← Chapters

အခန်း (၈၇၅)

Vol. 59 Ch. 875

အခန်း (၈၇၅)

Vol. 59 Ch. 875

အလယ်ပိုင်းဒေသကြီး အမှောင်စီရင်စု၏ မှောင်မိုက်သော ကောင်းကင်၌ဖြစ်သည်။

အန်းချီနှင့်မြဲ့ထျန်းတို့က အမှောင်စီရင်စု၏ စစ်တပ်အားစုစည်းထား၏။ မကြာခင် အမှောင်စီရင်စုစစ်သည် ရှစ်သန်းကျော်အားစုစည်းခဲ့ကြ၏။ အန်းချီနှင့်မြဲ့ထျန်းတို့၏ ဦးဆောင်မှုအောက်တွင် အမှောင်စီရင်စုမှ စစ်သည်များက ရှစ်ဖုန့်နှင့်အခြားသူများရှိသော ကောင်းကင်ယံသို့ရောက်ရှိလာသည်။

အန်းချီနှင့်မြဲ့ထျန်းတို့က အမှောင်စီရင်စု စစ်သည်များနှင့် ပြန်ရောက်လာသည်ကိုတွေ့ရသောအခါတွင် လင်ယဲ့ဖုန်းကဟစ်အော်ကလိုက်သည်။

“သွးကြ..အလင်းစီရင်စုကိုဖျက်ဆီးပစ်ကြ.. အလယ်ပိုင်းဒေသကြီးမှာအမှောင်ထု တစ်ခုတည်းပဲရှိရမယ်”

သူ၏ ဟစ်ကြွေးသံက ညကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားသည်။

“အလင်းကိုဖျက်ဆီးကြ …အလယ်ပိုင်းဒေကြီးမှာ အမှောင်ထုတစ်ခုတည်းပဲရှိတယ်”

“အလင်းကိုဖျက်ဆီးကြ …အလယ်ပိုင်းဒေကြီးမှာ အမှောင်ထုတစ်ခုတည်းပဲရှိတယ်…တိုက်ကြ”

“တိုက်ကြ”

ထောက်ခံသံများနှင့်တိုက်ပွဲညာသံပေးသံများက အဆက်မပြတ်ထွက်ပေါ်လာသည်။ ကောင်ကင်ယံတစ်ခုလုံး၌ မြေပြင်အားလှုပ်ခါစေသော ဤအသံများဖြင့်ပြည့်နှက်နေသည်။

“သွားကြ”

လင်ယဲ့ဖုန်းကရှေ့သို့ထိုးညွှန်ပြီးအော်ပြောလိုက်သည်။ သူထိုးညွှန်ရာဘက်က အလင်းစီရင်စု နယ်မြေရှိရာဘက်ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း ပုံရိပ်ဆယ့်သုံးခုကလည်း တစ်ယောက်ပြီးတစ်ယောက်လှုပ်ရှားသွားပြီး လေကိုထိုးခွ၍း်ကာ မြင့်မားသောအမြန်နှုန်းဖြင့် ရှေ့သို့ပျံသန်းသွားသည်။

ထို့နောက် များပြားလှသောအမှောင်စီရင်စု ၏စစ်တပ်ကြီးနှင့် သန်းနှင့်ချီသော တစ္ဆေစစ်သည်များက ခမ်းကြီးနားကြီးနိုင်သောဟိတ်ဟန် အသွင်အပြင်များဖြင့် ကောင်းကင်အားထိုးခွင်းသွားကြသည်။ ၎င်းတို့က တလိပ်လိပ်ထိုးတက်လာသော ပင်လယ်လှိုင်းလုံးများကဲ့သို့ပင်ဖြစ်သည်။

အမှောင်ထု ဆုတ်ခွာသွားလျှင် အလင်းလာသည်။သို့သော် အလယ်ပိုင်းဒေသကြီးကဲ့သို့ဆန်းကြယ်သော ကုန်းမြေအတွင်းတွင်လူတစ်ယောက်က ထာဝရအမှောင်ထုနယ်မြေကို ဖြတ်ကျော်ပြီးသည်နှင့် ထာဝရအလင်းကိုမြင်ရလိမ့်မည်ဖြစ်သည်။

