← Chapters

အခန်း (၈၇၂)

Vol. 59 Ch. 872

အခန်း (၈၇၂)

Vol. 59 Ch. 872

“ရွှမ်းယွမ်မြို့ကိုသွားကြစို့”

ယခုသူတို့က အနောက်ပိုင်းဒေသကြီး၏ထျန်းယောင်တောင်ပေါ်တွင်ရှိနေသည်ဖြစ်သောကြောင့် သူသတ်ခဲ့သော ရွှမ်းယွမ်မြို့သခင်၏ရွှမ်းယွမ်မြို့၌သာ ရှေးခေတ်နေရာကူးပြောင်းအစီအရင်ကရှိသည်ဖြစ်သည်ကို ရှစ်ဖုန့်သိသည်ဖြစ်သည်။

ထို့နောက် ရှစ်ဖုန့်ကဦးဆောင်ပြီး ဟင်းလင်းပြင်ကို ရှေ့မှထိုးခွင်းလိုက်သည်။ ထို့နောက် သူ၏နောက်မှ ကျွမ်းကျင်သူဆယ့်နှစ်ယောက်ကလည်း အလင်းတန်းများအဖြစ်ပြောင်းလဲပြီး ရှစ်ဖုန့်၏နောက်မှနီးကပ်စွာလိုက်ပါလာသည်။

…………..

တောင်ပိုင်းဒေသကြီးအတွင်းရှိ ရှေးခေတ်နဂါးကျဆုံးကုန်းမြေတွင်ဖြစ်သည်။

ဤနေရာအား ထျန်းဟန်တိုက်ကြီးအတွင်းရှိ ကျင့်ကြံသူများက တားမြစ်နယ်မြေတစ်ခုအဖြစ်စာရင်းသွင်းထားပြီးဖြစ်၏။ တစ်ချက်ကြည့်ရုံဖြင့် မြေပြင်၌ကျောက်ပုံများဖြင့်ပြည့်နှက်နေပြီး အပျက်အစီးနယ်မြေတစ်ခုနှင့်တူညီသည်ဖြစ်သည်။

ရှေးခေတ်နဂါးကျဆုံးကုန်းမြေအား ဤသို့ခေါ်ဝေါရခြင်းမှာ ရှေးခေတ်အချိန်ကာလက ဤနေရာ၌ အစစ်အမှန်နဂါးတစ်ကောင်ကျဆုံးခဲ့သည် ဟူသောကောလဟာလရှိခဲ့သောကြောင့်ဖြစ်သည်။

အစစ်အမှန်နဂါးမှာ နတ်ဘုရားနယ်ပယ်၌ဖြစ်ပြီး ဤကမ္ဘာ၌စွမ်းအားအကြီးမားဆုံးသက်ရှိဖြစ်သည်ဟု ပြောနိုင်သည်ဖြစ်၏။ သို့သော် ဘာတွေဖြစ်ပျက်ခဲ့သည်နှင့်အဘယ်ကြောင့်ဤနေရာ၌ အစစ်အမှန်နဂါး ကျဆုံးခဲ့သည်ကို မည်သူမှမသိကြချေ။

ပင်ကိုယ်အားဖြင့် အစစ်အမှန်နဂါးတစ်ကောင်ကျဆုံးခဲ့သည် ဟူသောကောလဟာလက များစွာသော ကျင့်ကြံသူများအားဤနေရာ သို့စွဲဆောင်သည်ဖြစ်၏။ သူတို့က အစစ်အမှန်နဂါးကျဆုံးမှု၏ ဆန်းကြယ်မှုအဖြေကိုလိုချင်ကြသည်ဖြစ်သည်။ သို့သော် ရှေးခေတ်နဂါးကျဆုံးကုန်းမြေသို့ဝင် ရောက်ခဲ့ကြသော မည်သည့်ကျင့်ကြံသူမှ ဤနေရာမှာ အသက်ရှင်လျှက် ပြန်မထွက်လာခဲ့ကြပေ။

ဤအချင်းအရာကြောင့် ရှေးခေတ်နဂါးကျဆုံးကုန်းမြေအား နမိတ်မကောင်းသော ကုန်းမြေအဖြစ်သိရှိကြပြီး ထျန်းဟန်တိုက်ကြီး၏တားမြစ်နယ်မြေများထဲမှတစ်ခုအဖြစ်စာရင်းသွင်းခဲ့ကြသည်။

