လှိုင်းဂယက်
Vol. 22 Ch. 301
ဇူယွမ်နှင့် ချောင်းစူည်တို့၏ ယှဉ်ပြိုင်ပွဲ ရလဒ်က သူတော်စင် တောင်ထွတ် တစ်ခုလုံး ခဲတစ်လုံးကို ကန်ရေပြင်သို့ ပစ်ချလိုက်သောအခါ ဖြစ်ပေါ်လာသော လှိုင်းဂယက် အသွင်ဖြင့် ပျံ့နှံ့သွားခဲ့သည်။ များစွာသော တပည့်များက အစောပိုင်းတွင် သည်တိုက်ပွဲကား ဇူယွမ်မှ အစပြုခဲ့သည့် ရန်ပွဲလေး တစ်ခုအဖြစ်သာ ရူမြင်ခဲ့ကြသည်။
ဇူယွမ်က တောင်ထွတ်ရွေးချယ်မှု အခမ်းအနားမှ ချန်ပီယံ တစ်ယောက် ဖြစ်နေခဲ့လျှင်ပင် ထိုအရာက အပြင်ဘက်တောင်ရှိ တပည့်များအကြားက ယှဉ်ပြိုင်မှုသာ ဖြစ်သည်။ ချောင်းစူည်မှာတော့ သူနှင့် မတူညီစွာပင် ဝါရင့် ရွှေရောင်ခါးစည်း တစ်ယောက်ဖြစ်ပြီး မူလစဦး ပဉ္စမအဆင့်များ ကြားတွင် ကြောက်မက်ဖွယ်ကောင်းသူ တစ်ဦး ဖြစ်သည်။ သိသာစွာပင် သူတို့နှစ်ယောက်မှာ တူညီသော အဆင့်များတွင် ရှိမနေကြပေ။
ထိုကြောင့် ထိုယှဉ်ပြိုင်ပွဲကို အရေးမထားပဲ ရယ်စရာတစ်ခု အဖြစ်သာ ထင်မြင်ခဲ့ပေသည်။ သို့သော်လည်း နောက်ဆုံးတွင် သည်လောက်အထိ ရလဒ် ပြောင်းလဲသွားမည်မှန်း မည်သူမှ မမျှော်လင့်ခဲ့ကြချေ…
“ဘာ။ ဇူယွမ်က ချောင်းစူည်ကို အနိုင်ယူခဲ့တယ်လား”
အကြီးအကဲ လုစုန့်နှင့်အတူရှိနေသည့် လုယန်က ထိုစကားကြားရချိန်တွင် သူမ၏ လှပသော မျက်နှာလေး၌ အံအားသင့်မှုများ ဖြစ်ပေါ်ခဲ့ပြီး ချက်ချင်းပင် မေးမြန်း လိုက်သည် “ဒါဘယ်သူ ဖြစ်နိုင်မှလည်း။ နင်နားကြားများ မှားခဲ့လား”
ထိုသတင်းကို လာပြောသော တပည့်က ခါးသီးစွာ ပြုံးလိုက်ပြီး ရှင်းပြလိုက်သည် “ဒီသတင်းက ပျံနှံ့နေခဲ့ပြီး တပည့်များစွာက အဲ့တိုက်ပွဲကို ကိုယ်တိုင် မြင်ခဲ့ကြတာပဲ။ ဇူယွမ်က ချောင်းစူည်ကို တကယ်ရိုက်ခဲ့တာတဲ့”
လုယန်၏ မျက်နှာသည် ရှက်ရွံမှုကြောင့် အလွန်အမင်း နီရဲနေခဲ့သည်။ သူမက ဇူယွမ် သေချာပေါက်ကို ရှုံးနိုမ့်လိမ့်မည်ဟု ပြောခဲ့သောကြောင့် အမှန်တရားက သူမအတွက် အရှက်ရစရာ ဖြစ်ခဲ့သည်။
“ဟီးဟီး၊ ကြည့်ရတာ မင်းက ဇူယွမ်ကို အထင်သေးနေတာပဲ” အကြီးအကဲ လုစုန့်က ပြုံးရွှင်စွာ ပြုံးလိုက်သည်။
လုယန်က ညင်သာစွာ အံကြိတ်လိုက်ပြီး ဟွန့်ခနဲ နှာမှုတ်သံ အသံပြုကာ ပြောလိုက်သည် “ဘယ်သူသိမှာလဲ အကြီးအကဲ စိန်းရဲ့ အုပ်စုက ပြပွဲတစ်ခုလုပ်ဖို့ အကြီးအကဲ စိန်းကိုယ်တိုင် ချောင်းစူည်ကို အတင်းအကြပ် အရှုံးပေးခိုင်းလိုက်တာ နေမှာပေါ့”
