စီစီတီဗွီကို ထပ်မံ သင်ခန်းစာ ပေးခြင်း အပိုင်း ၁
Vol. 24 Ch. 346
“ဒါရိုက်တာရွှီ ဒီ ပရိုဂရမ် စာရင်းက ပြဿနာ အချို့ ရှိတယ်လို့ ကျွန်တော် တွေးမိတယ်။”
ဖုန်းယွီသည် တရုတ်နှစ်သစ်ကူးပွဲတော်၏ ရုပ်သံအစီအစဉ်ဒါရိုက်တာ ရွှီယီဖန်က ပြောလိုက်သည်။
ရွှီယီဖန်သည် ဖုန်းယွီ ပြောသည်ကို ကြားသည့်အခါ မျက်နှာ မှုန်ကုပ်သွားကာ
“မန်နေဂျာဖုန်း ဘာ ဆိုလိုချင်တာလဲ။ ဒီပွဲ အစီအစဉ်ထဲမှာ ဘာများ မှားနေလို့လဲ။ ဖျော်ဖြေတဲ့သူတွေက မန်နေဂျာဖုန်း ဖိတ်ခေါ်ထားတဲ့ သူတွေ ချည်းပဲ။ ပြီးတော့ သူတို့ ဖျော်ဖြေရမဲ့ အစီအစဉ်တွေကို စီစဉ်ပေးနေတဲ့သူ။ ကျွန်တော်က ခင်ဗျား အလို ရှိသလို လိုက်လုပ်ပေးနေရတာပဲ။ ဘာများ ထပ်လိုချင်သေးလို့လဲ။”
ရွှီယီဖန်က ဒေါသထွက်သွားသည်။ သူသည် ရုပ်သံအစီအစဉ်ဒါရိုက်တာချုပ် ဖြစ်သော်ငြား အထက်အရာရှိများက ဖုန်းယွီကို ဖျော်ဖြေသူများ အားလုံးကို ဖိတ်ခေါ်ခိုင်းပြီး သူတို့ ဖျော်ဖြေမှုများကို စီစဉ်ခိုင်းခြင်း ဖြစ်သည်။ ယခုလက်ရှိတွင် ဖုန်းယွီသည် သူ့ဆီကို လာကာ အစီအစဉ်မှာ ပြဿနာများ ရှိနေကြောင်း ပြောကြားခဲ့သည်။ မင်းက ဒီ ဖျော်ဖြေမှုတွေကို ပြင်ဆင်ခဲ့တဲ့သူပဲ။ ဘာလို့ ဒီ အစီအစဉ်ထဲမှာ ပြဿနာ ရှိနေတယ်လို့ ပြောနိုင်ရတာလဲ။
သူသည် ဂါလာညစာစားပွဲနှင့် တရုတ်နှစ်သစ်ကူးပွဲတော် ဂါလာညစာစားပွဲ၏ ရုပ်သံအစဉ်ဒါရိုက်တာချုပ် ဖြစ်သည်။ ကောင်စုတ်လေး တစ်ယောက်က သူ့ကို မည်သို့ လုပ်ရမည်ကို ပြောသည့်အခါ သူဒေါသထွက်သွားခဲ့သည်။ အကယ်၍ ဖုန်းယွီသာ ထိုအဖွဲ့အစည်း၏ ကိုယ်စားလှယ်နှင့် အစီအစဉ် စပွန်ဆာ မဟုတ်ပါက သူသည် ဖုန်းယွီကို မောင်းထုတ်ပြီး ဖြစ်သည်။
“ဒါရိုက်တာရွှီ။ ကျွန်တော်က ဒီ အနုပညာရှင်တွေကို ခေါ်ယူပြီးတော့ သူတို့ ဖျော်ဖြေရမှာကိုလည်း စီစဉ်ပြီးပြီ။ ဒါပေမဲ့ ဒါရိုက်တာရဲ့ အစီအစဉ် ရှေ့နဲ့နောက်က အဆင်ပြေမနေဘူး။ ဥပမာအနေဲ့ ဒီသီချင်းက အဖွင့် သီချင်း ဖြစ်သင့်တာ။ ပြီးတော့ ဘင်းမြို့တော် လေယဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီက သူတို့ရဲ့ ဆုကို လာယူလိမ့်မယ်။ ဒီအစီအစဉ်ကကျတော့ ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီ ဆုယူပြီးတာနဲ့ ဖျော်ဖြေသင့်တာ။ ဒီ ဖျော်ဖြေမှုတွေ အကုန်လုံးကို ဆုအလိုက် သေသေချာချာကို ရွေးချယ်ထားတာ။ ဒါရိုက်တာက အကုန်လုံးကို ရောလိုက်တာပဲ။”
ဖုန်းယွီက အစီအစဉ်ဇယားကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
ပွဲအခြေအနေကြောင့် ဖုန်းယွီသည် သီချင်း နှစ်ပုဒ်ကို ရေးစပ်ခဲ့ကာ သူသည် အဆိုတော်သစ် ဆန်းနန်ကို ဖျော်ဖြေရန် ဖိတ်ခေါ်ခဲ့သည်။
...... သီချင်းသည် ဆန်းနန်ကို နာမည် ကျော်ကြားစေမည့် သီချင်း ဖြစ်သည်။ သို့သော် ယခုတွင် ထိုသီချင်းသည် မရေးစပ်ရသေးပေ။ ဆန်းနန်သည် ထိုသီချင်းဖြင့် တရုတ်နိုင်ငံ ထိပ်တန်း အမျိုးသား အဆိုတော် ဖြစ်လာမည် ဖြစ်၏။ အနာဂတ်တွင် သူသည် ထိုသီချင်းကို သီဆိုမည် ဖြစ်ကာ အာရှ တစ်တိုက်လုံးတွင် နာမည် ကြီးမည် ဖြစ်၏။
သို့သော် ယခုလက်ရှိတွင် ဖုန်းယွီသည် ဆန်းနန်ကို တွေ့ခဲ့ပြီး သူ့အား ထိုအစီအစဉ်တွင် ဖျော်ဖြေရန်အတွက် ဖိတ်ခေါ်ခဲ့၏။ ဖုန်းယွီသည် သူ့အတွက် သီချင်း နှစ်ပုဒ် ရေးစပ်ခဲ့သည်။ ပြီးနောက် ဆန်းနန်သည် ချက်ခြင်းပင် သဘောတူလိုက်၏။
သူ့အနေဖြင့် စီစီတီဗွီ၏ အထူးအစီတွင် ဖျော်ဖြေခွင့် ရမည်လော။
ထိုခေတ်အခါက အနုပညာရှင် မည်သူမဆို တရုတ်တနိုင်ငံလုံးတွင် အောင်မြင်ချင်သည့်အတွက် ဂါလာညများတွင် ဖျော်ဖြေချင်ကြသည်။ ယင်းက အနုပညာရှင်၏ အဆင့်အတန်းကို ဖော်ပြရာ ရောက်သည့်အတွက် ဖြစ်၏။
တရုတ်နှစ်သစ်ကူးပွဲတော်တွင် ဖျော်ဖြေခွင့်ရသည့် အဆိုတော်များအားလုံးသည် အဆိုတော် အကျော်အမော်များ ဖြစ်ရန်အတွက် အခွင့်အရေးများ ရကြပေ၏။ သူတို့ကုမ္ပဏီများနှင့် အဖွဲ့များအတွက် ပင်တိုင် ဖြစ်လာကာ သူတို့သည် ငွေကြယ်ပွင့် အခွင့်အရေးများလည်း ရရှိကြပေ၏။ ကျန်သည့် အဆိုတော်များသည် ပိုက်ဆံများ မရှာနိုင်တော့ပေ။ သူတို့ သီချင်းအများစုသည် အောင်မြင် ကျော်ကြားမည် ဖြစ်သည်။ သို့သော် မည်သူမျှ သူတို့ကို သိမည် မဟုတ်ပေ။ အကယ်၍ သူတို့သည် ဂါလာညတွင် ဖျော်ဖြေရန်အခွင့်အရေး ရပါက သူတို့၏ ဘဝသည် ကွဲပြားသွားမည် ဖြစ်၏။
