← Chapters

မူလနဂါးသွေးကြော

Vol. 22 Ch. 303

မူလနဂါးသွေးကြော

Vol. 22 Ch. 303

နောက်တစ်နေ့...

ဇူယွမ်က ယောင်ယောင်ကို သယ်ဆောင်လာခဲ့ပြီး ဆုံမှတ်သို့ ရောက်သော အချိန်တွင် ဇူထိုက်၊ ကျန့်ယန်နှင့် အခြားသော ခရမ်းရောင် ခါးစည်း တပည့်များက သူတို့ကို စောင့်ဆိုင်း နေသည်ကို မြင်လိုက်ရသည်။

ဇူယွမ်မှလွှဲ၍ အခြားသော ခရမ်းရောင် ခါးစည်း တပည့်များသည် ဂရုမစိုက်သည့်ဟန်ဖြင့် ရှိနေခဲ့ကြပြီး သွေးကြီးပြီး ထောင်လွှားသော အမူအရာများနှင့် ရှိနေခဲ့ကြသည်။ သူတို့အားလုံးမှာ ခရမ်းရောင် ခါးစည်းတပည့်များ ဖြစ်ကြပြီး ဇူယွမ်ကဲ့သို့ ရွှေရောင်ခါးစည်း တပည့်များထက် သာလွန်သော အဆင့်အတန်း ရှိကြပေသည်။

သူတို့အားလုံးမှာ ဇူယွမ်အား အမှုမထားသည့် ဟန်ဖြင့်သာ ကြည့်နေကြသောလည်း ယောင်ယောင်ကို မြင်လိုက်ရချိန်၌ သူတို့၏ အမူအရာမှာ စတင် နွေးထွေးလာခဲ့သည်။

တပည့်အသစ်များ အကြီးအကဲ ရွေးချယ်သော နေ့တွင် ယောင်ယောင် ပထမဆုံးအကြိမ် ပေါ်လာပြီးသည်မှ စ၍ သူမ၏ နာမည်မှာ မူလ သူတော်စင် တောင်ထွတ် တစ်ခုလုံးတွင် ပျံ့နှံ့ သွားခဲ့သည်။ သူမက သူတော်စင်တောင်ထွတ်၏ နံပါတ်တစ် အလှနတ်သမီး ဖြစ်ခဲ့သည်။

တကယ်တော့ ယောင်ယောင်၏ အသွင်အပြင်နှင့် တည်ရှိမှုတို့က သူမ၏ မျိုးဆက် အတွင်းတွင် ပြိုင်ဘက်ကင်းသော အဆင့်အတန်းတွင် တည်ရှိပေသည်။ လုယန်ကဲ့သို့ လှပသော သူကိုပင် ယောင်ယောင်၏ နံဘေးတွင်ထားပါက အရောင်မှိန် သွားပေလိမ့်မည်။

ထိုကြောင့် ယောင်ယောင် ပေါ်လာခြင်းက များစွာသော အမျိုးသား တပည့်များကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။

သို့သော်လည်း ယောင်ယောင်က ဂူနန်းတစ်ခု အတွင်းတွင် ဇူယွမ်နှင့်အတူ နေထိုင်သည်ကို သိရှိရသော အခါ သူတို့၏ နှလုံးသားများ ကွဲကြေ သွားတော့သည်။ များစွာသော အမျိုးသား တပည့်များမှာ ဝမ်းနည်းပူဆွေးစွာ သောက ရောက်စွာ ရှိနေခဲ့ကြသည်။ သို့သော်လည်း သူတို့က ယောင်ယောင်ကို မျှော်လင့် နေကြသေးပေသည်။

ထိုကြောင့် ယောင်ယောင် ရောက်လာသည်ကို အခြားသူများက ချက်ချင်းပင် နွေးထွေး ဖော်ရွေသွားကြခြင်း ဖြစ်သည်။ ယောင်ယောင်က ဇူယွမ်နှင့် အတူလာမည်သာ မဟုတ်ပါက သူတို့ အားလုံး အချိန်အကြာကြီး စောင့်ဆိုင်း နေကြမည် မဟုတ်ပေ…

