စီစီတီဗွီကို ထပ်မံ သင်ခန်းစာပေးခြင်း အပိုင်း ၃
Vol. 24 Ch. 348
ဖုန်းယွီသည် ထိုဂါလာညစာစားပွဲ အကြောင်းပြောရန်အတွက် လက်ထောက်အရာရှိချုပ်ကျားကို သွားရှာတော့သည်။ လက်ထောက်အရာရှိချုပ်ကျားသည် ထိုပွဲ တစ်ခုလုံး၏ အဓိက တာဝန်ခံ ဖြစ်သည်။ သူသည် ဖုန်းယွီတို့ ဖျော်ဖြေမှုအကြောင်း ဆွေးနွေးနေကြသည်ကို ကြားသည့်အခါ သူသည်လည်း တစ်ခေါက် ဆင်းလာကြည့်သည်။ အကယ်၍ ပြဿနာများ ဖြစ်ပေါ်ခဲ့လျှင် သူသည် ထိုနေရာတွင် တစ်ခါတည်း ဆုံးဖြတ်ချက် ချနိုင်သည် ဖြစ်၏။ ထိုအစီအစဉ်သည် စီစီတီဗွီတွင် အခမ်းနားဆုံး ရုပ်သံ အစီအစဉ် တစ်ခု ဖြစ်မည်ပင်။ အကယ်၍ ထိုဂါလာ ညစာစားပွဲ အောင်မြင်ခဲ့လျှင် ဖုန်းယွီသည် ထိုအစီအစဉ်ပွဲအခမ်းနားကို နှစ်တိုင်း ကျင်းပမည်ဟု ပြောခဲ့၏။
အာ... ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ ရွှီယီဖန်က ဖုန်းယွီနဲ့ ညင်းခုံနေရတာလဲ။
“ရှောင်လျို ဒီမှာဘာတွေ ဖြစ်နေတာလဲ။”
လက်ထောက်အရာရှိချုပ်ကျားသည် ဂါလာညစာစားပွဲ၏ ရုပ်သံတည်းဖြတ်မှုတာဝန်ခံ ဖြစ်သူ ကို မေးလိုက်သည်။
“အရာရှိချုပ်ကျား မန်နေဂျာဖုန်းလေးက ဒါရိုက်တာရွှီနဲ့ ဂါလာညစာစားပွဲအကြောင်းကို ဆွေးနွေးနေကြတာပါ။”
လက်ထောက်အရာရှိချုပ်ကျားသည် ရုပ်သံတည်းဖြတ်မှု တာဝန်ခံကို စိုက်ကြည့်လိုက်သည်။ သူတို့ မျက်နှာတွေက နီရဲနေတာ။ အဲတာကို မင်းက သူတို့ကို ဆွေးနွေးနေတယ်လို့ ပြောသေးတာလား။ သူတို့တွေ ငြင်းခုံနေတာ အသိအသာကြီးကို ….
လက်ထောက် အရာရှိချုပ်ကျားသည် သူတို့ဆီ လျှောက်သွားလိုက်၏။ ရုပ်သံတည်းဖြတ်မှု တာဝန်ခံက ရွှီယီဖန်ကို အသိပေးချင်ခဲ့သော်လည်း လက်ထောက် အရာရှိချုပ်ကျားသည် သူ့ကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။ သူ့အနေဖြင့် ဆွေးနွေး ငြင်းခုံမှုများကို နားထောင်ချင်၏။
ဖုန်းယွီသည် ငယ်ရွယ်သည့်လူငယ် ဖြစ်သော်ငြား သူ့တွင် အလွန်ဖန်တီးနိုင်စွမ်းရှိသည်။ စီစီတီဗွီရှိ သူ့ကြော်ငြာများမှ တဆင့် မြင်နိုင်ပေသည်။ လက်ထောက်အရာရှိချုပ်ကျားသည် ဖုန်းယွီအနေဖြင့် စုန့်ကျန်းမော်တော်ဆိုင်ကယ် ကြော်ငြာတွင် ညွှန်ကြားခဲ့သူ ဖြစ်သည်။ သူ့အနေဖြင့် ဖုန်းယွီ၏ ဖန်တီးမှုအပေါ် လေးစားမိ၏။
