← Chapters

အခန်း (၈၇၉)

Vol. 59 Ch. 879

အခန်း (၈၇၉)

Vol. 59 Ch. 879

မြောက်ပိုင်းဒေသကြီး၏ ထျန်းကျွင်းမြို့၌ဖြစ်သည်။

ဤအချိန်တွင် ကောင်းကင်နှင့်မြေကြီးကြားထဲ၌နှင်းဖြူရောင် အလင်းနှင့်ခရမ်းရောင်အလင်းတို့သာရှိ၏။ မီးပြင်းဖိုနှစ်လုံးက နေလုံးအသေးစားနှစ်ခုကဲ့သို့ အေးစက်ခြင်းနှင့်ပူပြင်းခြင်းအော်ရာတို့ကို ထုတ်လွှတ်ပြီး ကမ္ဘာကြီးအားထွန်းလင်းတောက်ပစေ၏။

ရှောင်းထျန်းရီနှင့် ကျွင်းမိုရှောင်းတို့က ဆီးလ်များကိုပုံဖော်လိုက်ကြပြီး သူတို့၏မီးပြင်းဖိုများထံသင်္ကေတဆီးလ်များကိုတစ်ခုပြီးတစ်ခုပို့လိုက်ကြ၏။

“ချွမ်..ချွမ်..ထန်..ချွမ်….ထန်..” “ချွမ်..ချွမ်..ထန်..ချွမ်….ထန်..”

ဖြည်းဖြည်းချင်း မီးပြင်းဖိုနှစ်ခုကလည်းစတင်တုန်ခါလာသည်။

အောက်ဘက်ရှိလူအုပ်ကြီးမှာ အသက်ကိုပင်အောင့်ထားကြပြီး စိတ်လှုပ်ရှားစွာဖြင့် အထွတ်အထိပ် အဂ္ဂရိတ်သန့်စင်ပညာရှင်နှစ်ဦးကြားထဲမှ ယှဉ်ပြိုင်ပွဲကိုစောင့်ကြည့်နေကြသည်။

အတိမ်းအစောင်းမခံသော အခိုက်အတန့်တစ်ခု ရောက်လာတော့မည်ဖြစ်သည်ကို သူတို့လည်းသိကြသည်ဖြစ်သည်။

“ဒီဆရာသခင်နှစ်ယောက်ရဲ့ မီးပြင်းဖိုထဲကနေ ဘယ်လိုအဆင့်ရှိတဲ့ ရွှမ်းလက်နက်မျိုးထွက်လာမလဲဆိုတာကို ငါသိချင်မိတယ်”

“နှစ်ယောက်လုံးက မဟာသူတော်စင်နယ်ပယ် အဂ္ဂရိတ်သန့်စင်ဆရာသခင်တွေကြီးပဲ.. အကယ်၍ သူတို့ရဲ့မီးပြင်းဖိုထဲနေထွက်လာနိုင်တယ်ဆိုရင် သေချာပေါက်အဲ့တာက မဟာသူတော်စင်နယ်ပယ် ရွှမ်းလက်နက်ပဲဖြစ်လိမ့်မယ်.. အဲ့တာက ကြယ်ဘယ်နှစ်ပွင့်ဖြစ်မလဲဆိုတာကိုတော့ငါလည်းမသိဘူး”

“ဒါကပိုပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းလာပြီ.. မဟာသူတော်စင်နယ်ပယ်ရွှမ်းလက်နက်.. မဟာသူတောင်စင်နယ်ပယ်ရွှမ်းလက်နက်.. အကယ်ငါ့ရဲ့လက်ထဲမှာသာ မဟာသူတော်စင်နယ်ပယ်ရွှမ်းလက်နက်တစ်ခုရှိနေရင် ကမ္ဘာပေါ်မှာ ဘယ်သူကများငါ့ရဲ့ယှဉ်ပြိုင်ဝံ့မှာတဲ့လဲ’

ဤအချိန်တွင်ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ဘန်း ဟူသောအသံတစ်ခုနှင့်အတူ မိုးချုန်းသံကဲ့သို့ပေါက်ကွဲသံတစ်ခုကထွက်ပေါ်လာသည်။ အားလုံးကသူတို့၏အကြည့်များကို ပေါက်ကွဲမှုဖြစ်ပေါ်ရာသို့ လှည့်လိုက်ကြသည်။ ထိုပေါက်ကွဲမှုက မဟာသူတော်စင်နယ်ပယ် အဂ္ဂရိတ်သန့်စင်ဆရာသခင် ကျွင်းမိုရှောင်း၏ မီးပြင်းဖိုထံမှလာခြင်းဖြစ်သည်။

“ဒါက မိုးချုန်းသံတစ်ခုပဲ. ဆရာသခင်ကျွင်းမိုရှောင်းရဲ့ ရွှမ်းလက်နက်က ပြီးပြည့်စုံသွားတာများဖြစ်နိုင်မလား..”

