ကောင်းချီးအချိန်အခါသို့ ရောက်ရှိခြင်း
Vol. 22 Ch. 302
ဇူယွမ်နှင့်ချောင်းစူည်တို့၏ တိုက်ပွဲပြီးနောက် နေ့ရက်အချို့မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ထိုတိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော ဂယက်များမှာလဲ ဖြည်းဖြည်းချင်း ပျောက်ကွယ် သွားပြီ ဖြစ်သည်။
အစပိုင်းတွင် ထိုအရာက တုန်လှုပ် စေခဲ့သော်လည်း များစွာသော တပည့်များက ထိုရလဒ်ကို စတင် လက်ခံ လာကြသည်။ ထိုယှဉ်ပြိုင်ပွဲက အုပ်စုတစ်ခုတည်းက တပည့်များ အကြားမှ တိုက်ပွဲ ဖြစ်သဖြင့် အုပ်စုနှစ်ခုမှ သူများကို မည်သို့မှ မဖြစ်စေခဲ့ပေ။
ဇူယွမ်မှာ ပြိုင်ပွဲတွင် အနိုင် ရရှိခဲ့သော်လည်း သူ၏ မူလချီများမှာ ချို့တဲ့နေသေးသည့် အတွက် များစွာသော သူများမှာ သူတို့အားလုံး၏ သန်မာမှုက အတူတူသာ ဖြစ်သည်ဟု မှတ်ယူ နေကြပေသည်။
ထိုကြောင့် လုဟုန်း၏ လက်အောက်မှ တပည့်များက ဂူနန်းယဉ်ပြိုင်မှုမှ ချောင်းစူည်၏ နေရာကို ဇူယွမ်ယူသွားခြင်းအား မည်သူမှ ဂရုစိုက်ခြင်း မရှိကြတော့ပေ။ သူတို့အမြင်တွင် ဇူယွမ်ဖြစ်စေ ချောင်းစူည်ဖြစ်စေ အဆုံးသတ် ရလဒ်က ကွဲပြားသွားမည် မဟုတ်ပေ။
လုဟုန်း၏ အုပ်စုက အကြီးအကဲစိန်း၏ အုပ်စုကို ချိန်းခြောက်မှု တစ်ခုအဖြစ် တကယ်ကို မမြင်ခဲ့ပေ။
သူတို့၏ အမြင်တွင် ချောင်းစူည်၏ နေရာသို့ ဇူယွမ် ယူလိုက်သည့်အတွက် ကွာခြားသွားသော အချက်မှာ အဆုံးတွင် အရှက်ကွဲရမည့်သူ ပြောင်းသွားခြင်းပင် ဖြစ်သည်။
ထို့ကြောင့် လွန်ခဲ့သော ရက်များကတည်းက ဇူယွမ်ကို အာရုံစိုက်မှုများ လွင့်ပါးသွားခဲ့ပြီ ဖြစ်သည်။ သူ့အကြောင်းနှင့် ပတ်သတ်ပြီး မည်သူမှ မပြောဆိုကြတော့ပေ။ ဂူနန်းယှဉ်ပြိုင်ပွဲပြီးလျှင် ဇူယွမ်၏ လက်ရှိ အနေအထားမှာ ပျောက်ကွယ် သွားတော့မည် ဖြစ်ကြောင်း သူတို့သိနေပေသည်…
တစ်ခုသော မနက်ခင်းတစ်ခုရဲ့ တာအိုရှာဖွေသူ ခန်းမအတွင်းတွင်။
ဇူယွမ်က သူ၏ ဖျာချပ်ပေါ်တွင် မျက်စိမှိတ်ကာ ရှိနေခဲ့ပြီး သူ၏ စိတ်ဝိညာဉ်က မူလစဦး ကျောက်ထရံနှင့် အချိန်မဲ့ဖျာတို့၏ စွမ်းအားကို ငှားရမ်း၍ မူလစဦးချီများကို စုဆောင်းနေခဲ့သည်။
