← Chapters

ကျောင်းတော်

Vol. 94 Ch. 1309

ကျောင်းတော်

Vol. 94 Ch. 1309

ဝမ်ဝေ့က သူ့ရှေ့တွင် စာသင်သားပုံစံ ဝတ်ဆင်ထားသည့် လူကို ကြည့်ကာ ထိုသူက ကမ္ဘာကြီးကို သူ့ခြေထောက်နှင့် တိုင်းတာလိုသည့်အလား ရည်ရွယ်ချက် ကြီးမားသည့် စာသင်သားတစ်ယောက်၏ လေထုမျိုး ပိုင်ဆိုင်ထားလေသည်။ သူက ထိုအရာကို သူ့မှတ်ဉာဏ်ထဲမှ ဝိဇ္ဇာနှင့်တူသည့် အသက်ကြီးကြီးအမျိုးသားဖြင့် နှိုင်းယှဉ်ကြည့်လိုက်သည်။

“ကျောင်းအုပ် ပိုင်ဟန်လား … မဟုတ်သေးဘူး ခင်ဗျားကို သခင်လေးပိုင်ဟန်လို့ ခေါ်မှာပဲ” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်၏။ ပိုင်ဟန်က သူ့ကို ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးသည့် ခံစားချက်မျိုး ပေါ်ထွက်လာလေသည်။ ထိုသူက သူ့အငယ်လေးဖြစ်ပြီး ခြိမ်းခြောက်မှုဟု မြင်ခဲ့သူဖြစ်သည်။ သို့သော် ယခုတွင် ထိုသူက သူ့ဖခင်နှင့် ရွယ်တူဖြစ်လာခဲ့သည်။

ပိုင်ဟန်က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။ သူက လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်လိုက်၏။

“ကောင်းကင်ဘုံအရှင်ဝမ် တွေ့ရတာ ဝမ်းသာပါတယ်။ ကျုပ်အဖေ …  ကျောင်းအုပ်ကြီးက ကြိုဆိုဖို့ လွှတ်လိုက်တာပါ”

ဝမ်ဝေ့က သူ့ကို ကြည့်ကာ သက်ပြင်းချလိုက်၏။

“ခင်ဗျားက လူသားအတွေ့အကြုံအများကြီးကို ဖြတ်သန်းလာရသလိုမျိုးပဲ။ အချိန်က တကယ်ကို အံ့အားသင့်ဖို့ ကောင်းတာပဲကို။ ကျောင်းအုပ်ငယ်လေးပိုင် ကျုပ်က ခင်ဗျားရဲ့ နှလုံးသားနတ်ဆိုး မဟုတ်တော့တာကို ဝမ်းသာမိပါတယ်”

ပိုင်ဟန်က မလုံမလဲပြုံးလိုက်သည်။

“ကျုပ် အရင်တုန်းက ငယ်ခဲ့တော့ ဖြစ်ပျက်သမျှတွေကို စိတ်ထဲမထားပါနဲ့”

သူ့ဖခင်က သူ့ကို ဉာဏ်အလင်းဖွင့်ပေးဖို့ များစွာ အားစိုက်ထုတ်ခဲ့ရပြီး ဒိုင်မေးရှင်းအနိမ့်တွင် ကပ်ဘေးချီလွှမ်းမိုးမှုနှင့် ဝမ်ဝေ့တို့က သူ့နှလုံးသားနတ်ဆိုးဖြစ်လာသည့် အကြောင်းအရင်းကို သဘောပေါက်သွားစေခဲ့သည်။

“ကျုပ်က သဘောထား မကျဉ်းမြောင်းပါဘူး”

“လာပါ။ ရှေ့ကနေ လမ်းပြပါဦး”

“ကောင်းပါပြီ”

ပိုင်ဟန်က ပျံသန်းကာ သွားလိုက်သည်။ ဝမ်ဝေ့က နောက်မှလိုက်ပါသွားလေ၏။ အပြင်ဘက်ပိုင်းက ကျယ်ပြောလှပြီး တစ်ခါတစ်ရံတွင် အလင်းထက်မြန်ဆန်စွာ ပျံသန်းရင်းဖြင့် သူတို့က ဦးတည်ရာကို ရောက်ဖို့ မိနစ်သုံးဆယ်ခန့်ကြာမြင့်ခဲ့သည်။ ဝမ်ဝေ့က ပိုင်ဟန်သည် သူ့အား သူတို့၏ ဦးတည်ရာကို တိုက်ရိုက်ခေါ်ဆောင်သွားမည့်အစား နေရာတစ်ဝိုက် မိတ်ဆက်ပေးလိုကြောင်း သဘောပေါက်သွားခဲ့၏။ ထို့ကြောင့် သူက မြင်ကွင်းကို ရှုစားခဲ့သည်။ ဤနေရာတွင် လူများစွာ ရှိနေလေ၏။ ပို၍အရေးကြီးသည်က သူသည် မျိုးနွယ်များစွာကို မြင်လိုက်ရသည်။

“အသင်္ချေမျိုးနွယ်ကို အတားအဆီး မရှိဘဲနဲ့ သင်ကြားပေးတာလား။ ကြည့်ရတာ ခင်ဗျားရဲ့ အဖေက တကယ်ကို ဝိဇ္ဇာလမ်းစဉ်ကို လျှောက်လှမ်းနေတဲ့သူပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

ဂိုဏ်းအများစုက မျိုးနွယ်အလိုက် မျက်နှာလိုက်ကြသည်။ တာအိုအခွင့်အလမ်းဂိုဏ်းလည်း အပါအဝင် ဖြစ်၏။ သူတို့က တခြားမျိုးနွယ်များကို ဝင်ရောက်ခွင့်ပေးထားသော်လည်း လူသားမျိုးနွယ်က ပင်မဖြစ်ကာ တချို့သော ပါရမီထူးကဲသည့်သူများကိုသာ ရွေးချယ်ကြလေ့ရှိသည်။

“ကျောင်းတော်က သက်ရှိတွေအားလုံးကို သင်ကြားပေးဖို့ပဲလေ။ ဒါပေမဲ့ ဒိုင်မေးရှင်းအနိမ့်မှာကျတော့ အာဏာပိုင်းဆိုင်ရာအနေအထားကြောင့် လူသားမျိုးနွယ်ကို အာရုံစိုက်ခဲ့ရတာ။ ဒါပေမဲ့ ဒီမှာကျတော့ ပိုပြီးဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာရှိတယ်လေ” ပိုင်ဟန်က ပြောလိုက်သည်။

“ပြီးတော့ သူတို့ကြောင့်မလို့ နတ်ဆိုးမျိုးနွယ်ကို ရန်မစနိုင်တဲ့ အချက်လည်း ရှိသေးတယ်” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။

ကျောင်းတော်က ဖွင့်လှစ်ထားနိုင်သည်မှာ ဧကရာဇ်ခုံက ထိုကပ်ပါးများနှင့် အပေးအယူလုပ်ထား၍ ဖြစ်၏။ သို့သော် သူက လူသားများအတွက်သာ ဖွင့်လှစ်သည်ဆိုပါက သွေးနဂါးနှင့် ဝူယွီတို့က သူ့အား ပျက်သုဉ်းသည်အထိ ရိုက်နှက်ကြလိမ့်မည်။

“အဲဒါလည်း ပါတာပေါ့” ပိုင်ဟန်က ခေါင်းညိတ်လိုက်သည်။

“ကျောင်းတော်ရဲ့ နောက်လူရွေးပွဲက ဘယ်တော့လဲ”

“ကျုပ်တို့က ယွမ်ခေတ်ကာလ ငါးသောင်းတိုင်းမှာ လူ လက်ခံတယ်။ နောင်တစ်ချိန်က ယွမ်ခေတ်ကာလ နှစ်ထောင်လောက် လိုသေးတယ်”