သို့သော် ဂါလာညစာစားပွဲသည် ကြော်ငြာနဲ့ ကွဲပြားပေ၏။ ရုပ်သံကြော်ငြာ တစ်ခု ရိုက်ကူးရန်အတွက် လူအနည်းငယ်နှင့်သာ ရိုက်ကူးရန် လိုအပ်သည်။ ပြီးနောက် မိနစ် အနည်းငယ်မျှသာ ကြာသည်။ ဂါလာညစာစားပွဲ အစီအစဉ်နှင့် လွန်စွာ ကွဲပြားပေ၏။ လူ့စွမ်းအား များစွာ လိုအပ်သည်။ ပြီးနောက် နာရီကျော်ကြ၏။ ရွှီယီဖန်၏ သွင်ပြင်နှင့်ဆို သူသည် ဖုန်းယွီနှင့် ငြင်းခုံမှုတွင် ရှုံးနိမ့်ပုံပေါ်နေသည်လော။
“ဒါရိုက်တာရွှီ။ ဒီခန်းမမှာ ထိုင်ခုံ ၅၀၀ကနေ ၆၀၀ရှိသင့်တယ်။ ကျွန်တော်ကြားတာတော့ စီစီတီဗွီရဲ့ ဝန်ထမ်းတွေက ဒီပွဲအတွက် ပွဲလက်မှတ်တွေ ရပြီးသားဆို။”
“ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာမှမှားစရာမှ မရှိတာ။ နှစ်တိုင်း တရုတ်နှစ်သစ်ကူးပွဲတော်ညမှာ ငါတို့တွေက ဝန်ထမ်းတွေကို လက်မှတ်တွေ ထုတ်ပေးတာပဲလေ။ မင်းက ငါတို့မှာ ထိုင်ခုံ ၅၀၀ကနေ ၆၀၀ရှိရမယ် ပြောတယ်။ ငါတို့ ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ဘာများ မှားနေတာ ရှိလို့လဲ။”
“ဒါက တကယ် ပြဿနာကြီးပေါ့။ တကယ်လို့ စီစီတီဗွီက ဝန်ထမ်းတွေပဲ လက်မှတ်တွေ ရမယ်ဆိုရင် အဆင်ပြေသေးတယ်။ ဒါပေမဲ့ စီမံကိန်းကော်မတီကိုကော ပွဲလက်မှတ်တွေ ပေးပြီးပြီမလား။ ဒါရိုက်တာအနေနဲ့ စက်မှုဖွံ့ဖြိုးရေးဌာနကိုကော ပွဲလက်မှတ်တွေ ပေးလား။ တခြားဝန်ကြီးဌာနက လူတွေကိုကော ပေးလား။ တကယ်လို့ ငါတို့က သူတို့ကို ဖိတ်တယ်ဆိုရင် သူတို့အတွက် ငါတို့ ပွဲလက်မှတ် အပိုတွေ ပြင်ထားရမယ်မဟုတ်လား။ ငါတို့ရဲ့ အဖွဲ့အစည်းက ဒီပွဲကို ကြီးမှူးတာ။ ဒိုင်တွေအတွက်ကော လက်မှတ်တွေ မလိုအပ်ဘူးလား။”
“သူတို့ကို ပေးလိုက်ရုံပဲလေ။ သူတို့တွေ ပွဲလက်မှတ် ဘယ်လောက် လိုတာလဲ။ အစောင် ၁၀၀လား။ နောက်တန်းက ပြည့်မှ မပြည့်သေးတာ။ ငါတို့တွေက တခြားအဖွဲ့အစည်းဌာနတွေကို ပွဲလက်မှတ်တွေ ပေးလို့ ရပါသေးတယ်။”
ရွှီယီဖန်က ပုံမှန်အတိုင်းသာ ဆိုလိုက်သည်။ တရုတ်နှစ်သစ်ကူးပွဲတော်အတွက် ပွဲလက်မှတ်များကိုလည်း ယခုအတိုင်းသာ ထုတ်ပေးခြင်း ဖြစ်၏။
