အခန်း (၈၇၄)
Vol. 59 Ch. 874
အလင်းနန်းတော်၏ အလယ်ဗဟို ကြက်ခြေခတ်သဏ္ဍန် မြင့်မြတ်အလင်း၏အောက်၌ဖြစ်သည်။
အသက်ဧကရာဇ်နှင့် ကံတရားဧကရာဇ်တို့က စိတ်လှုပ်ရှားပူပန်စွာဖြင့် ကြည့်နေကြ၏။ ၎င်းတို့က ကျင်းထျန်းယု၌တစ်စုံတစ်ခုဖြစ်ပျက်လာမည်ကို ကြောက်ရွံ့ကြသည်။
တားမြစ်နည်းစနစ်ကိုအသုံးပြုပြီး နတ်ဘုရားနှင့်ချိတ်ဆက်ဆက်သွယ်မှု ပြုလုပ်ခြင်းက အရမ်းကိုအန္တရာယ်များလှသည်ဖြစ်သည်။ ဒဏ္ဍာရီလာ နတ်ဘုရားစွမ်းအားက သူတို့၏ စွမ်းအားနှင့်ခြားနားပြီး ၎င်း၏ကိုယ်က ထိုအရာကို တောင့်ခံနိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။
တားမြစ်စာလိပ်၏အဆိုအရ အကယ်၍ ကျင်းထျန်းယုက နတ်ဘုရားစွမ်းအားအားအတင်းအကျပ်တောင့်ခံခဲ့လျှင်တောင် သုံးရက်သာ ထိန်းထားနိုင်မည်ဟုဆိုသည်။ သုံးရက်ကြာပြီးနောက်တွင် နတ်ဘုရားစွမ်းအားက ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး ၎င်း၏ဒန်တန်လည်း အစိတ်စိတ်အမွှာမွှာကွဲသွားလိမ့်မည်ဖြစ်သည်။
ထို့ကြောင်သူတို့အနေဖြင့်ရွှေးချယ်စရာမရှိခြင်းကြောင့်မဟုတ်ပါလျှင် ဤကဲ့သို့လျှို့ဝှက်နည်းစနစ်တစ်ခုအားသုံးလိမ့်မည်မဟုတ်ပေ။ ထို့အပြင် အကယ်၍ သူတို့၎င်းအားအသုံးပြုခဲ့လျှင်တောင် အောင်မြင်နိုင်သည့်နှုန်းက လွန်စွာနည်းပါးလှသည်ဖြစ်သည်။
ဤအချိန်တွင် ကျင်းထျန်းယု၏အထက်ရှိ ကြက်ခြေခတ်မြင့်မြတ်အလင်းမှ အဖြူရောင်အပ်ချည်မျှင်ကဲ့သို့သောအမျှင်များက ရုတ်ခြည်းစီးမျောထွက်လာပြီး ကျင်းထျန်းယုထံသို့ စီးမျောလာသည်။
မြင့်မြတ်အလင်းကြက်ခြေခတ်မှ စီးမျောကျဆင်းလာသော အပ်ချည်မျှင်ကဲ့သို့အဖြူရောင်အမျှင်တန်းများအား တွေ့လိုက်ရသောအခါတွင် မိုဖန်းချန်နှင့်ဝူချမ်ရွှယ်တို့ ရုတ်ခြည်းစွမ်းအားကြီးစွမ်းအင်တစ်ခုကို အာရုံခံမိလိုက်သည်။
“ဒါ…ဒါက… ဒါက ဒဏ္ဍာရီလာ နတ်ဘုရားစွမ်းအားလား”
မိုဖန်းချန်က ရှေ့နောက်မစဉ်းစားပဲပြောလိုက်၏။
“နတ်ဘုရား က ငါတို့ကိုနတ်ဘုရားစွမ်းအားကိုပေးတာလား”
“နင်နဲ့ငါနဲ့တောင် ဆင်းသက်လာတဲ့စွမ်းအားကိုခံစားနိုင်တယ်.. ဒါကနတ်ဘုရားစွမ်းအားပဲဖြစ်ရမယ်”
မိုဖန်းချန်၏အံ့အားသင့်စွာရေရွတ်သံ အားကြားလိုက်ရသောအခါတွင် ဝူချမ်ရွှယ်က ခေါင်းညိမ့်လိုက်၏။
ထို့နောက်အပ်ချည်မျှင်ကဲ့သို့အဖြူရောင်အမျှင်များက ကျင်းထျန်းယုအပေါ်ကျဆင်းလာပြီး ခန္ဓာကိုယ်အတွင်းဝင်ရောက်သွားသည်။ မိုဖန်းချန်နှင့်ဝူချမ်ရွှယ်တို့နှစ်ယောက်လုံး ကျင်းထျန်းယု၏အော်ရာပြောင်းလဲမှုကို အာရုံခံမိလိုက်သည်။
“အား.”