သို့သော်ဤအချိန်တွင် ရှေးခေတ်နဂါးကျဆုံးကုန်းမြေ၏ အနက်ပိုင်းမှ ပြင်းထန်သောမြည်ဟိန်းသံတစ်ခုထွက် ပေါ်လာသည်။ အနက်ပိုင်းအတွင်းရှိလှုပ်ရှားမှုကြောင့် ရှေးခေတ်နဂါးကျဆုံးနယ်မြေတစ်ခုလုံး အနည်းငယ်တုန်ခါသွားသည်။ယင်းမှာ ဤတားမြစ်နယ်မြေအတွင်း၌ မြေငလျှင်တစ်ခု လှုပ်ခတ်သကဲ့သို့ဖြစ်၏။

“ဝုန်း.ဝုန်း..ဝုန်း..ဝုန်း.ဝုန်း..ဝုန်း”

ရှေးခေတ်နဂါးကျဆုံးကုန်းမြေ၏အနက်ပိုင်းအတွင်းတွင် ကျောက်စိုင်ကျောက်ခဲများက အမြောက်မြားဆုံးနှင့် အထူထပ်ဆုံးပင်ဖြစ်သည်။ဤနေရာရှိမြည်ဟိန်းသံကလည်း အပြင်းထန်ဆုံးဖြစ်၏။ ပြင်းထန်သော မြေငလျှင်တစ်ခု လှုပ်ခတ်သကဲ့သို့ မြေပြင်၌ နဂါးကဲ့သို့ ဧရာမအက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာသည်။

အက်ကွဲကြောင်းပေါ်လာမှုနောက်သို့လိုက်ပါ၍ ဧရာမကျောက်စိုက်ကျောက်တုံးများမှာ ရုတ်ခြည်းအက်ကွဲကြောင်းအဟအတွင်းဝါးမျိုခံလိုက်ရပြီး အဆုံးမဲ့အနက်ပိုင်းထဲသို့ ကျဆင်းသွားသည်။

“ဆရာ့ရဲ့လမ်းညွှန်မှုအရသာဆိုရင် ဒါက နဂါး သင်္ချိုင်းဖြစ်သင့်တယ်.. မမှားနိုင်ဘူး”

ပြင်းထန်စွာယိမ်းထိုးနေသော ဟင်းလင်းပြင်အတွင်းမှ လူငယ်တစ်ယောက်၏အေးစက်သော အသံတစ်ခုရုတ်ခြည်းထွက်ပေါ်လာသည်။

ဟင်းလင်းပြင်ထဲ၌ငွေရောင်ချပ်ဝတ်နှင့်ခေါင်းဆောင်းအားဝတ်ဆင်ထားသော ပုံရိပ်တစ်ခုရှိနေ၏။ သူ၏မျက်နှာက်အေးစက်နေပြီး အောက်သို့ ငုံ့ကြည့်နေသည်။

အကယ်၍ ရှစ်ဖုန့်သာဤနေရာ၌ရှိနေခဲ့လျှင် ဤလူအားသေချာပေါက်မှတ်မိမည်ဖြစ်သည်။ ဤလူက သူ၏လက်ရှိကာယခန္ဓာကိုယ်နှင့်သွေးတစ်ဝက်တော်စပ်သူ ရှစ်ရွှယ်ပင်ဖြစ်သည်။

သူကအရှေ့ပိုင်းဒေသကြီးယွင်လိုင်အင်ပါယာရှိ တောင်ပိုင်းစစ်သူကြီးရှစ်ကျင်းထျန်းနှင့် မင်းသမီးလုံယွမ်တို့၏သားဖြစ်သည်။

သူကရှေးခေတ်နဂါးကျဆုံး ကုန်းမြေသို့ဝင်ရောက်လာခဲ့သည်ဖြစ်သည်။ သူ၏လက်ရှိအော်ရာက ရှစ်ဖုန့်နှင့်သူတိုက်ခိုက်စဉ်ကအချိန်၌ မတူညီတော့ပေ။ ရှစ်ရွှယ်က ဧကရာဇ်နယ်ပယ်သို့ ခြေချနိုင်ခဲ့သည်မှာသိသာသည်။

