← Chapters

ရိုက်ကူးရေးအဖွဲ့ ရောက်ရှိခြင်း

Vol. 45 Ch. 673

ရိုက်ကူးရေးအဖွဲ့ ရောက်ရှိခြင်း

Vol. 45 Ch. 673

အပြင်အဆင်သည် အလွန် ရှုပ်ထွေးခြင်းမရှိဘဲ အချို့သော ပိုထူးခြားသော နောက်ခံကားအတွက် နောက်ခံ နံရံများကို အသုံးပြုနိုင်ပေသည်။ အဆုံးသတ်ရလဒ်က သိပ်မကောင်းလျင် နောက်ပိုင်း၌ သူတို့ ပြန်၍ ပြုပြင်နိုင်ပေသည်။ နောက်ခံ အစစ်အမှန်ကို ဖန်တီးနိုင်ရန်အတွက် အမှီအနည်းငယ်သာ လိုအပ်ပေသည်။

စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးတွင် အတိုက်အခိုက်ခန်းများ များစွာ ပါရှိသဖြင့် ရဲ့လင်းချန်သည် တစ်စုံတစ်ယောက်အား ကတုတ်ကျင်းများ တူးစေခဲ့သည်။ သဲအိတ်များနှင့်အတူ စစ်ဝတ်စုံ၊ သေနတ်များနှင့် အခြားသော လိုအပ်သည့် အရာများကိုလည်း သယ်လာခဲ့သည်။ ၎င်းတို့ကပင် လိုအပ်သည်ထက်ပင် ပိုနေလေပြီ။

ရဲ့လင်းချန်တွင် အကြမ်းဖျင်း အကြံရှိနေပြီး ၎င်းတို့ထဲမှ အချို့သော အချက်များကို အရင် ပြင်ဆင်ရန် စီမံထားသည်။ ထို့နောက် သူသည် ကျောမှီထိုင်ခုံကို ခင်း၍ လှဲလိုက်ကာ သူ့ဘေး၌ ထီးကြီးတစ်လက်ကို စိုက်ထားလိုက်သည်။ မည်မျှ သက်တောင့်သက်သာ ရှိကြောင်း စကားလုံးနှင့် မဖော်ပြတတ်ချေ။ ယင်းက အပန်းဖြေခရီး ထွက််နေသလိုပင်။

သိပ်မကြာခင်မှာပင် ဟောင်ယွင်က ရဲ့လင်းချန်ဆီသို့ အအေးတစ်ခွက်နှင့် နေကာမျက်မှန် ယူလာလိုက်သည်။ သူက နေကာမျက်မှန်ကို တပ်၍ အအေးကို တစ်ငုံသောက်ကာ ပင်လယ်လေညင်းနှင့် လှိုင်းလုံးများက ကျောက်ဆောင် အား ရိုက်ခတ်သည့် အသံကို ခံစားနားထောင်နေ၏။ လက်ရှိအချိန်၌ ရဲ့လင်းချန်သည် ပြန်လည် လန်းဆန်း တက်ကြွလာသည်ဟု ခံစားနေရသည်။

“ရဲ့နတ်ဘုရား၊ ဒီလူတွေက တကယ်ပဲ စစ်သည်တော်ဌာနက စစ်သည်တော်တွေလား”

ဟောင်ယွင်သည် ယခုထိ ပြေးနေသည့် အဖွဲ့အား သိချင်ဟန်ဖြင့် ကြည့်နေသည်။

သူမအဘိုးက ချင်ပိုင်ချွမ်းကို သိသော်လည်း သူမသည် စစ်သည်တော်များနှင့် တစ်ခါမှ အဆက်အသွယ် မရှိခဲ့ဖူးချေ။ ငရဲတံခါးအကြောင်း သူမ သိလိုက်ရသည့်အခါမှသာ ထိတ်လန့်သွားပြီး ထိုစစ်သည်တော်များအပေါ် အားကိုးသလို ခံစားနေရသည်။

ရဲ့လင်းချန်က နောက်သို့ပြန်မှီ၍ မသိမသာ ခေါင်းညိတ်သည်။

“မနေ့က အဘိုးချင်က ရှင့်ကို ဘာပြောခဲ့သလဲဆိုတာ ကျွန်မကို ပြောပြပါလား၊ ဘာလို့ အစ်မမြောင်မြောင်ရဲ့ အမူအရာက အရမ်း ကြည့်ရဆိုးနေခဲ့တာလဲ၊ ငရဲတံခါးက ပွင့်လာတော့မှာမို့လို့လား”