သူမက ထိုအရာကို မယုံကြည်နိုင် ဖြစ်နေဆဲပင် ဖြစ်သည်။ ဇူယွမ်က အခုမှ မူလစဦး ဒုတိယအဆင့်ကို ရောက်သေးတာမလား… သူအနေဖြင့် မူလစဦး စတုတ္ထအဆင့်ဖြစ်သော လုဖန်းကို ရှုံးနိုမ့်စေခဲ့တယ် ဆိုရင်တောင်မှပဲ လုဖန်းနှင့် ချောင်းစူည်တို့ အကြား ကွာခြားချက်မှာ ကြီးမားပေသည်။
အကြီးအကဲ လုစုန့်က ခေါင်းခါယမ်းလိုက်ပြီး “အကြီးအကဲစိန်းရဲ့ အကျင့်စရိုက်ကို ငါကောင်းကောင်း သိတယ်။ သူကခေါင်းမာပြီး အလျော့မပေးတတ်တဲ့ လူတစ်ယောက်ပဲ သူ့အနေနဲ့ ဇူယွမ်ကို ဘယ်လောက်ပဲ မြင့်မားစွာ မျှော်လင့်ထားပါစေ သည်လိုနည်းလမ်းနဲ့ သူ့ကို ကူညီဖို့ လုပ်မှာ မဟုတ်ဘူး”
သတင်းကို လာပြောသော တပည့်ကလည်း ပြောလိုက်သည် “ကြည့်ရတာ ဇူယွမ်က နဂါးကိုးကောင် နိယာမကျင့်စဉ်မှာ နဂါးရှစ်ကောင် အဆင့်ကို ရောက်သွားခဲ့တဲ့ ပုံပဲ”
“အိုး…” အကြီးအကဲ လုစုန့်က ပန်းပင် ရေလောင်းနေရာမှာ ရပ်တန့်လိုက်ပြီး အံ့အားသင့်စွာ မှတ်ချက် ချလိုက်သည် “ဒီကောင်းလေးက စွမ်းရည်ရှိသားပဲ။ အတွင်းတောင် တပည့်တွေ ကြားထဲမှာတောင် လူအနည်းငယ် လောက်ပဲ နဂါးကိုးကောင်နိယာမရဲ့ အဲ့အဆင့်ကို ရောက်နိုင်တာ။ သူလုဖန်းနဲ့ တိုက်တုန်းကတောင် နဂါးလေးကောင်ပဲ ရှိခဲ့တာ….”
“မူလကျင့်စဉ် ကျင့်ကြံမှုမှာ ဇူယွမ်ရဲ့ ထူးကဲကောင်းမွန်ပြီး ပြည့်စုံတဲ့ စွမ်းရည်အကြောင်း ကြာဖူးပေမယ့် သည်လောက်အထိ ကောင်းမွန်မယ်လို့ ငါတစ်ခါမှ မမျှော်လင့်ခဲ့မိဘူး” သူက သက်ပြင်းချလိုက်သည်။
လုစုန့်၏ ဇူယွမ်အား အဆက်မပြတ် ချီးကျူးနေမိမှု ကြားရသော အချိန်တွင် လုယန်က အံ့သြသွားခဲ့ပြီး “အဘိုးက သူ့ကို မြင့်မားစွာ တွေးထားခဲ့ရင် ဘာလို့ သူ့ကို မသိမ်းသွင်းခဲ့တာလဲ”
အကြီးအကဲ လုစုန်းက သက်ပြင်းချလိုက်ပြီး “လက်ရှိမှာ လုဟုန်းရဲ့ လှုပ်ရှားမှုတွေက မရပ်တန့်နိုင် ဖြစ်နေခဲ့တာ ငါမှာ သူ့ကို ယှဉ်ပြိုင်ဖို့ စိတ်ဓာတ်ခွန်အားတွေ မရှိတော့ဘူး။ ခေါင်းမာတဲ့ လူအိုကြီးစိန်းသာ အရှုံးပေးချင်စိတ် မရှိသေးတာ။ အဲ့တာကြောင့် ဇူယွမ်ကို ရဖို့ ဘာကြောင့် သူ့ကို ယှဉ်ပြိုင်သင့်မှာလဲ။ အဲ့တာကြောင့် သူ့ကို မျှော်လင့်ခွင့်ပေးလိုက်တာ ပိုကောင်းတယ်”
“ဇူယွမ်က တစ်သန်းမှာ တစ်ယောက်သာ တွေ့ရတဲ့ ကောင်းကင်က ကောင်းချီပေးတဲ့ အံမခမ်း ပါရမီရှင် တစ်ယောက် ဖြစ်ရင်တော့ လုဟုန်းတို့ အုပ်စုကို တားနိုင်ပြီး ငါတို့ကို အကျိုးရှိ စေလိမ့်မယ်။ သည်လိုသာ မဟုတ်ရင် အနာဂတ်မှာ ငါတို့ ဘယ်တော့မှာ ဦးမော့နိုင်မှာ မဟုတ်ဘူး”