အတိတ်နှင့်နှိုင်းယှဉ်ရလျှင် ရှစ်ရွှယ်၏မျက်နှာထက်၌ လောကဓံ၏ရိုက်ခတ်မှုများနှင့် စိတ်ပိုင်းဖြတ်ထားမှုတို့က ယခုအခါ၌ပြည့်နှက်နေ၏။ သူကလက်ရှိ၌ သိုင်းဧကရာဇ်နယ်ပယ်သို့ လည်းဝင်ရောက်ခဲ့ပြီဖြစ်၏။ ကုန်ဆုံးခဲသော တစ်နှစ်ခွဲအတွင်းရှစ်ရွှယ်လျှောက်လှမ်းခဲ့သောလမ်းကြောင်းက သာမန်လူတစ်ယောက်နှိုင်းယှဉ်ရန်ဝေးကွာလှသည်ဟု ပြော၍ရနိုင်သည်ဖြစ်သည်။

သူကယခု သာမန်လူတို့ဝင်ရောက်ရဲခြင်းမရှိသည့် နမိတ်ဆိုးတားမြစ်နယ်မြေတစ်ခုဖြစ်သော ရှေးခေတ်နဂါးသေဆုံးကုန်းမြေသို့ဝင်ရောက်လာခဲ့သည်ဖြစ်သည်။

ထို့နောက်ချက်ချင်း ရှစ်ရွှယ်က သူ၏လက်ထဲမှ ငွေရောင်လှံအား သိုလှောင်လက်စွပ်အတွင်းထည့်လိုက်သည်။ သူ၏လက်တို့က ရုတ်ခြည်း ထူးဆန်းပြီးရှေးကျသော ရုန်းတစ်ခုကို ပုံဖော်လိုက်သည်။ ရုတ်ခြည်း ရှစ်ရွှယ်၏လက်တို့မှ ရှေးခေတ်အချိန်ကာလမှဖြစ်တည် လာပုံရသော ရှေးဟောင်းစာလုံးတို့ စီးမျောထွက်လာပြီး အောက်ရှိအက်ကွဲကြောင်းပေါ်သို့ဖျန်းပက်သည့်နှယ်ကျဆင်းသွားသည်။

ဤအချိန်တွင် မြေပြင်အနက်ပိုင်းအတွင်းမှ ခက်ထန်သော ဟိန်းသံတို့တစ်လှိုင်းပြီးတစ်လှိုင်းထွက် ပေါ်လာပြီး မြေပြင်၏တုန်ခါမှုကလည်းပို၍ပို၍ ပြင်းထန်လာသည်။

ရှစ်ရွှယ်၏လက်အတွင်းရှိ ရှေးဟောင်းစာလုံးများကလည်း အောက်သို့ဆက်လက်ဖျန်းပက်ကျဆင်းနေပြီး အက်ကွဲကြောင်းအတွင်းမှဧရာမ အရာကြီးတစ်ခုကဖြည်းဖြည်းချင်းမြင့်တက်ထွက်ပေါ်လာသည်။ တစ်ချက်ကြည့်ရုံဖြင့်၎င်းက ဧရာမအရိုးစုကြီးတစ်ခုနှင့် တူသည်ဖြစ်သည်။

“ဒါက အစစ်အမှန်နဂါးရဲ့အရိုးစုပဲ”

“ဒါကတကယ်ကို အစစ်အမှန်နဂါးတစ်ကောင်ရဲ့အရိုးစုပဲ”

လေထဲ၌မျောလွင့်နေသော အစစ်အမှန်နဂါး၏အရိုးစုအားကြည့်ရင်း ရှစ်ရွှယ်၏မျက်လုံးတို့ မှေးစင်းသွားသည်။ သူ၏မျက်နှာထက်တွင် တက်ကြွပီတိဖြစ်မှုတို့ဖြင့်ပြည့်နှက်နေ၏။ ထို့နောက်သူ၏ကိုယ်ကရုတ်တရက် လှုပ်ရှားသွားပြီး အစစ်အမှန်နဂါးအရိုးစုထံသို့ ပျံသန်းသွားသည်။ မကြာခင် သူက ဧရာမနဂါးအရိုးခေါင်းကြီး၏ထိပ်ပေါ်သို့ဆင်းသက်လိုက်သည်။

“အစစ်အမှန်နဂါးအရိုး..အစစ်အမှန်နဂါးအရိုး”

ရှစ်ရွှယ်က သူ၏အောက်ရှိ ဧရာမနဂါးအရိုးစုကြီးအားစိုက်ကြည့်ရင်းရေရွတ်နေ၏။ ထို့နောက်ချက်ချင်း ဧရာမနဂါးအရိုးခေါင်းကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏လက်သင်္ကေတဆီးလ်တို့ကိုပြောင်းလဲလိုက်သည်။

