← Chapters

အခန်း (၈၇၃)

Vol. 59 Ch. 873

အခန်း (၈၇၃)

Vol. 59 Ch. 873

အနောက်ပိုင်းဒေသကြီး ရွှမ်းယွမ်မြို့၌ဖြစ်သည်။

မြို့အတွင်းရှိ ကျင့်ကြံသူများနှင့် အရပ်သူအရပ်သားများအားလုံးက ကောင်းကင်ထဲ၌ပျံသန်းနေသော ပုံရိပ်ဆယ့်သုံးခုအား မော့၍ကြည့်လိုက်သည်။ သူတို့ကနမည်ကျော်ပုံရိပ်များအား ကြည့်လိုက်ပြီး နောက်ဆုံးတွင် များပြားလှသောအကြည့်များက ရှေ့ဆုံးမှပျံသန်းနေသော လူငယ်လေးထံသို့စုပြုံရောက်ရှိသွားသည်။

များစွာသောလူများမှာ ဤလူငယ်လေးက လွန်ခဲ့သောဆယ်ရက်ကျော်ခန့်က ရွှမ်းယွမ်မြို့အတွင်း အုတ်အော်သောင်းနင်းဖြစ်စေခဲသောသူမှလွဲ၍ အခြားမဟုတ်သည်ကို သိကြသည်ဖြစ်သည်။ သူကရွှမ်းယွမ်မြို့အရှင်သခင်သုံးသိန်းနှင့် မြို့အရှင်သခင်ဖြစ်သော ရွှမ်းယွမ်ချန်ယွင်ကိုသတ်ပစ်ခဲ့ပြီး များစွာသော အရပ်သူအရပ်သားများအားရွေးချယ်စရာမရှိဘဲ မြို့နှင့်အိုးအိမ်များကိုစွန့်ခွာစေခဲ့သောသူဖြစ်သည်။

ယနေ့တွင် ၎င်းကရွှမ်းယွမ်မြို့သို့ တကယ်ကြီးပြန်ရောက်လာပြီး များစွာသောပြိုင်ဘက်ကင်းပုံရိပ်များကလည်းသူ၏နောက်မှလိုက်ပါလာသည်။ ၎င်းတို့ကအထွတ်အထိပ်ကျွမ်းကျင်သူများ၊ အရှင်သခင်များဖြစ်ကြသည်။

“ဘုရားရေ.. ဒီလူငယ်လေးကဘယ်သူလဲ..သူကတကယ်ကြီးရှေ့ဆုံးကပျံသန်းရဲပြီး ကြောင့်ကြမဲ့ဧကရာဇ်နဲ့ သေခြင်းဧကရာဇ်တို့ကိုသူ့နောက်မှာ ထားရဲတယ်.. ဒါကတကယ့်ကိုမယုံကြည်နိုင်စရာပဲ”

လူအုပ်ကြီးမှာ ရွှမ်းယွမ်ချန်ယွင်က လူငယ်လေးတစ်ယောက်၏သတ်ဖြတ်ခြင်းကိုခံလိုက်ရသည်ဟု ကြားရချိန်ကထက်ပို၍ တုန်လှုပ်အံ့အားသင့်နေကြသည်။

ရိုးရှင်းစွာပင် ဤသည်ကား အစစ်အမှန်ဟု ယုံကြည်ရန် မဖြစ်နိုင်ပေ။ သူတို့အနေဖြင့် အိမ်မက်တစ်ခုမက်နေသကဲ့သို့ပင်ဖြစ်သည်။

ရတနာတစ်ထောင်စံအိမ်၏ သပ်ရပ်ကျနသော အခန်းတစ်ခုအတွင်းတွင် အကြီးအကဲခွေ့နှင့်ဝေ့တတို့က ပြတင်းပေါက်၌ အတူတကွ ရပ်နေကြပြီး ကောင်းကင်ထဲသို့မော့ကြည့်နေသည်။ နှစ်ယောက်စလုံး၏မျက်နှာထက်တွင် တုန်လှုပ်အံ့အားသင့်မှုတို့ဖြင့်ပြည့်နှက်နေ၏။

“ဟစ်”

ခဏကြာပြီးနောက် ဝေ့တက လေအေးတစ်ချက်ကိုရှိုက်သွင်းလိုက်သည်။ သူကခေါင်းကိုလှည့်လိုက်ပြီး အကြီးအကဲခွေ့ကိုကြည့်လိုက်၏။