ကြီးမားသော ခန်းမကြီးတွင် အခြားသော တပည့်များ အားလုံးမှာ အချိန်ကိုသာ ရေတွက် နေကြသည်။ သို့သော်လည်း မည်သူမှ ရွှေရောင် ခါးစည်းတပည့် တတိယမြောက် နေရာတွင် ထိုင်နေသော ဇူယွမ်ကို နှောက်ယှက်လိုခြင်း မရှိကြပေ။ အနောက်တွင် ရှိနေသော ချောင်းစူည်ပင်လျှင် လွန်ခဲ့သော နေ့ကတည်းက ကျိုးကျိုးနွံနွံနှင့် ရှိနေပြီး ရန်စရဲခြင်း မရှိတော့ချေ။
ချောင်းစူည်နှင့် တိုက်ပွဲတွင် ဇူယွမ်အောင်မြင်ခဲ့ပြီး ကတည်းက သူ့အနေအထားကို ရှင်းလင်းစွာ ပြသနိုင်ခဲ့သည်။
ခန်းမတစ်လုံးမှာ အချိန်အတော် ကြာသည်အထိ တိတ်ဆိတ် နေခဲ့ပြီးနောက် တစ်ယောက်ပြီး တစ်ယောက် သူတို့၏ ကျင့်ကြံခြင်း အစီအစဉ်များ ပြီးမြောက် သွားသဖြင့် တီးတိုးစကား ပြောဆိုသံများ ပျံ့နှံ့ ထွက်ပေါ်လာခဲ့သည်။
အမြင့်ဆုံးနေရာတွင် ထိုင်နေခဲ့သည့် စိန်းထိုက်ယွမ်က အောက်သို့ စိုက်ကြည့်လိုက်ပြီးနောက် ထုံးလုံ၊ ဖန်းစုန်နှင့် ဇူယွမ်တို့အား ဝှေ့ကြည့်ကာ ဖြေညှင်းစွာ ပြောလိုက်သည် “ဂူနန်းယှဉ်ပြိုင်ပွဲကို ရောက်ရှိဖို့က (၁၂)ရက်ပဲ လိုတော့တယ်”
ခန်းမထဲရှိ အကြည့်များ အားလုံးက သူတို့ သုံးယောက်ထံသို့ ရောက်ရှိလာခဲ့သည်။
“မင်းတို့ သုံးယောက် ယုံကြည်မှုရှိလား”
စိန်းထိုက်ယွမ်၏ မေးခွန်းကို ကြားရချိန်တွင် ထုံးလုံနှင့် ဖန်းစုန်တို့မှာ တွေဝေသွားပြီး မည်သည့်ကို ပြန်ဖြေရမှန်း မသိတော့ချေ။ တကယ်တော့ သူတို့ နှစ်ယောက်လုံးမှာ အကြီးအကဲ လုဟုန်းဘက်ရှိ လူများမှာ မရိုးရှင်းသည်ကို သိပေသည်။ အထူးသဖြင့် လုဟုန်း ဖြစ်သည်။
သူတို့အားလုံးက တစ်ကြိမ်တစ်ခါမှ မတိုက်ခိုက် ကြဖူးသည့်အတွက် သူတို့တွင် အခွင့်အရေး ဘယ်လောက်ရှိမလဲ မသိပေ။
“ဆရာစိန်း တိုက်ပွဲကို ကျွန်တော်တို့ အစွမ်းကုန် တိုက်သွားမှာပါ” ထုံးလုံက အဆုံးတွင် ပြန်ပြော လိုက်သော်လည်း သူ၏ လေသံမှ မရေရာမှုများအား လူတိုင်း ကြားနိုင်လိုက်ပေသည်။