အမှောင်နှင့်အလင်းနယ်နိမိတ်မျဉ်းရှေ့ အလင်းဟင်းပြင်အတွင်း၌ အကန့်သတ်မဲ့သောအလင်းဟင်းလင်း ပြင်အထိ ရှည်လျားသည့် သိပ်သည်းများပြားလှသော အလင်းချပ်ဝတ်စစ်သည်များ ရှိနေသည်။

ကောင်းကင်နှင့်မြေပြင်၌သတ်ဖြတ်ခြင်းအော်ရာတစ်ခုဖြင့်ပြည့်နှက်နေသည်။

အလင်းစီရင်စုစစ်တပ်ကြီး၏ရှေ့တွင် လွန်စွာစွမ်းအားကြီးသော အော်ရာများဖြင့် ပုံရိပ်သုံးခုရပ်နေသည်။ ပင်ကိုယ်အားဖြင့်၎င်းတို့က အလင်းစီရင်စု၏ အသန်မာဆုံးသူများဖြစ်ကြသည်။

ကျင်းထျန်းယု၊မိုဖန်းချန်နှင့် ဝူချမ်ရွှယ်တို့က အလင်းစီရင်စု၏ စစ်တပ်ကြီးနှင့်အတူရှိနေသည်။ ၎င်းတို့က သူတို့ရှေ့ရှိအမှောင်ထုအားစိုက်ကြည့်နေပြီး အမှောင်စီရင်စု ၏ စစ်တပ်ကြီးရောက်ရှိအလာကို စောင့်ဆိုင်းနေကြသည်။

ဤအချိန်တွင် အလင်းဧကရာဇ် ကျင်းထျန်းယုက သူ့ဘေးမှနှစ်ဦးကိုပြောလိုက်သည်။

“ဒီနေ့တိုက်ပွဲပြီးရင် အလယ်ပိုင်းဒေသကြီးမှာ အမှောင်ထုဆိုတာရှိတော့မှာမဟုတ်ဘူး. အလင်းတစ်ခုတည်းပဲရှိလိမ့်မယ်”

“အင်း”

မိုဖန်းချန်နှင့် ဝူချမ်ရွှယ်တို့ကလည်းခေါင်းညိမ့်လိုက်ကြသည်။ကျင်းထျန်းယုကနတ်ဘုရားက သူ့အား နတ်ဘုရားစွမ်းအားကိုနှင်းအပ်ရန်အတွက် သူ၏သိုင်းလမ်းစဉ်စွမ်းအားကိုအသုံးပြုခဲ့သည်။ သူကယိုမင်၊အခြားသူများနှင့် အမှောင်စီရင်စု၏စစ်တပ်ကြီးကို ဖျက်ဆီးပစ်လိုသည်။

“သူတို့ရောက်လာပြီ”

ဝူချမ်ရွှယ်က အားလုံးနှင့်အတူ ရှေ့ရှိအမှောင်ထုအားစိုက်ကြည့်ရင်း ရုတ်တရက်ပြောလိုက်သည်။

ဝူချမ်ရွှယ်စကားဆုံးပြီးပြီးချင်း အားလုံး၏ရှေ့၌များစွာသောစွမ်းအားကြီးပုံရိပ်များ ကလျှင်မြန်စွာပေါ်လာသည်။

၎င်းတို့၏နောက်တွင် များပြားသော အမှောင်စီရင်စုစစ်တပ်ကြီးကလည်းကပ်လျှက်လိုက်ပါလာ၏။

“အမ်”

ဤအချိန်တွင် ရှစ်ဖုန့်၏ဘေး၌ပျံသန်းလာသော လင်ယဲ့ဖုန်းက ရှေ့ရှိ အလင်းစီရင်စုမှသုံးယောက်အား ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။သူကအံ့အားသင့်စွာအာမေဋိတ်သံထွက်သွားသည်။

ထို့နောက်လင်ယဲ့ဖုန်းက ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ သူတို့သုံးယောက်က ကျွန်တော်တို့စစ်တပ်ရောက်လာအလာကိုစောင့်နေကြတာ ကျွန်တော်ယုံတောင်မယုံနိုင်ဘူး”

