အခန်း (၈၈၁)
Vol. 59 Ch. 881
ခါးသီးသော တိုက်ပွဲအတွင်းတွင် အသက်များက မသနားမညှာတာ ရက်ရက်စက်စက်ဆုံးရှုံးနေသည်။ အလောင်းများက ရှုံ့တွသော အလောင်းများအဖြစ်ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ မိုးသက်မုန်းတိုင်းတစ်ခုနှယ်ကျဆင်းနေသည်။
ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားကလည်း နောက်ထပ် ချိုးဖျက်မှုကိုပြုလုပ်ပြီးဖြစ်၏။ ဤအချိန်တွင်သူက ကြယ်လေးပွင့် ဧကရာဇ်နယ်ပယ်သို့ရောက်ရှိနေပြီဖြစ်သည်။ အလင်းစီရင်စု ၏ဆယ်သန်းသော စစ်တပ်ကြီးမှာတော့ ထွက်ပြေးသူက ပြေးပြီး သေဆုံးသူကသေသွားကြပြီဖြစ်သည်။ ဤအချိန်တွင် ၎င်းတို့မှာ တစ်ဝက်ပင်မကျန်တော့လောက်အောင် နည်းနေပြီဖြစ်သည်။
ရှစ်ဖုန့်၏ ဒန်တန်အတွင်းရှိစွမ်းအင်မှာမူ လူသန်းပေါင်းများစွာ၏ သေဆုံးမှုကြောင့် သေခြင်းစွမ်းအင်တို့နှင့်ပြည့်နှက် နေပြီဖြစ်သည်။ ၎င်းက အဆင့်ချိုးဖျက်လုနီးပါးအခြေအနေသို့ရောက်ရှိနေပြီဖြစ်၏။
သူက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်သို့ ပြန်လည်ရောက်ရှိတော့မည်ဖြစ်သည်။
“သတ်..သတ်ကြ..သတ်ဟေ့..သတ်”
ဟင်းလင်းပြင်ထဲရှိ စစ်ပွဲအတွင်းတွင် အက်ကွဲကွဲအော်ဟစ်သံများကို ဆက်တိုက်ကြားနေရသည်။
ရှုံ့တွခြောက်သွေ့သော အလောင်းများကလည်း မြေပြင်ထက်သို့ ဆက်တိုက်ကျဆင်းနေဆဲဖြစ်သည်။
ဤအချိန်တွင် ရှစ်ဖုန့်၏ ကိုယ်ပေါ်၌ အဖြူရောင်အလင်းတစ်ခုလင်းလက်သွား၏။ နောက်ဆုံးတွင် ရှစ်ဖုန့်အနေဖြင့် ကြယ်ကိုးပွင့် ဧကရာဇ်နယ်ပယ်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။
“ကြီးမြတ်သော ဧကရာဇ်အထွပ်အထိပ်ကို ပြန်လည်ရောက်ရှိလာတဲ့အတွက် ဂုဏ်ပြုပါတယ်”
“ကြီးမြတ်သော ဧကရာဇ်အထွပ်အထိပ်ကို ပြန်လည်ရောက်ရှိလာတဲ့အတွက် ဂုဏ်ပြုပါတယ်”
ရှစ်ဖုန့်အဆင့်ချိုးဖျက်သွားသည်ကို တွေ့ရသောအခါတွင် သူ့အားစောင့်ကြပ်ကာကွယ်ပေးနေသော ကွေ့မြဲ့နှင့် လင်ယဲ့ဖုန်းအားစောင့်ကြပ် ကာကွယ်ပေးနေသော နင်ချန်တို့က ချက်ချင်း ဂုဏ်ပြုစကားဆိုလိုက်ကြသည်။
ဤအချိန်တွင် လင်ယဲ့ဖုန်းက သေခြင်းနတ်ဘုရား၏ တံစဉ်အား သူ၏လက်အတွင်းကိုင်ထားဆဲဖြစ်သည်။ သူက အနက်ရောင်ဟင်းလင်းပြင်အတွင်း ဒူးထောက်ပြီး သူ၏ စိတ်ထဲသို့ ဝင်ရောက်လာသည့် သတင်းအချက်အလက်များအား ဆက်လက်စုပ်ယူနေသည်။
