြလိုက်တယ်- "ခေါင်းဆောင်ကျင်းက သိပ်အကောင်းကြီးတော့မဟုတ်ပါဘူး၊ ဒါပေမယ့် သူ့မျက်နှာက အမာရွတ်က လူသတ်သမားကို လိုက်ဖမ်းတဲ့အခါတုန်းက ကျန်နေခဲ့တာပါ။ အဲဒီလူက နဖူးကနေ နားရွက်အထိ ကုတ်ခြစ်လိုက်တာပါ၊ အဲ့ဒါက တော်တော်လေးတော့ ကြောက်စရာကောင်းပုံရတယ်။ အထူးသဖြင့် သမီးတို့လို ကလေးတွေအတွက်ပေါ့။
"ဒါပေမယ့် အဲ့ဒီအန်ကယ်ရုပ်ဆိုးက ဘာလို့ ဒီလူဆိုးတွေကို လိုက်ရှာနေတာလဲ၊ ရဲတွေက လူဆိုးတွေကို ဖမ်းသင့်တာ မဟုတ်ဘူးလား၊ သူက သူတို့ကို ကယ်တင်ချင်တယ်လို့ ဆက်တိုက်ပြောနေတော့ ဦးလေးရဲကို လူကောင်းတစ်ယောက်လို့ မထင်ဘူးလေ"
လောကကြီး၏ လေးနက်သောအမှန်တရားများကို နားမလည်နိုင်ကြသေးတဲ့ ကလေးများနှင့် ကျိုးကြောင်းယှဥ်ပြောဖို့ရာ မဖြစ်နိုင်ပေ။
ဤအခိုက်အတန့်တွင် အမှန်တရားက ထွက်ပေါ်လာခဲ့ပြီး ရှောင်ယွီ၏နှုတ်မှ ထွက်ကျလာသော စကားများသည် လူအများကို ဆွံအအံသြသွားစေခဲ့သည်။
ဒါပေမယ့် ဒီကိစ္စကို ပြေလည်အောင် ဖြေရှင်းရပေအုံးမည်ဖြစ်သည်။ ကျန်းရီက "သမီး ဝှက်ထားတဲ့ လူသုံးယောက်က သူတို့မှားမှန်းကို သိပီလား"
"သိပြီလို့တော့ထင်တယ် ဒါပေမယ့် သမီးသူတို့နဲ့ စကားမပြောချင်ဘူး။ သူတို့ဆီသွားတိုင်း စားစရာတွေပစ်ချခဲ့ပြီး ပြန်ထွက်လာခဲ့တာ"
"ကောင်းပြီ၊ သူတို့အမှားကို သိနေပြီလို့တော့ အကိုထင်တယ်၊ ဒါကြောင့် ရှောင်ယုရေ သမီးဘေးနားက အကိုရဲကို သူတို့ကိုရှာခိုင်းဖို့ တစ်ယောက်ယောက်ကို ခေါ်ခိုင်းလို့ရမလား"
"ဟမ်..ကောင်းပြီလေ၊ သူတို့ကြည့်ရတာ အခြေအနေကောင်းပုံမရဘူး။"
ရှောင်ယုကခေါင်းညိတ်လိုက်ပြီး တည်နေရာကို ပြောပြလိုက်သည်။ ချင်းဟိုက ဗျူရိုကို အမြန်အကြောင်းကြားပြီး ပျောက်ဆုံးနေသူ သုံးဦးကို ရှာဖွေခဲ့သည်။
နှစ်နာရီသုံးနာရီလောက်အကြာတော့ ကျန်းရီက ကျင်းချန်ကို ထပ်ခေါ်လိုက်တယ်။
သိပ်မကြာလိုက်ပါဘူး ကျင်းချန်ရဲ့ အသံကိုကြားလိုက်ရတယ်၊ "ကျွန်တော် R&F အဆောက်အဦးရဲ့ အောက်ထပ်မှာ ရောက်နေပီ။ ခုချက်ချင်း တက်လာခဲ့မယ်။ မင်းရှိသေးလား"
"ကျွန်တော်ရှိပါတယ်။"
ကျန်းရီက ဖုန်းချလိုက်ပြီး ရှောင်ယု ကို "သမီးမိဘတွေ ရောက်နေပြီ ရှောင်ယု ကျေးဇူးပြုပြီး သူတို့နဲ့ စကားပြောလိုက်ပါ"
"တကယ်လား?"