လင်ယဲ့ဖုန်း၏ စကားအားကြားပြီးနောက် ရှစ်ဖုန့်ကထပ်ပေါင်းပြောလိုက်သည်။

“အဲ့ထာထက်ပိုတာက ငါတို့ရှေ့မှာ ကျွမ်းကျင်သူက သုံးယောက်ပဲရှိတာ”

ရှစ်ဖုန့်၏ အခြားတစ်ဖက်မှပျံသန်းနေသောမိုရှောင်ယောင်က ရှစ်ဖုန့်နှင့်လင်ယဲ့ဖုန်းတို့၏ကြားထဲမှ စကားကိုကြားပြီးပြောလိုက်သည်။

“ဒီသုံးယောက်က သူတို့ ထပ်ပြီးအသက်ဆက်မရှင်ချင်တော့လို့ အလင်းစီရင်စုစစ်တပ်ကိုပါဒီနေရာကိုခေါ်လာတာလား..ဒါမှမဟုတ် တစ်ခြားတစ်ခုခုများ….”

‌ဤအချိန်တွင် မိုရှောင်ယောင်က ဆက်ပြောသကဲ့သို့သူ၏မျက်လုံးတို့ကမှေးစဉ်းသွား၏။

“သူတို့သုံးယောက်မှာ ကျွန်တော်တို့ကို အနိုင်ယူဖို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အကြွင်းမဲ့ရှိနေတယ်”

ရှစ်ဖုန့်ကလည်းလေးနက်တည်ကြည်နေသည်။ သူကပြောလိုက်၏။

“တစ်ချိန်လုံးဘဝင်မကျမှုကိုငါခံစားနေရတာ.. ဒီတိုက်ပွဲကသေချာပေါက် အပေါ်ယံမှာမြင်ရသလို ရိုးရှင်းမှာမဟုတ်ဘူး..ယဲ့ဖုန်း . စစ်တပ်ကို အခုရပ်ဖို့အမိန့်ပေးလိုက်”

“ဟုတ်ကဲ့”

လင်ယဲ့ဖုန်းကပြန်ဖြေလိုက်သည်။

လင်ယဲ့ဖုန်းကသူ၏ပါးစပ်အားဖွင့်ဟပြီး ထပ်မံအော်ပြောလိုက်သည်။

“ချီတက်တာကိုရပ်ကြ..”

သူ၏အော်သံက ညကောင်းကင်ယံအားရိုက်ခတ်ပျံ့နှံ့သွားသည်။ လင်ယဲ့ဖုန်း၏ အော်သံအားကြားပြီးနောက် နောက်မှနီးကပ်စွာလိုက်ပါလာသောသန်းနှင့်ချီသည့်စစ်တပ်ကြီးကလည်းရပ်တန့်သွားသည်။ ၎င်းတို့၏လှုပ်ရှားမှုက ကအစီအစဉ်ကျပြီး တညီတညာတည်းဖြစ်သည်။

“ယိုမင်..လင်ယဲ့ဖုန်း. မင်းတို့ရောက်လာပြီပဲ”

ဤအချိန်တွင် အသက်ဧကရာဇ် မိုဖန်းချန်က သူ့ရှေ့ရှိစစ်တပ်ကြီးကိုကြည့်ပြီး အေးစက်စွာသရော်လိုက်သည်။

မိုဖန်းချန်၏ ဤကဲ့သို့ပုံစံအားမြင်တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်နှင့်အခြားသူများမှာ ၎င်းနှင့်ပက်သက်၍ မသင်္ကစရာကောင်းသည်ကို ခံစားမိလိုက်ကြသည်။

ထို့နောက်ရှစ်ဖုန့်ကအစ်သည့်အနေဖြင့်ပြောလိုက်၏။

“ဒီနေ့ငါတို့ဒီနေရာကိုစစ်တပ်ကိုဦးဆောင်လာခဲ့တယ်.. မင်းတို့သုံးယောက်တည်းနဲ့အလင်းစီရင်စုကို ကာကွယ်မလို့လား.အဲ့လိုသာဆို မင်းတို့ကိုယ်မင်းတို့သတ်သေလိုက်ကြ.မင်းတို့အလောင်းတွေကို အကောင်းတိုင်းချန်ထားပေးမယ်”

