ဒီတစ်ခုတည်းကပဲ အသုံးပြုလို့ ရတဲ့ အခွေလား
Vol. 24 Ch. 360
ဖုန်းယွီသည် လျိုခွင်နှင့်သူ့ သူငယ်ချင်း မိန်းကလေးကို သူတို့ အဆောင်ကို ပြန်ပို့ပေး၏။ သို့သော် အရမ်းနောက်ကျနေပြိ ဖြစ်သည်။ ပြီးနောက် တံခါးအကုန်လုံးကိုလည်း သော့ခက်ထားသည်။ ဖုန်းယွီက ချက်ခြင်းပင် လျိုခွင်ကို အရိတ်အမြွက်ပြလိုက်သည်။ မင်းဘာကို စောင့်နေတာလဲ။ ဒါက မင်းကောင်မလေးကို ဟိုတယ်ကို ခေါ်ဖို့အတွက် အကောင်းဆုံး အကြောင်းပြချက်ပဲ။
လျိုခွင်သည် သာမန်လူ တစ်ယောက် ဖြစ်သော်ငြား ရရှိလာသည့် အခွင့်အရေးကို လက်လွတ်လောက်သည်အထိ မရူးမိုက်ပေ။ ဖုန်းယွီက တိတ်တိတ်လေး လျိုခွင်ကို ယွမ် ၁၀၀တန်ကို ပေးလိုက်သည်။ ဧည့်ကြိုကောင်တာရှိ ဝန်ထမ်းသည်လည်း အလွန်တော်သည်။
“ကျွန်တော်တို့မှာ အခန်းတစ်ခန်းထဲပဲ ကျန်တော့တာပါ။”
ဖုန်းယွီသည် လျိုခွင်၏ ကျောကို ပုတ်ပြီး ထွက်သွားတော့သည်။
ညနက်နေပြီ ဖြစ်ရာ လီနသည် ဖုန်းယွီ၏ တိုက်ခန်းကိုသာ ပြန်ရုံသာ ရှိသည်။ ဖုန်းယွီက သူမကို သူမိဘများက လီနအပေါ် အကောင်းမြင်ကြောင်းပြောပြီးနောက် သူတို့ နှစ်ယောက်သား လှပသည့် ညလေး တစ်ညကို အတူဖြတ်သန်းတော့သည်။
ဖုန်းယွီ၏ မနက်ခင်း အတန်းများ ပြီးနောက် ဖုန်းယွီသည် သူ့မိဘများဆီ ကားမောင်းသွားပြီး သူတို့ အထုတ်များကို ခရီးဆောင်အိတ်ထဲတွင် ထည့်ပြီး ဖြစ်ကြောင်း သတိပြုမိသည်။ သူတို့သည် ယနေ့ နေ့လည်ခင်းတွင် ဘင်းမြို့တော်ကို လေယဉ်ဖြင့်ပြန်မည် ဖြစ်သည်။
“အဖေ အမေ ဘာလို့ ဒီမှာ ရက်နည်းနည်း ထပ်မနေတာလဲ။ ဝူကျီကန်းနဲ့ ကျန်တဲ့သူတွေလို နှစ်သစ်ကူးပြီးမှ ပြန်ပါ့လား။”
“တော်ပြီ ငါတို့တွေ မနှစ်တုန်းက ဘေကျင်းမှာ လည်ခဲ့ပြီးပြီ။ ငါတို့တွေ လည်ဖို့အတွက် နေရာလည်း မရှိဘူး။ အဖေနဲ့ မင်းအမေ အရင်ပြန်နှင့်မယ်။ မင်းကော ဆောင်းရာသီ ကျောင်းပိတ်ရက်ကျ ဘယ်အချိန် အိမ်ပြန်လာမှာလဲ။” ***
“အဖေ ဒီ ဆောင်းရာသီ အားလပ်ရက်မှာ ကျွန်တော် မော်စကိုကို သွားဦးမယ်။ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးတော့ အဲ့မှာရှိတဲ့ ကျွန်တော်ရဲ့ လုပ်ငန်းတွေ ပြောင်းလဲမှု အများကြီး ဖြစ်ခဲ့တယ်။ ကျွန်တော် အဲတာကို ရက်အနည်းငယ် သွားဖို့ လိုတယ်။ စိတ်မပူပါနဲ့။ ဇန်နဝါရီ လကုန်ကျရန် ကျွန်တော် အိမ်ကို ပြန်လာမှာပါ။”
