ရည်ရွယ်ချက်နှင့် တာအိုသဟဇာတဖြစ်ခြင်း
Vol. 94 Ch. 1303
ရှုကျင်းယောင်ရဲ့ အနာဂတ်ကိုယ်က ဝင်ရောက်စွက်ဖက်လိုက်တာများလား…
ဝမ်ဝေ့က တွေးလိုက်သည်။ ဤသည်က မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။ သူမက ထူးကဲသာလွန်မှုမျိုးစေ့ ဖြစ်သည့်အတွက် အနည်းဆုံးတော့ သူမက မေတ္တယျနှင့် အန္တိမသဟဇာတကဲ့သို့ တူညီသည့် အနေအထားကို ရောက်ရှိနိုင်ချေ မြင့်မား၏။ ထိုနှစ်ယောက်က အချိန်မြစ်ကြောင်း၏ အတားအဆီးများကို ကျော်လွန်နေပြီဖြစ်သည့်အတွက် အတိတ်ကို လွှမ်းမိုးနိုင်လိမ့်မည်။ တန်ပြန်သက်ရောက်မှုကို မရင်ဆိုင်ရခင် သူတို့လွှမ်းမိုးနိုင်သည့် ပမာဏတစ်ခုတော့ ရှိလိမ့်မည်။
သူမရဲ့ အနာဂတ်ကိုယ်က ငါက မထိုက်တန်ဘူးလို့ ဆုံးဖြတ်ပြီးတော့ ဒီဆက်ဆံရေးကို အဆုံးသတ်ဖို့ ရွေးချယ်ခဲ့တာများလား…
ဝမ်ဝေ့က သုံးသပ်လိုက်၏။
ဒါပေမဲ့ ငါ ဒီအဖြေကို မကျေနပ်သေးဘူး…
ဝမ်ဝေ့က ရှုကျင်းယောင်ကို လျှော့တွက်နေခြင်း မဟုတ်သလို အထင်သေးနေခြင်းလည်း မဟုတ်ပေ။ သူ့အလိုလိုသိစိတ်က ထိုအရာ၏ ပြဿနာအရင်းအမြစ်ကို ရှာမတွေ့သေးကြောင်း ပြောပြနေ၏။
ဝမ်ဝေ့က မျက်ခုံးပင့်ကာ ကြည့်လိုက်၏။ သူက ဖြစ်နိုင်ချေများစွာကို ကောက်ချက်ချလိုက်သော်လည်း မည်သည့်အရာကမှ အဖြေမပေးသေးပေ။
ငါ့ပြဿနာက ရှုကျင်းယောင်အကြောင်း များများစားစား မသိသေးတာပဲ။ ဒီလိုဆိုရင် တခြားအချိန်စက်ဝန်းက သူမကို ကိုးကားရမယ်…
သူက တခြားအချိန်စက်ဝန်းမှ သူ့ကိုယ်သူ အာရုံစိုက်ထားလိုက်သည်။ ဒိုင်မေးရှင်းအမြင့်ရှိ ကဏ္ဍက ဝေဝါးနေသော်လည်း သူက လုံလောက်သည့် သတင်းအချက်အလက် ရလိုက်ရသည်။ ထို့ကြောင့် ဝမ်ဝေ့က ထိုအချိန်စက်ဝန်းတွင် ရှုကျင်းယောင်နှင့် သူနှင့် ဆက်ဆံရေးက မည်သို့ဖြစ်သွားလဲဟု သူ့ကိုယ်သူ မေးလိုက်မိသည်။ သူမက သူတို့သည် မသင့်တော်ကြောင်း ထိုအချိန်စက်ဝန်းတွင် ဘာကြောင့် မတွေးထင်ခဲ့ရသနည်း။