“အလောင်းတွေကိုအကောင်းတိုင်း ချန်ထားပေးမယ်တဲ့လား.ဟားဟား..ဟားဟားဟားဟား”

ရှစ်ဖုန့်၏စကားအားကြားလိုက်ရသောအခါတွင် မိုဖန်းချန်က ကမ္ဘာပေါ်၌ အရယ်ရဆုံးပျက်လုံးတစ်ခုကို ကြားလိုက်ရသကဲသို့ ရယ်မောလိုက်သည်။

ထို့နောက် သူက ရယ်မော၍ဆက်ပြောသည်။

“ ယိုမင် .. မင်းကိုမင်းတော်တော်လေးအထင်ကြီးနေတာပဲ.. မကြာခင် ဒီနေ့မှာ ဘယ်သူက အသက်ရှင်ပြီး ဘယ်သူကသေမလဲဆိုတာကိုသိရတော့မှာပါ”

“နင်အစ်နေတာပြီးပြီလား”

ဤအချိန်တွင် ကံတရားဧကရာဇ် ဝူချမ်ရွှယ်က လည်းရှစ်ဖုန့်အားကြည့်၍ သရော်လိုက်သည်။

ရှစ်ဖုန့်ကလာ၍အစ်နေမှန်းကို သူမသိထားပြီးဖြစ်သည်။

ဝူချမ်ရွှယ်၏စကားအားကြားရပြီး မိုဖန်းချန်၏ အမူအယာအား မြင်တွေ့ရပြီးနောက် သူ၏ဘဝင်မကျမှုကို ထည့်မပြောလျှင်တောင် ရှစ်ဖုန့်၏အမူအယာက ပို၍သုန်မှုန်သွားသည်။

ရှစ်ဖုန့်သည်သာမက လင်ယဲ့ဖုန်း၊ မိုရှောင်ယောင်၊အန်းချီနှင့်မြဲ့ထျန်းတို့ပင် တူညီစွာဖြစ်ကြသည်ဖြစ်သည်။

အမှောင်စီရင်စုမှသူတို့သုံးယောက်က အလင်းစီရင်စုကို ဆန့်ကျင်ရင်ဆိုင်ဖို့အတွက်မွေးဖွားလာခြင်းဖြစ်သည်။ အမှောင်စီရင်စုမှ၎င်းတို့သုံးယောက်၏ပင်ကိုယ်စရိုက်ကိုသူတို့အနေဖြင့်သူတို့၏ လက်ဖမိုးကဲ့သို့ သိသည်ဖြစ်၏။ ယခု အလင်းစီရင်စုမှ သုံးယောက်က လက်ရှိအခြေအနေ၌ အကြောက်အလန့်ကင်းမဲ့နေသည်ကို တွေ့ရသည်။

“ကောင်းပြီ.. အခုကအရာအားလုံးကိုအဆုံးသတ်ဖို့အချိန်ပဲ.. မင်းတို့အားလုံးအတွက် ထပ်ပီဲး အသက်ဆက်ရှင်နေစရာမလိုတော့ဘူး.. အလင်းက အမှောင်ကိုထာဝရဝါးမျိုသွားလိမ့်မယ်.. ဒီနေ့ကစပြီး အလယ်ပိုင်းဒေသကြီးမှာ အလင်းတစ်ခုပဲရှိလိမ့်မယ်..”

ဤအချိန်တွင် အစကတည်းက တိတ်ဆိတ်နေခဲ့သော ကျင်းထျန်းယုက ရုတ်ခြည်းပြောလိုက်သည်။

ကျင်းထျန်းယုကစကားပြောနေရင်း သူ၏ကိုယ်မှ သန့်စင်မြင့်မြတ်သော အဖြူရောင်အလင်းတစ်ခု မြင့်တက်လာသည်။ ထို့နောက် ဤကျွမ်းကျင်သူများ ထိတွေ့ခြင်းငှာတွက်နိုင်စွမ်းမရှိသော နှိုင်းယှဉ်ဖော်ပြ၍မရနိုင်အောင် စွမ်းအားကြီးမားသည့် အော်ရာတစ်ခုက ဦးတည်ချက်ပေါင်းစုံသို့ပျံ့နှံ့လာ၏။