“ဟုတ်ပြီလေ။ အဖေ မှတ်ထားလိုက်မယ်။ ကိုယ်ကိုယ်ကိုနဲ့ တခြားသူတွေကို ဂရုစိုက်”
ဖုန်းရှင်းထိုက်က ဖုန်းယွီ၏ နောက်ကျောကို ပုတ်လိုက်သည်။ သူ့သားနှင့် ပတ်သက်ပြီး သူ ကျေနပ်သည်။ ယင်းက သူ မွေးသည့် ဝက်သားပေါက်လေများ ကြီးလာသည့်အခါ သားဖောက်ရန် ရောက်လာသည့် ပုံစံမျိုးနှင့် တူပေ၏။
ဖုန်းယွီက သူ့နှာခေါင်းကို ပွတ်လိုက်ကာ
“အဖေ၊ အမေ နေ့လည်စာ အရင်သွားစားရအောင်။ နေ့လည်စာ စားပြီးတာနဲ့ ကျွန်တော် အဖေတို့ကို လေဆိပ်ကို လိုက်ပို့မယ်”
အမေနှင့် အဖေသည် သူ၏ လီနနှင့် သူ ပတ်သက်မှုကို ကန့်ကွက်သည့်ပုံ မပေါ်ပေ။ ဖုန်းယွီ၏ မိသားစု အနေအထားနှင့်အတူ သူတို့အနေဖြင့် ချွေးမအပေါ် များများ စားစား မျှော်လင့်ချက် ထားထားမည် မဟုတ်ပေ။ သူတို့ အဆင့်အတန်းနှင့် ကိုက်ညီသည့် ချွေးမကို ရှာရှန်လည်း အလွန်ခက်ခဲမည် ဖြစ်သည်။ ထိုမိန်းကလေးသည် သာမန် မိသားစုမှ လာသည် ဖြစ်စေ လက်ခံနိုင်ပေ၏။ သူတို့သည် ယမန်နေ့က လီနနှင့် တွေ့သည့်အခါ အတော်လေး ကျေနပ်မိသည်။
နေ့လည်စာ စားပြီးနောက် ဖုန်းယွီသည် သူ့မိဘများကို လေဆိပ်ကို သွားရန်အတွက် တက္ကစီခေါ်ပေး၏။ ဖုန်းယွီကို သူ့မိဘများက ကျောင်းကို အတင်းပြန်ခိုင်းသည်။ သူ့မိဘများအနေဖြင့် သူ့ကို အထက်တန်းကျောင်းကကဲ့သို့ အတန်းခဏခဏ ပျက်သည့် အကျင့်မျိုး မဖြစ်စေလိုပေ။
……
နှစ်သစ်ကူးဂါလာညစာစားပွဲ၏ ထုတ်လုပ်ရေး ဝန်ထမ်းများ အကုန်လုံး အလုပ်များနေကြသည်။ ယင်းအစီအစဉ်သည် နှစ်သစ်ကူးနေ့တွင် ထုတ်လွင့်မည် ဖြစ်ကာ သူ့အနေဖြင့် ထိုအစီအစဉ်ကို တည်းဖြတ်ရန်အတွက် အချိန် နှစ်ရက်ခန့် ကြာမည် ဖြစ်သည်။
ဝန်ထမ်းများက အရေးကြီးသည့် ကိစ္စတစ်ခုကို သတိပြုလိုက်မိသည်။ သူတို့သည် ရီဟာဇယ်ကိုလည်း ရိုက်ကူးထားသည်။ သို့သော် အစီအစဉ်တင်ဆက်သူ၏ ဝတ်စုံသည် တကယ်ပွဲညနှင့် ကွဲလဲနေ၏။
ယင်းအဓိပ္ပာယ်ကား ရီဟာဇယ်ရိုက်ကူးထားမှုများ အကုန်လုံး နီးပါးကို အသုံးမပြုနိုင်ခြင်း ဖြစ်သည်။ အစီအစဉ်တင်ဆက်သူပါသည့် ရိုက်ကူးမှုများအားလုံး အသုံးမဝင် ဖြစ်သွားခဲ့သည်။ အချို့သော ဖျော်ဖြေသူများနှင့် ဆန်ကာတင် စာရင်းဝင်သူများသည်လည်း သာမန် အဝတ်အစားများသာ ဝတ်ဆင်ထားကြသည်။ ထုတ်လုပ်ရေးအသင်းသည် ထိုသို့ အသေးစိတ် အရေးမကြီးသည့် ကိစ္စများကို သတိမပြုမိခဲ့ပေ။