“ကြယ်ကိုးပွင့် ဧကရာဇ်နယ်ပယ်..ဒါက ငါ့ရဲ့စွမ်းအားပဲ”
ဤအချိန်တွင် ရှစ်ဖုန့်၏နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခုတွဲခိုနေဆဲဖြစ်သည်။ သူ၏လက်တို့အား လက်သည်းအသွင်ပြုလုပ်လိုက်ပြီး သူ၏လက်ရှိသိုင်းတာအိုစွမ်းအားကို အာရုံခံလိုက်သည်။
ယခုဘဝတွင်သူ၏ လမ်းခရမ်းက အန္တရာယ်များ ၊ခလုတ်တသင်းများနှင့်ပြည့်နှက်နေခဲ့သည်။ ဤကမ္ဘာ၌ သူ ထပ်မံသေဆုံးလုနီးပါးဖြစ်ခဲ့ရသည်။ ယခုဘဝ၌ သူ၏ဒန်တန်က ကောင်းကင်မီးတောက်နှင့်ပေါင်းစည်းခဲ့သည်။ အဆင့်ချိုးဖျက်ရန်အတွက်လိုအပ်သောစွမ်းအင်က ရိုးရှင်းစွာပင် သူ၏ယခင်ဘဝနှင့်နှိုင်းယှဉ်မရအောင်များပြားလှသည်ဖြစ်သည်။
ယခုသူက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်လာခဲ့ပြီး သူ၏ သိုင်းတာအိုစွမ်းအားကလည်း ယခင်ဘဝကို ကျော်လွန်သွားပြီဖြစ်သည်။
သို့သော် ထို့နောက်ရှစ်ဖုန့်တစ်ယောက် ကောင်းကင်မီးတောက်နှင့်ပေါင်းစည်းထားသည့် သူ၏ ဒန်တန်ကိုကြည့်လိုက်ပြီး ရုတ်ခြည်းတုန်လှုပ်သွားရသည်။ ကောင်းကင်မီးတောက်နှင့် ပေါင်းစည်းထားသော သူ၏ ဒန်တန်က ပို၍ အခြေမဲ့တွင်းကြီးကဲ့သို့ဖြစ်လာသည်ကို သူတွေ့လိုက်ရ၏။
နောက်ပိုင်းလိုအပ်လာမည့်စွမ်းအင်ပမာဏကို သူ့အနေဖြင့် ပြည့်အောင်မဖြည့်တင်းနိုင်ဟုပင်သူခံစားရသည်။ အထွတ်အထိပ်ဧကရာဇ်နယ်ပယ်ရာပေါင်းများစွာ၏ သေခြင်းစွမ်းအင်နှင့်သွေးများအား ဝါးမျိုလျှင်ပင် သူ့အနေဖြင့် ၎င်းအားပြည့်အောင်ဖြည့်တင်းနိုင်လိမ့်မည်မဟုတ်ပေ။
ထိုထက်ပိုသည်ကား ထျန်းဟန်တိုက်ကြီးအတွင်းတွင် သူသတ်ဖြတ်ပြီးဝါးမျိုရန်အတွက် ဘယ်လိုလုပ်ပြီး အထွတ်အထိပ်ဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူများစွာ ရှိနေနိုင်ပါမည်နည်း။
သူ၏ယခင်ဘဝတွင် ငရဲဘုံကိုးခု ဧကရာဇ်က ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်ဖြစ်ခဲ့သည်။ သို့သော် သူ၏ဒန်တန်အတွင်းရှိစွမ်းအင်ကတော့ ပြည့်လျှမ်းခဲ့၏။ သူ့အနေဖြင့်နတ်ဘုရားနယ်ပယ်၏ သိုင်းတာအိုကိုသာ ဆင်ခြင်းနားလည်နိုင်စွမ်းမရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်သူအဆင့်မချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။