တစ်စုံတစ်ယောက်က လျှပ်စီးများဝင်းလက်တောက်ပနေသော ခရမ်းရောင်မီးပြင်းဖိုထံသို့ကြည့်၍ အံ့အားသင့်စွာရေရွတ်ပြောဆိုလိုက်သည်။

လုံးဝန်းသောကျောက်တိုင်လုံးကြီးပေါ်ရှိ ကျွင်းမိုရှောင်းက သွားပေါ်အောင်ပြုံးလိုက်သည်။ ဤတစ်ကြိမ်သူသန့်စင်ခဲ့သော ရွှမ်းလက်နက်နှင့်ပက်သက်၍ အလွန်စိတ်ကျေနပ်နေသည့်ပုံပေါ်၏။

ထို့နောက် ကျွင်းမိုရှောင်းက အော်ပြောလိုက်သည်။

“ပွင့်စမ်း”

ဘန်းဟူသောအသံတစ်ခုနှင့်အတူ ခရမ်းရောင်မီးပြင်းဖို၏အဖုံးက ကောင်းကင်ထဲသို့ ထိုးတက်သွားပြီး အကန့်သတ်မဲ့သောကောင်းကင်ပြာထံသို့ ပျံသန်းသွားသည်။

ထို့နောက်ခရမ်းရောင်မီးပြင်းဖိုထံမှ ခရမ်းရောင်အရာဝတ္ထုတစ်ခုက ဖြည်းညှင်းစွာမြင့်တက်လာသည်။ ၎င်းက ခရမ်းရောင်လှံတစ်ချောင်းပြီး လှံတစ်ခုလုံးက ခရမ်းရောင်ဖြစ်ကာ ၎င်းပေါ်တွင် ခရမ်းရောင်လျှပ်စီးမျှင်များက တစ်ဟုန်ထိုးစီးဆင်းနေသည်။

ခရမ်းရောင်လှံမှ မိုးကြိုးလျှပ်စီးတို့၏စွမ်းအားကြီးအော်ရာတစ်ခု ပေါ်ထွက်နေပြီး ၎င်းက မိုးကြိုးလျှပ်စီးတို့၏ ပြင်းထန်သောစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားသကဲ့သို့ဖြစ်သည်။

အထူးတန်းတစ်ခုပေါ်တွင် အဂ္ဂရိတ်သန့်စင်ဆရာသခင်ဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးက သူ၏ထိုင်ခုံမှ ရုတ်ခြည်းထရပ်လိုက်သည်။ သူ၏မျက်လုံးတို့က ခရမ်းရောင်မီးပြင်းဖိုမှ မြင့်တက်လာသော ခရမ်းရောင်လှံပေါ်ကျရောက်နေပြီး အံ့အားသင့်စွာ ရေရွတ်ပြောလိုက်သည်။

“ဒါ..ဒါက. ကြယ်ကိုးပွင့်မဟာသူတော်စင်နယ်ပယ် လျှပ်စီးဓာတ်အခြေပြု ရွှမ်းလက်နက်ပဲ.. ဆရာသခင်ကျွင်းမိုရှောင်းကတော့ ဆရာသခင်ကျွင်းမိုရှောင်းလို့ခေါ်ဖို့ထိုက်တန်ပါပေတယ်.. ဒီထူးခြားတဲ့တိုက်ပွဲဝင်လက်နက်က ထျန်းဟန်တိုက်ကြီးအတွင်းမှာသန့်စင်နိုင်တဲ့ စွမ်းအားအကြီးဆုံးလက်နက်လို့ပြောလို့ရတယ်”

“ဟုတ်ပြီကွ”

အထူးတန်း၏အလယ်ဗဟိုတွင် ခံ့ညားထည်ဝါသောမျက်နှာနှင့် ဖောင်းကြွဝတ်ရုံကိုဝတ်ဆင်ထားသောသက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ခရမ်းရောင်လှံအား မြင်တွေ့လိုက်ရသောအခါတွင် ရုတ်ခြည်းထရပ်လိုက်သည်။ သူ၏မျက်နှာထက်တွင်စိတ်လှုပ်ရှားပျော်ရွှင်မှုတို့ဖြင့်ပြည့်နှက်နေပြီး အော်ပြောလိုက်၏။

“တော်တယ်”