ထိုအဖြေကြောင့် စိန်းထိုက်ယွမ်မှာ မကျေမနပ် ဖြစ်သွားပြီး မျက်မှောင်ကြုတ် လိုက်လေသည်။ သို့သော်လည်း ထုံးလုံနှင့် ဖန်းစုန်တို့ နှစ်ယောက်မှာ ကြီးမားလှသော ဖိအားကြီးနှင့် ရင်ဆိုင်နေရကြောင်း သူနားလည်ပေသည်။ တကယ်တော့ လုဟုန်း လက်အောက်မှ တပည့်များ၏ အရေအချင်းမှာ သူ့တပည့်များထက် ကောင်းမွန်ပေသည်။
များစွာသော တပည့်များက တိတ်တဆိတ် ခေါင်းခါယမ်း လိုက်ပြီးနောက်တွင် စိတ်ထဲမှ သက်ပြင်း ချလိုက်တော့သည်။ အမှန်တွင် သူတို့အုပ်စု၏ အခွင့်အရေးမှာ ဝမ်းမြောက်ဖွယ်ရာ မရှိပေ။
ဇူယွမ်ကိုတော့ မည်သူမှ ဂရုစိုက်နေခြင်း မရှိကြပေ။ သူက ချောင်းစူည်ကို အနိုင်ယူခဲ့သော်လည်း ထုံးလုံနှင့် ဖန်းစုန်တို့ထက် အားနည်းနေဆဲ ဖြစ်သည်။ ထိုနှစ်ယောက်က သူတို့၏ အမြင်ကို ဖွင့်ဟဝန်ခံထားပြီး ဖြစ်၍ ဇူယွမ်မှာ နာမည်ခံသာ ရှိသည်ဟု လူတိုင်း ယုံကြည် နေကြပေသည်။
သို့သော်လည်း ထိုအရာမှာ လူတိုင်းက သူအား အထင်သေးသောကြောင့် မဟုတ်ပဲ သူ့နေရာတွင် ချောင်းစူည် ဖြစ်ပါကလည်း ထို့အတူပင် ဖြစ်သည်။
“မင်းတို့ သုံးယောက်လုံး ကျင့်ကြံခြင်းမှာ ဘာပြဿနာပဲ ရှိရှိ ငါ့ကို တိုက်ရိုက် လာပြောနိုင်တယ်” စိန်းထိုက်ယွမ်က ကမ်းလှမ်းလိုက်သည်။
သည်အချိန်တွင် သူလုပ်ပေးနိုင်သမျှ လုပ်ပေးပြီး သူတို့၏ စွမ်းအားများကို တိုးမြှင့် ပေးလိုခဲ့သည်။
ထုံးလုံနှင့် ဖန်းစုန်တို့၏ မျက်နှာများပေါ်တွင် ဝမ်းမြောက်မှုများ ပေါ်လာခဲ့ပြီး လေးစားမှုဖြင့် လျင်မြန်စွာ အသိအမှတ်ပြုကြောင့် ပြလိုက်ကြသည်။
တစ်ဖက်တွင် ဇူယွမ်က ခဏမျှတွေးတောနေခဲ့ပြီး မေးမြန်းလိုက်သည် “ဆရာစိန်း။ ကျွန်တော် ကလန်ခေါင်းဆောင် ပေးထားခဲ့တဲ့ ကောင်းကင် နေနတ်ဘုရားကျင့်စဉ်ကို လေ့ကျင့်ဖို့ ကြိုးစားနေခဲ့ပေမယ့် အချို့သော ကျင့်ကြံခြင်း အရင်းအမြစ်တွေကို မစုဆောင်းနိုင်ခဲ့ဘူး…”
ကောင်းကင် နေနတ်ဘုရား ကျင့်စဉ်ကို ကျင့်ကြံဖို့အတွက် မူလအရင်းအမြစ် သုံးခု လိုအပ်နေခဲ့ပေသည်။ ယင်ကိုးမိုး သလင်းကျောက်တုံး၊ ကောင်းကင်မီးလျှံ ကျောက်တုံး အဆီအနှစ်နှင့် ရွှေကျီးကန်း နှလုံးသားတို့ ဖြစ်၏။ ထိုလိုအပ်သော အရင်းအမြစ်များကို ရှာရန် တောက်ပသော ရတနာခန်းမသို့ အကြိမ်ကြိမ် ရောက်ရှိခဲ့သော်လည်း အကြောင်းမထူးခဲ့ပေ။
စိန်းထိုက်ယွမ်က အကူအညီ ပေးလိုမှတော့ ယဉ်ကျေးစွာ ငြင်းပယ်ရန် မလိုဟု စဉ်းစားခဲ့ပြီး သံကို ပူတုန်း ရိုက်လိုက်ခြင်း ဖြစ်သည်။
စိန်းထိုက်ယွမ်က ပြန်ပြောခါနီးတွင်မှာပဲ ကျန့်ယန်က အသာအယာ ပြုံးကာ ပြောလိုက်သည် “ညီတော်ဇူယွမ်က ရည်မှန်းချက် ကြီးလွန်းတယ်။ ကောင်းကင် နေနတ်ဘုရား ကျင့်စဉ်က အဆင့်နိမ့် ကောင်းကင် အဆင့် ကျင့်စဉ်တစ်ခု ဖြစ်ပြီး ရွှေရောင် တပည့်များအတွက် သာမက ခရမ်းရောင် ခါးစည်းတပည့်များ အတွက်ကို အောင်မြင်ဖို့ ခက်ခဲတဲ့ ကျင့်စဉ် တစ်ခုပဲ။ ကျွန်တော့်ရဲ့ ထင်မြင်ချက် အရဆိုရင် ညီတော်ဇူယွမ်က မူလချီ ကျင့်ကြံခြင်းကိုပဲ ပိုမို အားစိုက်သင့်တယ်။ ဂူနန်းယှဉ်ပြိုင်ပွဲမှာ မင်းတွေ့ရမယ့် သူတွေက သာမန်လူတွေ မဟုတ်ဘူး”
“အကယ်၍ မင်းရဲ့ပြိုင်ဘက်က မင်းရဲ့ နဂါးကိုးကောင် နိယာကျင့်စဉ်ရဲ့ နဂါးရှစ်ကောင်ကိုသာ ရင်ဆိုင်နိုင်ခဲ့ရင် မင်းမှာ ပြန်လည် တိုက်ခိုက်ဖို့ အင်အား ကျန်တော့မှာ မဟုတ်ဘူး”
အခြားသော တပည့်များကလည်း ကျန့်ယန်၏ စကားလုံးများကို သဘောတူဟန်ဖြင့် တီးတိုး ပြောဆို နေခဲ့ကြသည်။ သူတို့အားလုံးက ကောင်းကင်ဘုံ အဆင့် ကျင့်စဉ်များမှာ မည်မျှပင် တင်းကျပ်သည်ကို ရှင်းလင်းစွာ သိရှိကြပြီး ဖြစ်သည်။ နဂါးကိုးကောင် နိယာမ ကျင့်စဉ်ကို အသုံးပြုလျှင်ပင် ဇူယွမ်၏ မူလချီမှာ ချို့တဲ့နေခဲ့သည်။ ထိုကြောင့် ကောင်းကင် နေနတ်ဘုရား ကျင့်စဉ်ကို သင်ယူနိုင်ခဲ့ပင်လျှင် ထိုအရာကို အသက်သွင်း နိုင်လိမ့်မည် မဟုတ်ပေ။
ထိုကြောင့် သူတို့အားလုံးက ဆရာစိန်း၏ ကမ်းလှမ်းချက်ကို ဇူယွမ် အမြတ်ထုတ် နေသည်ဟု သူတို့ တွေးထင်ခဲ့ကြပေသည်။
တကယ်တော့ ပိုပြီးအဓိက ကျသည်မှာ သူတို့၏ မနာလိုမှု ဖြစ်သည်။ ထိုအရာက ကောင်းကင်အဆင့် ကျင့်စဉ်တစ်ခု ဖြစ်သည်။ ကောင်းကင်အဆင့်၏ အဆင့်နိမ့်ကျင့်စဉ် တစ်ခုကိုပဲ အချို့သော ခရမ်းရောင်ခါးစည်း တပည့်များ ပိုင်ဆိုင်နိုင်ခဲ့ခြင်း မရှိကြပေ။
ဇူယွမ်မှာ ကျန့်ယန်ကို တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီး သူ၏ စကာလုံးများကို အာရုံစိုက်မနေပဲ စိန်းထိုက်ယွမ် ဆီသို့သာ လှမ်းကြည့်လိုက်သည်။
“ကောင်းကင် နေနတ်ဘုရား ကျင့်စဉ်လား” စိန်းထိုက်ယွမ်မှာ အနည်းငယ် အံ့အားသင့် သွားသည်။ သူက ထိုကျင့်စဉ်ကို ကြားဖူးသည့်အတွက် ထိုအရာ၏ လိုအပ်သော မူလ အရင်းအမြစ်များကိုလဲ သိပေသည်။ သူက မုတ်ဆိတ်များကို သပ်ကာ ပြောလိုက်သည် “မင်းက အခွင့်အလမ်းကို ဘယ်လို ရှာဖွေရမလဲ သိတာပဲ။ သည် မူလ အရင်းအမြစ်သုံးခုကို ရှာဖို့က ငါ့အတွက်တောင် ပြဿနာရှိတယ်”
သူက ဇူယွမ်အား လှမ်းကြည့်ကာ မေးလိုက်သည် “ကောင်းကင် နေနတ်ဘုရား ကျင့်စဉ်ကို ကျင့်ကြံဖို့ မင်းမှာ မျှော်လင့်ချက် ရှိလား”
ဇူယွမ်ပ တည်ငြိမ်စွာ ပြောလိုက်သည် “ကျွန်တော် ရေကုန်ရေခန်း ကြိုးစားပါ့မယ်”
ကျန့်ယန် ထိုအရာကို ကြားလိုက်ရတဲ့ အချိန်တွင် ရယ်မောလိုက်ပြီး စကားထပ်ပြောရန် ပြင်လိုက်သည်။
သို့သော်လည်း စိန်းထိုက်ယွမ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ဇူယွမ်အား စိုက်ကြည့်ကာ ပြောလိုက်သည် “သည်လိုဆိုမှတော့ ငါကမင်းကို အပြည့်အဝ ထောက်ပံ့ပေးရမှာပေါ့။ ငါမင်းကို သည်မူလ အရင်းအမြစ်တွေရဖို့ ကူညီမယ်”
ကျန့်ယန်၏ နှုတ်ခမ်းများမှာ ရှုံ့မဲ့ သွားတော့သည်။ ဇူယွမ်၏ တရားလွန်သော တောင်းဆိုချက်ကို စိန်းထိုက်ယွမ် သဘောတူလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သာမန်တပည့် တစ်ယောက် မဆိုထားနှင့် သူတို့လို ခရမ်းရောင် ခါးစည်း တပည့်များပင် ထိုသို့သော ဆက်ဆံမှုမျိုး မခံရခဲ့ပေ။
အတွင်းတွင် ဖြစ်ပေါ်နေသော စိတ်များကို ချိုးနိုမ်လိုက်ကာ ကျန့်ယန်က ဇူယွမ်ထံသို့ လှမ်းကြည့်လိုက်ပြီး အားတင်း၍ ပြုံးကာ ပြောလိုက်သည် “ညီတော်ဇူယွမ် ကျေးဇူးပြုပြီးတော့ ဆရာစိန်းကို စိတ်မပျက်စေပါနဲ့။ မင်း ကောင်းကင်အဆင့် ကျင့်စဉ်ကို ကျွမ်းကျင်သွားခဲ့ပြီး ငါတို့အားလုံးရဲ့ အမြင်ကို တောင်ထွတ်ယှဉ်ပြိုင် ပွဲအတွင်းမှာ ဖွင့်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မင်းကို ပေးခဲ့တဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို မဖျက်ဆီးပါနဲ့။
