စီစီတီဗွီကို သင်ခန်းစာ ထပ်မံ ပေးခြင်း အပိုင်း ၂
Vol. 24 Ch. 347
“ဒါရိုက်တာရွှီ ဒီ ဖျော်ဖြေရေး နေရာချမှုနဲ့ ဆိုရင် ဘယ်လိုပုံစံနဲ့ ဆန်ကာတင် စာရင်းကို ကြေညာနိုင်မှာလဲ။ ဘယ်လိုမျိုး ကင်မရာကို လှည့်ပြီး လူကို ချဲ့ပြမှာလဲ။?
ဖုန်းယွီသည် အစီအစဉ် စာရွက်ဖြင့် ရွှီယီဖန်ဆီကို ယမ်းပြလိုက်သည်။
“ဆန်ကာတင် စာရင်းကို ကြေညာဖို့လား။ အစီအစဉ် တင်ဆက်သူက ကြေညာလိမ့်မယ်လေ။ ဘာလို့ ကင်မရာကို လှည့်ပြီး လူကို ချဲ့ပြဖို့လိုဦးမှာလဲ။”
ဖုန်းယွီက မကျေနပ်သည့် လေသံဖြင့် ပြောလိုက်သည်။
“နာမည်ကို ဖတ်ရုံပဲတဲ့လား။ ကင်မရာကို လှည့်ပြီး လူကို ချဲ့ပြဖို့ တကယ်မလိုတာလား။ မင်းက ဒီပွဲကို တရုတ်နှစ်သစ်ကူးပွဲတော်လို့ တွေးနေတာလား။ ဒါက ဆုချီးမြင့်ပွဲ အခမ်းအနားဆိုတာကို မမေ့လိုက်နဲ့ဦး။ ဒီအစီအစဉ်က ဆုချီးမြင့်မှာ။ အခုလက်ရှိမှာ ပိတ်ကားအကြီးကြီးတွေ မရှိတဲ့အတွက် တိုက်ရိုက် ကြည့်ရှုနေတဲ့ သူတွေ မြင်နိုင်မှာ မဟုတ်ပေမဲ့ တီဗွီကနေ ကြည့်နေတဲ့သူကတော့ ကောင်းကောင်း မြင်နိုင်လိမ့်မယ်။ နာမည်ကို ကြေညာလိုက်တိုင်း ကင်မရာက ဆန်ကာတင် စာရင်းဝင်သူရဲ့ မျက်နှာကို အနည်းဆုံး သုံးစက္ကန့်ကျ ပြဖို့ လိုအပ်တယ်။”
“သူတို့တွေကိုပါ ငါတို့က ရိုက်ကူးရဦးမှာလား။”
“ရိုက်ရမှာပေါ့။ ဒီလိုဆိုရင် ဘယ်သူတွေက ဆန်ကာတင် စာရင်းဝင်တဲ့သူတွေလဲဆိုတာ သိလာလိမ့်မယ်။ သူ့တို့အတွက်တော့ ဆန်ကာတင်စာရင်းဝင်တာကလည်း အောင်မြင်မှု တစ်ခုအဖြစ် သတ်မှတ်ကြမှာပဲ။”
ဆန်ကာတင် စာရင်းဝင်တဲ့သူတွေရဲ့ မျက်နှာကို တီဗွီမှာ ပြမှ ရမယ်။ ဖုန်းယွိသည် ပါဝင်ယှဉ်ပြိုင်မည့် ကုမ္ပဏီများကို သူတို့ မျက်နှာ တီဗွီပေါ်တွင် ပြမည်ဟု ကတိပေးထားသည်။ သေချာသည်မှာ ထိုထုတ်လွှင်ပြသချိန်သည်လည်း အခမဲ့တော့ မဟုတ်ပေ။ သူတို့ မျက်နှာများကို ပြသရန်အတွက် ဖုန်းယွီကို ယွမ် တစ်သိန်း ပေးထားရသည် ဖြစ်၏။
မင်းအနေနဲ့ တီဗွီမှာ မျက်နှာကို ပြချင်တာမလား။ ယွမ် တစ်သိန်းက အရမ်းများနေတယ်လို့ တွေးနေတာလား။ မင်းက စင်ရဲ့အလယ်က စားပွဲဝိုင်းမှာလဲ ထိုင်ဦးမှာ။ စားပွဲမှာလည်း မင်းနာမည်နဲ့ အဖွဲ့အစည်းနာမည်ကိုလည်း ရေးထားရဦးမယ်။ တစ်နိုင်ငံလုံးက မင်းနဲ့ မင်းကုမ္ပဏီကို သိသွားမည် ဖြစ်သည်။
ယခုအစီအစဉ်သည် နှစ်သစ်ကူးနေ့တွင်သာမက ရုပ်သံလိုင်းတွင်လည်း ပြန်လည် ထုတ်လွှင့်မည် ဖြစ်သည်။ မကြာသေးခင် အချိန်အတွင်း ဗွီစီဒီအနေဖြင့်လည်း ထုတ်လုပ်မည် ဖြစ်ကာ သူတို့ ဗွီစီဒီစက် ဝယ်ယူသည့် သူများကို လက်ဆောင်အဖြစ် ပေးမည် ဖြစ်သည်။ ယင်းက အမှတ်တံဆိပ်၏ ကျော်ကြားမှုအားကိုလည်း မြင့်တင်ပေးရာ ရောက်ပေသည်။
ဘာလဲ။ မင်း ဗွီစီဒီဆိုတာကို မသိဘူးမလား။ ဗွီစီဒီဆိုတာက နောက်ထပ် ဗီဒီယို ပြတဲ့ စက်တစ်မျိုးလို့ ဆိုလို့ရတယ်။ အခုလက်ရှိတော့ ဖွံ့ဖြိုးဆဲ အဆင့်မှာပဲ ရှိသေးတယ်။ နောက်နှစ်ကျ စပြီး မိတ်ဆက်တော့မှာ။
မင်းအနေနဲ့ ယွမ်တစ်သိန်းမှ ထိုအကျိုးအမြတ်မျိုး ရမည်ဟု မတွေးဘူးသည်လော။
ဖုန်းယွီသည်လည်း ထို အနိုင်ရရှိမည့်သူများအတွက်လည်း ပိုက်ဆံ သုံးထားသည်။ ထိုဆုရရှိသူများကို သူကိုယ်တိုင် မဆုံးဖြတ်သော်ငြား ဖုန်းယွီသည်လည်း သူတို့အတွက် ငွေများကို ပေးနေရဆဲ ဖြစ်၏။ အကြောင်းမှာ ဖုန်းယွီသည် ထိုင်ခုံများကို ရောင်းချနေခြင်း ဖြစ်သည်။
အဘယ်တွက် ဖုန်းယွီသည် ထိုင်ခုံများကို ရောင်းချမည်နည်း။ စီစီတီဗွီ၏ ခန်းမသည် အလွန် ကြီးသည် ပြီးနောက် အနောက်တွင် ပွဲကြည့်စင်များလည်း ရှိသေး၏။ သင့်ကိုယ်တိုင်သာ ဆုလက်ခံပါက သင့် ဝန်ထမ်းများကို မမြင်စေချင်ဘူးလော။ ယင်းက သူ့ အလုပ်သမားများအတွက်လည်း အကျိုးအမြတ် တစ်ခုပင် ဖြစ်သည်။
သင့်အနေဖြင့် လက်မှတ်များအတွက် ယွမ် သုံးသိန်းသည် များလွန်းသည်ဟု တွေးနေသည်လော။ ဒီအကြောင်းကို တွေးကြည့်ပါ။ အကယ်၍ သင့်အလုပ်သမားများသည် နောက်စင်တွင်ထိုင်ပြီး တူညီသည့် ဝတ်စုံများကို ဝတ်ထားပါက ကင်မရာသည် ပွဲကြည့်သူများဖက်ကို လှည့်သည်အခါ တီဗွီရှေ့ရှိ လူများက သင့်ကုမ္ပဏီကို မှတ်မိသွားကြမည် ဖြစ်သည်။ယင်းက စီစီတီဗွီတွင် ကြော်ငြာခြင်းထက်တောင် ထိရောက်ပေ၏။ ထပ်ပြောရပါက သင့်ဝန်ထမ်းများသည် စီစီတီဗွီကိုလာပြီး ထိုပွဲကို တိုက်ရိုက် ကြည့်ရမည် ဖြစ်သည်။ ပြီးနောက် သူတို့သည် တီဗွီတွင် ပါဝင်ရန်အတွက် အခွင့်အရေးလည်း ရမည် ဖြစ်သည်။ သူတို့အနေဖြင့် လက်မှတ်အတွက်တောင် ကြိုးပမ်းကြမည် ဖြစ်သည်။
ထိုကုမ္ပဏီများထံမှ ပိုက်ဆံရယူပြီး ဖုန်းယွီအနေဖြင့် ထိုပွဲအတွက် သုံးထားသည့် ငွေကြေးများကိုပြန်လည် ရရှိနိုင်ပေသည်။ သူ့သည် အကျိုးအမြတ် အနည်းငယ်တောင် ရလိုက်သေး၏။ အကယ်၍ သူသည် စက်ပစ္စည်းစက်ရုံနှင့် လေယဉ်ထုတ်လုပ်သည့် စက်ရုံကို မပေးပါက သူ့အနေဖြင့် ယွမ်ပေါင်း သန်းချီ ရမည် ဖြစ်သည်.
