← Chapters

အခန်း (၈၈၀)

Vol. 59 Ch. 880

အခန်း (၈၈၀)

Vol. 59 Ch. 880

“အဆင့်ကိုး ဧကရာဇ်နယ်ပယ် အဂ္ဂရိတ်သန့်စင်သူ… ကမ္ဘာပေါ်မှာ တကယ်ကြီး အဆင့်ကိုး ဧကရာဇ်နယ်ပယ် အဂ္ဂရိတ်သန့်စင်သူတစ်ဦးပေါ်လာခဲ့ပြီ”

“ဆရာရှောင်း.. အဆင့်ကိုး ဧကရာဇ်နယ်ပယ် အဂ္ဂရိတ်သန့်စင်သူ .အဲ့တာကသူပဲ.. အငြင်းပွားဖွယ်မရှိ သူက ကမ္ဘာ့နံပါတ်တစ် အဂ္ဂရိတ်သန့်စင်ဆရာသခင်ပဲ”

ရုတ်ခြည်း မူလက တိတ်ဆိတ်နေသောထျန်းကျွင်းမြို့မှာ အုတ်အော်သောင်းနင်းဖြစ်လာသည်။

ယင်းမှာ ရှောင်းထျန်းရီက သူ၏ ပြိုင်ဘက်ကင်းပညာရပ်ကို ပြသပြီး ဧကရာဇ်နယ်ပယ်ရွှမ်းလက်နက်တစ်ခုအားသန့်စင်ခဲ့သောကြောင့်မှလွဲ၍အခြားမဟုတ်ပေ။

မြင့်မားသောတိုင်လုံးထိပ်ဖျားပေါ်ရှိ အဖြူရောင်ပုံရိပ်မှာ ဤကမ္ဘာရှိ အာရုံစူးစိုက်ရာအဖြစ် သံသယဖြစ်ဖွယ်မရှီဖြစ်လာသည်။

“ငါရှုံးသွားပြီ”

ဤအချိန်တွင် တိုင်လုံးပေါ်ရှိ မဟာသူတော်စင်နယ်ပယ် အဂ္ဂရိတ်သန့်စင်သူ ကျွင်းမိုရှောင်းက လေးစားကြည်ညိုသော အမူအယာတစ်ခုကို ပြသလာပြီး သူ့ရှေ့ရှိ ရှောင်းထျန်းရီကိုပြောလိုက်သည်။

ထို့နောက်ကျွင်းမိုရှောင်းက ဆက်ပြော၏။

“ကျုပ်..ကျွင်းမိုရှောင်းက ကျုပ်ရဲ့အရှုံးကို စိတ်ပါလက်ပါလက်ခံပါတယ်.. သင်..ရှောင်းထျန်းရီက အငြင်းပွားဖွယ်မရှိ ကမ္ဘာပေါ်က နံပါတ်တစ် အဂ္ဂရိတ်သန့်စင်ကျွမ်းကျင်သူပါ”

“ငါ့ကိုအနိုင်ပေးလို့ကျေးဇူးတင်ပါတယ်”

ရှောင်းထျန်းရီ၏အမူအယာကခြားနားမှုမရှိဘဲ သူ့ရှေ့ရှိ ကျွင်းမိုရှောင်းကို စိုက်ကြည့်ပြီးပြောလိုက်သည်။

ထို့နောက် ရှောင်းထျန်းရီက သူ၏ညာလက်ကိုဆန့်ထုတ်လိုက်ပြီး ဧကရာဇ်နယ်ပယ်နှင်းဖြူဓားကိုသူ၏လက်ဝါးပေါ်၌လွင့်မျောရပ်တည်စေ၏။ သူ၏ဘယ်လက်မှလက်ချောင်းဖြင့် ၎င်းအားတောက်လိုက်သည်။

“ထန်”

ကြွပ်ဆပ်သောအသံတစ်ခုထွက်ပေါ်လာသည်။ ရှောင်းထျန်းရီ၏လက်ချောင်းတောက်မှုနှင့်အတူ ထွန်းလင်းနေသော နှင်းဖြူရောင်အလင်းမှာ ရုတ်ခြည်းမှေးမှိန်ပျောက်ကွယ်သွားသည်။

ထို့နောက် နှင်းဖြူရောင်မီးပြင်းဖိုနှင့်နှင်းဖြူရောင်ဓားရှည်တို့က ရှောင်းထျန်းရီ၏ သိုလှောင်လက်စွပ်အတွင်းဝင်ရောက်သွား၏။

