မိုးမြေထူးဆန်းအံ့ဖွယ်များ
Vol. 94 Ch. 1310
ကိစ္စတွေက ဟုတ်တော့မဟုတ်သေးဘူး။
ဧကရာဇ်ခုံဆီမှာ ဝမ်ဝေ့နှင့် ယှဉ်နိုင်သည့် ပြိုင်ဘက်ကင်း ပါရမီရှင်မျိုးကို တွေ့ထားတာမျိုး၊ ကျင့်ကြံဆင့်ကို အရှိန်မြှင့်တင်ဖို့ တခြားသော အရင်းအမြစ် အမြောက်အများနှင့် ကုသိုလ်ရရှိထားခြင်း မဟုတ်သရွေ့ သူ့အနေဖြင့် ကျောင်းတော်အတွက် ကောင်းကင်ဘုံအရှင်တချို့ကို ပြုစုပျိုးထောင်ဖို့ရာ မဖြစ်နိုင်ပေ။ အထူးသဖြင့် သက်တမ်းနုနယ်သေးသည့် အချိန်တွင် ဖြစ်၏။ ဤကျင့်ကြံဆင့် အနေအထားရှိသည့် ဆရာအားလုံးက သူရွေးချယ်ခေါ်ယူထားသည့်လူများ ဖြစ်သင့်ပေသည်။
ဝမ်ဝေ့က လျှို့ဝှက်မှတ်တမ်းခန်းမှာ ဖတ်ခဲ့ဖူးသည့် ဧကရာဇ်ခုံ၏ ဘဝအကြောင်း အမှတ်ရသွားလေ၏။ သူ တက်လှမ်းလာပြီးသည့်နောက်တွင် သူက အချိန်တစ်ခုအတွင်း ကောင်းကင်ဘုံအဆင့် ဖြစ်သွားစေနိုင်သည့် လျှို့ဝှက်နယ်မြေတစ်ခုနှင့် ကြုံကြိုက်ခဲ့ရသည်။ ထိုသို့သော ဖြစ်ရပ်မျိုးက သူ့အား နာမည်ကျော်ကြားမှုတချို့ ဆောင်ကြဉ်းပေးလာသော်လည်း အများစုအနေဖြင့်မူ ဧကရာဇ်ခုံက မထင်ရှားလှပေ။
သူက နောက်ခံမရှိသည့် လေလွင့်ကျင့်ကြံသူတစ်ဦးသာ ဖြစ်၏။ အင်အားစုအမြောက်အများက သူ့ကို ဝင်ရောက်ဖို့ ဖိတ်ကြားခဲ့သော်လည်း သူက ငြင်းဆန်ပြီး ကမ္ဘာမှ ပျောက်ကွယ်သွားလေသည်။ ယွမ်ခေတ်ကာလ သုံးသိန်းခန့်လောက်တွင် သူက ပြန်လည်ပေါ်ထွက်လာပြီး ကမ္ဘာကြီးအား နောက်ထပ်ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ လမင်း၇စင်းနှင့် နေမင်း၂စင်းတို့ကပင် သူ့အား ကျောင်းတော်များ ပြန်လည်ဖွင့်လှစ်ခြင်းနှင့် သူတို့အတွက် ပါရမီရှင်များ ပြုစုပျိုးထောင်ပေးစေဖို့ ထောက်ပံ့ပေးလာခဲ့၏။
ထိုသတင်းအတွက် တုံ့ပြန်မှုက အမျိုးမျိုး ဖြစ်ကြသည်။ ယခင်ကျောင်းတော်ဟောင်းများက သူ့ကို မုန်းတီးကြစဉ် တခြားသူများကမူ သူသည် ထူးချွန်ပြောင်မြောက်သည့် အလုပ်တစ်ခု လုပ်ခဲ့သည်ဟု တွေးထင်ကြသည်။ ပြောရလျှင် ကမ္ဘာပေါ်တွင် သူတို့၏ ကဏ္ဍက သင်ကြားပေးဖို့သာ ဖြစ်၏။ လက်ရှိပတ်ဝန်းကျင်အနေအထားတွင် ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်၏ တည်ရှိမှုက သက်ရှိများစွာအတွက် မျှော်လင့်ချက် ဆောင်ကြဉ်းပေးလာသည်။ ဒိုင်မေးရှင်းအနိမ့်ရှိ လူများကမူ သူ့ကို ထိုသူများနှင့် အတူတကွတွဲလုပ်သည့်အတွက် သစ္စာဖောက်အဖြစ် မှတ်ယူသွားကြစဉ် တခြားသူများကမူ သူ့ကို အကျိုးအမြတ် ပေးလာကြသည်။ တချို့သောသူများကမူ သူသည် ရိုးရှင်းသည့်သူ မဟုတ်ကြောင်း သဘောပေါက်သွားကြ၏။
ကောင်းကင်ဘုံအဆင့်တစ်ယောက်ကို ယွမ်ခေတ်ကာလသုံးသိန်းအတွင်း လေ့ကျင့်ပေးဖို့ဆိုတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ထိပ်တန်းစံပြမျိုးနွယ်တွေကသာ သူတို့ရဲ့ အရင်းအမြစ်တွေကို ပုံအောပြီးတော့ အဲ့လိုလူမျိုးကို တုံ့ဆိုင်းခြင်းမရှိဘဲနဲ့ ပြုစုပျိုးထောင်ပေးနိုင်မှာ။ ခုံဆီမှာက အဲ့လို သိသိသာသာစွမ်းရည်မျိုး မရှိဘူး…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
နောက်ထပ်ဖြစ်နိုင်ချေတစ်ခုက သူက ကောင်းကင်ဘုံအဆင့်ဖြစ်လာပြီးတဲ့နောက်မှာ ပျောက်ကွယ်သွားတုန်း အဲဒီပါရမီရှင်တွေကို ပြုစုပျိုးထောင်ပေးခဲ့တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ပိုင်ဟန်ရဲ့ ဇာတ်ကြောင်းကျတော့လည်း အဲဒီပါရမီရှင်တွေက ကျောင်းတော်ရဲ့ တည်ရှိမှုထဲမှာ ပေါ်ထွက်လာတာလို့ ပြနေတယ်။ ပြီးတော့ သူက သူ့ကိုယ်သူ လေ့ကျင့်ပြီးတော့ ပြန်လည်ပေါ်ထွက်လာဖို့အတွက် ပြင်ဆင်ထားခဲ့တယ်ဆိုရင် တခြားပါရမီရှင်တွေကို လေ့ကျင့်ပေးဖို့ ဘယ်လိုလုပ်အချိန်ရမှာလဲ။ ပြီးတော့ တခြားကောင်းကင်ဘုံအရှင်တွေကို ပြုစုပျိုးထောင်ပေးဖို့ အရင်းအမြစ်တွေကိုရော ဘယ်နေရာကနေ ရမှာလဲ…
တစ်ခုတည်းသော ရှင်းပြချက်က အချိန်အသုံးအဆောင်ပစ္စည်း ဖြစ်၏။ သို့သော် ထိုမျှကောင်းမွန်နိုင်မည်လား။
မိုးမြေက မျှတပေသည်။ ဧကရာဇ်လမ်းစဉ်နှင့် တာအိုလမ်းစဉ်က ကောင်းကင်အလိုဆန္ဒကို အသုံးပြုခြင်းဖြင့် မဟာတာအိုအရင်းမြစ်ကို တိုက်ရိုက်ရယူကာ အဆင့်များစွာကို ကျော်လွှားနိုင်သည့်အတွက် သူတို့ကို မျှခြေညီနိုင်မည့် နည်းလမ်းတစ်ခု ရှိသင့်ပေသည်။ မဟာတာအိုက တာအိုစည်းမျဉ်းများကို နားလည်ပြီး အချိန်အစီအရင်၏ သက်ရောက်မှုကို လျှော့ချဖို့ စိန်ခေါ်မှုများကို ပြုလုပ်ထားလေသည်။
ငါ တွက်ဆထားသလောက် ဧကရာဇ်ခုံရဲ့ အချိန်အသုံးအဆောင်ပစ္စည်းက အချိန်တာအိုကျင့်ကြံတဲ့ ထိပ်တန်းစံပြတစ်ယောက် ဖန်တီးထားတာထက် ပိုပြီးကောင်းလောက်တယ်။ သူ အဲဒါကို သုံးပြီးတဲ့ အချိန်မှာ သက်ရောက်မှုက ရှေးဦးစံပြ ဖန်တီးထားတာထက်တောင် ပိုပြီးကောင်းလောက်တယ်…
ဝမ်ဝေ့က ရုတ်ချည်းဆိုသလို လှုံ့ဆော်မှုတစ်ခု ရလာမိသည်။
ကန့်သတ်ချက်ကို ချိုးဖောက်နိုင်တဲ့ အသုံးအဆောင်ပစ္စည်း သုံးမိသွားတဲ့အချိန်မှာ သက်ရောက်မှုက လျော့ကျသွားတယ်…
ဝမ်ဝေ့၏ မျက်ဝန်းထဲ ထူးထူးဆန်းဆန်း အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားလေသည်။
မဖြစ်နိုင်တာ။ အဲဒီလူက မိုးမြေရဲ့ ထူးဆန်းအံ့ဖွယ်ကို ရှာမတွေ့လောက်အောင် ကံမကောင်းလောက်ပါဘူး…
ဝမ်ဝေ့က ရုတ်ချည်းဆိုသလို ရပ်လိုက်သည့်အတွက် ပိုင်ဟန်က အံ့အားသင့်သွားလေသည်။
“တစ်ခုခုများ ဖြစ်လို့လား”
“ခင်ဗျားအဖေ ကောင်းကင်ဘုံအဆင့် အချိန်တိုအတွင်းဖြစ်ဖို့ သုံးတဲ့ အသုံးအဆောင်ပစ္စည်းက မိုးမြေရဲ့ ထူးဆန်းအံ့ဖွယ်မလား”
ပိုင်ဟန်က သူ့ကို ကြည့်လိုက်သည်။ သူ့အမူအရာက ပုတ်သင်ညိုတစ်ကောင်ထက်ပင် လျင်မြန်စွာ ပြောင်းလဲသွားခဲ့၏။ ယခင်ကျောင်းအုပ်ဟောင်းက ဘာပြောရမှန်းပင် မသိတော့ပေ။
“ခင်ဗျားရဲ့ တုံ့ပြန်မှုအရတော့ ကျုပ် မှန်နေတာပဲ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
ကျစ် ဘာလို့ အဲ့လူက အဲ့လောက်တောင် ကံကောင်းနေရတာလဲ…
သူက အမှန်တကယ် အားကျနေမိသည်။ ဟွင်သွမ်းစကြဝဠာတစ်လျှောက် မည်သည့်ကျင့်ကြံဆင့်မဆို သက်ရောက်မှု အများဆုံးရှိသည့်အပေါ် မူတည်၍ အသုံးအဆောင်ပစ္စည်းများအပေါ် အဆင့်ခွဲထားလေသည်။ အထွတ်အထိပ်ပင်ကိုနှင့် အထွတ်အထိပ်ဟွင်သွမ်း အသုံးအဆောင်ပစ္စည်းများက အဆင့်(၁၁)နှင့် အဆင့်(၁၂)ဖြစ်ပြီး ကောင်းကင်ဘုံနှင့် စံပြအသုံးအဆောင်ပစ္စည်းများနှင့် အတူတူ ဖြစ်ပေသည်။ ထိုစည်းမျဉ်းက တာအိုနှင့် ထာဝရအသုံးအဆောင်ပစ္စည်းများအတွက်ပင် သက်ရောက်မှု ရှိ၏။
အဓိကကွဲပြားချက်က သူတို့ကို ဖန်တီးထားပုံနှင့် သူတို့၏ ပင်ကိုဝိသေသလက္ခဏာများ ဖြစ်၏။ ပင်ကိုအသုံးအဆောင်ပစ္စည်းအများစုကို မိုးမြေက ဖန်တီးထားခြင်းဖြစ်ကာ တချို့ကမူ မိုးမြေ၏ စံပြများက ဖန်တီးထားခြင်း ဖြစ်သည်။ ထိုစဉ် ဧကရာဇ်တာအိုအသုံးအဆောင်ပစ္စည်းများကိုမူ ကောင်းကင်ဘုံအဆင့်နှင့် စံပြအဆင့်တို့က ဖန်တီးထားခြင်းဖြစ်ပြီး တချို့ကိုမူ မဟာတာအိုအရင်းအမြစ်ကိုယ်တိုင်မှ မွေးဖွားလာခြင်း ဖြစ်သည်။
ရှေ့တစ်ခုက နောက်တစ်ခုထက်ပိုပြီး အလားအလာ နည်းပါးလေသည်။ သို့သော်လည်း သူတို့က အသုံးပြုသူ၏ စိတ်နှင့် ဝိညာဉ်အပေါ် ကန့်သတ်ချက်ထားရှိခြင်းဖြင့် ပြန်လည်ကာမိစေသည်။ ထို့အပြင် ပင်ကိုအသုံးအဆောင်ပစ္စည်းများက လူတစ်ယောက် ဧကရာဇ်တာအိုအသုံးအဆောင် ပစ္စည်းများကဲ့သို့ လူတစ်ယောက်၏ တာအိုကို မတိုက်စားနိုင်ပေ။
ကောင်းကင်ဘုံအဆင့်၊ စံပြအဆင့်၊ ကောင်းကင် ယွမ်ထီတို့က သူတို့၏ စွမ်းအားဖြင့် ပစ္စည်းများစွာကို ဖန်တီးနိုင်ကြသော်လည်း သူတို့၏ စွမ်းရည်က မိုးမြေ ထူးဆန်းအံ့ဖွယ်နှင့် ယှဉ်လိုက်သည့်အခါ မှေးမှိန်နေသေးသည်။ ထူးဆန်းအံ့ဖွယ်ဟူသော ဂုဏ်ပုဒ်ကို ရရှိသည့်အရာအားလုံးအတွက် သူတို့သည် မဟာတာအို၏ စည်းမျဉ်း သို့မဟုတ် ကန့်သတ်ချက်များကို ချိုးဖောက်နိုင်စွမ်းရှိရပေမည်။
နမူနာအနေဖြင့် ဧကရာဇ်ခုံ၏ အသုံးအဆောင်ပစ္စည်း သို့မဟုတ် လျှို့ဝှက်နယ်မြေ ဖြစ်၏။ ထိုအရာက စကြဝဠာအတွင်း အချိန်မြှင့်တင်မှု အတားအဆီးကို ချိုးဖောက်ထားပြီး ကောင်းကင်ဘုံအဆင့်အား အချိန်တစ်ခုအတွင်း ဖြစ်လာခွင့်ပြုထားသည်။
နမူနာအနေကမူ ရွှေရောင်ခေတ်ကာလအတွင်း ပေါ်ထွက်လာသည့် ယင်ယန်ကုန်းမြေ ဖြစ်၏။ သမိုင်းကြောင်းမှတ်တမ်းများအရ အင်အားစုအမြောက်အများသည် ထိုထူးဆန်းအံ့ဖွယ်အတွက် တိုက်ခိုက်ခဲ့ကြပြီး အာဏာရှင်များပင် အပါအဝင် ဖြစ်၏။ ထို့နောက် ကမ္ဘာတစ်ဝှမ်း စစ်ပွဲကြီးပေါ်ထွက်လာတော့မည် ဖြစ်သည်။ ကံကောင်းစွာဖြင့် တစ်စုံတစ်ယောက်က ထိုထူးဆန်းအံ့ဖွယ်၏ စွမ်းရည်ကို ရှာဖွေတွေ့ရှိသွားသည့်အတွက် လူများစွာ၏ စိတ်ဝင်စားမှုကို လျှော့ချပေးနိုင်လိုက်သည်။
ယင်ယန်ကုန်းမြေက မွေးဖွားမှုအတားအဆီးကို လျှော့ချပေးခြင်း ဖြစ်၏။ မသေမျိုးအဆင့်ကျင့်ကြံသူများစွာက အားကောင်းလွန်းသည့်အတွက် အဆုံးမဲ့သက်တမ်း ရှိကြသည်။ ထို့ကြောင့် မဟာတာအိုက သူတို့၏ မွေးဖွားမှုကို အကန့်အသတ်ထားရှိခဲ့၏။
သို့သော်လည်း ကျင့်ကြံသူတစ်ယောက်က မည်သို့ပင်ဖြစ်စေကာမူ သူတို့က ယင်ယန်ကုန်းမြေထဲ ဝင်ရောက်လိုက်သည်နှင့် သူတို့၏ မျိုးဆက်ကို မွေးထုတ်ပေးနိုင်လိမ့်မည်။
ဝမ်ဝေ့က သူ့လောဘကို ထိန်းချုပ်ရင်း သက်ပြင်းချလိုက်သည်။ ထူးဆန်းအံ့ဖွယ်များက ဆွဲဆောင်မှုရှိသော်လည်း ကန့်သတ်ချက်များ ရှိနေသေးသည်။ နှမြောဖို့ကောင်းလှစွာဖြင့် သူ့ကန့်သတ်ချက်များက အသုံးပြုနိုင်သည့် အရေအတွက် ဖြစ်၏။ အများစုက တစ်ခါအသုံးပြုပြီးသည့်နောက်တွင် ပျောက်ကွယ်သွားကြမည်ဖြစ်ကာ တချို့ကမူ ကွဲပြားသည့် အသုံးပြုသူများကို ခွင့်ပြုပေးထားသည်။ သို့သော်လည်း အသုံးပြုချိန်က ကန့်သတ်ချက်ကို ကျော်လွန်သွားသည်နှင့် ထူးဆန်းအံ့ဖွယ်က ပျောက်ကွယ်သွားခြင်း သို့မဟုတ် ကန့်သတ်ချက်ချိုးဖောက်ခြင်း၊ ပျောက်ကွယ်သွားခြင်းတို့ ဖြစ်တတ်သည်။ ကျန်ရှိနေသည့်အရာကမူ စံပြနှင့် ကောင်းကင်ယွမ်ထီတို့မှ ဖန်တီးထားသည့် ထိပ်တန်းအသုံးအဆောင်ပစ္စည်းများဖြင့် ရှင်သန်နေဆဲသာဖြစ်၏။ သို့သော်လည်း ယခင် ထူးဆန်းအံ့ဖွယ်နှင့်တော့ မတူတော့ပေ။
ကိစ္စတွေအများကြီးက အခုတော့ အဓိပ္ပာယ်ရှိလာပြီ…
ဝမ်ဝေ့က တွေးလိုက်သည်။
ဒါပေမဲ့ သူ့ကိုယ်သူအတွက် အဲဒါကို ဘယ်လိုများ သိမ်းထားတာလဲ…
ဧကရာဇ်ခုံ၏ အသုံးအဆောင်ပစ္စည်းက မိုးမြေ၏ ထူးဆန်းအံ့ဖွယ်အဆင့်အတန်းကို ဆုံးရှုံးသွားပြီဖြစ်သော်လည်း အဖိုးတန်နေဆဲသာ ဖြစ်၏။ ထို့ကြောင့် ထိုလောဘကြီးသည့် လမင်းများက သူ့ဆီ ချန်ထားမည် မဟုတ်ပေ။
“ဆက်သွားချင်သေးလား” ပိုင်ဟန်က တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်သည်။ သူက အကြောင်းအရင်းမရှိဘဲ ထိတ်ထိတ်ပျာပျာဖြစ်နေသည်ကို သဘောပေါက်သွားလေ၏။ သူတို့၏ ကျောင်းတော်က သူတို့ပြုစုပျိုးထောင်ထားသည့် ကောင်းကင်ဘုံအရှင်များကို ဝှက်မထားခဲ့ပေ။ ကမ္ဘာကြီးထဲတွင် ဉာဏ်ရှိသည့်သူများစွာရှိသောကြောင့် သူတို့က သူတို့၏ လျှို့ဝှက်ချက်ကို မည်သို့မတွေ့သေးဘဲ နေမည်နည်း။ သို့သော် သူ့အဖေက ထိုရတနာကို ထိန်းသိမ်းထားနိုင်စွမ်းရှိ၏။
ပိုင်ဟန်က ထိုသူ ဘယ်လိုလုပ်ထားလဲ မသိသော်လည်း သူ ဘယ်တော့မှ ဖုံးကွယ်ဖို့ မကြိုးစားခြင်းက သူ့အဖေ၏ ယုံကြည်ချက်ရှိမှု သက်သေသာ ဖြစ်သည်။ ထို့ကြောင့် သူသည် ဝမ်ဝေ့ထံ မတော်တဆ ထုတ်ဖော်လိုက်ခြင်းဖြစ်စေ အရေးမကြီးပေ။ အမှန်တရားက ဝမ်ဝေ့အနေဖြင့် အားလုံးကဲ့သို့ အမှန်ကို ရှာတွေ့လာဖို့ အချိန်တစ်ခုသာ ကြာမြင့်လိမ့်မည်။
နှစ်ယောက်သားက ဆက်လက်သွားလာနေရင်း ပိုင်ဟန်က အတော်လေး တိတ်ဆိတ်နေကာ များစွာထုတ်ဖော်ပြောမိသွားမှာကို စိုးရိမ်နေမိသည်။ သူက ယခင်တုန်လှုပ်နေမှုမှ နိုးထလာသော်လည်း ထိုဖြစ်ရပ်က ဝမ်ဝေ့သည် ဒိုင်မေးရှင်းအနိမ့်တွင် သူ့အား ကစားခဲ့သည်ကို အမှတ်ရနေဆဲသာ ဖြစ်၏။ သူက ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားသည်မှာ ကပ်ဘေးချီကြောင့် ဖြစ်သော်လည်း ပိုင်ဟန်က ထိုအရာမပါရှိလျှင်ပင် ပိုမိုကောင်းမွန်မည် မဟုတ်ကြောင်း နားလည်လေ၏။ သူက ရှုရှစ်ဆီမှ ဒိုင်မေးရှင်းအနိမ့်အတွင်း ဝမ်ဝေ့ လုပ်ခဲ့သည့်အရာများကို သိခဲ့ရကာ ထိုသို့သော မကောင်းဆိုးဝါးမျိုးနှင့် ထိပ်တိုက်ရင်ဆိုင်ဖို့ မည်မျှကြောက်ဖို့ကောင်းကြောင်း နားလည်သွားခဲ့သည်။
ပိုင်ဟန်က ယခင်ကထက် အနည်းငယ် မြန်ဆန်စွာ ပျံသန်းသွားလိုက်ပြီး နှစ်ဦးသားက သူတို့၏ ဦးတည်ရာဖြစ်သည့် ထူးကဲသော တာအိုရှိသည့် အဖြူရောင်နန်းဆောင်တစ်ခုဆီ ရောက်ရှိသွားကြသည်။
စည်းချက်များက စာပေရေးရာပညာရှင်များနှင့် သင့်တော်နေ၏။ အကြည့်တစ်ချက်ဖြင့်ပင် ဝမ်ဝေ့က ထိုအရာသည် တကယ့်နန်းဆောင် မဟုတ်ဘဲ ထိုအရာပါဝင်နေသည့် ကမ္ဘာ၏ ရုပ်ပိုင်းဆိုင်ရာသဏ္ဌာန်ပြမှုသာ ဖြစ်ကြောင်း သိလေသည်။ သူတို့က နန်းဆောင်ရှေ့ရောက်ရှိသွားသည့်အခါ အစီအရင်က အသက်ဝင်လာပြီး သူတို့၏ ခန္ဓာကိုယ်ကို ဖတ်ရှုလာ၏။ ထို့နောက် စိတ်ဝိညာဉ်အတက်အကျလှိုင်းက သူတို့ကို လွှမ်းခြုံသွားပြီး အထဲသို့ ခေါ်ဆောင်သွားလေသည်။
ဝမ်ဝေ့က သူ့ရှေ့တွင်ရှိနေသည့် ကမ္ဘာကြီးကို ကြည့်လိုက်ပြီး အရာအားလုံးကို စိုက်ကြည့်နေမိသည်။
“အလယ်ပိုင်းကဏ္ဍကနေ ကြိုဆိုပါတယ်။” ပိုင်ဟန်က ပြောလိုက်သည်။
ဝမ်ဝေ့က လက်ကိုမြှောက်ကာ တစ်စုံတစ်ခုကို လှုံ့ဆော်ပြီး ရွှေရောင်အလင်းကို ထုတ်ဖော်လိုက်သည်။
“သမာသမတ်ချီလား။ မဟုတ်သေးဘူး။ ဒါက အဲ့လောက် မရိုးရှင်းဘူး။ ခင်ဗျားက မိုးမြေက တာအိုချီကို အသန့်စင်ဆုံး သမာသမတ်ချီအဖြစ် ပြောင်းလဲပြီးတော့ ကျင့်ကြံရေးကို အနည်းဆုံး နှစ်ရာ ရာခိုင်နှုန်းတိုးမြှင့်ပေးထားတာပဲ”
“ဒါက အဖေရဲ့လက်ရာလေ။ သူ အရမ်းဂုဏ်ယူနေတဲ့ အရာပေါ့” ပိုင်ဟန်က ထည့်သွင်းစဉ်းစားပြီးသည့်နောက်တွင် ပြောလိုက်သည်။
“ဒါပေါ့။ ဒီလိုအစီအရင်မျိုးက တတိယ မဟာတာအိုအရင်းအမြစ်ကို သုံးတာနဲ့ တူညီတဲ့ သက်ရောက်မှုမျိုး ရှိတယ်” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ တတိယမဟာတာအိုအရင်းအမြစ်ကို စံပြများက အသုံးပြုလေ့ရှိသည့်အတွက် တစ်ခုချင်းစီက အကောင်းဆုံး တာအိုချီအရည်အသွေးတို့ ပါဝင်နေသည်။ အကယ်၍ ဤအစီအစဉ်က အားဖြည့်မှု ၂၀၀ရာခိုင်နှုန်း ထောက်ပံ့ပေးနိုင်သည်ဖြစ်စေ သို့မဟုတ် တစ်ဆယ်ရာခိုင်နှုန်းအားဖြည့်မှုပေးနိုင်သည်ဖြစ်စေ အင်မတန် တန်ဖိုးကြီးကာ အံ့ဩဖို့ကောင်းနေဆဲသာ ဖြစ်၏။
“အဲဒါတော့ ကျုပ်လည်း မသိဘူး” ပိုင်ဟန်က အမှန်အတိုင်း ပြောလိုက်သည်။ သူ့အဖေက စံပြများ သို့မဟုတ် ထိုသို့သော အဆင့်များနှင့် ပတ်သက်ပြီး တစ်ခါမှ မပြောပြခဲ့ပေ။