← Chapters

ကျုပ်ဆီမှာ ရွေးချယ်စရာရောရှိလို့လား

Vol. 94 Ch. 1314

ကျုပ်ဆီမှာ ရွေးချယ်စရာရောရှိလို့လား

Vol. 94 Ch. 1314

ထူးကဲသာလွန်မှု အင်အားစုရဲ့ ကံကြမ္မာလား။ ဘယ်သူက ဒါကို မလိုချင်ဘဲ နေမှာလဲ။ ကံကြမ္မာနဲ့ ကံကောင်းမှုက အထွတ်အထိပ်တာအိုနှစ်ခု ဖြစ်ပြီး ဧကရာဇ်ခုံသည် သူ့ကတ်များကို မှန်ကန်စွာ ကစားပြီး အမှားအယွင်း မလုပ်သရွေ့ သေချာပေါက် အောင်မြင်လိမ့်မည်။

သို့သော်လည်း ထိုသူက ထိုအရာများကို ဂရုမစိုက်ပေ။ အနှစ်ချုပ်အားဖြင့် သူ့စိတ်ထဲ အကြောက်တရား လွှမ်းခြုံသွားလေ၏။ ဧကရာဇ်ခုံက ထိုသတင်း၏ ပြင်းထန်မှုကို သိထားလေသည်။ အကယ်၍ ဤစကားဝိုင်းသာ ပေါက်ကြားသွားပါက သူ့ကျောင်းတော်သည် နောက်ရက်၌ သုတ်သင်ခံရနိုင်ချေရှိ၏။

ပြောရလျှင် ဝမ်ဝေ့၏ သုံးသပ်ချက်အပြင် အတည်ပြုနိုင်မည့် သက်သေများလည်း မရှိပေ။ လုံလောက်သည့် အားစိုက်ထုတ်မှုများဖြင့် ထိပ်တန်းမျိုးနွယ်များက သူသည် အမှန်အတိုင်းပြောနေတာလား သို့မဟုတ် အဓိပ္ပာယ်ပါပါ လျှောက်ပြောနေတာလားဟု ကောက်ချက်ချနိုင်ကြသည်။ သို့သော်လည်း သူ အမှန်အတိုင်း ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ အရေးမကြီးလှပေ။ တချို့သောသူများက စဉ်းစားနေမည့်အစား ဖြစ်လာနိုင်သည့် ခြိမ်းခြောက်မှုမျိုးကို ရှင်းထုတ်ကြလိမ့်မည်။ ထို့ကြောင့် ဧကရာဇ်ခုံအနေဖြင့် တစ်စုံတစ်ယောက်ကသာ ဤစကားဝိုင်းကို သိသွားခဲ့ပါက သူ့ကျောင်းတော်သည် ရှင်သန်နိုင်မည် မဟုတ်ကြောင်း သေချာနေခြင်း ဖြစ်၏။

သူ့စိတ်ထဲ သတ်ဖြတ်ငွေ့တို့ ကြီးစိုးလာသည်။ သို့သော်လည်း တစ်ပြိုင်နက် ပျောက်ကွယ်သွားလေ၏။ ဧကရာဇ်ခုံက သူသည် ဝမ်ဝေ့၏ ပြိုင်ဘက်မဟုတ်ကြောင်း သိထားလေ၏။ အကြောင်းအရင်းကမူ သူ့အလိုလိုသိစိတ်သည် ထိုသူကို သုတ်သင်ဖို့ ကြိုးစားဖို့ တွေးပြီးသည့်နောက်တွင် အလိုလိုသိစိတ်က ချက်ချင်း သတိပေးလာခဲ့သည်။ ထို့အပြင် သူက သတင်းများမှတဆင့် ဝမ်ဝေ့တွင် စံပြပုံရိပ်ယောင်နှင့် တိုက်ခိုက်နိုင်သည့် နည်းလမ်းမျိုး ရှိကြောင်း သိထားပြီးသားဖြစ်၏။

ကျောင်းတော်က လက်ရှိ စံပြအစီအရင် မရှိပေ။ အကြောင်းအရင်းကမူ သူက မခင်းကျင်းရဲ၍ ဖြစ်၏။ ဆိုလိုသည်မှာ သူသည် ဝမ်ဝေ့ကို သတ်ဖို့ အားဖြည့်မှုများကို အသုံးပြုနိုင်မည် မဟုတ်ပေ။ ဧကရာဇ်ခုံတွင် လျှို့ဝှက်စံပြအသုံးအဆောင်ပစ္စည်းနှင့် အထွတ်အထိပ် ဟွင်သွမ်းအသုံးအဆောင်ပစ္စည်းတချို့ ရှိသော်လည်း များစွာ အလုပ်ဖြစ်မည် မဟုတ်ပေ။ ထိုအရာများက သူ့အုတ်မြစ်ကို ကပ်ပါးများထံ ထုတ်ဖော်ပြသလိုသာ ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် သူတို့၏ ပါးလွှာနေပြီးသားဖြစ်သည့် ဆက်ဆံရေးတစ်ခုကို ပိုမိုပျက်ပြားသွားစေလိမ့်မည်။

ငါ သူ့ကို သတ်နိုင်ရင်တောင် လုပ်ရဲမှာတဲ့လား…

ဧကရာဇ်ခုံက တွေးလိုက်သည်။ သူက ခေါင်းငုံ့ကာ ထိုင်ခုံကို မှီလိုက်သည်။

ဝမ်ဝေ့က တာအိုအခွင့်အလမ်းဂိုဏ်း၏ ချစ်သားမျက်ရှုလေးဖြစ်ကာ ထိုသို့အလားအလာကောင်းမွန်သည့် တပည့်တစ်ဦးကို သတ်ခြင်းက သူ့အား ဂိုဏ်းက သုတ်သင်ပစ်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ကြောင်း သိထားလေသည်။ ဧကရာဇ်ခုံက သေရည်တစ်ငုံသောက်ပြီးသည့်နောက်တွင် အနည်းငယ် စိုးရိမ်သောက ရောက်လာမိ၏။ ထိုစကားဝိုင်းက သူ့မာနနှင့် သိက္ခာတို့ကို ထိနှက်ချက် ဖြစ်လာစေသည်။

“တာအိုရောင်းရင်း ဒီကိစ္စတွေကို သက်သေ မရှိပဲနဲ့ ပြောတာက ဉာဏ်ရှိရာတော့ မကျဘူး” ဧကရာဇ်ခုံက တည်ငြိမ်စွာ ပြောလိုက်ပြီး သူ့စိတ်ခံစားချက်နှင့် သူ့စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်သည်။

“ကျုပ်က အဓိပ္ပာယ်မရှိ ပြောနေတယ်လို့ ပြောနေတာလား” ဝမ်ဝေ့က ရယ်မောလိုက်သည်။

“ကောင်းပြီလေ။ ခင်ဗျား မှန်ရင် မှန်မှာပေါ့။ ဒါပေမဲ့ အရိပ်အမြွက်တွေ ရှိတယ်”

ဝမ်ဝေ့က ညည်းတွားပြီးသည့်နောက်တွင် သေရည်အရသာကို ခံလိုက်သည်။ ထိုအရာ၏ သက်ရောက်မှုဖြင့် သေရည်က အရသာထိပ်တန်း ဖြစ်၏။

“ကျုပ် ပေါ်ထွက်လာမှုကြောင့် မဟုတ်ရင် ဒီခေတ်ကာလကို အဆုံးသတ်ဖို့ ကံကြမ္မာဖန်တဲ့သူက ခင်ဗျားပဲ ဖြစ်သင့်တာ”

ဧကရာဇ်ခုံက ထိုအမျိုးသားသည် နောက်ထပ် မအပ်မဆက်သည့် ကိစ္စများကို ထုတ်ပြောနေကြောင်း သိ၍ ကျိန်ဆဲလိုသွားသည်။

“ကောင်းကင်တာအိုရဲ့ မူလအစီအစဉ်က ခင်ဗျားအတွက် ဒီကံကြမ္မာကို အသုံးပြုပြီးတော့ ကပ်ပါးတွေကို ဖျက်ဆီးပြီး သူတို့ရဲ့ အရင်းအမြစ်တွေနဲ့ ခင်ဗျားကျောင်းတော်ရဲ့ အုတ်မြစ်ကို တိုးမြှင့်ဖို့ပဲ။ ခင်ဗျားရဲ့ ကံကြမ္မာကို ဖြည့်စည်းပေးတဲ့အချိန်မှာ ခင်ဗျားက စံပြ ဖြစ်လာလိမ့်မယ်။ ကျောင်းတော်ကလည်း အာဏာရှင်တွေနဲ့ ယှဉ်နိုင်တဲ့ အနေအထားတစ်ခု ရောက်လာမှာပေါ့။ အဲဒီအချိန်မှာ ဒီအစီအစဉ်ရဲ့ နောက်အဆင့် ဝင်လာတာ။ အသင်္ချေဂိုဏ်းမဟာမိတ် … ”