ရှစ်ရွှယ်၏ကိုယ်မှငွေရောင်နဂါးအရိပ်တစ်ခုဝိုးတိုးဝါးတားမြင့်တက်လာသည်။ ဤအချိန်တွင် ဧရာမနဂါးအရိုးစုကြီးထံမှ ရွှေ‌ရောင်အရည်စီးကြောင်းတစ်ခုစီးမျော ထွက်လာပြီး အရိုးခေါင်းပေါ်ရှိ ရှစ်ရွှယ်ထံသို့ တစ်ဟုန်ထိုးဦးတည်သွားသည်။

ရွှေရောင်အရည်အားကြည့်ရင်း သူ၏ ဤအန္တရာယ်များသောနေရာသို့ ဝင်လာရသည့် ရည်မှန်းချက်ပန်းတိုင်က အောင်မြင်ပြီဖြစ်သည်ကို သူသိလိုက်သည်။ အစစ်အမှန်နဂါး၏ရိုးတွင်းခြင်ဆီအား သူဝါးမျိုပြီးသည်နှင့် သူ၏ခွန်အားက ကြီးစွာတိုးမြင့်သွားမည်ဖြစ်သည်။

ထိုအချိန်ကျလျှင်သူ့အနေဖြင့် သူ ၏ဖခင်၊မိခင်နှင့်ညီလေးတို့အတွက်လက်စားချေနိုင်လိမ့်မည်ဖြစ်၏။

“ရှစ်ဖုန့်”

ရှစ်ရွှယ်၏မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။ ဤနမည်အားခေါ်ချိန်၌ သူ၏ မျက်နှာထက်တွင် မုန်းတီးမှုတို့ဖြင့်ပြည့်နှက်နေသည်။ ရုတ်ခြည်း သူ၏ စိတ်ထဲ၌ ထိုလူယုတ်မာ၏ ပုံရိပ်ကပေါ်လာသည်။

သူ့အနေဖြင့် ဤလူအား သူ၏မိသားစုအတွက်လက်စားချေရန် သတ်ပစ်လိုသည်မှာ ကြာပြီဖြစ်သော်လည်း သူ၏ ဆရာက သူ့ကို ဆက်လက်တားဆီးထားသည်။

အစ၌ သူ၏ဆရာဖြစ်သူ အဘယ်ကြောင့်ဤသို့ပြုလုပ်ရသည်ကို သူမသိခဲ့ချေ။ နောက်ပိုင်းတွင် ဆရာဖြစ်သူက သူသာအကယ်၍ မိသားစုအတွက်လက်စားချေလျှင်ပျက်ကိန်းစိုက်လိမ့်မည်ဟု ဆရာ့၏ မိတ်ဆွေဟောင်းကြီး ကံကြမ္မာအဘိုးအိုက ဟောကိန်းထုတ်ခဲ့ကြောင်းသူ့ကိုပြောပြခဲ့သည်။

နောက်ပိုင်းတွင် သူ၏ဆရာဖြစ်သူမှာ ကံကြမ္မာအဘိုးအို၏ နှုတ်မှ တုန်လှုပ်ဖွယ်ကောင်းသော လျှို့ဝှက်ချက်တစ်ခုကိုရရှိခဲ့သည်။ လူယုတ်မာရှစ်ဖုန့်က တကယ်တမ်းတွင် ယခင်က ဤကမ္ဘာ၏ အသန်မာဆုံး သူဖြစ်သော ငရဲဘုံကိုးခုဧကရာဇ် ပြန်လည်ဝင်စားခြင်းဖြစ်နေသည်။

သို့သော် ဤလူယုတ်မာ က မည်သူဖြစ်နေပါစေ မည်မျှပင် စွမ်းအားကြီးမားပါစေ သူ၏ မိသားစုအတွက် လက်စားချေမည်ဟု ရှစ်ရွှယ်ဆုံးဖြတ်ထားသည်။

ပို၍သန်မာအစွမ်းထက်လာရန်အတွက် သူ၏မိသားစုအတွက်လက်စားချေရန်အတွက် ရှစ်ရွှယ်တစ်ယောက်လွန်ခဲ့သောတစ်နှစ်ခွဲအတွင်း အန္တရာယ်များသည့်အခြေအနေများစွာကိုဖြတ်ကျော်ခဲ့သည်။ သူ့အနေဖြင့် ပို၍သန်မာလာလိုပြီး ထိုမှသာ မိသားစုအတွက်လက်စားချေနိုင်မည်ဖြစ်သည်။