ယခုဘဝတွင် အကယ်၍နတ်ဘုရားနတ်ဘုရားဖြစ်လာနိုင်မည့်လျှို့ဝှက်ချက်တစ်ခုရှိနေခဲ့ပြီး နတ်ဘုရားနယ်ပယ်သို့ရောက်ရှိခဲ့လျှင်တောင် သူ၏ထူးခြားသောဒန်တန်က သူ့အား ထိုနေရာ၌ရပ်တန့်စေလိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်မှာ သူ၏လက်ရှိဘဝစွမ်းအားက သူ၏ယခင်ဘဝထက်သာလွန်သောကြောင့် သက်သာရာရသော်လညါး ခါးသက်စွာပြုံးလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
“ငါယိုမင် ဒီဘဝမှာ နတ်ဘုရားနယ်ပယ်ကိုရောက်ဖို့ ကံမပါဘူးလား..နတ်ဘုရားနယ်ပယ်.. နတ်ဘုရားနယ်ပယ်”
လက်မလျော့လိုဘဲ ရှစ်ဖုန့်က သူ၏ ဝိညာဉ်စွမ်းအားဖြင့် ကောင်းကင်မီးတောက်အား ဆက်သွယ်ပြီး မေးလိုက်သည်။
“ ခင်ဗျားကလည်း မသေမျိုးနယ်ပယ်ကို ဘယ်လိုမျိုးရောက်ရှိခဲ့တာလဲ”
“ဟမ့်”
ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက် ကောင်းကင်မီးတောက် ထင်သေးမှုအပြည့်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူက အထင်သေးမှုအပြည့်ဖြင့်ပြော၏။
“ အဲ့အချိန်တုံးက ထျန်းဟန်တိုက်ကြီးပေါ်က သက်ရှိတွေက အခုမင်းတို့လိုအားနည်းတဲ့သူတွေမှ မဟုတ်တာ”
“ငါမွေးဖွားလာတုံးက ငါ့မှာ ဝါးမျိုခြင်းစွမ်းအားရှိခဲ့တယ်.. ငါ့ရဲ့စွမ်းအားကြီး သွေးပန်းခက်မျိုးနွယ်စုက ငါ့အတွက်နဲ့ နတ်ဘုရားအဆင့်သက်ရှိတွေကိုတောင်စတေးခဲ့တာ. ဘယ်လိုလုပ်ပြီးသူတို့က မင်းတို့နဲ့ တူမှာလဲ”
ကောင်းကင်မီးတောက်၏စကားအားကြားပြီးနောက်သူနှင့်ကောင်းကင်မီးတောက်တို့က လုံးဝခြားနားသော ကမ္ဘာနှစ်ခု၌ ရှိသည်ကို ရှစ်ဖုန့်ရုတ်တရက်သဘောပေါက်လိုက်သည်။
သို့သော် ယခုသူရှိနေသောကမ္ဘာသည်ကား….
“ဟူး”
ရှစ်ဖုန့်သက်ပြင်းခပ်ပျော့ပျော့ချလိုက်သည်။ ထို့နောက် ငရဲဘုံကိုးခု သေခြင်းစွမ်းအင်ကို အဆက်မပြတ်လှည့်ပတ်ပြီး ရူးသွပ်စွာဝါးမျိုလိုက်သည်။
တစ်ချိန်တည်းတွင် ရှစ်ဖုန့်၏လက်ထဲ၌သွေးနီရောင်အလင်းတစ်ခုလင်းလက်လာသည်။ သူ၏လက်ထဲ၌သွေးသောကဓားပေါ်လာ၏။ လက်နက်စိတ်ဝိညာဉ်ဖြစ်သော သွေးလစန္ဒြာသားရဲကလည်းပေါ်လာသည်။ ၎င်းကပါးစပ်အားဖွင့်ဟပြီးထက်ရှသောအစွယ်တန်းနှစ်ခုကို လှစ်ဟာပြထားသည်။
ရှစ်ဖုန့်က သွေးသောက်ဓားနှင့်သွေးလစန္ဒြာသားရဲ တို့အားသူနှင့်အတူ သွေးပင်လယ်ကိုဝါးမျိုရန်ပြောလိုက်သည်။