သူ့စိတ်ထဲ၌ ပုံရိပ်များစွာ ဖြတ်ပြေးသွားလေသည်။ ထိုအရာများက ဝေဝါးနေသော်လည်း သူ့အနေဖြင့် ပြီးပြည့်စုံသည့် ပုံရိပ်တစ်ခုကို ကောက်ချက်ချဖို့ရာ သတင်းအချက်အလက် အလုံအလောက် ပါဝင်နေသည်။ သူနှင့် ရှုကျင်းယောင်တို့၏ ဆက်ဆံရေးက မျှော်လင့်ချက်ကုန်ခမ်းရာမှ အစပြုခဲ့လေသည်။ သူမက ထိပ်သီးကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိလာသော်လည်း သူမတာအိုနှလုံးသား၏ ဟာကွက်ကြောင့် စံပြအဆင့်သို့ မတက်လှမ်းရဲပေ။
ထို့အပြင် ဝူဟုန်၏ ကာကွယ်မှုရှိသော်လည်း ရှုကျင်းယောင်က လူများစွာသည် သူမကို အကွက်ချထားသည်ကို ခံစားမိလေ၏။
ထို့ကြောင့် ဝမ်ဝေ့ တက်လှမ်းလာသည့်အခါ သူက သူမ၏ ပြဿနာကို ကယ်တင်နိုင်မည့်သူဟု တွေးထင်ကာ ဖက်တွယ်ထားခဲ့သည်။ သို့သော်လည်း ထိုဝမ်ဝေ့ကမူ တခြားအမျိုးသမီးကို မည်သို့ဂရုစိုက်နိုင်မည်နည်း။
သူ ဂရုစိုက်သည်က လက်စားချေဖို့ရာသာ ဖြစ်၏။ သို့သော်လည်း တိထျန်းက ဝမ်ဝေ့၏ ကံကောင်းမှုနှင့် ကံကြမ္မာကို ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် အနိုင်ပိုင်းပြီး ယူဆောင်ပြီးသား ဖြစ်၏။ ထို့ကြောင့် ထိုသူ၏ စွမ်းအားက ကြောက်ခမန်းလိလိ အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။
ဝမ်ဝေ့က လက်စားချေမှုကြောင့် ရူးသွပ်ပြီး တည်တည်ငြိမ်ငြိမ် တုံ့ပြန်မှုမရှိသလို ဉာဏ်လည်း မသုံးတော့ပေ။ သူက သူ့စွမ်းအားကို အလျင်အမြန်တိုးမြှင့်ဖို့ အရင်းအမြစ်များကို စုဆောင်းပြီး တုံးအအ သတ်ဖြတ်ရေးနည်းလမ်းများကိုသာ အသုံးပြုခဲ့သည်။
အကယ်၍ ရှုကျင်းယောင်၏ အသိဉာဏ်နှင့် ဝူဟုန်တို့၏ စွမ်းအားတို့ကြောင့်သာ မဟုတ်လျှင် ထိုကပ်ပါးများ သို့မဟုတ် တခြားသောသူများက သူ့ကို သတ်ပြီးသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သူ တက်လှမ်းလာပြီးသည့်နောက် နယ်ခြားကမ္ဘာများသည် စတင်ကျူးကျော်လာသည့်အချက်ကြောင့် ကံကောင်းသွားလေသည်။ ထို့ကြောင့် ကပ်ပါးများက ကမ္ဘာကို ကာကွယ်ဖို့ ရှေ့တန်းထွက်ရုံမှအပ ရွေးချယ်စရာမရှိပေ။ ထိုအချိန်အတွင်း မေတ္တယျနှင့် အန္တိမသဟဇာတတို့ကလည်း သူတို့၏ တိုက်ပွဲကို အစပြုနေကြပြီ ဖြစ်၏။
ဝမ်ဝေ့က ခေါင်းယမ်းလိုက်သည်။
