← Chapters

အခန်း (၈၇၆)

Vol. 59 Ch. 876

အခန်း (၈၇၆)

Vol. 59 Ch. 876

“အမှောင်နဲ့ညစ်ညမ်းတဲ့သတ္တဝါတွေက ငါ့အလင်းအောက်မှာ စီရင်ခံရပြီး ပြာအဖြစ်ပြောင်းလဲသွားရမယ်”

ကျင်းထျန်းယု၏အသံပျောက်ကွယ်သွားပြီး မကြာခင် မြင့်မြတ်အလင်းကြောင့် အဆုံးမဲ့ အမှောင်ထုကြီးမှာ ရုတ်တရက် ဖြိုခွင်းခံလိုက်ရသည်။ တစ်တစ်လုံးကဲ့သို့ ကြီးမားသော မြင့်မြတ်အလင်းကြက်ခြေခတ်ဓားကြီးတစ်ခုက ရှစ်ဖုန့်နှင့်အမှောင်စစ်တပ်တို့၏ အထက်တွင်ပေါ်လာသည်။

နှိုင်းယှဉ်ဖော်ပြ၍မရနိုင်သော ကြီးမားသည့်ဖိအားတစ်ခုကျဆင်းလာ၏။

“နတ်ဘုရားအဆင့်စွမ်းအား.. နတ်ဘုရားအဆင့်စွမ်းအားပဲ”

“နတ်ဘုရားအဆင့်စွမ်းအား ..အရမ်းကြောက်ဖို့ကောင်းတာပဲ”

“ဒီနေ့ဒီစွမ်းအားရဲ့အောက်မှာ ငါသေရလိမ့်မယ်လို့ ငါလုံးဝမတွေးခဲ့မိဘူး”

ဤအချိန်တွင် အားလုံးက ကောင်းကင်သို့မော့ကြည့်ပြီး ပြောလိုက်သည်။

ဧရာမကြက်ခြေခတ်ဓားကြီးထံသို့ကြည့်ပြီး ဤစွမ်းအားက သူတို့ဆန့်ကျင်ရင်ဆိုင်ခြင်းငှာမတက်နိုင်သော တစ်စုံတစ်ခုမှန်းသူတို့သိလိုက်ကြ၏။

ဒဏ္ဍာရီလာ နတ်ဘုရားစွမ်းအားအား ပြန်လည်ဆန့်ကျင်တိုက်ခိုက်ရန်ခွန်အားပင်သူတို့၌ရှိမနေချေ။

“ဟမ့်..မင်းတို့အားလုံးသေလိုက်ကြစမ်း”

ကောင်းကင်ထဲမှတစ်ဟုန်ထိုးကျဆင်း သွားသော မြင့်မြတ်အလင်းကြက်ခြေခတ်ဓားကိုကြည့်ပြီး မိုဖန်းချန်၏ မျက်နှာထက်က အေးစက်သောအပြုံးက ပို၍ပို၍ ပီပြင်ထင်ရှားလာ၏။

“ယိုမင်..လင်ယဲ့ဖုန်… အန်းချီနဲ့မြဲ့ထျန်း တို့နောက်ဆုံးတော့သေကြတော့မယ်.. အခုကစပြီး အလယ်ပိုင်းဒေသကြီးမှာ အလင်းတစ်ခုတည်းပဲရှိလိမ့်မယ်”

“ကံဆိုးတာက. သုံးရက်အတင်းမှာ ထျန်းယုက……”

“ဒါကအဆုံးသတ်တော့မှာလား”

ကံတရားဧကရာဇ်ဝူချမ်ရွှယ်က ကျင်းထျန်းယု၏ ဧရာမ မြင့်မြတ်အလင်းကြက်ခြေခတ်ဓားကြီး ကိုကြည့်၍ တီးတိုးရေရွတ်လိုက်သည်။

သူမ၏နှလုံးသားထဲတွင် မြင့်မြတ်အလင်းကြက်ခြေခတ်ဓား၏အောက်၌ ဤလူများသေဆုံးသွားခြင်းကို မစောင့်စားနိုင်ဖြစ်နေသည်။ သူတို့ကမသေသေးသော်လည်း သူမအနေဖြင့် တစ်စုံတစ်ခုဖြစ်ပျက်လာမှာကို ကြောက်မိသည်။

နတ်ဘုရား၏စွမ်းအားအား မည်သည့်အရာကမှ မခုခံနိုင်ဟု ဝူချမ်ရွှယ်ခံစားရသော်လည်း သူမ၏နှလုံးသားထဲ၌ ဝိရောဓိဖြစ်နေသည်။