ဧကရာဇ်ခုံက သူသည် လွန်ခဲ့သည့် နှစ်သုံးသန်းခန့်က သူ့တပည့်နှစ်ယောက်နှင့် ပြောဆိုခဲ့ဖူးသည့် စကားဝိုင်းကို ပြန်လည်အမှတ်ရသွားကာ စိတ်ထဲ တုန်တုန်ယင်ယင် ဖြစ်သွားလေ၏။

“အစီအစဉ်က လင်းဖန်ရဲ့ အထွတ်အထိပ်တားမြစ်ခံ စစ်ဆေးမှုထဲက ဒိုင်မေးရှင်းအနိမ့်မှာ စနေပြီးသား” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။ သူ့အကြည့်များက ပိုမိုတောက်ပလာပြီး စကြဝဠာကြီး၏ အမှန်တရားများ ကိန်းအောင်းနေဟန်ပေါ်သည်။

“ဒီစစ်ဆေးမှုကနေ ရလဒ်နှစ်ခု ရှိတယ်။ လင်းဖန်က အောင်မြင်သွားပြီးတော့ စုယာကို သတ်ပြီး ဒိုင်မေးရှင်းအမြင့်က ယင်စန္ဒာနန်းဆောင်နဲ့ ရန်ကြွေးတည်ဆောက်တာ။ ပြောရမယ်ဆိုရင်တော့ သူတို့စာအုပ် အပြီးသတ်တာကို ကာကွယ်ဖို့အတွက်ပေါ့။ ဒါမှမဟုတ် သူ ကျရှုံးသွားပြီး သူ့စွမ်းအားကို ရှုရှစ်ဆီ ပေးပြီးတော့ သူမက သူ့အရာအားလုံးကို အမွေဆက်ခံပြီး စုယာကို သတ်လိုက်တာ။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားရဲ့ ကျောင်းတော်က ယင်စန္ဒာနန်းဆောင်နဲ့ ရန်သူဖြစ်ဖို့ ကံကြမ္မာဖန်လာပြီးသားပဲ။ အဲဒါကြောင့် အသင်္ချေဂိုဏ်းမဟာမိတ်နဲ့ စစ်ပွဲကို ဦးတည်နေတာ။ သာမန်အခြေအနေအောက်မှာတော့ ခင်ဗျားက နိုင်နိုင်ချေ မရှိဘူး။ ဒါပေမဲ့ လက်ရှိခေတ်ကာလက ပြီးပြည့်စုံတဲ့ အခွင့်အရေးတစ်ခု ပေးလာခဲ့တယ်။

အသင်္ချေဂိုဏ်းမဟာမိတ်က စံပြတွေအားလုံးက အကြွင်းမဲ့တားမြစ်ချက်ကနေ ကုစားဖို့ အချိန်လိုအပ်နေပြီးတော့ သူတို့ရဲ့ အထွတ်အထိပ်ကို ပြန်လည်မရောက်သေးဘူး။ ခင်ဗျားရဲ့ စံပြအဆင့်စွမ်းအားနဲ့ ကပ်ပါးတွေဆီက ကျောင်းတော်ရဲ့ နက်နဲတဲ့ အုတ်မြစ်နဲ့ဆိုရင် သူတို့ကို ရှင်းထုတ်ပြီးတော့ စစ်မှန်တဲ့ အာဏာရှင်တစ်ယောက်ရဲ့ အုတ်မြစ်ကို ရလာလိမ့်မယ်။ နောက်တစ်ခုကတော့ ခန့်မှန်းဖို့ မခက်ဘူးမလား။ ခင်ဗျားက ကြိုးစားဖို့လိုပြီးတော့ ခင်ဗျားရဲ့ ကံကြမ္မာကို သုံးပြီး ထူးကဲသာလွန်မှုအင်အားစု ဖြစ်လာဖို့ပဲ”

