← Chapters

အခန်း (၈၇၁)

Vol. 59 Ch. 871

အခန်း (၈၇၁)

Vol. 59 Ch. 871

“ဒါပေမဲ့ သူဆရာ့ကိုထပ်ပြီးမလေးမစားလုပ်ရဲရင် ကျွန်တော်ကိုယ်တိုင်သူ့ကိုသတ်မယ်”

လင်ယဲ့ဖုန်းက သူ၏ခေါင်းကိုလှည့်လိုက်ပြီး နင်ချန်အားကြည့်၍ အေးစက်စွာပြောလိုက်သည်။

လင်ယဲ့ဖုန်း၏စကားအားကကြားပြီးနောက် ရှစ်ဖုန့် ကတည်ငြိမ်စွာပြုံးလိုက်ပြီး နင်ချန်အားပြောလိုက်သည်။

“မင်းရဲ့ဆရာကို ခွင့်လွှတ်ပေးတဲ့အတွက် မြန်မြန်ကျေးဇူးတင်လိုက်”

ရှစ်ဖုန့်စကားပြောပြီးပြီးချင်း နင်ချန်၏ ကိုယ်က အနည်းငယ်တုန်ယင်သွားသည်။ သူ၏မျက်နှာထက်၌ စိတ်လှုပ်ရှားမှုတက်ကြွမှုတို့ဖြင့် ပြည့်နှက်နေသည်။ သူက ဆရာဖြစ်သူလင်ယဲ့ဖုန်း၏ရှေ့သို့သွားလိုက်ပြီး ဒူးတစ်ဖက်ထောက်ချလိုက်သည်။

“ဆရာကျွန်တော့်အပေါ်ကိုခွင့်လွှတ်ပေးလို့ နင်ချန်က ကျေးဇူးတင်ပါတယ် …အခုကစပြီး ဒီလိုမလေးမစားကိစ္စမျိုးကို ကျွန်တော်ထပ်ပီးသေချာပေါက်မလုပ်တော့ပါဘူး. ကျေးဇူးပြုပြီး ..စိတ်ချလက်ချနေပါဆရာ”

ထို့နောက်နင်ချန်ကရှစ်ဖုန့်၏ဘက်သို့လှည့်၍ ဆက်ပြောသည်။

“ကျေးဇူးတင်ပါတယ်..ဆရာဘိုးဘိုး”

“ကောင်းပြီး..မင်းထလို့ရပြီ”

လင်ယဲ့ဖုန်းက ပြောလိုက်သည်။

“ဟုတ်ကဲ့ ဆရာ”

နင်ချန်ကပြန်လည်တုန့်ပြန်ပြီးထ ရပ်လိုက်သည်။ ထို့နောက် သူက လက်နှစ်ဖက်အား လင်ယဲ့ဖုန်း၏‌ရှေ့သို့ ကမ်းလိုက်သည်။ သေခြင်းမြူတို့ဖြင့်ပြည့်နှက်နေသော လက်သီးဆုပ်အရွယ် စိမ်းပြာရောင်မီးတောက်တစ်ခုက သူ၏လက်အတွင်းအဆက်မပြတ် ယိမ်းထိုးလှုပ်ခါနေသည်။ဤစိမ်းပြာ ရောင်မီးတောက်အတွင်းမှ မိုးခြိမ်းသံများကိုလည်း အဆက်မပြတ်ထုတ်လွှတ်နေသည်။

နင်ချန်ကလင်ယဲ့ဖုန်းကိုပြောလိုက်သည်။

“ဒါက အောင်းလိုင်ရှင်းပိုင်ဆိုင်ခဲ့တဲ့ ကောင်းကင်မီးတောက်ပါ..ကောလဟာလတွေအရ ဒါကို ကမ္ဘာဖျက်လျှပ်စီးလို့ခေါ်ပါတယ်..ကျွန်တော့်အပေါ်သိုင်းပညာသင်ကြားပေးခဲ့တဲ့ ဆရာ့ရဲ့ကြင်နာမှုတွေကိုပြန်လည်ပေးဆပ်တဲ့အနေနဲ့ ဒါကို ဆရာကို ဆက်သပါတယ်”

“ကမ္ဘာဖျက်လျှပ်စီး”

နင်ချန်ဆက်သသော စိမ်းပြာရောင်မီးတောက်ကို ကြည့်ရင်း လင်ယဲ့ဖုန်း၏မျက်လုံး က မှေးစင်းသွားသည်။ အောင်းလိုင်ရှင်း၏ ကောင်းကင်မီးတောက်ဖြစ်သော ကမ္ဘာဖျက်လျှပ်စီးကို သူကြားဖူးသည်ဖြစ်သည်။

သို့သော် ဤလက်ဆောင်က ရိုးရှင်းစွာပင် အရမ်း အဖိုးတန်သည်ဖြစ်သည်။

လင်ယဲ့ဖုန်းကဘာမှပြောခြင်းမရှိသော်လည်း ၎င်း ၏အမူအယာ မှတစ်ဆင့် ၎င်းတွေးနေသောအရာများကို ရှစ်ဖုန့် မြင်နိုင်သည်ဖြစ်သည်။ သူကပြောလိုက်သည်။

“ဒါကမင်းတပည့်ရဲ့လက်ဆောင်တစ်ခုဖြစ်တာမို့ မင်းလက်ခံသင့်တယ်.. ဒါပေမဲ့မင်းလည်း တန်ဖိုးရှိတဲ့တစ်ခုကိုပြန်ပေးရမယ်.. မင်းရဲ့တပည့်ကိုဘာမှမဖုံးကွယ်ထားနဲ့. နင်ချန်ကို သေခြင်းဥပဒေသကို ကိုယ်စားပြုတဲ့ ရှေးဟောင်းစာလုံးကို လက်ဆင့်ကမ်းပေးလိုက်”

နင်ချန်အတွက် ကမ္ဘာဖျက်လျှပ်စီးက ဤရှေးဟောင်းစာလုံးလောက် အကျိုးကျေးဇူးရှိလိမ့်မည်မဟုတ်ပေ။

“ဟုတ်ကဲ့”

ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် လင်ယဲ့ဖုန်းက သဘောတူစွာဖြင့်ခေါင်းညိမ့်လိုက်သည်။ တုန့်ဆိုင်းနေခြင်းမရှိဘဲ သူ၏ညာလက်ကို ဆန့်ထုတ်လိုက်ပြီး နင်ချန်သူ့ကိုဆက်သသော ကမ္ဘာဖျက်လျှပ်စီးမီးတောက်ကို လက်သင့်ခံလိုက်သည်။

ထို့နောက် လင်ယဲ့ဖုန်းကသူ၏ဘယ်လက်ကို ဆန့်ထုတ်ပြီး နင်ချန်ကိုအော်ပြောလိုက်သည်။

“သေချာဂရုတစိုက်နဲ့ကြည့်”

လင်ယဲ့ဖုန်းကအော်ပြောလိုက်သကဲ့သို့ ရှေးကျဆန်းကြယ်သောရှေးပဝေသဏီခေတ်ကလာသည့် အနက်ရောင်စာလုံးတစ်လုံးက သူ၏ဘယ်လက်ဖဝါးပေါ်တွင်ပေါ်လာ၏။ ရှေးခေတ်စာလုံးမှတစ်ဆင့် ခမ်းနားသောသေခြင်းအော်ရာတစ်ခုက ဦးတည်ချက်အနှံ့ကူးလူးပျံ့နှံ့သွားသည်။

ဤရှေးဟောင်းစာလုံးက သူ့အား ရှစ်ဖုန့်သင်ပေးခဲ့ခြင်းဖြစ်သည်။ ၎င်းကသေခြင်းဥပဒေသကိုကိုယ်စားပြု၏။

“ဒါက”

နင်ချန်က လင်ယဲ့ဖုန်း၏လက်ထဲမှ ရှေးဟောင်းစာလုံးကို စိုက်ကြည့်နေ၏။ သူ၏ကိုယ်အတွင်းမှသေခြင်းစွမ်းအားက ရှေးဟောင်းစာလုံးနှင့်ပဲ့တင်ထပ်သကဲ့သို့ ခပ်ရေး‌ရေးလှုပ်ခတ်လာသည်။