“နတ်ဘုရားစွမ်းအား..နတ်ဘုရားစွမ်းအား..ဒါကနတ်ဘုရားစွမ်းအားပဲ..အကယ်၍ ငါ ကျင်းထျန်းယုကသာ ဒီလိုစွမ်းအားမျိုးကို အမြဲပိုင်ဆိုင်နိုင်ခဲ့မယ်ဆိုရင်…အဲ့တာက ဘယ်လောက်တောင်ကောင်းလိုက်မလဲ”

ကျင်းထျန်းယုမှာ သူကလက်ရှိစွမ်းအားကိုခံစားမိပြီး ယင်းက သုံးရက်သာခံမည်ဖြစ်သည်ကို သူတွေးမိလိုက်သည်။ သူ၏နှလုံးသားထဲ၌ခါးသီးမှု လက်သင့်မခံချင်မှုတို့ဖြင့်ပြည့်နှက်နေသည်။

“ဟမ်”

ဤအခိုက်အတန့်တွင် ရှစ်ဖုန့်၏အမူအယာကရုတ်တရက်ပြောင်းလဲသွားသည်။ သူ၏မျက်လုံးတို့က ကျဉ်းမြောင်းသွားပြီး သူ၏ဘယ်လက်သို့ကြည့်လိုက်၏။ ဧရာမကြက်ခြေခတ်ဓားကြီးပေါ်လာသည့်အခိုက်အတန့်တွင် ငွေရောင်ဓားအမှတ်အသားက စတင်တုန်ခါလာသည်ကိုသူခံစားမိလိုက်သည်။

ထို့နောက်ရှစ်ဖုန့်ဘာမှမပြုလုပ်နိုင်ခင် သူ၏ဘယ်လက်ပေါ်၌တောက်ပသောငွေရောင်အလင်းတစ်ခုလင်းလက်လာသည်။ ဧရာမငွေရောင်တံစဉ်ကြီးက သူ့အလိုလိုပေါ်လာခြင်းဖြစ်သည်။

ထို့နောက် ဧရာမငွေရောင်တံစဉ်ထံမှ ထူးခြားသော စွမ်းအားကြီးစွမ်းအားတစ်ခု ရုတ်ခြည်းမြင့်တက်လာသည်။

ငွေရောင်တံစဉ်မှစွမ်းအားကို ခံစားမိရင်း အမှောင်စီရင်စုမှလူတိုင်း၏ အမူအယာများကထပ်မံပြောင်းလဲသွားသည်။

“ဒါ..ဒါက”

“ဧကရာဇ်ရဲ့တံစဉ်ပဲ”

“ဒီစွမ်းအား..ဒီစွမ်းအားက.. ငါ့ကိုတောင်အားကောင်းတဲ့ဖိအားကိုပေးစွမ်းနိုင်တယ်. ဒီတံစဉ်မှာလည်း နတ်ဘုရားအဆင့်စွမ်းအားရှိနေတာလား”

“ဆရာ”

ရှစ်ဖုန့်၏မျက်နှာထက်၌လည်းသံသယ တို့ဖြင့်ပြည့်နှက်နေသည်။ ငွေရောင်တံစဉ်မှရုတ်တရက်မြင့်တက် လာသောစွမ်းအားက ကောင်းကင်ထက်မှကျင်းဆင်း လာသော ဧရာမမြင့်မြတ်အလင်းကြက်ခြေခတ်ဓားကဲ့သို့တူညီသော ခံစားချက်ကိုပေးစွမ်းနေ၏။

ဤအချိန်တွင်သူ့အနေဖြင့် ၎င်းအတွင်းစွမ်းအားကိုမထည့်သွင်းရသေးပေ။

ထိုအချိန်တွင် ငွေရောင်တံစဉ်က မည်သူ၏ထိန်းချုပ်မှုမှမပါဘဲ ရုတ်တရက်လှုပ်ရှားလိုက်သည်။ ၎င်းကကောင်းကင်ထဲသို့တည့်တည့်ထိုးတက်သွား၏။ ထို့နောက် ငွေရောင်တံစဉ်၏ ဘေးတွင် မှုံဝါးသောအရိပ်တစ်ခု ရုတ်ခြည်းပေါ်လာသည်။ ယင်းမှာ အနက်ရောင်အရိပ်က ကောင်းကင်းထဲသို့ထိုးတက်သွားသော ငွေရောင်တံစဉ်အားဆုပ်ကိုင်ထားသကဲ့သို့ဖြစ်သည်။

“ဒါက..အဲ့တာက ဘယ်သူ့အရိပ်လဲ”

“ဒီအသွင်အပြင်..ဒီပုံစံ ..ဒါက. ဒဏ္ဍာရီလာ ရှေးဟောင်းနတ်ဘုရားဖြစ်တဲ့ သေခြင်းနတ်ဘုရားပဲ”

“သေခြင်းနတ်ဘုရား ..သေခြင်းကောက်ရိတ်တံစဉ်”