“ဒါက..ဒီလူမှာ တကယ်ကြီးဒီလိုကြီးမားတဲ့နောက်ခံတစ်ခုရှိတာပဲ.. ကျုပ်တို့သခင်လေး ရှစ်ကျင်းရွှိုက်က တကယ်ကြီးဒီလိုလူတစ်ယောက်နဲ့သိကျွမ်းခဲ့တာပဲ”

ဝေ့တ၏ စကားတို့အားကြားပြီးနောက် အကြီးအကဲခွေ့ကခါးသက်စွာပြုံးလိုက်သည်။ သူကဝေ့တကိုကြည့်ပြီးပြောလိုက်၏။

“ဒီလူ.ဒီလူက.. ငရဲဘုံကိုးခု ဧကရာဇ် ယိုမင်ဝင်စားတဲ့သူများဖြစ်နေနိုင်မလား”

“င..ငရဲဘုံကိုးခု ဧကရာဇ်.. .ငရဲဘုံကိုးခု ဧကရာဇ်.. ယိုမင်ဝင်စားတဲ့သူ”

အကြီးအကဲခွေ့၏စကားတို့အား ဝေ့တအား ဆွံ့အသွားစေပြီး စကားပင်ပြီးပြည့်စုံအောင် မပြောနိုင်ဖြစ်သွားစေသည်။

လက်တလော အရှေ့ပိုင်းဒေသကြီး၊ တောင်ပိုင်းဒေကြီး၊အနောက်ပိုင်းဒေသကြီး၊ မြောက်ပိုင်းဒေသကြီးနှင့် အလယ်ပိုင်းဒေသကြီးတို့အတွင်းတွင် ယင်းက လူသိအများဆုံး ကောလဟာလတစ်ခုဖြစ်သည်။

ကမ္ဘာပေါ်၌ အသန်မာဆုံးကျွမ်းကျင်သူဖြစ်သော လွန်ခဲ့သော ဆယ့်ခြောက်နှစ်က သေဆုံးသွားခဲ့သူ ငရဲဘုံကိုးခု ဧကရာဇ်က နတ်ဘုရားဖြစ်ရန်လျှို့ဝှက်ချက်ပါရှိသော အရာခပ်သိမ်းရဲ့မူလဇစ်မြစ်နှင့်အတူ ပြန်လည်မွေးဖွားလာသည်ဟုဆိုသည်။

“သေခြင်းဧကရာဇ် လင်ယဲ့ဖုန်း. ကြောင့်ကြမဲ့ဧကရာဇ် မိုရှောင်ယောင်.. အမှောင်ဧကရာဇ် အန်းချီ.. ပျက်စီးခြင်းဧကရာဇ် မြဲ့ထျန်း ပြီးတော့ အဲ့အနက်ရောင်ချပ်ဝတ်နဲ့ခုနှစ်ယောက် သူတို့က နမည်ကျော် တစ္ဆေစစ်သူကြီးတွေများဖြစ်နိုင်မလား. ဒီလိုအစုအဖွဲ့မျိုးနဲ့. ဖြစ်နိုင်တာ..သူက တကယ်ကြီး ငရဲဘုံကိုးခု ဧကရာဇ်ယိုမင်ပဲပေါ့.. ငါတို့.. ဘယ်လိုတောင်ဒီလိုလူတစ်ယောက်နဲ့ သိခဲ့ရတာလဲ”

လေထဲ၌ပျံသန်းနေသောလူအုပ်အားကြည့်ရင်း ရတနာတစ်ထောင်စံအိမ်၏ အကြီးအကဲနှစ်ယောက်ဖြစ်သော အကြီးအကဲခွေ့နှင့်ဝေ့တတို့က ထပ်မံအံ့အားသင့်စွာတီးတိုးရေရွတ်လိုက်ကြသည်။

ထို့နောက်လူပေါင်းသောင်းနှင့်ချီ၏ အကြည်များအောက်၌ပင် ကောင်းကင်အားထိုးခွင်း ပျံသန်းလာကြသောလူဆယ့်သုံးယောက်မှာ ရွှမ်းယွမ်မြို့အရှင်သခင်၏အိမ်တော်အတွင်း ဆင်းသက်လိုက်ကြသည်ကို တွေ့လိုက်ကြရသည်။

အလယ်ပိုင်းဒေသကြီး အလင်းဘုရားကျောင်း၌ဖြစ်သည်။

အလယ်ပိုင်းဒေသကြီး၏ အရှင်သခင်သုံးယောက်ဖြစ်ကြသော အလင်းဧကရာဇ် ၊အသက်ဧကရာဇ်နှင့် ကံတရားဧကရာဇ်တို့က အလင်းစီရင်စုသို့ပြန်လည်၍ ရောက်ရှိလာသည်။

