← Chapters

လက်ရှိအခြေအနေ

Vol. 94 Ch. 1306

လက်ရှိအခြေအနေ

Vol. 94 Ch. 1306

ဝမ်ဝေ့က အစာမစားတာ ကြာမြင့်ပြီးသည့်နောက်တွင် ရုတ်ချည်းဆိုသလို အစားအစာကို တောင့်တလာလေ၏။ ထို့ကြောင့် သူက တစ်စုံတစ်ခုကို စားဖို့ နေရာတစ်ခု ရှာဖွေခဲ့သည်။ သို့သော်လည်း လက်ရှိဖရိုဖရဲအနေအထားဖြင့် နေရာအများစုက ဖျက်ဆီးခံလိုက်ရသလို ပိတ်သိမ်းခံလိုက်ရသည်။ သူက စက္ကန့်ပိုင်း ရှာဖွေပြီးသည့်နောက်တွင် စားသောက်ဆိုင်ငယ်လေး တစ်ခုကို တွေ့ရှိသွား၏။

“မင်းတို့ဆိုင်ဖွင့်လား”

စားပွဲထိုးလေးက ရုတ်ချည်းဆိုသလို မြေပြင်ပေါ် လဲကျသွားလေ၏။ သူ မျှော်လင့်မထားသည့် အရာတစ်ခုက သူ့အခန်းအတွင်း တစ်စုံတစ်ယောက် ရုတ်ချည်း ပေါ်ထွက်လာသည်ကို ဖြစ်သည်။ ထို့နောက် သူက တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်အခါ သူ့မျက်နှာက ဖြူဖျော့သွားလေသည်။

သူက ချက်ချင်းဆိုသလို ထရပ်ကာ ဒူးထောက်ကာ ပြောလိုက်၏။

“သခင်ကြီး ကျွန်တော် အသက်ကို ချမ်းသာပေးပါ”

ဝမ်ဝေ့က ထိုသနားစဖွယ် အမျိုးသားကို ကြည့်ပြီး ခေါင်းယမ်းလိုက်သည်။ ဒိုင်မေးရှင်းအမြင့်ရှိ သေမျိုးများက ကြမ်းတမ်းသည့် ဘဝမျိုး ရှိကြ၏။ သူတို့က နှစ်တစ်ထောင်ကျော်ကြာ အသက်ရှင်နေနိုင်ကြသော်လည်း နတ်ဘုရား၊ နတ်ဆိုးနှင့် အဆင့်မြင့်သက်ရှိများ အုပ်စိုးသည့် ဤကမ္ဘာအတွင်း သူတို့၏ ဘဝများက စာရွက်တစ်ရွက်လို ကြေမွလွယ်နေသည်။

“ထ” ဝမ်ဝေ့က ပြောလိုက်ပြီးသည့်နောက်တွင် မှော်စွမ်းအားဖြင့် စားပွဲထိုးလေးအား ဆွဲထူလိုက်သည်။

“ဒါက မင်းရဲ့ စားသောက်ဆိုင်လား”

“ဒါ ဒါ ဒါ ဒါက… ”

စားပွဲထိုးလေးက သာမန်စကားကိုပင် ပြောနိုင်စွမ်း မရှိပေ။ ထို့ကြောင့် ဝမ်ဝေ့က ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်ကာ ထိုသူအား စိတ်အေးစေလိုက်သည်။

“သခင်ကြီးကို ကျေးဇူးတင်ပါတယ်” စားပွဲထိုးလေးက ပြောလိုက်၏။

“မေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ဒါက ကျွန်တော်ရဲ့ စားသောက်ဆိုင်ဆိုတာ မှန်ပါတယ်။ ဒီလိုအန္တရာယ်များတဲ့ အခြေနေမှာ ဘယ်သူကမှ အလုပ်မလုပ်ကြလို့ ကိုယ်တိုင် လုပ်နေရတာပါ”

“မင်းက မကြောက်ဘူးလား” ဝမ်ဝေ့က မေးလိုက်သည်။

စားပွဲထိုးလေးက သက်ပြင်းချလိုက်ပြီး

“ကြောက်တာပေါ့ဗျာ။ ဒါပေမဲ့ အိမ်မှာရှိတဲ့ ပိုက်ဆံက ကုန်သွားပြီးတော့ မိသားစုဝင်တွေကို ကျွေးမွေးရှာဖွေရဦးမယ်လေ”

“ငါ အဲဒါကို သဘောကျတယ်” ထိုအမျိုးသားက မည်မျှပင် အားနည်းစေကာမူ သူ့မိသားစုကို ကျွေးမွေးဖို့ ဒုက္ခခံနေသည့် အချက်က လေးစားဖို့ကောင်း၏။

“မင်းနာမည်က ဘယ်သူလဲ”

“သခင်ကြီး ကျွန်တော့်နာမည်က ဟွေ့မုန်ဝေ့ပါ”

“ဝေ့လား။ ကြည့်ရတာ ငါတို့ရဲ့ နာမည်က တူညီတဲ့ စာလုံးထင်တယ်။ တစ်နည်းနည်းနဲ့ ဒါက ကံကြမ္မာပဲ။” ဝမ်ဝေ့က ပြောလိုက်သည်။

“မင်းရဲ့ အကောင်းဆုံးဟင်းပွဲကို တည်ခင်း။ ငါ စိတ်ပျော်တယ်ဆိုရင် မင်းရဲ့ ကံကြမ္မာက အခုကစပြီး ပြောင်းလဲသွားလိမ့်မယ်”

ဟွေ့မုန်ဝေ့က အံ့အားသင့်ပြီးသည့်နောက်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာလေ၏။ ထိုအခွင့်ရေးက မည်သို့ပင်ဖြစ်စေကာမူ ဆုလာဘ်တစ်ခုဖြစ်စေ သို့မဟုတ် ကျင့်ကြံရေးလမ်းစဉ်ကို လျှောက်လှမ်းနိုင်မည့် အခွင့်အရေးတစ်ခုဖြစ်စေ သူ့ဘဝက ပိုမိုကောင်းမွန်လာနိုင်ကြောင်း သိလိုက်သည်။

ဒါပေမဲ့ ဒီသခင်ကြီးကို ဘယ်လိုကျေနပ်အောင် လုပ်ပေးရမှာလဲ…

ဟွေ့မုန်ဝေ့က ကျင့်ကြံသူများ၏ စံနှုန်းသည် မည်မျှမြင့်မားကြောင်း သိထားသည့်အတွက် သူ့စားသောက်ဆိုင်ငယ်လေးက အထွတ်အထိပ်အခါတွင်ရှိစဉ်အခါကမူ သေးငယ်သည်ဟု မှတ်ယူ၍ရပေသည်။

အခု တုံ့ဆိုင်းနေဖို့ အချိန်မဟုတ်ဘူး…

သူက မီးဖိုချောင်ဆီ ပြေးကာ ပြင်ဆင်လိုက်သည်။ သူက ပိုင်ရှင်ဖြစ်သော်လည်း ဟွေ့မုန်ဝေ့က တစ်ခါက စားဖိုမှူးဖြစ်ဖူးပြီး သူ့ဖခင်ဆီမှ သင်ယူခဲ့ဖူးသည်။ စားသောက်ဆိုင်ကို အမွေဆက်ခံပြီး အများစုကို လက်လွှတ်ထားသော်လည်း သူက ဟင်းလျာအများစုကို ဖန်တီးထားသူ ဖြစ်သည်။ ထို့ကြောင့် အနည်းဆုံးတော့ သေမျိုးများ၏ စံနှုန်းအရ သူ့ချက်ပြုတ်မှုက အတော်လေး ကောင်းမွန်လှသည်။

ဝမ်ဝေ့က ထိုင်ခုံတစ်လုံးကို ရှာကာ အလုပ်ကို စလိုက်သည်။ သူ့ရှေ့၌ ဖန်သားပြင်တစ်ခု ပေါ်ထွက်လာပြီး ဝမ်ချီ၏ မျက်မှောင်ကြုတ်မှုက ဆယ်စက္ကန့်ကြာပြီးသည့်နောက်တွင် ထွက်ပေါ်လာသည်။

“ဘာဖြစ်နေတာလဲ”

“ဂိုဏ်းချုပ် ဒီလိုလုပ်လို့ မရဘူးနော်”

“မင်း ဘာတွေပြောနေတာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ကျွန်တော် အရင်ကလည်း ပြောဖူးပါတယ်။ ကျွန်တော်ရဲ့ သစ္စာရှိမှုက ဂိုဏ်းချုပ်ကတော်ဆီမှာပဲ ရှိတာလို့ တခြားသူတွေကို အသိအမှတ်မပြုသလို လက်လည်း မခံနိုင်ဘူး”

ဝမ်ဝေ့က သူ့ကို နားမလည်နိုင်စွာ ကြည့်ပြီးသည့်နောက်တွင် တစ်စုံတစ်ခုကို သဘောပေါက်သွားလေ၏။

“ကောင်စုတ် ငါ့နာမည်နဲ့ ဂုဏ်သိက္ခာကို လာပြီး ရေညစ်တွေ လောင်းမနေနဲ့”

“ဒါက ဂိုဏ်းချုပ်ဘာသာ ဂိုဏ်းချုပ်လုပ်နေတာမဟုတ်ဘူးလား”

ဝမ်ချီက ပြောလိုက်သည်။

“နှစ်သုံးသန်းလေ။ ဂိုဏ်းချုပ်ကတော်နဲ့တောင် ဒီလောက်အကြာကြီး နှစ်ကုန်ဆုံးခဲ့တယ်လို့ မထင်ဘူး”

“ကောင်စုတ်။ ငါ့ကို ရေညစ်တွေ လောင်းချမနေနဲ့” ဝမ်ဝေ့က ပြန်အော်လိုက်သည်။

“ငါက သူမကို သွေးနဂါးရဲ့ တာအိုအမှတ်အသားဖယ်ရှားဖို့ကို ကူညီပေးရုံပဲ”

“ ကျွန်တော်ကို ငတုံးများ ထင်နေလား။ ဒီလောက်အချိန်အကြာကြီး မိန်းမလှလေးနဲ့ ရှိနေတာ ဘာမှမဖြစ်ဘူးလို့ ပြောနေတာလား”

“မင်းရဲ့ စကားတွေက ငါ့ရဲ့ ဂုဏ်သိက္ခာကို စွပ်စွဲနေတာလား ဒါမှမဟုတ် မင်းက ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာလည်း ထုတ်ဖော်နေတာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“အဲဒါဆိုတော့ ဘယ်တစ်ခုလဲ”

ဝမ်ချီက ချက်ချင်းဆိုသလို မျက်နှာပူသွားလေသည်။

“တကယ်ကြီး ဘာမှမလုပ်ခဲ့ဘူးလား”

ဝမ်ဝေ့က သူ့ကို ခက်ထန်စွာ ကြည့်လိုက်သည်။

“အဲဒါဆိုရင် ဘာလို့ အဲ့လောက်တောင် ကြာနေရတာလဲ”

“စံပြတစ်ယောက်ရဲ့ တာအိုအမှတ်အသားကို ဖယ်ရှားဖို့ လူတိုင်းက ဖယ်နိုင်တယ်များ ထင်နေလား။ ဒီဖြစ်စဉ်က ငါ့ရဲ့ ဉာဏ်ပညာကြောင့်သာ မဟုတ်ရင် ယွမ်ခေတ်ကာလတွေတောင် ကြာမြင့်သွားနိုင်တယ်”

ဝမ်ချီက ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်ဆီမှ မှတ်တမ်းထဲတွင် ဤကဲ့သို့ ခက်ခဲသည့်အရာတစ်ခုကို ဖတ်ခဲ့ဖူးကြောင်း အမှတ်ရသွား၍ တုံ့ဆိုင်းသွားလေသည်။ သူက ချောင်းအသာဟန့်လိုက်ပြီးသည့်နောက်တွင် ဆက်ပြောလိုက်သည်။

“အဲ့အကြောင်းကို ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်က …”

“တော်ပြီ။ ငါ ပြန်ရောက်တာနဲ့ မင်းရဲ့ ကျင့်ကြံရေးကို စစ်ဆေးကြည့်မယ်။ မကျေနပ်ဘူးဆိုရင်တော့ မင်းကို ငါကိုယ်တိုင် အပြစ်ပေးမယ်” ဝမ်ဝေ့က သူ့ကို ဖြတ်ပြောလိုက်သည်။

ဝမ်ချီက မလုံမလဲသာ ပြုံးလိုက်၏။

“ကျွန်တော် နားလည်ပါပြီ”

သူက သက်ပြင်းချလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ငါ ဂိုဏ်းချုပ်ကတော်ရဲ့ အခွင့်အရေးနဲ့ အနာဂတ်ပျော်ရွှင်မှုကို ကာကွယ်နိုင်သရွေ့ နည်းနည်းလောက် ဒုက္ခခံရလည်း ကိစ္စမရှိပါဘူး…

“ဂိုဏ်းချုပ်က ပြန်မလာသေးဘူးလား”

“တစ်စုံတစ်ခုကို စဖို့ ပြင်နေတာ။ ပြီးတော့  ပြန်မလာခင် မင်းကို စစ်ဆေးကြည့်တာ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ မင်းရဲ့ တုံ့ပြန်မှုကို မြင်ပြီးတဲ့နောက်မှာ သူမဆီ သွားတွေ့ပြီးတော့ တခြားသူတွေ ငါ့နာမည်ကို ရေဆိုးရေညစ်မလောင်းခင် သွားပြီး တင်ပြသင့်တယ်လို့ ထင်တယ်”

ဝမ်ချီက ထပ်မံ ချောင်းဟန့်လိုက်သည်။

“ဂိုဏ်းချုပ် ဒါက ဖြစ်ပျက်ခဲ့တာကြာပြီကို ဘာလို့ စိတ်ထဲထားနေသေးတာလဲ။ ဂိုဏ်းချုပ်က ကြီးကျယ်မြင့်မြတ်တဲ့သူဆိုတော့ စိတ်သဘောထားကြီးမှုကို ပြလိုက်ပါ။ ကပ်တွက်မနေပါနဲ့”

ဝမ်ဝေ့က ချက်ချင်းရှုံ့မဲ့သွား၏။ ဤသည်က ဆယ်စက္ကန့်ပင် မကြာသေးရာ ထိုကောင်စုတ်က ဘယ်တုန်းကများ ဤမျှအထိ အရှက်မဲ့လာသနည်း။

“ဒါပေမဲ့ လမ်းကြောင်းပြောင်းလိုက်တယ်ဆိုမှတော့ ဧကရာဇ်ခုံနဲ့လည်း သွားရောက်တွေ့ဖို့ အကြံပြုချင်တယ်” ဝမ်ချီက ပြောလိုက်သည်။

“ယခင်တွေ့ဆုံမှုက လွဲချော်သွားတာဆိုတော့ ကျွန်တော်ရှင်းပြထားတယ်ဆိုပေမဲ့ ကိုယ်တိုင်ရှင်းပြတာတော့ ပိုကောင်းလိမ့်မယ်”

“မင်းပြောတာ ဟုတ်တယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

“အရင်ဆုံး လက်ဆောင်ငယ်လေးတော့ ယူသွားရမယ်”

ဝမ်ချီကလည်း ထိုစကားများကို သဘောတူလေသည်။ သူတို့က ပထမတွေ့ဆုံမှုကို ဖျက်သိမ်းခြင်းဖြင့် မှားယွင်းခဲ့သူဖြစ်သည့်အတွက် လက်ဆောင်ဖြင့် တောင်းပန်သည်က အလေးအနက်ရောက်ရာ ကျပေသည်။

“ငါ မရှိတုန်း ဘာတွေဖြစ်သွားသေးလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ဘယ်ကနေ စရမလဲ” ဝမ်ချီက ပြောလိုက်သည်။

“ကျွမ်းကျင်အတတ်ပညာရှင်တွေက နှစ်တစ်သန်းအတွင်း ပြန်ပြီး ရောက်လာကြတယ်။ နည်းနည်းလောက် ထိခိုက်ခံစားပြီးတဲ့နောက်မှာ သူတို့က သွေးနဂါးသေဆုံးမှုကနေ ကံကောင်းမှု တန်ပြန်သက်ရောက်မှုဆိုပြီးတော့ ထင်နေကြတာ။ အရင်က လက်မှတ်ထိုးဖို့ ငြင်းဆန်တဲ့သူတွေလောက်တောင် ကျုပ်တို့ကို ဆက်သွယ်လာတယ်။ အဲဒါတောင် သူတို့ကို တင်းကြပ်တဲ့ စာချုပ် ချုပ်ဆိုခဲ့တယ်လေ”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ထိုပညာရှင်များက သူ့အနေဖြင့် နှစ်တစ်သိန်းကြာ ခရီးသွားခွင့်ပေးထားသည့်အတွက် ပျော်ရွှင်သင့်ပေသည်။

“ရုပ်သေးရုပ်နတ်ဆိုးရဲ့ အလုပ်ရုံကလည်း အခုစနေပြီ” ဝမ်ချီက ဆက်ပြောလိုက်သည်။

“အားလုံးက အရင်းအမြစ်အများကြီး ရပြီးတဲ့နောက်မှာ ကိုယ်ပိုင်စွမ်းအားကို မြှင့်တင်နေကြတယ်။ ကံကြမ္မာပြောင်းလဲရေးခန်းမကလည်း တူညီတဲ့ အနေအထားမျိုးမှာ ရှိတယ်။ ပြီးတော့ ဂိုဏ်းချုပ်ရဲ့ အစီအစဉ်ကလည်း အလုပ်ဖြစ်ခဲ့တယ်။ အဲဒီလေလွင့်ကျင့်ကြံသူအများစုရဲ့ အရင်းအမြစ်တွေ  အကုန်လုံးက ကုန်ကြမ်းတွေဆိုတော့ ကျွန်တော်တို့ဆီ ပြန်လာကြရတာပဲ။ ဒါပေမဲ့ ဆုံးဖြတ်ဖို့ လိုတဲ့ ပြဿနာတချို့တော့ ရှိသေးတယ်”

“ဘာတွေလဲ”

“လေလွင့်ကျင့်ကြံသူ ကျွမ်းကျင်အတတ်ပညာရှင်တွေက တန်ကြေးလျှော့ချပြီးတော့ ကျုပ်တို့စီးပွားရေးတချို့ကို ယူသွားတာ။ အဲဒါကို သူတို့ကို တားရမလား၊ မတားရဘူးလား စဉ်းစားနေတာ”

ဝမ်ဝေ့က ပြောလိုက်သည်။

“အဲ့လိုလုပ်ဖို့ မလိုဘူး။ လေလွင့်ကျင့်ကြံသူကလည်း အမျိုးမျိုး ရှိတယ်။ သူတို့ကျွမ်းကျင်အတတ်ပညာရှင်တွေရဲ့ အရည်အသွေးက ငါတို့ထက် နိမ့်တယ်။ ပြီးတော့ သူတို့က အရေအတွက် နည်းတာကို ပြောနေစရာမလိုဘူး။ ဒါပေမဲ့ အဲဒီကျွမ်းကျင်အတတ်ပညာရှင်တွေက တခြားသူတွေအပေါ်မှာ လိမ်လည်ပြီးတော့ အမှားပါတဲ့ ထုတ်ကုန်တွေ ပို့တယ်ဆိုတဲ့ ကောလဟာလတွေကို ဖြန့်လိုက်”

ဝမ်ချီ၏ အကြည့်များက တောက်ပလာလေ၏။ ခန်းမ၏ ကိုယ်ပိုင် ကျွမ်းကျင်အတတ်ပညာရှင်များကို အသုံးပြုရသည့် အရေးသာချက်တစ်ခုက သူတို့သည် သူတို့၏ ထုတ်ကုန်နှင့် ဂုဏ်သတင်းကို အာမခံပေးနိုင်သည်။ သို့သော်လည်း တရားဝင်မဟုတ်သည့် လမ်းကြောင်းကို ရွေးချယ်ပြီး လေလွင့်ကျင့်ကြံသူများကို ခန့်အပ်သည်ဆိုပါက အာမခံချက်ဟူ၍ မရှိပေ။ ဤသည်က သူတို့၏ ဂုဏ်သတင်းကို လှုပ်ခါဖို့ရာ ပိုမိုလွယ်ကူလေ၏။

“ဒီလူတွေက မတုံးအဘူးဆိုတော့ ဒီကောလဟာလတွေရဲ့ နောက်ကွယ်မှာ ငါတို့ရှိတယ်ဆိုတာကို ကောက်ချက်ချနိုင်လောက်တယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“ပြဿနာမဖြစ်တာ သေချာဖို့အတွက် ဆိုးရွားတဲ့ အကျင့်စရိုက်ရှိတဲ့ ကျွမ်းကျင်အတတ်ပညာရှင် တစ်ယောက်ကို ရွေးပြီး သူ့အပေါ် အပြစ်ပုံချလိုက်”

“ဂိုဏ်းချုပ်ဆိုတဲ့အတိုင်းပဲ” ဝမ်ချီက ချီးကျူးလိုက်သည်။ သူက ထိုသူများ၏ လျှို့ဝှက်စီးပွားရေးကို တစ်ကွက်တည်းဖြင့် ဖျက်ဆီးပစ်ခဲ့ပြီး သံသယအားလုံးကို ဖယ်ရှားပစ်ခဲ့သည်။

“မင်း မျက်နှာချိုသွေးရင်တောင် ငါ ဘာမှမကယ်နိုင်ဘူး။” ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“နောက်ထပ် ဘာရှိသေးလဲ”

“အတွင်းပိုင်းမှာတော့ ဘာမှတင်ပြစရာ မရှိတော့ပါဘူး” ဝမ်ချီက ရှင်းပြလိုက်သည်။

“ဒါပေမဲ့ အပြင်ဘက်မှာ သတိထားဖို့ကောင်းတဲ့ အရာတစ်ခု ဖြစ်ပျက်သွားတယ်။ ပထမဦးဆုံး ဂိုဏ်းဘက်ကနေ စစ်ဆေးမှုက ထင်ထားတာထက် ကြာမြင့်မယ်ဆိုတဲ့ သတင်းစကား ပို့လာပါတယ်”

“တကယ်လို့ သူတို့သာ ကြာနေတယ်ဆိုရင် ငါက  သူတို့အဆင့်သင့်ဖြစ်တဲ့အချိန်ဆိုရင် လိုမှာတောင် မဟုတ်တော့ဘူး” ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။

“အဲ့လောက်ကြီးလည်း မကြာလောက်ပါဘူး။ အနည်းဆုံးတော့ စံပြအဆင့် အတားအဆီးကို ချိုးဖောက်ဖို့တော့ အသုံးပြုလို့ရမှာပါ” ဝမ်ချီက ဖျောင်းဖျလိုက်၏။

“မင်းပြောတာ ဟုတ်တယ်။ ဆက်ပြော”

“တော်လှန်ရေးဖက်က ကျွန်တော်တို့နဲ့ ပတ်သက်ပြီး မပျော်ရွှင်ဘူး။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ ချမ်းသာကြွယ်ဝမှုကို အားကျနေကြတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့က ဘာမှတော့ မပြောဘူး။ သူတို့ကို သတင်းအချက်အလက် ရောင်းဖို့ ပြောတယ်”

“သဘောတူလိုက်လား”

“ဒါပေါ့။ သူတို့က အခု ကျွန်တော်တို့လူတွေ ဖြစ်နေပြီလေ”

“အိုး”

“အနီရောင်မျက်နှာဖုံးက အဆင့်နိမ့်နဲ့ အလယ်အလတ်အဆင့်တွေ အများစုကို လွှမ်းမိုးပြီးသွားပြီ။ တော်လှန်ရေးက အခြေခံအားဖြင့် ကျွန်တော်တို့အပိုင်ပဲ”

“ကြားရတာ ကောင်းသားပဲ။ ဒါနဲ့ အထက်ပိုင်းကရော ဘယ်လိုအခြေအနေရှိလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“လူ လုံလုံလောက်လောက်တော့ မရှိသေးဘူး”

“အနီရောင်မျက်နှာဖုံးက သူမရဲ့ သတင်းအချက်အလက်ကွန်ယက်ကို သိမ်းပိုက်နိုင်တဲ့ ယုံကြည်ချက်ရှိတယ်လို့ မပြောခဲ့ဘူးလား”

“သူမက လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ၇၀ ရာခိုင်နှုန်းပဲရတယ်”

“ဒီလိုအချိန်တိုအတွင်းမှာ ဒါက ကောင်းမွန်တာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“ဒါပေမဲ့ ၇၀ရာခိုင်နှုန်းဆိုတော့ လူအများကြီး ဖြစ်သင့်တယ်လေ”

ထိုကပ်ပါးများက ကြီးမားကျယ်ပြန့်သည့် ကွန်ယက်ရှိသည့်အတွက် အကောင်းဆုံး မဟုတ်လျှင်ပင် သူတို့က အကြီးမားဆုံးထဲမှ တစ်ခုဖြစ်လိမ့်မည်။

“အဲဒါက ပြဿနာပဲ။ လူတွေ အရမ်းများလွန်းနေတာလေ။ အနီရောင်မျက်နှာဖုံးက အဲဒီလူတွေကို ထိန်းချုပ်ဖို့ ခေါင်းကိုက်နေရတာ။” ဝမ်ချီက ပြောလိုက်သည်။

ဝမ်ဝေ့က ထိုပြဿနာကို နားလည်လေ၏။ သူမက ထိုသူများကို လွှမ်းမိုးထားသော်လည်း သူတို့ကို ယုံကြည်လို့ မရသေးပေ။ ထို့ကြောင့် သူမအနေဖြင့် ကံကြမ္မာတပ်ဖွဲ့၏ နဂိုအဖွဲ့ဝင်များက အသစ်များကို စောင့်ကြည့်ဖို့ လိုအပ်နေပြီဖြစ်၏။ သို့သော်လည်း ဝမ်ဝေ့၏ နဂိုအုတ်မြစ်က သွေးနဂါးနှင့် ယှဉ်လိုက်လျှင် သေးငယ်လွန်းနေသည်။ ထို့ကြောင့် အနီရောင်မျက်နှာဖုံးက ထိုသူများကို စောင့်ကြည့်ဖို့ လူအလုံအလောက် မရှိပေ။

“ကိစ္စတချို့ကို ဖြေရှင်းပြီးတာနဲ့ ငါလည်း သီးသန့်ကျင့်ကြံတော့မှာ။ အဲဒီအချိန်ကျရင် အဆင့်(၁၀)နဲ့ အဆင့်(၁၁)သက်ရှိတွေကို ဖန်တီးခဲ့မယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“တကယ်လို့ သူမက ဘာမှမလုပ်နိုင်တော့ဘူးဆိုရင် ကျားဖျင့်နဲ့ တုကွန်းဆီကနေ ဖန်ဆင်းမှုတချို့ကို ငှားလိုက်”

“အဲဒါ အဆင်ပြေပါ့မလား”  ဝမ်ချီက မေးလိုက်သည်။ ကံကြမ္မာအရိပ်တပ်ဖွဲ့က ဝမ်ဝေ့၏ ပင်မအာဏာတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် တခြားသူများ ပါဝင်ပတ်သက်လာသည့်အခါ ပြဿနာတစ်ခု ဖြစ်လာနိုင်၏။

“ငါ ပြောတဲ့အတိုင်းပဲ။ ဒါက နောက်ဆုံးအစီအစဉ်ပဲ။ ပြီးတော့ အနီရောင်မျက်နှာဖုံးက အဲဒီလူတွေဆီကနေ ဘာထုတ်ဖော်ရမယ်။ ဘာဝှက်ထားရမယ်ဆိုတာကို သိလိမ့်မယ်။” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။

သူက စွန့်စားမှုမှန်း သိနေသော်လည်း သွေးနဂါးကွန်ယက်ကဲ့သို့ အရာတစ်ခုကို ဝါးမျိုသည့်အခါ အန္တရာယ်တစ်ခု ဖြစ်ကြောင်း သိထားသည်။ ထို့ကြောင့် ဆုလာဘ်သည် ထိုက်တန်နေသည့်အတွက် ထိုအရာကို ဝါးမျိုဖို့ရာ စွန့်စားမှုယူဖို့ ထိုက်တန်လေသည်။ တခြားသောပြဿနာများ မြင့်တက်လာလျှင်မူ သူတို့ကို လုံလောက်သည့်အချိန်ပေးပါက ဖြေရှင်း၍ ရ၏။

“ကျွန်တော် နားလည်ပါပြီ”

All Chapters