“ငါအခွင့်အရေးကြုံကြိုက်လို့ရခဲ့တဲ့တံစဉ်က တကယ်ကို ဒဏ္ဍာရီလာ သေခြင်းကောက်ရိတ်တံစဉ်ဖြစ်နေတာပဲ”

အခြားသူများကဲ့သို့ ရှစ်ဖုန့်ကလည်းခေါင်းမော့၍ကောင်းကင်ထဲသို့ကြည့်လိုက်၏။ သူက ပေါ်လာသော မှုန်ဝါးသည့်အနက်ရောင်အရိပ်နှင့်၎င်းလက်ထဲကိုင်ထားသော သေခြင်းကောက်ရိတ်တံစဉ်တို့ကိုကြည့်လိုက်သည်။

“အဲ့အရိပ်က သေခြင်းနတ်ဘုရားရဲ့ ကိုယ်ပွားတစ်ခုဖြစ်လောက်တယ်.. အဲ့တာကကိုယ်ပွားတစ်ခုပေမဲ့ အဲ့သေခြင်းကောက်ရိတ်တံစဉ်ရဲ့စွမ်းအားက ကျင်းထျန်းယုထုတ်ဖော်တဲ့ မြင့်မြတ်အလင်းကြက်ခြေခတ်ဓားထက်မနိမ့်ကျဘူး”

“အလင်းနဲ့အမှောင်က ရှေးခေတ်အချိန်ကာလကတည်းကတိုက်ခိုက်နေကြတာလို့ပြောကြတယ်…အလင်းဘက်မှာ အလင်းနတ်ဘုရား..ကံတရားနတ်ဘုရားနဲ့ အသက်နတ်ဘုရားတို့ရှိကြပြီး အမှောင်ဘက်မှာ အမှောင်နတ်ဘုရား.. ပျက်စီးခြင်းနတ်ဘုရားနဲ့ သေခြင်းနတ်ဘုရားတို့ရှိကြတယ်”

ဒဏ္ဍာရီအားတွေးမိပြီး ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။ သေခြင်းနတ်ဘုရား၏ ကိုယ်ပွားက ကျင်းထျန်းယုထုတ်ဖော်သော နတ်ဘုရားအလင်းစွမ်းအားကြောင့် အသက်ဝင်ထွက်ပေါ်လာခြင်းဖြစ်မည်ဟုသူခန့်မှန်းလိုက်၏။

မည်သို့ပင်ဆိုစေကာမူ သေခြင်းနတ်ဘုရား၏ကိုယ်ပွားကကျိန်စာတစ်ခုမဟုတ်ဘဲ လက်ရှိအခြေအနေအတွက်ကောင်းချီးပေခြင်းပင်ဖြစ်သည်။

“ဒါ…ဒါက..တူညီတဲ့နတ်ဘုရား စွမ်းအား.ချီးပဲ.ချီးပဲ”

အလင်းဘက်ခြမ်းတွင် အလင်းဧကရာဇ်ကျင်းထျန်းယုက အမှောင်ဘက်ခြမ်းရှိ အနက်ရောင်အရိပ်နှင့် ငွေရောင်တံစဉ်တို့ကို စိုက်ကြည့်နေသည်။သူ၏မျက်နှာထက်တွင်ခက်ထန်သောအမူအယာတစ်ခုပေါ်လာ၏။

“တစ်ခုခုကတကယ်ကြီးဖြစ်ပျက်လာခဲ့ပြီ”

ကံတရားဧကရာဇ်ဝူချမ်ရွှယ်က အမှောင်ကောင်းကင်သို့ကြည့်လိုက်ပြီး သူမ၏ခေါင်းအားခါယမ်းကာ သက်ပြင်းချလိုက်သည်။

မူလကနတ်ဘုရားစွမ်းအားကိုမည်သူကမှမခုခံနိုင်ဟုထင်ခဲ့သော်လည်း သေခြင်းနတ်ဘုရား၏ကိုယ်ပွားနှင့် သေခြင်းကောက်ရိတ်တံစဉ်တို့က ပေါ်လာသည်။

ထို့နောက် အားလုံး၏ အကြည့်များအောက်၌ပင် အနက်ရောင်အရိပ်က သေခြင်းကောက်ရိတ်တံစဉ်အားလွှဲယမ်းပြီး ဧရာမမြင့်မြတ်အလင်းကြက်ခြေခတ်ဓားကိုခုတ်ပိုင်းလိုက်သည်။

“ဝုန်း”

ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ပြင်းထန်သောပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ နတ်ဘုရားစွမ်းအားနှစ်ခု ထိပ်တိုက်တွေ့မှုကြောင့်အာကာသဓာတ်တို့ပင် တုန်ခါလာ၏။ ဧရာမအနက်ရောင်တွင်းပေါက်တစ်ခု ထွက်ပေါ်လာပြီး အရာအားလုံးအားဝါးမျိုနိုင်သကဲ့သို့ အားကောင်းသောစုပ်ယူအားတစ်ခုကိုထုတ်လွှတ်လာသည်။

အနက်ရောင်အရိပ်က ငွေရောင်တံစဉ်အားကိုင်စွဲရင်း ဧရာမတွင်းနက်ကြီး၏ဝင်ပေါ်၌ ဝင့်ကြွားစွာရပ်နေသည်။ ခုတ်ပိုင်းပြီးနောက်သူ၏လှုပ်ရှားမှုကရပ်တန့်သွားသည်။ တွင်းနက်ကြီး၏ စွမ်းအားက မည်မျှပင်အားကောင်းပါစေ သူကဂရုမစိုက်ပေ။

ထို့နောက်သေခြင်းကောက်ရိတ်တံစဉ်၏ခုတ်ပိုင်းခံလိုက်ရသော မြင့်မြတ်အလင်းကြက်ခြေခတ်ဓားကြီး၏ အောက်ခြေ၌ များပြားသော ပင့်ကူအိမ်ကဲ့သို့အက်ကွဲကြောင်းများ ပေါ်လာပြီး ၎င်းတို့က ဆက်လက်၍အပေါ်သို့ပျံ့နှံ့သွားသည် ကိုလူများတွေ့လိုက်ရသည်။

“ငါ့..ငါ့စွမ်းအား…ငါ့ရဲ့အစွမ်းကုန်တိုက်ခိုက်မှုက.. ငါ့ရဲ့နတ်ဘုရားအဆင့်စွမ်းအားက တကယ်ကြီး…ဒီလိုမျိုးဖြိုခွင်းခံလိုက်ရတယ်”

ကျင်းထျန်းယုက အက်ကွဲကြောင်းများဖုံးလွှမ်းနေသော မြင့်မြတ်အလင်းကြက်ခြေခတ်ဓားထံသို့ကြည့်လိုက်သည်။ သူ၏မျက်နှာထက်တွင်လက်သင့် မခံနိုင်မှုများဖြင့်ပြည့်နှက်နေသည်။

ဤလူများအားသတ်ရန်အတွက် ကျင်းထျန်းယုက တန်ကြေးအဖြစ် သုံးရက်ကြာပြီးနောက်ဒုက္ခိတဖြစ်မည့် ဘဝကိုပေးဆပ်ခဲ့ရသည်။ သူကဘယ်လိုလုပ်ထိုအရာကို လက်သင့်ခံနိုင်ပါမည်နည်း။

ဤအချိန်တွင်ကျင်းထျန်းယု၏ မျက်နှာကပြောင်းလဲသွားသည်။သူက ကြမ်းကြုတ်ခက်ထန်‌သောအမူအယာတစ်ခုဖြစ်ပေါ်လာပြီး အော်ပြောလိုက်၏။

“ဟင့်အင်း..ဒါက သေခြင်းနတ်ဘုရားရဲ့ကိုယ်ပွားတစ်ခုပဲ.. ဒီနတ်ဘုရားကဒါကိုမယုံကြည်ဘူး.အလင်းနတ်ဘုရားစွမ်းအားကိုပိုင်ဆိုင်ထားတဲ့ ဒီနတ်ဘုရားကမင်းလိုကိုယ်ပွားတစ်ကောင်ကိုတောင် မကိုင်တွယ်နိုင်ဘူးတဲ့လား”

ထို့နောက်ကျင်းထျန်းယု၏ပုံရိပ်ကလှုပ်ရှားသွားပြီး သေခြင်းနတ်ဘုရားကိုယ်ပွားရှိရာ အမှောင်ထုကောင်းကင်သို့ဦးတည်လိုက်သည်။

သို့သော်တစ်ချိန်တည်းတွင် ကျင်းထျန်းယုက ရှစ်ဖုန့်အပါအဝင် ကျွမ်းကျင်သူ ဆယ့်သုံးယောက်ရှိရာအော်ဘက်သို့ သူ၏လက်ဖဝါးအားထပ်မံရိုက်ချလိုက်သည်။ သေခြင်းနတ်ဘုရားအားသူရင်ဆိုင်ချိန်တွင် ကျွမ်းကျင်သူဆယ့်သုံးယောက်အားအရင်သတ်ရမည့်အရေးကြီးဆုံးအရာကိုလည်းသူမမေ့ခဲ့ပေ။

၎င်းတို့အားလုံးသေဆုံးမှသာ သူအပြီးတိုင်းအေးချမ်းမှုရရှိမည်ဖြစ်သည်။

ဆက်ရန်…………

ဘာသာပြန်သူ-ARISE

All Chapters