မနေ့ညက ရှုံးနိမ့်မှုကြောင့် သူတို့၏ အထွတ်အထိပ်မဟာမိတ်များ ပြိုကွဲသွားရသည်။ ထိုထက်ပိုသည်ကား ၎င်းတို့အနေဖြင့် သူတို့ သုံးယောက်နှင့်အတူ အလယ်ပိုင်းဒေသကြီးသို့ပြန် မလာခြင်းဖြစ်သည်။

အောင်းလိုင်ရှင်းနှင့်လင်စန်တို့က ရှုံးနိမ့်ကအဖမ်းခံလိုက်ရပြီး နင်ချန်က သူတို့အား သစ္စာဖောက်ခဲ့သည်။ မူလအထွတ်အထိပ်ဧကရာဇ်နယ်ပယ်တို့တွင် ကိုးယောက်သာကျန်တော့သည်ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ အထွတ်ထိပ်ကျွမ်းကျင်သူဆယ့်နှစ်ယောက်က မနေ့ညက အတူတူပူးပေါင်းခဲ့ကြသည်ဖြစ်သည်။

ထပ်ပေါင်းရလျှင် မနေ့ညက ၎င်းတို့ဘက်၌ ယိုမင်လည်းရှိနေခဲ့သည်။ ၎င်းက ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ် သာရှိသေးသော်လည်း အထွတ်အထိပ်ဧကရာဇ်နယ်ပယ်တစ်ဦး၏တိုက်ခိုက်မှုကိုတားဆီးနိုင်သည့်စွမ်းအားတို့ရှိနေပြီဖြစ်သည်။ အခြားတစ်ဖက်မှအစုအဖွဲ့နှင့် သူတို့၏လက်ရှိ အင်အားအရဆိုလျှင် သူတို့အနေဖြင့် ၎င်းတို့အားထပ်မံမထိရဲချေ။

ထိုထက်ပိုသည်ကား ၎င်းတို့အနေဖြင့်သူတို့သုံးယောက်ရှိရာအလယ်ပိုင်းဒေသသကြီးသို့လိုက်လာမည်ကို တွက်ဆထားပြီးဖြစ်သည်။

ကျန်သောသူများက သူတို့သုံးဦးအား အလယ်ပိုင်းဒေသကြီးကိုယာယီ လက်လျော့ရန် ဖျောင်းဖျခဲ့ကြ၏။ အနာဂတ်တွင် သူတို့အနေဖြင့်ကျွမ်းကျင်သူများ ပို၍စုဆောင်းပြီး ကြီးမားသောတစ်စုံတစ်ခုကိုအစီ အစဉ်ချမည်ဖြစ်သည်။

သို့သော် သူတို့သုံးယောက်၏နှလုံးသားထဲမှ အလယ်ပိုင်းဒေသကြီး၏ အရေးပါမှုကို ၎င်းတို့မည်သို့နားလည်ပါမည်နည်း။ အလယ်ပိုင်းဒေသကြီးနှင့်သူတို့၏ သန်းနှင့်ချီသောလူများအား စွန့်ပစ်ရန်သူတို့ဘယ်လိုများနှလုံးသားမဲ့စွာပြုမူနိုင်ပါမည်နည်း။

အလင်းအလင်းဘုရားကျောင်းအတွင်းတွင် အဖြူရောင်မြင့်မြတ်အလင်းက ခန်းမအတွင်းထူးခြားစွာထွန်းလင်းနေပြီး ၎င်းကမြင့်မြတ်သန့်စင်လွန်းလှ၏။

အလင်းစီရင်စု၏ခေါင်းဆောင်သုံးယောက်မှာ အလင်းဘုရားကျောင်း၏ အလယ်ဗဟိုအတွင်း၌ရပ်နေကြသည်။ အဖြူရောင်အလင်း၏ထွန်းလင်း မှုအောက်တွင် သူတို့၏မျက်နှာများကလည်းမြင့်မြတ်သန့်စင်ဟန်ပေါ်နေ၏။

“အဲ့ သူရဲဘောကြောင်တဲ့ သူတောင်းစားတွေ …ဒီလိုကြီးမားတဲ့အရာမျိုးကို သူတို့ဘယ်လိုဖြစ်လို့ ပြီးမြောက်အောင်မလုပ်နိုင်ရတာလဲ..”

အသက် ဧကရာဇ် မိုဖန်းချန်က သူတို့နှင့်ခွဲထွက်သွားသော ဧကရာဇ်ခြောက်ယောက်အား တွေးမိသောအခါတွင် ဒေါသတကြီးပြောလိုက်သည်။

“တကယ်တော့ မင်းသူတို့ကို အပြစ်တင်လို့မရဘူး”

မိုဖန်းချန်၏ စကားတို့အားကြားရသောအခါတွင် အလင်းဧကရာဇ်ကျင်းထျန်းယုကပြောလိုက်သည်။ ထို့နောက်သူကဆက်ပြော၏။

“ယိုမင်နဲ့တစ်ခြားသူတွေက အလယ်ပိုင်းဒေသကြီးကိုလာတဲ့လမ်းမှာရောက်နေပြီလို့ ငါယုံတယ်”

“ထျန်းယု နင်တကယ်ပဲ ဒီလိုလုပ်တော့မှာလား”

ဤအချိန်တွင် ကံတရားဧကရာဇ် ဝူချမ်ရွှယ်က သူမ၏ခေါင်းကိုလှည့်၍ ကျင်းထျန်းယုထံသို့ကြည့်လိုက်ပြီး ပျော့ပျောင်းစွာမေးလိုက်သည်။

ဝူချမ်ရွှယ်၏ စကားတို့အားကြားပြီးနောက် ကျင်းထျန်းယုက အသက်ခပ်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ပြောလိုက်သည်။

“အခု ကိစ္စတွေက ဒီလိုမျိုးဖြစ်လာမှတော့ တို့တွေဒါကိုကြိုးစားကြည့်ရုံပဲရှိတော့တယ်.. ပိုကောင်းတဲ့နည်းမရှိတော့ဘူး.. မဟုတ်ရင် တို့တွေတကယ်ကြီး အဲ့လူတွေ အလင်းစီရင်စုကလူတွေကို အစုလိုက်အပြုံလိုက်သတ်တာကို ထိုင်ကြည့်နေရလိမ့်မယ်”

ဝူချမ်ရွှယ်နှင့် ကျင်းထျန်းယုတို့၏ ကြားထဲမှ စကားများအားကြားပြီးနောက် မိုဖန်းချန်၏မျက်နှာထက်တွင် စိုးရိမ်သော အမူအယာတစ်ခုဖြစ်ပေါ်လာသည်။ သူက ကျင်းထျန်းယုကိုကြည့်လိုက်ပြီး ပြောလိုက်၏။

“ဒါပေမဲ့ ထျန်းယု. မှတ်တမ်းစာလိပ်ထဲမှာ ငါတို့ဘိုးဘေးတွေချန်ထားခဲ့တဲ့ တားမြစ်လျှို့ဝှက်ပညာရပ်က အကယ်၍ မင်းသာဂရုမစိုက်ဘူးဆိုရင် မင်းရဲ့အသက်အန္တရာယ်ဖြစ်လာလိမ့်မယ်.. အဲ့တာထက်ပိုတာက ပြီးရင်ဖြစ်လာမဲ့သက်ရောက်မှု အကျိုးဆက်က ကြီးမားတယ်.. အကယ်၍မင်းအောင်မြင်သွားရင်တောင် မင်းအဲ့အခြေအနေကို သုံးရက်ပဲ ထိန်းထားနိုင်မှာ. သုံးရက်ပြီးရင် မင်းရဲ့ဒန်တန်က ကွဲကြေသွားပြီး မင်းဒုက္ခိတတစ်ဦးဖြစ်သွားလိမ့်မယ်”

“အလင်းစီရင်စုက သန်းနဲ့ချီတဲ့သူတွေအတွက် ငါထပ်ပြီးအများကြီးဂရုစိုက် နေလို့မရတော့ဘူး.. သုံးရက်.. ငါ့မှာသာသုံးရက်အတွင်းအဲ့လို စွမ်းအားမျိုးရှိရင် ငါအမှောင်စီရင်စုကိုဖျက်ဆီးပစ်နိုင်စွမ်းရှိပြီး ဒီကမ္ဘာမှာ အလင်းကို ဝန်းရံစေနိုင်စွမ်းရှိလိမ့်မယ်”

ကျင်းထျန်းယုက စိတ်ပိုင်းဖြတ်ထားမှုတို့ဖြင့်ပြည့်နှက်နေသော မျက်နှာတစ်ခုနှင့်ပြောလိုက်သည်။

“ဒါပေမဲ့…”

မိုဖန်းချန်က ထပ်ပြီးပြောတော့မည်ကို တွေ့လိုက်ရသောအခါတွင် ကျင်းထျန်းယုကလျှင်မြန်စွာကြားဖြတ်ဟန့်တားလိုက်ပြီး ပြောလိုက်သည်။

“ ကောင်းပြီ. မင်းငါ့ကိုထပ်ပြီးဖျောင်းဖျနေရာစရာမလိုတော့ဘူး. ငါစိတ်ကို ငါပိုင်းဖြတ်ပြီးသွားပြီ.. အခု မင်းတို့အားလုံးငါ့ကိုကာကွယ်ပေးကြ.. ငါအလင်းနတ်ဘုရားနဲ့ဆက်သွယ်ဖို့လျှို့ဝှက်ပညာရပ်ကိုသုံးပြီး… ငါ့ကိုနတ်ဘုရားစွမ်းအားကို နှင်းအပ်စေမယ်.. ထျန်းဟန်တိုက်ကြီးတစ်ခုလုံးပေါ်မှာ အလင်းကိုထွန်းလင်းတောက်ပခွင့်ပြုမယ်”

ကျင်းထျန်းယုကပြောသကဲ့သို့ သူကခေါင်းကိုမော့လိုက်ပြီး ကြည့်လိုက်သည်။ အလင်းနန်းတော်၏ အထက်တွင် လူသားအရွယ်ရှိသောအဖြူရောင်ကြက်ခြေခတ်တစ်ခုကမျောလွင့်နေပြီး ၎င်းက မြင့်မြတ်သောအလင်းတစ်ခုကို ထုတ်လွှတ်နေ၏။

အလင်းနန်းတော်(ဝါ)အလင်းဘုရားကျောင်း၏ မြင့်မြတ်အလင်းမှာ ၎င်းကြက်ခြေခတ်ထံမှ လာခြင်းဖြစ်သည်။

ထို့နောက် ကျင်းထျန်းယု၏မျက်နှာထက်တွင်ရိုသေကိုင်းရှိုင်းသော အမူအယာတစ်ခုဖြစ်ပေါ်လာသည်။ သူ၏လက်တို့ကလည်း ဆန်းကြယ်ပြီးထူးဆန်းသောရုန်း တစ်ခုကိုပုံဖော်လိုက်သည်။ သူ၏ပုံရိပ်ကလည်း မြင့်မြတ်အလင်းကြက်ခြေခတ်၏ အောက်သို့ရောက်သည်အထိ ဖြည်းညှင်းစွာမျောလွင့်တက်သွားသည်။

ဤအချိန်တွင် ကြက်ခြေခတ်ထံမှ သိပ်သည်းသော မြင့်မြတ်အလင်းတန်းတစ်ခုက တောက်ပဖြာဆင်းလာပြီး ကျင်းထျန်းယု၏ ဤမြင့်မြတ်အလင်းအတွင်း လွှမ်းခြုံသွားစေသည်။

“နတ်ဘုရား.ကျေးဇူးပြုပြီး သင့်ရဲ့ ရိုသေအကိုင်းရှိုင်းဆုံး ယုံကြည်သူရဲ့ ရှိခိုးဆုတောင်းမှုကို လက်ခံပေးပါ”

“စွမ်းအားကြီး အမှောင်ထုက အလင်းကိုဝါးမျိုပါတော့မယ်.. အိုနတ်ဘုရား.ကျေးဇူးပြုပြီး သင့်ရဲ့ရိုသေကိုင်းရှိုင်းဆုံးယုံကြည်သူကို စွမ်းအားတွေပေးတော်မူပါ.. သင့်ရဲ့ရိုသေကိုင်းအရှိုင်းဆုံး ယုံကြည်သူကို စွမ်းအားတွေသုံးခွင့်ပေးပြီး အမှောင်ထုကို နှင်ထုတ်ခွင့်ပေးပါ”

“ဒီကမ္ဘာပေါ်မှာ အလင်းကို ထာဝရတည်ရှိခွင့်ပြုတော်မူပါ ကျွန်တော်မျိုးရဲ့ ကြီးမြတ်တော်မူလှပါသောနတ်ဘုရား”

“အလင်းကိုကာကွယ်ဖို့အလို့ငှာ ကျင်းထျန်းယုက စတင်ရှိခိုးဆုတောင်းမှုကိုပြုလုပ်တော်မူပါတယ်”

ဆက်ရန်…….

ဘာသာပြန်သူ -ARISE

All Chapters