ယခုပွဲသည် တရုတ်နှစ်သစ်ကူး ပွဲတော် မဟုတ်သော်ငြား ယင်းက နှစ်သစ်ကူးဂါလာ ညစာစားပွဲ ဖြစ်သည်။ ဆန်းနန်သည်လည်း အချို့သော် တရုတ်နိုင်ငံတွင် အောင်မြင်ကျော်ကြားသည့် အဆိုတော်များနှင့် အနုပညာရှင်များ ဖြစ်သည့် ကျူးရှီမောက်နှင့် ချန်ကွမ်းတိုင် အတွဲ၊ မျက်လှည့်ပညာရှင်များနှင့် စကားနပန်းများ ဖျော်ဖြေကြမည်ကို သိ၏။ ဟောင်ကောင်နှင့် ထိုင်ဝမ်မှ အဆိုတော်များလည်း လာရောက်ဖျော်ဖြေမည် ဖြစ်ရာ သူ့ကဲ့သို့ တက်သစ်စလေး တစ်ယောက်အနေဖြင့် ထိုကမ်းလှမ်းမှုမျိုးကို မည်သို့ ငြင်းဆိုမည်နည်း။
သို့သော် ဆန်းနန် စိတ်ပူသည့်မှာ သူ့တွင် ဖျော်ဖြေရန်အတွက် သီချင်းကောင်း ရှိမနေချေ။ သို့သော် ဖုန်းယွွီရေးပေးသည့် သီချင်း အနည်းငယ် ကြားသည့်အခါ သူသည် အလွန်ပျော်ရွှင်သွားတော့၏။
ထို သီချင်းနှစ်ပုဒ်သည် အလွန် ကောင်းမွန်၏။ ပြီးနောက် ထိုသီချင်းနှစ်ပုဒ်သည် Pitchesအလွန်မြင့်သည့်အတွက် သူ့အသံနှင့်လည်း ကိုက်ညီမှု ရှိသည်။ သီချင်းစာသားများက ပြီးပြည့် စုံလွန်းသည်ပင်။
ဖုန်းယွီသည် ဘင်းမြို့တော် လေယဉ်ထုတ်လုပ်သည့်စက်ရုံနှင့် စက်ပစ္စည်းစက်ရုံကို ပရိုမုတ်လုပ်ရန်အတွက် ထိုသီချင်း နှစ်ပုဒ်ကို ရေးစပ်ခဲ့ခြင်း ဖြစ်သည်။ သို့အနေဖြင့် ထို သီချင်း နှစ်ပုဒ်ကို သီဆိုရန် ဆန်းနန်ကို ပေးခဲသည်။ ယင်းကို ဒါရိုက်တာရွှီက ဖျော်ဖြေမှုနှင့် ရောလိုက်ကာ သူ့အားထုတ်မှုအကုန် အချည်းအနှီး ဖြစ်သွားစေ၏။
စက်ယန္တရားကုမ္ပဏိက အလံတစ်ခုလို ပျံလွင့်မှာလား။ သူတို့တွေက မကျလာတော့ဘူးလား။
“မင်းက ငါ့ထက် ပိုသိတယ် တက်တယ်လို့ တွေးနေတာလား။ မင်းအရင်က အခုလို ဂါလာညပွဲတွေ စီစဉ်ဖူးလား။ ငါ ဒီလိုမျိုး ပွဲတွေကို ဘယ်လောက်များများ စီစဉ်ဖူးလဲဆိုတာကို မင်းသိရဲ့လား။ တကယ်လို့ မင်းက ငါ့ထက် သာတယ်လို့ ထင်ရင် ခေါင်းဆောင်တွေကို ငါ့နဲ့ လူစားလဲပေးဖို့ သာ ပြောလိုက်တော့။”
ရွှီယီဖန်က ဖုန်းယွီကို ငြောက်ငမ်းလိုက်၏။
ဒီ ကောင်စုတ်လေးကို သင်ခန်းစာ ပေးမှ ရတော့မယ်။ သူက အရမ်းကို ထောင်လွှားလွန်းတယ်။ သူ ချမ်းသာတာနဲ့ သူလုပ်ချင်တာ အကုန် လုပ်လို့ ရပြီလို့ ထင်နေတာလား။
စီစီတီဗွီနှင့် တရုတ်တစ်နိုင်ငံလုံးတွင်တောင် ရွှီယီဖန်သည် ပွဲတော်ကြီးများအတွက် အတော်ဆုံး အစီအစဉ် ဒါရိုက်တာ တစ်ယောက် ဖြစ်သည်။ သူသည် တရုတ်နှစ်သစ်ကူးပွဲတော်အတွင်း ဖျော်ဖြေမည့် သီချင်းနှင့် အကများကို ညွှန်ကြားပေးတာ ဖြစ်သည်။ ယခုလက်ရှိတွင် သူ့အစီအစဉ် နေရာချမှုများသည် မှားနေသည်ဟု ပြောနေသည်လော။ ယင်းက မည်သို့ ဟာသမျိုး ဖြစ်သနည်း။
ဒီနေရာချမှုက ဘာမှားနေလို့လဲ။
ဖုန်းယွီသည် ရွှီယီဖန်ကို ကြည့်လိုက်သည်။ သူက တရုတ်နှစ်သစ်ကူးပွဲတော်ကို ညွှန်ကြားတဲ့သူလား။ ဒီ အစီအစဉ်က နှောင် နှစ်ပေါင်း နှစ်ဆယ်ကနဲ့ ယှဉ်ရင် ဘာမှကို မဟုတ်တာ။ ဖျော်ဖြေမှုတွေရဲ့ နေရာချမှုကလည်း မှားနေသေးတယ်။ ပြီးတော့ ကင်မရာ ရှုထောင့်နဲ့ ကင်မရာ အလှည့်အပြောင်းကလည်း ပြဿနာ ရှိနေတယ်။ ဒီပွဲရဲ့ အဓိကနဲ့ ကွာဟာချက် ရှိနေတာကို ဘာလို့ ဒီ ဒါရိုက်တာက အရမ်းကို ဂုဏ်ယူနေရတာလဲ။
ဖုန်းယွီသည် ဒါရိုက်တာကို မယှဉ်နိုင်သော်ငြား သူသည် ဒါရိုက်တာကိုအမှန်ပင် ပြောင်းချင်ခဲ့သည်။ သို့သော် ဖုန်းယွီသည် အဖွဲ့ကို ကိုယ်စားမပြုပေ။ပြီးနောက် သူ့အနေဖြင့် စီစီတီဗွီကိုလည်း အမိန့်မပေးနိုင်ပေ။ သူ့အနေဖြင့် ဒါရိုက်တာကို နားချရုံသာ တက်နိုင်ပေ၏။
“ဒါရိုက်တာရွှီ ကျွန်တော်ကို အမြင်လွဲနေတာပဲ။ ကျွန်တော်က ခင်ဗျား ညွှန်ကြားတဲ့ အစီအစဉ်တွေကို တကယ်ပဲ နှစ်သက်ပါတယ်။ တစ်ယောက်ယောက်က ဒီအစီအစဉ်အတိုင်း လုပ်ပြီးသား။ ကျွန်တော်အနေနဲ့ အနုပညာရှင်တွေ အတွက် စီစဉ်ပေးရုံပါပဲ။ ပြီးတော့ ကျွန်တော် အသေးစိတ်ကို မသိရပါဘူးဗျာ။ ဒါပေမဲ့ ဒီ သီချင်းရဲ့ သီချင်းစာသားက ဒါလိုသွားရမှာ။ ကောင်းကင်ထက်ကို ပျံသန်း။ နေမင်းကြီးနဲ့ ရင်ဆိုင်..... ဒါက ဘင်းမြို့တော် လေယဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီအတွက် အထူး ရေးစပ်ထားတာ......”
