မှန်ထဲကလက်
Vol. 3 Ch. 41
ကျိုးခိုင် ၏အသံမှာ နာကျင်မှုများ၊ ပင်ပန်းနွမ်းနယ်မှုများဖြင့် ပြည့်နှက်နေပါသည်။
တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ပရိသတ်တွေကတော့ မူလက ဒီရင်ခုန်စရာကောင်းပြီး လှပတဲ့ အချစ်ဇာတ်လမ်းလေးက ရုတ်တရက် ဒီလိုဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ကြပါဘူး။
ကျိုးခိုင် ၏စကားကို ပရိတ်သတ်များ ကြားလိုက်ရသောအခါမှာ သူသည် ဇာတ်လမ်းမှားသွားသည်ဟုပင် လွဲမှားထင်မြင်သွားကြသည်။
ကျန်းရီ၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသည် သဘာဝလွန်ဖြစ်ရပ်များကို ဖြေရှင်းပေးသည့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းဖြစ်ပြီး လူအများ၏ချစ်ခြင်းမေတ္တာများကို ဖြန့်ကျက်ပေးသည့် ကြီးမားသောချစ်ခြင်းမေတ္တာ ရှိုးတစ်ခုမဟုတ်ပါဘူး။
"ရှောင်ရွှယ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ကိုယ်ဝန်ရှိနေတာကို သိခဲ့ရတယ် ဒါပေမယ့် နောက်တစ်လအတွင်းမှာပဲ သူမ ပြောင်းလဲလာခဲ့ပါတယ်။
သူမက တစ်နေ့လုံး တိတ်တိတ်ဆိတ်ဆိတ် နေခဲ့ပြီး သူမ ဘာမှလုပ်စရာမရှိသည့်အခါ ထူးဆန်းသောမေးခွန်းအချို့ကို ကျွန်တော့်ကို မေးလာခဲ့တယ်။
အစပိုင်းမှာတော့ သူမဟာ ကိုယ်ဝန်ဆောင်ခါစမှာဖြစ်ဖူးတဲ့ စိတ်ကျရောဂါ ခံစားနေရတယ်လို့ အားလုံးက ထင်ခဲ့ကြတယ်။
သူမဟာ ကျွန်တော်တို့မိသားစုမှာ အမြဲတမ်း ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းတယ် ဒါမှမဟုတ် သိမ်ငယ်သလို ခံစားရတဲ့အတွက်ကြောင့် သူမကို စိတ်ရောဂါကုဆရာဝန်ဆီ ခေါ်သွားခဲ့ပါတယ်”
"ဒါပေမယ့် ကျွန်တော်တို့ ဆရာဝန်ဆီရောက်သွားတော့ သူက...သူမက..."
"သူမ ဘာဖြစ်တာလဲ?"
"သူမက အဲဒီလူကို ရိုက်နှက်ပြီးတော့ မျက်နှာကိုပွန်းပဲ့သွားတဲ့အထိ ကုတ်ပစ်လိုက်တယ်။ ဟုတ်တာပေါ့၊ စိတ်ရောဂါပဲဆိုရင် ငါမင်းဆီ လာမှာမဟုတ်ဘူး၊ နေ့ခင်းက အိပ်မက်တစ်ခုက ငါ့ကိုရုတ်တရက် တစ်ခုခုကို သိသွားအောင် လုပ်လိုက်တာ။"
ကျိုးခိုင်သည် နေ့လည်ခင်းတွင် သူမက်ခဲ့သော အိပ်မက်အကြောင်း ဒုတိယအကြိမ် ပြောပြသည်။ ကျန်းရီက ခေါင်းညိတ်လိုက်ပြီး "မင်းဘာတွေမက်ခဲ့တာလဲ?"