ယခု သွေးသောက်ဓားနှင့် လက်နက်စိတ်ဝိညာဉ်ဖြစ်သော သွေးလစန္ဒြာသားရဲနှစ်ခုလုံးက ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်များ ဖြစ်ကြသည်။ ၎င်းတိုသာ ဆက်ပြီး အဆင့်ချိုးဖျက်နိုင်လျှင် ၎င်းတို့၏တိုက်ခိုက်ရေးစွမ်းအားကတိုးမြင့်လာနိုင်သည်ဖြစ်သည်။
ရှစ်ဖုန့်ကသေခြင်းစွမ်းအင်၊သွေးနှင့် ဝိညာဉ်တို့အား ရူးသွပ်စွာ ဆက်လက်ဝါးမျိုနေသည်။ ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားက ကြယ်ငါးပွင်ဧကရာဇ်နယ်ပယ်သို့ရောက်သောအခါတွင် တလိပ်လိပ်ထနေသော စွမ်းအင်များက ဖြည်းဖြည်းချင်းလျော့ပါးလာသည်။ နောက်ဆုံးတွင် ဗလာဖြစ်လာ၏။
ရှေ့ရှိဖြစ်ပွားနေသောတိုက်ပွဲကရပ်တန့်သွားသည်။ ဆယ်သန်းနီးပါးရှိသောအလင်းစီရင်စု စစ်တပ်က လုံးဝသုတ်သင်ခံလိုက်ရသည်။ ဟင်းလင်းပြင်ထဲ၌အားကောင်းသောသွေးညှီနံ့တို့ဖြင့်ပြည့်နှက်နေသည်။
ဤအချိန်အတောအတွင်း ရှစ်ဖုန့်၏လက်ထဲရှိသွေးသောက်ဓားနှင့် လက်နက်စိတ်ဝိညာဉ်သားရဲတို့၌ သွေးနီရောင်အလင်းများ လင်းလက်လာသည်. ၎င်းတို့က ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်မှ ကြယ်လေးပွင့်ဧကရာဇ်နယ်ပယ်သို့ရောက်ရှိလာသည်။
သူ့ရှေ့ရှိများပြားလှသော အမှောင်စီရင်စု စစ်သည်များကိုကြည့်၍ ရှစ်ဖုန့်က လက်နက်စိတ်ဝိညာဉ်အား သွေးသောက်ဓားအတွင်းပြန်ခိုင်းလိုက်သည်။ သွေးသောက်ဓား၌သွေးနီရောင်အလင်းတစ်ခုထပ်မံလင်းလက်လာပြီး ရှစ်ဖုန့်၏ညာဘက်လက်ခလယ်၌ သွေးနီရောင်ဓားအမှတ်အသားအဖြစ်ပြန်လည်ပြောင်းလဲသွားသည်။
ထျန်းဟန်တိုက်ကြီးတွင် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာအတွင်း ဝမ်းနည်းဖွယ်အကောင်းဆုံးဖြစ်သော စစ်ပွဲက နောက်ဆုံး၌ ရပ်တန့်သွားသည်။ ဤစစ်ပွဲကထျန်းဟန်တိုက်ကြီး၏ သမိုင်း၌ မှတ်တမ်းတင်ရန်လုံလောက်သည်ဖြစ်သည်။ ယခုကစတင်၍ အလယ်ပိုင်းဒေသကြီး၌ အမှောင်စီရင်စုသာရှိတော့မည်ဖြစ်သည်။အလင်းဟူ၍ ထပ်မံရှိတော့မည်မဟုတ်ပေ။
သို့သော် ဤစစ်ပွဲအတွင်း ငရဲဘုံဘုံနန်းမှ သူခေါ်ဆောင်လာခဲ့သော လက်ရွေးစင် တစ္ဆေစစ်သည်များထဲမှခြောက်ထောင်ကျော်ကျဆုံးသွားသည်ကိုလည်း ရှစ်ဖုန့် အာရုံခံမိသည်။
တစ္ဆေစစ်သည် ကိုးသိန်းသုံးသောင်း ရှစ်ထောင် ကိုးရာ ခုနှစ်ဆယ့်ခုနှစ်ယောက်သာကျန်ရစ်ခဲ့သည်။
သို့သော် ဤတိုက်ပွဲကြီးနှစ်ခုမှ သွေးသစ်လောင်းပြီးနောက် ကျန်နေသောတစ္ဆေစစ်သည်များ၏ တိုက်ပွဲဆာလောင်စိတ်နှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့က ပို၍ ပို၍သန်မာအားကောင်းလာသည်ကို ရှစ်ဖုန့်ခံစားမိနိုင်၏။
ဤပြင်းထန်သော တိုက်ပွဲပြီးနောက် ရှင်သန်ရန်ရုန်းကန်နိုင်သူများကသာကျန်ရစ်ခဲ့သည်ဖြစ်သည်။ ယင်းက ဂုဏ်ယူဝမ်းမြောက်ဖွယ်မြင်ကွင်းတစ်ခုဖြစ်၏။
အလင်းနှင့်အမှောင်က နှစ်ပေါင်းသောင်းနှင့်ချီကတည်းက ရန်ဘက်များဖြစ်ကြသည်။ ယခုသူတို့က ဘိုးဘေးများ၏ စိတ်ဆန္ဒများကိုသယ်ဆောင်ပြီး အလင်းကိုလုံးဝဖျက်ဆီးပစ်လိုက် နိုင်သောကြောင့် သူတို့အနေဖြင့်မည်ကဲ့သို့ မပျော်ဘဲနေနိုင်ပါမည်နည်း။
အချို့မှာသူတို့၏ရောင်းရင်းများ၊ ညီအကိုများ၊အဖေများနှင့်သားများကို တိုက်ပွဲအတွင်းဆုံးရှုံးလိုက်ရသော်လည်း ၎င်းတို့၏ စိတ်ခံစားချက်များက သန်းနှင့်ချီသောစစ်သည်များအပေါ် မသက်ရောက်နိုင်ပေ။
“သူတို့ပြန်လာပြီ”
ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။ သူကခေါင်းကိုမော့ပြီး စစ်တပ်အထက်ရှိကောင်းကင်ကိုကြည့်လိုက်သည်။ ဤအချိန်တွင် မိုရှောင်ယောင်နှင့် တစ္ဆေစစ်သူကြီးသုံးဦးတို့က သူရှိရာသို့ ပြန်လာသည်ကိုတွေ့လိုက်ရသည်။
မိုရှောင်ယောင်၏ လက်အတွင်း၌ လူတစ်ယောက်ရှိနေသည်။ ယင်းက ဝူချမ်ရွှယ်ပင်ဖြစ်သည်။
တစ္ဆေစစ်သူကြီးကွေ့ကျဲ့၏ လက်ထဲ၌အသက်ဧကရာဇ် မိုဖန်းချန်ကိုကိုင်ထားသည်။
အပေါ်ယံတွင်ဝူချမ်ရွှယ်က ဘာထိခိုက်မှုမှရှိပုံမရပေ။ မိုရှောင်ယောင်က သူ၏ ယောက်ျားပီသသည်ဟူသောဂုဏ်သတင်းနှင့်အညီနေထိုင်ပုံရသည်။ ရက်စက်ကြမ်းကြုတ်သောတစ္ဆေ စစ်သူကြီးများနှင့်မတူညီဘဲ သူက အမျိုးသမီးများအားမည်သို့ကိုင်တွယ်ရမည်ကိုသိသည်ဖြစ်၏။
ကျင်းထျန်းယုသေသွားသည်အားတွေ့ရသောအခါတွင်၎င်းတို့ကစတင်ထွက်ပြေးခဲ့သည်။ မိုရှောင်ယောင်နှင့်တစ္ဆေစစ်သူကြီးသုံးဦးတို့က ၎င်းတို့နောက်သို့လိုက်ဖမ်းစဉ် အခြားသောတစ္ဆေစစ်သူကြီးနှစ်ဦး၊မြဲ့ထျန်းနှင့် အန်းချီတို့က အလင်းစစ်တပ်အားဖျက်ဆီးရန်ရှေ့သို့ချီတက်ခဲ့ကြသည်။
“ဟားဟားဟား”
မိုရှောင်ယောင်နီးကပ်လာသောအခါတွင်သူ၏ ဟက်ဟက်ပက်ပက်ရယ်မောသံကိုကြားရသည်။ ဝူချမ်ရွှယ်အားသူဖမ်းမိသည့်အတွက် အရမ်းပျော်ရွှင်နေသည့်ပုံပေါ်၏။
ဆက်ရန်……….
ဘာသာပြန်သူ-ARISE