ပထမတွေ့ဆုံမှု၏ အဆုံးသတ်
Vol. 94 Ch. 1304
ဝမ်ဝေ့က မျက်လုံးဖွင့်လာသည့်အခါ ရှုကျင်းယောင်၏ မျက်ဝန်းထဲ အားကျမှုတချို့ကို မြင်လိုက်ရသည်။ သူက အကြောင်းအရင်းကို နားလည်လေ၏။ မသေမျိုးအဆင့်သုံးခုထဲ ဉာဏ်အလင်းပွင့်မှု အမျိုးအစားနှစ်ခု ရှိလေသည်။ ပထမတစ်ခုက ကျင့်ကြံသူ၏ မဟာတာအိုအရင်းအမြစ်ကို ၁ ရာခိုင်နှုန်း တိုးမြှင့်ပေးထားနိုင်သည့် အမျိုးအစားဖြစ်ကာ ဒုတိယအမျိုးအစားကမူ အချိန်ကာလတစ်ခုကြာ ကျင့်ကြံရေးတွင် ကောင်းချီး သို့မဟုတ် အားဖြည့်မှုပေးနိုင်သည့် အမျိုးအစား ဖြစ်၏။ ဝမ်ဝေ့၏ ဉာဏ်အလင်းပွင့်မှုကမူ နောက်တစ်ခု ဖြစ်သော်လည်း ထိုသို့သော အမျိုးအစားက ရှားပါးကာ စကားဖြင့် ဖော်ညွှန်း၍မရလောက်အောင် အဖိုးတန်လှသည်။
သေမျိုးအဆင့်မှာ နက်ရှိုင်းတဲ့ အုတ်မြစ်တည်ဆောက်ပြီးတဲ့နောက်မှာ ငါ့ရဲ့ ပင်ကိုစံပြဝိညာဉ်ရဲ့ သက်ရောက်မှုက ငါ ထင်ထားတာထက် ပိုပြီးကောင်းနေတာပဲ…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။ သို့သော်လည်း သူက များများစားစား အာရုံမစိုက်ဘဲ ယခင်ဉာဏ်အလင်းပွင့်မှုကို အာရုံစိုက်ထားလိုက်သည်။
ငါ့အနေနဲ့ ဒီလိုအနေအထားကို ရောက်ဖို့ ပိုပြီးမြင့်မားတဲ့ အနေအထားရောက်အောင် စောင့်ဖို့ မလိုတော့ဘူး။ အခုပဲ အုတ်မြစ်ချလို့ရပြီ။ ငါ ဒီစွမ်းရည်ကို စောစောစီးစီး ရနိုင်လောက်တယ်…
ဝမ်ဝေ့က ထိုသို့သော ကိစ္စမျိုးကို မည်သို့ ရယူနိုင်မလဲတွေးရင်း ကောက်ချက်ချလိုက်သည်။
စိတ်အခြေအနေကွဲပြားမှုအရ တာအိုဘာသာမှာ တာအိုနှင့် လိုက်လျောညီထွေဖြစ်ခြင်းလို့ ခေါ်တဲ့ ပိုမိုမြင့်မားတဲ့အဆင့်တစ်ခုရှိတယ်။ အဲဒါက သူတို့ရဲ့ စိတ်ကို ကောင်းကင်တာအိုနဲ့ ပေါင်းစည်းပြီးတော့ အကြွင်းမဲ့တည်ငြိမ်မှု၊ အကြွင်းမဲ့ငြိမ်သက်မှုနှင့် ဗလာအခြေအနေကို ဝင်ရောက်ခွင့်ပြုထားတာ။ တခြားနည်းနဲ့ပြောရမယ်ဆိုရင်တော့ စိတ်ခံစားချက်၊ အတွေး၊ ဝေဒနာနဲ့ စိုးရိမ်သောကတွေ မရှိတဲ့အနေအထားတစ်ခုပေါ့။ ဒီလိုအခြေအနေမှာဆိုရင် မဟာတာအိုအရင်းအမြစ်ရဲ့ ကောင်းချီးက နားလည်မှုအပေါ် သက်ရောက်မှုရှိတဲ့ အကောင်းဆုံးရုပ်ခန္ဓာတချို့နဲ့တောင် ယှဉ်နိုင်လောက်တယ်….
ဝမ်ဝေ့၏ စိတ်ထဲတွင် အတွေးများစွာ ဖြတ်ပြေးသွားလေ၏။
ဗုဒ္ဓဘာသာက ကမ္ဘာကြီးကို ဝေဒနာပင်လယ်လို့ မြင်ပြီးတော့ လွတ်မြောက်အောင် လုပ်ဖို့ ကြိုးစားကြတာ။ ကြည့်ရတာ ငါ ဒီနှစ်ခုကို ပေါင်းပြီး ငါလိုချင်တာကို ရနိုင်လောက်တယ်။ ပထမဦးဆုံး တာအိုနဲ့ လိုက်လျောညီထွေဖြစ်မဲ့ အနေအထားကို ဝင်ရောက်ရမယ်။
အဲဒီနောက်ကျရင် မိုးမြေကနေ လွတ်မြောက်မဲ့ နည်းလမ်းကို ရှာရမယ်။ မဟုတ်သေးဘူး ငါက လွတ်မြောက်ဖို့ မလိုဘူး။ ငါက အဲဒီအနေအထားထိ ရောက်အောင် လုပ်နိုင်မယ်လို့လည်း မထင်ဘူး။ ငါ့ရဲ့ တည်ရှိမှုက မိုးမြေရဲ့ အထက်မှာရှိဖို့ပဲ လိုတာ။ အဲ့လိုဆိုရင် ငါ့အနေနဲ့ ငါ့ရည်မှန်းချက်နဲ့ ရည်ရွယ်ချက်တွေကို ရောက်အောင်လုပ်ဖို့ လမ်းညွှန်ပေးလို့ရပြီ…
ဝမ်ဝေ့က စိတ်လှုပ်ရှားပြီးသည့်နောက်တွင် ပြန်လည်တည်ငြိမ်သွားလေသည်။ ထိုအစီအစဉ်က လွယ်ကူဟန်ထင်ရသော်လည်း အမှန်တရားနှင့် အလှမ်းဝေးနေသည်။ တွေ့ဆုံရမည့် အတားအဆီးများစွာ ရှိနေလေ၏။ ပထမဦးဆုံးတစ်ခုက တာအိုဘာသာနှင့် ဗုဒ္ဓဘာသာအပေါ် နက်နက်နဲနဲ နားလည်ဖို့ရာ ဖြစ်ပြီး စိတ်ဝိညာဉ်လေကျင့်မှုများ၌ လုံလောက်သည့် အောင်မြင်မှုမျိုး ရရှိဖို့ရာ ဖြစ်သည်။
ဝမ်ဝေ့က ထိုသို့သော အောင်မြင်မှုမျိုး ပြုလုပ်ဖို့ရာအတွက် ဗဟုသုတများ လိုအပ်လေ၏။ သို့သော် စိတ်ဝိညာဉ်လေ့ကျင့်မှုကမူ လုံ့လနှင့် သူတို့၏ ကိုယ်ပိုင်တာအို ထူးကဲသောနှလုံးသားက မြင့်မားသည့် အနေအထားရောက်ဖို့ လိုအပ်သည်။ ကံကောင်းစွာဖြင့် ဝမ်ဝေ့က အမြဲတမ်းပြောင်းလဲ တာအိုနှလုံးသား ရှိထားသည့်အတွက် အတွေးတစ်ချက်ဖြင့် သူက ဗုဒ္ဓဖြစ်လာနိုင်သလို နောက်ထပ်အတွေးတစ်ချက်ဖြင့် အထွတ်အထိပ် တာအိုသခင်တစ်ယောက် ဖြစ်လာနိုင်သည်။
ဒုတိယအတားအဆီးကမူ တာအိုနှင့် လိုက်လျောညီထွေဖြစ်သည့် အနေအထား ဖြစ်၏။ တာအိုသူတော်စင်အများစုက ထိုအနေအထားကို ရောက်ဖို့ ကျရှုံးခဲ့ကြသလို လိုက်လျောညီထွေဖြစ်ခြင်း၏ အကျိုးဆက်ကြောင့် ထိုလမ်းစဉ်ကို မလျှောက်လှမ်းရပေ။ ကောင်းကင်တာအိုနှင့် ပေါင်းစည်းခြင်း အကျိုးဆက်က အန္တိမသဟဇာတကဲ့သို့ စိတ်ခံစားချက်ကင်းမဲ့သည့် စက်ယန္တရားအဖြစ် ပြောင်းလဲသွားတတ်ကြသည်။
