ဒီလိုလုပ်ဖို့ စီစဉ်ထားလား
Vol. 94 Ch. 1312
လူများစွာက ဝမ်ဝေ့၏ အပေါ် ကံကြွေးတင်နေကြပြီး သူ့အနေနှင့် သူတို့က အကြွေးတင်နေသည်ဟူသော စိတ်ခံစားချက်မျိုးရှိသူများအပေါ် နည်းလမ်းရှာပြီး မကြာခဏ ကူညီပေးလေ့ရှိသည်။ ထိုအရာက တစ်ရက်ကျရင် သူ့အနေဖြင့် တစ်ခုခု ပြန်လည်တောင်းဆိုနိုင်၏။
သူ့စိတ်အနေအထားက ထိုအရာအားလုံး လုပ်ခြင်းက အနာဂတ်အတွက် ပြင်ဆင်နေခြင်းသာ ဖြစ်သည်။ သို့သော် သူ တစ်ခါမှ အသုံးမပြုလျှင် အရေးမကြီးပေ။
သူက သေရည်တစ်ငုံသောက်သုံးပြီးသည့်နောက်တွင် အရသာခံလိုက်၏။ သူက လှပသည့် ရေကန်ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။
“ဒါနဲ့ ကျောင်းတော်ရဲ့ နာမည်ကို ကောင်းကင်ဘုံ ဉာဏ်အလင်းပွင့်ကျောင်းတော်လို့ ဘာလို့ မပြောင်းရတာလဲ။ ဒီနာမည်ကို သိမ်းထားချင်တာလား။ ဒါမှမဟုတ်ဘူးဆိုရင် စံပြဉာဏ်အလင်းပွင့်ကျောင်းတော်လို့ ခေါ်လို့ရအောင် အရည်အချင်းပြည့်မှီတဲ့အထိ စောင့်ဆိုင်းချင်တာလား”
“စံပြ ဉာဏ်အလင်းပွင့်ကျောင်းတော်တဲ့လား။” ဧကရာဇ်ခုံက ရေရွတ်လိုက်သည်။
“တကယ်ကို အံ့ဩဖို့ကောင်းတဲ့ နာမည်ပဲမလား”
“အင်း”
“ခင်ဗျားက ဘာလို့ မကျေနပ်သေးတယ်လို့ ခံစားမိနေပါလိမ့်”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
“ကြည့်ရတာ ခင်ဗျားက တာအိုဉာဏ်အလင်းပွင့်ကျောင်းတော်ဆိုတဲ့ နာမည်ကို ယူဖို့ ရည်မှန်းချက် ထားထားတာလား”
ဧကရာဇ်ခုံက လက်ဝှေ့ကာ ပြောလိုက်သည်။
“ကျုပ်က အဲ့လောက်ကြီး မရဲတင်းပါဘူး”
သူက မထိုက်တန်ဘဲဖြင့် တာအိုဟူသော စကားလုံးကို အသုံးပြုခဲ့ပါက သူ့ကျောင်း၏ ကံကောင်းမှုသည် ပျက်သုဉ်းသွားမည်ဖြစ်ကြောင်း သိထားလေ၏။ ဧကရာဇ်ခုံ သိထားသလောက် အဆုံးမဲ့တက်လှမ်းခြင်း သမိုင်းကြောင်းတစ်လျှောက်၌ တာအိုဟူသော ဂုဏ်ပုဒ်ကို ထိန်းသိမ်းထားနိုင်သည့် အင်အားစုနှစ်ခုသာ ရှိခဲ့ဖူးသည်။ ပထမတစ်ခုက သမိုင်းကြောင်း၌ ပျောက်ဆုံးသွားသည့် ခေတ်ကာလမှ ဖြစ်ကာ တခြားတစ်ခုကမူ တာအိုအခွင့်အလမ်းဂိုဏ်း ဖြစ်၏။
သို့သော်လည်း တာအိုအခွင့်အလမ်းဂိုဏ်းက မိစ္ဆာကပ်ဘေးအတွင်း မိုးမြေထံ ကြီးကြီးကျယ်ကျယ် အကျိုးမပြုခင်အချိန်အထိ ထိုနာမည်ကို မယူနိုင်ခဲ့ပေ။ ထိုမတိုင်ခင်က အသင်္ချေမူလဂိုဏ်းဟု ခေါ်ဆိုခဲ့၏။