သူက ကျွင်းမိုရှောင်း၏အကိုဖြစ်ပြီး ထျန်းကျွင်းမြို့၏ အရှင်သခင်ဖြစ်သူ ကျွင်းထျန်းကွေ့ပင်ဖြစ်သည်။

သူ၏အမြွှာညီဖြစ်သူက တကယ်ကြီး ဤကဲ့သို့ ရွှမ်းလက်နက်တစ်ခုအား သွန်းလုပ်ခဲ့သည်ကို တွေ့ရသောအခါတွင် သူ၏မျက်နှာထက်၌ စိတ်လှုပ်ရှားပျော်ရွှင်မှုဝင့်ကြွားမှုတို့ဖြင့်ပြည့်နှက်နေသည်။

ဤအချိန်တွင် ကျွင်းမိုရှောင်းကလည်း သူ့ရှေ့ရှိ ခုံတန်းများဘက်မှသူ၏အကိုဖြစ်သူက ထရပ်လိုက်သည်ကို တွေ့လိုက်ရသည်။ သူကကျွင်းထျန်းကွေ့အား ဝင့်ကြွားစွာ ပြုံးပြလိုက်ပြီးပြောလိုက်သည်။

“ မင်းရဲ့လက်နက်ကို မင်းအမြဲစိတ်တိုင်းမကျဘူးဆိုတာကိုငါသိတယ်.. ဒီတစ်ကြိမ် ခရမ်းရောင်လှံက ငါမင်းအတွက်အထူးပြုလုပ်ပေးထားတာ.. အကိုကြီး.ဒီလှံကို မင်းနမည်ပေးနိုင်တယ်”

နောက်ဆုံးစကားအားပြောပြီးနောက် ကျွင်းမိုရှောင်းက သူ၏ညာလက်ကို ဖွင့်လိုက်ပြီး ခရမ်းရောင်လှံထံညွှန်ပြလိုက်သည်။

“ဟားဟားဟား..ဟားဟား”

ကျွင်းမိုရှောင်း၏ စကားအားကြားပြီးနောက် ကျွင်းထျန်းကွေ့က ဟက်ဟက်ပက်ပ်ရယ်မောပြီးပြောလိုက်သည်။

“ငါဒါကိုသဘောကျတယ်.. ဒီလှံက မင်းလုပ်ထားတာဆိုမှတော့ ..ဒီလှံကို မိုးကြိုးနတ်ဘုရားလှံလို့ခေါ်ကြတာပေါ့”

“အဂ္ဂရိတ်သန့်စင် ပြိုင်ပွဲရဲ့ရလဒ်က ဆုံးဖြတ်ပြီးတဲ့ပုံပဲ.. ဆရာသခင်ကျွင်းမိုရှောင်းက ကြယ်ကိုးပွင့်မဟာသူတော်စင်နယ်ပယ် ရွှမ်းလက်နက်ကိုသွန်းလုပ်နိုင်ခဲ့ရုံတင်မကဘူး. ဒီလှံက ဒီကမ္ဘာပေါက် အဂ္ဂရိတ်သန့်စင်ဆရာသခင်တွေအတွက် အထွတ်အထိပ်လို့တောင်ပြောလို့ရတယ်.. အဲ့တာထက်ပိုတာကဆရာသခင်ရှောင်းထျန်းရီထက်ပိုစောပြီး ပြုလုပ်နိုင်ခဲ့တာပဲ”

“ဟုတ်တယ်. အကယ်၍ ဆရာသခင်ရှောင်းထျန်းရီက ကြယ်ကိုးပွင့်မဟာသူတော်စင်နယ်ပယ်အဆင့်ရွှမ်းလက်နက်ကိုသွန်းလုပ်နိုင်ခဲ့ရင်တောင် အချိန်အရ ဆရာသခင်ကျွင်းမိုရှောင်းကိုရှုံးနိမ့်နေပြီးပြီ”

“ဆရာသခင်ကျွင်းမိုရှောင်းကိုအချိန်အရရှုံးနိမ်ရင်တောင် ဆရာသခင်ရှောင်းထျန်းရီရဲ့ လက်နက်က လည်း ဆိုးမှာတော့မဟုတ်ဘူး”

“ရှောင်းထျန်းရီ”

ဤအချိန်တွင် ကျွင်းမိုရှောင်းက သူ့ရှေ့ရှိတိုင်လုံးပေါ်မှ ရှောင်းထျန်ရီကိုကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းထေင့်က တွန့်ကွေးသွားပြီး ပြည်တည်တည်အပြုံးတစ်ခုဖြစ်ပေါ်လာသည်။

