← Chapters

အခန်း (၈၈၅)

Vol. 59 Ch. 885

အခန်း (၈၈၅)

Vol. 59 Ch. 885

ရှစ်ဖုန့်က‌ သူ၏ ဝိညာဉ်စွမ်းအားကိုအသုံးပြု၍ ကောင်းကင်မီးတောက်အားဆက်သွယ်ပြီးမေးလိုက်သည်။

“ခင်ဗျားကရှေးခေတ်အချိန်ကာလက သက်ရှိပဲ..ဒီကောလဟာလေတွေနဲ့ ပက်သက်ပြီးကြားဖူးလား”

ရှစ်ဖုန့်က သူ့အား ဆက်သွယ်ပြီး ပြောသည်ကို ကြားသောအခါတွင် ကောင်းကင်မီးတောက် က စိတ်အနှောက်အယှက်ဖြစ်သော လေသံဖြင့်ပြောလိုက်သည်။

“ ငါကနတ်ဘုရားနယ်ပယ်သက်ရှိတစ်ဦးပဲ.. ငါတို့လိုနတ်ဘုရားနယ်ပယ်တွေက မင်းတို့လိုအားနည်းတဲ့သက်ရှိတွေလိုမျိုး အချိန်ရဲ့တိုက်စားမှုကြောင့် သေကြေမပျက်စီးဘူး.. ငါမွေးဖွာလာတဲ့အချိန်တုန်းက နတ်ဘုရားနယ်ပယ်တွေကို မမြင်တွေ့ရတဲ့ဒီနေ့လိုမျိုးမှမဟုတ်တာ”

“ဒါပေမဲ့ ငါ့ကိုအဲ့သူတောင်းစား ယွဲ့ထျန်းယုက ကောင်းကင်ရေခဲတောင်ထွတ်မှာကောင်းကင်ဘုံအပြစ်ပေးရေခဲမိစ္ဆာအစီအရင်နဲ့ဖိနှိပ်ခဲ့တာ.. အဲ့နောက်ပိုင်း ဒီကမ္ဘာမှာ အဲ့သက်ရှိတွေ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ဘယ်လိုသိမှာလဲ”

ယင်းကအမှန်ဖြစ်သည်။ရှစ်ဖုန့်က ကောင်းကင်မီးတောက်အားလူမှား မေးနေမိခြင်းဖြစ်သည်။ ၎င်းကဖိနှိပ်ခံခဲ့ရပြီး ပြင်ပကမ္ဘာနှင့်ခွဲခြားခံခဲ့ရခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ပြင်ပကမ္ဘာ၌ဖြစ်ပျက်ခဲ့မှုများကို မည်ကဲ့သို့သိနိုင်ပါမည်နည်း။

ရှစ်ဖုန့်က ဤကိစ္စနှင့်ပက်သက်ပြီးဆက်၍ တွေးမနေတော့ပေ။ ရှေးခေတ်အချိန်ကာလက ထိုသက်ရှိများ မည်သည့်နေရာသို့ရောက်သွားသည်ဆိုသည်က ယခုသူသိနိုင်သော အကြောင်းအရာမဟုတ်ပေ။

အကယ်၍သူသိခဲ့လျှင်တောင် သူကဘာလုပ်နိုင်မည်နည်း။ အကယ်၍ လင်ယဲ့ဖုန်းပြောသည်ကမှန်ကန်ပြီး ထိုကျွမ်းကျင်သူများက အမည်မသိကမ္ဘာတစ်ခုအားသွားခဲ့သည်ဆိုလျှင်တောင် သူကဘာလုပ်နိုင်မည်နည်း။

ထိုကမ္ဘာကသူတို့အတွက် အလှမ်းဝေးကွာသည်ဖြစ်သည်။ အကွာအဝေးကြောင့်မဟုတ်ပဲ ခွန်အားအရာကွာခြားခြင်းကြောင့်ဖြစ်သည်။ အကယ်၍ မရေတွက်နိုင်သောနတ်ဘုရားနယ်ပယ်များရှိသည့် ကမ္ဘာတစ်ခုသို့သူဝင်ရောက်သွားခဲ့လျှင် သူက ပုရွက်ဆိတ်တစ်ကောင်သာဖြစ်လိမ့်မည်ဖြစ်သည်။သူအချိန်မရွေးသေဆုံးသွားနိုင်သည်။