“အရမ်းကြီးတော့ မကြာဘူးပဲ” အရင်းအမြစ်များကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားသော်လည်း အဆုံးမဲ့ မဟုတ်ပေ။ ထို့ကြောင့် အင်အားစုအမြောက်အများက လူများကို အလွယ်တကူ မရွေးချယ်ကြပေ။ တချို့သောအင်အားစုများက ယွမ်ခေတ်ကာလ သန်းချီသည့်အချိန်မှ လူများကို ရွေးချယ်ဝင်ရောက်ခွင့်ပေးကြ၏။ သူတို့က ရံဖန်ရံခါတွင် ပါရမီရှင်များကို လိုက်လံရှာဖွေကြသည့် ရွေးချယ်ရေးခန်းမ ရှိသော်လည်း  အမြောက်အများ ရွေးချယ်မှုမျိုးကို ကြုံတွေ့ရလေ့ မရှိပေ။

“လမင်းတွေအတွက် ပညာရှင်တွေကို မွေးထုတ်ပေးမယ်ဆိုပြီးတော့ ကတိပေးထားတာ။ အဲဒါဆိုတော့ တခြားသူတွေထက် ခဏတိုင်း လူခေါ်ရတာပေါ့” ပိုင်ဟန်က ရှင်းပြလိုက်သည်။

ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သိပ်မကြာခင် သူတို့က ဦးတည်ရာသို့ ရောက်ရှိလာလေသည်။ ဝမ်ဝေ့က အဝေးတစ်နေရာရှိ မြို့တော်၏ နောက်ထပ် တစ်စိတ်တစ်ပိုင်းကို မြင်လိုက်ရသော်လည်း ထိုအရာက ပုံရိပ်ယောင်မျှသာ ဖြစ်ကြောင်း သိလိုက်သည်။

ထို့နောက် ဒိုင်မေးရှင်းအနိမ့်ရှိ ကျောင်းတော်ကဲ့သို့ ပိုင်ဟန်က အမှတ်အသားပြားကို အသက်သွင်းလိုက်ပြီး သူတို့က အတွင်းနေရာထိ ရှိသည့် တခြားကမ္ဘာအတွင်း ဝင်ရောက်လိုက်ကြသည်။

ပထမဦးဆုံး ဝမ်ဝေ့ သတိထားမိသည့်အရာက မြောက်များစွာသော မျှော်စင်များ ဖြစ်၏။ ထိုဧရာမမြို့ကြီးအတွင်း သူတို့က နေရာအနှံ့တည်ရှိနေကာ အနည်းဆုံးတစ်သောင်း ရှိပေသည်။ မျှော်စင်တစ်ခုချင်းစီက ထူးကဲသည့် အရှိန်အဝါ သို့မဟုတ် စည်းချက်တို့ ထုတ်လွှတ်နေလေ့ရှိသည်ကို သတိထားမိလိုက်သည်။

“အဲဒါက ဘာတွေလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ကွဲပြားတဲ့ ကျောင်းတွေလေ” ပိုင်ဟန်က ရှင်းပြလိုက်သည်။

“ကျောင်းရဲ့ သဘောတရားက လူတစ်ယောက်ရဲ့ ပါရမီ ဒါမှမဟုတ် စွမ်းရည်အပေါ်မှာ မူတည်ပြီးတော့ သင်ကြားပြသပေးဖို့ပဲ။ အဲဒါဆိုတော့ ကျောင်းအုပ်က သင်ကြားမှုကို ကွဲပြားတဲ့ ကျောင်းတွေအဖြစ် ခွဲခြားပြသခဲ့တာ။ ကျွမ်းကျင်အတတ်ပညာရှင်တွေကို သင်ကြားပေးတဲ့ ဆေးဝါးကျောင်းနဲ့ အစီအရင်ကျောင်းဆိုပြီး ရှိတယ်။ နှလုံးသားကျောင်းကကျတော့ တာအိုနှလုံးသားကို လေ့ကျင့်ပေးဖို့ အလေးထားတာပေါ့။ စိတ်စွမ်းအားကျောင်းကကျတော့ ပါရမီနည်းပါးပေမဲ့ စိတ်စွမ်းအားမြင့်မားတဲ့သူတွေကို သင်ကြားပေးတာ။ ဉာဏ်အလင်းပွင့်ကျောင်းကတော့ ဆိုးရွားတဲ့ ရုပ်ခန္ဓာအရည်အသွေးတွေ ရှိထားပေမဲ့ နားလည်မှု မြင့်မားတဲ့သူတွေကို သင်ကြားပေးတာ။ တိုက်ခိုက်ရေးကျောင်းကတော့ တိုက်ခိုက်ရေးပါရမီရှိတဲ့သူတွေအတွက်ပေါ့။ အဲ့လိုမျိုးပါပဲ”

“ဒီနည်းလမ်းက အလယ်အလတ်ကနေ အဆင့်နိမ့်ပါရမီရှင်တွေကို သင်ကြားပေးဖို့ တကယ်ကို ကောင်းမွန်တယ်။ ဒါပေမဲ့ ပါရမီရှင်တွေကို သင်ကြားပေးဖို့တော့ မလုံလောက်သေးဘူး။” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။ ပြိုင်ဘက်ကင်းဧကရာဇ်က သူတို့၏ ထူးကဲမှုရှိသော်လည်း သူတို့က အရာများစွာကို ထူးချွန်နေရမည် ဖြစ်လေသည်။ အထူးသဖြင့် တာအိုနှလုံးသား၊ စိတ်စွမ်းအား၊ ဝိညာဉ်အစရှိသဖြင့် ဖြစ်သည်။ သူတို့တွင် ဟာကွက်ရှိနေ၍ မရပေ။

“အဲဒါကြောင့် အလယ်ဗဟိုကဏ္ဍက တည်ရှိနေတာပေါ့” ပိုင်ဟန်က ရှင်းပြလိုက်သည်။

“တကယ်လို့ တစ်စုံတစ်ယောက်က ကဏ္ဍအများစုမှာ ပါရမီပြသလာခဲ့မယ်ဆိုရင် သူတို့ကို အချိန်တစ်ခုကြာ စမ်းသပ်ပြီးတဲ့နောက်မှာ ကျောင်းတော်ရဲ့ ပင်မဗဟိုချက်ထဲမှာ လေ့ကျင့်ဖို့ ဝင်ရောက်နိုင်တယ်”

“ကျုပ် သိပြီ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီး ဆက်လက်ပျံသန်းလိုက်သည်။ သူက မျှော်စင်များအပါအဝင် အရာအားလုံးကို အကဲခတ်လိုက်၏။

“ဟမ် မိစ္ဆာကျင့်ကြံသူလား”

“ဟုတ်တယ်” ပိုင်ဟန်က ခေါင်းညိတ်လိုက်သည်။

“ခင်ဗျားတို့တွေက အဲဒီလူတွေကိုရော လက်ခံတာလား။ ခဏလေးနေပါဦး။ သူက ဘာလို့ ထူးဆန်းနေပါလိမ့်။ သူ့ရဲ့ အငြိုးတရားကို ခံစားမိပေမဲ့ သူ့ဆီမှာ အကုသိုလ်တွေ ရှိမနေဘူးပဲ”

“ဟမ် သူကလား။ သူက သမာသမတ်မိစ္ဆာ ကျောင်းကလေ”

“သမာသမတ်မိစ္ဆာတဲ့လား။ မိစ္ဆာတွေကို ပုံမှန်လူတွေအစား ဖန်ဆင်းခြင်းသက်ရှိတွေရဲ့ အသွေးအသားဝိညာဉ်ကို ကျွေးတာပဲ။ အဲဒါနဲ့ဆိုရင် သူတို့ရဲ့ ခန္ဓာကိုယ်က အငြိုးအတေးတွေ ပြည့်နှက်နေတုန်း ဆိုပေမဲ့ ကောင်းကင်တာအိုက သူတို့ကို ဖန်ဆင်းမှုသက်ရှိတွေကို သတ်တဲ့အတွက် အကုသိုလ်ကို အသိအမှတ်မပြုဘူး။ ခင်ဗျားအဖေက တကယ်ကို ထူးချွန်တာပဲ”