"အမှန်ပဲ"
ကျန်းရီက ပြုံးပြီး ခေါင်းညိတ်လိုက်ပြီးတော့ မကြာခင်မှာ စုံတွဲတစ်တွဲ သူတို့ရှေ့မှာ ပေါ်လာခဲ့တယ်။
ရှောင်ယုကို ချက်ချင်းတွေ့လိုက်ကြပြီး ရှောင်ယု ကလည်း သဘာဝအတိုင်း သူတို့ကိုမြင်လိုက်ရသည်။
သုံးယောက်သား တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ထားကြပြီး ငိုနေကြသည်ကို တွေ့လိုက်ရသောအခါ ကျန်းရီနှင့် ပရိသတ်အားလုံး၏ မျက်နှာပေါ်တွင် အပြုံးကိုယ်စီ ရှိနေခဲ့ကြသည်။
ဒါပေမယ့်လည်း ကျင်းချန်က လျင်မြန်စွာသတိဝင်လာပြီး " ဘာတွေဘယ်လို ဖြစ်နေတာလဲ"
"သူမက လူတွေနဲ့ တူတူပုန်းတမ်းကစားရင်း ဒီမှာရှိနေခဲ့တာ။ သူမဘယ်မှာဘဲ ပုန်းနေပါစေ မင်းကသူ့ကိုတွေ့အောင်ရှာမှာလို့ ပြောတယ်။ ဒါကြောင့် မင်းတို့နှစ်ယောက်ကို ဒီမှာစောင့်နေခဲ့တာ"
ကျန်းရီက ရှင်းပြလိုက်သည်။ ကျင်းချန်က သူ့ပွေ့ဖက်မှုက လေကို ဖက်ထားသလိုမျိုး ဖြစ်နေတာတောင် ဂရုမစိုက်ဘဲ ရှောင်ယုကို သူ့ရင်ခွင်ထဲမှာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားဆဲပါ။
သူတို့မိသားစုလေးသည် ဤသို့ခက်ခက်ခဲခဲ ရခဲသော ပြန်လည်ဆုံဆည်းမှုကို ပျော်ရွှင်နေချိန်တွင်၊ နောက်ထပ်အကြောင်းအရာတစ်ခုကို တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းတွင် ဆွေးနွေးနေခဲ့သည်။
ကြည့်ရှု့သူ A-"အဲဒီအသံသွင်းထားတဲ့ သုံးခုကို နားထောင်လိုက်ရင်းနဲ့၊ ဒီလို ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုပြီးရဲ့ နောက်ဆုံး အမှန်တရားက ဒီလိုဖြစ်လိမ့်မယ်လို့ ဘယ်လိုမှ မထင်ခဲ့မိဘူး။"
ကြည့်ရှု့သူ B-"ဟုတ်တယ်၊ သူတို့မိသားစု သုံးယောက် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်နေတာကို တွေ့လိုက်ရတော့ အရမ်းကိုကြည်နူးရတယ်။ ဒါပေမယ့် စတွင်မာရေ ရှောင်ယုက အချိန်တန်ရင် ထွက်သွားရမှာပဲ မဟုတ်လား"
ကျန်းရီက ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်၊ ရှောင်ယုဟာ လူသားတစ်ယောက်မဟုတ်တော့ဘူး"
ကြည့်ရှု့သူ C-"ဟုတ်တယ်၊ သူမက ချစ်စရာကောင်းနေသေးပေမယ့်လည်း လူသားတစ်ယောက် မဟုတ်တော့ဘူးလေ၊ ငါတို့က သူမကို သူမမိဘတွေနဲ့ အတူရှိနေစေချင်ပေမယ့်လည်း ဒီလောကကြီးမှာ ရှိနေလို့ သူမအတွက် ဘာအကျိုးကျေးဇူးမှ မရှိဘူးလေ ဟုတ်တယ်မလား? မြန်မြန် လူပြန်ဝင်စားသင့်တယ်။ ”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များက ဆင်ခြင်တုံတရားရှိနေဆဲဖြစ်ပြီး ဤကိစ္စကို မည်သို့ဖြေရှင်းရမည်ကို ကောင်းစွာသိနေပါသည်။
ကျန်းရီက အချိန်ကိုကြည့်လိုက်တော့ မိုးလင်းဖို့က သိပ်မကြာတော့ဘူးဆိုတာကိုတွေ့တော့ "မစ္စတာကျင်း မိုးမလင်းခင် ဘာလုပ်ရမယ်ဆိုတာ မင်းသိတယ်လို့ထင်တယ်" လို့ပြောလိုက်တယ်။
"ငါ...ငါသူမကို ငါတို့နဲ့အတူ တချိန်လုံး ရှိနေပေးလို့ မရဘူးလား? မင်းဘယ်သူလဲဆိုတာ ငါမသိပေမယ့် သူမကိုတွေ့လို့ရအောင် လုပ်ပေးနိုင်တဲ့အတွက် မင်းက တော်တဲ့ဆရာတစ်ယောက် ဖြစ်ရမယ်။ သမီးလေးဟာ ဘယ်လို သရဲတစ္ဆေ ဖြစ်နေပါစေ၊ သူမကို စောင့်ကြည့်ပြီး ကာကွယ်ပေးသွားမှာပါ၊ ငါသူမကိုဘယ်သူ့ကိုမှ မထိခိုက်စေရအောင် ထားပေးမှာပါ!"
ကျင်းချန်က တောင်းပန်လိုက်သည်။ ကျန်းရီက ခေါင်းခါရင်း “မင်းတို့ ဇနီးမောင်နှံက မှန်ကန်ဆုံးရွေးချယ်မှုက ဘာလဲဆိုတာ ကောင်းကောင်းသိပါတယ်။
ငါလုပ်နိုင်တာက မင်းတို့နဲ့သူမကို တကယ်နှုတ်ဆက်ခွင့်ရဖို့ပဲ။
ရှောင်ယုရဲ့ အရင်က အဖြစ်အပျက်တုန်းက အဲဒီအချိန်မှာ မင်းတို့ အဖေနဲ့သမီး စကားတစ်ခွန်းတောင် ပြောဖို့အချိန်မရလိုက်ဘူး ဟုတ်တယ်မလား?"
"ငါ……"
"ကောင်းပြီ၊ ငါ မင်းကို လမ်းကြောင်းတစ်ခုပေးလိုက်မယ်၊ ပြီးရင် မင်းသူမနဲ့ အတူတူ မောင်းပြီး သူမအတွက် ဒီကမ္ဘာကြီးရဲ့ နောက်ဆုံးခရီးအနေနဲ့ ခေါ်သွားပေးနိုင်တယ်။"
ကျင်းချန်သည် ကူရာမဲ့နေသော်လည်း ကျန်းရီ၏ စကားကို နားထောင်ခဲ့သည်။ ကျန်းရီ၏ လမ်းညွှန်မှုအောက်တွင် သူတို့သည် Qingzhou မှ ထွက်ခဲ့လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုကိုတော့ ဆက်လက်လုပ်ဆောင်နေခဲ့ပြီး အလွန်ဝေးလံခေါင်သီသော လမ်းတစ်ခုဆီသို့ မောင်းသွားခဲ့သည်။ ကျန်းရီက "ဒီမှာ ရပ်လိုက်ပါ ရှောင်ယုရေ ဒီလမ်းအတိုင်း ဆက်လျှောက်သွားလိုက်ပါ ပြီးရင် အလင်းရောင်လေးတစ်ခုကို သမီးမြင်ရလိမ့်မယ်။ အဲ့အလင်းရောင်ကို မြင်လိုက်တဲ့အခါ မကြောက်ပါနဲ့၊ အလင်းရောင်ဆီကို ဆက်လျှောက်လိုက်ပါ၊ ဟုတ်ပြီလား?"
"ကိုကြီး အနာဂတ်မှာ သမီး တကယ် နေရောင်အောက်မှာ ပြန်ရပ်နေနိုင်ပါ့မလား"
ရှောင်ယုက မေးခွန်းတစ်ခုမေးလိုက်ပြီး ကျန်းရီက ပြုံးပြီး ခေါင်းညိတ်ပြလိုက်တယ် "ရပ်နိုင်တာပေါ့ ရှောင်ယုလေးရဲ့ ဒါပေမယ့် သမီးစောင့်ရလိမ့်မယ်။ အချိန်တန်ရင် သမီးပြန်ကြီးလာလိမ့်မယ်"
"ကောင်းပြီ ဒါဆို သမီးကိုကြီးစကားကို နားထောင်မယ်။"
ကျင်းချန် နှင့် သူ့ဇနီးသည် ကားပေါ်မှ ဆင်းမလာခဲ့ပေ။ သူတို့ပြောစရာရှိတာ အကုန်ပြောပြီးပြီဖြစ်သည် ။ ယခု မိဘများအနေဖြင့် လုပ်သင့်သည့် တစ်ခုတည်းသောအရာမှာ သမီးဖြစ်သူကို တိတ်တိတ်ဆိတ်ဆိတ် လိုက်ပို့ပေးဖို့သာ ဖြစ်သည်။
ကားထဲမှာ ကျင်းချန် နဲ့ သူ့မိန်းမက ငိုနေပြီးတော့ အလင်းစက်လေးကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည် ။
ရှောင်ယု ထွက်သွားပြီးနောက် မိုးလင်းလုနီးဖြစ်နေပြီဖြစ်သည်။ ကျန်းရီက " ပြန်လို့ရပါပြီ။ နေထွက်လာတဲ့အခါ ရှောင်ယု နဲ့ မင်းတို့အတွက်က ဘဝအသစ် ပြန်လည်စတင်တဲ့ အချိန်ပါပဲ"
"ကျေးဇူးတင်ပါတယ် မစ္စတာကျန်း၊ ကျွန်တော်တို့ကို ဒီလိုအခွင့်အရေးပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။"
" ရပါတယ် "
ကျန်းရီက ပြောလိုက်တယ်။ အဲ့အချိန် ကျင်းချန်က ကားကို ကွေ့လိုက်ပြီး သူ့ဖုန်းရဲ့ ကင်မရာကလည်း ကားနဲ့အတူ လှည့်ပါသွားတာပေါ့။
အဲ့ဒီအချိန်မှာ ကျင်းချန်ရဲ့ ကားရှေ့ကို အပြာနဲ့ အစိမ်း စပ်ထားတဲ့ တက္ကစီတစ်စီးက အမှန်တကယ်ကို လျင်မြန်လွန်းလှတဲ့အရှိန်နဲ့ ဖြတ်သွားတယ်။
ကားပေါ်တွင် "AIRBUS" ဆိုသော ဆိုင်းဘုတ်ရှိနေသည်။ ဒါပေမယ့်လည်း ဒီလမ်းက တောတောင်တွေ သစ်တောတွေက ဝန်းရံထားတာ ပြီးတော့ နောက်ဘဝကို ကူးဖို့အတွက် သွားရတဲ့လမ်းလည်း ဖြစ်နေတယ်လေ။ တက္ကစီတစ်စီးက ဒီမှာ ဘာလုပ်နေတာလဲ။
တက္ကစီကားကို ပိုမိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတဲ့အခါ ကျန်းရီ၏ မျက်နှာအမူအရာက ရုတ်တရက်ပြောင်းလဲသွားပြီး "မစ္စတာကျင်း၊ မြန်မြန်လေး အဲ့ကားကိုတားလိုက်!"