ဟောင်ယွင်က ဆက်မေးလာသည်။ သူမက ချင်ပိုင်ချွမ်းကို မေးပါသော်လည်း သူမ မည်မျှ သောင်းကြမ်းနေပါစေ သူ မပြောပြချေ။ တုန်းမြောင်မြောင်သည်လည်း ထိုနည်းတူပင်။ သူမမျက်နှာက ဖြူရော်ပြီး တိတ်တိတ်သာနေနေ၏။

“ဟုတ်တယ်၊ ဒီကမ္ဘာကြီးက မကြာခင် ပျက်စီးတော့မှာ၊ အဲ့တော့ မြန်မြန် ဘဝကို ပျော်‌ပျော်နေ”

ရဲ့လင်းချန်က ပြုံး၍ အေးအေးလူလူ ပြန်ပြောလိုက်သည်။

“ရှင် နည်းနည်းပါးပါးလောက် ရိုးသားပေးလို့ရမလား၊ ကျွန်မ တကယ် သိချင်လို့ပါ၊ ကျွန်မကို ပြောပြပါ”

ဟောင်ယွင်က ရဲ့လင်းချန်ကို အပူကပ်လေသည်။

“ငရဲတံခါးက ဘာလဲ၊ အထဲမှာ ဘာရှိတာလဲ၊ ရှင်းပြလို့မရတဲ့ ထူးခြားတဲ့အရာတွေ အားလုံးက ငရဲတံခါးနဲ့ ပတ်သက်နေတာလား”

ဟောင်ယွင်က မေးခွန်းများ တရစပ် မေးလေတော့သည်။

“ငါ မင်းကို မပြောချင်တာ မဟုတ်ဘူး၊ ငါကိုယ်တိုင်လည်း မင်းမေးခွန်းရဲ့ အဖြေကို သိချင်နေတာ”

ရဲ့လင်းချန်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ဒီစစ်သည်တော်တွေအားလုံးက ငရဲတံခါးကို ရင်ဆိုင်မယ့်သူတွေလား”

“ဟုတ်တယ်”

ရဲ့လင်းချန်က တဲ့တိုးဖြေလိုက်သည်။

“ဒါဆို ငါလဲ သိုင်းပညာ လေ့ကျင့်ချင်တယ်”

ဟောင်ယွင်က ယတိပြတ် ပြောလာ၏။

“ရဲ့နတ်ဘုရား၊ ကျွန်မကို သိုင်းပညာ သင်ပေးပါ”

“ရတာပေါ့၊ သူတို့နဲ့ လိုက်ပြေးလိုက်၊ မင်း ပထမဆုံး လုပ်ရမယ့်အရာက ဇွဲလုံ့လကို ပြတာပဲ”

ဟောင်ယွင်၏ အမူအရာက ရုတ်တရက် ခါးသီးသွားပြီး ရဲ့လင်းချန်အား စိတ်အားထက်သန်စွာ ကြည့်လေသည်။

“ဒါပေမဲ့ ရှင်က သိပ်သန်မာတာလေ၊ မဟုတ်ဘူးလား ရဲ့နတ်ဘုရား၊ ရှင့်မှာ ဖြတ်လမ်းတစ်မျိုးမျိုးတော့ ရှိမှာပဲလေ၊ ရှင် ကျွန်မကို သင်ပေးပါလား၊ ကျွန်မ သိုင်းပညာရှင် ပါရဂူတစ်ယောက် ဖြစ်နိုင်တယ်လို့ ခံစားရတယ်”

ရဲ့လင်းချန်က သူမ၏ ပြည့်ပြည့်ဖောင်းဖောင်း မျက်နှာဝိုင်းဝိုင်းလေးကို ကြည့်ပြီး အသည်းယားစွာ ဆွဲဆိတ် လိုက်သည်။

“သွားအိပ်တော့၊ အိပ်မက်မက်နေလိုက်”

…

“လခွမ်း၊ သူ့သိုင်းပညာက တကယ် အဲ့လောက် ကောင်းတာလား”