“သူမ၏ မျက်ဝန်းအိမ်များက စဉ်းစားသွားဟန်ပေါ်ပြီး ပြောလိုက်သည် “ဇူယွမ်က ချောင်းစူည်ကို အနိုင်ရခဲ့ပြီး ဂူနန်းယှဉ်ပြိုင်ပွဲမှာ ပါဝင်တဲ့ တစ်ယောက်ဖြစ်လာခဲ့ပြီ။ ခရမ်းရောင် မူလဂူနန်းယှဉ်ပြိုင်မှုမှာ ဘယ်သူအနိုင်ရမယ်လို့ အဖိုးထင်လဲ”
လုစုန့်က ရယ်မောကာ ပြန်ဖြေလိုက်သည် “ဇူယွမ်က ပါရမီနဲ့ အရည်အချင်းတွေ ရှိပေမယ့်လို့ သူက အခုမှ အတွင်းတောင်ကို ဝင်ရောက်ခါစပဲ ရှိသေးတယ်။ သည်တစ်ကြိမ်မှာ ချောင်းစူည်ကို အနိုင်ရဖို့ သူမှ ရှိသမျှ အရာအားလုံးကို ထုတ်သုံးခဲ့တယ်။ ငါထင်တာ မမှားဘူးဆိုရင် သူ နဂါးကိုးကောင် နိယာမကို တစ်ကြိမ်အသုံးပြုပြီးတာနဲ့ သူမှာ ထပ်တိုက်ခိုက်စရာ မူလချီ မကျန်ရှိတော့ဘူး”
ထိုစကားကို ကြားရသော အချိန်တွင် သတင်းလာပေးသော တပည့်က ချက်ချင်း ပြောလိုက်သည်။ “ဆရာစုန့်က တကယ်ကို အမျှော်အမြင့်ကြီးတာပဲ။ ဇူယွမ်က သူ့ရဲ့ မူလချီ အကုန်လုံးနီးပါးကို နဂါးကိုးကောင် နိယာမမှာ အသုံးပြုခဲ့တာ အမှန်ပဲ။ အဲ့တစ်ချက်မှာပဲ ချောင်းစူည်က အံကြိတ်ပြီး အရှုံးပေးခဲ့ရတာ”
လုစုန့်က သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည် “သူက မူလစဦး ပထမအဆင့်သာ ရောက်နေသေးတဲ့ အတွက် သူ့ရဲ့ ကျင့်ကြံမှုက ချို့တဲ့ နေခဲ့သေးတယ်... ဒါကြောင့် ချောင်းစည်ရဲ့ နေရာကို သူယူခဲ့ရင်တောင် အကြီးအကဲစိန်းရဲ့ဘက်မှာ အများကြီး အကူအညီရမှာ မဟုတ်ဘူး”
“ငါကြားခဲ့တာတော့ လုဟုန်းက ဝေယိုရွှမ်း၊ ဖုန်းယု၊ ချိန်းယွင်း တို့ကို ပို့မယ်လို့ ကြားတယ်... သူတို့သုံးယောက်လုံးက ရွှေရောင် ခါးစည်းတပည့်မှာ လက်ရွေးစဉ်တွေပဲ။ တစ်ယောက်ချင်းစီက အံ့မခန်း သန်မာပြီး သူတို့ရဲ့ အစစ်အမှန် စွမ်းအားတွေကိုတောင် ဖုံးကွယ်ထားခဲ့ကြတာ”
“ဒါကြောင့် ဇူယွမ်ကို ပေါင်းထည့် လိုက်ရင်တောင်မှပဲ လုဟုန်းရဲ့ဘက်က နိုင်ဖို့ အလားအလာ ကောင်းတုန်းပဲ”
“သည်အခြေအနေမှာ ဇူယွမ်အတွက် အခွင့်အရေး မရှိဘူး”
လုစုန်း၏ စကားများ ကြားရသော အချိန်တွင် လုယန်က ကျေနပ်စွာ ခေါင်းညိတ် လိုက်သည်။
ထိုအရာကို မြင်သောအခါ လုစုန့်က ရယ်မောကာ မနေနိုင်ပဲ ပြောလိုက်သည် “သူက မင်းကိုလည်း တစ်ခါမှ အပြစ်မပြုမိပေမယ့် သူ့အတွက် ကောင်းတာမရှိရင် မင်းက ဘာလို့ဝမ်းသာ နေရတာတုန်း”
လုယန်က အံ့အားသင့် သွားခဲ့သည်။ သူမ၏ ရင်တစ်ခုလုံးမှာ တုန်ယီနေခဲ့ပြီး တရားနည်းလမ်း ကျဟန်ဖြင့် ပြောလိုက်သည် “ဘယ်သူက သူ့ကို တောင်ထွတ် ရွေးချယ်မှု အခမ်းအနားမှာ ချန်ပီယံဖြစ်ဖို့ တောင်းဆိုခဲ့လို့လဲ”
လုစုန့်က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။ သူ၏ မြေးမလေးမှာ ရွေးချယ်ခံ တပည့် ဆယ်ယောက်၏ ခေါင်းဆောင်ဖြစ်သော ချူးချင်းကို ကြည်ညိုလေးစား မြတ်နိုးနေသူ တစ်ယောက် ဖြစ်မှန်း မသိပဲနှင့် မနေချေ။ ချူးချင်းမှာလည်း တစ်ချိန်က တောင်ထွတ် ရွေးချယ်မှု အခမ်းအနား၏ ချန်ပီယံ တစ်ယောက် ဖြစ်ဖူးလေသည်။
လုယန်၏ နှလုံးသားတွင် ချူးချင်းနှင့် နှိုင်းယှဉ်နိုင်သော အခြား ချန်ပီယံ မရှိပေ။ ထိုကြောင့် သူမ မမှားသည်ကို သက်သေပြရန် အတွက် ဇူယွမ်ကို ထိုသို့ သဘောထားမျိုး ထားနေခြင်းပင် ဖြစ်သည်။
လုစုန့်က လုယန်ကို စိုက်ကြည့်ကာ ပြောလိုက်သည် “မင်း ဇူယွမ်ကို လျော့မတွက်တာ ကောင်းမယ်။ အနာဂတ်မှာ ဘယ်လို အလှည့်အပြောင်းတွေ ဖြစ်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ချူးချင်းကို သူ လိုက်မီနိုင်တဲ့နေ့လဲ ရှိလာနိုင်တယ်”
သူ၏ မြေးမလေးက ချူးချင်းက မျက်ကန်း တစ်ယောက်သဖွယ် ချစ်မြတ်နိုးနေသည်ကို မြင်ရသည်က သူ့အား မပျော်မရွင် ဖြစ်စေပေသည်။ ထိုကြောင့် သူက ချူးချင်းကို ဝေဖန်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ထိုစကားကို ကြားချိန်တွင် လုယန်က အထင်အမြင် သေးစွာဖြင့် ပြောလိုက်သည် “အစ်ကိုတော် ချူးချင်းကို လိုက်မီဖို့ အိမ်မက်မက်နေတဲ့ သူတွေ ဘယ်လောက် များလိုက်လဲ။ ဇူယွမ်က အဲ့လို မြင့်မားတဲ့ မျှော်လင့်ချက်နဲ့များ နေထိုင်မလားဆိုတာ ငါတကယ် စိုးရိမ်မိတယ်။ အဘိုး… ဒါက လုံးဝမဖြစ်နိုင်ဘူး”
“ဒါ့အပြင် လာမယ့် ဂူနန်းရွေးချယ်မှုကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ စဉ်းစားနေတာက သူ့အတွက် ပိုကောင်းတယ်။ သူ့အရမ်း ကြိုးစားခဲ့ပြီးမှ အဆုံးမှာ ရလဒ်မကောင်းရင် သူ့အတွက် အရှက်ရစရာပွဲ ဖြစ်နေလိမ့်မယ်”
“ဂူနန်းယှဉ်ပြိုင်ပွဲက ဆရာတစ်ယောက်ရဲ့ လက်အောက်က တပည့်နှစ်ယောက်ရဲ့ ယှဉ်ပြိုင်ပွဲနဲ့ တူမှာ မဟုတ်ဘူး။ သူရှုံးနိမ့်သွားရင် ကန်ရွှမ်းကလန် တစ်ခုလုံး သိသွားလိမ့်မယ်။ အဲ့တာက တော်တော်လေးကို မျက်နှာပျက်စရာ ကိစ္စပဲ”
“အစ်ကိုတော် ချူးချင်းကို လိုက်မှီဖို့တော့...”