ဤအရာအားလုံးအားပြုလုပ်ပြီးနောက် ရှောင်းထျန်းရီက သူ့ရှေ့ရှိ ကျွင်းမိုရှောင်းအားလေးစားစွာလက်သီးဆုပ်လိုက်ပြီး ပြောလိုက်သည်။

“ ဒီယှဉ်ပြိုင်မှုကပြီးဆုံးသွားပြီမို့ ကျုပ်ကိုသွားခွင့်ပြုပါအုံး”

“အကိုရှောင်း.. သွားတော့မလို့လား..ဖြစ်နိုင်ရင်.. အကိုရှောင်းထျန်းကျွင်းမြို့မှာ ရက်အနည်းငယ်လောက်နေပြီး ကျုပ်ကို အဂ္ဂရိတ်သန့်စင်ပညာရပ်အပေါ်မှာ လမ်းညွှန်မှုအချို့ပေးဖို့မျှော်လင့်ပါတယ်..”

ရှောင်းထျန်းရီထွက်သွားတော့မည်ကိုကြားပြီးနောက် ကျွင်းမိုရှောင်းက အလျှင်အမြန် ပြောလိုက်သည်။

“ကျုပ်လမ်းညွှန်မှုမပေးရဲပါဘူး.. အကယ်၍ အနာဂတ်မှာ ကျုပ်တို့တွေ့ဆုံခဲ့ရင် ကျုပ်တို့ပိုပြီးဆွေးနွေးနိုင်ပါတယ်…ကျုပ်မှာတကယ်လုပ်လို့လိုအပ်တဲ့ကိစ္စရှိနေလို့ ဒီမှာထပ်ပြီးနေလို့မရတော့လို့ပါ”

ရှောင်းထျန်းရီကပြောလိုက်သည်။

ရှောင်းထျန်းရီက စကားပြောပြီးနောက် သူ၏ပုံရိပ်က လေထဲမျောလွင့်သွားပြီး ကောင်းကင်ထဲသို့ပျံတက်လိုက်သည်။

ရှောင်းထျန်းရီက သူ၏ တစ်ဘဝလုံးအဂ္ဂရိတ်သန့်စင်ခြင်း၌ မြှုပ်နှံထားသူဖြစ်ပြီး သိုင်းနယ်ပယ်အားလုံးဝမကျင့်ကြံဖူးပေ။ သို့သော်သူက ငရဲဘုံကိုးခု ဧကရာဇ် ကိုယ်တိုင် သင်ကြားပေးသော ဝိညာဉ်ပညာရပ်ကိုကျင့်ကြံသူဖြစ်သည်ကို အားလုံးကသိကြသည်ဖြစ်သည်။ သူ၏ဝိညာဉ်စွမ်းအားကလည်း အထွတ်အထိပ် ပြီးပြည့်စုံသည့်အခြေအနေသို့ရောက်ရှိနေပြီဖြစ်သည်။ ပင်ကိုယ်အားဖြင့် လေအားထိုးခွင်းပြီးပျံသန်းရန်မှာ သူ့အတွက်ပြဿနာမဟုတ်ပေ။

“ဆရာသခင်ရှောင်း.. ကျေးဇူးပြုပြီးစောင့်ပါအုံး”

ဤအချိန်တွင် အထူးပွဲကြည့်စင်ခုံတန်းဘက်မှ ရွှေရောင်ဝတ်ရုံနှင့် လူတစ်ဦးက အော်ပြောလိုက်သည်။

“ဟမ်”

လေထဲ လွင့်မျောနေသော ရှောင်းထျန်းရီက ရုတ်တရပ် ရပ်တန့်လိုက်သည်။ သူက ငုံ့ပြီး ထိုလူကိုစိုက်ကြည့်လိုက်၏။

သူ့အားခေါ်လိုက်သောသူက ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူကရွှေရောင်ချီလင်ဝတ်ရုံကိုဝတ်ဆင်ထားပြီးခံ့ညားသော မျက်နှာကိုပိုင်ဆိုင်ထားသည်။ သူက ခမ်းနားထည်ဝါသော အော်ရာတစ်ခုကို ဒေါသထွက်ခြင်းမရှိဘဲ ပေးစွမ်းနေသည်။ တစ်ချက်ကြည့်ရုံဖြင့် သူ့၌ထူးခြားသောအဆင့်အတန်းတစ်ခုရှိသည်ကိုပြောနိုင်သည်ဖြစ်သည်။

အလွန်လျှင်မြန်စွာဖြင့်များစွာသောလူများက သူ့အားမှတ်မိသွားကြသည်။ ဤလူက တောင်ပိုင်းဒေသကြီးမှ နောက်ထပ် မြို့ကြီးတစ်မြို့၏အရှင်သခင်ဖြစ်သော ကျင်းလင်းမြို့အရှင်သခင် လင်းဟောက်ဖြစ်သည်။