“ထိုင်ခုံတွေကို မဖြည့်ပေးနိုင်ဘူးလား။ ငါ့အထင်တော့ ထိုင်ခုံတွေက မလောက်သေးဘူးလို့ ထင်တယ်။ ဆုရရှိတဲ့သူတွေအတွက်ကော သူတို့ကော လက်မှတ်အပိုတွေ လိုမှာပဲလေ။ ဆန်ကာတင် စာရင်းဝင်တဲ့သူတွေ အတွက်ကော။ ကျွန်တော် ဒီပွဲက ဆုချီးမြင့်ပွဲ အခမ်းအနားလို့ အကြိမ်များစွာ ပြောပြီးပြီး။ ဒါက တရုတ်နှစ်သစ်ကူး ပွဲတော် မဟုတ်ဘူး။ ကျွန်တော်တို့တွေက ဒီပွဲမှာ အလန်းစား ဖျော်ဖြေမှုတွေ မလိုအပ်ဘူး။ ကျွန်တော်တို့တွေက ပြိုင်ပွဲဝင် ကုမ္ပဏီတွေ အဖွဲ့အစည်းတွေ/ တစ်ဦးချင်း စတဲ့ တိုင်းပြည်အပေါ် အကျိုးပြုခဲ့တဲ့သူတွေကို ဂုဏ်ပြုပေးချင်တာ။ ကျွန်တော်တို့တွေ အနေနဲ့ သူတို့ကို ဦးစားပေးအနေနဲ့ ပွဲလက်မှတ်တွေကို ထုတ်ပေးမှ ရမယ်။ တကယ်လို့ ပွဲလက်မှတ် အပိုတွေ ရှိနေမယ်ဆိုရင် တခြားဌာနတွေကို ပေးရဦးမယ်။”
ဟ... ဆုရရှိတဲ့သူတွေကလည်း ပွဲလက်မှတ်တွေလည်း လိုတာပဲလား။သူတို့တွေက ဘေကျင်းက ဆိုရင် အဆင်ပြေတယ်။ ဒါပေမဲ့ ကုမ္ပဏီ အများစုက ကွမ်တုံးက ဖြစ်နေတယ်။ သူတို့တွေက ဘေကျင်းကို ပွဲကြည့်ဖို့အတွက် လာမှာလား။
“အဲတာဆိုရင် ငါ့ကိုပြော။ လက်မှတ် ဘယ်လောက်လိုတာလဲ။”
ရွှီယီဖန်သည် ဖုန်းယွီပြောသည်မှာ အဓိပ္ပာယ် မရှိကြောင်း ခံစားမိသည်။ ထိုသူများအတွက် လက်မှတ် မည်မျှ လိုအပ်သနည်း။ အများဆုံးအနေဖြင့် အနိုင်ရရှိသည့်သူသည် သူတို့ မိသားစုဝင်များအတွက် လက်မှတ် လိုချင်သည်။ ပွဲလက်မှတ် အစောင် ၁၀၀သည် လိုအပ်သည်ထက်ကို ပို၏။ သူ့အနေဖြင့် လက်မှတ်များကို သူ့ကို နှစ်သက်စေရန် အတွက် ပေးချင်သေး၏။
“ဆုအမျိုးအစား တစ်ခုမှာ ပြိုင်တဲ့သူက လေးဦး။ စုစုပေါင်း ပါဝင်ယှဉ်ပြိုင်တဲ့သူ ၄၈ယောက်ရှိမယ်။ တစ်ယောက်ကို ပွဲလက်မှတ် အစောင် ၁၀ဆီ ပေးမယ်။ ဝန်ကြီးဌာနနဲ့ ငါတို့ ဌာနကလည်း လက်မှတ်တွေ လိုသေးတယ်။ ငါ့အထင်တော့ လက်မှတ်တွေက လောက်မဲ့ပုံတောင် မပေါ်ဘူး။”
“အမ်... တစ်ယောက်ကို ပွဲလက်မှတ် ၁၀စောင်စီ ပေးရမှာလား။ ဘာလို့ သူတို့တွေက ဒီလောက် အများကြီး ပေးဖို့ လိုတာလဲ။ သူတို့တွေလာမဲ့ နေရာက အဝေးကြီးမှာ။ သူတို့တွေက ပွဲကြည့်ဖို့အတွက် ဘေကျင်းကို လာမယ်လို့ တွေးနေတာလား။”
ရွှီယီဖန်သည် မဖြစ်တန်ဟု ခံစားမိသည်။ ကွမ်တုံးမှ ဘေကျင်းကို လာရန်အတွက် ရထား ၂၄နာရီ စီးရန် လိုအပ်သည်။
ဖုန်းယွီသည် ဒေါသထွက်သွားသည်။ မင်းက ဘေကျင်းမှာပဲ။ ပြီးတော့ ဒီလိုပွဲတွေကို မကြာမကြာ ကြည့်ဖူးတယ်။ အခြားဒေသက ကုမ္ပဏီ ဝန်ထမ်းတွေကတော့ မတူတော့ဘူးလေ။ သူတို့တွေက စီစီတီဗွီရဲ့ ရိုက်ကူးရေး အစီအစဉ်ကို ကိုယ်တိုင်ကိုယ်ကျ လာကြည့်ချင်တာပေါ့။
