ယောကျာ်း နင်ပြန်လာပြီလား
Vol. 3 Ch. 42
ကျိုးခိုင်ရဲ့ စကားဆုံးတဲ့အခါ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေက တစ်ခုခုကို တွေးမိသွားတယ်။
မှန်ထဲက လက်၊ ဟိုတယ်မှာ တည်းခိုတိုင်း နှာခေါင်းသွေးတွေ ထွက်နေတာတွေ နောက်ပီး ရှောင်ရွှယ် မှာ ဖြစ်ပျက်ခဲ့တာတွေ အားလုံးက သူမရဲ့ ဗိုက်ထဲက ကလေးကို အလွန်ပုံမှန်မဟုတ်တဲ့ အစွန်းတစ်ခုအထိ တွန်းပို့ခဲ့ပါတယ်။
ကျိုးခိုင်က သက်ပြင်းရှည်ကြီးချလိုက်ပြီး "တကယ်တော့ အဲဒီအချိန်မှာ ငါတို့ မကောင်းတာတစ်ခုခုကြုံခဲ့သလားလို့ တွေးမိပါတယ် ရှောင်ရွှယ်ရဲ့နှာခေါင်းက ဘယ်လောက်ထိ ထိလွယ်ရှလွယ်ဖြစ်နေပါစေ၊ အချိန်မရွေး သွေးထွက်နေမှာတော့ မဟုတ်ဘူးလေ ဟုတ်တယ်မလား?"
"ဒီနေ့ အိပ်မက်မက်ပြီးတဲ့အခါမှာတော့ ဒီအကြောင်းကို ပိုတွေးလေ၊ တစ်ခုခုမှားနေတယ်လို့ ခံစားလာရလေပဲ။ ရှောင်ရွှယ်မှာ အခုဖြစ်ပျက်နေတာတွေက သူ့ဗိုက်ထဲက ကလေးရဲ့ ပြဿနာကို သူမ သိနေတာကြောင့်လားလို့ တွေးမိလိုက်တယ်။"
ကျိုးခိုင် ပြောပြီးတဲ့အခါ ကျန်းရီက "မစ္စတာကျိုး ရှောင်ရွှယ် ဘာဖြစ်သွားတာလဲ။"
"သူမ...
ရှောင်ရွှယ်က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှာ ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရပြီးတော့ သိပ်သဘောမတူချင်တဲ့သူမ၏မိဘတွေကလည်း အဲ့အချိန်မှာ သိပ်မကန့်ကွက်တော့ဘူး အဲ့ဒါကြောင့် ကျွန်တော့်အဖေက မနှစ်က နှစ်သစ်ကူးကာလမှာ ရှောင်ရွှယ်ရဲ့ဖခင်ကို ကိုယ်တိုင်ကိုယ်ကျဖုန်းဆက်ပြီးတော့ သူ့တို့မိသားစုကို ဖိတ်ကြားခဲ့တယ်။ နှစ်သစ်ကူးမှာ ကျန်းရန်ကိုလာခဲ့ဖို့။
သူတို့ရောက်တဲ့အခါမှာလည်း အားလုံးက ပြေပြေလည်လည်နဲ့ ကိစ္စတွေစီစဥ်ခဲ့တယ်။
အဲ့အချိန်မှာ ရှောင်ရွှယ်နှင့် ကျွန်တော်က ဆယ်ရက်ကျော်လောက် ခွဲခွာလိုက်ရတာပေါ့"
"သူမနဲ့ပြန်မတွေ့ခင် နေ့တိုင်း ဗီဒီယိုနဲ့ စကားပြောဖြစ်တယ်။ သူမကတော့ အရင်တိုင်းပါပဲ။
ဒါပေမယ့် သူမကို လူကိုယ်တိုင်တွေ့လိုက်ရတော့ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရတယ်။
သူ့မိသားစုရဲ့ ဆင်းရဲတဲ့အခြေအနေကြောင့် သိမ်ငယ်မှု နည်းနည်းလောက်ရှိပေမယ့် သူမက ကျင့်ဝတ်ကို ဂရုစိုက်တက်တဲ့ မိန်းကလေးတစ်ယောက်ပါ။
ကျွန်တော့် မိဘတွေပဲဖြစ်ဖြစ်၊ လမ်းမှာတွေ့တဲ့ အသက်ကြီးတဲ့သူတွေပဲဖြစ်ဖြစ် သူမက အမြဲတမ်း အရင်ဆုံးနှုတ်ဆက်လေ့ရှိတယ်။ "
“ဒါပေမယ့် အဲဒီနေ့က ကျွန်တော့်မိဘတွေကို တွေ့တုန်းက မနှုတ်ဆက်ခဲ့ဘူး။
ရည်ရွယ်ချက်ရှိရှိ မနှုတ်ဆက်တာတော့မဟုတ်ဘူး ကြောင်တောင်တောင်ကြီးငေးငိုင်နေတာ။
သူမရဲ့အဖေကတောင် သူမကို ဆူလိုက်သေးတယ်။
သူမစိတ်ကို ကျွန်တော်က နားလည်နေတော့ ကျွန်တော် သူမကို အပြင်ခေါ်ထုတ်ပြီး တစ်ခုခု ဖြစ်နေတာလားလို့ မေးလိုက်တယ်။"
"ကျွန်တော်မေးပြီးတာနဲ့ သူမစငိုပါလေရော၊ အရမ်းကို ကြေကွဲဝမ်းနည်းစွာနဲ့ ငိုနေတာ။
ငိုရင်းနဲ့ ဒီကလေးကို မလိုချင်တော့ဘဲ ကိုယ်ဝန်ဖျက်ချချင်တယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။ ကျွန်တော်နှစ်ယောက်သား အတားအဆီးတွေကို လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်ရတဲ့ အကြောင်းရင်းက ဒီကလေးကြောင့်ပဲလေ။
အခု သူမမှာကိုယ်ဝန်ရှိနေပြီဆိုတော့ လူတိုင်းက ဒီကလေးလေးမွေးဖွားလာဖို့ကို စောင့်မျှော်နေကြတာ။
ရှောင်ရွှယ်က သူ့ကို ဖျက်ချချင်တယ်ဆိုတော့ ငါ့မိဘတွေ မပြောနဲ့ ငါတောင် လက်ခံနိုင်မှာ မဟုတ်ဘူး။"
"စိတ်ထဲမှာတော့ အရမ်းစိတ်ဆိုးနေပေမယ့် သူမကို နှစ်သိမ့်ပေးလိုက်ပါတယ်၊ ဒါပေမယ့် ရှောင်ရွှယ်က ငါ့ကို တွန်းထုတ်ခဲ့တယ်။ စတွင်မာ အဲဒီတုန်းက သူ့မျက်လုံးထဲက အကြည့်တွေကို မင်းသိလား၊ အဲ့အကြည့်တွေကို ငါ့ဒီတသက် မေ့လို့ရမှာ မဟုတ်ဘူး။ သူ့မျက်လုံးတွေထဲမှာ မုန်းတီးမှုတွေ ပြည့်နှက်နေတာ ငါသူမကို တစ်ခုခုဆိုးဆိုးရွားရွား လုပ်မိလိုက်သလိုမျိုးပဲ။"
"ငါ့ကို အဲ့လိုမျက်လုံးတွေနဲ့ ကြည့်ပြီး ဒီကလေးကို ဖျက်ချရမယ်၊ သူ့ကို ထားလို့ မရဘူး" လို့ပြောခဲ့တယ်...
သူသာရှိနေခဲ့ရင် ငါသေလိမ့်မယ်! သူက ညတိုင်း ငါ့ဗိုက်ကို သူ့လက်နဲ့ဖောက်နေတာ ငါသေလိမ့်မယ်။
ငါ့ဗိုက်ထဲက သွေးကြောတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ငါမြင်နိုင်နေပြီး ငါ့ခန္ဓာကိုယ်ထဲက အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်!"
"ဒီလက်က အရမ်းကြီးတယ်။ ငါ့ဗိုက်ထဲမှာ အမြဲရှိနေခဲ့တာ။ ငါတို့ကလေးက သေတာကြာပြီ။ ကလေးက မရှိနေတော့ဘူး။"
ကျိုးခိုင်၏ လေသံသည် ပြောရင်းပြောရင်းနဲ့ စိတ်လှုပ်ရှားမှုတွေပါလာခဲ့သည်။ ကျန်းရီက သူတစ်ခုခုမှားနေတာကို သတိပြုမိပြီး "မစ္စကျိုး၊ ရှောင်ရွှယ်ပြောတဲ့ လက်က ဘယ်လောက်ကြီးလဲ"
"အရွယ်ရောက်ပြီးလူတစ်ယောက်ရဲ့ လက်လောက်ရှိတယ်။ ရှောင်ရွှယ်ပြောတာက အဲ့လက်က သူမရဲ့ဗိုက်ကို ညတိုင်းဆွဲဖြဲနေတယ်လို့ပြောတယ်။
အဲဒီအချိန် သူမရဲ့အကြည့်တွေက ကျွန်တော့်ကို သူမတကယ်ကြောက်နေကြောင်း ရှင်းရှင်းလင်းလင်းကို ပြောပြနေခဲ့တယ်။
အဲဒီအချိန်တုန်းက ကျွန်တော်လည်း မှန်ထဲက လက်အကြောင်းကို တွေးမိခဲ့ပေမယ့် ရှောင်ရွှယ်က ကိုယ်ဝန်ကြောင့် စိတ်ဖိအားများလွန်းနေပြီးတော့ စိတ်ဓာတ်ကျနေခဲ့တယ်လို့ပဲ ထင်ခဲ့တာ!”
