← Chapters

အမျိုးသမီး ဒရိုင်ဘာ

Vol. 3 Ch. 39

အမျိုးသမီး ဒရိုင်ဘာ

Vol. 3 Ch. 39

မရဏလမ်းက ကျန်းရီ၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များအတွက်တော့ အကြွမ်းတဝင်ရှိသော နာမည်တစ်ခုဖြစ်သည်မှာ သေချာပါသည်။

နေလရေကန် သရဲသိုက်အဖြစ်အပျက်တွင် ဂျီမိသားစု၏ ဘိုးဘေးက ​သူဖုန်းရွှေပညာကိုအားကိုး၍ မရဏသို့ သွားရတဲ့လမ်းကိုရှာတွေ့ခဲ့သည်။

သူ့ရဲ့ ကျေးဇူးကန်းသော သားစဉ်မြေးဆက်တွေကို အမြစ်ဖြတ်ဖို့ ရည်ရွယ်ပြီးတော့ သူ့သင်္ချိုင်းကို မရဏကမ္ဘာကိုသွားတဲ့လမ်းမှာ ဆောက်ခဲ့ပါတယ်။

သူအသက်ရှင်စဉ်အခါက သနားစရာဖြစ်ချင်ဖြစ်မယ် ဒါပေမယ့် သူ့လိုသက်ရာကျော်အဘိုးအိုတစ်ယောက် ကွယ်လွန်ပြီးနောက် အနည်းဆုံးတော့ ဖုန်းရွှေတက်မြောက်သည့် နတ်အိုကြီးဆိုသည့် ဂုဏ်သတင်းကတော့ ကျန်ရှိနေမည်ဖြစ်သည်။ ဒါ့ကြောင့် သားသမီးများနှင့် မြေးများသည် သူ့သက်တမ်းတစ်လျှောက် အဘိုးအို၏စကားများကို ဂရုမစိုက်ပဲနေချင်နေမယ် ဒါပေမယ့် သူမသေဆုံးမီ သူ၏နောက်ဆုံးစကားများကိုတော့ နားထောင်ကြမည်ဖြစ်သည်။

ထို့ကြောင့် ဘာမှနားမလည်သော သားစဉ်မြေးဆက်များ သို့မဟုတ် လက်စားချေခြင်းခံထိုက်သော သားစဉ်မြေးဆက်များသည် အဘိုးဂျီ၏ နောက်ဆုံးစကားများကို အမှန်တကယ် နားထောင်ပြီး နတ်ရုပ်တုများကို ခေါင်းတလားတွင် ဆွဲချိတ်ထားလိုက်သောကြောင့် ထိုဒေသရှိ သေသူများ၏ ပြန်လည်ဝင်စားခြင်းလမ်းကို လုံး၀ ပိတ်ဆို့လိုက်သည်။

ယခုအချိန်တွင် ရှောင်ယုသည် လူဝင်စားဖို့ မရဏကမ္ဘာသို့သွားနေချိန်မှာ တက္ကစီတစ်စီးကချဉ်းကပ်လာသည်။ ဒါက ကျန်းရီကို ချက်ချင်းသတိကပ်စေခဲ့သည်။

မရဏကမ္ဘာသို့ သွားတဲ့လမ်းသည် လူနေကျဲပါးသောနေရာများတွင် တည်ရှိနေပြီးတော့ အထူးအကြောင်းများကြောင့်မှလွဲ၍ လူသားများ၏ အရိပ်အယောင်သည် ဤလမ်းတွင် ပေါ်လာမည်မဟုတ်ပေ။

တက္ကစီတစ်စီးက ဘာကြောင့် ဒီနေရာကို ရောက်လာရတာလဲ။ သူ့အခြေအနေကို ကြည့်ရတာတော့ သူသည် မရဏကမ္ဘာသို့ သွားချင်ပုံရသည်။

ကျင်းချန်သည် တုံ့ဆိုင်းမနေဘဲ ကားမောင်းရင်း ကားဟွန်းကို တီးကာ သူ့ကို ကြားဖြတ်တားရန် ကားကိုမောင်းသွားလိုက်သည်။