အခြားတစ်ဖက်ရှိတိုင်လုံပေါ်တွင် ရှောင်းထျန်းရီ၏မျက်နှာကအေးစက်နေသည်။ သူကကျွင်းမိုရှောင်းသွန်းလုပ်ခဲ့သော ကြယ်ကိုးပွင့်မဟာသူတော်စင်နယ်ပယ် လျှပ်စီးဓာတ်အခြေပြု ရွှမ်းလက်နက်ကိုဂရုစိုက်ပုံမရပေ။

“ဝုန်း”

ဤအချိန်တွင် ရုတ်တရက်ကြည်လင်သောကောင်းကင်ထဲ၌ မိုးချုန်းသံတစ်ခုထွက်ပေါ်လာသည်။ သိပ်သည်းသောခရမ်းရောင် လျှပ်စီးကြောင်းကြီးတစ်ခုပေါ်လာ၏။

ကြည်လင်သောကောင်းကင်၌ မိုးကြိုးလျှပ်စီးများဖြစ်ပေါ်လာ၏။ ထို့နောက်လိုက်ပါ၍အဂ္ဂရိတ်သန့်စင်ပြိုင်ပွဲ အားကြည့်နေကြသော ကြည့်ရှုသူများမှာ သူတို့၏ အမူအယာမျက်နှာထားများ သိသိသာသာပြောင်းလဲကုန်သည်။ သူတို့ကအံ့အားသင့်စွာရေရွတ်ပြောလိုက်ကြသည်။

“ဘာတွေဖြစ်နေတာလဲ. ဘာလို့ကြည်လင်နေတဲ့ကောင်းကင်မှာ မိုးကြိုးလျှပ်စီးတွေပေါ်လာတာလဲ.. ဖြစ်နိုင်တာ ဆရာသခင်ကျွင်းမိုရှောင်းရဲ့ ခရမ်းရောင်မိုးကြိုးနတ်ဘုရားလှံက ကောင်းကင်နဲ့မြေကြီးရဲ့ မိုးကြိုးလျှပ်စီးကို ဆင့်ခေါ်နိုင်တာလား”

“ဒါက.အကယ်၍ ကောင်းကင်နဲ့မြေကြီးရဲ့ မိုးကြိုးနဲ့လျှပ်စီးကိုသာဆင့်ခေါ်နိုင်တယ်ဆိုရင် ဒါကအရမ်းစွမ်းအားကြီးလွန်းတယ်.. ဆရာသခင်ရှောင်းထျန်းရီက ဆရာသခင်ကျွင်းမိုရှောင်းနဲ့ဘယ်လိုယှဉ်ပြိုင်နိုင်တော့မှာလဲ”

“ဟင့်အင်း.မဟုတ်ဘူး..ဒါက.ကျွင်းမိုရှောင်းရဲ့ မိုးကြိုးနတ်ဘုရားလှံမဟုတ်ဘူး”

ဤအချိန်တွင် ထျန်းကျွင်းမြို့အရှင်သခင် ကျွင်းထျန်းကွေ့က ကောင်းကင်ထဲရှိ ခရမ်းရောင်မိုးကြိုးတို့ကိုကြည့်လိုက်သည်။ သူ၏အမူအယာကသိသိသာသာပြောင်းလဲနေပြီး လွန်စွာ တုန်လှုပ်အံ့အားသင့်သောအမူအယာတစ်ခုဖြစ်ပေါ်နေသည်။

“ဒါက.. ဒါကဘယ်လိုဖြစ်နိုင်မှာလဲ.. ရှောင်းထျန်းရီ..ဖြစ်နိုင်တာသူက…..”

ကျွင်းမိုရှောင်းက လွန်စွာတုန်လှုပ်အံ့အားသင့်သောအမူအယာဖြင့် ကြည်လင်သောကောင်းကင်ထဲရှိ ခရမ်းရောင်မိုးကြိုးတို့ကိုကြည့်လိုက်သည်။သူကခေါင်းကိုငုံ့လိုက်ပြီး ရှောင်းထျန်းရီနှင့်၎င်း၏မီးပြင်းဖိုကိုကြည့်လိုက်သည်။ သူ၏မျက်နှာထက်၌ တုန်လှုပ်အံ့အားသင့်မှုတို့ဖြင့်ပြည့်နှက်နေသည်။

“ပွင့်စမ်း”