တာအိုအခွင့်အလမ်းဂိုဏ်းကို ကောင်းကင်တာအိုက အသိအမှတ်ပြုထားသော်လည်း လူများစွာက သူတို့သည် ထိုကြီကျယ်လှသည့် ဂုဏ်ပုဒ်နှင့် မထိုက်တန်ကြောင်း ခံစားမိခဲ့ကြသည်။ ဒိုင်မေးရှင်းအနိမ့်တွင် ပြဿနာမရှိသော်လည်း သူတို့၏ ကောင်းမှုက စစ်ပွဲအတွင်း သူတို့ အကျိုးပြုပြီးသည့်နောက်တွင်ပင် ထိုနာမည်ကို ထောက်ပံ့မပေးနိုင်သေးပေ။ ထိုအရာက လူအများ အမှန်တကယ် အသိအမှတ်ပြုသည့် အကြွင်းမဲ့တားမြစ်ချက် ပြီးသွားသည့် မတိုင်ခင်အချိန်ထိသာ ဖြစ်၏။
ချီယွမ်က ဟွင်သွမ်းစကြဝဠာတစ်ခုလုံးထံ တာအိုကို ဖွင့်လှစ်ကာ ထူးကဲသာလွန်မှုလမ်းစဉ်ကို မိတ်ဆက်ပေးခဲ့ပြီး စကြဝဠာတစ်ခုလုံးက တာအိုအခွင့်အလမ်းဂိုဏ်းအား ထိုသို့သော ဂုဏ်ပုဒ်နှင့် ထိုက်တန်ကြောင်း လက်ခံခဲ့ကြသည်။
“အဲဒါဆိုတော့ အဲဒီနောက်ရော” ဝမ်ဝေ့က မေးလိုက်သည်။
“စံပြတွေက ကျင့်ကြံရေးရဲ့ ကန့်သတ်ချက် မဟုတ်ဘူးမလား” ဧကရာဇ်ခုံက တုံ့ပြန်လိုက်၏။
“ထူးကဲသာလွန်မှုကို လေ့ကျင့်ပေးတဲ့ ကျောင်းတော်ဆိုရင်တော့ တကယ်ကို ရည်မှန်းချက်ကြီးတာပဲ” ဝမ်ဝေ့က ရယ်မောလိုက်သည်။
“အိုး တာအိုရောင်းရင်း ကျုပ်က ကျုပ် လုပ်နိုင်စွမ်းထက် ကျော်လွန်တယ်လို့ ထင်နေတာလား” ဧကရာဇ်ခုံက မေးလိုက်သည်။
“ကျုပ် တဲ့တိုးပဲ ပြောပါမယ်” ဝမ်ဝေ့က အဖန်ရည်တစ်ငုံ သောက်သုံးလိုက်သည်။
“ခင်ဗျားက အာဏာရှင် ၁၃ယောက်နဲ့ ယှဉ်နိုင်တဲ့ ကျောင်းတော်တစ်ခုကို တည်ဆောက်နိုင်တယ်ဆိုတာကိုတော့ ယုံကြည်တယ်။ ဒါပေမဲ့ ခင်ဗျားက အဲဒီအဆင့် ရောက်ဖို့ အလားအလာကိုတော့ မမြင်မိဘူး”
“အဲ့လိုလား” ဧကရာဇ်ခုံက ဝမ်ဝေ့၏ စကားများကြောင့် သက်ရောက်မှု မရှိသည့်အလား တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ သူက သူ့ကိုယ်ပိုင် သေရည်ကို သောက်ရင်း ပြောလိုက်သည်။
“ကျုပ်က ခင်ဗျား မိန်းကလေး ရှုရှစ်ကို အတော်လေး အထင်ကြီးနေတယ်လို့ ထင်နေတာ။”
“အထင်ကြီးပါတယ်” ဝမ်ဝေ့က ဝန်ခံလိုက်သည်။
“ဒါပေမဲ့ ထူးကဲသာလွန်မှုအလားအလာကို သုံးဆင့်ခွဲထားတယ်”
သူက ဆက်မပြောသေးဘဲ စောင့်ကြည့်နေသည့် မျက်ဝန်းများမှ ပတ်ဝန်းကျင်ကို ပိုင်းခြားလိုက်သည်။