တစ်ဒါဇင်ကျော်လောက် ဟွန်းတီးပြီးနောက်၊ တက္ကစီယာဉ်မောင်းသမားသည် ရုတ်တရက် ဘရိတ်အုပ်လိုက်ကာ ကျင်းချန် နှင့် သူ့ဇနီး ကားနှင့် တိုက်မိလုနီးပါး ဖြစ်သွားခဲ့သည်။

ကားပေါ်ရှိလူသည် စက္ကန့်အနည်းငယ်လောက် ထိတ်လန့်သွားပြီး တံခါးကို အမြန်ဖွင့်လိုက်သည်။ ထွက်လာတာကတော့ အသက်သုံးဆယ်လောက်ရှိတဲ့ အမျိုးသမီးတစ်ဦးပါ။

"တောင်းပန်ပါတယ် ကျွန်မတကယ် အိပ်ငိုက်ပြီးအိပ်ပျော်သွားလို့ပါ။ အဆင်ပြေရဲ့လား အကိုနဲ့အမ"

တက္ကစီသမား၏ မျက်နှာတွင် တောင်းပန်မှုများဖြင့် ပြည့်နှက်နေသည်။ ကျင်းချန် စကားမပြောမီတွင် ကျန်းရီက ဖုန်းရဲ့တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ "မစ္စကျင်း၊ သူ့ကို ကျွန်တော့်ဖုန်းနံပါတ်ပေးပြီး ညနေ ရှစ်နာရီမှာ ဖုန်းဆက်ဖို့ ပြောလိုက်ပါ"

ကျင်းချန်က သိပ်နားမလည်ပေမယ့် သူက တက္ကစီမောင်းသမားကို လေးလေးနက်နက်ပြောလိုက်သည် "အဆင်ပြေပါတယ်၊ ဒါပေမယ့် မင်းဘာလို့ ဒီနေရာကို တစ်ယောက်တည်း မောင်းလာရတာလဲ"

"ကျွန်မလည်း မသိဘူး၊ ငါ့ရှေ့က တစ်နေရာကို ဖောက်သည်တစ်ယောက်ကို လိုက်ပို့နေတာ၊ နောက်တော့ ဘာအကြောင်းပြချက်မှမရှိဘဲ အိပ်ငိုက်သွားတယ်။ ကံကောင်းစွာနဲ့ မင်းငါ့ကို တားလိုက်တာ၊ မဟုတ်ရင် ဘယ်ကို မောင်းသွားမှန်းတောင် သိမှာမဟုတ်ဘူး။"

"ကောင်းပါပြီ၊ ဒါဆို နောက်ကားမောင်းရင် သတိထားမောင်းပေါ့။ သြော်... ဒီဖုန်းနံပါတ်ကို မှတ်ထားပြီး ဒီည သူ့ကို ဖုန်းခေါ်လိုက်ပါ"

ကျင်းချန် က ကျန်းရီရဲ့ဖုန်းနံပါတ်ကို ယာဉ်မောင်းကို ပေးခဲ့ပြီးတော့ တက္ကစီသမားက စိတ်ရှုပ်သွားကာ "ဒီဖုန်းနံပါတ်ရဲ့ ပိုင်ရှင်က ဘယ်သူလဲ?"

"စိတ်မပူပါနဲ့၊ ဒီလမ်းက သိပ်မလုံခြုံဘူး။ ဒီနေရာမှာ အကြာကြီး မနေနဲ့ မြန်မြန်ပြန်မောင်းသွားတော့။ မင်းဒီရက်တွေမှာ ထူးထူးဆန်းဆန်းတွေကြုံတွေ့နေရရင် သူ့ကိုဖုန်းဆက်လိုက်ပါ။"

အလျင်စလိုပဲပြောပြီးနောက် ကျင်းချန်က မောင်းထွက်သွားသည်။

ယာဉ်မောင်းသည် ကားပေါ်သို့ ပြန်တက်ကာ ကျန်းချန်၏ဖုန်းနံပါတ်ကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ကျန်ခဲ့သည်။