နတ်ဘုရားနယ်ပယ်သို့ဝင်ရောက်ပြီး လုံလောက်အောင်သန်မာမှသာ ထိုကမ္ဘာအားစူစမ်းလေ့လာသင့်သည်ဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်က သူ၏ခေါင်းကိုမော့လိုက်ပြီး သူ့ရှေ့ရှိ မှောင်မိုက်သောဟင်းလင်းပြင်သို့ကြည့်လိုက်သည်။ အဖြူရောင်ပုံရိပ်တစ်ခုက မှောင်မိုက်သောဟင်းလင်းပြင်ထဲမှပေါ်လာပြီး သူ့ထံသို့ မြင့်မားသောအမြန်နှုန်းတစ်ခုဖြင့်လာနေသည်။

လာနေသောသူမှာရှစ်ဖုန့် ပေးထားသောအမွှေးတိုင်တစ်ဝက်စာအချိန်ပြည့်သွားသည့် မိုရှောင်ယောင်ပင်ဖြစ်သည်။ ပြန်ရောက်လာသော မိုရှောင်ယောင်မှာ စိတ်တက်ကြွနေပြီး ပူပန်ကြောင့်ကြကင်းမဲ့သောမျက်နှာရှိနေသည်။

သူ၏လက်ထဲ၌ကိုင်ထားသော ကံတရားဧကရာဇ် ဝူချမ်ရွှယ်မှာ အဝတ်အစားများနှင့်ဆံပင်တို့က တွန့်ကြေရှုပ်ပွနေသည်။ သူမနေဖြင့်စိတ်ဝိညာဉ်ကို ဆုံးရှုံးလိုက်ရသည့်နှယ်ဖြစ်သည်။

သူမကတစ်ချိန်က အရှင်သခင်တစ်ပါးနှင့် အထွတ်အထိပ်ဧကရာဇ်နယ်ပယ်တစ်ဦးဖြစ်ခဲ့လျှင်တောင် မိန်းမတော့ဖြစ်နေသေးဟန်တူသည်။ မိုရှောင်ယောင်၏လက်စားချေမှုကို သူမမည်ကဲ့သို့ သည်းခံနိုင်ပါမည်နည်း။

“ဟားဟားဟား..ဆရာ.. အကြီးဆုံးစီနီယာအကို..ပဉ္စမဂျူနီယာညီလေး.”

မိုရှောင်ယောင်က လှည့်လိုက်ပြီး သူ၏ဆရာ ၊ လင်ယဲ့ဖုန်းနှင့်ရှောင်းထျန်းရီတို့ကိုကြည့်၍ ဟက်ဟက်ပက်ပက်ရယ်မောပြောလိုက်သည်။

ရှစ်ဖုန့်က မိုရှောင်ယောင်၏လက်ထဲရှိ ဝူချမ်ရွှယ်ကိုတစ်ချက်သာကြည့်လိုက်သည်။ အတွေးတစ်ချက်ဖြင့် ဝူချမ်ရွှယ်၏ကိုယ်၌သွေးနီရောင်အလင်းတစ်ခုလင်းလက်သွားပြီး သူမပျောက်ကွယ်သွားသည်။ သူမက ရှောင်းထျန်းရီအား ရှစ်ဖုန့်ပေးထားသော သွေးကျောက်ပြားအတွင်း စုပ်ယူခံလိုက်ရခြင်းဖြစ်သည်။

အားလုံရောက်ရှိလာသည်ကို တွေ့ရသောအခါတွင် ရှစ်ဖုန့်က လှည့်လိုက်ပြီး အလင်းနယ်မြေအတွင်းရှိ ကိုးသိန်းလေးသောင်းသော တစ္ဆေစစ်သည်များကို အော်ပြောလိုက်သည်။

“ကိစ္စတွေအားလုံးကပြီးသွားပြီ.. မင်းတို့စိတ်တွေကို ဖြေလျော့ထားပြီး ငါနဲ့အတူ ငရဲဘုံဘုံနန်းကိုပြန်လိုက်ခဲ့ကြ”

“ဟုတ်”