ယနေ့တွင် ယောင်ယောင်က အနက်ရောင် ဝတ်စုံအပြည့်ကို ဝတ်ဆင်လာခဲ့ကာ သူ၏ ဆံပင်များကို ရိုးရှင်းစွာ စည်းနှောင်ထားခဲ့ပြီး သူမ၏ သေးကျဉ်သော ခါးလေးအထိ ဆံနွယ်များက တွဲလျား ကျနေပေသည်။ သူမ၏ အလှအပနှင့် တင့်တယ်မှုက သူမအား နောက်ထပ်တစ်ဖန် ပြန်လှည့် မကြည့်ပဲ မနေနိုင်အောင် စွမ်းဆောင်နေပေသည်။

ရုပ်ရည်သွင်ပြင်နှင့် တည်ရှိမှုအရဆိုလျှင် ယောင်ယောင်၏ အဆင့်မှာ ကပ်ဘေး ဒုက္ခများကို ဖြစ်ပေါ်စေသော အဆင့်တွင် ရှိပေသည်။ သည်နှစ်များအတွင်း ဇူယွမ်အနေဖြင့် များစွာသော မိန်းမလှလေးများကို မြင်ဖူးခဲ့ပေမယ့် ယောင်ယောင်အား ယှဉ်ပြိုင်နိုင်သူအား မတွေ့ခဲ့ဖူးပေ။

သူမ၏ လှပသော မျက်နှာလေးမှာ သဘာဝက ထွင်းထုထားသည့် ပန်းပုရုပ် အလေးလား ဖြစ်ပြီး ပြစ်ချက်တစ်ခုပင် ရှာတွေ့နိုင်စွမ်း မရှိပေ။ သူမ၏ ပြည့်စုံသော မျက်နှာလေး၏ အလှတရားတွင် ဘယ်သူမဆို လွယ်ကူစွာ ရှုံးနိမ့်သွားမည် ဖြစ်သည်။

ထိုအချိန်တွင် ဇူယွမ်တွေးမိသည်က ယောင်ယောင်တွင် ကျိုးချူး ချင်ယုကဲ့သို့ ညို့ယူ ဖမ်းစားနိုင်သည့် အရှိန်အဝါ ရှိပါက မည်သို့ ဖြစ်သွားမည်နည်း… သည်ကမ္ဘာတွင် သူမကို ဆန့်ကျင် တွန်းလှန် နိုင်တော့မည်သူ ရှိတော့မည် မဟုတ်ပေ။

ယောင်ယောင်က ဇူယွမ်၏ နံဘေးတွင် တိတ်တဆိတ်သာ မတ်တပ်ရပ်နေခဲ့ပြီး နွေးထွေးပြီး ခန့်ညားသော ခရမ်းယောင် တပည့်များ၏ အပြုံးများဖြင့် ကြိုဆိုမှု အောက်တွင် သူမ၏ တင့်တယ်ပြီး နှင်းကဲ့သို့ ဖြူစင်သော မျက်နှာလေးမှာ မထုံတတ်သေးဖြင့်သာ ရှိနေခဲ့သည်။ သူမ၏ မျက်ဝန်း အတွင်းတွင် သေးငယ်သော လှုပ်ခတ်မှုလေးပင် ဖြစ်ပေါ်ခြင်းမရှိပေ။ သူမက ထန်ထန်ကို ပွေ့ပိုက်ထားရင်း ထန်ထန်ကို ပွေ့ပိုက်လျက် လူအားလုံး၏ အမူအရာကို လျစ်လျူရှု ထားလျက် ရှိသည်။

ဇူထိုက်က ဇူယွမ်ကို ပြုံး၍ ပြောလိုက်သည် “မင်းတို့အားလုံး ရောက်လာပြီဆိုတော့ သွားကြရအောင်”

ဇူယွမ်က ပြန်လည်ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။

ဇူထိုက်က သူ၏ လက်မောင်းအိုးကို ဝှေ့ယမ်း လိုက်သည်နှင့် မူလချီများ ထွက်ပေါ်လာခဲ့ပြီး မူလချီများက တိမ်အသွင်သို့ ပြောင်းလဲသွားကာ မြေပြင်မှ ကြွတက်လာခဲ့ပြီး ဦးတည်ရာ တစ်ခုသို့ ပျံသန်း သွားခဲ့သည်။

သူတို့အားလုံးက မူလသူတော်စင်တောင်ထွတ်မှ ပျံသန်း ထွက်ခွာ လာနေစဉ်အတွင်း အခြားသော မူလချီ တိမ်တိုက် နှစ်ခုကလည်း အခြားတောင်ထွတ် နှစ်ခုဆီမှာ မြင့်တက်လာခဲ့သည်။ မူလချီ တိမ်တိုက်များ၏ ပေါ်တွင် အခြားသော အုပ်စုနှစ်ခုမှ ခရမ်းရောင် ခါးစည်း တပည့်များ လိုက်ပါလာခဲ့သည်။