"ကျွန်တော် သူမကို ကျွင်းရန်မှာရှိတဲ့ အကောင်းဆုံး စိတ်ပိုင်းဆိုင်ရာ ဆေးခန်းကို ခေါ်သွားပြီး အကောင်းဆုံး စိတ်ရောဂါကု ဆရာဝန်နဲ့ ပြခဲ့တယ်။
ရှောင်ရွှယ်နဲ့တွေ့တဲ့အခါ ဆရာဝန်က မေးခွန်းတချို့မေးပြီးနောက် လူတွေရဲ့ဗိုက်ထဲမှာ အဲ့လိုအရာမျိုးမရှိနိုင်ဘူးလို့သာ ပြောခဲ့ပါတယ်။
အဲ့တာကြောင့်ပဲ သူမကဆရာဝန်ကို အရူးတစ်ယောက်လို ကုတ်ခြစ်လိုက်တယ်။
သူမ၏ အသံကို ဆေးခန်းတစ်ခုလုံး ရှင်းရှင်းလင်းလင်း ကြားနေရတယ်။
သူမအော်နေတာက သူမရဲ့ ဗိုက်ထဲမှာ အဲ့လက်တကယ်ရှိကြောင်း ဒါပေမယ့် မင်းတို့ကသူ့ကိုမမြင်ရကြောင်း။
ငါ့ကို ဘာလို့ဘယ်သူမှမယုံတာလဲ...
ဘာလို့လဲ!"
“သူမရဲ့အသံက အရမ်းစိတ်ပျက်လက်ပျက်ဖြစ်နေပေမယ့် လူတိုင်းက သူမကို စိတ်ရောဂါဝေဒနာရှင်တစ်ယောက်လို့ မှတ်ယူကြပြီး အဲဒီတုန်းက ကျွန်တော်လည်း အဲ့လိုတွေးမိပါတယ်။
သူမ နေမကောင်းဖြစ်နေပြီး ဆေးကုသမှု ခံယူရမယ်၊ မဟုတ်ရင် ပြဿနာတွေ ရှိလာမည်ဖြစ်သည်။
ဒါကြောင့် ကျွန်တော် အကောင်းဆုံး သက်ဆိုင်ရာ ဆရာဝန်ကို ရှာဖွေခဲ့ပြီး ဆေးရုံမသွားဘဲ သူမကို ကျွန်တော့်ရဲ့ အိမ်တစ်အိမ်မှာ အနားယူဖို့ တောင်းဆိုခဲ့ပါတယ်။”
“အဲဒီကာလမှာ ကျွန်တော် သူမနဲ့ အတူနေခဲ့ပြီး ဆရာဝန်ရဲ့ ကုသမှုကလည်း သက်ရောက်မှုရှိခဲ့တယ်။
သူမရဲ့ စိတ်တွေ တဖြည်းဖြည်း တည်ငြိမ်လာပြီး ညတိုင်း သူနဲ့ အတူနေချိန်မှာ သူ့ဗိုက်ကို ဖွင့်ဖို့ ကြိုးစားနေတဲ့ လက်ကို တစ်ခါမှ မတွေ့ခဲ့ရတော့ဘူး။
အချိန်တွေက တနေ့တခြား ကုန်ဆုံးလာပြီး တဖြည်းဖြည်း ပိုကောင်းလာတယ်လို့ ကျွန်တော် ထင်တဲ့အတွက်ကြောင့် တဖြည်းဖြည်းနဲ့ စိတ်ကိုအနားပေးလိုက်တယ်။
သူငယ်ချင်းတွေနဲ့ ဆုံမိလို့ တစ်ည နောက်ကျမှ ပြန်ရောက်ခဲ့တယ်။
ကော်လံအဆွဲခံလိုက်ရတဲ့ ခံစားချက်။"
“ဒီတစ်ခါလည်း သူက ကျွန်တော့်ကော်လံကို ညင်သာစွာဆွဲပြီး ပြန်လွှတ်လိုက်တယ်။
အဲဒီတုန်းကလည်း ပြန်လှည့်ကြည့်လိုက်တော့ ခြံထဲမှာ ပန်းတွေနဲ့ အပင်တွေကလွပီး ဘာမှမရှိခဲ့ဘူး။
အိမ်တံခါးကိုဖွင့်ပြီး ရှောင်ရွှယ်ကိုတွေ့ဖို့ အိပ်ခန်းကိုတည့်တည့်သွားခဲ့လိုက်တယ် တံခါးဖွင့်လိုက်တာနဲ့ အဲဒီအချိန်မှာ ရှောင်ရွှယ်ဟာ ကုတင်ပေါ်မှာ လဲလျောင်းနေတာကို တွေ့လိုက်ရတယ်။
သူ့ခန္ဓာကိုယ်မှာ ဘာအဝတ်အစားမှ မရှိဘူး ကုတင်ပေါ်မှာလည်း သွေးတွေနဲ့ ပြည့်နေခဲ့တယ်။"
"သူမရဲ့မျက်နှာမှာ သက်တောင့်သက်သာရှိနေတဲ့ အပြုံးတွေနဲ့ ပြည့်နှက်နေပြီး သူမရဲ့ မျက်လုံးတွေမှာတော့ ရူးသွပ်တဲ့ အပြုံးတွေနဲ့ ပြည့်နှက်နေပါတယ်။ သူမက ကျွန်တော့်ကို စိုက်ကြည့်ရင်း ပါးစပ်ထဲမှာလည်း သွေးတွေအပြည့်နဲ့ "ယောကျာ်း နင်ပြန်လာပြီလား၊ ဒီခံစားချက်ကို နင်သိလား၊ တော်တော်နာကျင်ရတယ်၊ ကိုယ်ဝန်ပျက်ကျတဲ့အထိ ကိုယ့်ကိုယ်ကိုယ် ရိုက်နှက်ရတာ ငါ့မှာ သွေးတောင်အန်ထွက်သွားတယ်။”
“ဒါပေမယ့် အဲဒီတုန်းကတော့ သူမဟာ နာကျင်မှုကို လုံးဝ မခံစားရဘဲ ကလေးကို မြင်လိုက်ရတယ်လို့ ကျွန်တော့်ကို ပြောခဲ့တယ်။ ကလေးက အရမ်းသေးတဲ့အတွက် မျက်လုံးနဲ့ နှာခေါင်းကို ရှင်းရှင်းလင်းလင်းတောင် မမြင်ရဘူး။
“အဲဒီတုန်းက သူမဘာပြောလဲ ကျွန်တော် ဂရုမစိုက်တော့ပဲ သူမကို ပွေ့ဖက်ပြီး ဆေးရုံကို အမြန်ပို့ခဲ့တယ်။
ကျွန်တော် ဆေးရုံရောက်တာနဲ့ ရှောင်ရွှယ်ကို အရေးပေါ်ခန်းကို ပို့လိုက်တယ်။
အဲဒီအချိန်က စင်္ကြံမှာထိုင်နေပြီး ဘာကြောင့်မှန်းမသိဘူး ဘေးကိုလှမ်းကြည့်လိုက်တော့ အဲ့မှာတွေ့လိုက်ရတယ်... ငါ့ခေါင်းပေါ်မှာ ချိတ်ထားတဲ့ ဆိုင်းဘုတ်တစ်ခုတွေ့လိုက်ရတယ် အဲ့မှာ စာလုံးသုံးလုံးရေးထားတယ်.. "ရင်ခွဲခန်း!"
"ရင်ခွဲခန်းရဲ့ တံခါးက ဟနေတာ။ တံခါးပေါက်ရဲ့အက်ကွဲကြောင်းကနေ အထဲကိုငါမြင်နေရတယ်။ အဲ့ထဲမှာ အလုံမဖုံးထားတဲ့ အလောင်းကို တွေ့လိုက်ရတယ်။ သူ့လက်တွေက အပြင်ကို တွဲလောင်းကျနေပြီး ကျောက်မီးသွေးလို မည်းနက်နေတာ။"