အဲဒီအချိန်စက်ဝန်းက ငါက အတော်လေးကို အသုံးမကျတာပဲ…
သူ့လက်ရှိကိုယ်က မိသားစုပျက်သုဉ်းမှုကို ကြုံတွေ့ရလျှင်ပင် ထိုမျှ အလွယ်တကူ ပြိုလဲသွားမည် မဟုတ်ပေ။ သူက ကောင်းကင်သွေဖယ်နေသည့် အားကောင်းသော ကျင့်ကြံသူများသည် မည်မျှအားကောင်းကြောင်း သိထားသည့်အတွက် သူ့ကိုယ်သူ မြင့်မားသည့် အဆင့်တစ်ခုသို့ ရောက်ကာ သူတို့ကို အသက်ပြန်သွင်းလိမ့်မည်။
တိထျန်းကို လက်စားချေဖို့အတွက်ကိုမူ နည်းလမ်းများစွာ ရှိလေ၏။ အထူးသဖြင့် ဂိုဏ်းမှ ဖြစ်ပေသည်။ ထိုဝမ်ဝေ့ကမူ ဒိုင်မေးရှင်းအမြင့်မှ ဂိုဏ်းအား သူ့ဂိုဏ်းပျက်သုဉ်းမှုကို ခွင့်ပြုပေးသည့်အတွက် မုန်းတီးနေခဲ့သည်။ သို့သော်လည်း ဝမ်ဝေ့သည် သူတို့သည် ဘာမှမတတ်နိုင်ကြောင်း နားလည်ထားလေ၏။ ဂိုဏ်း၏ ဘိုးဘေးများက မပြီးမပြတ်အခြေအနေတွင်ရှိနေသည့်အတွက် သူတို့က ပုံရိပ်ယောင်ပင် မစေလွှတ်နိုင်ပေ။ ထို့အပြင် ထိုစဉ်အချိန်က မေတ္တယျနှင့် အန္တိမသဟဇာတတို့ကလည်း တစ်ယောက်နှင့်တစ်ယောက် သဟဇာတဖြစ်နေဆဲဖြစ်သည့်အတွက် သူတို့က ရန်သူဟု အားလုံးက ယုံကြည်နေကြသည်။ ထိုစဉ်အချိန်တွင် ဘိုးဘေးများအတွက် လှုပ်ရှားဖို့ရာ မဖြစ်နိုင်ပေ။
သူတို့တွင် မပြီးမပြတ်အခြေအနေနှင့် ဝင်ရောက်စွက်ဖက်နိုင်မည့် နည်းလမ်းတစ်ခု ရှိလျှင်ပင် တခြားသောသူများက တားဆီးလိမ့်မည်ဟု ယုံကြည်နေ၏။ ဒိုင်မေးရှင်းအနိမ့်၏ တာအိုအခွင့်အလမ်းဂိုဏ်း ပျက်သုဉ်းသွားမှုက ဒိုင်မေးရှင်းအမြင့်၏ ကံကောင်းမှုကို ကြီးမားစွာ သက်ရောက်မှု ရှိစေလေသည်။ အာဏာရှင် (၁၃)ယောက်ကြားမှ ပြင်းထန်သည့် ယှဉ်ပြိုင်မှုများဖြင့် သူတို့က ထိုအခွင့်အရေးကို ဆုံးရှုံးခံမည် မဟုတ်ပေ။
တိမျိုးနွယ်က ရှေးဦးစံပြ မရှိတဲ့ ထိပ်တန်းစံပြမျိုးနွယ်တစ်ခုပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။
အဲဒီကောင်စုတ် လုပ်ဖို့လိုတာက ဒိုင်မေးရှင်းအမြင့်ဂိုဏ်းက အကူအညီမပေးနိုင်တဲ့ အပြစ်ရှိစိတ်ကို သုံးပြီး တိထျန်းကို သတ်အောင် လုပ်ရမှာ…