ဖုန်းယွီသည် သူ့၏ ဖျော်ဖြေမှု အစီအစဉ်များကို ဆုအမျိုးအစားလိုက် ရှင်းပြ၏။
ရွှီယီဖန်က ဖုန်းယွီ ပြောသည်ကို နားထောင်သည်။ ပြီးနောက် သူ့တွင် အကြံများစွာ ရမိ၏။ သူ့အနေဖြင့် ဖုန်းယွီသည် အလွန်ပင် ဖန်တီးမှု စွမ်းရည် ရှိသည်ဟု ခံစားမိသည်။ ဖျော်ဖြေမှုတိုင်းက ဆုနှင့်ကိုက်ညီမှု ရှိသည်။ ယင်းက ကောင်းသည့် အကြံပင် ဖြစ်၏။
သို့သော် ယင်းနှင့် ပတ်သက်ပြီး မှန်ကန်နေသည်တော့ မဟုတ်ချေ။ အကယ်၍ အစီအစဉ်တိုင်းက ဆုရရှိသူများနှင့် ဆက်စပ်နေပါက ပရိသတ်များသည် အနိုင်ရရှိသူ မည်သူဖြစ်သည်ကို သိရှိမည် ဖြစ်သည်။ မည်သူမျှ ဆန်ကာတင်စာရင်းကို ဖွင့်ဖောက်ကြေငြာရန် မလိုအပ်ပေ။
“မန်နေဂျာဖုန်း ခင်ဗျား ဘာအကြောင်း ပြောနေလဲဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ဒီ သီချင်း ဖျော်ဖြေတာနဲ့ ဘင်းမြို့တော် လေယဉ်ထုတ်လုပ်တဲ့ စက်ရုံက ဆုရရှိသူဖြစ်မယ်လို့ ပရိသတ်တွေ သိသွားမယ်ဆိုတာကို ခင်ဗျား မတွေးမိဘူးလား။ အဲတာဆိုရင် ဖျော်ဖြေနေတုန်းမှာ ဆုရရှိသူကို ကြေငြာရင်ကော ဘယ်လိုလဲ။”
ဖုန်းယွီက ချီး ဒီ ပြဿနာကို ဘာလို့ ငါ အရင်က မစဉ်းစားခဲ့မိတာလဲ။ ငါက တကယ်ကိုပဲ သေးနုပ်နုပ်ပဲ။ အရင်က ငါကြည့်ခဲ့တဲ့ အစီအစဉ်တွေကနေပဲ အကြံအချို့ ထွက်နိုင်ခဲ့တာ။ ဒါရိုက်တာရွှီပြောတာက အဓိပ္ပာယ်ရှိတယ်။
ဒါပေမဲ့ ဘာအရေးလဲ။ အခုလက်ရှိမှာ ပွဲမစခင်ကို အနိုင်ရရှိတဲ့သူတွေကို သိနေပြီ။ မင်းက ငါ့ကို အပြစ်တင်ချင်တာလား။ ငါမင်းကို ဆုချီးမြင့်ပွဲကို ဘယ်လိုမျိုး လုပ်ရလဲဆိုတာကို ငါသင်ပြမှ ရမယ်။
“ဒီ ဆန်ကာတင်စာရင်း ဝင်တဲ့သူတွေက မျက်နှာပဲ ပြရုံပဲလေ။ သူတို့တွေက ဆုဘယ်သူ ရမယ်ဆိုတာမှ မသိတာ။ ပရိသတ်တွေက ဖျော်ဖြေမှုကိုပဲ ကြည့်ချင်တာလေ။ သူတို့တွေ စိတ်ထဲ ထားမှာ မဟုတ်ပါဘူး။ တကယ်လို့ စိတ်ထဲက ထားမယ်ဆိုရင်တောင် အဆင်ပြေတယ်။ ဖျော်ဖြေမှုသာ ကောင်းနေရင် ဟာကွက်ကို ဖာပြီးသားဖြစ်လိမ့်မယ်။”
ထိုအချိန်တွင် အင်တာနက် မဖွံ့ဖြိုးသေးပေ။ ကြည့်ရှုသူများအနေဖြင့် အွန်လိုင်းပေါ်တွင် တက်ကာ ပွဲအကြောင်းကို အတင်း မပြောနိုင်ပေ။ ဖျော်ဖြေမည့်သူများသည် ကြည့်ရှုသူများကို ဆွဲဆောင်တာ ကွက်တိကျပေသည်။ ယင်းက တရုတ်နှစ်သစ်ကူးပွဲကိုတောင် ပြောင်းလဲနိုင်ပေသည်။
ရွှီယီဖန်သည် ဖုန်းယွီအပေါ် ဒေါသ အလိမ့်လိမ့် ထွက်သွားသည်။ ဖုန်းယွီသည် သူ့ သင်ခန်းစာပေးသည်ကို ခံရတော့မည်ပင်။