ဝမ်ဝေ့က သူ့အားပြုံးကာ ကြည့်လိုက်သည်။

“ကောင်းကင်တာအိုက ခင်ဗျားအတွက် အားလုံးပြင်ဆင်ပြီးသား ခင်ဗျား ကံမကောင်းဘူးလား”

ဧကရာဇ်ခုံက ဆွံ့အသွားလေသည်။ အကယ်၍ သူ ယခင်က ဝမ်ဝေ့ ပြောသည့်အရာများက အမှန်တရားဟု ၄၀ ရာခိုင်နှုန်း ယုံကြည်ခဲ့သည်ဆိုပါက ယခုအခါ ၇၀ရာခိုင်နှုန်းအထက် တိုးမြှင့်သွားခဲ့သည်။ သူက ကျောင်းတော်သည် ထူးကဲနေသည့် ကံကြမ္မာကို အမွေဆက်ခံဖို့ ဆုံးဖြတ်ထားခဲ့ပြီးသား ဖြစ်၏။ ရှုရှစ်နှင့် လင်းဖန်တို့၏ စုယာနှင့် သူတို့၏ အမုန်းတရားအကြောင်း စကားဝိုင်းပြီးသည့်နောက်တွင် ဧကရာဇ်ခုံက သူ့ကံကြမ္မာသည် အာဏာရှင် ၁၃ယောက်ထဲမှ တစ်ယောက်ကို သိမ်းပိုက်ရမည့် ကံကြမ္မာဟု တွေးခဲ့သည်။

သို့သော်လည်း သူက အသင်္ချေဂိုဏ်းမဟာမိတ်ကို ရှင်းထုတ်ဖို့ မစဉ်းစားခဲ့ပေ။ သူက ထိုသို့သော စွမ်းအားမျိုးကို ရလိမ့်မည်ဟုလည်း မထင်ထားပေ။ သူ့ယခင်အတွေးများက သူသည် ယင်စန္ဒာနန်းဆောင်ကို သုတ်သင်ကာ မဟာမိတ်၏ ကံကောင်းမှုနှင့် ကြမ္မာကို အားနည်းစေလိမ့်မည်။ ထို့ကြောင့် သူသည် သူတို့က စုယာကို တိတ်တဆိတ် သုတ်သင်ပြီး မဟာမိတ်မှ တခြားအဖွဲ့သားဆီ အပြစ်ပုံချကာ အတွင်းရေးပဋိပက္ခ ဖန်တီးဖို့ ပြင်ဆင်ထားပြီးသား ဖြစ်၏။

မဟာမိတ်က အာရုံများနေစဉ် သူက အားအနည်းဆုံး အာဏာရှင်တစ်ယောက်ကို ပစ်မှတ်ထားကာ သူတို့နေရာကို ဝင်ယူလိမ့်မည်။ သူ့ကျောင်းတော်က သေချာသည့် အနေအထားတစ်ခုသို့ ရောက်ရှိသွားနိုင်သည်။ သို့သော် ဝမ်ဝေ့က သူ့အနေနှင့် ၁၃ယောက်ထဲမှ အားအကောင်းဆုံးသူကို တိုက်ခိုက်နိုင်ရချေရှိကြောင်း ပြောပြလာခဲ့၏။

“တကယ်တော့ ခင်ဗျားသာ လင်းဖန်နဲ့ ဟွင်သွမ်းနတ်ဆိုးနတ်ဘုရားရဲ့ ဆက်နွယ်မှုကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် ခင်ဗျားရဲ့ ကျောင်းတော်က အတော်လေး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ရှေ့ဆက်ရမဲ့ လမ်းရှိနေတာပဲ” ဝမ်ဝေ့က ရယ်မောလိုက်သည်။

“အရိုးသားဆုံး ပြောရမယ်ဆိုရင် ခင်ဗျားက အဲဒီကျုပ်ပြောတဲ့ အရာတွေကို စိတ်ထဲမထားရင်တောင် ကျောင်းတော်ရဲ့ အခြေအနေက အတော်လေးကို ဆိုးရွားနေတာ” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“လူအများစုရဲ့ အမြင်မှာ ခင်ဗျားက သစ္စာဖောက်။ ပြောရမယ်ဆိုရင်တော့ ဖိနှိပ်သူတစ်ယောက်ပေါ့။ ခင်ဗျားဂိုဏ်းက တော်လှန်ရေးနဲ့ တွဲလုပ်ပြီးတော့ အငြိုးတရားသန့်စင်ရေးက ခင်ဗျားကို အမှတ်အများကြီး ရနိုင်တယ်ဆိုပေမဲလည်း ခင်ဗျားသာ တစ်ခုခုမလုပ်ဘူးဆိုရင် ကျောင်းတော်ရဲ့ ဂုဏ်သတင်းက ခေတ်ကာလအသစ် ရောက်ရှိလာတဲ့အချိန်မှာ စွန်းထင်းသွားလောက်ပြီ။

ပြီးတော့ တချို့လူတွေက ခင်ဗျားကို သစ္စာဖောက်အဖြစ် သတ်မှတ်ချင်နေကြတုန်းပဲ။ သူတို့က အဲဒီအကြောင်းပြချက်ကို သုံးပြီးတော့ ခင်ဗျားနာမည်နဲ့ ဂုဏ်သိက္ခာကို စွန်းထင်းအောင် လုပ်ပြီးတော့ လူတွေကို ခင်ဗျားကို သုတ်သင်အောင်လုပ်လာကြလိမ့်မယ်”

ဧကရာဇ်ခုံက ထိုသူ ပြောသည့်အကြောင်းအရာများကို သိထားလေသည်။ ထိုသူများက ယခင်ကျောင်းတော်ဟောင်းများ ဖြစ်၏။ ထိုသူအားလုံးက သူတို့တံခါးကို ပိတ်ဖို့ ဖိအားပေးခံလိုက်ရစဉ် သူတို့သာ ဖွင့်လှစ်လျက် ကျန်ရှိလေသည်။ ထိုသို့သောအပြုအမူမျိုးက သူ့ထံ အငြိုးထားဖို့ လုံလောက်စေ၏။

ထိပ်တန်းကျောင်းတော်တွေ အကုန်လုံးက အသင်္ချေဂိုဏ်းမဟာမိတ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ ဒါမှမဟုတ်ဘူးဆိုရင်လည်း သူတို့က ဆက်နွယ်မှုတော့ ရှိနေကြတာ…

ဧကရာဇ်ခုံက ထိုအရာသည် နက်ရှိုင်းကြောင်း သဘောပေါက်သွားလေ၏။

“ခင်ဗျားအတွက် နောက်ခေတ်ကာလမှာ အသက်ရှင်ဖို့ အကောင်းဆုံးလှုပ်ရှားမှုက အဲဒီလူတွေကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ဖို့ပဲ။ ပိုပြီးကောင်းတာက အဲဒီလူတွေထဲက တစ်ယောက်ကို သတ်ဖို့ပေါ့” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“တာအိုရောင်းရင်း ဘယ်လိုထင်လဲ။ ကျုပ်တို့နဲ့ အတူတကွ တွဲပြီးလုပ်ချင်လား”

ငါ့ဆီမှာ ရွေးချယ်စရာရော ကျန်သေးလို့လား…

ဧကရာဇ်ခုံက တွေးလိုက်သည်။ သူက ကျောင်းတော်၏ လက်ရှိအနေအထားကြောင့် အားလုံးထက် ပိုမိုသိထားသည့်အတွက် နောက်လှုပ်ရှားမှုကို ဆုံးဖြတ်ဖို့ နှစ်များစွာ ပြင်ဆင်ပြီး အချိန်ယူထားခဲ့ရသည်။ သူက ကပ်ပါးများနှင့် တစ်ရက်တွင် ရှင်းလင်းအောင် လုပ်ရမည်ဖြစ်ကြောင်း သိထားသော်လည်း ဧကရာဇ်ခုံက တတ်နိုင်သမျှ နှောင့်နှေးလို၏။ ထို့ကြောင့် ပြောရမည်ဆိုလျှင် လမင်းများက ကမ္ဘာ၏အုပ်ချုပ်သူများ ဖြစ်နေဆဲဖြစ်သည့်တွက် ကမ္ဘာ၏ အရင်းအမြစ်နှင့် ကံကောင်းမှုက သူတို့ဘက် ယိမ်းယိုင်နေသည်။ သူက သူတို့၏ ဆက်ဆံရေးကို ကြာကြာထိန်းသိမ်းနိုင်သရွေ့ အကျိုးအမြတ်များ လက်ခံရရှိနိုင်၏။