သူ၏ဆရာကလည်း သူ့အတွေးများကိုနားလည်သည်ဖြစ်သည်။ သူသာမိသားစုအတွက်လက်စားမချေရလျှင် ကောင်းစွာအနားယူနိုင်မည်မဟုတ်သည်ကို သိသည်ဖြစ်၏။ အဆုံးသတ်တွင်ဆရာဖြစ်သူက ရှေးခေတ်နဂါးကျဆုံးကုန်းမြေ၏လျှို့ဝှက်ချက်ကို သူ့အားပြောပြခဲ့သည်။

ရှစ်ရွှယ်ကလည်း ရှေးခေတ်နဂါးကျဆုံးကုန်းမြေသို့လာရန်စိတ်ပိုင်းဖြတ်ခဲ့၏။ သူက အစစ်အမှန်နဂါးအရိုး ၏ ရိုးတွင်းခြင်ဆီကို ရှာဖွေပြီးစုပ်ယူခဲ့သည်။

အစစ်အမှန်နဂါးအရိုး၏ ရိုးတွင်းခြင်ဆီဖြစ်သော ရွှေရောင်အရည်တို့က ရှစ်ရွှယ်၏ခန္ဓာကိုယ်အတွင်းစီးဆင်းလာသကဲ့သို့ သူ၏အော်ရာ ကလည်းတစ်ဟုန်တိုး မြင့်တက်လာသည်။ သူ၏ခွန်အားက တစ်ဟုန်ထိုးတိုးပွားလာ၏။

“ဂါး”

ရှစ်ရွှယ်ကကောင်းကင်ထဲသို့မော့၍ နဂါးတစ်ကောင်ကဲ့သို့ဟိန်းလိုက်သည်။ ရှစ်ရွှယ်၏ကိုယ်မှငွေရောင်နဂါးရိပ်တစ်ခု ပျံသန်းထွက်လာပြီး ကောင်းကင်ထဲသို့ထိုးတက်သွားသည်။

ဘုံကိုးခုအတွင်းနဂါးတစ်ကကောင်ဝင်ရောက်သွားသည့်နှယ်ပင်ဖြစ်သည်။

အနောက်ပိုင်းဒေသကြီး ရွှမ်းယွမ်မြို့၌ဖြစ်သည်။

ဆယ်ရက်ကျော်ကြာပြီးသည့်နောက်တွင် ရွှမ်းယွမ်မြို့မှထွက်ပြေးသွားသူများမှာ ဖြည်းဖြည်းချင်းမြို့သို့ပြန်လည်၍ရောက်ရှိလာသည်။ ရက်အနည်းငယ်လောက်ငြိမ်းချမ်းနေခဲ့သောရွှမ်းယွမ်မြို့ဆီသို့ ရုတ်တရက် စွမ်းအားကြီးအော်ရာဆယ့်သုံးခုက ပျံသန်းရောက်ရှိလာသည်။

လူတိုင်းက ခေါင်းမော့၍ ကောင်းကင်ထဲသို့ကြည့်လိုက်ကြသည်။ သူတို့၏မျက်နှာထက်တွင်တုန်လှုပ်မှု ၊အလွန်အံ့အားသင့်မှုတို့ဖြင့်ပြည့်နှက်နေသည်။

“အဲ့..အဲ့လူ…..ငါသာမမှားဘူးဆိုရင် အဲ့လူက သေခြင်းဧကရာဇ်လင်ယဲ့ဖုန်းပဲ”

“ပြီး..ပြီးတော့. ကြောင့်ကြမဲ့ဧကရာဇ်.. မိုရှောင်ယောင်.. အမှောင်ဧကရာဇ် အန်းချီ.. ပျက်စီးခြင်းဧကရာဇ် မြဲ့ထျန်း..မိုးကောင်းကင်ရေ. …ဒါက….. ငါတို့ရဲ့ရွှမ်းယွမ်မြို့မှာ နမည်ကျော်ပုံရိပ်တွေအများကြီးပေါ်လာတယ်ဟ”

“မင်း..ကြည့်လိုက်အုံး.အဲ့လူကို”

ဤအချိန်တွင် ရွှမ်းယွမ်မြို့အတွင်းရှိများစွာသောလူမျာ၏ မျက်လုံးများက ရှေ့ဆုံးမှပျံသန်းလာသော လူငယ်လေးထံသို့ကျရောက်လာသည်။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters