အခန်း (၈၈၄)
Vol. 59 Ch. 884
ရှစ်ဖုန့်ထုတ်ယူလိုက်သော နောက်ဆုံးပစ္စည်းမှာ သေခြင်းတားမြစ်နယ်မြေအတွင်းကြေးနီရောင်တံခါးနှစ်ချပ်အားသူတွန်းဖွင့်ပြီး မိုးပြာရောင်ကမ္ဘာအတွင်းသို့ ဝင်ရောက်ခဲ့စဉ်က သူရရှိခဲ့သော ကောင်းကင်ဝိညာဉ်အပြာရောင်သလင်းကျောက်ပင်ဖြစ်သည်။ ၎င်းကြောင့်သူက ထျန်းခွန်းဂိုဏ်းမှ လူနှစ်ဦးနှင့်တိုက်ခိုက်ခဲ့ရပြီး ထျန်းခွန်းဂိုဏ်းမှ ပြင်းထန်စွာဒဏ်ရာရခဲ့ကာ မုတ်ဆိတ်မွှေးနှင့် သက်လတ်ပိုင်းအရွယ်လူကို သတ်ပစ်ခဲ့သည်။
ရှစ်ဖုန့်၏လက်ထဲမှ ကောင်းကင်ဝိညာဉ်အပြာရောင်သလင်းကျောက်အား ကြည့်ရင်း ရှောင်းထျန်းရီတစ်ယောက် တုန်လှုပ်အံ့အားသင့်မှုများဖြင့်ပြည့်နှက်နေသည်။ သူက သူ့လက်ထဲရှိ သွေးကျောက်ပြား၊ သွေးနတ်ဆိုးချပ်ဝတ်နှင့် သွေးသောက်ဓားတို့အားမကြည့်ခင် ရှစ်ဖုန့်ကိုကြည့်လိုက်၏။
နောက်ဆုံးတွင်ရှောင်းထျန်းရီက သံသယများပြည့်နှက်နေသောမျက်နှာဖြင့်မေးလိုက်သည်။
“ဆရာ ဆရာက ရှေးဟောင်းရတနသိုက်ထဲမှာမွေးဖွား တာမဟုတ်ဘဲ အရှေ့ပိုင်းဒေသကြီးရဲ့ကျတ်တီးမြေမှာ မွေးလာတာရော တကယ်ဟုတ်ရဲ့လား”
ရှောင်းထျန်းရီက မေးသကဲ့သို့ သူ၏လက်ကို ဆန့်ထုတ်ပြီး လက်ဖဝါးအရွယ်ရှိသော ကြာပန်းသဏ္ဍန်ရှိသည့် ကောင်းကင်ဝိညာဉ်အပြာရောင်သလင်းကျောက်ကို ယူလိုက်သည်။
“ငါကမင်းကိုဘာလို့လိမ့်ရမှာလဲ”
ရှစ်ဖုန့်ကပြောလိုက်သည်။ ထို့နောက်သူကဆက်ပြော၏။
“လက်ရှိအခြေအနေကြောင့်နဲ့ အရှေ့ပိုင်းဒေသကြီးကို အကဲမဖြတ်မိစေနဲ့.. ဧကရာဇ်နယ်ပယ်တွေ မပေါ်လာဘူးဆိုရင်တောင်.. ရှေးခေတ်တုံးက အဲ့တာက ငါတို့စိတ်ကူးကြည့်လို့တောင်မရတဲ့နေရာတစ်ခုဖြစ်လိမ့်မယ်”
ရှေးခေတ်အချိန်က အရှေးပိုင်းဒေသကြီးမှာ သာမန်မဟုတ်ဟု ရှစ်ဖုန့်ခံစားနေရသည်မှာကြာပြီဖြစ်သည်။ ထိုနေရာ၌သူမမျှော်လင့်ဘဲ ကြုံကြိုက်ခဲ့ရသော အရာတော်တော်များများရှိခဲ့၏။
၎င်းတို့မှာ သွေးပန်းခက်မျိုးနွယ်စု၏ အရိုးများ၊ သွေးသောက်ဓား၊ ကောင်းကင်မီးတောက်၊ သွေးနတ်ဆိုး၊ မြွေလူသားမျိုးနွယ်စု ရှေးခေတ်နတ်ဘုရား၏ ကိုယ်ပွား၊သေခြင်းတားမြစ်နယ်မြေ၊အပေါင်အလက်ဖျက်ခံရကာ အစိတ်စိတ်ကွဲနေသော ထို “နတ်ဆိုး” နှင့် ထျန်းမြောင်အင်ပါယာတော်ဝင်မိသားစုထိန်းချုပ်ထားသော ကောင်းကင်ဘုံ သိုင်းဝိညာဉ် စေတီ တို့ဖြစ်ကြသည်။
ဤအရာအားလုံးက ရှေးခေတ်အချိန်ကာလမှ ဖြစ်တည်လာကြခြင်းဖြစ်၏။ သူက ၎င်းတို့အားလုံးကို အရှေ့ပိုင်းဒေသကြီးအတွင်း၌ မမျှော်လင့်ဘဲ ကြုံကြိုက်ခဲ့ရခြင်းဖြစ်သည်။
ယခင်ဘဝကသူသည်လည်း ရှောင်းထျန်းရီကဲ့သို့ အတွေးတူညီခဲ့သည်။ အရှေ့ပိုင်းဒေသကြီးက ဧကရာဇ်နယ်ပယ်များပင် ပေါ်လာနိုင်ခြင်းမရှိသော ကျတ်တီးမြေတစ်ခုဟုထင်ခဲ့သည်။ သို့သော်ယခုဘဝ၌ ရှေးခေတ်ပစ္စည်းများစွာကို သူ မမျှောင်လင့်ဘဲကြုံကြိုက်ခဲ့ရသည်။
ထို့နောက် ရှောင်းထျန်းရီက ရှစ်ဖုန့်အားပြောလိုက်သည်။
“ဆရာ.. ကျွန်တော် အေးချမ်းဆိတ်ငြိမ်မှုတစ်ချို့လိုတယ်.. ကျွန်တော် ဆရာ့ရဲ့ဒီရတနာတွေကို ဂရုတစိုက်နဲ့ လေ့လာချင်တယ်… ဒီအရာတွေက သေချာပေါက် ကျွန်တော့်ရဲ့ သန့်စင်ခြင်း ဗဟုသုတကို ကျယ်ပြန့်လာစေလိမ့်မယ်”
“ငါနဲ့ ငရဲဘုံဘုံနန်းကို အတူပြန်လိုက်လာပြီး အဲ့မှာကောင်းကောင်းလေ့လာ.”
ရှစ်ဖုန့်ကပြောလိုက်သည်။ ထို့နောက် သူက မိုရှောင်ယောင်ပျောက်ကွယ်သွားရာ အကန့်သတ်မဲ့ အမှောင်ထုထဲသို့ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ရှောင်းယောင် ငါမင်းကို ဒီကိုပြန်လာဖို့ အမွှေးတိုင်တစ်ဝက်စာအချိန်ပေးမယ်”
အသံလှိုင်းက အမှောင်ထုအတွင်းသို့ ကူးလူးသွား၏။
“အား..ဒီတပည့်နာခံပါ့မယ်..”
ထိုဘက်ခြမ်းမှ မိုရှောင်ယောင်၏ အသံထွက်ပေါ်လာသည်။
“ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက်မတွေ့ရတာ နှစ်တွေတော်တော်ကြာနေပေမဲ့ ဒုတိယ စီနီယာအကိုကတော့အရင်အတိုင်း လွတ်လွတ်လပ်လပ်ပူပန်ကြောင့်ကြမဲ့တုန်းပဲ”
မိုရှောင်ယောင်၏ အော်သံအားကြားရသောအခါတွင် ရှောင်းထျန်းရီက ရယ်မောကာပြောလိုက်သည်။
ရှစ်ဖုန့်ကလည်းခေါင်းခါပြီးပြုံးလိုက်သည်။ ထို့နောက်သူက လင်ယဲ့ဖုန်း၏ဘေး၌ စောင့်ကြပ်နေသော နင်ချန်ကိုကြည့်၍ပြောလိုက်သည်။
“နင်ချန်.. မင်းဆရာနိုးလာရင် မင်းနဲ့ မင်းဆရာက ငါနဲ့အတူငရဲဘုံဘုံနန်းကို ပြန်လိုက်လာရမယ်”
“ဟုတ်ကဲ့ ဘိုးဘေး”
နင်ချန်က လေးနက်သောအသံဖြင့်ပြန်တုန့်ပြန်လိုက်သည်။
သာမန်အခြေအနေများအောက်၌ ရှစ်ဖုန့်ကသူ့ဆရာ၏ဆရာဖြစ်သူ ပြန်လည်ဝင်စားသူမှန်းသိသွားသောအခါတွင် ဤပုံမှန်နှင့်ကွဲထွက်နေသော လူငယ်မှာ လုံးဝထိုသို့မဟုတ်တော့ပေ။ ပြောရလျှင် သူက တော်တော်လေးကို ပုံမှန်ဖြစ်နေသည်။
ဤလူငယ်က သူ၏အကြီးဆုံးစီနီယာအကို၏ တပည့်ဖြစ်ကြောင်းသိသောအခါတွင် ရှောင်းထျန်းရီက နင်ချန်ကိုတစ်ချက်ကြည့်လိုက်သည်။
သို့သော်ဤအချိန်တွင် မှောင်မိုက်သော ဟင်းလင်းပြင်အတွင်း၌ လုံးဝမလှုပ်မယှက်ဒူးထောက်နေခဲ့သော လင်ယဲ့ဖုန်းကနောက်ဆုံး၌ လှုပ်ရှားလာသည်ကိုလူအုပ်မှာမြင်လိုက်ရသည်။
သူ၏လက်ထြရှိသေခြင်းနတ်ဘုရား၏ကောက်ရိတ်တံစဉ်နှင့်အတူ သူက ဒူးထောက်နေရာမှ ဖြည်းညှင်းစွာထရပ်လာသည်။
“သူနိုးလာပြီ”
ရှစ်ဖုန့်ကတည်ငြိမ်စွာပြောလိုက်သည်။
“ဆရာ”
ရှစ်ဖုန့်၏ အသံအားကြားလိုက်ရသောအခါ တွင်လင်ယဲ့ဖုန်းကအလျှင်အမြန် သူ၏ခေါင်းကိုလှည့်လိုက်သည်။
ထို့နောက်သူကရှောင်းထျန်းရီကိုတွေ့လိုက်ရသည်။ သူတို့တစ်ဦးနှင့်တစ်ဦးနှစ်ပေါင်းများစွာမတွေ့လင့်ကစား ရုတ်ခြည်းမှတ်မိဆဲဖြစ်ပြီး စိတ်လှုပ်ရှားပျော်ရွှင်စွာပြောလိုက်သည်။
“ပဥ္စမဂျူနီယာ ညီလေးလည်းဒီကိုရောက်နေတာပဲ”
“အကြီးဆုံးစီနီယာအကို အဆင်ပြေတယ်မလား”
ရှောင်းထျန်းရီက လင်ယဲ့ဖုန်းအား ခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက်သူကဆက်ပြော၏။
“ဆရာက ပြန်လည်မွေးဖွားလာပြီး အခုအလယ်ပိုင်းဒေသကြီးမှာစီနီယာအကိုနဲ့ အတူ အလင်းစီရင်စုကိုတိုက်ပွဲဆင်နွှဲနေတယ်ဆိုတဲ့သတင်းကို ကျွန်တော်ရခဲ့တယ်..ဒါပေမဲ့ကျွန်တော် ခြေတစ်လှမ်းနောက်ကျသွားတယ်.. ကျွန်တော်ရောက်လာတဲ့အချိန် တိုက်ပွဲကပြီးနေပြီ… အမှောင်စီရင်စုက အလယ်ပိုင်းဒေသကြီးကို ပေါင်းစည်းနိုင်လို့ ဂုဏ်ပြုပါတယ်”
“ပြီးသွားပြီလား”
ရှောင်းထျန်းရီ၏ စကားတို့အားကြားပြီးနောက် လင်ယဲ့ဖုန်းက သူ့ရှေ့ရှိအလင်းစီရင်စုနယ်မြေနှင့်အမှောင်စီရင်စုစစ်တပ်တို့ကိုကြည့်လိုက်သည်။
ယခင်မြင်ကွင်းများအားသူပြန်လည်တွေးမိပြီးနေက် နားလည်သွားသည်။
နတ်ဘုရားစွမ်းအားအားပိုင်ဆိုင်ထားသူ အလင်းဧကရာဇ်ကျင်းထျန်းယုမှာ သူ့ဘိုးဘေးကိုယ်ပွား၏ သတ်ခြင်းကိုခံခဲ့ရသည်။ ပင်ကိုယ်အားဖြင့် အလင်းစီရင်စု ဖျက်ဆီးခံရလိမ့်မည်ဖြစ်သည်။
သို့သော်သူနိုးလာသည့်အချိန်တွင် အချိန်များစွာ ကုန်ဆုံးသွားလိမ့်မည်ဟုတော့သူ မမျှောင်လင့်ထားခဲ့ပေ။ တိုက်ပွဲက အဆုံးသတ်သွားပြီးဖြစ်သည်။
ထို့နောက် သူ့ဆရာ၏ အော်ရာကိုအာရုံခံမိပြီး သူ၏မျက်နှာထက်တွင် ပျော်ရွှင်ဝမ်းမြောက်သောအမူအယာတစ်ခုဖြစ်ပေါ်လာသည်။ သူကရှစ်ဖုန့်အား အလျှင်အမြန်ဂုဏ်ပြုလိုက်သည်။
“ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ကို ပြန်ရောက်လို့ ဂုဏ်ပြုပါတယ်ဆရာ”
“အလယ်ပိုင်းဒေသကြီးရဲ့တိုက်ပွဲအတွင်းမှာ ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ကို ဝင်ရောက်ဖို့က ဆရာ မျှော်မှန်းထားတဲ့အတွင်းမှာပဲရှိတယ်…မင်းအတွက်က မင်းဘိုးဘေးရဲ့ကိုယ်ပွားဆီကနေ သတင်းတွေလက်ခံရခဲ့တာကို တွေ့ရတယ်.. မင်းဘိုးဘေးဆီကနေဘာသတင်းစကားတွေကိုရခဲ့လဲ”
ရှစ်ဖုန့်က လင်ယဲ့ဖုန်းကိုမေးလိုက်သည်။
“ကျွန်တော်ကမ္ဘာတစ်ခုကို မြင်ခဲ့ရတယ်”
လင်ယဲ့ဖုန်းကပြန်ဖြေသည်။
“ဘိုးဘေးရဲ့ကိုယ်ပွားက မြင်ကွင်းတစ်ခုကို ကျွန်တော့်ဆီပေးပို့ခဲ့တယ်..အဲ့မြင်ကွင်းမှာ ထူးဆန်းတဲ့ကမ္ဘာတစ်ခုကို ကျွန်တော်တွေ့ခဲ့ရတယ်… မရေတွက်နိုင်တဲ့စွမ်းအားကြီး သက်ရှိတွေ တိုက်ခိုက်နေတာကိုလည်းတွေ့ခဲ့တယ်.. သူတို့ရဲ့ခွန်အားစွမ်းပကားက ကျွန်တော်တို့ထက်အများကြီးပိုပြီးအစွမ်းထက်သန်မာတယ်.. အကယ်၍ ကျွန်တော်သာမမှားရင် အဲ့သက်ရှိတွေအားလုံးက နတ်ဘုရားနယ်ပယ်အတွင်းမှာရှိလောက်တယ်”
“အဲ့တာထက်ပိုတာက သူတို့ရဲ့နတ်ဘုရားနယ်ပယ်စွမ်းအားက ကျင်းထျန်းယုထက် အများကြီးပိုသန်မာတာကို ကျွန်တော်ခံစားနိုင်တယ်”
“မရေတွက်နိုင်တဲ့ စွမ်းအားကြီး နတ်ဘုရားနယ်ပယ် သက်ရှိတွေလား..”
လင်ယဲ့ဖုန်း၏ စကားအားကြားပြီးနောက်ရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်သည်။ထို့နောက်သူ ကပြောလိုက်သည်။
“ မင်းဘိုးဘေးပေးခဲ့တဲ့ သတင်းအချက်အလက်က ရှေးခေတ်အချိန်ကနေလာတာလား”
“ဖြစ်နိုင်တာက..ကျွန်တော်တို့ ထျန်းဟန်တိုက်ကြီးထက် ကျွန်တော်တို့မသိတဲ့ စွမ်းအားကြီး ကမ္ဘာတစ်ခုဖြစ်လောက်တယ်.. အဲ့ကမ္ဘာကစွမ်းအားကြီးသက်ရှိတွေကို ကျွန်တော်တို့ မယှဉ်နိုင်ဘူး”
လင်ယဲ့ဖုန်းက မှန်းဆလိုက်သည်။
“တကယ်ပဲ အဲ့လိုကမ္ဘာတစ်ခုရှိတာလား. မရေတွက်နိုင်တဲ့စွမ်းကြီး နတ်ဘုရားနယ်ပယ်သက်ရှိတွေအဲ့မှာရှိနေတာ..”