ကျင်းချန်က ပုံမှန်လမ်းအတိုင်း ပြန်မောင်းလာခဲ့ပြီး​တော့ ကျန်းရီက သူ့ကို သိပ်ရှင်းပြမနေပါဘူး။ ခေါင်းဆောင်ကျင်း ထံ သူ့ဖုန်းကိုပြန်ပေးဖို့ ပြောပြီးနောက် ဖုန်းချသွားခဲ့သည်။

ကျင်းချန်က မည်သည့်မေးခွန်းကိုမျှ မမေးခဲ့သော်လည်း တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းရှိ ပရိသတ်တွေက စပ်စပ်စုစု လုပ်ချင်နေသော ကလေးများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ကြည့်ရှု့သူ A-"စတွင်မာ အမျိုးသမီးမောင်းသမားက ဘာဖြစ်သွားတာလဲ၊ သူ အိပ်နေတုန်း ကားကို မရဏသွားတဲ့ လမ်းကို ဘာကြောင့် မောင်းနေတာလဲ"

ကြည့်ရှု့သူ B-"ဒါက တစ်ချက်ကြည့်တာနဲ့ သိသာနေတာပဲလေ ။ သူမကို သရဲပူးနေတာဖက်တယ်"

ကြည့်ရှု့သူ C-"ဒါဆို ဒီတစ္ဆေက နည်းနည်းတော့ ခပ်ဆိုးဆိုးပဲ။ လူတွေကို ကားနဲ့ မရဏဆီ တိုက်ရိုက် မောင်းခိုင်းနေတယ်။ ဒါက ပြန်လည်ဝင်စားဖို့ကို တိုက်ရိုက် ပို့လိုက်တာပဲ!"

ကျန်းရီက ဘာမှတော့ ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။ ခဏလောက်စဉ်းစားပြီးမှ “အခုက မိုးလင်းနေပြီ၊ သရဲနဲ့ပတ်သတ်ပြီး ဘယ်နေရာမှာမှ အန္တရာယ်ရှိမှာ မဟုတ်တော့ဘူး။ ဖုန်းနံပါတ်ပေးလိုက်တာပဲ ဘာမှဖြစ်လာမှာတော့ မဟုတ်ဘူး။ ညဖုန်းဆက်ရင်တော့ ငါတို့သိရမှာ​ပေါ့"

ကြည့်ရှုသူ D-"အမှန်ပဲ။ စတွင်မာက ဖုန်းနံပါတ်ပေးလိုက်တာပဲ။ ကောင်းချီးပဲဖြစ်ဖြစ်၊ ကျိန်စာပဲဖြစ်ဖြစ် ရှောင်လွှဲလို့မရဘူး။ ကံတရားကိုပဲ ပုံအပ်ရမှာပဲ။"

ကြည့်ရှု့သူ E-"ကောင်းပြီ၊ မိုးလည်း လင်းခါနီးပြီ။ စတွင်မာလည်း တိုက်ရိုက်ထုတ်လွှင့်မှုပိတ်ပြီး အနားယူသင့်ပြီ။ ရဲဘော်တို့ ငါတို့စတွင်မာကို လက်ဆောင်တွေ ဆုချလိုက်ရအောင်။"

တစ်စုံတစ်ယောက်က ဦးဆောင်ပြီးတော့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ လူတိုင်းနီးပါး စတွင်မာအား လက်ဆောင်များ ဆုချနေကြသည်။

ကျန်းရီက ၎င်းကို ဂရုမစိုက်ဘဲ အနားယူရန် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်သည်။ ဒါကြောင့်ပဲ ပိုက်ဆံကို စက္ကူလို သဘောထားတဲ့ စတွင်မာအဖြစ် တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေက သူ့ကို မှတ်ချက်ပေးခဲ့ကြတယ်။

ဒီလောက် လက်ဆောင်တွေပေးနေတာကို စတွင်မာက သူတို့ကို လှည့်မကြည့်ဘဲနဲ့ ထွက်သွားခဲ့တယ်။ ဒါက ပိုက်ဆံကို စက္ကူလို ဘဘောထားတာပဲမဟုတ်ဘူးလား။

ကျန်းရီက ထုတ်လွှင့်မှုကို ရှာဖွေသူများခြေရာလက်ရာများကို မှတ်တမ်းတင်ထားသည့် ဝဘ်ဆိုက်ကို ဖွင့်လိုက်သည်။

ဤခြေရာလက်ရာများသည် သူ၏တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းကို ရှာဖွေရန် အတတ်နိုင်ဆုံးကြိုးစားနေကြသည့် အခြားသူများ၏ခြေရာလက်ရာများဖြစ်သည်။

ခြေရာတိုင်း၏ IP သည် Qingzhou မှလာသည်ကို မြင်တွေ့ခဲ့ရသည်။

ဒါကိုမြင်တော့ ကျန်းရီက သိပ်အာရုံမစိုက်တော့ဘူး။

သူ့စိတ်ကူးက ရိုးရှင်းပါတယ်။ ဘယ်သူပဲဖြစ်ပါစေ လူတိုင်းက ကိုယ့်တာဝန်ကို ထမ်းဆောင်နေသင့်တာပဲလေ။

သူရဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းကို စူးစမ်းလေ့လာလိုသည်မှာ သာမာန်သဘောသာဖြစ်သည်။

သို့သော် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်း၏ လျှို့ဝှက်ချက်ကို ရှာဖွေရန်နည်းလမ်းမရှိဟု သူနားလည်သောအခါတွင် ထိုသူသည် ပြတ်ပြတ်သားသားပဲ ပြန်ထွက်လာခဲ့သည်။

ကျန်းရီသည် သူရရှိခဲ့တဲ့ လက်ဆောင် ပမာဏကို ကြည့်လိုက်သည်။

အိုးးး ဒီည ယွမ်တစ်သိန်းကျော်တောင်မှ ရတယ်ဟ။ ဒီအခြေအနေတိုင်းဆိုရင် ယွမ် တစ်သန်းလောက် ရဖို့ သိပ်မကြာဘူး ထင်ပါတယ်။

အကောင်းဆုံးမျှော်လင့်ချက်များဖြင့် ကျန်းရီသည် အနားယူခဲ့သည်။

ညနေ ရှစ်နာရီထိုးခါနီးမှ ကွန်ပြူတာပြန်ဖွင့်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို စတင်ခဲ့သည်။

ကြည့်ရှု့သူ ၃၂၀၀၀ ။

ယင်းသည် ထုတ်လွှင့်မှုစတင်ချိန်တွင် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းရှိ လူအရေအတွက်ဖြစ်ပြီးတော့ မနေ့ကထက် သုံးဆနီးပါးပိုများနေသည်။

လူကပိုပိုများလာတယ်၊ ဒါတောင်မှ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းကို ဝင်ကြည့်တဲ့ ချန်နယ်တွေကို ကန့်သတ်ထားတာကြောင့် မဟုတ်ရင် သူ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် ကျိန်းသေပေါက် ကြည့်ရှု့သူပိုများပေလိမ့်မယ်။

ကျန်းရီ ပေါ်လာတာကိုမြင်တော့ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ပရိသတ်တွေက နှုတ်ဆက်လိုက်ကြတယ်။

ကြည့်ရှု့သူ A-"စတွင်မာ အဲ့ဒီအမျိုးသမီးက မင်းဆီ ဖုန်းဆက်သေးလား၊ ဟေး အဲဒီအမျိုးသမီးအကြောင်းကို တစ်နေ့လုံး တွေးနေခဲ့တာ။ အဲ့ည သူ့ကိုသာမတားခဲ့ဘဲ ဆက်မောင်းထွက်သွားရင် ဘာဖြစ်သွားမလဲမသိဘူး"

ကြည့်ရှု့သူ B-"ဟုတ်တယ် စတွင်မာ။ အဲဒီအစ်မကြီးကိုကြည့်ရတာ အရမ်းသဘောကောင်းပြီး ကြင်နာတက်တဲ့ပုံပဲ သူ့ကားကို မရဏကမ္ဘာကို မောင်းသွားပုံကြည့်ရတာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းက တစ်ခုခုနဲ့ ကြုံခဲ့တာဖြစ်မယ်။"

တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ပရိတ်သတ်တွေ ဆွေးနွေးနေစဥ်အတွင်း ဖုန်းဝင်လာခဲ့သည်။

All Chapters