လုစုန့်၏ အုပ်စုကို လုယန်က ဦးဆောင်လာခဲ့။ သူမ၏ အမိုက်စား ခန္ဓာကိုယ်က များစွာ အာရုံစိုက်စရာ မြင်ကွင်း ဖြစ်နေခဲ့သည်။  သူမက ယောင်ယောင်နှင့် မနှိုင်းယှဉ် နိုင်သော်လည်းပဲ သူမတွင်လည်း ညှို့ယူဖမ်းစားနိုင်သော အလှတရားရှိပေသည်။

သူမ၏ အကြည့်က ယောင်ယောင်ဆီသို့ ဦးစွာ ရောက်ရှိသွားပြီး ဇူယွမ်အား အပြစ်တင်သည့် အကြည့်နှင့် ကြည့်လိုက်ပြီးနောက် နှာခေါင်းရှုံလိုက်ပြီး သူ၏ မူလ ချီတိမ်တိုက်အား အဝေးသို့ ပျံသန်း သွားစေလိုက်သည်။

လုဟုန်း၏ အုပ်စုကို ယွမ်ဟုန်းက ဦးဆောင်လာခဲ့ပြီး သူတို့အုပ်စုရှိ ခရမ်းရောင် ခါးစည်း တပည့်များမှာ အခြားအုပ်စု နှစ်ခုမှ လူများထက် ပိုများပြီး သန်မာ အားကောင်းသော အရှိန်အဝါများ ထုတ်လွှတ်နေသည်။ ထို့ကြောင့် သူတို့အားလုံးက ရဲတင်းစွာ အကြီးအကဲစိန်းတို့၏ အုပ်စုကို လှမ်းကြည့် လိုက်သည်။ အချို့သော တပည့်များမှာ ယောင်ယောင်ကို ခေါင်းစ ခြေအဆုံး လိုက်ကြည့် နေကြပေသည်။

ဇူထိုက်က ထိုသူတို့ကို ဒေါသထွက်စွာ ကြည့်လိုက်သော်လည်း သူတို့နှင့် ထိပ်တိုက် ရင်ဆိုင်ရန် မရည်ရွယ်ပေ။ ခြေထောက်တစ်ချက် ပေါက်လိုက်ပြီး နောက်တွင် မူလချီများမှာ ပိုမိုမြန်ဆန် လာခဲ့ပြီး သူတို့အား နောက်တွင် ချန်ထားခဲ့လိုက်သည်။

ကြီးမားသော တောင်ထွတ်များ တစ်ခုပြီးတစ်ခု ဖြတ်ကျော်ပြီးနောက် ကျယ်ပြန့်သော ကုန်းမြေပေါ်ရှိ တိမ်ပင်လယ် အတွင်းသို့ ရောက်ရှိလာခဲ့သည်။ အမျိုးမျိုးသော ငှက်များအော်သံများ ကျည်ကျည်ကျာကျာ အော်သံများက ကောင်းကင် တစ်ခွင်လုံး ပြည့်နှက်နေခဲ့ပြီး သူတို့၏ နောက်တွင်လည်း အခြားသော တပည့်အုပ်စုများက ကောင်းကင်ပြင်တွင် ပျံသန်းကာ လိုက်ပါလာကြလေသည်။ သူတို့အားလုံးမှာ အတွင်းတောင်၏ အဓိက တပည့်များပင် ဖြစ်ကြသည်။

ပတ်ဝန်းကျင် တစ်ခုလုံး တုန်ခါမှုများဖြင့် ရှုပ်ယှက်ခတ် နေခဲ့သည်။

သူတို့ သွားလာနေစဉ်အတွင်း ဇူထိုက်က ဇူယွမ်ကို အကြံပေးနေခဲ့သည် “ညီတော်ဇူယွမ် မူလ ကောင်းချီးခြင်ဆီ ရရှိဖို့က နှစ်လတိုင်းမှာ တစ်ကြိမ်ဖွင့်တယ်။ တစ်ကြိမ်ကို အနည်းဆုံး ဆယ်ရက် ကြာတယ်။ မင်းရမယ့်အချိန်ကို မင်းမှတ်ထားသင့်တယ်”