လင်ယဲ့ဖုန်းပြသလိုက်သော သေခြင်းအော်ရာ၏ အရှိန်အဝါအောက်တွင် ရှေးဟောင်းစာလုံး၏ အဓိပ္ပါယ်က ဘာဆိုသည်ကို နင်ချန်ရုတ်ခြည်းနားလည်သွားသည်။ ထို့နောက် ရှေးဟောင်းစာလုံးအား သူ၏စိတ်အတွင်း လျှင်မြန်စွာ အလွတ်မှတ်သားလိုက်၏။

သူ၏တစ်မူထူးသောဆင်ခြင်းနားလည်နိုင်သည့် စွမ်းရည်နှင့်အတူ ဤရှေးဟောင်းစာလုံးကို လျှင်မြန်စွာမှတ်မိသွားသည်။

ဤအချိန်တွင်နင်ချန်က လင်ယဲ့ဖုန်းကိုဦးညွှတ်ပြီး ပြောလိုက်သည်။

“ကျေးဇူးအများကြီးတင်ပါတယ်ဆရာ.. ဒီတပည့်အတွက် ကမ္ဘာဖျက်လျှပ်စီးက သေခြင်းဥပဒေသကိုကိုယ်စားပြုတဲ့ ရှေးဟောင်းစာလုံးနဲ့ဘယ်လိုမှကို နှိုင်းယှဉ်လို့မရပါဘူး.. ခုဏလေးတင်ဒီတပည့် အကျိုးကျေးဇူးကြီးကြီးမားမားရလိုက်ပါတယ်”

“ဒီသေခြင်းဥပဒေသကိုကိုယ်စားပြုတဲ့‌‌ ရှေးဟောင်းစာလုံးက မင်းရဲ့ဆရာဘိုးဘိုးကငါ့ကို သင်ပေးထားတာ.. အနာဂတ်မှာ ငါတို့ဒီနေ့ရရှိထားတဲ့အောင်မြင်မှုတွေနဲ့အနာဂတ်ကမှာရလာမဲ့အောင်မြင်မှုတွေအားလုံးက မင်းရဲ့ဆရာဘိုးဘိုးကနေမြစ်ဖျားခံလာတယ်ဆိုတာကိုမင်းမှတ်မိနေရမယ်. မင်းဘယ်တော့မှ မင်းရဲ့ဆရာဘိုးဘိုးကို မလေးမစားလုပ်လို့မရဘူး.”

လင်ယဲ့ဖုန်းက နင်ချန်ကိုညွှန်ကြားပြသပေးသည်။

“စိတ်မပူပါနဲ့ဆရာ.. ကျွန်တော်ဒါကိုနှလုံးသားထဲကနေကို မှတ်ထားမှာပါ.. ဘယ်တော့မှမေ့ပစ်မှာမဟုတ်ပါဘူး”

နင်ချန်က ခိုင်မာပြတ်သားသော အမူအယာနှင့်အော်ပြောလိုက်သည်။

ဆရာနှင့်တပည့်တို့ကြားထဲမှ သဟဇာတဖြစ်သောဆက်ဆံရေးကို ကြည့်ရင်း ရှစ်ဖုန့် လေးလေးနက်နက်ဝမ်းမြောက်သွားသည်။ ဤအချိန်တွင်သူက ပြန်ရောက်လာသောသန်းနှင့်ချီသည့်တစ္ဆေစစ်သည်တို့ကိုကြည့်လိုက်သည်။ ထျန်းယောင်တောင်ပေါ်ရှိတိုက်ပွဲအတွင်း မွန်းစတား မျိုးနွယ်စု စစ်သည်ဗိုလ်ပါတစ်သိန်းလုံး လုံးဝသုတ်သင်ခံလိုက်ရပြီး လုံးဝနိုင်ပွဲရခဲ့သည်ဟုဆိုသော်လည်း သူ၏လက်ရွေးစင်တစ္ဆေစစ်သည် တစ်သောင်းလည်း သုတ်သင်ခံလိုက်ရသည်ကို ရှစ်ဖုန့်အာရုံခံမိ၏။

သို့သော် ဤသည်ကားစစ်ပွဲတစ်ခုဖြစ်သည်။ စစ်ပွဲတစ်ခုဖြစ်လျှင် သေခြင်းတရားလည်းကပ်လျှက် ပါရှိမည်သာဖြစ်သည်။