တာအိုဘာသာက စိတ်ခံစားချက်များကို အပြီးတိုင် ဖယ်ရှားခြင်းမဟုတ်ဘဲ လျှော့ချဖို့သာ အာရုံစိုက်ထားကြ၏။ ထို့ကြောင့် ဤသို့သော စိတ်အနေအထားမျိုးရှိသည့် သူတော်စင်များက သူတို့ကိုယ်သူတို့ လိုက်လျောညီထွေဖြစ်သွားပြီး မကောင်းဆိုးဝါးအသွင် ပြောင်းလဲသွားခြင်းကို ကာကွယ်ဖို့ သတိကြီးကြီး ထားထားကြရသည်။
လူတချို့ကမူ လိုက်လျောညီထွေဖြစ်ခြင်း လမ်းစဉ်နောက် လိုက်ကြလေသည်။ ထိုသူများက မထူးမခြားနားလမ်းစဉ်၊ ရက်စက်ခြင်းလမ်းစဉ်၊ ကောင်းကင်တာအိုလမ်းစဉ် အစရှိသည့် တာအိုဘာသာခွဲအောက်မှ ဖြစ်ကြလေသည်။
ဒါက ငါ ထင်ထားတာထက်ပိုပြီးတော့ ခက်နေတာပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက စိတ်ဝိညာဉ်လေ့ကျင့်မှုနှစ်ခု၌ အောင်မြင်မှုမျိုး ရရှိပြီး သူတို့ကို ပေါင်းစည်းနိုင်သည်။
စံနှုန်းတွေအရဆိုရင်တော့ အောင်မြင်ဖို့ အချိန်အကြာကြီး ကြာမြင့်လိမ့်မယ်။ ဒါက အလုပ်မဖြစ်နိုင်တာတောင် ဖြစ်နေနိုင်တယ်…
အချိန်ဖြုန်းမဲ့အစား ငါက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ကို ဖြစ်ဖို့ အာရုံစိုက်ထားလို့ရတာပဲ။ ခဏလေး ငါက ဘာလို့ ဒီနည်းစနစ်ကို စံပြအဆင့်မှာ လုပ်နိုင်တယ်လို့များ တွေးနေရတာလဲ။ ငါ့ရဲ့ ရည်ရွယ်ချက်က အခု အုတ်မြစ်ချဖို့ပဲလေ။ အဲဒီအနေအထားကို ရောက်တာနဲ့ ငါ အောင်မြင်သွားနိုင်တာပဲ…
ဝမ်ဝေ့က သူ့အနာဂတ်ကိုယ်သည် နေမင်းနှစ်စင်းထက် ပိုမိုအားကောင်းကြောင်း သိထားလေ၏။ သူတို့သည် မပြီးပြည့်စုံသည့် နည်းလမ်းများကို အသုံးပြု၍ မဟုတ်ပေ။ သူ့ကောက်ချက်ချထားမှုအရ ထူးကဲသာလွန်မှု အဆင့်ဖြစ်လာဖို့အတွက် စံပြအဆင့်မှ ခြေတစ်လှမ်းဝက်သာ ကွာဝေးတော့သည့် စံပြအဆင့်မှ မြောက်များစွာ ကွာဝေးလေသည်။ သို့သော်လည်း ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ကြားတွင်ပင် ကွဲပြားချက် ရှိနေလေ၏။
မေတ္တယျနှင့် အန္တိမသဟဇာတတို့က အဆင့် (၁၂.၁) ဖြစ်ပြီး ဝမ်ဝေ့၏ အနာဂတ်ကိုယ်ကမူ (၁၂.၇)မှ (၁၂.၉)အထိ ဖြစ်နေနိုင်သည်။ အဆင့်(၁၃)ကမူ စစ်မှန်သည့် ထူးကဲသာလွန်မှုဖြစ်၏။ သူ့နည်းစနစ်က (၁၂.၁)အဆင့်တွင်ရှိနေရင်း (၁၂.၇)မှ ဂုဏ်သတ္တိတချို့ကို ရှိခွင့်ပြုထားလေသည်။
ဝမ်ဝေ့က ရှုံ့မဲ့သွားလေ၏။ သူက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်အကြောင်း ပိုမိုသိလာဖို့ မျှော်လင့်နေမိသည်။ အကြောင်းအရင်းကမူ သူသည် (၁၂.၁)ကို မကြိုက်သလို ထိုစနစ်မျိုးကိုလည်း မကြိုက်ပေ။
