ချက်ပြုတ်ရေးနတ်ဘုရား
Vol. 94 Ch. 1307
“ကပ်ပါးတွေရဲ့ လက်ရှိအခြေအနေကရော ဘယ်လိုလဲ။ သူတို့ရဲ့ တုံ့ပြန်မှုကရော” ဝမ်ဝေ့က မေးလိုက်သည်။
“ကိစ္စတွေက စပြီး ရှုပ်ထွေးလာပြီ။ နေမင်းနှစ်စင်းကြားက တိုက်ပွဲက ဒီအထိ ရောက်လာတော့မဲ့ အရိပ်အယောင်တွေ ရှိတယ်” ဝမ်ချီက အလေးအနက် ပြန်ဖြေလိုက်သည်။
“ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာကြားက တိုက်ပွဲလား။ ဘာတွေဖြစ်သွားလဲ ပြောပါဦး” ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။
“အဲဒါက နာမည်ကျော်တဲ့ တာအိုသူတော်စင်တစ်ယောက်နဲ့ သိက္ခာတော်ရ ဘုန်းကြီးတစ်ပါးပျောက်ကွယ်သွားတာကနေ စတာ။ လွန်ခဲ့တဲ့နှစ်တစ်သောင်းခွဲခန့်လောက်က အဲဒီနှစ်ယောက်က အရင်းအမြစ်ကျောက်တုံး မိုင်းတွင်းတစ်ခုကြောင့် ပဋိပက္ခဖြစ်ခဲ့ကြတယ်”
“တစ်စုံတစ်ယောက်က အဲဒီဖြစ်ရပ်တွေကို ကြိုးကိုင်လှုံ့ဆော်နေတယ်လို့ ထင်တာလား”
“အနီရောင်မျက်နှာဖုံးကလည်း အဲ့လိုအတွေးမျိုးတွေးပြီးတော့ စစ်ဆေးကြည့်ပြီးတဲ့နောက်မှာ နောက်ကွယ်က ကြိုးကိုင်သူကို ရှာမတွေ့ခဲ့ဘူး။ ဒါပေမဲ့ မီးလောင်ရာလေပင့် လုပ်နေတဲ့သူတချို့ကိုတော့ တွေ့ခဲ့တယ်”
“ငါတို့တွေရော အဲ့လိုလုပ်ဦးမလား”
“ကျွန်တော် အဲ့လိုလုပ်ချင်ပေမဲ့ အနီရောင်မျက်နှာဖုံးက လူတော်တော်များများက လုပ်နေပြီးသားဆိုတော့ အကျိုးမရှိဘူးလို့ ပြောတယ်” ဝမ်ချီက ရှင်းပြလိုက်သည်။
“ကောင်းပြီလေ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက သူမထံ အရာအားလုံးကို အပ်ထားသည့်အတွက် သူမ၏ အကဲဖြတ်ချက်ကို ယုံကြည်လေသည်။
“တကယ်လို့ ဗုဒ္ဓဘာသာက တာအိုဘာသာနဲ့ မျှခြေညီလာမယ်ဆိုရင် ငါ့အနေနဲ့ ပိုပြီးလုပ်ဖို့ အခွင့်အရေးရလာနိုင်တယ်။ တခြားသူတွေကရော” ဝမ်ဝေ့က ပြောလိုက်သည်။
“သူတို့တွေလည်း သတိကြီးကြီးထားနေကြတယ်။ ပြီးတော့ ပင်မပိုင်နက်တချို့ကို ရှင်းထုတ်ပြီးတော့ သံသယဖြစ်ဖို့ကောင်းတဲ့သူအားလုံးကို ရှင်းထုတ်ပစ်နေကြတာ။ ကျွန်တော်တို့ လူတချို့လည်း ဆုံးရှုံးသွားတယ်” ဝမ်ချီက ရှင်းပြလိုက်သည်။
“ကံကောင်းတာ ကျွန်တော်တို့ နည်းလမ်းက သာမန်နဲ့ အလှမ်းဝေးနေလို့ပေါ့”
ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များက လူတစ်ယောက်၏ ကံကြမ္မာကြိုးမျှင်ကို ကပ်တွယ်ကာ သူတို့၏ဇစ်မြစ်၊ ကံကောင်းမှု၊ ကြမ္မာနှင့် အရာအားလုံးကို ရယူနိုင်ကြသည်။ ထိုနည်းလမ်းက အာရုံခံဖို့ရာ ခက်ခဲလှ၏။ သူတို့က အဖွဲ့ဝင်တချို့ ဆုံးရှုံးသွားသော်လည်း ပမာဏအမြောက်အများ ကျန်ရှိနေဆဲသာ ဖြစ်၏။
“ကျွန်တော်တို့ သိထားသလောက်တော့ သူတို့လုပ်နေတာက အဲဒီရက်ကတည်းကပဲ။ ဒါ ပထမဦးဆုံး သူတို့က တပ်ဖွဲ့တစ်ခု တည်ဆောက်ဖို့ အရင်းအမြစ်တွေကို စပြီး သုံးလာကြတာ။ ကြည့်ရတာ အားလုံးက တစ်စုံတစ်ခုအတွက် ပြင်ဆင်နေကြတဲ့ပုံပဲ။
ဒုတိယအနေနဲ့ကတော့ သူတို့က တစ်ယောက်နဲ့ တစ်ယောက်တောင် သတိကြီးကြီး ထားထားကြတယ်။”
အစောင့်တွေ တင်ပြသလောက် ဝမ်ချီက ကပ်ပါးများ၏ နယ်နိမိတ်ကြားတွင် ထိပ်တိုက်တွေ့ဆုံမှုများ လျော့ကျသွားကြောင်း သိလိုက်ရသည်။
“တတိယတစ်ခုကတော့ သူတို့က ရှုကျင်းယောင်ကို အမဲလိုက်နေကြတယ်။ သူတို့က သူမရဲ့ နေရာအတွက် သတင်းအချက်အလက်ရဖို့ တန်ကြေးတစ်ခုတောင် ပေးထားသေးတယ်။ ပြီးတော့ သူမကို ဖမ်းဆီးဖို့လည်း ပြောထားတယ်”
“ဖမ်းဆီးဖို့အတွက်ပဲလား” ဝမ်ဝေ့က မေးလိုက်သည်။
“ဟုတ်ပါတယ်”
“အဲဒီအမျိုးသမီးနှစ်ယောက်ကတောင်လား”
“ဟုတ်တယ်”
“သူတို့က သူမကို အသက်ရှင်လျက် လိုချင်တာက။ သူမက အဖိုးတန်ပြီးတော့ သွေးနဂါးရဲ့ချမ်းသာကြွယ်ဝမှုက သူမရဲ့ လက်ထဲမှာရှိနေလို့ဆိုပြီး ယုံကြည်ချင်ပေမဲ့ ဒါက အမှန်လို့တော့ မထင်ဘူး” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။
“ဆက်ပြော”
“နောက်ဆုံးအနေနဲ့ သူတို့က ကျွန်တော်တို့ကို လိုက်ရှာနေတယ်။ အတိအကျပြောရမယ်ဆိုရင်တော့ သူတို့က နဂါးနန်းဆောင်ကို လိုက်ရှာနေတာပေါ့။” ဝမ်ချီက ထပ်ပြောလိုက်သည်။
“ဒါက နားလည်လို့တော့ ရပါတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ထိုနန်းဆောင်ထဲတွင် စိတ်ကူးမကြည့်နိုင်ဖွယ် ချမ်းသာကြွယ်ဝမှုတို့ ပါဝင်နေသည့်အတွက် သူက လူများစွာ လိုက်လံရှာဖွေနေကြမည်မှန်း သိလေသည်။
“ဒါပဲလား”
“အခုတော့ ဒါပဲ။ အမ် မဟုတ်သေးဘူး အာကာသမျိုးနွယ် ရှိသေးတယ်”
“သူတို့လား။ သူတို့က ဘာလိုချင်တာလဲ”