ဇူယွမ်က သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်သည် “အစ်ကိုတော် ဇူထိုက် မူလကောင်းချီး ခြင်ဆီဆိုတာ တိတိကျကျ ပြောရရင် ဘာကြီးလဲ…”

ဇူထိုက်က အဖြေမပေးပဲ ပြောလိုက်သည် “ငါတို့ ဦးတည်နေတဲ့ နေရာကို ရောက်ရင် မင်းသိလိမ့်မယ်”

ဇူယွမ်က ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့သည်။

အမွှေးတိုင် တစ်တိုင်စာ ကုန်ချိန်လောက်တွင် သူတို့ ခြေထောက်အောက်ရှိ မူလ ချီတိမ်တိုက်မှာ တဖြည်းဖြည်း နှေးကွေးလာခဲ့သည်။

ဇူယွမ်က ခေါင်းမော့လိုက်ပြီး အရှေ့တွင် ရှိနေသည့် မြင်ကွင်းကို လှမ်းမျှော်ကြည့် လိုက်သည်နှင့် သူ၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်ခါသွားတော့သည်။ သူတို့ရပ်တန်နေသော နေရာ၏ ရှေ့တွင် ခန်းနားကြီးကျယ်သော တောင်ကြီးများက ကောင်းကင်ကို ထောင့်ကန် ပေးထားသော တိုင်လုံးကြီးများအဖြစ် ရှိနေခဲ့ပြီး ကောင်းကင်နှင့် မြေပြင်ကို ဆက်သွယ် ပေးထားလေသည်။

တောင်များအကြားတွင် ကျယ်ပြန့် ကြီးမားမြစ်များ စီးဆင်းနေခဲ့ပြီး အပေါ်စီးမှ ကြည့်ပါက အဆုံးမဲ့သော ကျောက်စိမ်းနဂါးကြီးများက သူတို့၏ အနီးတွင် ရစ်ခွေနေသယောင်။

ဖော်ပြခြင်းငှာ မစွမ်းသာသော အရှိန်အဝါများသည် ကောင်းကင်သို့ ထိုးတက် သွားခဲ့ပြီး ကုန်းမြေတစ်ခုလုံးတွင် မသဲကွဲသော နဂါးဟိန်းသံများက ပဲ့တင်ထပ်ကာ ပျံ့နှံ့နေပေသည်။

ဇူယွမ်နှင့် အခြားသူများ တောင်တစ်ခု အပေါ်သို့ ခြေချလိုက်သည်နှင့် ကြီးမားသော တောင်များကြား ကျယ်ပြန့်သော မြစ်များ အကြားတွင် သူတို့အုပ်စုမှာ သေးငယ်သော ပုရွက်ဆိတ်များလို ဖြစ်သွားတော့သည်။

“သည်နေရာမှာ ရှိနေတဲ့ မူလချီတွေက… အရမ်းကို သန့်စင်တာပဲ” ဇူယွမ်က ရုတ်တရက် ပတ်ဝန်းကျင်ရှိ အလွန်အမင်း သန့်စင်သော မူလချီများကို ခံစားမိသွားသည်။ ထိုမူလချီများသည် အလွန်အမင်း စင်ကြယ်သောကြောင့် သူ၏ ရွှေရောင်မူလဂူနန်းထက်ပင် သာလွန်နေသေးသည်။

ထိုနေရာတစ်ခုလုံးသည် ဝေ့ဝိုက်နေသော မြူခိုးများနှင့် ဖုံးလွမ်းထားခဲ့ပြီး တော်တော်လေးကို မြူခိုးများနှင့် အုပ်ဆိုင်းနေကာ ထိုနေရာမှာ မူလချီများက အလွန်အမင်းကို သန့်စင်နေသည်။

“ဒါက မြစ်တွေကြောင့်လား” ဇူယွမ်၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားပြီး ကြီးများသော တောင်ထွတ်များအကြားတွင် စီးဆင်းနေသည့် ကျယ်ပြန့်သော မြစ်များကို စိုက်ကြည့်နေခဲ့သည်။ ထိုမြစ်များထဲမှ မြူခိုးမြူငွေ့များက အဆက်အပြတ် တက်လာပြီးနောက် လေထဲသို့ ရောနှော သွားသည်ကို သူတွေ့ခဲ့ရသည်။

သို့သော်လည်း ကျောက်စိမ်းနဂါးကြီးနှင့် ဆင်တူသည့် မြစ်များကို ကြည့်ရင်း သူ၏ နှလုံးသားထဲတွင် ထူးခြားသော ဖိအားကို ခံစားလိုက်ရပြီး သူ၏ နှလုံးသားမှ အကြောက်တရားကို အလိုအလျောက် ခံစားလိုက်ရသည်။ ကြည့်ရသည်မှာ သည်မြစ်များက တကယ်ကို သာမန် မဟုတ်ပေ။

“သည်နေရာက မူလ ကောင်းချီးခြင်ဆီ ရှိနေခဲ့တဲ့ နေရာလား”

ဇူထိုက်က ပြုံးစစနှင့် မြစ်ပြင်ကျယ်ကြီးများကို လက်ညှိုး ထိုးပြလိုက်သည်။ ထိုအချိန်တွင် များစွာသော မူလချီ အလင်းတန်းများက ကောင်းကင်အထက်မှ ကျဆင်းလာကာ တောင်များပေါ်သို့ ဆင်းတက် လိုက်ကြသည်။

“ညီတော်ဇူယွမ် သည်မြစ်တွေက မူလက မြစ်တွေ မဟုတ်ခဲ့ဘူး။ သူတို့က အစောပိုင်းက ငါတို့ ကန်ရွှမ်းကလန် မူလနဂါးကြီးရဲ့ သွေးကြောတွေပဲ”

“မူလနဂါး သွေးကြောတွေ” ဇူယွမ်က ကြောင်အ သွားခဲ့သည်။

“များစွာသော အင်ပါယာများကြားတွင် ဆိုရိုးစကားရှိခဲ့တာက လူတစ်ယောက်က နဂါးသွေးကြောကို ရရှိတာနဲ့ ကောင်းကင်အောက်ရှိ အရာအားလုံးကို ရယူနိုင်စွမ်း ရှိမယ်တဲ့။ အမှန်အားဖြင့် နဂါးသွေးကြောများမှာ မူလချီများ သိပ်သည်းမှုကြောင့် ဖြစ်ပေါ်လာတာပဲ။ ငါတို့ရဲ့ ကန်ရွှမ်းကလန်မှာ မူလနဂါးသွေးကြောလို့ ခေါ်တာက ထိုအရာက နဂါးသွေးကြော အားလုံးရဲ့ မူလအစက မလို့ပဲ”

“ငါတို့ ကလန်ကြွယ်ဝ ချမ်းသာနေရတဲ့ အကြောင်းအရင်းပဲ။ ပြီးတော့ များစွာသော မူလတောင်တွေနဲ့ ငါတို့ရဲ့လေ့ကျင့်မှုကို ထောက်ပံ့ ပေးနေခဲ့တာက ဒီမူလ နဂါးသွေးကြောကနေ လိုအပ်တဲ့ မူလချီတွေကို အဆုံးမရှိ ထုတ်ပေးနေခဲ့လို့ပဲ”

“ဒီမူလနဂါးသွေးကြောတွေက ငါတို့ ကန်ရွှမ်းကလန်ကို တည်ဆောက်ထားတဲ့ အခြေခံ အုတ်မြစ်တွေပဲ”

ဇူယွမ်၏ နှလုံးမှာ ပြင်းထန်စွာ တုန်ယင်သွားပြီး ကျောက်စိမ်းရောင်နဂါးနှင့် တူနေသော မြစ်များကို ထိတ်လန့်စွာ လှမ်းကြည့် လိုက်သည်။ သူအနေဖြင့် မဖော်ပြနိုင်လောက်အောင် ဖိအားတွေ ခံစားခဲ့ရတာ အံ့ဩစရာ မဟုတ်ဘူးပဲ။ သည်အရာတွေက ကန်ရွှမ်းကလန်ရဲ့ မူလနဂါး သွေးကြောကနေ ပြောင်းလဲ လာခဲ့တဲ့ မြစ်တွေပဲ…

“မယုံကြည်နိုင်စရာပဲ။…”

သူ၏ မျက်လုံးထဲတွင် မီးတောက်များ တောက်လောင်လျက် ရေရွတ်လိုက်သည်။

“ငါပိုပိုပြီး မူလကောင်းချီး ခြင်ဆီကို မြင်တွေ့ချင်လာပြီ”

All Chapters