ကံဆိုးစွာဖြင့် ရှုကျင်းယောင်၏ အပြုအမူက ရေထဲ နောက်သွားစေသလိုမျိုး အခြေအနေ ဆိုးရွားသွားစေသည်။ ဧကရာဇ်ခုံက လမင်းများသည် သူ့ကို ယုံကြည်တော့မည် မဟုတ်ကြောင်း သိထားလေ၏။ သို့သော် သူ့အနေဖြင့် ဆက်ဆံရေးကို တတ်နိုင်သမျှ ထိန်းသိမ်းလိုသည်။ သို့သော် ဝမ်ဝေ့ ရောက်ရှိလာမှုဖြင့် သူသည် စောစောစီးစီးပြုမူရုံကလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

“တာအိုရောင်းရင်း ခင်ဗျားက ကျုပ်ကို ဖျောင်းဖျဖို့ အချိန်အများကြီး သုံးခဲ့ရတာပဲ” ဧကရာဇ်ခုံက ဝမ်ဝေ့အား ကြည့်ကာ ပြောလိုက်သည်။

“ကျုပ် ငြင်းမှာကို မစိုးရိမ်ဘူးလား”

“မစိုးရိမ်ပါဘူး” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့အပြုအမူများက ပွင့်လင်းမြင်သာ ပူးပေါင်းမှုဟု ခေါ်ဆိုပြီး လှည့်ကွက်မှန်းသိနေလျှင်ပင် ထောင်ချောက်ထဲ ဆင်းလာရမည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။

ဘုရင်က သရဖူ၏ အလေးချိန်ကို ထိန်းထားနိုင်စွမ်း ရှိရမည်။ ထိုအရာက ကျောင်းတော်၏ လက်ရှိအနေအထားအတွက်လည်း သက်ရောက်မှု ရှိ၏။ လုံလောက်သည့် အုတ်မြစ်မရှိဘဲ ထူးကဲသာလွန်မှုအုတ်မြစ်တစ်ခု၏ ကံကြမ္မာက ဧကရာဇ်ခုံထံ ကောင်းချီးအစား ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေလိမ့်မည်။

ထိုသူက ထိုခေတ်ကာလကို အဆုံးသတ်ဖို့ ကံကြမ္မာ မရှိပေ။ ထို့ကြောင့် သူက ထိုကပ်ပါးများကို သုတ်သင်ပြီး အရင်းအမြစ်များကို သိမ်းပိုက်သည့် လမ်းစဉ်ကို လျှောက်လှမ်းမည် မဟုတ်ပေ။ ဝမ်ဝေ့၏ စကားက ဧကရာဇ်ခုံအား သူနှင့် အလုပ်တွဲလုပ်အောင် ဖိအားပေးနိုင်ခဲ့သလို လမင်းများကို မည်သို့သတ်နိုင်မလဲဟု ယှဉ်ပြိုင်ဖို့ရာလည်း ဖြစ်စေသည်။

“တကယ်လို့ ငြင်းဆန်မယ်ဆိုရင် ခင်ဗျားကို နယ်ရုပ်တစ်ရုပ်အနေနဲ့ သတ်မှတ်ရလို့ ကျုပ် အပြစ်ရှိစိတ် မခံစားရတော့တာပေါ့။ ကျုပ်အစီအစဉ်တွေ အောင်မြင်ဖို့ အဲဒီလမင်းတွေကို အာရုံများစေဖို့ ခင်ဗျားကို အသုံးချလို့ရတယ်လေ” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။

ဧကရာဇ်ခုံက သူ့မျက်လုံးထောင့်မှ ကြည့်လိုက်၏။ ရှုရှစ်က ထိုအမျိုးသားသည် ကြောက်ဖို့ကောင်းကြောင်း မည်မျှသတိပေးထားခဲ့ပြီး သူ့အနေဖြင့် သူမ၏ စကားများကို အလေးအနက် မှတ်ယူခဲ့သည်။ သို့သော်လည်း ထိုမကောင်းဆိုးဝါးနှင့် အမှန်တကယ် ရင်ဆိုင်ရသည့်အခါ ဘယ်အရာကမှ ပြင်ဆင်ထားဖို့ရာ မလုံလောက်ကြောင်း သိလိုက်ရသည်။

All Chapters