← Chapters

စီစီတီဗွီကို ထပ်မံ သင်ခန်းစာပေးခြင်း အပိုင်း ၄

Vol. 24 Ch. 349

စီစီတီဗွီကို ထပ်မံ သင်ခန်းစာပေးခြင်း အပိုင်း ၄

Vol. 24 Ch. 349

ဖုန်းယွီသည် ထိုအစီအစဉ်နှင့်အတူ ကြော်ငြာများ ထည့်ရန် နည်းလမ်းကို စဉ်းစားနေစဉ် လက်ထောက်ရုပ်သံ အရာရှိချုပ်ကျားသည် သူ့ကို ပွဲအတွက် မည်သည့် အကြံဉာဏ်များ ရှိသနည်းစု မေးခဲ့၏။

ဖုန်းယွီတွင် အကြံများစွာ ရှိသည်။

“အရာရှိချုပ်ကျား ဘာလို့ ဒီအထူးအစီအစဉ်က ၂နာရီပဲ ဖြစ်ရတာလဲ။ ၂နာရီက မလောက်ဘူးလေ။”

“၂နာရီက မလောက်ပြန်ဘူးလား။ မင်းမှာ ဖျော်ဖြေတဲ့သူ ၁၂ယောက်ပဲ ရှိတာ မဟုတ်လား။ အချို့ ဖျော်ဖြေတဲ့သူက အချိန်များလိမ့်မယ်။ ဒါပေမဲ့ အဲ့သီချင်းတွေနဲ့ အကက အများဆုံးမှ ၅မိနစ်ပဲလေ။”

ရွှီယီဖန်က ထပ်ဖြတ်ပြောလိုက်၏။

ထိုအစီအစဉ်အတွက် ၂နာရီက အလွန် ရှည်ပြီဟုတောင် သူခံစားမိသည်။ သူ့အနေဖြင့် ပွဲစီစဉ်သူကို ပြောရမည့် ဇာတ်ညွှန်းရေးပေးရမည် ဖြစ်ကာ ယင်းကလည်း အချိန်ဖြုန်းခြင်းပင် ဖြစ်၏။

“ကျွန်တော်တို့တွေက ဆုချီးမြင့်ပွဲ လုပ်နေတာ။ ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ ဧည့်သည်တွေနဲ့ အနိုင်ရတဲ့သူတွေက ကျေးဇူးတင်စကား ပြောဖို့ အချိန် ဘာလို့ မပေးရမှာလဲ။ အနိုင်ရရှိတဲ့သူတိုင်းက ကျေးဇူးတင်စကား ပြောဖို့အတွက် ၅မိနစ်စာ ထုတ်လွှင့်ချိန် ပေးမယ်လေ။ ဒါဆို နောက်ထပ် အချိန် တစ်နာရီ ပိုသွားလိမ့်မယ်။”

ဖုန်းယွီသည် ရွှီယီဖန်ကို အစာမကြေ အကြည့်ဖြင့် ကြည့်လိုက်သည်။ အဘယ်တွက် အစီအစဉ် ဒါရိုက်တာ တစ်ယောက်အနေဖြင့် ဘာမျှ မသိတာ ဖြစ်နိုင်မည်နည်း။

လက်ထောက်အရာရှိချုပ်ကျားသည်လည်း ရွှီယီဖန်ကို တစ်ခုခု မေးချင်ခဲ့သည်။

“ဒီအနိုင်ရတဲ့သူတွေကို စကားပြောဖို့အတွက် အချိန် လိုအပ်လို့လား။ ဒါပေမဲ့ သူတို့တွေ ငါးမိနစ် မလိုဘူးထင်တယ်။”

“ဘာလို့ သူတို့ကို ငါးမိနစ်တောင် မပေးရမှာလဲ။ သူတို့တွေက ဆုကို အနိုင်ရမယ်။ သူတို့အနေနဲ့ ကုမ္ပဏီကို ပံ့ပိုးမှုတွေ ပေးခဲ့တဲ့ အလုပ်သမားတွေကို ကျေးဇူးတင်စကား ပြောရမယ်မလား။ သူတို့တွေက အလုပ်သမားတွေကို ကျေးဇူးတင်စကားပြောရန် ကင်မရာက ပရိသတ်တွေကြားက သူ့အလုပ်သမားတွေဖက်ကို လှည့်မယ်။ ဒါက အပြင်အလှန်ပဲလေ။ ဒီဆုက သူတို့တွေရဲ့ စုပေါင်းမှု အားကြောင့် ရခဲ့တာ။ ပြီးတော့ အဖွဲ့အစည်း တစ်ခုလုံးက အမှတ်ရသင့်တာပေါ့။ အနိုင်ရရှိတဲ့သူကလည်း သူတို့ ဒီဆုကို ရဖို့အတွက် ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ခဲ့ရကြောင်းကို ပြောပြမှာပဲ။ ဘယ် ကုမ္ပဏီက အခက်အခဲတွေနဲ့ မတွေ့ခဲ့ရလို့လဲ။ အနိုင်ရရှိတဲ့သူက ဒီဆုနဲ့ ပတ်သက်ပြီးတော့ ခံစားချက်တွေကို ဖော်ပြချင်မှာပဲ။

“ဒါပေမဲ့ ငါးမိနစ်မှာ မလိုအပ်တာ။”

ရွှီယီဖန်က ဖုန်းယွီကို တဖန် ဖြတ်ပြောပြန်၏။

“ဒါရိုက်တာရွှီ ကျွန်တော် ပြီးအောင် ပြောပါရမစေ။ ဒါက အခြေခံကျတဲ့ လေးစားမှုပဲ။ ကျွန်တော်တို့ နိုင်ငံက ညီမျှမှုကို ဖော်ပြတယ်လေ။ ရုပ်သံ အရာရှိချုပ်က ကျွန်တော်ထက် အဆင့်မြင့်တယ်ဆိုတဲ့ စိတ်ကို ဘယ်လိုလို့ ထားထားရမှာလဲ။”

ဖုန်းယွီက ပြောလိုက်၏။

လက်ထောက်ရုပ်သံ အရာရှိချုပ်ကျားတောင် ငါ့ကို မန်နေဂျာဖုန်းလို့ခေါ်တာ။ ဒီ ရွှီယီဖန်က ငါ့ကို မန်နေဂျာဖုန်းလေးကို ခေါ်ရဲတာလား။ လာလို့ မန်နေဂျာဖုန်းဆိုတဲ့ နောက်မှာ လေးက ဘာလို့ ပါရတာလဲ။

လက်ထောက်ရုပ်သံ အရာရှိချုပ်ကျားသည် ရွှီယီဖန်ကို စိုက်ကြည့်ကာ ဖုန်းယွီဖက် လှည့်ပြီး

“မန်နေဂျာဖုန်း ဆက်ပြောပါ။”

“ကြည့်ပါဦး။ အကုန်လုံးက အနိုင်ရတဲ့သူ တစ်ယောက်တည်းကိုပဲ အာရုံ စိုက်နေကြတာ။ ဘာလို့ ဆန်ကာတန် စာရင်း ဝင်တဲ့သူတွေကို မိတ်မဆက်ရမှာလဲ။ပြီးတော့ ဘာလို့ သူတို့တွေက ဒီဆုကို ဆန်ကာတင် စာရင်းအထိ ပါလာကြတာလဲ။ သူတို့တွေက ဘယ်လိုမျိုး တိုင်းပြည် အကျိုးကို ပြုခဲ့တာလဲဆိုတာကို အနည်းဆုံးတော့ ပြောသင့်တာပေါ့။ အမှန်တကယ်ဆို ပရိုဂျက်တာကို သုံးပြီးတော့ ခန်းမထဲမှာ အကြောင်းပြချက်တွေကို တိုက်ရိုက် ပြလို့ရတယ်။ အိုဟုတ်သား ငါတို့တွေက အရည်အသွေးမြင့်တဲ့ ပရောဂျက်တာတွေ ရနိုင်မလား။”

ဆန်ကာတင် စာရင်း ဝင်တဲ့သူတွေအတွက် ဗီဒီယို အတိုလေးတွေ ပြတာက သူတို့ ကုမ္ပဏီနဲ့ ထုတ်ကုန်ကို ကြော်ငြာရဦလည်း ရောက်တယ်လေ။

ထိုခေတ်က စခရင်အကြီးကြီးများ မရှိသေးပေ။ နိုင်ငံခြားတွင်တော့ ရှိနိုင်ပေ၏။ သို့သော် စီစီတီဗွီ၏ ခန်းမတွင်တော့ မရှိပေ။

ထိုခေတ်အခါက စခရင်ကြီးများ မရှိသေးပေ။ နိုင်ငံခြားတွင်တော့ ရှိကောင်း ရှိနိုင်ပေ၏။ သို့သော် စီစီတီဗွီ၏ ခန်းမတွင်တော့ မရှိပေ။ စခရင်ကြီးများရှိရန်အတွက် နှစ်ပေါင်းများစွာ ကြာဦးမည် ဖြစ်သည်။ အခြားသော ပြည်နယ် တီဗွီရုံများသည် စီစီတီဗွီနောက်မှသာ တပ်ဆင်ကြသည်။

စခရင်ကြီး နည်းပညာသည် ပရိုက်ဂျက်တာကို သုံးခြင်း ဖြစ်သည်။ ပုံအရည်အသွေးများသည်လည်း ကြည်လင်ခြင်း မရှိပေ။ ဖုန်းယွီအနေဖြင့် စီစီတီဗွီတွင် ယခုကဲ့သို့ နည်းပညာမျိုး ရှိမည်ဟု တွေးခဲ့မိသည်။

သို့သော် စီစီတီဗွီတွင် အရည်အသွေးမြင့် ပရိုဂျက်တာ မရှိသည်ကို နောင်တရမိသည်။ အရှေ့ရှိ လူများသည် ကောင်းကောင်း မြင်ရမည် ဖြစ်သည်။ သို့သော် နောင်ပိုင်းရှိလူများသည် ကောင်းကောင်းမြင်နိုင်မည် မဟုတ်ပေ။ တီဗွီတွင် ကြည့်သည့် သူများသည် အဆိုးဆုံး ဖြစ်မည်ပင်။

“ကျွန်တော်တို့တွေက ဒီအစီအစဉ်ကို ကြိုတင်ရိုက်ကူးဖို့ သဘောတူထားတာ မဟုတ်လား။ တိုက်ရိုက်ကြည့်တဲ့သူတွေကလည်း မြင်ရမမြင်ရက ပြဿနာမှ မဟုတ်တာ။ အရေးကြီးဆုံးက တီဗွီကနေ ကြည့်တဲ့သူတွေလေ။ ငါတို့တွေက တည်းဖြတ်ပြီးသားကိုပဲ ပြမှာပဲကို။ ပြီးတော့ အဲ့ဗီဒီယို ကလစ်တွေကို အစီအစဉ်တွေ ကြားမှာ ထည့်လို့ရတယ်။ ဘာလို့ တိုက်ရိုက် ကြည့်နေတဲ့သူ့ကို ပြဖို့ လိုမှာလဲ။”

ဖုန်းယွီသည် တကယ်ပင် ရွှီယီဖန်၏ အတွေးကို ပြောစရာ စကားမဲ့သွားသည်။ သူ့အနေဖြင့် ထိုနောက်ကွယ်ရှိ လော်ဂျစ်ကို တကယ်ပင် နားမလည်သည်လော။ ယင်းနည်းလမ်းသည် ဆန်ကာတင် စာရင်းဝင်သူများအတွက် သူတို့ ကုမ္ပဏီနှင့် ထုတ်ကုန်များကို ကြော်ငြာရန် နည်းလမ်း ဖြစ်သည်။ ယင်းက ငွေပေးရသည့် ကုမ္ပဏီများကို ပျော်ရွှင်စေ၏။ အကယ်၍ ဖုန်းယွီသည် သူတို့ ဆီမှ ငွေကို နှစ်ဆ တောင်းခံလျှင်တောင် ကုမ္ပဏီများသည် တန်းစီကြနေဆဲ ဖြစ်မည်ပင်။

အကယ်၍ သူတို့သည် ဆုတစ်ဆုမှ မရလျှင်တောင် သူတို့ မျက်နှာများကို ပြသနိုင်ကာ သူတို့ ကုမ္ပဏီနှင့် ထုတ်ကုန်များကို ကြော်ငြာရာ ရောက်ပေမည်။ ယင်းနည်းလမ်းသည်လည်း ကြော်ငြာခြင်း နည်းလမ်းတစ်ခုပင် ဖြစ်၏။

မင်းက အရမ်းဈေးကြီးတယ်လို့ တွေးနေတာလား။ ကောင်းပြီလေ။ အဲတာဆိုရင် နောက်ထပ် ကုမ္ပဏီနဲ့ အဖွဲ့အစည်းတွေကို ထပ်ပြီးတော့ ရွေးတာတော့။ မင်းအနေနဲ့ နောင်ကျ ဒီဆုမှာ ထပ်ပြီးတော့တောင် ပါဝင်နိုင်မှာ မဟုတ်ဘူး။

တကယ်လို့ အဆက်အသွယ်ရှာပြီး ဝင်ချင်တယ်ဆိုရင်။ ဆန်ကာတင် စာရင်းက ဒိုင်လူကြီးတွေ ရွေးတာ။ မင်းအနေနဲ့ ဒိုင်တွေ အကုန်ကို လာဘ်ထိုးနိုင်မယ် ထင်လား။ သူတို့ကို ဘယ်သူတွေလို့ မင်းတွေးနေတာလဲ။

လက်ထောက်အရာရှိချုပ်ကျားသည် သူ့စိတ်ကူးထဲတွင် ထိုရိုက်ကူးမှုကို မြင်ယောင်လိုက်သည်။ အစီအစဉ် တင်ဆက်သူသည် ဆန်ကာတင် စာရင်းဝင်သူ၏ နာမည်ကို ဖတ်ပြသည့်အခါ ကင်မရာသည် ကုမ္ပဏီ၏ ကိုယ်စားလှယ်မျက်နှာဖက်ကို လှည့်မည် ဖြစ်သည်။ ထို့နောက် ပရိသတ်ကြားရှိ သူ့ဝန်ထမ်းဖက်ဆီ လှည့်မည် ဖြစ်၏။ တစ်ချိန်တည်းတွင် အစီအစဉ် တင်ဆက်သူသည် ထိုဆုအတွက် ဆန်ကာတင် စာရင်း ဝင်ရသည့် အကြောင်းအရင်းများကို ဖတ်ပြမည် ဖြစ်သည်။ အနောက်ရှိ စခရင်ကြီးက ဗီဒီယီု အတိုကို ပြသမည် ဖြစ်သည်။ ယင်းက သက်ရောက်မှုအား ကောင်းပေ၏။

သူက ဖုန်းယွီကို မှင်သက်စွာဖြင့် ကြည့်လိုက်သည်။ သူ့အနေဖြင့် ဂါလာညအစီအစဉ်တွင် အလွန်ကောင်းမွန်သည့် အစီအစဉ် ရှိမည်ဟု မထင်ထားခဲ့ပေ။ ဖုန်းယွီသည် ထိုအစီအစဉ်အတွက် အကြံဉာဏ်များစွာ ရှိ၏။

ရွှီယီဖန်သည် ဆိတ်ဆိတ်သာ ဖြစ်နေသည်။ အကယ်၍ အစီအစဉ်သည် ဖုန်းယွီ ပြောသည့် အတိုင်းသာ လုပ်ပါက ယင်းက အောင်မြင်မည်ပင်။ သို့သော် ထိုအစီအစဉ်အတွက် ဘက်ဂျက်သည်လည်း တိုးသွားမည် ဖြစ်သည်။ ဖုန်းယွီကို ဘတ်ဂျက်တိုးပေးရန် ပြောသင့်သည်လော။ ယင်းက ပြဿနာ တစ်ရပ် မဟုတ်ပေ။

ဒါက တကယ်ပဲ ဖြစ်နိုင်လို့လား။ သူတို့သည် မည်သည့် ပွဲတော်ကြီးမဆို ယခုကဲ့သို့ မစီစဉ်ခဲ့ပေ။ ခေါင်းဆောင်များက သဘောတူမည်လော။ ရွှီယီဖန်သည် လက်ထောက်အရာရှိချုပ်ကျားကို ကြည့်နေ၏။

“ငါတို့မှာ ဗီဒီယို အတိုလေးတွေ ရိုက်ကူးဖို့အတွက် အချိန်မရှိဘူး။"

လက်ထောက်အရာရှိချုပ်ကျားက ပြောလိုက်သည်။ တစ်ဦးချင်းနှင့် အဖွဲ့လိုက် ဆန်ကာတင်များသည် တရုတ်တစ်နိုင်ငံလုံးတွင် ရှိသည်။ စီစီတီဗွီအနေဖြင့် ထိုဗီဒီယိုများကို ရိုက်ကူးရန်အတွက် လုံလောက်သည့် အချိန်နှင့် အင်အားမရှိပေ။

“ဒီအတွက် စိတ်မပူပါနဲ့။ ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းက ဆန်ကာတင် စာရင်းဝင်တဲ့သူတွေကို ဒီအကြောင်းကို သိခိုင်းထားမယ်။ ပြီးတော့ သူတို့ကိုယ်တိုင် စက္ကန့် ၃၀စာ ဗီဒီယို ပြင်ခိုင်းထားမယ်။ သူတို့တွေက ရိုက်ကူးဖို့အတွက် ဒေသက ဗီဒီယို ရိုက်ကူးတဲ့သူကို ငှားလို့ရတယ်။ အဲ့အတွက် ပြဿနာ ရှိမှာ မဟုတ်ဘူး။”