ကျန့်ယန်နှင့် နီးစပ်သည့် တပည့်အချို့မှာ စိတ်ထဲမှ ကျိတ်ရယ် လိုက်ကြသည်။ သိသာစွာပင် သူက ဇူယွမ်အား အမြင့်နေရာသို့ မကောင်းသော အကြံဖြင့် ထိုးတင်နေခြင်း ဖြစ်သည်။ ဂူနန်းယှဉ်ပြိုင်ပွဲတွင် သူ့အနေဖြင့် မည်သည်မှ ပြသနိုင်ခြင်း မရှိပါက အခြားသော တပည့်များက သူအား အခွင့်အရေးယူရုံ သပ်သပ်ဟု ထင်သွားကြပေလိမ့်မည်။ သည်လိုဆိုပါက ဇူယွမ်၏ ဂုဏ်သတင်းလဲ ထိုးကျ သွားပေလိမ့်မည်။
“စိတ်မပူပါနဲ့ အစ်ကိုတော် ကျန့်ယန်။ ကျွန်တော် အကောင်းဆုံး လုပ်သွားမှာပါ” ဇူယွမ်၏ လေသံတွင် ဒေါသနှင့် အေးစက်ခြင်းများ ပါဝင်နေသည်။
ဇူယွမ်၏ နိုမ့်ချခြင်း မရှိသော အနေအထားကို မြင်သောအချိန်တွင် ကျန့်ယန်က စိတ်ထဲမှ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
စိန်းထိုက်ယွမ်က ဇူယွမ်ကို လှမ်းကြည့်လိုက်ပြီး ရုတ်တရက် သူ၏လက်ကို မြှောက်လိုက်သည်။ အလင်းတန်းနှစ်ခု ဆင်းသက်လာခဲ့ပြီး ဇူယွမ်က လက်ခံလိုက်သည်။ အလင်းတန်းနှစ်ခုက တံဆိပ်နှစ်ခု အဖြစ် ပြောင်းလဲသွားခဲ့ပြီး ထိုအပေါ်တွင် ကြီးမားသည့် ရစ်ခွေနေသော နဂါးတစ်ကောင်၏ ပုံသဏ္ဌာန် ရေးထွင်း ထားခဲ့သည်။ နဂါးကြီး၏ ကိုယ်ပေါ်တွင် သွယ်တန်း နေသော တောင်တန်းကြီး၏ ဂူနန်းပေါင်း များစွာကို မြင်နိုင်ပေသည်။
“ဒါက…” ဇူယွမ်မှာ စဉ်းစားရ ခက်နေခဲ့သည်။
စိန်းထိုက်ယွမ်က ရှင်းပြလိုက်သည် “ဒါက မင်းတောင်ထွတ် ရွေးချယ်မှု အခမ်းအနားမှာ ဆုလာဘ်အဖြစ်ရခဲ့တဲ့ မူလကောင်းချီး ခြင်ဆီအတွက် ကျောက်စိမ်းပြားပဲ”
“အို… မူလကောင်းချီးခြင်ဆီ သွားယူဖို့က ဖွင့်ပြီလား” ဇူယွမ်က အလွန်ပျော်ရွှင် သွားခဲ့သည်။ သူက ထိုအချိန်ကို မြန်မြန်ရောက်ရှိရန် စောင့်နေခဲ့သူ မဟုတ်ပါလား…
စိန်းထိုက်ယွမ်က “မနက်ဖြန်မှာ တရားဝင် ဖွင့်လိမ့်မယ်”
“နောက်ထပ် တံဆိပ်ပြား တစ်ခုကတော့ ဇူရှောင်ယိုအတွက် တောင်ထွတ် ဆရာသခင် မျက်ခုံးဖြူက ပေးလိုက်တာ။ သူမလည်း စိတ်ဝင်စားတယ်ဆို မနက်ဖြန် လိုက်လာလို့ ရတယ်”
ယောင်ယောင်က စိန်းထိုက်ယွမ် အတွက် သွားကိုက်နာတစ်ခု ဖြစ်သည်။ မူလသူတော်စင် တောင်ထွတ်သို့ သူမ ရောက်ပြီး ကတည်းက သူမက မနက်ခင်းအတန်းများကို တစ်ခေါက်ပင် လာမတက်ခဲ့ပေ။ ထိုပြင် တစ်ကြိမ်တစ်ခါမှပင် သူမကို မမြင်တွေ့ရတော့ချေ။
ဇူယွမ်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ တောင်ထွတ် အကြီးအကဲ မျက်ခုံးဖြူက ယောင်ယောင်ကို အလွန်တန်ဖိုး ထားပေသည်။
“တောင်ထွတ်အမျိုးမျိုးမှ ခရမ်းရောင် ခါးစည်း တပည့်များကသာလျှင် မူလကောင်းချီး ခြင်ဆီကို ရရှိရန် အခွင့်အရေးအား နှစ်လတစ်ကြိမ် ပိုင်ဆိုင်ခွင့် ရကြပြီး တကယ်ကို ကြီးမားသည့် အခိုက်အတန့်လေး ဖြစ်သည်။ မနက်ဖြန် အဲ့ကိုသွားမယ့် ဇူထိုက်ရဲ့ အဖွဲ့နောက် မင်းလိုက်သွားလိုက်” စိန်းထိုက်ယွမ်က ပြောလိုက်သည်။
ဇူယွမ်က ဇူထိုက်ကို လှမ်းကြည့်လိုက်သည်နှင် နွေးထွေးသော အပြုံးတစ်ခု ပြန်ပြုံးပြ နေသည်ကို တွေ့လိုက်ရ၏။ ထိုနောက် ဇူယွမ်က ပြန်လည် ခေါင်းညိတ် ပြလိုက်သည်။
နောက်ထပ် အနည်းငယ်သော ညွှန်ကြားမှု ပေးပြီးနောက်တွင် စိန်းထိုက်ယွမ်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် တပည့်များမှာ လူစု ကွဲသွားတော့သည်။
ဇူယွမ်က သူလက်ထဲမှာ တံဆိပ်ပြားကို ကိုင်ကြည့်နေစဉ်တွင် သူ၏ မျက်လုံးတွင် မျှော်လင့်ချက်များ စီးဝင်နေခဲ့သည်။ မူလ ကောင်းချီးခြင်ဆီကို အချိန်အကြာကြီး စောင့်မျှော်ခဲ့ပြီး နောက်တွင် နောက်ဆုံးတွင် ထိုအရာက ရောက်လာခဲ့ပြီ ဖြစ်သည်။
ချောင်းစူည်နှင့် သူ၏ တိုက်ပွဲအပြီးတွင် သူ၏ မူလချီကျင့်ကြံမှုမှာ အားနည်းသည်ဟု ခံစားမိခဲ့သည်။ ထိုကြောင့် သူက ကျော်ကြားသော မူလကောင်းချီး ခြင်ဆီကို ကြီးမားသော မျှော်လင့်ချက် ထားခဲ့ပေသည်။
ထိုတံဆိပ်ပြား နှစ်ခုကို သိမ်းလိုက်ပြီး သူ့ကိုယ်သူ ရေရွတ်ခဲ့သည်…
“မူလကောင်းချီးခြင်ဆီက စိတ်မပျက်စေဖို့ ငါမျှော်လင့်ပါတယ်…”