“ကျင်းလင်းမြို့အရှင်သခင် ဘာလို့ကျုပ်ကိုတားရတာလဲ”

ရှောင်းထျန်းရီကမေးလိုက်သည်။

ကမ္ဘာနံပါတ်တစ် အဂ္ဂရိတ်သန့်စင်သူ၏ရှေ့တွင် လင်းဟောက်၏ အဆင့်အတန်းက ထင်ပေါ်ကျော်စောလင့်ကစား သူ၏ ကိုယ်ဟန်ကို နှိမ့်ချထားဆဲဖြစ်ပြီး ပြောလိုက်သည်။

“ဆရာသခင်ရှောင်း.. ဒီလူမှာ က သင့်တော်တဲ့လက်နက်တစ်ခု ချို့တဲ့မှုဖြစ်နေလို့ပါ.. သင့်အနေနဲ့ ခုဏကသန့်စင်ခဲ့တဲ့ ဧကရာဇ်နယ်ပယ်လက်နက်ကို ကျုပ်နဲ့များအလဲအလှယ်ပြုလုပ်ပေးနိုင်မလား.. ဒီလူကျုပ်တို့မိသားစုရဲ့ဘိုးစဉ်ဘောင်ဆက်အမွေပစ္စည်းဖြစ်တဲ့ ရွှေရောင်ကျောက်မြတ်အကြေးခွံကို အဲ့တာနဲ့လဲလှယ်ချင်ပါတယ်”

လင်းဟောကင်က ပြောနေရင်း လက်သီးဆုပ်အရွယ်ရှိသော ရွှေရောင်ကျောက်မြတ်အကြေးခွံကို သူ၏သိုလှောင်လက်စွပ်အတွင်းမှထုတ်ယူလိုက်၏။ ရွှေရောင်ကျောက်မြတ်အကြေးခွံပေါ်လာသည်နှင့် ရုတ်ခြည်း မျက်စိကျိန်းလောက်စရာကောင်းသော ရွှေရောင်အလင်းကို ထုတ်လွှတ်လာသည်။

“ရွှေရောင်ကျောက်မြတ်အကြေးခွံ..ဒါက တကယ့်ကို မျိုးဆက်အဆက်ဆက်လက်ဆင့်ကမ်း အမွေပေးလာခဲ့တဲ့ ရွှေရောင်ကျောက်မြတ်အကြေးခွံပဲ.. ကောလဟာလတွေအရ ရွှေရောင်ကျောက်မြတ်အကြေးခွံမှာ ရှေးခေတ်အချိန်ကာလက နတ်ဘုရားသားရဲရဲ့ အစစ်အမှန်သွေးတစက်ပါတယ်လို့ပြောကြတယ်.. အဲ့တာကနတ်ဘုရားသားရဲ ရွှေရောင်ကီရန်ရဲ့ ပုံရိပ်ရောင်ကို ပြသနိုင်တယ်တဲ့.. ရွှေရောင်ကီရန်ပုံရိပ်ရောင်ရဲ့ တိုက်ခိုက်ရေးစွမ်းအားကကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်ကိုရောက်ရှိနေပြီလို့ဆိုတယ်”

“ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ် ရွှမ်းလက်နက်ကို ရွှေရောင်ကျောက်မြတ်အကြေးခွံနဲ့ လဲလှယ်တာက ဆရာသခင်ရှောင်းအတွက် အရှုံးမဟုတ်ဘူး”

“ခဏလေးနေပါအုံး”

လင်းဟောက်က ရွှေရောင်ကျောက်မြတ်အကြေးခွံကို ထုတ်ယူလိုက်ပြီးနောက် အထူးပွဲကြည့်စင်တန်းမှ တူညီသောအော်သံတစ်ခုထွက်ပေါ်လာသည်။ ထို့နောက် နောက်ထပ်ထူးခြားသောအဆင့်အတန်းကိုပိုင်ဆိုင်ထားသည့်နောက်ထပ်လူတစ်ဦးကလည်း ထရပ်လာသည်။

“ဆရာသခင်ရှောင်း..ကျုပ်မှာ ကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ် တိုက်ပွဲဝင်ဆေဘာတစ်လက်ရှိတယ်..ဒါပေမဲ့ကျုပ်ကအမြဲတမ်းဓားတွေကိုအသုံးပြုရာမှာကျွမ်းကျင်တာမို့ .. ဒီဆေဘာကို ဆရာသခင်ရှောင်းအတွက် လဲလှယ်ချင်ပါတယ်”

ထို့နောက် ထိုလူက မီးများတောက်လောင်နေသည့် မီးတောက်ဆေဘာတစ်လက်ကို ထုတ်ယူလိုက်၏။ ၎င်းက မီးဓာတ်အခြေပြု ကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ်လက်နက်ဖြစ်သည်။

သို့သော် ဒုတိယလူက ရှောင်းထျန်းရီနှင့်လဲလှယ်ရန် ကြယ်နှစ်ပွင့်ဧကရာဇ်နယ်ပယ်လက်နက်ကိုထုတ်ယူလိုက်သကဲ့သို့ နောက်ထပ်ပုံရိပ်သုံးခုကလည်း အထူးပွဲကြည့်စင်မှ ထပ်ရပ်လာသည်။

“ဆရာရှောင်း …ကျုပ်ရဲ့ဒီရတနာကိုကြည့်လိုက်ပါ.. ကျုပ်ကလည်းဆရာရှောင်းရဲ့ရွှမ်းလက်နက်အတွက်ဒါနဲ့ လဲလှယ်ချင်ပါတယ်”

“ဆရာရှောင်း..ဒီပြိုင်ဘက်ကင်းကျင့်ကြံခြင်းပညာရပ်က ကျုပ်မိသားစုက လက်ဆင့်ကမ်းလာခဲ့တဲ့ပညာရပ်ပါ.. ဒါနဲ့ ဆရာရှောင်းရဲ့ရွှမ်းလက်နက်ကို လဲလှယ်ရင်ရောဘယ်လိုသဘောရပါသလဲ”

“ဆရာရှောင်း…”

အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ကာ လေထဲ၌တဖျပ်ဖျပ်လူးလွန့်‌နေသောဆံပင်တို့နှင့် လေထုအတွင်းဝင့်ကြွားစွာရပ်နေသာ ချောမောသော ရှောင်းထျန်းရီက အထူးပွဲကြည့်စင်မှ ရတနားများထုတ်ယူလာသောလူငါးယောက်ကိုကြည့်လိုက်သည်။ သူက ဖြည်းညှင်းစွာပြောလိုက်၏။

“အားလုံးကို ကျုပ်တောင်းပန်ပါရစေ.. အခု ကျုပ်ဆရာ ယိုမင် ပြန်လည်မွေးဖွားလာတာကို ကမ္ဘာကြီးတစ်ခုလုံးသိနေကြပြီ.. ဒီဧကရာဇ်နယ်ပယ်ဓားရှည်ကို ဒီရှောင်းက ဆရာ့အတွက်သွန်းလုပ်ခဲ့တာပါ.. ခင်ဗျားတို့နဲ့ အလဲအလှယ်မပြုလုပ်နိုင်လို့ ကျုပ်ကိုခွင့်လွှတ်ပေးပါ.. ကျုပ်ကို ခင်ဗျားတို့ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”

“ဒါဆို ဒီရွှမ်းလက်နက်ကို ဆရာသခင်ရှောင်းက ငရဲဘုံကိုးခု ဧကရာဇ်အတွက် သွန်းလုပ်ခဲ့တာပေါ့”

“ငရဲဘုံကိုးခု ဧကရာဇ်က ပြန်လည်မွေးဖွားလာခဲ့ပြီ.. သူက သင့်တော်တဲ့လက်နက်တစ်ခုကင်းမဲ့နေမယ်ဆိုတာ သေချာတယ်”

“ဒီလက်နက်ကို ဆရာသခင်ရှောင်းက ငရဲဘုံကိုးခု ဧကရာဇ်အတွက် သွန်းလုပ်ခဲ့တယ်ဆိုမှတော့ ကျုပ်တို့က အတင်းအကျပ် မပြောတော့ပါဘူး.. ဒါပေမဲ့ အနာဂတ်မှာ ဆရာသခင်ရှောင်းက ရွှမ်းလက်နက်ကို သွန်းလုပ်တယ်ဆိုရင် ကျုပ်တို့ကို သတင်းပေးပေးပါ”

ရှောင်းထျန်းရီ က ဧကရာဇ်နယ်ပယ်နှင်းဖြူရောင်ဓားရှည်အားသူ၏ဆရာဖြစ်သူ ငရဲဘုံကိုးခု ဧကရာဇ်အတွက်သွန်းလုပ်ခဲ့သည်ဟု ကြားသောအခါတွင် သူတို့၏မျက်နှာထက်၌ သဘောက်ပေါက်ဟန်များဖြစ်ပေါ်လာပြီး ဘာမှတစ်ခြားမပြောကြတော့ပေ။

“ဒါဆို ဒီရှောင်း သွားပါတော့မယ်”

ရှောင်းထျန်းရီက ထပ်မံပြောလိုက်သည်။ ဤစကားများအားပြောပြီးနောက် သူထပ်ပြီးမနေတော့ချေ။ သူ၏အဖြူရောင်ပုံရိပ်က အကန့်သတ်မဲ့ဟင်းလင်းပြင်အတွင်း ဆက်လက်မျောလွင့်သွားပြီး ဖြည်းဖြည်းချင်းလူများ၏မြင်ကွင်းမှ ပျောက်ကွယ်သွား၏။

သို့သော်ရှောင်းထျန်းရီတစ်ယောက် ထွက်ခွာသွားသော်လည်း သူ၏ ခံ့ညာသော ဟန်ပန်အသွင်အပြင် ၊သူ၏ဧကရာဇ်နယ်ပယ်လက်နက်နှင့် သူ ၏ အဂ္ဂရိတ်သန့်စင်နည်းစနစ်တို့က အားလုံး၏စိတ်ထဲ၌ပေါ်နေဆဲဖြစ်ပြီး အချိန်တော်တော်ကြာအထိ မေ့နိုင်ကြလိမ့်မည်မဟုတ်ပေ။

အလယ်ပိုင်းဒေသကြီး အလင်းနှင့်အမှောင်ဆုံရာနယ်စပ်မျဉ်းတွင် ပြင်းထန်သော တိုက်ပွဲတစ်ခုက ဆက်လက်နေရာယူထားဆဲဖြစ်သည်။

ဤနေရာ၌ အသက်များက ဆက်လက် ဆုံးပါးနေကြဆဲဖြစ်၏။ စိတ်မချမ်းမြေ့ဖွယ်အော်ဟစ်မြည်တမ်းသံများကလည်း ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ပဲ့တင်ထပ်နေသည်။

တောက်ပနီရဲသောသွေးများကလည်း အဆက်မပြတ် ဖြန်းပက်နေသည်။ အချို့ က အမှောင်စီရင်စုမှ စစ်သည်များနှင့်ဆက်နွယ်နေသော်လည်း အများစုက အထွတ်အထိပ် ဧကရာဇ်နယ်ပယ်တစ်ယောက်မှမရှိ တော့သော အလင်းစီရင်စုစစ်တပ်မှဖြစ်သည်။

အလင်းစစ်တပ်ဘက်၌ အထွတ်အထိပ် ဧကရာဇ်နယ်ပယ် တစ်ယောက်မှမရှိတော့ရုံသာမက ကျင်းထျန်းယုကသေဆုံးသွားပြီး မိုဖန်းချန်နှင့် ဝူချမ်ရွှယ်တို့က ထွက်ပြေးသွားကြသည်။ ၎င်းတို့၏ စိတ်ဓာတ်များက ထိုးကျနေပြီး ဆက်လက်တိုက်ခိုက်လိုစိတ်ပင်ရှိ မနေတော့ပေ။

ရှစ်ဖုန့်က အလင်းနှင့်အမှောင် မျဉ်း၌ ဝင့်ကြွားစွာ ရပ်နေသည်။ ငရဲဘုံကိုးခုပညာရပ်ကိုလည်း အဆက်မပြတ်လှည့်ပတ်နေ၏။သူကသေခြင်းစွမ်းအင်စီးကြောင်းများကို အဆက်မပြတ်စုပ်ယူနေသည်။ သူ့ခန္ဓာကိုယ်၏စုပ်ယူအားအောက်တွင် သေခြင်းစွမ်းအင်၊သွေးနှင့် ဝိညာဉ်များအား သူကဝါးမျိုနေသည်။

ဤအချိန်တွင် နှစ်သန်းခန့်ရှိသော အလင်းစီရင်စု စစ်သည်များ၏ ဝိညာဉ်များကိုဝါးမျိုပြီးနောက် ရှစ်ဖုန့်၏ဝိညာဉ်စွမ်းအားက မူလက ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်မှ ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်သွားပြီးဖြစ်သည်။

လူများပို၍ပို၍သေဆုံးလာသကဲ့သို့ ရှစ်ဖုန့်ကလည်း နည်းနည်းချင်းပို၍ပို၍သန်မာလာကာ သူ၏ယခင်ဘဝထွတ်အထိပ်သို့ ဖြည်းဖြည်းချင်း တက်လှမ်းနေသည်။

ဆက်ရန်………

ဘာသာပြန်သူ-ARISE

All Chapters