ဖုန်းယွီသည် ရွှီယီဖန်ကို ကင်မရာ အလှည့်အပြောင်းအကြောင်း ပြောခဲ့သည်။ သူသည် ထိုနယ်ပယ်တွင်းမှ မဟုတ်သော်ငြား သူ့စိတ်ကူးစိတ်သန်းများကို ရှင်းရှင်းလင်းလင်း ပြသရန်ကား လိုအပ်ပေသေး၏။ ဤနည်းလမ်းက သူ့အနေဖြင့် ကင်မရာများစွာ ထပ်လိုမည် ဖြစ်သည်။ပြီးနောက် ကင်မရာဆရာသည်လည်း ထိုလူကို မြန်မြန် ရှာရမည် ဖြစ်၏။
ထိုကင်မရာ လှည့်မှုသည် သူ့အရင်ဘဝတွင် ကြည့်ခဲ့ဖူးသည့် ရုပ်ရှင်ဆုချီးမြင့်ပွဲများမှ သင်ယူခဲ့ခြင်း ဖြစ်၏။ ငွေကြယ်ပွင့်များသည် သူတို့ ထိုင်ခုံရှေ့တွင် ကင်မရာ လာရိုက်သည့်အခါ သူ့တို့ မျက်နှာများနှင့် လှုပ်ရှားမှုများက ကြည်ရှုသူများကို ပိုမို ဆွဲဆောင်စေ၏။
ရွှီယီဖန်သည် ဖုန်းယွီ၏ အကြံကြောင့် အံ့အားသင့်နေသည်။ သူ့အနေဖြင့် ထိုဆုပေးပွဲ တစ်ခုလုံးအတွက် ကင်မရာ လှည့်ရန် နည်းလမ်းများကို ရှာရမည် ဖြစ်သည်။ ယင်းက သူ့တို့အတွက် ပြဿနာ တစ်ရပ် မဟုတ်ပေ။ သို့သော် ကင်မရာများ ထပ်ဝယ်ရန်ကား လုံလောက်သည့် ဘတ်ဂျက် မရှိပေ။
ဖုန်းယွီသည် သူ့လက်ကို ယမ်းလိုက်ကာ ပြောလိုက်၏။
“ကင်မရာတွေ အတွက် ဘယ်လောက်ကုန်မလဲဆိုတာကိုသာ ပြောလိုက်။ အဲ့အတွက် ငါပေးမယ်။”
ဖုန်းယွီက ယင်းသို့ ပြောသည့်အခါ ရွှီယီဖန်၏ ဒေါသများသည် ပြေလျော့သွားသည်။ ထိုဖုန်းယွီသည် ထုတ်လုပ်သူ တစ်ယောက်မဟုတ် စပွန်ဆာ တစ်ယောက်သာ ဖြစ်၏။
“ဒါရိုက်တာရွှီ စားပွဲစီစဉ်မှုအပိုင်းမှာလည်း ပြဿနာ ရှိနေတယ်။”
“ဘာပြဿနာလဲ။ အရှေ့က စားပွဲဝိုင်း နှစ်လုံးက ဆန်ကာတင် ဝင်တဲ့သူတွေ အတွက်ပြီးတော့ နောက်မှာ ပရိသတ်တွေ ထိုင်မှာလေ။ ဘာများမှားနေလို့လဲ။”
ရွှီယီဖန်သည် ရူးချင်စိတ် ပေါက်သွားတော့၏။ အဘယ်တွက် သူ့ပြင်ဆင်ထားသမျှ ဖုန်းယွီမှားသည်ဟု ခံစားနေရသနည်း။
အစောပိုင်းက မှန်တယ် ပြောပေမဲ့ အခုကျတော့ ခုံနေရာချမှုအပိုင်းမှာ မှားနေတယ်လို့ ပြောနေပြန်တာလား။
“မင်းအနေနဲ့ ဒီ စားပွဲဝိုင်းတွေကို ဘယ်လို စီစဉ်မလို့လဲ။ အနိုင်ရရှိတဲ့သူတွေက သေချာပေါက် ရှေ့မှာ ထိုင်ရာမှာပေါ့။ ပြီးနော့ အခြားဆန်ကာတင်တွေက နောက်မှာ ထိုင်လိမ့်မယ်လေ။ ရုံးပိုင်းဆိုင်ရာကတော့ ရှေ့မှာ ထိုင်မယ်။ တစ်ဦးချင်းဆီက နောက်မှာမလား။ ကုမ္ပဏီ ကြီးတွေက အလယ်မှာ ပြီးတော့ ကုမ္ပဏီငယ်လေးတွေက ဘေးမှာလား။”
“ဘာများ မှားနေလို့လဲ။ ထိုင်ခုံနေရာချထားမှုက ဒီလိုပဲ မဟုတ်ဘူးလား။ အရေးကြီးဆုံးသူတွေကရှေ့နဲ့ အလယ်မှာလေ။ မင်းပြောခဲ့တာက ဒီလူတွေက ထုတ်လွှတ်တဲ့အခါ ပါမယ်။ ပြီးတော့ အရေးပါတဲ့ သူတွေက ပိုပြီး လွှင့်ချိန်ပါမယ်လို့ ပြောခဲ့တာမလား။”
ဖုန်းယွီက ခေါင်းခါလိုက်သည်။
“ဒါရိုက်တာရွှီ ခင်ဗျားမှားနေပြီ။ ငါတို့တွေက ဆုချီးမြင့်ပွဲအခမ်းအနားလုပ်နေတယ်။ မင်းအဲတာကို သေချာပေါက် မှတ်ထားလိုက်။”
ရွှီယီဖန်သည် ဖုန်းယွီအနေဖြင့် ဆုချီးမြင့်ပွဲဆိုသည့် စကားကို မြောင်းပေါက်အောင် ပြောနေသည်ဟုပင် ခံစားလာရသည်။ ဘယ်နှစ်ကြိမ် ထပ်ပြောဦးမှာလဲ။”
“ဆုချီးမြင့်ပွဲရဲ့ ခုနေရာ စီစဉ်မှုဆိုတာက ဆုအမျိုးအစားအလိုက် စီထားရမှာ။ ငါတို့မှာ ဆုပေါင်း ၁၂ဆုရှိတယ်။ အဖွဲ့လိုက် ခြောက်ဆုနဲ့ တစ်ဦးချင်း ခြောက်ဆု။ ဒါကြောင့်မို့လို့ စားပွဲ နှစ်တန်း ရှိရမယ်။”
“ဒါဟုတ်တယ်။ ဒါက ငါစီစဉ်ထားတဲ့ ပုံစံပဲ။”
ရွှီယီဖန်က ဖြတ်ပြောလိုက်၏။
ဖုန်းယွီက ရွှီယီဖန်ကို တစ်ချက် ကြည့်လိုက်ကာ ဆက်ပြောလိုက်၏။
“စားပွဲ ၁၂လုံး ရှေ့တန်းမှာ အဖွဲ့လိုက်အတွက် နောက်တန်းမှာ တစ်ဦးချင်းအတွက် အဆင်ပြေတယ်။ ဒါပေမဲ့ ဆန်ကာတင်စာရင်းဝင်သူနဲ့ အနိုင်ရတဲ့သူက တစ်စားပွဲထဲ ထိုင်ခိုင်းရမယ်။”
“ဘာ။ ဘာလို့ လူတွေ အကုန်လုံးကို ဆုအမျိုးအစားအလိုက် စားပွဲ အတူတူမှာ ထိုင်ခိုင်းရမှာလဲ။"
ရွှီယီဖန်၏ အတွေးတွင် ယင်းက မဖြစ်နိုင်ဟု ခံစားမိသည်။
“သူတို့တွေက ပြိုင်ဖက်တွေလေ။ ပြီးတော့ အနိုင်မရတဲ့သူက အနိုင်ရတဲ့သူနဲ့ အတူတူ ထိုင်ချင်မှာ မဟုတ်ဘူး။”
ဖုန်းယွွီက ရွှီယီဖန်ကို တစ်ကြိမ် ပြန်ကြည့်ပြန်၏။
“ဘာလို့ သူတို့တွေက အတူတူ မထိုင်နိုင်ရမှာလဲ။ ပြီးတော့ သူတို့ နာမည်တုံးတွေကို စားပွဲပေါ်မှာ မြင်သာအောင် ပြထားရမယ်။ သူတို့ကို ကင်မရာ ထိုးတဲ့အခါမှာ သူတို့ နာမည်တွေနဲ့ ကုမ္ပဏီကို ကင်မရာက ရိုက်လိမ့်မယ်။ ပရိသတ် အကုန်လုံးကလည်း ဒါကို မြင်ရမယ်။ သူတို့တွေ စီစီတီဗွီရဲ့ ခန်းမမှာ မျက်နှာမည်း လုပ်ရဲမယ်လို့ တွေးနေတာလား။ သူတို့တွေက တစ်နိုင်ငံလုံးကို သူတို့ မျက်နှာ ပြရမှာလေ။ ပြီးတော့ သူတို့တွေက ဆန်ကာတင် စာရင်းဝင်တာကို ကျေနပ်နေကြမှာ။ ထပ်ပြေရမယ်ဆိုရင် အနိုင်ရရှိသူတွေက အခြား ဆန်ကာတင်စာရင်းဝင်တွေထံကနေတောင် ဂုဏ်ပြုမှု ရဦးမှာ။”
သူတို့ အနေဖြင့် ဂုဏ်ပြုမပြုက ကိစ္စမရှိပေ။ ကင်မရာရှေ့တွင် သူတို့ ပြုံးနေကြမည်ပင်။ သူတို့သည် စီစီတီဗွီခန်းမတွင် ရောက်နေကြသည်။ မည်သူက ပြဿနာ လုပ်ရဲမည်နည်း။ ထပ်ပြောရပါက သူတို့ကို ပြိုင်ဘက်ဟု မည်သူက ပြောသနည်း။ သူတို့သည် ပူးပေါင်းဆောင်ရွက်နေသည်ပင်။
“ထပ်ပြီးတော့ ပြောရမယ်ဆိုရင် အနိုင်ရရှိတဲ့သူက ဆုသွားယူဖို့ စင်ပေါ် တက်သွားတဲ့ အချိန်ကျရင် အခြားသူတွေရဲ့ တုံ့ပြန်မှုကို ချဲ့ပြီး ရိုက်ပြရမယ်။ ပရိသတ်တွေက သူတို့ တုံ့ပြန်မှုကို ကြည့်ချင်မှာပဲလေ။”
အနိုင်မရရှိတဲ့သူတွေရဲ့ ပုံကို ကြည့်ရတာ အရမ်းကို မယုတ်လွန်းဘူးလား။ ရွှီယီဖန်က လက်မခံနိုင်ပေ။ ဖုန်းယွီ ပြောသည်မှာ အဓိပ္ပာယ်ရှိသည်။ သို့သော် သူ့အနေဖြင့် ယင်းကို လက်မခံနိုင်ပေ။
ဖုန်းယွီ၏ အရင်ဘဝတွင် ဆုချီးမြင့်ပွဲ၏ ယခုအပိုင်းသည် ပရိသတ် စိတ်ဝင်စားမှု အများဆုံး အပိုင်း ဖြစ်သည်။ ဆုမရရှိသူများ ဆန်ကာတင် စာရင်း ဝင်သူများ၏ ပုံရိပ်ကို ကြည့်ရှုသူများက ကြည့်ချင်ကြပေ၏။ မည်သို့ပင် ဖြစ်စေ အနိုင်ရရှိသူသည် စင်ပေါ်သို့ တက်ကာ ကျေးဇူးတင်စကား ပြောမည် ဖြစ်သည်။ အနိုင်မရရှိသူများကို ထုတ်လွှတ်ချိန် ပိုပေးခြင်းက မည်သည့် ပြဿနာမှ မရှိပေ။
ဟန့် ဖုန်းယွီက တချို့သူတွေရဲ့ ဝမ်းနည်းတဲ့ မျက်နှာတွေကို ပြချင်နေတာပဲ။ ပရိသတ်တွေ အနေနဲ့ ကြိုတင်စီစဉ်ထားတယ်ဆိုတာကို မသိနိုင်ဘူး။
“အခု ငါတို့တွေ စားပွဲဝိုင်းတွေ အကြောင်း ပြေတာ ပြီးပြီ။ နောက်ဖက်က ပွဲကြည့်စင်တွေမှာ ပြဿနာ ရှိတယ်လို့ ငါသတိထားမိတယ်။”
ရွှီယီဖန်၏ သွေးများသည် ဆောင့်တက်တော့မည်ပင်။ ဘယ်တွက် ပြဿနာများ အလွန်များနေရသနည်း။