ပြေးနေသည့် စစ်သည်တော်များထဲမှ တစ်ချို့က မနေနိုင်ဘဲ တီးတိုးပြောနေကြသည်။

“ငါတော့ အဲ့လို ကြားတာပဲ၊ နည်းပြချုပ် လေးယောက်လုံးက သူ့ကို အသိအမှတ်ပြုတယ်၊ သူ့ခွန်အားက ရူးချင်စရာ ကောင်းပြီးတော့ နည်းပြချုပ် လေးယောက်လုံးနဲ့ ယှဉ်နိုင်တယ်လို့ ငါ ကြားဖူးတယ်၊ ဒါပေမဲ့ … သူက အရမ်း ငယ်လွန်းနေပုံ ပေါက်နေတော့ ယုံဖို့ နည်းနည်းခက်တယ်”

တစ်ယောက်က ခပ်နိမ့်နိမ့်အသံနှင့် မသေချာဟန် ပြောလာသည်။

“ငါ အာမခံနိုင်တယ်၊ အရင်တစ်ခေါက်က သူ တိုက်ခိုက်တာကို ငါ မြင်ဖူးတယ်၊ ငါ အဲ့မှာ ရှိခဲ့တာ၊ အဲ့ဒါက တကယ် အံ့ဩဖို့ ကောင်းတာကွ”

“သူက အဲ့လောက် ကောင်းတယ်ဆိုရင်တောင်မှ ငါတို့ကို ဒီလိုလုပ်လို့ မရဘူး၊ ငါတို့ ရောက်ရောက်ချင်း ပြစ်ဒဏ်ကြီး အပေးခံရတာပဲ”

“ပုံမှန်ပဲလေ၊ ငါတို့အပေါ် သူ့ရဲ့ လုပ်ပိုင်ခွင့်ကို ခိုင်မာအောင် လုပ်ချင်နေတာ၊ ဒါပေမဲ့ကွာ ငါတို့က ဇာတ်လမ်းတွဲ ရိုက်ဖို့ ဒီကို အဖိတ်ခံရတာကို သူ ငါတို့ကို ဘယ်လိုလုပ် ဒီလို ဆက်ဆံနိုင်ရတာလဲ”

“သူကတော့ ဟိုမှာ ဇိမ်ခံနေပြီးတော့ ငါတို့က ပြေးနေရတယ်၊ ဒါ လွန်သွားပြီ၊ သူ့အရည်အချင်းက အားလုံးထက် ပိုကောင်းနေရုံလေးပါပဲ၊ ငါတို့ ငရဲတံခါးကို ရောက်ပြီး သိုင်းပညာကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်တာနဲ့ လက်စားချေကြမယ်”

“ဟုတ်တယ်၊ သူ အခု ကြောက်စရာ ကောင်းလောက်ပင်မယ့် ငါတို့ ငရဲတံခါးကို ဝင်ပြီး ပြန်လာတဲ့အခါကျရင် အငယ်တွေကို အနိုင်ကျင့်တာနဲ့ ဘာဖြစ်မလဲဆိုတာကို ပြကြမယ်”

အဖွဲ့သည် ပြေးနေသည့်အချိန်တိုင်း ရဲ့လင်းချန်ကို မျက်လုံးထောင့်မှ မြင်နေရသည်။ သူတို့ ဒုက္ခခံနေရချိန်တွင် ရဲ့လင်းချန် ဇိမ်ခံနေသည်ကို မြင်ရသည်က သည်းခံရခက်သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုပင်။

တကယ်တမ်းတွင် သူ၏ ဇိမ်ခံခြင်းအပြင် လှပသော မိန်းကလေးတစ်ယောက်က သူ့ကို အဖော်လုပ်ပေးနေခြင်း ဖြစ်သည်။ သူတို့နှစ်ယောက်က ပရောပရည် လုပ်နေသည်ဟု ထင်ရပြီး ယင်းက ပို၍ ကြည့်ရခက်လှသည်။

စစ်သည်တော်ဌာနတွင် အမျိုးသမီး အရေအတွက်က နည်းပါးပြီး ဟောင်ယွင်သည် အမှတ် ကိုးဆယ်ကျော် ရသည့် အလှလေးတစ်ဦး ဖြစ်သည်။ ဆာလောင်နေသော ဝံပုလွေများကဲ့သို့ စစ်သည်တော်များ၏ မျက်လုံးများက အားကျ၍ မနာလိုသော အရိပ်အယောင်တို့နှင့် တောက်ပလာသည်။

“ဝူယွဲ့၊ မင်းက နည်းပြချုပ်ရဲ့ကို ကောင်းကောင်း သိတယ်လို့ သူတို့ ပြောနေတာ၊ အဲ့ဒါ အမှန်ပဲလား”

ဝူယွဲ့သည် ပြေးခြင်း၌ အပြည့်အဝ အာရုံစိုက်နေသည်။ ထိုမေးခွန်းကို ကြားသောအခါ သူ ခေါင်းမော့ သွားသော်လည်း ဘာမှမပြောဘဲ ဆက်ပြေးနေ၏။

“ဟ မင်းက အတည်ကြီးလား၊ မင်း သူ့ကို ကြောက်လွန်းလို့ စကားတောင် မပြောရဲတော့ဘူးလား”

တစ်ယောက်က ခနဲ့တဲ့တဲ့ဖြင့် မေးလာသည်။

ဝူယွဲ့က မကြားချင်ယောင်ဆောင်၍ ဆက်ပြေးနေသည်။ သူသည် စိတ်ထဲမှ သရော်နေ၏။

*ဒီလူတွေ အရင်က တစ်ခါမှ မငိုဖူးဘူးပဲ၊ သူတို့ ရဲ့လင်းချန်ဆီမှာ အညံ့ခံလာဖို့ သိပ်မကြာတော့ဘူး*

ရဲ့လင်းချန်သည် ဘယ်သောအခါမှ အရှုံးခံမည့်သူ မဟုတ်သလို တစ်ခုခု ပြီးအောင် လုပ်နိုင်ရန်အတွက် သူ့တွင် မဆုံးနိုင်သော နည်းလမ်းများ ရှိလေသည်။ သူတို့၏ အစောပိုင်းက စကားများကို ပြန်စဉ်းစားမိသောအခါ သူ သံသယ ဝင်လာသည်။ ယခင်က သူနှင့် သူ့အဖွဲ့တို့သည်လည်း ရဲ့လင်းချန်အား အထင်သေးခဲ့ဖူးသည်ကို သူ သတိရမိသည်။ နောက်ဆုံးတွင် ရဲ့လင်းချန်က သူတို့အားလုံးကို အရှုံးပေးလာအောင် လုပ်နိုင်ခဲ့သည်။

ရဲ့လင်းချန်က သူတို့ကို ပြေးနေချိန်တွင် စကားပြောခွင့်မပြုဟု ပြောထားသော်လည်း သူတို့က သူ့နောက်ကွယ်၌ ပြောရဲနေသေးသည်။ သူတို့ မကြာခင် နောင်တရပေလိမ့်မည်။

ဝူယွဲ့ သူတို့ကို သနားမိသည်။ ‘အငယ်တွေကို အနိုင်ကျင့်သည်’ ဟူသော စကားက ရယ်ချင်စရာပင်။ အဘယ်ကြောင့်ဆိုသော် ရဲ့လင်းချန်က ဤနေရာ၌ ရှိနေသည့် လူတိုင်းထက် ပိုငယ်သောကြောင့်ပင်။

တစ်ပတ်ပြီး တစ်ပတ် ကြာသော် …

ရဲ့လင်းချန်က သူတို့ကို ပန်းတိုင်တစ်ခု မထားထားသဖြင့် ဦးတည်ချက်မဲ့သော ခံစားချက်က သူတို့ကို ပင်ပန်း လာစေသည်။

သူတို့ထဲမှ အများစုသည် ဟောဟဲလိုက်စ ပြုနေပြီ ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ မောပန်း လာသဖြင့် သူတို့သည် စိတ်ထဲ၌ အော်ဟစ် ဆဲဆိုလာကြသည်။

ထိုသို့သောအချိန်၌ နောက်ထပ် သင်္ဘောတစ်စီးက ကမ်းကပ်လာသည်။

ရှောင်ဖေးဖေးက ရိုက်ကူးရေးဝန်ထမ်းအားလုံးကို ခေါ်လာပြီး အစုံအလင် ပြင်ဆင်လာခဲ့သည်။ လီကျင့်၊ အလီနှင့် အခြားသော သရုပ်ဆောင်များလည်း ပါလာ၏။

“လင်းချန်”

“ဥက္ကဋ္ဌရဲ့”

ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို ပြုံးပြပြီး ကျန်သူများက သူ့အား တလေးတစား နှုတ်ဆက်လာသည်။

ရဲ့လင်းချန်က လူတိုင်းကို ခေါင်းညိတ်ပြပြီး ရိုက်ကူးရေး လိုအပ်ချက်အချို့ကို ရှင်းပြလေသည်။ မကြာခင်မှာပင် ရိုက်ကူးရေး ဝန်ထမ်းများက လုပ်ငန်းစလေတောသည်။

ဇာတ်ညွှန်းအရ ကြိုတင် ပြင်ဆင်ထားသော အလုပ်တော်တော်များများက ပြီးလုနီးပါးပင်။ တဲများကို ပြင်ဆင် ထားပြီး ရိုက်ကူးရေး ဧရိယာမှ အပြင်အဆင်များကလည်း ပြီးသွားလေပြီ။ ဇာတ်ဝင်ခန်း တော်တော်များများ အတွက် အပြင်အဆင်များကိုလည်း လုပ်ဆောင်ပြီးသွားလေသည်။ အရာအားလုံးက ခရီးရောက်နေပြီ ဖြစ်သည်။

ရှောင်ဖေးဖေးက သူ့ဘေး၌ ရပ်ကာ ပြုံး၍ ပြောလာသည်။

“လင်းချန်၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းရဲ့ ပြန်လည် ထုတ်လွှင့်ပြသမှု မူပိုင်ခွင့်ကို ရောင်းပြီးသွားသလို animation မူပိုင်ခွင့်နဲ့ အခြား မူပိုင်ခွင့် အသေးအဖွဲလေးတွေကိုလည်း ရောင်းပြီးပြီ၊ စုစုပေါင်း သန်းငါးဆယ် ရတယ်၊ အဲ့ဒါအပြင် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက အတွဲနှစ် မရိုက်ရသေးတာတောင် ကုမ္ပဏီတွေက ကြော်ငြာခန်းတွေ အတွက် ကြိုစာရင်းယူပြီးနေပြီ။ ကြော်ငြာအတွက် ငါတို့ ရတဲ့ အမြင့်ဆုံး လေလံက ရှစ်သန်းနား ရောက်တော့မယ်”

ထိုရှစ်သန်းသည် ဇာတ်လမ်းတွဲ တစ်ခုလုံး၌ အကြိမ်ပေါင်းများစွာ အသုံးပြုမည့် ကုန်ပစ္စည်းအတွက် ဖြစ်သည်။

“ရှစ်သန်းက မလုံလောက်ဘူး”

ရဲ့လင်းချန် ပြုံးလိုက်သည်။

အတွဲတစ်၌ ကြော်ငြာ အနည်းငယ်မျှသာ ရှိပြီး မူပိုင်ခွင့်ဆိုလျင် ထည့်ပင် မတွက်ကြချေ။ အတွဲနှစ်အတွင်း ရောင်းအားက အလွန် မြင့်တက်သွားလိမ့်မည်ဟု မည်သူမှ ထင်မထားမိပေ။

“အဓိက ကြော်ငြာရှင်တွေက သူတို့ဈေးကို မြှင့်လာမှာကို ငါ စောင့်နေတုန်းပဲ”

လေက သူမဆံနွယ်များကြားသို့ တိုးဝင်တိုက်ခတ်နေသဖြင့် သူမမျက်နှာပေါ်မှ ဖယ်နေရသည်။ သူမက ပြုံးကာ ပြောလေသည်။

“အဓိက ရုပ်သံချန်နယ်တွေကလည်း ဒုတိယတွဲရဲ့ ထုတ်လွှင့်မှု မူပိုင်ခွင့်အတွက် လေလံစခေါ်နေကြပြီ၊ အခု အမြင့်ဆုံးက တစ်ပိုင်းကို ငါးသန်း ပေးတဲ့ Apple TV ပဲ”

“ငါးသန်းပဲလား၊ သူတို့ဈေးကို ဆက်ခေါ်ခိုင်းထားလိုက်”

ရဲ့လင်းချန်က ခေါင်းခါနေသည်။

“ကမ်းလှမ်းဈေးက ဆယ်သန်းအောက်ဆို လာပြောမနေနဲ့လို့ သူတို့ကို ပြောလိုက်”

All Chapters