လင်ယဲ့ဖုန်း၏စကားတို့အားကြားသောအခါတွင် တစ္ဆေစစ်သူကြီးရှစ်ဦးထဲမှတစ်ဦးဖြစ်သူ ကွေ့ကျဲ့က သံသယရှိစွာပြောလိုက်၏။
ထို့နောက်ကွေ့ကျဲ့ကပြောသည်။
“အကယ်၍ အဲ့လိုကမ္ဘာတစ်ခုရှိနေရင် နတ်ဘုရားနယ်ပယ်သက်ရှိအနည်းငယ်လောက်က ကျွန်တော်တို့လက်ရှိရှိနေတဲ့ကမ္ဘာကို ဖျက်ဆီးပစ်နိုင်စွမ်းရှိမနေဘူးလား”
“တကယ်တော့ ကျွန်တော်ကောလဟာလတစ်ခုကြားဖူးတယ်..”
လင်ယဲ့ဖုန်းက ပြောသည်။
“အလင်းဧကရာဇ် ကျင်းထျန်းယုက အလင်းစီရင်စုရဲ့ ဒဏ္ဍာရီလာ ရှေးဟောင်းနတ်ဘုရား အလင်းနတ်ဘုရားနဲ့ ချိတ်ဆက်ဆက်သွယ်နိုင်တယ်တဲ့.. ကောလဟာလတွေအရ အလင်းနတ်ဘုရားက နတ်ဘုရားနယ်ပယ်လို့ခေါ်တဲ့ နေရာတစ်ခုမှာ ရှိနေတယ်တဲ့”
“အဲ့တာထက်ပိုတာက ကျွန်တော်တို့ရဲ့ထျန်းဟန်တိုက်ကြီးက ရှေးခေတ်အချိန်ကာလကနေဖြစ် တည်လာတာဆိုတဲ့ ကောလဟာလတစ်ခုရှိတယ်..သက်ရှိတွေက နတ်ဘုရားနယ်ပယ်ကိုရောက်ရင် အဆုံးမဲ့ အသက်ကိုရရှိနိုင်တယ်.. သူတို့က ထာဝရအသက်ကို ရရှိတယ်ဆိုရင် ရှေးခေတ်က နတ်ဘုရားနယ်ပယ်သက်ရှိတွေက ဘယ်ကို ရောက်သွားကြတာလဲ.. အရမ်းစွမ်းအားကြီးတဲ့သူတို့တွေက ကျဆုံးသွားဖို့ဆိုတာမဖြစ်နိုင်ဘူး”
“အဲ့တာကြောင့် အဲ့ရှေးခေတ်က စွမ်းအားကြီးသက်ရှိတွေက ကျွန်တော်တို့မသိတဲ့ကမ္ဘာတစ်ခုကို သွားဖို့ဖြစ်ဖို့များတယ်လို့ကျွန်တော်မှန်းဆတယ်..အလင်းနတ်ဘုရားလိုပဲ. ကျွန်တော်တို့အမှောင်စီရင်စုရဲ့ဘိုးဘေးတွေဖြစ်တဲ့ သေခြင်းနတ်ဘုရား၊အမှောင်နတ်ဘုရား၊ ဖျက်ဆီးခြင်းနတ်ဘုရားတို့က လည်းအဲ့ကမ္ဘာကိုပဲသွားတာဖြစ်ရမယ်”
“ပြီးတော့အဲ့ကမ္ဘာက ကျွန်တော့်ဘိုးဘေးရဲ့ကိုယ်ပွားကျွန်တော့်စိတ်ထဲကို ကူးပြောင်းပို့ပေးခဲ့တဲ့ ကမ္ဘာပဲဖြစ်လိမ့်မယ်”
လောချင်းချွမ်၏ ခွဲခြမ်းစိတ်ဖြာ ပြောဆိုမှုကိုကြားပြီးနောက် ရှစ်ဖုန့်က သူ၏ ဝိညာဉ်စွမ်းအားနှင့် ကောင်းကင်မီးတောက်အား ဆက်သွယ်ပြီး မေးလိုက်သည်။
“ ခင်ဗျားက ရှေးခေတ်ကသက်ရှိတစ်ဦးပဲ.. ဒီကောလဟာလတွေကို ခင်ဗျားကြားဖူးလား”
ဆက်ရန်……..
ဘာသာပြန်သူ-ARISE