သူမက အဝင်ဝဆီသို့ ခိုးကြောင်ခိုးဝှက် သွားလိုက်၏။
လုစုန့်၏ မျက်နှာမှာ ထူးဆန်းသော အမူအရာ ဖြစ်သွားခဲ့သည်။ သူမက တစ်ခဏ အတွင်းမှာပင် အဝေးသို့ လှစ်ခနဲ ထွက်သွားလိုက်ပြီး အဝေးတစ်နေရာသို့ ရောက်သည်နှင့် သူမ၏ အသံက ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့သည်။
“အဖိုးက စိတ်ကူးနဲ့ ရူးနေတာပဲ”
လုစုန့်က မုတ်ဆိတ်မွေးများကို ဒေါသတကြီး ပွတ်သပ် လိုက်သည်။
“ယဉ်ကျေးမှုကို မရှိဘူး...”
တိုက်ပွဲ ရလဒ်က လုဟုန်းတို့ အုပ်စုဆီသို့လည်း ရောက်ရှိခဲ့ပေသည်။
ကျောက်တုံး စင်မြင့်တစ်ခုပေါ်တွင်။
ဝေယိုရွှမ်းက လက်ဖက်ရည်ငှဲ့နေခဲ့ပြီး ဖုန်းယု၊ ချိန်းယွင်းနှင့် လုဟုန်း၏ တပည့်အချို့က သူတို့ဘေးတွင် ထိုင်နေခဲ့သည်။
ချိန်းယွင်းက မှတ်ချက်ပေးသည် “အကြီးအကဲစိန်းရဲ့ အုပ်စုက တဖြည်းဖြည်း ပိုပိုပြီး သနားစရာ ကောင်းလာတယ်။ တပည်အသစ် တစ်ယောက်က ဝါရင့်ရွှေရောင် ခါးစည်းတပည့်ကို အနိုင်ယူ သွားတာ ငါမယုံနိုင်သေးဘူး။ အဲ့ချောင်းစူည်က တကယ်ကို အရည်အချင်း မရှိတာပဲ”
ပိုပြီး သတိထားတတ်သော ဖုန်းယုက ဖြည်းညင်းစွာ ပြောလိုက်သည် “တကယ်တော့ သူ့ကို အနိုင်ယူခဲ့တဲ့ ဇူယွမ်မှာလည်း စွမ်းရည် အချို့ရှိတယ်လို့ ပြောနိုင်တယ်”
ချိန်းယွင်းက ရယ်လိုက်ကာ ပြောသည် “သူမှာ ဘာလုပ်နိုင်တဲ့ စွမ်းရည်ရှိတာလဲ။ တိုက်ပွဲက ဘယ်လိုလဲ ဆိုတာ ငါသိပြီးပြီ။ သူက တိုက်ကွက် တစ်ခုထဲကို အရာအားလုံး အသုံးပြုခဲ့တာ။ ဇူယွမ်မှာ မူလကျင့်စဉ် ကျင့်ကြံမှုမှာ ပါရမီပါတယ်။ အဲ့တာက သူ့ကို နဂါးရှစ်ကောင် အဆင့်ထိ ရောက်ရှိစေခဲ့ပြီး ချောင်းစူည်ကို ရှုံးနိမ့်စေခဲ့တာပဲ”
“ဒါပေမဲ့ အဲ့တာကို တစ်ကြိမ် အသုံးပြုပြီးရင် သူ့ရဲ့ မူလချီအားလုံးကို အသုံးပြုပြီးသွားပြီ သူဆက်တိုက်ခိုက်ဖို့ မဖြစ်နိုင်တော့ဘူး”
“တကယ်တော့ သူက တစ်ချက်ပဲ ပြေးနိုင်တဲ့ မြင်းပေါက်လေးပါပဲ”