“သူတို့က သွေးနဂါးရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး အတော်လေး ကျေနပ်တော့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဝမ်ချီက ပြုံးကာ ပြောလိုက်သည်။
“သူတို့က ထာဝရလမ်းစဉ်ပါရမီရှင်တွေကို လေ့ကျင့်ပေးဖို့အတွက် အရင်းအမြစ်တွေ အများကြီးကို ထောက်ပံ့ပေးလာပါတယ်”
“ကောင်းပြီ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“ကြည့်ရတာ ငါ့အနေနဲ့ ထူးကဲချီတွေကို ရောင်းချရမဲ့ စီးပွားရေးထဲ ဝင်ရောက်စရာ မလိုတော့ပါဘူး”
သူက စိတ်ဝိညာဉ်ပန်းပွင့်စွမ်းရည်ဖြင့် ထိုစီးပွားရေးထဲ အလွယ်တကူ ဝင်ရောက်နိုင်လေသည်။ သို့သော်လည်း ဝမ်ဝေ့၏ နဂိုပစ်မှတ်က တော်လှန်ရေးနှင့် ချမ်းသာကြွယ်ဝမှုကို ရယူမည့် နည်းလမ်းတစ်ခု ဖြစ်ပေသည်။ သူက ထိုအစီအစဉ်ကို ထုတ်ဖော်ဖို့ ဝန်လေးနေခဲ့သည်မှာ အာကာသမျိုးနွယ်နှင့် ဆက်ဆံရေးကြောင့်သာ ဖြစ်၏။
သို့သော်လည်း တော်လှန်ရေးက ယခုအခါ သူ့ထိန်းချုပ်ရေးအောက် ကျရောက်နေပြီး သူက စကားဖြင့် မဖော်ပြနိုင်လောက်အောင် ချမ်းသာကြွယ်ဝနေပြီဖြစ်ကာ အာကာသမျိုးနွယ်နှင့် ဆက်ဆံရေးကလည်း သိသိသာသာ တိုးတက်လာခဲ့သည်။ ထို့ကြောင့် သူတို့စီးပွားရေးကို ခိုးယူခြင်းဖြင့် မိတ်ဆွေဆက်ဆံရေးကို ပျက်အောင်လုပ်ဖို့ မလိုအပ်ပေ။ သူက ချီများကို အသုံးပြု၍ သူ့လူများကို လေ့ကျင့်ပေးနိုင်၏။
“ကောင်းပြီ။ ငါ အနီရောင်မျက်နှာဖုံးကို စစ်ဆေးကြည့်လိုက်ဦးမယ်” ဖန်သားပြင်က ပြောင်းလဲသွားပြီး အနီရောင်မျက်နှာဖုံးက ပေါ်ထွက်လာသည်။ သူမက ဝမ်ဝေ့ထံ အရာအားလုံးကို တင်ပြခဲ့ပြီးသည့်နောက်တွင် သူမ မဆုံးဖြတ်နိုင်သည့် ကိစ္စတချို့ကိုပါ ပြောပြခဲ့သည်။ ထို့နောက် ဝမ်ဝေ့က ကံကြမ္မာပြောင်းလဲရေးခန်းမကို စစ်ဆေးကြည့်ခဲ့ပြီးသည့်နောက်တွင် အားလပ်သွားလေ၏။
နောက်ဆုံးတော့ ငါ အခြေခံအုတ်မြစ် တစ်ခုတော့ ရခဲ့ပြီ…
ဝမ်ဝေ့က တွေးလိုက်သည်။
သွေးနဂါး၏ ကွန်ယက်ကို ဖျက်သိမ်းပြီးသည့်နောက်တွင် ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များက ကမ္ဘာအနှံ့ ပမာဏတစ်ခုရှိလာပြီ ဖြစ်၏။ ကံကြမ္မာပြောင်းလဲရေးခန်းမ၊ တော်လှန်ရေးနှင့် စည်းမျဉ်းမဲ့ဇုန်၏ လူများဖြင့် သူသည် ကပ်ပါးများဖြင့် ယှဉ်နိုင်သည့် တပ်ဖွဲ့တစ်ခုကို တည်ဆောက်နိုင်လိမ့်မည်။