"မနှစ်ကတုန်းက ကိစ္စတစ်ခုကို ပြန်မက်ခဲ့တာ။ ရှောင်ရွှယ်က ငါ့ချစ်သူဖြစ်ဖို့ သဘောတူပြီးပြီးချင်း တစ်ပတ်အကြာမှာပဲ အဲဒီနေ့ ရုပ်ရှင်ကြည့်ဖို့ ရုပ်ရှင်ရုံကို သွားခဲ့တယ်။ အဲဒီတုန်းက နည်းနည်းသတိထားမိခဲ့တာ သေချာတယ်၊ ဒါကြောင့် ညနက်မှာပြတဲ့ ရုပ်ရှင်တစ်ကားကို ကြည့်လိုက်တယ်။ အဲဒါကို ကြည့်ပြီးတော့ စက်ရုံကလည်း စောစောပိတ်တော့ အပြင်မှာပဲ နေလိုက်ရတယ်။”
“ရုပ်ရှင်ကြည့်ပြီးနောက်၊ ကျွန်တော် ရှောင်ရွှယ် ကို ဟိုတယ်တစ်ခုရှာဖို့ ခေါ်သွားခဲ့တယ်။
ငါတို့သွားခဲ့တဲ့ဟိုတယ်က သူရဲကောင်းဟိုတယ် လို့ခေါ်တယ်။
အဲဒီနေ့က သရဲကိုလည်း တွေ့ခဲ့တယ်။
အဲ့အချိန်က အားလပ်ရက်လည်းမဟုတ် အထူးကာလလည်းမဟုတ်ဘဲနဲ့ ဟိုတယ်တိုင်းလိုလိုက လူပြည့်နေခဲ့တယ်။
လမ်းတော်တော်လျှောက်ပြီး နောက်ဆုံးလမ်းကြားလေးနားက သူရဲကောင်းဟိုတယ်ကို တွေ့လိုက်ရတယ်။”
"အဲဒီအချိန်တုန်းက ကျွန်တော် အရမ်းပျော်သွားခဲ့တယ်၊ ဟိုတယ်ရဲ့ အသွင်အပြင်က အတော်လေးကို အပြင်အဆင်ကောင်းတာကြောင့် ရှောင်ရွှယ်ကို ကျွန်တော်နဲ့အတူ ဆွဲခေါ်သွားခဲ့တယ်၊ အခန်းတွေရှိလားလို့ မေးလိုက်တယ်၊ အခန်းရှိတော့ ကုတင်နှစ်လုံးပါတဲ့အခန်းကို ယူခဲ့လိုက်ပါတယ်။ အဲဒါက ရှစ်ထပ် အခန်းနံပါတ်က ၈၀၇ ပါ။"
"အခန်းကတ်ရပြီးနောက်၊ ရှောင်ရွှယ်နဲ့ ကျွန်တော် ဓာတ်လှေကားပေါ်တက်ခဲ့တယ်။
ရိုးရိုးသားသားပြောရရင် အခုပြန်တွေးကြည့်လိုက်တော့ အဲ့ဓာတ်လှေကားထဲမှာ အရမ်းအေးနေတာပဲ။
အဲဒီတုန်းကတော့ ဘာမှရှေရှေဝေးဝေး မစဥ်းစားခဲ့မိဘူး။
အဲ့တုန်းကလည်း ဆယ့်တစ်လပိုင်း ရာသီဥတုက တော်တော်အေးနေပီလေ။
တစ်နာရီကျော်နေပြီဆိုတော့၊ ဟိုတယ်မှာ လာအိပ်တဲ့လူတော်တော်များများ အိပ်ပျော်နေကြပြီ”
"ရှောင်ရွှယ်က အဲဒီတုန်းက အခန်းတံခါးကို မျက်နာမူနေပြီး ငါကသူ့နောက်မှာ ရပ်နေတာပေါ့။ တံခါးဖွင့်ပြီးတော့ ရှောင်ရွှယ်က အရင်ဝင်သွားတယ် ပြီးတော့ ငါလိုက်ဝင်မယ်လုပ်ရော ငါ့နောက်က အကျီကော်လံဆွဲခံလိုက်ရသလို ရုတ်တရက် ခံစားလိုက်ရတယ်။ "
"အဲ့လိုခံစားမိလိုက်တာနဲ့ အလိုလိုနောက်ပြန်ကြည့်မိပေမယ့် နောက်ကွယ်မှာ ဘာမှရှိမနေဘူး။
နည်းနည်းတော့ ကြောင်သွားတာပေါ့ အဲ့ချိန်မှာ ရှောင်ရွှယ်က ကျွန်တော့်ကို လှမ်းခေါ်လိုက်တယ်။
အဲဒီတုန်းကတော့ သိပ်ပြီး မစဉ်းစားမိလိုက်ဘူး။