“ဒီ..ဒီအော်ရာ.ကျင်းထျန်းယုကိုယ်က ဒီအော်ရာက”

“အရမ်းစွမ်းအားကြီးတာ. ဒါကဘယ်လိုဖြစ်နိုင်မှာလဲ. ဖြစ်နိုင်တာ..ဒါက ဒဏ္ဍာရီလာနတ်ဘုရားစွမ်းအားများဖြစ်နိုင်မလား..ကျင်းထျန်းယုက နတ်ဘုရားအဆင့်ကိုရောက်ရှိသွားပြီလား”

“နတ်ဘုရားစွမ်းအား. အလင်းစီရင်စုက ငါတို့ကို တိုက်ခိုက်ရဲတာကို မအံ့ဩတော့ပါဘူး”

ရုတ်တရက် မှောင်မိုက်သောညကောင်းကင်ယံထဲ၌ အံ့အားသင့်စွာရေရွတ်သံများဖြင့်ပြည့်နှက် သွားသည်။ အထွတ်အထိပ်ကျွမ်းကျင်သူများမှာ မယုံကြည်နိုင်ဖြစ်နေသည်။ ယခုသူတို့ကဤ ကမ္ဘာ၏အထွတ်အထိပ်များဖြစ်ကြသည်။ ဘခု သူတို့နှင့်အဆင့်တူညီသောတစ်စုံတစ်ယောက်က အဆင့်ချိုးဖျက်သွားပြီးဒဏ္ဍာရီလာနတ်ဘုရားနယ်ပယ်သို့ဝင်ရောက်သွားသည်။

ထို့ထက်ပိုသည်ကား ထိုလူမှာသူတို့နှင့်အသေအကြေတိုက်ခိုက်မည့်ရန်သူဖြစ်၏။

“နတ်ဘုရားစွမ်းအားလား”

ရှစ်ဖုန့်၏အကြည့်က ကျင်းထျန်းယု၏ကိုယ်ပေါ်သို့ ကျရောက်သွားပြီး တီးတိုးရေရွတ်လိုက်သည်။

သူ၏ယခင်ဘဝတွင်သိုင်းပညာ၏အထွတ်အထိပ်လမ်းစဉ်ကိုအမြဲလေ့လာလိုက်စားခဲ့သည်။ သူက အမြဲအဆင့်ချိုးဖျက်ချင်ခဲ့ပြီး ဒဏ္ဍာရီလာ နတ်ဘုရားနယ်ပယ်ကိုဝင်ရောက်လိုခဲ့၏။ ကျင်းထျန်းယုက သူ့ထက်အရင်ဝင်ရောက်နိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

“ဟမ့်”

သူ့ရှေ့ရှိတုန်လှုပ်အံ့အားသင့်နေကြသောမျက်နှာများကိုကြည့်၍ ကျင်းထျန်းယုက နှာခေါင်းရှုံ့သရော်လိုက်သည်။

ထို့နောက် ကျင်းထျန်းယုက သူ၏ ညာလက်အား ဓားတစ်ချောင်းအသွင်ပြုလုပ်လိုက်ပြီး မှောင်မိုက်သောကောင်းကင်သို့ထိုးညွှန်လိုက်သည်။ သူကတည်ငြိမ်စွာပြောလိုက်၏။

“နတ်ဘုရားကပြောတယ်.မြင့်မြတ်တဲ့အလင်းက ကမ္ဘာကြီးကိုဝန်းရံလာချိန်မှာ ကမ္ဘာပေါ်မှာ အမှောင်ထုဆိုတာထပ်ပြီးရှိတော့ဘူး”

“အမှောင်နဲ့ညစ်ညမ်းတဲ့သတ္တဝါတွေက ငါ့အလင်းအောက်မှာ စီရင်ခံရပြီး ပြာအဖြစ်ပြောင်းလဲသွားရမယ်”

ဆက်ရန်…………

ဘာသာပြန်သူ-ARISE

All Chapters