ဖုန်းယွီသည် သူ့အကြံနှင့်တူပင်။ သူ့အနေဖြင့် စက္ကန့်၃၀စာ ဗီဒီယိုအတွက် ထိုကုမ္ပဏီများကို ငွေများတောင်နိုင်သေးသည်။ ဤနည်းဖြင့် သူ့အနေဖြင့် အပိုကုန်ကျငွေများကို ကာမိမည် ဖြစ်၏။ အကယ်၍ ပေးစရာမရှိဘူးလော။ ကောင်းပြီး ကျန်တဲ့ ဆန်ကာတင် စာရင်း ဝင်တဲ့သူတွေက သူတို့ရဲ့ ပရိုမိုးရှင်း ဗီဒီယို အတိုတွေ ရမယ်။ မင်းတော့ ရမှာ မဟုတ်ဘူး။ ဖုန်းယွီအနေဖြင့် ဖျော်ဖြေသူများအတွက် ဟုန်ပေါင်းများအတွက် ကာမိပြီး ဖြစ်၏။

“အကြံဉာဏ်ရှိသေးလား။”

“များများစားစားတော့ မရှိတော့ပါဘူး။ ဒါရိုက်တာရွှီနဲ့ကျွန်တော်က တစ်လျှောက်လုံး အသေးစိတ် အချက်အလက်ကျကျ ဆွေးနွေးထားပြီးပါပြီ။”

ဖုန်းယွီက ပြုံးလိုက်၏။

ရွှီယီဖန်က “.....”

ဆွေးနွေးမှုကောင်းလား။ အဲ့တာကို မင်းဘယ်လို ထင်လဲ။

“ရွှီယီဖန် မန်နေဂျာဖုန်း ပြောတာကို မင်းနားလည်လား။ သူ့ အကြံပေးချက်အတိုင်း အကုန် ပြောင်းလိုက်နော်။ မင်းပြောင်းပြီပြီဆိုရင် မန်နေဂျာဖုန်းကို တင်ပြ။ ဒါက ကြိုတင်ရိုက်ကူးတဲ့ အစီအစဉ် ဖြစ်ပေမဲ့ ငါဘာမှ အမှားမပါချင်ဘူးနော်။

လက်ထောက်အရာရှိကျားသည် သူ့စိတ်ထဲတွင် တွေးနေ၏။ အကယ်၍ ယခုနှစ်တွင် အောင်မြင်ခဲ့ပါက သူ့အနေဖြင့် နောက်နှစ်တွင် တီဗွီ၌ တိုက်ရိုက် ထုတ်လွှင့်မည် ဖြစ်၏။ ယင်းက ကြည့်ရှုသူများကို သေချာပေါက် ဆွဲဆောင် နိုင်မည် ဖြစ်၏။

သူ့အနေဖြင့် ယခုဂါလာပွဲအတွက် အားစိုက် ထုတ်သည့်သူ မဟုတ်သော်ငြား သူ့အနေဖြင့် အမှတ်များ ရမည်ပင်။ အကယ်၍ တစ်ခုခု မှားယွင်းပါက သူ့အနေဖြင့် အခြားသူကို ဖြေခိုင်းမည်ပင်။

ရွှီယီဖန်သည် လက်ထောက်အရာရှိချုပ်ကျားအနေဖြင့် ဖုန်းယွီ၏ အကြံဉာဏ်ကို လက်ခံမည်ဟု မမျှော်လင့်ခဲ့ပေ။ အစီအစဉ်သည် ဖုန်းယွီ၏ အကြံဉာဏ်နှင့်ဆို ပိုကောင်းသော်ငြား အရာများစွာကို ပြောင်းလဲရမည် ဖြစ်၏။

ဖုန်းယွီ၏ အကြံဉာဏ်သည် ကောင်းမွန်သော်ငြား အလွန်ပင်...... ထူးဆန်းနေပေ၏။

ဖုန်းယွီသည် ခေါင်းမော့ကာ လျှောက်သွားတော့၏။ ရွှီယီဖန်သည် ကိစ္စများကို ဖြေရှင်းမည် ဖြစ်သည်။ အကယ်၍ ရီဟာစယ်တွင် ရွှီယီဖန်သည် သူ့ အကြံပေးချက်အတိုင်း မလုပ်ပါက သူချက်ခြင်း ထောက်ပြမည် ဖြစ်၏။ ရွှီယီဖန်သည် ဒုက္ခရောက်မည်သူ ဖြစ်မည်ပင်။ သူ့အနေဖြင့် ပြောင်းလဲရန်အတွက် နောက်ဆုံး ပေးထားမည် မဟုတ်ပေ။

သို့သော် ဖုန်းယွီ လုံးဝ မမျှော်လင့်ထားသည်ကား အနိုင်ရရှိသူများကို သတ်မှတ်ထားသည့် ဆုများသည် လူတိုင်းကို စွဲဆောင်နိုင်သည့် အချက်ပင် ဖြစ်၏။

All Chapters