နောက်ဆုံးတွင် ရှစ်ဖုန့်လင်ယဲ့ဖုန်းထံသို့ထပ်မံကြည့် လိုက်ပြီးပြောလိုက်သည်။

“ယဲ့ဖုန်း အခု မင်းက ကောင်းကင်မီးတောက်ဖြစ်တဲ့ ကမ္ဘာဖျက်လျှပ်စီး ကို ရရှိခဲ့တဲ့အတွက်ကြောင့်အဲ့တာက အနာဂတ်မှာ မင်းရဲ့တိုက်ခိုက်ရေးစွမ်းအားအတွက်ကြီးမားတဲ့အကူအညီတစ်ခုသေချာပေါက်ဖြစ်လိမ့်မယ်.. ကမ္ဘာဖျက်လျှပ်စီးက လျှပ်စီးဓာတ်ကိုအခြေပြုတယ်..အဲ့တာမို့ လျှပ်စီးဥပဒေသကို ကိုယ်စားပြုတဲ့ ရှေးဟောင်းစာလုံးကိုလည်း မင်းကိုသင်ပေးမယ်”

ရှစ်ဖုန့်ကစကား ပြောရင်း သူ၏လက်ဖဝါးအတွင်း၌ လျှပ်စီးဥပဒေသကိုကိုယ်စားပြုသောရှေးဟောင်းစာလုံးတစ်ခုပေါ်လာသည်။စာလုံး၏ ဝန်းကျင်တွင်အဖြူရောင်လျှပ်စီးလေးများက လှည့်ပတ်နေသည်။

“ကျေးဇူးတင်ပါတယ်ဆရာ”

လင်ယဲ့ဖုန်းကလည်း လှည့်လိုက်ပြီး ရှစ်ဖုန့်ကိုကျေးဇူးတင်စကားဆိုလိုက်သည်။

တစ်ချိန်တည်းတွင်ရှစ်ဖုန့်ကအော်ပြောလိုက်သည်။ သူ၏အသံကဟင်းလင်းပြင်အတွင်းစတင်ရိုက်ခတ်သွား၏။

“အလင်းစီရင်စုက အမြဲတမ်းငါတို့ရဲ့ရန်သူဖြစ်ခဲ့တယ်.. သူတို့က ငါတို့နဲ့နှစ်ပေါင်းများစွာ စစ်ပွဲတွေဆင်နွှဲပြီး တိုက်ပွဲအတွင်းငါတို့ရဲ့ညီအကိုတွေ အများအပြားသေဆုံးစေခဲ့တယ်.. အခု အလယ်ပိုင်းဒေသကြီးကိုအတူတူသွား ပြီးတော့ အလင်းစီရင်စုကို အမြစ်ကနေလှန်ကြစို့.. အခုကစပြီး အလယ်ပို်ငးဒေသကြီးက အမှောင်စီရင်စုနဲ့သာသက်ဆိုင်တဲ့အရာပဲ”

ရှစ်ဖုန့် ဤသို့ပြောပြီးပြီးချင်း အမှောင်စီရင်စု စစ်တပ်ကြီးက စိတ်လှုပ်ရှားတက်ကြွလာသည်။ အထူးသဖြင့် အခုကစပြီးအ လယ်ပိုင်းဒေသကြီး က အမှောင်စီရင်စုတစ်ခုတည်းနှင့်သာသက်ဆိုင်မည်ဖြစ်သောကြောင့်ဖြစ်သည်။

“တိုက်”

“တိုက်”

“တိုက်”

“တိုက်”

ထို့နောက်တွင်တိုက်ပွဲကြွေးကြော်သံလှိုင်းများက ဤဧရိယာအတွင်းစတင်မြည်ဟိန်းလာသည်။

သူတို့ရှေ့၌ရပ်နေသောလူများက ဤကမ္ဘာပေါ်၌ အသန်မာဆုံးဖြစ်ကြသော ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ဆယ့်နှစ်ယောက်နှင့် ကမ္ဘာပေါ်၌နံပါတ်တစ်အသန်မာဆုံးပုဂ္ဂိုလ်ပြန်လည်ဝင်စားသူ ငရဲဘုံကိုးခုဧကရာဇ်တို့ဖြစ်သည်ဆိုသည်ကို သိကြသည်ဖြစ်သည်။