ငါ လိုအပ်နေတဲ့ အရာက စံပြအဆင့် ပုဂ္ဂိုလ်ပဲ။ အဲဒါက တားမြစ်တိုက်ခိုက်ရေးအဆင့်ကို ဝင်ရောက်ပြီးရင် ဖြေရှင်းနိုင်မယ်…
ဝမ်ဝေ့က တွေးလိုက်သည်။
မုန့်ခယ်ပါ အောင်မြင်ရင် ပိုပြီးကောင်းလိမ့်မယ်…
ဝမ်ဝေ့က တောက်တောက်ပပ ပြုံးလိုက်၏။ သူတို့က ထိုသို့သော အခြေခံအုတ်မြစ်ကို အချိန်တိုအတွင်း တည်ဆောက်ခဲ့သည့်အတွက် အနည်းငယ် ဂုဏ်ယူနေမိသည်။ သို့သော်လည်း သူက စိတ်ခံစားချက်များကို လွှမ်းမိုးမခံဘဲ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။ ရန်သူက အမြောက်အများဖြစ်ပြီး သူ့လက်ရှိစွမ်းအားက မလုံလောက်သေးပေ။
ဝမ်ဝေ့က ဟွေ့မုန်ဝေ့ကို ကြည့်လိုက်သည်။ ထိုသူက ဗန်းတစ်ချပ်ကို သယ်ဆောင်လျက် တုန်တုန်ယင်ယင်ဖြင့် ဘေးနားတွင် ရပ်နေလေသည်။ ဝမ်ဝေ့က သူ့ကိစ္စများကို ဖြေရှင်းဖို့ သုံးနာရီကြာ အချိန်ယူခဲ့ရသော်လည်း ဟွေ့မုန်ဝေ့က ထိုနေရာတွင် မလှုပ်မယှက် ရပ်စောင့်နေလေသည်။
“စိတ်ဆန္ဒပြင်းပြတဲ့သူပဲ” ဝမ်ဝေ့က ချီးကျူးလိုက်သည်။ သူက အစားအစာ အဆင်သင့်ဖြစ်စဉ်အချိန်ကတည်းက ထိုသူကို သတိထားမိခဲ့သော်လည်း စမ်းသပ်ဖို့ရာအတွက် ဘာမှမပြောခဲ့ပေ။
“စားပွဲပေါ် တင်လိုက်”
“ဟုတ်ကဲ့ပါ သခင်ကြီး။ အစားအစာက အခုတော့ အေးသွားပြီ” ဟွေ့မုန်ဝေ့က ပြောလိုက်သည်။
“ကိစ္စမရှိဘူး” ဝမ်ဝေ့က ပြောလိုက်သည်။ အတွေးတစ်ချက်ဖြင့် အစားအစာကို လွန်ခဲ့သည့် နာရီပိုင်းခန့်က အနေအထားသို့ ပြန်လည်ပြောင်းလိုက်၏။ သူ့စံနှုန်းအရ ထိုအရာသည် အမှိုက်သရိုက်နှင့် တူလေသည်။ သို့သော်လည်း သူ့သေမျိုးစံနှုန်းအရမူ အတော်လေး ကောင်းမွန်လှ၏။
“ဒီခေါက်ဆွဲက မဆိုးဘူးပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“သခင်ကြီးကို ကျေးဇူးတင်ပါတယ်။ ဒါက နှစ်တစ်သောင်းကြာ ထိန်းသိမ်းလာတဲ့ မိသားစုချက်နည်းပါ” ဟွေ့မုန်ဝေ့က အလျင်အမြန် ပြောလိုက်သည်။
“တကယ်ကို အံ့အားသင့်စရာပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ဒိုင်မေးရှင်းအမြင့်ရှိ သေမျိုးများက နှစ်ငါးရာခန့် နေထိုင်နိုင်ကြလေသည်။ အကယ်၍ သူတို့ကိုယ်သူတို့ ဂရုစိုက်ပြီး အခြေခံသိုင်းပညာ သို့မဟုတ် ကျန်းမာရေးလိုက်စားသည့် နည်းစနစ်များကို လေ့ကျင့်ပါက သူတို့သည် နှစ်ဆ နေထိုင်နိုင်ကြသည်။ ကံဆိုးစွာဖြင့် အများစုက ကျင့်ကြံသူများမှ ဖန်တီးသည့် ကပ်ဘေးအတွင်း သေဆုံးသွားကြလေသည်။ ထို့ကြောင့် ဟွေ့မိသားစုက နှစ်တစ်သောင်းကြာ အသက်ရှင်နိုင်သည်က သူတို့၏ ကံကောင်းမှုနှင့် ကြွယ်ဝမှုတို့ကို ပြသနေသည့် အရိပ်အမြွက်ဖြစ်၏။
“အရင်တုန်းက မင်းကို အခွင့်အရေးတစ်ခု ပေးချင်ခဲ့တာ” ဝမ်ဝေ့က ပြောလိုက်သည်။
“ဒါပေမဲ့ အခု စိတ်ပြောင်းသွားပြီ”
ဝမ်ဝေ့၏ နဂိုအစီအစဉ်က အစားအစာကို ကောင်းမွန်လျှင် ချီးကျူးဖို့ရာသာ ဖြစ်၏။ ထိုအရာက များစွာ မထင်ရသော်လည်း ကောင်းကင်ဘုံအရှင်တစ်ယောက်ဆီမှ ချီးကျူးမှု ဖြစ်ပေသည်။ ဟွေ့မုန်ဝေ့၏ ချီကံကောင်းမှုက သူ့စကားတစ်ခုထဲဖြင့် မြင့်တက်သွားနိုင်ပြီး သူ့မိသားစုက နှစ်တစ်သိန်းကြာ ကံကြမ္မာကောင်းဖြင့် ကောင်းချီးပေးခံရလိမ့်မည်။ သူတို့သာ ထိုကံကြမ္မာကို မှန်ကန်စွာ အသုံးချပါက သူတို့အနေနှင့် ကျင့်ကြံရေးမိသားစု ဖြစ်လာဖို့ မဖြစ်နိုင်ခြင်း မဟုတ်ပေ။
ဝမ်ဝေ့က လက်ကိုမြှောက်ပြီး ကောင်းကင်ဘုံအဆင့် အသုံးအဆောင်ပစ္စည်းတစ်ခုကို ဆင့်ခေါ်လိုက်သည်။ သူက ရည်ရွယ်ချက် လှုံ့ဆော်ရေးနည်းစနစ်ကို အသက်သွင်းပြီး ထိုအသုံးအဆောင်၏ လုပ်ဆောင်ချက်ကို ပြောင်းလဲလိုက်သည်။
သူ့ကို စနစ်တစ်ခု ပေးလိုက်ရမလား။ ဒါမှမဟုတ် ကမ္မာမြေက မှတ်ဉာဏ်တွေရော … မဟုတ်သေးဘူး။ ဒါက ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ဘာပဲဖြစ်ဖြစ် တခြားနည်းနဲ့ ကမ္ဘာမြေက ဟင်းလျာတွေကို ပြန်ပြီးတည်ဆောက်ကြတာပေါ့…
သူက ကမ္ဘာမြေ၏ ဟင်းလျာများမှ လှုံ့ဆော်မှုရရှိထားသည့် ချက်ပြုတ်မှုပေါ် အခြေခံပြီး ကမ္ဘာတချို့ ဖန်တီးခဲ့ကာ ထိုအသုံးအဆောင်ပစ္စည်းထဲ ထည့်သွင်းခဲ့သည်။ ဟွေ့မုန်ဝေ့က သူတို့ကို တွေ့ကြုံရင်းဖြင့် သူတို့၏ နည်းစနစ်များနှင့် ဟင်းလျာများကို သင်ယူနိုင်လိမ့်မည်။
သူ လိုအပ်နေတာက သန့်စင်တဲ့ ချက်ပြုတ်ရေး အခြေခံကျင့်ကြံရေး နည်းစနစ်တစ်ခုပဲ။ ငါ တစ်ခုလောက် လုပ်ပေးလိုက်ရမလား။ မဟုတ်သေးဘူး။ ငါ သိပြီးသားတစ်ခုကို ပြင်ဆင်တာ ပိုကောင်းလိမ့်မယ်။ အဲဒါက သူ့အနေနဲ့ တုယီနယ်ပယ်ထဲ ဝင်ရောက်နိုင်တယ်…
သို့သော်လည်း သူ့စိတ်ထဲ ရှာဖွေပြီးလျှင်ပင် ထိုသို့နည်းစနစ်မျိုး ရှိမနေခဲ့ပေ။
ကျစ် အဲဒီကပ်ပါးတွေသာ အသင်္ချေမှတ်တမ်းဗိမာန်ကို မပိတ်ခဲ့ရင်…
ဝမ်ဝေ့က စိတ်တိုနေမိသည်။ သူက အနာဂတ်ဇနီးထံမှ တောင်းဆိုချင်သော်လည်း ဤအရာအတွက် သူမကို ခေါ်ဖို့ရာမသင့်တော်ကြောင်း ခံစားမိလေသည်။
ဒီလိုဆိုရင် အခြေခံဝိညာဉ်အားဖြည့်ရေးနည်းစနစ်တချို့ကို ပေးပြီးတော့ အရင်ဆုံးလိုအပ်ချက်တွေ ပြည့်မှီပြီးတော့မှ ကျင့်စဉ်တစ်ခု ရမယ်လို့ ပြောရမယ်။ အဲ့လိုဆိုရင် ငါ့အနေနဲ့ ရှာဖို့ အချိန်ရလာလိမ့်မယ်…
ဝမ်ဝေ့က အသုံးအဆောင်ပစ္စည်း စိတ်ဝိညာဉ်ကိုပါ ဖန်တီးပေးလိုက်သည်။
ငါ့ရဲ့ ရည်ရွယ်ချက်က တာအိုသစ်သီးတွေကို စိုက်ပျိုးဖို့ဆိုတော့ ဒီလိုလုပ်တာ အကောင်းဆုံးပဲ။ အခု မိသားစုတစ်ခုကို ဒီလက်နက်ထဲမှာ ပြုစုပျိုးထောင်ပေးရတာပေါ့။ တကယ်လို့ ဟွေ့မျိုးနွယ်တစ်ခုလုံးက ချက်ပြုတ်ရေးတာအိုအပေါ် နစ်မြုပ်ထားမယ်ဆိုရင် ငါက အကျိုးအမြတ်တွေအများကြီး ရိတ်သိမ်းနိုင်လိမ့်မယ်။
ဝမ်ဝေ့က ဘာမှမဟုတ်သည့်အရာအတွက် လုပ်နေခြင်း မဟုတ်ပေ။ သူ့အနာဂတ်ဇနီးလောင်းက သူ့အား အချက်အပြုတ်ပါရမီ မရှိသည့်အတွက် လှောင်ပြောင်ခဲ့ဖူးသည်။ သူက ထိုအရာကို မည်သို့ လက်ခံနိုင်မည်နည်း။ သို့သော်လည်း ဝမ်ဝေ့က သူသည် လတ်တလောလေး အလုပ်ရှုပ်နေမည် ဖြစ်ကြောင်း သိလေ၏။ ထို့ကြောင့် သူ့အနေဖြင့် ချက်ပြုတ်ရေးပညာရပ်ကို လေ့လာဖို့ အချိန်မရှိပေ။ ထို့ကြောင့် သူက တစ်စုံတစ်ယောက်ကို လုပ်ခိုင်းပြီး အကျိုးအမြတ်ကို ရုတ်သိမ်းဖို့ ဆုံးဖြတ်လိုက်ခြ င်းဖြစ်သည်။ ထို့ကြောင့် ဟွေ့မုန်ဝေ့က ကံကောင်းသွားလေ၏။
နောက်ဆုံးအနေနဲ့က ကောင်းကင်အလိုဆန္ဒ သူ့ကို တစ်ခုပေးလိုက်မလား၊ ဒါမှမဟုတ်ဘူးဆိုရင် သူ့ကို မျှတအောင် ယှဉ်ပြိုင်ခိုင်းရမလား…
ဝမ်ဝေ့က တွေးလိုက်သည်။
စားဖိုမှူးကောင်းတစ်ယောက်က ပါဝင်ပစ္စည်းတွေကို အမဲလိုက်နိုင်ဖို့အတွက် အားကောင်းနေဖို့ လိုတယ်။ ဒါပေမဲ့ ဧကရာဇ်တိုက်ပွဲကွင်းပြင်ထဲမှာ ယှဉ်ပြိုင်နေဖို့တော့ မလိုဘူးပဲ။ ငါ ငါ့အဖေရဲ့ ဓားရေးကမ္ဘာနဲ့ တူတဲ့ ကမ္ဘာတစ်ခုကို ဖန်တီးပြီးတော့ သူ့ကို တန်းလက်ခံလို့ ရတယ်။ ဒါပေမဲ့ အဲဒီအချိန်ကျရင်တော့ ဆုလာဘ်က ကောင်းကင်အလိုဆန္ဒပေါ့…
ဝမ်ဝေ့က အသုံးအဆောင်ပစ္စည်းကို အဆုံးသတ်ကာ ဟွေ့မုန်ဝေ့အား ကြည့်လိုက်သည်။