ဤအချိန်တွင် ရှောင်းထျန်းရီက နက်ရှိုင်းသောအသံဖြင့်အော်ပြောလိုက်ပြီး နှင်းဖြူ‌ရောင်မီးပြင်းဖိုအဖုံးက ရုတ်ခြည်းကောင်းကင်ထဲသို့ပျံတက်သွားသည်။ တစ်ချိန်တည်းတွင် ကြည်လင်သောကောင်းကင်ထဲရှိ ပြင်းထန်သောမိုးကြိုးများက ကြမ်းကြုတ်သော လျှပ်စီးနဂါးတစ်ကောင်ကဲ့သို့ ရုတ်ခြည်းဆင်းသက်လာသည်။

မီးပြင်းဖိုမှ နှင်းဖြူရောင်ဓားရှည်တစ်လက် ဖြည်းညှင်းစွာမြင့်တက်လာသည်။ ဆင်းသက်လာသော ခရမ်းရောင် မိုးကြိုးများက နှင်းဖြူရောင်ဓားအား အဆက်မပြတ်ထိမှန်ပြီး ၎င်းအားလုံးဝလွှမ်းခြုံသွားသည်။

“ဒါ..ဒါက”

“ဖြစ်နိုင်တာ..ဖြစ်နိုင်တာက…”

အားလုံးကဤမြင်ကွင်းအား အလွန်အံ့အားသင့်စွာမြင်နေကြသည်။ သူတို့၏မျက်နှာထက်ရှိ အမူအယာများက ကြက်သေသေနေကြသည်မှဦ ကြာပြီဖြစ်သည်။ ၎င်းကအရမ်းကိုစိတ်ပါဝင်စားနေကြခြင်းဖြစ်၏။

ကျဆင်းထိမှန်လာသောခရမ်းရောင် မိုးကြိုးများမှာ လျှင်မြန်စွာလာပြီးပြန်လည်ပျောက်ကွယ်သွားသည်။ အလွန်ကြီးမားစူးရှသော ခရမ်းရောင်အလင်းကြီးမှေးမှိန်ပျောက်ကွယ်သွားချိန်တွင် နှင်းဖြူရောင်မီးပြင်းဖိုမှ မြင့်တက်လာသော နှင်းဖြူရောင်ဓားရှည်မှာ လူတိုင်း၏မြင်ကွင်း၌ နောက်တစ်ကြိမ်ပြန်ပေါ်လာသည်။

နှင်းဖြူရောင်အလင်းက ကောင်းကင်၌ထွန်းလင်းနေပြီး ခရမ်းရောင်လှံမှထုတ်လွှတ်သော ခရမ်းရောင်အလင်းကို ရုတ်ခြည်းဖုံးလွှမ်းသွားသည်။ ရှောင်းထျန်းရီနှင့် နှင်းဖြူရောင်ဓားရှည်တို့ သံသယဖြစ်ဖွယ်မရှိ ဤကမ္ဘာ၏ အဓိကဇတ်ကောင်များဖြစ်လာသည်။

“မိုးကြိုးကပ်ဘေး ..ခုဏက ခရမ်းရောင်မိုးကြိုးက ..အဲ့တာက တကယ်ကြီးဒဏ္ဍာရီလာ မိုးကြိုးကပ်ဘေးပဲ.. ငါအရမ်းကံကောင်းစွာနဲ့ငါ့ဘဝမှာဒဏ္ဍာရီလာ မိုးကြိုးကပ်ဘေးကို မြင်လိုက်ရပြီ… ဒီကမ္ဘာမှာ ဧကရာဇ်နယ်ကယ် လက်နက်တစ်ခုမွေးဖွားလာတာကို ငါမြင်တွေ့ခဲ့ရပြီ…ဆရာသခင်ရှောင်း…က ဆရာသခင်ရှောင်းပါပဲလား… သူ..သူ့ရဲ့ အဂ္ဂရိတ်သန့်စင်တာအိုက တကယ်ကြီးဒဏ္ဍာရီလာ အဆင့်ကိုး ဧကရာဇ်နယ်ပယ်ကိုရောက်နေခဲ့ပြီ…”

ပွဲကြည့်စဉ်ဘက်မှ အဂ္ဂရိတ်သန့်စင်ဆရာသခင်ဝတ်ရုံကိုဝတ်ဆင်ထားသော အဘိုးအိုက နှင်းဖြူရောင်တောက်ပနေသော ဓားရှည်ကိုကြည့်ပြီး သူ၏မျက်နှာထက်၌ အလွန်အံ့အားသင့်မှု၊တုန်လှုပ်မှု ၊စိတ်လှုပ်ရှားပျော်ရွှင်မှုတို့ဖြင့်ပြည့်နှက်နေကာ ပြောလိုက်သည်။

ဆက်ရန်…………

ဘာသာပြန်သူ-ARISE

All Chapters