“ဒါရိုက်တာရွှီ။ ဘာလို့ ကျွန်တော် တစ်ယောက်ထဲ ဒီတစ်ပွဲတည်းအတွက် ယွမ် ၅သန်း စပွန်စာပေးတယ်ဆိုတာ တကယ်ပဲ မသိတာလား။ ဂါလာ ညစာစားပွဲ တစ်ခုအတွက် ဒီလောက် ပမာဏအထိ သုံးတဲ့သူကို ကြားဖူးလား။ ဒီ ဆန်ကာတင် စာရင်းဝင်တဲ့သူတွေကလည်း တိုင်းပြည်အပေါ် အကျိုးပြုခဲ့တဲ့သူတွေပဲ။ ဒီ လက်မှတ်တွေက သူတို့ ဝန်ထမ်းတွေအတွက် အကျိုးကျေးဇူးပဲ။ ဒီလက်မှတ်တွေတောင် မထုတ်ပေးနိုင်ဘူးလား။ ကျွန်တော်တို့ အဖွဲ့အစည်း ပွဲကျင်းပတဲ့ ကော်မတီ၊ ဒိုင်အဖွဲ့နဲ့ ကော်မတီ အဖွဲ့ဝင်တွေကို လက်မှတ် မပေးတာကတောင် ပိုပြီး သင့်တော်နေသေးတယ်မလား။
ရွှီယီဖန်အနေဖြင့် ခွန်းတုန့်စကားတောင် ရှာမတွေ့တော့ပေ။ ဖုန်းယွီသည် အရာအားလုံးကို စပွန်စာပေးခြင်း မဟုတ်ပေ။ သူ့ကိုယ်တိုင်အတွက် ပွဲလုပ်သည်ဟု တွေးခြင်းက ပိုတောင် ရူးကြောင်ကြောင်နိုင်သည်။ ထို့ကြောင့် ယင်းက စုပေါင်း အားထုတ်မှုပင်ဖြစ်သည်။
သူတို့သည် ပွဲအတွက် ပိုက်ဆုံများကို ပံ့ပိုးပေးကတည်းက သူ့တို့အတွက် လက်မှတ်များ ရရှိရင်က မျှတပေသည်။
သို့သော် သူ လက်မှတ်ပေးမည်ဟု ပြောထားသည့် အထက်အရာရှိများကို မည်သို့ ဖြေရှင်းမည်နည်း။ ဌာနပေါင်းစုံက သူ့ကို လက်မှတ်ရယူပေးရန် ပြောထားကြသည်။
စီစီတီဗွီအနေဖြင့် ယခုနှစ် နှစ်သစ်ကူးအတွက် ဂါလာညစာစားပွဲ လုပ်မည်ဟု ကြေငြာသည့်အခါ လူတိုင်းက အံ့အား သင့်သွားကြ၏။ ဖျော်ဖြေသူများသည် ထိပ်တန်း အနုပညာရှင်များဖြစ်ကာ သူတို့ထဲမှ အဆိုးဆုံးတောင် ဆန်းနန် ဖြစ်ပြီး သူသည်လည်း အဆိုတော်ကောင်း တစ်ယောက် ဖြစ်သည်။ ကျန်သည့် သူများသည် အောင်မြင်ကျော်ကြားသည့် အနုပညာရှင်များ ဖြစ်ကာ လူများစွာက စီစီတီဗွီကို လာပြီး သူတို့ ဖျော်ဖြေမှုများကို မျက်ဝါးထင်ထင် ကြည့်ရှုချင်ကြ၏။
တိုက်ရိုက်ကြည့်ရှုသည်ကား တီဗွီမှာ ပြသည်ထက် ပိုကောင်းပေ၏။
ရုတ်တရက် ဘေးမှ အသံ တစ်သံ ထွက်ပေါ်လာ၏။
“စတိတ်စင်နဲ့ ပရိတ်သတ်ကြားမှာ နေရာလွတ် ရှိသေးတယ်။ ငါတို့ ခုံ ၁၀၀ကနေ ၃၀၀အထိ တောင် ချလို့ ရသေးတဘ်။”