နည်းနည်းထူးဆန်းနေသလိုပဲ ခံစားရတယ်၊ ရုပ်ရှင်ကို အရမ်းညနက်မှကြည့်မိလို့ နည်းနည်းပင်ပန်းနေတယ်လို့ ထင်ခဲ့တာပေါ့။
ဒါ့ပြင် ရှောင်ရွှယ်က ကျွန်တော်နဲ့ ပထမဆုံးအကြိမ် တစ်ညတာ အတူတူကုန်ဆုံးမှာဆိုတော့ တခြားအရာတွေကို မတွေးချင်ခဲ့ဘူး။"
"ငါတို့အခန်းထဲရောက်တာနဲ့ နောက်ဘာဆက်ဖြစ်လဲဆိုတာ မင်းတို့အားလုံးသိပါတယ်။
သုံးနာရီ လေးနာရီလောက်အထိ အလုပ်ရှုပ်ပြီးတော့ ငါတို့ အိပ်ပျော်သွားတယ်။
ကျွန်တော် တရေးနိုးခဲ့တယ်၊ အချိန်ဘယ်လောက်ကြာကြာ အိပ်ပျော်သွားမှန်းမသိလောက်အောင် ခေါင်းကိုက်နေပေမယ့် အဲဒီအချိန်က အရမ်းနောက်ကျနေပြီဆိုတာတော့ သေချာပါတယ်။
မိုးကမလင်းသေးပါဘူး၊ အပြင်မှာက မှောင်နေတုန်းပဲ။”
"ကျွန်တော် မျက်လုံးဖွင့်ကြည့်လိုက်တော့ ရှောင်ရွှယ်မရှိဘူးဆိုတာကို မြင်လိုက်ရတော့ ရေချိုးခန်းဘက်ကို လှမ်းကြည့်လိုက်တယ်။ ဟိုတယ်မှာရှိတဲ့ ရေချိုးခန်းတွေအားလုံးက မှန်တွေနဲ့ လုပ်ထားတာ လူတိုင်းသိပါတယ်။ ငါသူမကို "ရှောင်ရွှယ်၊ မင်းဘာလုပ်နေတာလဲ"လို့ လှမ်းပြောလိုက်တယ်။
"ရှောင်ရွှယ်က သူ့မှာ နှာခေါင်းသွေးယိုနေလို့ လည်ပင်းနားလေးကို လက်နဲ့နှိပ်နှယ်ပေးနေတာလို့ ပြောတယ်၊ ဒါက ရှေးရိုးရာနည်းလမ်းလေးပါ။ ကျွန်တော့်မိဘတွေက ငယ်ငယ်က ကျွန်တော့်ကို ဒီလိုပဲ လုပ်ပေးခဲ့တာ။ အဲဒီတုန်းက သူမတစ်ယောက်တည်း နှိပ်ရတာအဆင်မပြေမှာဆိုးပြီးအိပ်ရာထပြီးတော့ သူမကို ကူညီပေးဖို့ သွားလိုက်တယ်”
"ကျွန်တော် ရေချိုးခန်းထဲ လျှောက်သွားလိုက်ပြီး ရှောင်ရွှယ်ရဲ့ လည်ပင်းနောက်ကို ကူနှိပ်နယ်ပေးလိုက်တယ်။
ဒါပေမယ့် ရှောင်ရွှယ်ရဲ့နှာခေါင်းက သွေးထွက်နေတုန်းပဲ။
တော်တော်ကြီးကို ထွက်နေတာ အဲ့အချိန်အရမ်းထိတ်လန့်သွားပြီး ဆေးရုံသွားရမယ်လို့ ပြောလိုက်တယ်။
ရှောင်ရွှယ်က သူမရဲ့နှာခေါင်းဟာ အရမ်းထိခိုက်လွယ်ပြီး ဆေးရုံသွားစရာမလိုကြောင်းပြောတယ်။
ငယ်ငယ်ကတည်းက နှာခေါင်းသွေးခဏခဏယိုကြောင်းပြောပြီး မြန်မြန်ပြန်အိပ်ဖို့ ပြောခဲ့တယ်။
ကျွန်တော် အအေးမိသွားမှာကို သူမကြောက်နေခဲ့တာ။
ယောက်ျားတစ်ယောက်အနေနဲ့ ဒီလိုအချိန်မှာ ငါပြန်မအိပ်နိုင်ဘူးလေး ဒါကြောင့် သွေးမတိတ်မချင်း ရှောင်ရွှယ်နဲ့ အဖော်ပြုနေပေးခဲ့တယ်။"
"နောက်တော့ ကျွန်တော် သူနဲ့ အတူ ရေချိုးခန်းထဲက ပြန်ထွက်လာခဲ့တယ်။
အခုပြန်တွေးကြည့်တော့ အဲ့အချိန် တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရတယ်။