ရှီယီဖန်သည် ရိုက်ကူးထားသည့်များကို ကြည့်လိက်သည့်အခါ ရီဟာဇယ်အတွင်း ဆန်ကာတင် စာရင်း ဝင်သူများ၏ ဝတ်ဆင်ထားမှုမသည် ပုံမှန်အဝတ်အစားများသာ ဖြစ်ကြောင်း သတိပြုမိခဲ့သည်။ သူတို့အနေဖြင့် ကြိုတင် ဇာတ်တိုက်ထားခြင်းမျိုး ဖြစ်မည်ပင်။ သူတို့အနေဖြင့် ရီဟာဇယ်မှ ရိုက်ကူးမှုများကို အသုံးမပြုရန်အတွက် ကြိုတင် စီစဉ်ထားခဲ့ကြခြင်း ဖြစ်သည်။
သူ့အနေဖြင့် ရီဟာဇယ်မှ ရိုက်ကူမှုများကို အသုံးမပြုနိုင်ပါက သူတို့အနေဖြင့် ယမန်နေ့ညက ရိုက်ကူးထားသည့် များကိုသာ တည်းဖြတ်နိုင်တော့သည်။ ကြည့်ရှုပြီးနောက် ထုတ်လုပ်ရေးအသင်းက ယမန်နေ့က ရိုက်ကူးမှုများသည် အစီအစဉ် ကျကြောင်း သတိပြုမိသွားခဲ့၏။
အစမှ အဆုံးအထိ ရိုက်ကူးချိန်သည် ၃နာရီနှင့် ၂မိနစ် ဖြစ်သည်။ သူတို့သည် ထိုအစီအစဉ်ကို သုံးနာရီကြာ ထုတ်လွှင့်မည်ဟု ကြေညာထားသည်။
ယင်းအဓိပ္ပာယ်ကား သူတို့အနေဖြင့် ထိုရိုက်ကူးမှုများမှ ၂မိနစ်သာ ဖြတ်ထုတ်ရန် လိုသည်။ သူတို့ ဘာမှ ဖြတ်မထုတ်လျှင်တောင် အဆင်ပြေသေးသည်။ ထုတ်လွှတ်ချိန် ကြာမြင့်မှု အတွက် စီစီတီဗွီသည် သူတို့အတွက် ၁၀မိနစ် အချိန်ပေးထားသည်။
ဗီဒီယို တည်းဖြတ်က ရွှီယီဖန်ကို ကြည့်လိုက်သည်။
“ဒါရိုက်တာရွှီ ကျွန်တော်အနေနဲ့ ဒီရိုက်ကူးမှုကို တည်းဖြတ်ဖို့ လိုသေးလား။ ကျွန်တော်အထင်တော့ ဒီဟာကို သုံးလို့ ရတယ်။”
ရွှီယီဖန်က ဒေါသထွက်သွားသည်။
“ဘယ်လိုလို့ ငါတို့ကဒီရိုက်ကူးမှုကို ဒီအတိုင်း အသုံးပြုနိုင်မှာလဲ။ ဒီ လက်ကိုင်ပိုစတာတွေနဲ့ ကြွေးကြော်သံတွေကို တီဗွီကြည့်တဲ့သူတွေကို ပြမှာလား။ အဲ့အပိုင်းတွေကို ဖျက်ပစ်။ စုစုပေါင်း ကြာချိန်ကို မှတ်ထားလိုက် ပြီးတော့ တည်းဖြတ်တာကလည်း ချောချောမွေ့မွေ့ ရှိပါစေ။ ဒီ ကြွေးကြော်သံတွေကတော့ သေချာပေါက် ဖျက်ပစ်မှရမယ်”
ဗီဒီယို တည်းဖြတ်က အကြမ်းဖြင်း တွက်ချက်လိုက်ကာ ရွှီယီဖန်ကို ကြည့်ရင်း
“ဒါရိုက်တာရွှီ။ ကျွန်တော်တို့တွေ ဒီအပိုင်းကို ဖြတ်ပစ်မယ်ဆိုရင် ကျွန်တော်တို့တွေ အနည်းဆုံး ၁၀မိနစ်တော့ တိုသွားလိမ့်မယ်”
ရွှီယီဖန်၏ လက်များက တုန်ယင်နေသည်။ ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ။ အို.. ဟုတ်သား ငါတို့တွေ တခြားကင်မရာတွေရဲ့ ရိုက်ကူးထားချက်တွေကို ကြည့်လို့ရတာပဲ။ ဒီရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီးတော့ ဘာမှ ပြဿနာ ရှိမှာ မဟုတ်ဘူး။