“တစ်ခုခု မှားလို့လား” ရှုကျင်းယောင်က သူ့ ထူးထူးဆန်းဆန်း တုံ့ပြန်မှုမျိုးကို သတိထားမိကာ မေးလိုက်သည်။
“မဟုတ်ပါဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်၏။
“အခု ဘယ်ရောက်သွားပြီလဲ။ အော် ညှိနှိုင်းနေတာပဲ။ တန်ကြေးရော မင်းရဲ့ စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး ပြဿနာမရှိဘူး”
ရှုကျင်းယောင်က သူ့ကို ကြည့်ပြီးသည့်နောက်တွင် မျက်ခုံးအသာပင့်ကာ ပြောလိုက်သည်။
“ကြားရတာ ကောင်းပါတယ်။ တခြားပြောစရာရှိသေးလား”
“နောက်ဆုံးအနေနဲ့ ဒါက မင်းအတွက်”
“ဒါက”
“အသန့်စင်ဆုံး ကံကြမ္မာစွမ်းအားလေ” ဝမ်ဝေ့က တုံ့ပြန်လိုက်သည်။
“ဘာလဲ လက်ဆောင်လား” သူမက သူ့အား ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။
“အိုး အထင်မလွဲပါနဲ့။ ဒါက မင်းအပိုင်။ လူအိုကြီးထျန်းကျိဆီကနေ ဖြတ်ယူလာတာ”
ရှုကျင်းယောင်က သူမသည် ထိုစွမ်းအင်နှင့် တိုက်ရိုက်ဆက်နွယ်မှုရှိနေသည်ကို ခံစားမိသည့်အတွက် သူသည် အမှန်အတိုင်း ပြောနေကြောင်း သိလိုက်သည်။ ထိုစွမ်းအားကို ထိန်းချုပ်ပြီးသည့်နောက်တွင် သူမ၏ စိတ်ထဲ များစွာ ကောက်ချက်ချနိုင်လိုက်၏။ သူမက လူအိုကြီးထျန်းကျိသည် သူမနှင့် အလုပ်တွဲလုပ်လိုသည့် အချက်ကိုပင် နားလည်သွားလေသည်။
“ကျေးဇူးပါ”
“ကိစ္စမရှိပါဘူး။ အခု ထွက်သွားရတော့မဲ့အချိန်ပဲ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ ယခု သူက ရှုကျင်းယောင်နှင့် တွေ့ဆုံပြီး သူတို့၏ ဆက်နွယ်မှုကို မည်သို့ဖြတ်တောက်ရမလဲ သိချင်နေပြီဖြစ်သည့်အတွက် ဝမ်ဝေ့က ဤတွေ့ဆုံမှုအတွက် လိုချင်သည့် အရာအားလုံးကို ပြီးမြောက်ခဲ့သည်ဟု ဆိုရပေမည်။ ကိစ္စများက ထင်ထားသည်ထက် ပိုမိုကောင်းမွန်နေ၏။ ရှုကျင်းယောင်က သူတို့၏ ဆက်ဆံရေးကို အပြီးတိုင် လက်လျှော့လိုသည့်အခါ ဖြစ်သည်။
ကံကြမ္မာက ဒီရလဒ်ကို ခုခံဖို့မရှိဘဲ လက်ခံတာ နည်းနည်းတော့ ထူးဆန်းမိတယ်။ ဒါပေမဲ့ အခုတော့ ကျေနပ်ပါတယ်လေ…
ဝမ်ဝေ့က တွေးလိုက်သည်။
“တာအိုရောင်းရင်း နည်းနည်းလောက် ကြာကြာနေပါဦးလား။ ကျွန်မ ဆက်ပြီးတော့ ဧည့်ခံချင်ပါသေးတယ်”
ဝမ်ဝေ့က သူမသည် အားနာနေခြင်း ဖြစ်ကြောင်း ပြောနိုင်လေ၏။ ထို့ကြောင့် သူက ငြင်းဆန်လိုက်သည်။