ကျွန်တော် မှန်ကို ပြန်လှည့်ကြည့်လိုက်တော့ မှန်ထဲကနေ အနက်ရောင်လက်တစ်စုံ ထွက်လာတာကို တွေ့လိုက်ရတယ်။
အဲဒီလက်က ဆန့်လိုက်တဲ့အခါ ငါ အံ့သြသွားတယ်၊ ဒါပေမယ့် ငါ အနီးကပ်ကြည့်လိုက်တော့ မှန်ထဲမှာ ဘာမှရှိမနေဘူး”
ကျန်းရီက ကျိုးခိုင်ရဲ့စကားတွေကို နားထောင်ပြီး သူ့စိတ်ထဲမှာ လက်မဲတစ်စုံက အဓိကသော့ချက်ဖြစ်ကြောင်း ကောက်ချက်ချလိုက်တယ်။ ကျိုးခိုင် နှင့် ရှောင်ရွှယ် တို့သည် ၈၀၇ အခန်းတံခါးဝသို့ရောက်သောအခါ ကျိုးခိုင်က သူ၏ကော်လံကို နောက်ကနေ ဆွဲခံလိုက်ရသည်ကို ခံစားလိုက်ရသည်။
ညသန်းခေါင်မှာ ရှောင်ရွှယ်ရဲ့နှာခေါင်းက သွေးတွေထွက်နေလို့ သူမကို နှိပ်နှယ်ပေးလိုက်တယ် ပြီးတော့ရေချိုးခန်းထဲက ထွက်လာတော့ ကျိုးခိုင်က မှန်ထဲက လက်မည်းတစ်စုံကို တွေ့လိုက်ရတယ်။
"ဒါဆို နောက်ဘာဖြစ်သွားသေးလဲ မင်းက အိပ်မက်တစ်ခုမက်ပြီးတော့ အဲ့အိမ်မက်ကို သဘာဝလွန်ဖြစ်ရပ်တစ်ခုကို ကြုံခဲ့ရတယ်လို့ ထင်ခဲ့တာတော့ မဟုတ်ဘူးမလား"
"ဘယ်ဟုတ်မလဲ ကျွန်တော် ရှောင်ရွှယ်ကို ဟိုတယ်ကို ခေါ်သွားတိုင်း သူမ ညသန်ခေါင်ကြီးမှာ နှာခေါင်းသွေးခဏခဏ ထွက်နေတယ်။
သူမမှ ပြဿနာတစ်ခုခုရှိနေတယ်လို့ သံသယရှိခဲ့ပြီးတော့ တစ်ကိုယ်လုံးကို စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဆေးရုံကို ခေါ်သွားခဲ့တယ်။
ဒါပေမယ့် သူမက ကျန်းမာနေပြီးတော့ သူမမှာ ဘာပြဿနာမှမရှိဘူးလို့ ဆရာဝန်က ပြောခဲ့တယ် သူမရဲ့ အစားအသောက်ကိုပဲ ဂရုစိုက်ပေးဖို့ ပြောခဲ့ပါတယ်။
နောက်ပြီး အဲ့လိုစစ်ဆေးလိုက်တော့ ရှောင်ရွှယ်မှာကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရတယ်။
ရက်စွဲအရတော့၊ ငါတို့ ဘာညာဘာညာပြီးနောက်နေ့ သူမမှာ ကိုယ်ဝန်ရှ်ိခဲ့တာပဲ။
"ကျွန်တော်က အဖေတစ်ယောက်ဖြစ်တော့မယ်မှန်း သိလိုက်ရတော့ ကျွန်တော် ဝမ်းသာပီတိဖြစ်သွားပြီးတော့ အဲ့အကြောင်းကို သိပ်ဂရုမစိုက်တော့ဘူး။ အဲဒီအချိန်မှာ ရှောင်ရွှယ်ကလည်း အရမ်းပျော်နေပြီး ကျွန်တော့်မိဘတွေကလည်း သူမကို ကလေးလေးတစ်ယောက်လို ပြုစုယုယပေးခဲ့တယ်။ အာထရာဆောင်းကို သွားကြည့်တဲ့ အချိန်မှာတော့ ဆရာဝန်က တစ်ခုခုပြောခဲ့တယ်။
"ဆရာဝန်က ဘာပြောလိုက်တာလဲ။"
"ဒီကလေးရဲ့လက်တွေက တော်တော်ကြီးထွားနေတယ်လို့ ဆရာဝန်ကပြောခဲ့တယ်!"