ရွှီယီဖန်သည် ထိုသူ့ကို ကြားဝင်နှောက်သည့်အတွက် အော်ဆဲပစ်ချင်၏။ မည်သည့်သူက သူ့အား ထိုသို့ သင်ကြားပေးရဲသနည်း။ သူသည် အစီအစဉ်ဒါရိုက်တာချုပ် ဖြစ်သည်။ ဖုန်းယွီသည်လည်း အဖွဲ့အစည်း၏ ကိုယ်စားလှယ် ဖြစ်သည်။ ပြီးနောက် သူ့အနေဖြင့် သူ့အား မဆူနိုင်ပေ။ သို့သော် ထိုသူက အဘယ်ကြောင့် သူ့အား ထိုသို့ ပြောသနည်း။
သူ့လှည့်ကြည့်လိုက်သည့်အခါ သူ့ပါးစပ်မှ ဆဲသည့် စကားလုံးများမထွက်ခင် ရပ်သွားတော့သည်။ သူ့မျက်နှာလည်း ပြောင်းလဲသွားကာ ပြုံးလိုက်တော့၏။
“အရာရှိချုပ်ကျား။ ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ။”
“အရာရှိချုပ်ကျားက ဒီလို ပြောမှတော့ ကျွန်တော်မှာလည်း ဘာပြဿနာမှ မရှိတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်မှာ စီစဉ်စရာ တစ်ခု ရှိသေးတယ်။ ဆန်ကာတင်စာရင်း ဝင်တဲ့သူတွေရဲ့ ပရိသတ်တွေက အတူတူ ထိုင်သင့်တယ်။ ဒီလိုဆိုရင် သူတို့ကို ရိုက်ကူးတဲ့အခါ ပိုပြီးတော့လွယ်ကူတာပေါ့။”
“ဘာ ပရိသတ်တွေကော ရိုက်ကူးရဦးမှာလား။”
ရွှီယီဖန်က ဝမ်းချုပ်သည့် အမူအရာဖြင့် မေးလိုက်တော့၏။ ပုံမှန်အားဖြင့် သူ့အနေဖြင့် ပရိသတ်များကို မြင်ကွင်းကျယ်ဖြင့်သာ ရိုက်ပြခြင်း ဖြစ်သည်။ သူ့အနေဖြင့် ပွဲကြည့်သူ အုပ်စုလိုက်ကို အကျယ်ချဲ့ ရိုက်ကူးရန် မလိုအပ်ပေ။
“သူတို့တွေက သူတို့ ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တွေပဲလေ။ သူတို့တွေကလည်း တိုင်းပြည်အပေါ် အကျိုးပြုခဲ့တဲ့ သူတွေပဲ။ ဘာလို့ သူတို့ကို အကျယ်ချဲ့ ရိုက်ပြီး သူတို့အတွက် ထုတ်လွှတ်ချိန် မပေးဘဲ နေနိုင်ရမှာလဲ။ ဆုရရှိတဲ့သူက သူတို့တွေရဲ့ ခေါင်းဆောင်လေ။ အလုပ်သမားတွေလည်း တီဗွီပေါ်မှာ မပါသင့်ဘူးလား။ ဒါရိုက်တာရွှီ ဒါရိုက်တာရွှီ တွေးနေတာတွေက မဟုတ်သေးဘူးနော်။”
ဖုန်းယွီက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။
ရွှီယီဖန်သည် သွေးဆောင့်တက်တော့မည်ပင်။ ငါ့အတွေးက ဘာများ မှားနေလို့လဲ။ မင်းက အဲ့လောက်တောင် မြင့်မြတ်နေတာလား။ မင်းရဲ့ မိသားစုတွေကို အကောင်းဆုံး ထိုင်ခုံ ပေးမယ်ဆိုတာ ငါသိပါတယ်။
လက်ထောက်ရုပ်သံ အရာရှိချုပ်ကျားသည် ရွှီယီဖန်၏ ကျောကို ပုတ်ကာ ငြင်းခုံတာမှ ရပ်တန့်ရန် အသိပေးလိုက်သည်။ အရာရှိချုပ်ကျားသည် ဖုန်းယွီဖက်ကို လှည့်ကာ
“မန်နေဂျာဖုန်း ဒါ့အပြင် မင်းမှာ ဘာအကြံတွေ ရှိသေးလဲ။”