သို့သော် ရွှီယီဖန်သည် အခြားကင်မရာမှ ရိုက်ချက်များကို ကြည့်လိုက်သည့်အခါ သူ့အနေဖြင့် ထိုရိုက်ချက်များကိုလည်း အသုံးမပြုနိုင်ကြောင်း တွေ့ရှိသွားသည်။ ဖြတ်ပစ်ပါက ဘင်းမြို့တော် လေယဉ်ထုတ်လုပ်သည့် စက်ရုံ၊ ထိုက်ဟွကုန်သွယ်ရေးနှင့် အခြားသော ဘင်းမြို့တော် ကုမ္ပဏီများ၏ ရိုက်ချက်အကုန်လုံးကို ဖျက်ပစ်ရမည် ဖြစ်သည်။ ထို့အပြင် ဘင်းမြို့တော်မှ ဆုရရှိသူများသည်လည်း စင်ပေါ်ကို ဖြည်းဖြည်းချင်းသာ လျှောက်သွားကြသည်။ ရွှီယီဖန်သည် သူတို့ လမ်းလျှောက်သည်ကို ပြသလိုချင်း မရှိပေ။
အထက်အရာရှိများက သူတို့ကို လမ်းညွှန်နှင့်ကန့်သတ်ချက်များကို ပေးထားသည်။ ယင်း သူတို့ကို တစ်ဦးတည်း အထူးဦးစားပေးခြင်းတို့ကို တားမြတ်ထားသည်များ ဖြစ်သည်။ ယင်းရိုက်ချက်ကို အသုံးမပြုနိုင်ပေ။ ထပ်ပြောရလျှင် တစ်ယောက်ယောက် စင်ပေါ်ကို တက်ပြီး လမ်းလျှောက်သည်ကား အလွန် ပျင်းစရာ ကောင်းလွန်းသည်။
ရွှီယီဖန်က ခေါင်းကုတ်လိုက်ကာ သူ့အနေဖြင့် ဘာလုပ်ရမည်မှန်း မသိတော့ပေ။ သူသည် ဆုပေးပွဲ၏ အချိန်အပိုင်းအခြားကို ကောင်းကောင်း ထိန်းသိမ်းနိုင်ခဲ့ပြီး ကောင်းကောင်းပြီးခဲ့သည်ဟု ပေတွးခဲ့သည်။ သို့သော် ယခုလက်ရှိတွင် သူ့တွေးထားသလို ဖြစ်မလာချေ။ ထို့ပြင် ထိုဘင်းမြို့တော် ကုမ္ပဏီများ၏ ကျေးဇူးတင်စကား ပြောသည့် အပိုင်းများကို ဖြတ်ထုတ်၍ မရပေ။ သူ့အနေဖြင့် အစီအစဉ် တင်ဆက်သူကို အဘယ်တွက် အချိန် အများကြီး ပြောရန် မတောင်းဆိုခဲ့သနည်း။
ထိုအရာများအားလုံး ဖုန်းယွီကြောင့်သာ ဖြစ်သည်။
ဖုန်းယွီသည် ဒါရိုက်တာများ၊ ကင်မရာမန်းများ၊ အစီအစဉ် တင်ဆက်သူနှင့် တည်းဖြတ်သူများကို ဟုန်ပေါင်းများ ပေးထားသည်။ ဖုန်းယွီက သူတို့ကို အဖွဲ့အစည်းက သူတို့ရဲ့ ကြိုးစားလုပ်ကုန်မှုအတွက် ပေးချင်း ဖြစ်ကြောင်း ပြောခဲ့သည်။
ဖုန်းယွီဆီမှ ဟုန်ပေါင်းများကို လက်ခံပြီးနောက် ထိုဝန်ထမ်းအကုန်လုံးက ဖုန်းယွီ၏ တောင်းဆိုချက်အတိုင်း လိုက်လုပ်ပေးကြသည်။ ထပ်ပြောရပါက ထိုဝန်ထမ်းများသည် စီစီတီဗွီ၏ လက်ထောက်ညွှန်ကြားရေးမှုးကျားသည်လည်း ရွှီယီဖန်ကို ပွဲစီစဉ်သူများ၏ ဆုံးဖြတ်ချက်ကို လေးစားရန် ပြောကြားချက်ကိုလည်း ကြားခဲ့သည်။ စီစီတီဗွီသည် ထိုအဖွဲ့အစည်း၏ ဆုပေးပွဲ အခမ်းအနားကို ကူပြီး ရိုက်ကူးပေးခြင်းသာ ဖြစ်သည်။
ပွဲစီစဉ်သူက မည်သူနည်း။ ဖုန်းယွီသည် ပွဲစီစဉ်သူ ဖြစ်သည်။
ထို့ပြင် ဖုန်းယွီသည် မဖြစ်နိုင်သည့် တောင်းဆိုမှုမျိုးကိုလည်း မပြုလုပ်ခဲ့ပေ။ သူသည် အစီအစဉ်ကို ပြောသည့်တိုင်း လိုက်လုပ်ရန်သာ တောင်းဆိုခဲ့သည်။ သူ့တောင်းဆိုမှုများက ကင်မရာကို မြန်မြန်နှင့် တိတိကျကျ လှည့်ရန်သာ ဖြစ်သည်။ အစီအစဉ်တင်ဆက်သူအနေဖြင့် သူတို့အတွက် ကျေးဇူးတင် စကားပြောရန်အတွက် အချိန် ပေးရမည် ဖြစ်သည်။ ပြီးနောက် တည်းဖြတ်သည့်သူအနေဖြင့် အလွန်အကျူး မတည်းဖြတ်ရန် ဖြစ်သည်။ များများစားစား ပြောင်းလဲမှုမျိုး မရှိပေ။ အထူးသဖြင့် ပရိသတ်များနှင့် ဆုရရှိသူများ၏ ရိုက်ကူးမှုများ ဖြစ်သည်။ ထို့အပြင် ထိုအစီအစဉ်သည် ဆုပေးပွဲ ဖြစ်သည်။
ရိုက်ကူးရေး မစခင် ဖုန်းယွီသည် အစီအစဉ် တင်ဆက်သူကို ဝတ်စုံ အသစ်ပေးခဲ့သည်။ သူသည် အစီအစဉ် တင်ဆက်သူအား ထိုဝတ်စုံသည် စပွန်ဆာ ပေးထားကြောင်း ပြောသည်။ ဝတ်စုံအသစ်သည် ပွဲအစီအစဉ် တင်ဆက်သူ ရီဟာဇယ်တွင် ဝတ်ဆင်သည့် ဝတ်ဆင်သည်ထက် ကောင်းပေသည်။
ထို့ကြောင့် အစီအစဉ် တင်ဆက်သူသည် ဝတ်စုံအသစ်ကို လဲခဲ့သည်။ ဖျော်ဖြေတင်ဆက်သူ များစွာသည်လည်း ဝတ်စုံအသစ်များကို လက်ခံရရှိခဲ့သည်။ ယင်းက ပွဲညနှင့် ရီယာဇယ်တွင် ကွဲပြားသည့်အချက် ဖြစ်စေ၏။
ဖုန်းယွီသည် စိတ်ကျေနပ်နေ၏။ ယင်းအစီအစဉ်သည် ရိုက်ကူးထားသည့် အစီအစဉ် တစ်ခု ဖြစ်သည့်တိုင် သူအလိုရှိသည့်အတိုင်း စီစီတီဗွီသည် ထိုအစီအစဉ်ကို ရိုက်ကူးမည် ဖြစ်သည်။ အမှန်တကယ်တွင် ရွှီယီဖန်သည်လည်း ရီဟာဇယ်မှ ရိုက်ကူးမှု အကုန်လုံးကို အသုံးမပြုရဲပေ။ သို့သော် ဖုန်းယွီသည် သူ့ကိုယ်သူ ပွဲစီစဉ်သူဆိုသည့် အကြောင်းပြချက်ကို ပေးကာ ရီဟာဇယ်တွင် ထည့်ထားသည့် ရိုက်ကူးမှုများကို မသုံးရန် ပယ်ချနိုင်ပေသည်။
မည်သို့ပင် ဖြစ်စေ ထုတ်လွှတ်မှု အစီအစဉ်သည် ဖုန်းယွီ လိုလားသည့်အတိုင်း ဖြစ်ခဲ့သည်။ ဖုန်းယွီသည် ဒါရိုက်တာ တစ်ဦး မဟုတ်ပေ။ သို့သော် ဒါရိုက်တာများ အားလုံးက ဖုန်းယွီ ပြောသည်ကို နားထောင်ရ၏။
ရွှီယီဖန်သည်လည်း သက်ပြင်းချလိုက်သည်။ သူ့အနေဖြင့် ရီဟာဇယ်နှင့် ပွဲနေ့ ရိုက်ကူးမှုများကို အထက်အရာရှိများကို ပြရုံသာ သက်နိုင်သည်။ ဆုံးဖြတ်ချက် ချမည့် သူများသည် အထက်အရာရှိများသာ ဖြစ်သည်။ သူ့အနေဖြင့် ကံတရားကိုသာ လက်ခံရတော့မည်ပင်.....