ဖုန်းယုက ခေါင်းညိတ်လိုက်သည် “သည်ကိစ္စက ကြောက်စရာ မဟုတ်ဘူး။ သူ့ရဲ့ လှုပ်ရှားမှုကိုသာ ဖျက်ဆီးနိုင်ခဲ့ရင် ဇူယွမ်က အသုံးမကျ ဖြစ်သွားလိမ့်မယ်”
သူရဲ့ အကြည့်က လက်ဖက်ရည် ငှဲ့နေဆဲ ဖြစ်သည့် ဝေယိုရွှမ်းထံသို့ ရောက်ရှိသွားပြီး ပြုံး၍ ပေးလိုက်သည် “အစ်ကိုတော် ဝေကော ဘယ်လိုထင်လဲ”
ဝေယိုရွှမ်းက သူ၏ လက်ထဲရှိ ခွက်ကို ဆော့ကစားနေခဲ့ပြီးနောက် သူ၏ မျက်နှာတွင် မသဲကွဲသော အပြုံးတစ်ခု ပေါ်လာခဲ့သည် “သူတို့က ဒီကစားပွဲကို ဘယ်လိုပဲ ကစားပါစေ လာမယ့် ဂူနန်းယှဉ်ပြိုင်မှုမှာ သူတို့အတွက် ဘာအခွင့်အရေးမှ ရှိမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့သည့် ခရမ်းရောင် မူလဂူနန်းက ငါမျက်စိထဲမှာ ရှိနေခဲ့တာကြာပြီ”
သူ၏ အသံမှာ ပျော့ပျောင်းသော်လည်းပဲ သူ၏ စကားလုံးများက လူတိုင်းကို တုန်လှုပ်စေပြီး ခရမ်းရောင် မူလဂူနန်းက ဘယ်သူ့အတွက်လဲ ဆိုသည်ကို သိစေပေသည်။
သို့သော်လည်း ဖုန်းယုနှင့် ချိန်းယွင်း နှစ်ယောက်လုံးသည် မည်သည့် ကန့်ကွက်မှုမှ မလုပ်ကြပေ။ ထိုအစား သူတို့၏ မျက်နှာပေါ်တွင် ပီတိဖြစ်နေသော အပြုံးများသာ ဖြစ်ပေါ်နေသည်။
“ကြည့်ရတာ အစ်ကိုတော်ဝေက အလေးအနက်ထားနေတာပဲ...”
“ဟူး… ကောင်းတယ်။ အစ်ကိုတော်ဝေ ခရမ်းရောင် မူလဂူနန်းကို ရရင် အဆင့်တက်ဖို့ မြန်မြန် အထောက်အကူ ဖြစ်မှာပဲ။ ကျွန်တော်တို့က ရွှေရောင်ခါးစည်း တပည့်ရဲ့ ပထမနေရာကို သရေကျနေတာ ကြာခဲ့ပြီ...”
သူတို့နှစ်ယောက်က ခွက်များကို ပင့်မြှောက်လိုက်ပြီး ပြုံးစစနှင့် ပြောလိုက်သည် “အစ်ကိုတော်ဝေရဲ့ အောင်မြင်မှုအတွင် ဆုတောင်းလိုက်ရအောင်”
ဝေယိုရွှမ်းက ပြုံးလိုက်ပြီး သူတို့၏ ခွက်များကို ထိခတ်လိုက်သည်။ ထိုနောက် ခေါင်းမော့ လိုက်ပြီး မျက်လုံးများ ကျဉ်းမြောင်းသွားကာ အဝေးတစ်နေရာသို့ လှမ်းကြည့် လိုက်တော့သည်။
“ထုံးလုံ၊ ဖန်းစုန်၊ ဇူယွမ်...”
သူက ခေါင်းခါယမ်းရင်း ညင်သာစွာ ရယ်မောလိုက်သည်။
“သူတို့က အမှိုက်စလေးသုံးခုပဲ”