“ပထမတန်းစားက ထူးကဲသာလွန်မှုအုတ်မြစ်ကို တည်ထောင်နိုင်တဲ့သူတွေ ပါဝင်တယ်။ သူတို့က ထူးကဲသာလွန်မှုကို ရယူနိုင်တဲ့ အမြင့်ဆုံးသူတွေပေါ့။ သူတို့ထဲက တချို့ကို ထူးကဲသာလွန်မှုမျိုးစေ့လို့တောင် ခေါ်နိုင်တယ်” ဝမ်ဝေ့က ကြေညာလိုက်သည်။
ဝမ်ဝေ့ ပြောနေသည့် ထူးကဲသာလွန်သည့် အုတ်မြစ်ဆိုသည်က သူ့ပြီးပြည့်စုံသည့်အုတ်မြစ်နှင့် ထိုအရာ၏ သက်ရောက်မှုသာမကပေ။ သူက အနည်းဆုံး နဝမအဆုံးစွန်အုတ်မြစ်ကို ရရှိထားပြီး မသေမျိုးအဆင့်သုံးခုထဲတွင် အနည်းဆုံးအဆင့်၌ တားမြစ်တိုက်ခိုက်ရေးအဆင့် ဝင်ရောက်ထားသည့်သူများကို ဆိုလိုခြင်းဖြစ်၏။ မဟုတ်ပါက ရှုကျင်းယောင်ကဲ့သို့ ထူးကဲသာလွန်မှု အနှစ်သာရ ရှိရပေမည်။ ထိုသူများက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ကို တခြားသူများထက် ရရှိဖို့ ပိုမိုမြင့်မား၏။
ထိုကဏ္ဍထဲ၌ ဝမ်ဝေ့က သူ့ကိုယ်သူ သေမျိုးဧကရာဇ်၊ ဒဿမသာလွန်အုတ်မြစ်၊ ကောင်းကင်ဧကရာဇ်ဖြစ်လာခြင်းနှင့် ခေတ်ကာလတစ်ခုလုံးကို သူ့တည်ရှိမှုထံ ဆက်သွယ်ထားနိုင်သည့် အချက်များကြောင့် အကောင်းဆုံးဟု မှတ်ယူထားလေသည်။ ထိုအရာအားလုံးက သူ့ထူးကဲသာလွန်မှုအုတ်မြစ်ကို အကျိုးပြုလာလိမ့်မည်။
“ထူးကဲသာလွန်မှုအုတ်မြစ်တဲ့လား” ဧကရာဇ်ခုံက အလေးနက်ကြည့်လိုက်သည်။ သို့သော်လည်း ဝမ်ဝေ့က ပြုံးပြီး ပြန်မဖြေပေ။
“ဒုတိယကဏ္ဍကတော့ ထူးကဲသာလွန်မှုနည်းလမ်းကို ဖန်တီးဖို့ လုံလောက်တဲ့ ပါရမီနဲ့ ဉာဏ်ရည်ရှိတဲ့သူတွေပေါ့” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“အဲဒီအနေအထားမှာ ကွာဟချက်အကြီးကြီး ရှိတယ်။ တချို့သူတွေက အတွေးအခေါ်တချို့ပဲ ရှိပေမဲ့ တချို့သူတွေကကျတော့ အတွေးအခေါ်ကို လက်တွေ့အဖြစ် ပြောင်းလဲဖို့ ကြိုးစားပြီးသွားပြီ။ ဒါပေမဲ့ တချို့တစ်ဝက်ကပဲ အောင်မြင်လိမ့်မယ်။”
ဧကရာဇ်ခုံက အဖန်ရည်တစ်ငုံသောက်လိုက်၏။
“တတိယအဆင့်ကရော”
သူက အဖြေများစွာ မရနိုင်မှန်း သိသည့်တွက် ဝမ်ဝေ့ထံ ထပ်မမေးတော့ပေ။
“နောက်ဆုံးအဆင့်ကတော့ ခင်ဗျား၊ ရှုရှစ်နဲ့ လင်းဖန်တို့ ရှိတဲ့နေရာပေါ့” ဝမ်ဝေ့က ရှင်းပြလိုက်သည်။