တစ်ချိန်တည်းတွင် ကျင်းထျန်းယု၏မျက်နှာထက်မှ နာကျင်မှုအပြည့်ဖြင့် အမူအယာတစ်ခုကိုလည်း နှစ်ယောက်သားမြင်တွေ့လိုက်ရ၏။ သူက ခြေလက်တို့ကို ဖြန့်ကားကာ အော်ဟစ်နေသည်။
အလွန်ပြင်းထန်သော ဟစ်အော်သံတစ်ခုထွက်ပေါ်လာသကဲ့သို့ အလင်းနန်းတော်တစ်ခုလုံးစတင် ပြင်းထန်စွာတုန်ခါမြည်ဟိန်းလာသည်။
“ထျန်းယု”
မိုဖန်းချန်နှင့်ဝူချမ်ရွှယ်မှုတို့မှာ တုန်ခါမှုအားသတိမူမိပုံမရချေ။ ၎င်းတို့၏အကြည့်များက ကျင်းထျန်းယုပေါ်သို့ကျရောက်နေသည်။ မိုဖန်းချန်ကနောက်တစ်ကြိမ် စိုးရိမ်ပူပန်စွာ ဟစ်အော်လိုက်သည်။
မိုဖန်းချန်၏စကားအားကြားရသောအခါတွင် ဝူချမ်ရွှယ်က ချက်ချင်း အကြံပေးလိုက်သည်။
“ထျန်းယုက နတ်ဘုရား စွမ်းအင်နဲ့ပေါင်းစပ်ဖို့ကြိုးစားနေတာ.. နာကျင်မှုကိုသူရှောင်လွှဲလို့မရနိုင်ဘူး. သူက အတိမ်းစောင်းမခံတဲ့အခြေအနေထဲကိုရောက်နေပြီ.. သူ့ကိုမနှောက်ယှက်ပဲနေရအောင်”
ဝူချမ်ရွှယ်၏ စကားဆုံးပြီးပြီးချင်း ကျင်းထျန်းယုက နောက်တစ်ကြိမ် ကျယ်လောင်စွာဟစ်အော်လိုက်သည်။
“အား..”
စွမ်းအားကြီးမားသောစွမ်းအားတစ်ခုကြောင့် အလင်းနန်းတော်တစ်ခုလုံး နောက်တစ်ကြိမ် လှုပ်ခါသွားသည်။ ဤတစ်ကြိမ်တွင်တုန်ခါမှုက ပို၍ ပြင်းထန်သည်။ အလင်းနန်းတော်တစ်ခုလုံး ပြိုကျလုနီးပါးဖြစ်သွားရသည်။
ဝူချမ်ရွှယ်၏ စကားတို့အားကြားပြီးနောက် မိုဖန်းချန်က ဘာမှထပ်မံပြောခြင်းမရှိပေ။ သို့သော် သူ၏မျက်နှာထက်၌ စိုးရိမ်မှုတို့ဖြင့်ပြည့်နှက်နေဆဲဖြစ်သည်။
ဖြည်းဖြည်းချင်းသူတို့အထက်မှ ကျင်းထျန်းယုအားမြင်လာရသည်။ သူ၏ကိုယ်က ကြက်ခြေခတ်ကဲ့သို့ မြင့်မြတ်သန့်စင်သော အလင်းတို့ဖြင့် ဖိတ်ဖိတ်တောက်နေ၏။ပြင်းထန်သော ဟစ်အော်သံကလည်းရပ်တန့်လာသည်။
ကျင်းထျန်းယုက အောက်သို့ငုံ့လိုက်ပြီး တည်ငြိမ်စွာကြည့်လိုက်၏။ ကောင်းကင်ဘုံမှဆင်းသက်လာသော အလင်းနတ်ဘုရားတစ်ပါးကဲ့သို့ ကျင်းထျန်းယုက ပို၍မြင့်မြတ်နေသည်ကို မိုဖန်းချန်နှင့်ဝူချမ်ရွှယ်တို့ခံစားနိုင်သည်ဖြစ်သည်။
“ထျန်းယု..နင်အောင်မြင်သွားတာလား”
ကျင်းထျန်းယုအားစိုက်ကြည့်ရင်း ဝူချမ်ရွှယ်က မေးလိုက်သည်။
“ငါအောင်မြင်ခဲ့တယ်..ငါ့စွမ်းအားက”
ကျင်းထျန်းယုကခြားနားမှုမရှိပြန် ဖြေလိုက်သည်။ထို့နောက်သူက ဆန့်ထုတ်ထားသောသူ၏ညာလက်ကိုကြည့်လိုက်၏။ ကျင်းထျန်းယု၏စိတ်က လှုပ်ရှားသွားသည်။ ရုတ်တရက် အလင်းနန်းတော်တစ်ခုလုံးနှင့်သူတို့အောက်ရှိ မြေပြင်က ထပ်မံစတင်ပြင်းထန်စွာတုန်ခါလာပြန်သည်။
ယင်းမှာကမ္ဘာပေါ်ရှိ အရာအားလုံးက ကျင်းထျန်းယု၏ထိန်းချုပ်မှု အောက်သို့ကျရောက်နေသကဲ့သို့ပင်ဖြစ်သည်။
“နတ်ဘုရားစွမ်းအား..ဒါကနတ်ဘုရား စွမ်းအားပဲ.. ယိုမင်..လင်ယဲ့ဖုန်း. အန်းချီ..မြဲ့ထျန်း..မင်းတို့တွေ အလယ်ပိုင်းဒေဿကြီးမှာပဲထာဝရနေသွားရဖို့အတွက် နတ်ဘုရားရဲ့ ဆုံးဖြတ်ချက်ကိုစောင့်နေကြစမ်းပါ.”
ကျင်းထျန်းယုက သူ၏ညာလက်အား စိုက်ကြည့်ရင်း တည်ငြိမ်စွာပြောလိုက်သည်။
အကန့်သတ်မဲ့မှောင်မိုက်သော ကောင်းကင်ပြင်အတွင်းတွင် အမှောင်ထုအားထိုးခွင်းပြီး ဧရာမရွှေရောင်အလင်းတန်းကြီးတစ်ခုက ကောင်းကင်ထဲမှကျဆင်းလာသည်။ ရွှေရောင်အလင်းတန်းကြီး မှေးမှိန်ပျောက်ကွယ်သွားသောအခါတွင် ပုံရိပ်ဆယ့်သုံးခုထွက်ပေါ်လာ၏။
၎င်းမှာရှစ်ဖုန့်နှင့်အခြားသူများဖြစ်ကြသည်။သူတို့က ရွှမ်းယွမ်မြို့မှ ရှေးဟောင်းနေရာကူးပြောင်းအစီအရင်ကို အသုံးပြုပြီး အလယ်ပိုင်းဒေသကြီးသို့ရောက်ရှိလာခြင်းဖြစ်သည်။ သူတို့ဆင်းသက်လာသောမှောင်မိုက် သည့်ကောင်းကင်က အမှောင်စီရင်စု မှဖြစ်သည်။
အလယ်ပိုင်းဒေသကြီး အခြားသောဒေကြီးများနှင့်ကွဲပြား၏။ ၎င်းအားအဓိကနယ်မြေနှစ်ခုအဖြစ်ပိုင်း ခြားထားသည်။ တစ်ခုက အလင်းစီရင်စုနယ်မြေဖြစ်သည်။
အလင်းစီရင်စု၌ ည အချိန်မရှိပေ။ အမြဲတန်းမြင့်မြတ်သောအလင်းတန်းများဖြင့် လွှမ်းခြုံဝန်းရံနေသည်ဖြစ်သည်။
အခြားသောနယ်မြေကိုကား အမှောင်စီရင်စုနယ်မြေဟုခေါ်သည်။ အမှောင်စီရင်စုနယ်မြေအတွင်း နေထိုင်ကြသူများမှာ နတ်ဘုရား၏ မောင်းထုတ်ခြင်းကိုခံရသည့်နှယ်ဖြစ်သည်။ အလင်းနယ်မြေနှင့်ဆန့်ကျင်ဘက်ပင်ဖြစ်၏။ ၎င်း၌ ညသာရှိပြီးနေ့ဟူ၍မရှိပေ။
အလင်းနှင့်အမှောင်စစ်မက်ဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်းသောင်းနှင့်ချီရှိပြီဖြစ်သည်။ စေ့စပ်ညှိနှိုင်း၍မရသော အချိန်တော်တော်ကြာကတည်းက ဖြစ်တည်နေကြသည့်ရန်သူများဟု ပြောလျှင်ရနိုင်၏။ စစ်ပွဲက အနည်းဆုံးနှစ်သောင်းနှင့်ချီပြီဖြစ်သည်။
“ဒီကုန်းမြေက မှောင်မိုက်နေတုံးပဲ”
ရှစ်ဖုန့်က မှောင်မိုက်သောဟင်းလင်းပြင် သို့ကြည့်လိုက်ပြီး ပြောလိုက်သည်။
ထို့နောက် အတွေးတစ်ချက်ဖြင့်သူတို့၏နောက်၌ ကြီးမားသော သွေးနီရောင်အလင်းကွက်ကြီးတစ်ခုဖြစ်ပေါ်လာသည်။ အမှောင်စီရင်စု၏စစ်တပ်နှင့် သန်းနှင့်ချီသောတစ္ဆေစစ်သည်များအားရှစ်ဖုန့်က သွေးနီရောင်ကျောက်ပြားအတွင်းမှ ထုတ်ပေးလိုက်ခြင်းဖြစ်သည်။
“ကြီးမြတ်သော ဧကရာဇ်..ကျေးဇူးပြုပြီးဒီမှာခေတ္တ စောင့်ပေးပါ.. မြဲ့ထျန်းနဲ့ကျွန်တော် အမှောင်စီရင်စုက တပ်ဖွဲ့တွေအကုန်လုံးကိုစုစည်းလိုက်ပါ့မယ်.. အလင်းစီရင်စုကိုကျွန်တော်တို့အတူတကွတိုက်ခိုက်ကြမယ်”..
အမှောင်ဧကရာဇ်အန်းချီကရှစ်ဖုန့်ကိုပြောလိုက်သည်။
“ကောင်းပြီ”
ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်သည်။
“မြဲ့ထျန်း သွားစို့”
အန်းချီက ပျက်စီးခြင်းဧကရာဇ် မြဲ့ထျန်းကိုပြောလိုက်၏။ ထို့နောက်နှစ်ယောက်သား ရုတ်တရက်လှုပ်ရှားသွားပြီးအောက် သို့ထိုးဆင်းသွားသည်။
“အလင်းစီရင်စု”
ဤအချိန်တွင် ရှစ်ဖုန့်ကသူ၏ကိုယ်ကိုလှည့်လိုက်ပြီး သူ၏ ယခင်ဘဝမှ မှတ်ဉာဏ်များအရ သူ့ရှေ့ရှိ အမှောင်ဟင်းလင်းပြင်ကိုကြည့်လိုက်သည်။
အကယ်၍သူတို့သာ ရှေ့သို့ဆက်သွားလျှင် သူတို့အနေဖြင့် အလင်းစီရင်စုသို့ရောက်ရှိလိမ့်မည်ဖြစ်သည်။ သိပ်မကြာခင်ယင်းကသူတို့၏စစ်တလင်းဖြစ်လာလိမ့်မည်ဖြစ်၏။
“ဟမ်”
ထို့နောက်ရှစ်ဖုန့်က မျက်မှောင်ကြုတ်လိုက်သည်။ ထိုဦးတည်ချက်သို့သူကြည့်နေချိန်တွင် ဘဝင်မကျသောခံစားချက်ကိုခံစား လိုက်ရသည်။
“ဘာဖြစ်လို့လဲ ဆရာ.”
ရှစ်ဖုန့်၏ဘေး၌ရပ်နေသောလင်ယဲ့ဖုန်းက ဆရာဖြစ်သူ မျက်မှောင်ကြုတ်လိုက်သည်ကို တွေ့ရသောအခါတွင် စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။
“ဒီတစ်ကြိမ်တို့တွေအလင်းစီရင်စုကိုသွားမှာက စိတ်ကူးထားသလောက်ရိုးရှင်းမှာမဟုတ်ဘူးလို့ မင်းဆရာခံစားချက်တစ်ခုရနေတယ်”
ရှစ်ဖုန့်ကပြောလိုက်သည်။
ရှစ်ဖုန့်က ပြောလိုက်သောခံစားချက်က သူ၏သိုင်းဝမ်းတွင်းအသိဖြစ်သည်။ တပည့်တစ်ယောက်ဖြစ်သည်နှင့်အညီ သူ့ဆရာဖြစ်သူ၏သိုင်းဝမ်းတွင်းအလိုလိုသိစိတ်က မမှားနိုင်သည်ကို လင်ယဲ့ဖုန်းသိသည်ဖြစ်၏။
ရှစ်ဖုန့်၏ စကားအားကြားရသေအခါတွင် လင်ယဲ့ဖုန်းက မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။
“အဲ့လူတွေ အထွတ်အထိပ်ကျွမ်းကျင်သူအချို့ ကိုစုစည်းထားတာများလား”
“သူတို့ကမင်းဆရာပြန်လည်မွေးဖွားလာတဲ့သတင်းကို ဖြန့်ထားတာ.. အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က ကျွန်တော်တို့လိုကျင့်ကြံသူတွေအတွက် အရမ်းကို စွဲဆောင်လွန်းတယ်.. သူတို့က အထွတ်အထိပ်ကျွမ်းကျင်သူအချို့ ကို စွဲဆောင်ထားတယ်ဆိုရင်တောင်ဒါကအံ့အားသင့်စရာမဟုတ်ဘူး”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ကို ရောက်နေတဲ့သူတို့လို လူတွေအတွက် နတ်ဘုရားနယ်ပယ်ကိုရောက်ချင်တာ ကသဘာဝပဲ.. နတ်ဘုရားတစ်ပါးဖြစ်လာဖို့ လျှို့ဝှက်ချက်ပါတဲ့ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကိုသူတို့ဘယ်လိုလုပ်တောင့်ခံနိုင်မှာလဲ”
ဤအချိန်တွင် မိုရှောင်ယောင်ကရှစ်ဖုန့်၏ စကားအားကြားပြီးပြောလိုက်သည်။
“အကယ်၍ သူတို့အတွက်ဘာကကောင်းတယ်ဆိုတာကိုမသိတဲ့လူတွေထပ်ရှိနေရင် သူတို့ကိုကျွန်တော်တို့ကနောက်ဘဝကို ပို့ပေးမယ်”
ဆက်ရန်……..
ဘာသာပြန်သူ-ARISE