“နှမြောစရာပဲ” ရှုကျင်းယောင်က စစ်တုရင်ခုံကိုကြည့်ရင်း ခေါင်းညိတ်လိုက်သည်။
“အထူးသဖြင့် ဒီမပြီးဆုံးသေးတဲ့ ကစားပွဲအတွက်ပေါ့”
“နောက်တွေ့ဆုံတဲ့အခါကျမှ ဆက်ဆော့ကြတာပေါ့” ဝမ်ဝေ့က အကြံပြုလိုက်သည်။
“အိုး” ယခင်စကားဝိုင်းအပြီး ရှုကျင်းယောင်က သူသည် စီးပွားရေးဆန်ဆန် ဆက်ဆံရေးမျိုးသာ လိုချင်သည်ဟု ထင်ထားခဲ့မိသော်လည်း သူက အတော်လေး ပွင့်လင်းဟန်ပေါ်သည်။ သူမက ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ခေါင်းညိတ်လိုက်၏။
“ကောင်းပြီလေ။ ရှင်က စစ်တုရင်ခုံကို သိမ်းထားလိုက်ပေါ့။ ဒါပေမဲ့ မလှည့်ဖျားနဲ့နော်”
“အဲ့လိုမလုပ်ပါဘူး” ဝမ်ဝေ့က ပြောပြီးသည့်နောက်တွင် လက်တစ်ချက်ဝှေ့ကာ ထိုကမ္ဘာထဲရှိ အချိန်ကို ရပ်တန့်စေပြီး စစ်တုရင်ခုံကို သိမ်းဆည်းလိုက်သည်။ ရှုကျင်းယောင်က ထိုစကားများကို မယုံပေ။ အကယ်၍ အကျိုးအမြတ်ရှိပြီး လိမ်လည်လှည့်ဖျားမှုက အနိုင်ရရှိဖို့ တစ်ခုတည်းသော နည်းလမ်းဆိုပါက သူသည် တုံ့ဆိုင်းခြင်း မရှိ လိမ်လည်လှည့်ဖျားမည်မှန်း သိနေသည်။
အဲဒီအမျိုးသမီးရဲ့ စိတ်ထဲမှာ ငါ့ဂုဏ်သတင်းက ဘာလို့ အဲ့လောက် ဆိုးရွားနေရတာလဲ…
ဝမ်ဝေ့က ရှုကျင်းယောင်၏ မျက်နှာအမူအရာကို ကြည့်ပြီး တွေးလိုက်သည်။ သူက သူ့သုံးသပ်မှုသည် မှန်ကန်ကြောင်း သဘောပေါက်မိသည့်အတွက် ဆွံ့အသွားလေ၏။ သူက ခေါင်းယမ်းထားပြီးသည့်နောက်တွင် သူမကို ဦးညွှတ်ကာ ကောင်းကင်အလှတရားနန်းဆောင်မှ ထွက်ခွာသွားလေသည်။
ဝမ်ဝေ့က တာအိုသင်္ချိုင်းမြေဆီ ပြန်မသွားသေးဘဲ သွေးနဂါး၏ ပိုင်နက်နယ်မြေအတွင်း ကြုံရာကျပန်း နယ်မြေတစ်ခုဆီ ကူးသန်းလိုက်သည်။ သူ ရောက်ရှိလာသည်နှင့် လေဟာနယ်ထဲ တိုက်ပွဲ ၇ခုကျော်ကို ခံစားမိလိုက်သည်။
ထင်ထားသည့်အတိုင်း ဖရိုဖရဲဖြစ်နေတာပဲ…
ဝမ်ဝေ့က ဤကျယ်ပြောလှသည့် ပိုင်နက်ကို သိမ်းပိုက်ဖို့ လူအင်အား မရှိပေ။ အကယ်၍ သူ့တွင် ရှိနေလျှင်ပင် ထိုသို့မလုပ်ရဲပေ။ သူ့လှုပ်ရှားမှုများက သိုသိုသိပ်သိပ် ဖြစ်နေဆဲဖြစ်သည့်အတွက် ပိုင်နက်တစ်ခုကို သိမ်းပိုက်ခြင်းက သူ့ကိုယ်သူ ထုတ်ဖော်ပြသနေသလို ဖြစ်သွားလိမ့်မည်။ တခြားသောသူများ သို့မဟုတ် မျိုးဆက်များက ထိုပိုင်နက်များကို ယူဆောင်ဖို့ ဂရုစိုက်ကြမည် မဟုတ်ဘဲ ကပ်ပါးများကို စောင့်ကြည့်ကြဦးမည်သာ ဖြစ်၏။
သို့သော်လည်း ထိုသူများက သူတို့ပိုင်နက်ထဲရှိ နယ်နိမိတ်ထဲမှ ထွက်ခွာသွားကြမည် မဟုတ်ပေ။ သွေးနဂါး၏ သေဆုံးမှုက အများစုကို ထိတ်လန့်စေ၏။ အထူးသဖြင့် သူတို့ခေါင်းဆောင်၏ တည်ရှိမှု မရှိသည့်အခါတွင် ဖြစ်သည်။ သူတို့၏ နည်းဗျူဟာက သူတို့၏ ပိုင်နက်ထဲတွင် စောင့်ဆိုင်းရေးနှင့် ကာကွယ်ရေးတို့ ပါဝင်နေသည်။ ချဲ့ထွင်မှုက သူတို့ခေါင်းဆောင် ပြန်ရောက်လာပြီး အမိန့်ပေးပြီး စောင့်ဆိုင်းနိုင်လေ၏။
ကပ်ပါးတွေဆီက တုံ့ပြန်မှုမျိုးကို ငါ အကြာကြီး စိုးရိမ်နေခဲ့ရတာ။ သေချာကြည့်တော့မှ ကမ္ဘာဦးဟွင်သွမ်းနဲ့ အဆုံးမဲ့တက်လှမ်းခြင်း နေရာကြားက အချိန်ကွာဟချက် ရှိနေသေးတာပဲ…
နှစ်သုံးသန်းဆိုသည့် အချိန်က ကုန်ဆုံးသွားသော်လည်း အပြင်ဘက်၌မူ ပမာဏအနည်းငယ်မျှသာ ကုန်ဆုံးသေးသည်။ အချိန်များစွာ ကုန်ဆုံးသွားနိုင်သော်လည်း ထိုသူများက ဝင်ရောက်မစွက်ဖက်သလို မတုံ့ပြန်သည်မှာ စစ်ပွဲက အတော်လေး ပြင်းထန်နေ၍ ဖြစ်နိုင်သည်။
ပြီးတော့ အဲဒီလူတွေက ကိစ္စတွေကို လုပ်တဲ့အခါမှာ အချိန်ယူကြတယ်ဆိုတဲ့ ခံစားချက်မျိုးရှိတယ်။ ငါ ဒါကို နေသားမကျသေးဘူး…
ဝမ်ဝေ့က နေရာတချို့ဆီ ပျံသန်းသွားရင်းတွေးလိုက်သည်။ သူက ဒိုင်မေးရှင်းအနိမ့်တွင် အလျင်အမြန် ဖြစ်ပျက်နေသည့်အရာများကို နေသားကျလာမိ၏။ အထူးသဖြင့် ကောင်းကင်ဧကရာဇ်အနေဖြင့် သူ့အုပ်စိုးမှုအချိန်ကာလအတွင်း ဖြစ်သည်။ သို့သော်လည်း ဒိုင်မေးရှင်းအမြင့်တွင် ကိစ္စများက ပိုမိုနှေးကွေးနေသည်။
ကြည့်ရတာ ကိစ္စဆိုးဆိုပေမဲ့ ဆန့်ကျင်ဘက်ပဲ။ အချိန်ပိုပြီးယူတာက တုံ့ပြန်မှုကောင်းအတွက် ကြိုတင်ပြင်ဆင်ဖို့ အချိန်အများကြီး ရတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ…
မြန်ဆန်မှုက မပြင်ဆင်မှု၊ အမှားအယွင်းဟု ဆိုလိုနေသည်။
ဒီလိုဆိုပေမဲ့လည်း အန္တိမသဟဇာတက မတုံ့ပြန်သေးတဲ့ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေတယ်ဆိုတဲ့ ခံစားချက်မျိုး ရှိတယ်။
ဝမ်ဝေ့ မျက်မှောင်ကြုတ်လိုက်သည်။
မေးခွန်းက သူ ဘာကို စောင့်ဆိုင်းနေတာလဲ…
သူ့ဇစ်မြစ်မှာ ဖြစ်နိုင်ချေအများကြီးရှိသော်လည်း သူက ဘယ်ရလဒ်ကိုမှ သဘောမကျပေ။
ထားလိုက်ပါတော့။ ငါ တွေးလို့ရသမျှအရာအားလုံးအတွက် ကြိုတင်ပြင်ဆင်ထားရမယ်။ ဘာပဲဖြစ်ဖြစ် ငါ့ဆီမှာ အချိန်ကလွဲပြီး ဘာမှမရှိဘူးလေ။