“ဒီအဆင့်အနေအထားက သူတို့သာ ပြီးပြည့်စုံတဲ့ ကျင့်စဉ်တစ်ခုကို ရမယ်ဆိုရင် ထူးကဲသာလွန်မှုကို ရရှိနိုင်တဲ့ ပါရမီရှိတဲ့သူတွေပေါ့”
ဝမ်ဝေ့က ထူးကဲသာလွန်မှုလမ်းစဉ်သည် မည်မျှရက်စက်ကြောင်း ခန့်မှန်းထားပြီးသား ဖြစ်၏။ ဟွင်သွမ်းစကြဝဠာထဲ တောက်ပသည့် ကြယ်ပွင့်များဖြစ်နေသည့် ပါရမီရှင်များက ထူးကဲသာလွန်မှုဟူသော အတားအဆီးနှင့် ထိပ်တိုက်တွေ့ဆုံရသည့်အခါ သူတို့၏ မပြီးပြည့်စုံမှုနှင့် သေးနုပ်မှုတို့ကို သဘောပေါက်သွားကြလိမ့်မည်။
“မျှတအောင် ပြောရမယ်ဆိုရင်တော့ ခင်ဗျားတို့ ဆရာတပည့်သုံးယောက်က ထူးကဲသာလွန်မှုအုတ်မြစ်ကို တည်ထောင်ဖို့ အလားအလာရှိတယ်။ လိုအပ်ချက်ကို သိတယ်ဆိုရင်ပေါ့” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“ပြီးတော့ ခင်ဗျားက ဒုတိယကဏ္ဍထဲမှာ ပါနိုင်မလားဆိုတာကိုတော့ ဆုံးဖြတ်ရအောင် ခင်ဗျားအကြောင်း လုံလုံလောက်လောက် မသိသေးဘူး”
ဧကရာဇ်ခုံက သူ့ခွက်ထဲ သေရည်ကို လောင်းထည့်လိုက်သည်။ သူက အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း သူ့စိတ်ထဲ၌ ရုန်းရင်းဆန်ခတ် ဖြစ်နေလေသည်။
ဝမ်ဝေ့က လိမ်နေတာလား.
ဤသည်က ထိုစကားများကို ကြားပြီးသည့်နောက်တွင် ဧကရာဇ်ခုံ၏ အတွေးများ ဖြစ်၏။ သူက ထိုသို့သော အရာမျိုးတွေးရသည့် အကြောင်းအရင်း ရှိပေသည်။ ပထမဦးစွာ ဝမ်ဝေ့သည် သူ့ရည်မှန်းချက်ကို ဝေးကွာစေဖို့ လိမ်ညာခြင်း ဖြစ်၏။ ထိုအရာက ဝမ်ဝေ့ လုပ်မည့်အရာ ဖြစ်ပေသည်။
တခြားသော ရည်ရွယ်ချက်များအတွက်မူ…
ဧကရာဇ်ခုံက တွင်းအောင်းနေသည့် ယုန်တစ်ကောင်ကို မျှားခေါ်ဖို့ မုန်လာဥကို အသုံးပြုနေသည့် အမဲလိုက်မုတ်ဆိုးသဖွယ် သူ့အား ထူးကဲသာလွန်မှုဖြင့် မျှားခေါ်နေတာလားဟု စဉ်းစားမိသွားသည်။
သို့သော်လည်း သေချာသည့်အချက်များက သူ့အကဲဖြတ်ချက်ကို သံသယဖြစ်လာစေ၏။ ဝမ်ဝေ့က ထူးကဲသာလွန်မှုအုတ်မြစ်ဟူသော စကားကို ပြောသည့်အချိန် သူ ပထမဦးဆုံး ပြောမိသည့်အရာက ရှုကျင်းယောင် ဖြစ်၏။ ပြီးပြည့်စုံမှုဆိုသည့်အရာက ကမ္ဘာတွင် အမြဲတမ်း တားမြစ်ချက်ဖြစ်ခဲ့ပြီး ထိုလမ်းစဉ်နောက်လိုက်သည့်သူများက ဆိုးဆိုးရွားရွား အဆုံးသတ်သွားလေ့ ရှိသည်။
သို့သော် ထိုအရာက တားမြစ်ချက်က ဘယ်အရာက ဖြစ်နေတာလဲ…
ဧကရာဇ်ခုံက မဟာတာအို၏ ပြီးပြည့်စုံမှုအပေါ် တားမြစ်ချက်နှင့် ထူးကဲသာလွန်မှုအပေါ် ဆက်နွယ်ကြည့်လောက်အောင် ဉာဏ်ကောင်းပေသည်။ ထို့ကြောင့် သူက ရှုကျင်းယောင်သည် ဝမ်ဝေ့၏ ပထမကဏ္ဍတွင်ရှိနိုင်ကြောင်း ချက်ချင်းတွေးမိသွားလေ၏။
ဧကရာဇ်ခုံ၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားသည်။ သူက သတင်းအချက်အလက်အားလုံးကို ကောက်ချက်ချလိုက်ပြီးသည့်နောက်တွင် ထူးကဲသာလွန်မှုအကြောင်း သတင်းအချက်အလက်များအားလုံးကို ကောက်ချက်ချလိုက်သည်။ နှမြောစရာကောင်းလှစွာဖြင့် သူက အနည်းငယ်သာသိ၏။
ဧကရာဇ်ခုံက သက်ပြင်းချလိုက်သည်။
ငါတို့ရဲ့ အုတ်မြစ်က နည်းလွန်းသေးတယ်…
သူက သူ့ကျောင်းတော်၏ အုတ်မြစ်သည် တခြားသော ထိပ်တန်းမျိုးနွယ်များဖြင့် ယှဉ်ပါက မည်မျှပင် အားနည်းကြောင်း သဘောပေါက်သွားလေ၏။ ထိပ်သီးစံပြများကို မွေးထုတ်ပေးထားသည့် ထိပ်သီးမျိုးနွယ်များက နောက်အဆင့်ဆီ ဦးတည်နေသည့် သူတို့၏ ခရီးလမ်းကို စတင်နေကြပြီဖြစ်သည်။ သူက ကျောင်းတော်ကို ဤအနေအထားထိ တည်ထောင်ဖို့ သူ့မာနအားလုံးကို ခဝါချခဲ့ရသည်။ သူက သွားရမည့် ခရီးရှည်ကြီးရှိနေသေးကြောင်း ကိုယ့်ကိုယ်ကို အမြဲတမ်း သတိပေးလေ့ရှိသော်လည်း ထိုစကားများက အမှန်ဖြစ်ကြောင်း ယနေ့ဖြစ်ရပ်က သက်သေပြသွားခဲ့သည်။
ဧကရာဇ်ခုံက ဝမ်ဝေ့၏ ငါးစာကို ဟပ်ဖို့ ဆုံးဖြတ်လိုက်၏။ သူက တန်ကြေးတစ်ခု ပေးဆပ်ကောင်း ပေးဆပ်ရနိုင်မှန်း သိထားသော်လည်း ထိုသို့သော သတင်းအချက်အလက်မျိုးကို ရရှိခြင်းက အင်မတန် ထိုက်တန်ပေသည်။
“တာအိုရောင်းရင်း”
သူ့အနေဖြင့် ဝမ်ဝေ့သည် ကောင်းကင်ကို မော့ကြည့်နေသည်ကို သတိထားမိလိုက်သည်ကို ရပ်တန့်လိုက်ပြီး သူကလည်း လျှို့ဝှက်ဆန်းကြယ် အငွေ့အသက်တစ်ခုကို ခံစားမိ၍ ခေါင်းမော့ကြည့်လိုက်သည်။
“ကြည့်ရတာ ကျုပ် အများကြီး ပြောမိသွားတဲ့ပုံပဲ။ ခင်ဗျားက ဒီလိုကိစ္စတွေမှာ ပါဝင်ပတ်သက်ဖို့ အရမ်းကို အားနည်းလွန်းတယ်” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ သူ့ကာကွယ်မှုနည်းလမ်းများဖြင့်ပင် သူက ထိုမျှသာ ပြောနိုင်လေ၏။ သူက အများကြီးပြောနိုင်ခဲ့ခြင်းမှာ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထား၍သာ ဖြစ်သည်။
“အဲ့လိုဖြစ်ပုံပါပဲ” ဧကရာဇ်ခုံက သူ့သေးနုပ်မှုကို ခံစားမိလိုက်သည်။
သူက သေရည်တစ်ငုံ သောက်သုံးပြီး မျက်လုံးအသာမှိတ်လိုက်၏။ သူ မျက်လုံးပြန်ဖွင့်လာသည့်အခါ စိတ်အခြေအနေကို ထိန်းညှိပြီးသား ဖြစ်သည်။
ဝမ်ဝေ့က အသိအမှတ်ပြုကာ တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ သူက သူတို့၏ စကားဝိုင်းကို ထိန်းချုပ်လိုသည့် မောက်မာမှုကို တမင်ဖိနှိပ်ထားခဲ့သော်လည်း နောက်ပိုင်းစကားဝိုင်း၌ ထိုသူသည် သူ့စိတ်ခံစားချက်များကို အလျင်အမြန် ထိန်းချုပ်နိုင်သည့်အချက်ကြောင့် အတော်လေး သဘောကျမိသည်။
“တာအိုရောင်းရင်း ဒါက ဒီနေ့လာတွေ့တဲ့ အဓိက အကြောင်းအရင်းများလား”
“ဘယ်ဟုတ်ပါ့မလဲ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
“ကျုပ်ရဲ့ အဓိကရည်ရွယ်ချက်က ခင်ဗျားကို ကပ်ပါးတစ်ယောက်ယောက်ကို သတ်ဖို့ စိတ်ဝင်စားလား ဒါမှမဟုတ် စီစဉ်ထားလားဆိုတာ သိချင်လို့ပါ။ တကယ်လို့ အဲ့လိုဆိုရင် ကျုပ်တို့တွေ အတူ လက်တွဲပြီးတော့ လုပ်လို့ရတယ်။ အနည်းဆုံးတော့ တူညီတဲ့သူကို ပစ်မှတ်မထားမိကြတာပေါ့”
“စံပြတစ်ယောက်ကို သတ်ဖို့လား။ ဒါက လူတိုင်းလုပ်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး” ဧကရာဇ်ခုံက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
ဝမ်ဝေ့က သူ့ကို ကြည့်ပြီးသည့်နောက်တွင် ခေါင်းအသာယမ်းလိုက်၏။ သူက ဧကရာဇ်ခုံကို ချီးကျူးမှုများစွာ ရှိသော်လည်း ဆိုးကျိုးတစ်ခု ရှိလေသည်။ သူက ပညာရှင်တစ်ယောက်လိုမျိုး ကွေ့ပတ် ပြောဆိုလေ၏။ သူက အမြဲတမ်း တဲ့တိုးပြောလေ့မရှိဘဲ ကွေ့ပတ်ကာ ပြောပြီး သူ့စကားများက ကြီးကြီးကျယ်ကျယ်ဖြင့် သူ့အတွေးများကို ကွေ့ပတ်ကာ ဖော်ပြလေ့ရှိသည်။
ဝမ်ဝေ့က သူသည် ထိုနည်းလမ်းဖြင့် အားလုံးကို ပြောသည်လား မသိပေ။ မည်သို့ပင်ဆိုစေကာမူ ထိုအရာက အရေးမကြီးပေ။ သူက အခု ငြီးငွေ့လာပြီ ဖြစ်၏။
“ခင်ဗျား ဘယ်လိုစဉ်းစားထားလဲဆိုတာ တဲ့တိုးပဲ ပြောလိုက်ပါ” သူက ပြောလိုက်သည်။