သူက ထိုသူကို ကိုယ်တိုင် သတ်လိုလျှင်ပင် ဂိုဏ်းဆီမှ အရင်းအမြစ်များကို ယူပြီး စွမ်းအားကို တိုးမြင့်အောင် လုပ်ရပေမည်။ သူတို့က သူတို့ဘိုးဘေးပိုင်ကုန်းမြေအား ဖျက်ဆီးခံဖို့ ခွင့်ပြုလိုက်ရသည့်အချက်ကို ကာမိစေဖို့အတွက် သူ့အား တတ်နိုင်သမျှ ပြုစုပျိုးထောင်ပေးကြလိမ့်မည်။
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။ သူက တခြားကိုယ်ကို သုံးသပ်မိလေလေ ထိုသူက မည်မျှတုံးအလေလေဖြစ်ကြောင်း သဘောပေါက်လာမိသည်။ သူက အငြိုးတရားကြောင့် လွှမ်းမိုးခံထားရကြောင်း နားလည်ပေသည်။
သူက တစ်ယောက်ထဲဖြစ်ပြီး အရင်းအမြစ်တွေကို ရယူချင်ပါက ထိုသို့သော စွန့်စားဆုံးနှင့် အတုံးအဆုံးနည်းလမ်းကို အဘယ်ကြောင့် သုံးရမည်နည်း။
သူက လိုချင်သည့် အရင်းအမြစ်များကို ရဖို့ နောက်ကွယ်ကနေ တစ်ကမ္ဘာလုံးကို အဘယ်ကြောင့် အကွက်ကျကျ မကြံစည်ရသနည်း။
အထွတ်အထိပ်တားမြစ်ခံစစ်ဆေးမှုက ငါ ထင်ထားတာထက်ပိုပြီးတော့ အကျိုးရှိနေတာပဲ…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။ ထိုစစ်ဆေးမှုက သူစိတ်ခံစားချက်ကို ပိုမိုကျွမ်းကျင်လာစေပြီး အစစ်အမှန်ကိုယ်ကို နားလည်လာစေကာ သူ့အားနည်းချက်ကို ထိန်းချုပ်လာနိုင်ပြီး သူ၏ တွေးခေါ်ပုံနှင့် အပြုအမူများကို ပြောင်းလဲစေခဲ့သည်။
အဲဒါဆိုတော့ စစ်ဆေးမှုရဲ့ ရည်ရွယ်ချက်က လူတစ်ယောက်ရဲ့ ဒီတာအိုကို ကိုင်ဆောင်ဖို့ ထိုက်တန်မှုကို ဆုံးဖြတ်ပေးနိုင်ရုံတင်မကဘဲနဲ့ တာအိုအရှင်နဲ့ တာအိုနယ်ရှင်တွေကို သူတို့အခုဖြစ်နေတဲ့ မကောင်းဆိုးဝါးတွေအဆင့်ထိ ပုံပြောင်းပေးလိုက်တယ်ဆိုတဲ့ သဘောပေါ့…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။ ထိုသို့သောလူများနှင့် မဟာတာအို၏ ဆက်ဆံရေးက အမြဲတမ်း ဤကဲ့သို့သာ ဖြစ်၏။ ထိုအရာက မဟာတာအိုက သူတို့၏ စွမ်းဆောင်ရည်ကို ကြောက်သော်လည်း သူတို့ကို ပုံသွင်းပေးဖို့ အချိန်နှင့် အားစိုက်ထုတ်မှုများ အသုံးပြုလေ့ရှိသည်။
အာရုံစိုက်ထားရအောင်…
ဝမ်ဝေ့က တွေးပြီး ဆက်လက် ကောက်ချက်ချလိုက်သည်။ နှစ်များစွာအားထုတ်မှုအပြီးတွင် ဝမ်ဝေ့က ရှုကျင်းယောင်ကို သူ့စိတ်ထဲ အနည်းငယ် နေရာပေးလာခဲ့၏။
အဲဒါဆိုတော့ သူမက သူမလိုချင်တဲ့အရာကို ရခဲ့တာပေါ့…
မှတ်ဉာဏ်များက မှုန်ဝါးနေသော်လည်း ဝမ်ဝေ့က ထိုသို့မထင်ပေ။ သူ့တခြားကိုယ်က ဝူဟုန်နှင့် အရူးအမူး ချစ်ကျွမ်းဝင်နေသော်လည်း သူ့အမုန်းတရားနှင့် သူမ၏ မြင့်မားသော အဆင့်အတန်းတို့ကြောင့် ဝန်မခံရဲပေ။
ရှုကျင်းယောင်အတွက်မူ
သူမ နောက်ဆုံးဖန်တီးထားသည့်မျက်နှာက ဝူဟုန်နှင့် သေချာပေါက် ဆင်တူနေလိမ့်မည်။ တခြားဝမ်ဝေ့က ထိုအရာကို သတိထားမိကာ တစ်နည်းနည်းဖြင့် ပြောင်းလဲပစ်ခဲ့၏။ သို့သော်လည်း ဝမ်ဝေ့က ရှုကျင်းယောင်သည် သူ့ထူးခြားကိုယ်က ထူးကဲသာလွန်မှုအဆင့် မရမချင်း သူမ၏ အစစ်အမှန်မျက်နှာကို မရနိုင်ကြောင်း ယုံကြည်ထားလေ၏။
မှန်ပေသည်။ ဝမ်ဝေ့က သူ့တခြားကိုယ်သည် ထိုအဆင့်ကို သေချာပေါက် ရောက်လိမ့်မည်ဖြစ်ကြောင်း ယုံကြည်ထားလေ၏။ တခြားသော အကြောင်းအရင်းများအတွက်ကိုမူ များစွာရှိသော်လည်း ထိုသူ၏ အကျင့်စရိုက်နှင့် အပြုအမူတို့က သူနှင့် ဖြည်းဖြည်းချင်း တူညီလာသည့် အကြောင်းအရင်းကြောင့် ဖြစ်၏။ သူက ထိုသုံးသပ်မှု အခြေခံသဘောတရားများကို ဆုပ်ကိုင်ထားသည်။
ငါက ငါ့ရဲ့ ဘဝရည်မှန်းချက်နဲ့ လမ်းညွှန်ချက်တွေ ကိုက်ညီတဲ့ တာအိုကို ရွေးချယ်ခဲ့တာပဲ။ ဝိဇ္ဇာတွေက ဒီလိုအချိန်ကို ရည်ရွယ်ချက်နဲ့ တာအို သဟဇာတဖြစ်ခြင်း အခြေအနေလို့ ခေါ်ဆိုကြတယ်…
ဝမ်ဝေ့က တွေးလိုက်သည်။
ရလဒ်က ငါ့ရဲ့ အကျင့်စရိုက်က ငါ့ရဲ့တာအိုနဲ့ သင့်တော်နေတာပဲ…
ထို့ကြောင့် ဝမ်ဝေ့က ကြံစည်မှုများကို သဘောကျပြီး ကြိုးကိုင်လှုံ့ဆော်ရာ၌ ဆရာတစ်ဆူ ဖြစ်နေလေသည်။ ထို့ကြောင့် သူ့အကျင့်စရိုက်ကမူ လွတ်လပ်ကာ အေးဆေးပြီး သူက အခြေအနေနှင့် ကိုက်ညီအောင် အလွယ်တကူ ပြောင်းလဲနိုင်စွမ်းရှိသည်။
ထိုအခြေအနေက သူတစ်ယောက်တည်းအတွက်သာ သက်ရောက်မှုရှိခြင်း မဟုတ်ဘဲ ဝူဟုန်က သူမ၏ ရည်ရွယ်ချက်သည် တစ်ခါက အရာအားလုံးကိုဖိနှိပ်ပြီး ကမ္ဘာကြီးထံ သူမ၏ ထိုက်တန်မှုကို သက်သေပြဖို့ရာအတွက် ဖြစ်သည့်အတွက် သဘာဝဖြင့် လွှမ်းမိုးတတ်သည့် အရှိန်အဝါမျိုး ပိုင်ဆိုင်ထားလေသည်။ ယခု သူမ၏ ရည်ရွယ်ချက်က မိုးမြေကြားတွင် မြင်ဖူးသမျှအရာအားလုံးကို စည်းပိတ်နိုင်ဖို့ ဖြစ်နိုင်သည်။ ထိုအရာထဲတွင် တာအိုအရင်းအမြစ် ၃၈၀၀နှင့် မဟာတာအိုကိုယ်တိုင်ပင် ပါဝင်နိုင်သည်။
ယန်းအိုက် သို့မဟုတ် ဓားဧကရီ၏ အကျင့်စရိုက်က စူးရှကာ မာနကြီးလေသည်။ အကြောင်းအရင်းကမူ သူမ၏ လမ်းစဉ်က ကောင်းကင်ပိုင်းဖြတ်ခြင်း နည်းလမ်း ဖြစ်နေ၍ ဖြစ်သည်။ ထိုကောင်းကင်ဆိုသည့်အရာက ကောင်းကင်၊ အာကာပြင်၊ ကမ္ဘာ သို့မဟုတ် ကောင်းကင်တာအိုကို ဖော်ညွှန်းခြင်း မဟုတ်ပေ။ သူမ၏ ပစ်မှတ်က မည်သည့်အရာဖြစ်စေကာမူ သူမ အလိုရှိသည့်အရာကို ပိုင်းဖြတ်နိုင်စွမ်း ရှိလိမ့်မည်။
အဲဒီအချိန်စက်ဝန်းက ငါက အခု ငါနဲ့ ဆင်တူတဲ့ အကျင့်စရိုက်မျိုး ဖြည်းဖြည်းချင်း ရှိလာတာပဲ။ အဲဒါဆိုတော့ သူက သူမနဲ့ အတော်လေးကို လိုက်ဖက်မညီတော့ဘူး။ အဲ့လိုဆိုရင်တောင် နောက်ကျလွန်းသွားခဲ့ပြီလေ…
ဝမ်ဝေ့က သုံးသပ်ပြီးသည့်နောက်တွင် သက်ပြင်းချလိုက်သည်။
ရည်ရွယ်ချက်နှင့် တာအို သဟဇာတဖြစ်ခြင်း စကားလုံးနှင့် မြင်ကွင်းက သူ့စိတ်ထဲ ပြန်လည်ပေါ်ထွက်လာလေ၏။
ထိုမြင်ကွင်းကမူ သူသည် ဝူဟုန်၏ စာကို ရရှိပြီးသည့်နောက်တွင် သူပျော်ရွှင်နေသည့်အတွက် မိုးမြေ၌ အမြင်ရုပ်လွှာများပေါ်ထွက်လာသည့် မြင်ကွင်းတစ်ခု ဖြစ်ပေသည်။
မိုးမြေနှင့် သဟဇာတဖြစ်ခြင်း သဘာဝအတိုင်း သက်ရောက်မှုရှိစေပြီးတော့ လွှမ်းမိုးပြီး ပြောင်းလဲလိုက်တာပဲ…
သူ့မျက်ဝန်းအထက် အလင်းတစ်ချက် ဖြတ်ပြေးသွားလေ၏။ သူက အဖြစ်အပျက်ကို နားလည်လိုက်သည်။ သူ မှန်ကန်နေကြောင်း သုံးသပ်ပြီးသည့်နောက်တွင် သူ့အနာဂတ်ကိုယ်က မဟာတာအိုနှင့် ယှဉ်နိုင်သည့် အနေအထားတစ်ခုသို့ ရောက်ရှိသွားကြောင်း သိလိုက်ရသည်။ အကြွင်းမဲ့လွတ်လပ်ခွင့်ကို လိုချင်သည့် သူ့လမ်းစဉ်ကမူ ပြောင်းလဲသွားခြင်း မရှိပေ။
ရှုကျင်းယောင်တွင် ဖြစ်ပျက်သွားသည့်အရာက သူ့လွှမ်းမိုးမှုကြောင့်သာ ဖြစ်၏။