“ကျုပ်တို့တွေလည်း အဲ့လိုအရာမျိုးကို ချီးကျူးခံရတာ သဘောကျပေမဲ့ အဲဒါက သူ့ကြောင့်တော့ မဟုတ်ဘူး” ပိုင်ဟန်က ရှင်းပြလိုက်သည်။ သူ့အဖေက သူထိုအတွေးကို ရရှိလာသည်မှာ အားနည်းသည့် ကောင်းကင်ဘုံမျိုးနွယ်တစ်ခုကို သုတ်သင်ပြီးသည့်နောက်တွင် ဖြစ်၏။ သူတို့၏ ဘိုးဘေးက မိစ္ဆာကောင်းကင်ဘုံအဆင့်ဖြစ်သော်လည်း သူတို့၏မျိုးဆက်များအား သူနှင့် တူညီသည့် ခက်ခဲမှုမျိုးကို တွေ့ကြုံမခံစားစေလိုပေ။

ဆက်တိုက်ဆိုသလို ထိုအမျိုးသားက သူ့အထွတ်အထိပ်မှော်နည်းပညာဖြင့် သူတို့အား ကူညီပေးခဲ့သည်။

“ခင်ဗျားရဲ့ အဖေက သက်ရှိအားလုံးကို သင်ကြားပေးချင်တာဆိုတော့ ဖန်ဆင်းမှုသက်ရှိတွေကိုတော့ မထည့်တွက်ဘူးလား။ ဒီကျောင်းတော်ရဲ့ တည်ရှိမှုက အဲဒါကိုတော့ တင်းကြပ်ထားတဲ့ပုံပဲ”

“ကျုပ်တို့က လာတဲ့သူတိုင်းကို သင်ကြားပေးပါတယ်။ ဒါပေမဲ့ ဘယ်လိုသင်ကြားမလဲဆိုတာကတော့ တခြားတစ်ခုပေါ့” ပိုင်ဟန်က ရှင်းပြလိုက်သည်။

“အမှန်အတိုင်း ပြောရမယ်ဆိုရင် သမာသမတ်မိစ္ဆာကျောင်းက မျှော်လင့်ချက်ကုန်ခမ်းနေတဲ့သူတွေကို မျှော်လင့်ချက်ပေးဖို့ တည်ရှိနေတာ။ အင်မတန်ပါရမီနည်းပြီး စိတ်စွမ်းအားနဲ့ နားလည်မှုတွေက တခြားကျောင်းတော်နဲ့ လိုအပ်ချက်မပြည့်မှီကြတဲ့သူတွေအတွက်ပေါ့။ ဒါပေမဲ့ အဲ့လိုဆိုရင်တောင် သူတို့ကျောင်းက အတော်လေး နာမည်ကြီးတယ်။ ပြီးတော့ အတော်လေးလည်း စွန့်စားမှုများပြီးတော့ တင်းကြပ်မှုတွေလည်း အများဆုံးပဲ။ ဆိုးရွားတဲ့ ကျင့်ကြံရေးလမ်းစဉ်ကို ဝင်ရောက်လိုတဲ့ ဆိုးဆိုးရွားရွား ပါရမီရှိတဲ့သူတွေကသာ ဝင်ရောက်နိုင်တာလေ”

ပိုင်ဟန်က ခေါင်းယမ်းလိုက်သည်။ ကျောင်းတော်ရှိလူများက သူတို့ဝန်းကျင်ရှိ လူများကြောင့် အလွယ်တကူ လွှမ်းမိုးခံရနိုင်ပြီး အရူးတစ်ယောက်အဖြစ် ပြောင်းလဲသွားနိုင်သလို သတ်ဖြတ်ရေးသဘာဝက လွှမ်းမိုးသွားပြီး ပြစ်မှုများကို ကျူးလွန်ဖွယ်ရှိသည်။ ထို့ကြောင့် ထိုကျောင်းတော်ရှိ လူများကို သေသေချာချာ အနီးကပ် စောင့်ကြည့်ထားရသည်။ သူတို့၏ ဆရာများကလည်း သူတို့၏ စိတ်အခြေအနေနှင့် တာအိုနှလုံးသားကို လေ့ကျင့်ပေးဖို့ တင်းကြပ်သည့် လိုအပ်ချက်များ ရှိလေသည်။

“မျှော်လင့်ချက်ကုန်ခမ်းတဲ့သူတွေအတွက် မျှော်လင့်ချက်ပေးတာလား။ ဒါက စိတ်သဘောထားကြီးတဲ့ ဝိဇ္ဇာတစ်ယောက်ဆိုတဲ့အတိုင်းပဲ” ဝမ်ဝေ့က ချီးကျူးလိုက်သည်။ တာအိုအခွင့်အလမ်းဂိုဏ်းက လက်ရွေးစင်များကိုသာ မွေးထုတ်ပေးသည့်အတွက် ထိုသို့သော အနေအထားမျိုး မရှိပေ။ သို့သော်လည်း ကျောင်းတော်၏ သဘာဝကမူ ကွဲပြားပေ၏။ ဧကရာဇ်ခုံက ဤသို့လုပ်သည်က အဓိပ္ပာယ်ရှိပေသည်။

“ဒီကျောင်းတော်မှာ မဟာဧကရာဇ်တွေရော ပြုစုပျိုးထောင်ပြီးသွားပြီလား။”

“တချို့တစ်ဝက်ပဲ ရှိပါသေးတယ်။ ဒဏ္ဍာရီလာတစ်ယောက်ကတော့ ကောင်းကင်ဘုံအဆင့် ဖြစ်သွားပြီ” ပိုင်ဟန်က ဂုဏ်ယူမှုဖြင့် ပြောလိုက်သည်။ ထိုမှတ်တမ်းမှ သူသည် လူများစွာက သူ့ဖခင်၏ ကျောင်းတော်ကို တည်ထောင်ဖို့ ဆုံးဖြတ်ချက်ကို သဘောမတူကြကြောင်း သိထားလေသည်။ ထိုအရာက ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တချို့ ပေါ်ထွက်မလာခင် အချိန်ထိ ဖြစ်၏။ အထူးသဖြင့် ကောင်းကင်ဘုံ မရဏကိုးပါးဖြစ်ပေသည်။

“အိုး ဒဏ္ဍာရီလာလား”

“ဟုတ်တယ်” ပိုင်ဟန်က ခေါင်းညိတ်လိုက်သည်။

“တခြားမိစ္ဆာတွေက သူတို့ရဲ့ ပါရမီကန့်သတ်ချက်ကို ချိုးဖောက်ဖို့ ဆုံးဖြတ်ချက်ကို အသုံးပြုကြတယ်။ အဲဒီအခါကျရင် ကျောင်းတော်ရဲ့ အရင်းအမြစ်တွေနဲ့ဆိုရင် သူတို့က ရွယ်တူတွေကို ဖြည်းဖြည်းချင်း လိုက်မှီသွားပြီးတော့ တာအိုကို သက်သေပြနိုင်ကြတာလေ။ ၇ယောက်မှာ ၅ယောက်က ထာဝရဧကရာဇ်ဖြစ်လာပြီးတော့ ကျန်တဲ့နှစ်ယောက်ကတော့ အတုအယောင်ထာဝရဧကရာဇ် ဖြစ်လာခဲ့တယ်။ ဒါပေမဲ အဲဒီလူတွေက သူတို့လမ်းစဉ်ကို ပြောင်းလဲပြီးတော့ သူတို့ကို မိစ္ဆာကျင့်ကြံသူလို့ သတ်မှတ်လို့မရတော့ဘူး။ တချို့က သူတို့ရဲ့ ဇစ်မြစ်ကိုတောင် အပြီးတိုင် ငြင်းဆန်ကြတယ်လေ” ပိုင်ဟန်က ခေါင်းယမ်းလိုက်သည်။

“တစ်ခုတည်းသော ခြွင်းချက်က ကောင်းကင်ဘုံအရှင် မရဏကိုးပါးပဲ။ သူက မိစ္ဆာလမ်းစဉ်ကိုပဲ ဆက်တိုက်လျှောက်လှမ်းခဲ့တာ။ သူ့ဝိညာဉ်ကို သန့်စင်ပြီး နားလည်နိုင်စွမ်းကို တိုးမြှင့်ပြီးတဲ့နောက်မှာ သူက သေခြင်း(၉)ပါး၊ ရှင်ခြင်း (၉)ပါးကျမ်းကို ပြီးမြောက်ခဲ့ပြီးတော့ အထွတ်အထိပ်နတ်ဆိုးခန္ဓာကို ဖွဲ့စည်းဖို့ အသွေးအသားနဲ့ ဝိညာဉ်ကို စုပ်ယူခဲ့တယ်လေ။ အဲဒါက ဝိညာဉ်၊ အငြိုးအတေး၊ အကုသိုလ်၊ အဆိုးမြင်ခံစားချက်၊ သွေး၊ သေဆုံးမှုနဲ့ ရှင်သန်မှုတွေကို ထိန်းချုပ်နိုင်စွမ်းရှိတာပေါ့”

“သူက သူ့လမ်းစဉ်ကို မပြောင်းလဲခဲ့သလို ဇစ်မြစ်ကိုလည်း ဘယ်တော့မှ ငြင်းဆန်ခြင်း မရှိဘူး။ အခု သူက ကျောင်းတော်မှာ အကောင်းဆုံး ဆရာတစ်ယောက် ဖြစ်နေပြီလေ။ တိုက်ခိုက်ရေးကလည်း ကျုပ်အဖေ ပြီးသွားရင် ဒုတိယမြောက်ပဲ”

“ကြည့်ရတာ သူက ဒဏ္ဍာရီလာ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တာပဲ” ဝမ်ဝေ့က ချီးကျူးလိုက်သည်။ တစ်စုံတစ်ယောက်က သမာသမတ်မိစ္ဆာကျောင်းတော်ထံ နေရာချထားပေးဖို့ရာ မည်သို့သောပါရမီလိုအပ်ကြောင်း ပြောနိုင်လေ၏။

အကြောင်းအရင်းကမူ ထိုနိမ့်ကျသည့် ပါရမီရှင်များကြောင့် ထိုသူများက ဘဝတွင် အောင်မြင်လိုက်သည်နှင့် အံ့မခန်းအောင်မြင်မှုမျိုး ရရှိတတ်ကြသည်။

“တချို့ကတော့ ငြင်းဆန်ကြတာပေါ့” ပိုင်ဟန်က ခေါင်းညိတ်လိုက်သည်။ လူများစွာက ယနေ့အထိ ထိုကျောင်းတော်ကို ပိတ်လိုဆဲ ဖြစ်သော်လည်း ကောင်းကင်ဘုံ မရဏကိုးပါးတည်ရှိမှုနှင့် မည်သူကမှ မလုပ်ရဲကြပေ။ ထိုကျောင်းက ကျောင်းတော်တစ်ခုလုံးအနက် အားအနည်းဆုံးဖြစ်နေပြီး အရင်းအမြစ်အနည်းဆုံး ရရှိထားသော်လည်း သူ့တည်ရှိမှုကြောင့် မည်သူကမှ မပိတ်ချရဲပေ။

ပိုင်ဟန်က အချိန်တိုအတွင်း ကောင်းကင်ဘုံအဆင့် ဖြစ်လာတင်ကို လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ဖြစ်နေပြီ။ သူက တခြားသူကို ဘယ်လိုလေ့ကျင့်ပေးတာလဲ…

ဝမ်ဝေ့က စဉ်းစားလိုက်သည်။ သူက ကျောင်းတော်တွင် ကောင်းကင်ဘုံအဆင့် ရှိနေသည့်အချက်ကို မအံ့ဩမိသော်လည်း သူတို့က ဧကရာဇ်ခုံ ရွေးချယ်ခေါ်ထားသည့် လူများဖြစ်ကြောင်း ခန့်မှန်းမိသည်။ သို့သော်လည်း ပိုင်ဟန်က ကျောင်းတော်သည် ထိုအမျိုးသားကို လေ့ကျင့်ပေးခဲ့ကြောင်း ပြောသည့်အတွက် သူသာလျှင် တစ်ဦးတည်းသောသူ ဖြစ်ဟန် မပေါ်ပေ။

All Chapters