အစောပိုင်းတင် အလင်းစီရင်စုမှ ကျွမ်းကျင်သူများနှင့်၎င်းတို့၏စစ်တပ်တို့အားလုံးက လေလွင့်ခွေးများနှယ် ဒရောသောပါး ထွက်ပြေးသွားကြရသည်ဖြစ်သည်။

ယခု ဤလူများကဦးဆောင်ပြီး အလယ်ပိုင်းဒေသကြီးရှိ အလင်းစီရင်စုကို ဖျက်ဆီးပစ်တော့မည်ဖြစ်သည်။ ၎င်းက အချိန်တစ်ခုသာလိုတော့သည်ဖြစ်၏။

“တိုက်”

“တိုက်”

“အလင်းစီရင်စုကိုသတ်ဖြတ်ကြ..အခုကစပြီးအလယ်ပိုင်းဒေသကြီးကအမှောင်စီရင်စုတစ်ခုတည်းနဲ့သက်ဆိုင်တယ်”

“အလင်းစီရင်စုကိုသတ်ဖြတ်ကြ..အခုကစပြီးအလယ်ပိုင်းဒေသကြီးကအမှောင်စီရင်စုတစ်ခုတည်းနဲ့သက်ဆိုင်တယ်”

တိုက်ပွဲကြွေးကြော်သံများက အဆက်မပြတ်ရိုက်ခတ်ထွက်ပေါ်နေသည်။

ဤအချိန်တွင်ရှစ်ဖုန့်ကပေါ်လာသည်။ လင်ယဲ့ဖုန်းကလည်း လျှပ်စီးဥပဒေသကိုကိုယ်စားပြုသော ရှေးဟောင်းစာလုံးကိုမှတ်သားပြီးဖြစ်သည်။

ရှစ်ဖုန့်ကလင်ယဲ့ဖုန်းကိုပြောလိုက်သည်။

“အမှောင်စီရင်စုက စစ်တပ်ကို ငါ့ရဲ့ ရွှမ်းလက်နက်နေရာလွတ်ထဲဝင်ရအောင်သူတို့ရဲ့စိတ်ကိုဖွင့်ခိုင်းထားလိုက်”

“နားလည်ပါပြီ”

လင်ယဲ့ဖုန်းကခေါင်းညိမ့်ပြန်ဖြေလိုက်သည်။ထို့နောက်သူ၏အသံက ထွက်ပေါ်လာ၏။

“အမှောင်စီရင်စုက စစ်သည်တို့ နားထောင်ကြ..မင်းတို့ရဲ့စိတ်ကိုလျော့ပြီးဖွင့်ထားကြ”

“ဟုတ်”

အမှောင်စီရင်စုမှစစ်တပ်ကြီးက ပြိုင်တူတုန့်ပြန်လိုက်ကြသည်။ ထို့နောက် သူတို့၏စိတ်အားလုံးဝဖွင့်ပေးလိုက်ကြ၏။

အတွေးတစ်ချက်ဖြင့် ရှစ်ဖုန့်က အမှောင်စီရင်စုစစ်တပ်ကြီး၌ သွေးနီရောင်အလင်းတစ်ခုလင်းလက်သွားစေသည်။အမှောင်စီရင်စုမှစစ်တပ်သာမက သူ၏လက်အောက်မှသန်းနှင့်ချီသောတစ္ဆေစစ်သည်များ၌ပါသွေးနီရောင်အလင်းကလင်းလက်လာခြင်းဖြစ်သည်။

မကြာခင် အမှောင်စီရင်စုမှစစ်တပ်ကြီးအကုန်လုံး ရှစ်ဖုန့်သွေးကျောက်ပြားနေရာလွတ်အ တွင်းဝင်ရောက်သွားသည်။

“သွားစို့. ရွှမ်းယွမ်မြို့ကိုသွားမယ်.”

ရှစ်ဖုန့်က ဧကရာဇ်နယ်ပယ်များကိုအော်ပြောလိုက်သည်။

ဆက်ရန်………..

ဘာသာပြန်သူ-ARISE

All Chapters