သူ့အဆင့်ရှိ သက်ရှိများက ဟွင်သွမ်းစကြဝဠာ၊ အတိတ်နှင့် ပစ္စုပ္ပန်ကို လွှမ်းမိုးနိုင်လိမ့်မည်။ ထိုအရာက မိုးမြေသည် ဝမ်ဝေ့၏ ပျော်ရွှင်မှုကို အောင်ပွဲခံသကဲ့သို့ ဖြစ်၏။ သူ့စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒတို့က လောကီ၊ အချိန်နှင့် ကာလံဒေသတို့ကို ကျော်လွန်နေလေသည်။
ထိုဝမ်ဝေ့က ဟွင်သွမ်းစကြဝဠာအတွင်း စစ်တုရင် ကစားပွဲတစ်ခု ကစားနေခြင်းဖြစ်ပြီး တမင်လှုပ်ရှားနေဖို့ မလိုအပ်ပေ။ စစ်တုရင်ခုံ ကိုယ်တိုင်က သူ့ကို ကူညီပေးဖို့ အလိုအလျောက် လှုပ်ရှားလာလိမ့်မည်။ ထိုအရာက တစ်ဖက်သူများအတွက်လည်း အတူတူသာ ဖြစ်၏။
ရှုကျင်းယောင်ကို ဝမ်ဝေ့အပေါ် လက်လျှော့အောင် လုပ်လိုက်ခြင်းက စစ်တုရင်ခုံ၏ အလိုအလျောက် အပြုအမူဖြစ်သည့်အတွက် သဘာဝဆန်ကာ ချောမွေ့နေခြင်း ဖြစ်၏။
ဝမ်ဝေ့က အသက်ပြင်းပြင်းရှူလိုက်သည်။
ဒီလိုအဆင့်တည်ရှိမှုမျိုးက…
သူက တအံ့တဩဖြင့် ဆက်တိုက်ဆိုသလို စိတ်လှုပ်ရှားလာမိ၏။ အဖြေတစ်ခုထွက်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်မှ ထူးဆန်းသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။
ဉာဏ်အလင်းပွင့်သွားတာလား…
ရှုကျင်းယောင်က တွေးပြီး အနည်းငယ် အံ့အားသင့်သွားလေသည်။
ဝမ်ဝေ့က မျက်လုံးကို ဖွင့်လိုက်ပြီးသည့်နောက်တွင် သူ့စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ထားခြင်း မရှိပေ။ သူ့သုံးသပ်မှုက သူ့အား များစွာ အကျိုးကျေးဇူးရှိစေခဲ့သည်။ သူက သူ့ကံကြမ္မာတာအိုနှင့်ပတ်သက်ပြီး များစွာနားလည်လာခဲ့သလို အလားအလာကိုလည်း သိလာခဲ့သည်။ ထို့အပြင် ဝမ်ဝေ့က အဆင့်မြင့်သက်ရှိများ၏ စွမ်းအားကို ချောင်းကြည့်နိုင်ခဲ့သည့်အတွက် ထိုအနေအထားကို ရောက်ရှိဖို့ သူ့အလှည့်ကျလာသည့်အခါ ကြီးမားသည့် အထောက်အကူ ဖြစ်လာနိုင်သည်။
ပိုပြီးအရေးကြီးဆုံးအရာက ဉာဏ်အလင်းပွင့်မှုနှင့် အရေးကြီးဆုံးအရာက သူ့ကောက်ချက်ချမှုသည် အဓိပ္ပာယ် မရှိနေစေကာမူ ကိစ္စမရှိပေ။ သူက အမှန်ဖြစ်သည်ဟု ယုံကြည်နေသရွေ့ ထိုအနေအထားအဆင့်သို့ ရောက်ရှိဖို့ လမ်းစဉ်ကို လျှောက်လှမ်းနိုင်ကာ ထိုစွမ်းအားကို အလိုလိုသဘောပေါက်လာလိမ့်မည်။