၎င်းတို့၏အသံများကပြိုင်တူထွက်ပေါ်လာသည်။ ထို့နောက် ကိုးသိန်းလေးသောင်းသောတစ္ဆေစစ်သည်များက ၎င်းတို့၏စိတ်များကို ဖြေလျော့လိုက်ကြသည်။ ကြီးမားသော သွေးနီရောင်အလင်းတစ်ခုက လင်းလက်လာပြီး အလင်းနယ်မြေတစ်ခုလုံး ရုတ်ခြည်းလွှမ်းခြုံသွားသည်။ သွေးနီရောင်အလင်းက ကျဆင်းသွားသကဲ့သို့ ကိုးသိန်းလေးသောင်းသော တစ္ဆေစစ်သည်များမှာလည်းသွေးကျောက်ပြားအတွင်းစုပ်ယူခံလိုက်ရသည်။

ဤအချိန်တွင် အလင်းနယ်မြေအတွင်းမှ စွမ်းအားကြီးပုံရိပ်ငါးခုက ဤဘက်သို့ပျံသန်းလာသည်။ အစောပိုင်းကတိုက်ပွဲအတွင်း အလင်းစီရင်စုမှ အရှင်သခင်နှစ်ဦးနှင့် အတူ ရှစ်ဖုန့်၏လက်အောက်မှ တစ္ဆေစစ်သူကြီးသုံးဦးလိုက်ပါသွားသည်။

“အကူအညီအတွက် ကျေးဇူးတင်ပါတယ်.. ကြီးမြတ်သောဧကရာဇ် . ဧကရဇ်ထွက်သွားတော့မယ့်ခုဏ ကကြားတယ်.. ဒါကြောင့်လာနှုတ်ဆက်တာပါ”

အန်းချီကရှစ်ဖုန့်၏ရှေ့တွင် ဆင်းသက်ပြီးပြောလိုက်သည်။

၎င်းတို့က တဲ့တိုးသမားများဖြစ်ကြပြီး ကွေ့ဝေ့မပြောတတ်ကြပေ။

“ကြီးမြတ်သောဧကရာဇ်.အကိုရှောင်ယောင်..တစ္ဆေစစ်သူကြီး ခုနှစ်ဦးတို့ လုံခြုံသောခရီးတစ်ခုဖြစ်ပါစေ….အလယ်ပိုင်းဒေသကြီး ကအားလုံးကို ကြိုဆိုနေမှာပါ”

ဖျက်ဆီးခြင်း ဧကရာဇ် မြဲ့ထျန်းက ရှစ်ဖုန့်နှင့်အခြားသူများကိုပြောလိုက်သည်။

“မင်းတို့လည်းဂရုစိုက်ကြပါ..အကယ်၍ အနာဂတ်မှ ဘာအကူအညီလိုလို ငါ့ကို ဆက်သွယ်ဖို့တုန့်ဆိုင်းမနေကြနဲ့”

ရှစ်ဖုန့်က ၎င်းတို့နှစ်ဦးအားပြောလိုက်၏။

ဤအချိန်တွင်လင်ယဲ့ဖုန်းကလည်းညီအကိုနှစ်ဦးကိုပြောလိုက်သည်။

“ ငါဆရာနဲ့အတူငရဲဘုံဘုံနန်းကို အရင်ဆုံးလိုက်သွားအုံးမယ်.. အလယ်ပိုင်းဒေသကြီးကို မင်းတို့ဆီပဲလွှဲထားခဲ့ပြီ”

“စိတ်မပူပါနဲ့..စောစောသာပြန်လာခဲ့ပါ”

အန်းချီကခေါင်းညိမ့်ပြီးပြောလိုက်သည်။

“နှုတ်ဆက်ပါတယ်”

“နှုတ်ဆက်ပါတယ်”

“နှုတ်ဆက်ပါတယ်”

အထွတ်အထိပ်ကျွမ်းကျင်သူလူအုပ်ကခွဲခွာနှုတ်ဆက်စကားများပြောပြီး‌နောက် ရှစ်ဖုန့်က လှုပ်ရှားလိုက်ပြီး သူ့ရှေ့ရှိ အလင်းနယ်မြေထံပျံသန်းသွားသည်။

မကြာခင်များစွာသောပုံရိပ်များက ကောင်းကင်ကို ချိုးဖျက်ပြီး ရှစ်ဖုန့်၏နောက်မှလိုက်လာသည်။

ယခင်ဘဝတွင်ရှစ်ဖုန့်က ငရဲဘုံဘုံနန်းမှ အလယ်ပိုင်းဒေသကြီးသို့ရောက်ဖူး၏။ ထိုအချိန်က အလင်းနယ်မြေအတွင်းရှိ နေရာကူးပြောင်းအစီအရင်ကို မည်သူကမှ မငှားချင်သောကြောင့်သူတစ်ယောက်တည်း အလင်းဧကရာဇ်၏ အလင်းနန်းတော်ကို ချိုးဖောက်ဝင်ရောက်ခဲ့သည်။သို့သော်ယခုအခါတွင်တော့ သူ့အားတားရန်မည်သူမှမရှိတော့‌ပေ။

အလင်းနယ်မြေ၏အရှင်သခင်သုံးဦးတွင် တစ်ဦးကသေပြီး နှစ်ဦးက သူ၏ဖမ်းဆီးခြင်းကိုခံထားရသည်။သူက၎င်းတို့အားငရဲဘုံဘုံနန်းသို့ပြန်ခေါ်သွားပြီး သတ်ပစ်မည်ဖြစ်သည်။

ထျန်းဟန်တိုက်ကြီးအတွင်းတွင် ငရဲဘုံကိုးခုဧကရာဇ် ယိုမင်ပြန်လည်မွေးဖွားလာသည့်သတင်းက အားလုံးသိကြပြီးဖြစ်သည်။

ငရဲဘုံကိုးခု ဧကရာဇ်နှင့်ပက်သက်သည့် အခြား သတင်းကြီးများကထျန်းဟန် တိုက်ကြီးတစ်ခွင် လေနှင့်အတူ ပျံ့နှံ့နေသည်။

“မင်းကြားပြီးပြီလား. ပြန်လည်မွေးဖွားလာတဲ့ ငရဲဘုံကိုးခုဧကရာဇ်က အလယ်ပိုင်းဒေသကြီးက အလင်းနယ်မြေကို ဖျက်ဆီးဖို့ သူ့ရဲ့တစ္ဆေစစ်သူကြီး ရှစ်ဦးနဲ့ တပည့်ခုနှစ်ယောက်တို့ကိုဦးဆောင်ခဲ့တယ်တဲ့….အခုဆို အလယ်ပိုင်းဒေဿကြီးမှာ အလင်းမရှိတော့ဘဲ အမှောင်ပဲရှိတော့မှာ”

“အမှန်ပဲ. ငါလည်းဒါကိုကြားတယ်.. အလင်းစီရင်စုက အမှောင်စီရင်စုနဲ အမြဲတမ်းစစ်ဖြစ်နေခဲ့တာ.. ဒီနှစ်တွေအတွင်း စစ်ပွဲကပိုပိုပြီးပြင်းထန်လာတာ. အမှောင်စီရင်စုရဲ့သေခြင်းဧကရာဇ် လင်ယဲ့ဖုန်းက ငရဲဘုံကိုးခု ဧကရာဇ်ရဲ့အကြီးဆုံးတပည့်ပဲ.. ပြန်လည်မွေးဖွားလာတဲ့ ငရဲဘုံကိုးခုဧကရာဇ်က အလင်းနယ်မြေကို ဖျက်ဆီးဖို့ သေခြင်းဧကရာဇ်ကို ကူညီမှာက ပုံမှန်ပဲလေ”

“ငါဒါကို မမျှောင်လင့်ထားဘူး. ငရဲဘုံကိုးခုဧကရာဇ်က ဆယ့်ခြောက်နှစ်အကြာကသေဆုံးသွားပေမဲ့ သူကဒီကမ္ဘာမှာပြန်လည်မွေးဖွားလာခဲ့တယ်..ငရဲဘုံကိုးခု ဧကရာဇ်ကတော့ငရဲဘုံကိုးခုဧကရာဇ်ပါပဲ.. သူကထျန်းဟန်တိုက်ကြီးရဲ့ စွမ်းအားအကြီးဆုံးသူပဲ .. သူက အနန္တတန်ခိုးရှင်တစ်ဦးပဲ”

“အခု ငရဲဘုံကိုးခု ဧကရာဇ်က ပြန်မွေးဖွားလာပြီ ကမ္ဘပေါ်က စွမ်းအားအကြီးဆုံးသူဆိုတဲ့ ဂုဏ်ပုဒ်အတွက် ဘယ်သူမှထပ်ပြီးတိုက်ဖို့မလိုတော့ဘူး.. တိုက်ဖို့အတွက်လဲ အဓိပ္ပါယ်မရှိတော့ဘူး. ဘယ်သူက ငရဲဘုံကိုးခု ဧကရာဇ်ကို ယှဉ်နိုင်မှာလဲ”

“ဟုတ်တယ်. ငရဲဘုံကိုးခုဧကရာဇ် ယိုမင်က ကမ္ဘာပေါ်မှာစွမ်းအားအကြီးဆုံသူပဲ. ဘယ်သူကမှအဲ့အတွက်နဲ့သူ့ကိုမတိုက်ရဲဘူး”

“ငရဲဘုံကိုးခုဧကရာဇ် ယိုမင်”

ဆင်းရဲနုံချာသော မြိုလေးတစ်ခု၏ သေရည်ဆိုင်တစ်ခုအတွင်းတွင် အနက်ရောင်ဝတ်စုံနှင့် ဝါးခမောက်ကို ဆောင်းထားသော လူတစ်ဦးကအေးစက်စွာပြောလိုက်သည်။ သူ၏မျက်နှာအား ပိတ်ကျဲတစ်ခုနှင့်ဖုံးကာထားပြီး မျက်နှာကို ရှင်းလင်းစွာ မမြင်ရပေ။

သူ၏အသံက အိုမင်းအက်ရှသုန်မှုန်သည့်အသံဖြစ်သည်။

ထို့နောက်အမုန်းတရားများပြည့်နှက် နေသောအသံဖြင့်ပြောလိုက်သည်။

“ငရဲဘုံကိုးခု မျိုးဆက်က..ဆင်းသက်သူတွေ ..အဲ့တာသူပဲ. ငါ့ရဲ့အလောင်းထိန်းချုပ်ဂိုဏ်းကို ဖျက်ဆီးပြီး ငါ့မျိုးဆက်တွေကို သတ်သွားတာ သူကဆင်းသက်လာသူတွေပဲ”

ဤလူမှာ အလောင်းထိန်းချုပ်ဂိုဏ်းအား တည်ထောင်သူ လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်က စွမ်းအားကြီးသူဖြစ်သော အလောင်းထိန်းချုပ်ဂိုဏ်းအောက်၌ နှစ်ပေါင်းများစွာ အိပ်မောကျနေခဲ့သည့်ရှစ်ရွှယ်ပင်ဖြစ်သည်။

ဤအချိန်အတောအတွင်း သူ၏အလောင်းထိန်းချုပ်ဂိုဏ်းတစ်ခုလုံးအား ငရဲဘုံကိုးခု ဧကရာဇ်၏အဆက်အနွယ်ထဲမှ တစ်စုံတစ်ဦးက အမြစ်ဖျက်သုတ်သင်ခဲ့သည်ကို ရှစ်ရွှယ်သိခဲ့ရသည်။ သူ၏နှလုံးသားထဲတွင် လက်စားချေလိုမှုတို့ဖြင့် ပြည့်နှက်နေပြီး နေရာအနှံ့သို့အပြေးသွားကာ ငရဲဘုံကိုးခု ဧကရာဇ်၏ မျိုးဆက်များကို သုတ်သင်ရန်စောင့်ဆိုင်းခဲ့သည်။

သို့သော်ယနေ့အထိသူမအောင်မြင်သေးပေ။ သူက ငရဲဘုံကိုးခု ဧကရာဇ်နှင့်ဆက်နွယ်နေသော တစ်ဦးတစ်လေကိုပင် မသတ်ရသေးပေ။

သူကမြောက်ပိုင်းဒေသကြီးအတွင်းရှိ သေခြင်းမဲ့တောင်တန်းမှ လောမိသားစု အကြောင်းကိုကြားခဲသည်။ လောမိသားစု၌ လောချင်းချွမ်ဟုခေါ်‌သော ငရဲဘုံကိုးခု ဧကရာဇ် ၏တပည့်တစ်ဦးရှိသည်ကိုကြားခဲ့သည်။ ထို့ကြောင့် ဘိုးဘေးရှစ်ရွှယ်မှာ လောမိသားစုအားဖျက်ဆီးရန် သေခြင်းမဲ့တောင်တန်းသို့ တစ်ဟုန်ထိုးသွားခဲ့သည်။

သို့သော်သေခြင်းမဲ့တောင်တန်းသို့သူရောက်သောအခါ ဗလာဖြစ်နေပြီး လူတစ်ယောက်ပင်ရှိမနေပေ။ သူ၏အမုန်းတရားအားဖွင့်ထုတ်ရန် သေခြင်းမဲ့တောင်တန်းအတွင်းမှ နတ်ဆိုးသားရဲအားလုံးကိုသာ သူသတ်ခဲ့ရသည်။

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters