← Chapters

အဖွဲ့အစည်းတွင် ပြဿနာ တက်ခြင်း

Vol. 24 Ch. 350

အဖွဲ့အစည်းတွင် ပြဿနာ တက်ခြင်း

Vol. 24 Ch. 350

“အဖွဲ့အစည်းမှာ ပြဿနာ တက်နေတယ်။ မြန်မြန်လာခဲ့လိုက်။”

ဖုန်းယွီသည် သူ့ပေဂျာထက်ရှိ မျက်နှာပြင်မှ စာသားကို ကြည့်ကာ မတ်တပ် ထရပ်လိုက်၏။

အဖွဲ့အစည်းက ပြဿနာ တက်တယ်လား။ ဘာဖြစ်လို့လဲ။ ဘာလို့ သူဒီ စာကို ရခဲ့တာလဲ။ ယင်းစာသည် သူ့လူများ မဖြေရှင်းနိုင်သည့် အချိန်မှ ပို့သည့်စာမျိုး ဖြစ်၏။

“ဒီက ကိုကျောင်းသား ဘာလုပ်နေတာလဲ။ ဘာလို့ အတန်းချိန်မှာ မတ်တပ် ရပ်နေရတာလဲ။ တကယ်လို့ မင်းမှာ မေးခွန်းရှိတယ်ဆိုရင် လက်ထောင်လို့ ရတယ်ေလေ။”

စာသင်စင်မြင့်ထက်ရှိ ဆရာမှ ပြောလိုက်၏။

“ပါမောက္ခမာ ကျွန်တော် အခု အတန်းဆင်းဖို့ လိုလို့ပါ။ ကျွန်တော် ဒီနှစ် စီစီတီဗွီရဲ့ နှစ်သစ်ကူးအစီအစဉ်မှာ အချိန်ပိုင်း အလုပ် လုပ်နေလို့ပါ။ သူတို့တွေက ကျွန်တော်ကို အခု လာခိုင်းနေတယ်။”

ဖုန်းယွီက သူ့ပေဂျာကို မြှောက်ကာ အလိမ်စကားများ ထွက်လိုက်တော့၏။ စီစီတီဗွီသည် သူ့အတွက် အတန်းပျက်ရန်အတွက် အကြောင်းပြချက်ကောင်း ဖြစ်သည်။

ပါမောက္ခမာသည် ဖုန်းယွီကို ကြည့်လိုက်သည်။ သူ့စားပွဲအံဆွဲထဲတွင် ဖုန်းယွီ ထည့်ထားသည့် မော်ထိုက်ပုလင်းများကို တွေ့လိုက်ရသည်။ သူသည် ဖုန်းယွီ၏ လက်ဆောင်ကို လက်ခံပြီးကတည်းက ဖုန်းယွီကို အပြစ်ဖော် ဆုံးမဖို့က မသင့်တော်ပေ။ ထို့ပြင် ဖုန်းယွီပေးသည့် အကြောင်းပြချက်သည် ယုတ္တိရှိပေ၏။ စီစီတီဗွီသ် တရုတ်၏ နိုင်ငံပိုင် ရုပ်သံလိုင်း ဖြစ်ကာ ဖုန်းယွီကို အကူအညီ တောင်းခြင်းက ကျောင်းအတွက် ဂုဏ်ကျက်သရေ တစ်ခုပင် ဖြစ်၏။

“ဟမ့်.... သွားလေ။ ဒါပေမဲ့ မင်း Assignment ကိုတော့ ထပ်ရမယ်နော်။ တကယ်လို့ မင်းကောင်းကောင်း မလုပ်ရင် ငါမင်းကို ဒီနေ့အတွက် ပျက်ကွက်ထဲ ထည့်လိုက်မှာ။”

ဟုတ်တယ် ငါ့သူကို စာလွယ်လွယ်လေးနဲ့ အဖြေ ပေးရမယ်။

“ကျေးဇူးတင်ပါတယ်။ ပါမောက္ခမာ”

ဖုန်းယွီသည် သူ့အခန်းဖော် သူငယ်ချင်းကို သူ့စာအုပ်များကို ပြန်ယူသွားပေးရန် အကူအညီ တောင်းလိုက်သည်။ ပြီးနောက် သူသည် စာသင်ခန်းထဲမှ ထွက်သွားတော့၏။

ဖုန်းယွီ အဖွဲ့အစည်းကို ရောက်သည့် အချိန်တွင် ရုံးသည် တိတ်ဆိတ်နေသည်ကို သတိပြုမိလိုက်၏။ သူသည် တစ်ခုခု မှားနေသလို ခံစားလိုက်ရ၏။

ဖုန်းယွီသည် ရုံးထဲကို ဝင်ခဲပြီး ဘွဲ့ရ ကျောင်းလျန်သည် စီမံကိန်းကော်မတီက ခန့်အပ်ထားသည့်သူ ဖြစ်ပြီး ခုံတန်းတွင် ထိုင်နေသည်။ ဂျင်းထည် ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်သည် ဆိုဖာပေါ်တွင် ထိုင်နေ၏။ သူ့နောက်တွင်တော့ လူတစ်ယောက်ရှိပြီး သူ့ ကိုယ်ရုံတော် တစ်ယောက် ဖြစ်ပုံပေါ်၏။

“မန်နေဂျာဖုန်း။ နောက်ဆုံးတော့ ရောက်လာပြီ။”

ကျောင်းလျန်သည် ချက်ခြင်းပင် ဖုန်းယွီဆီကို ပြေးသွားတော့၏။

“ဘာဖြစ်တာလဲ။ သူတို့တွေက ဘယ်သူတွေလဲ။”

ဖုန်းယွီက မေးလိုက်၏။

ဖုန်းယွီသည် ထိုသူနှစ်ယောက်ကို အနီးကပ် ကြည့်သည့်အခါ ဟားတိုက်ရယ်မည့်တော့မည်ပင်။

ဂျင်းထည်များသည် ယခုလက်ရှိတွင် ခေတ်စားနေသော်ငြား ထိုသူသည် ဘယ်လို ဝတ်စားရမည်မှန်း မသိချေ။ သူ့ပုံကား မျောက်တစ်ကောင် ချောင်ဆမ် အင်္ကျီ ဝတ်ထားပုံနှင့် တူ၏။ သူ့ကိုယ်သူ ကြည့်ကောင်းသည်ဟု တွေးနေသည်လော။ သူသည် နေကာမျက်မှန် ကြီးကြီးကိုလည်း ဝတ်ဆင်ထားသည်။ သူ့အနေဖြင့် ဘယ်နေရာတွင် မှားနေသနည်း။

အဘယ်တွက် ကျောင်းလျန်သည် တခြားခေါင်းဆောင်များကို ခေါ်ခြင်း မပြုဘဲ သူ့ကို ခေါ်သည်ကိုနားလည်၏။ ထိုသူသည် အချို့သော အရာရှိ၏ ဒုတိယ မျိုးဆက် ဖြစ်မည်ပင်။ ကျောင်းလျန်သည် သူ့ကို ကြောက်နေခြင်း ဖြစ်ရပေမည်။

ထိုဒုတိယမျိုးဆက်များသည် ဘွဲရကာစများကို ခြိမ်းခြောက်ရုံသာ တက်နိုင်ကြသည်။ သူတို့အနေဖြင့် အခြားသော အကြီးပိုင်းအရာရှိများကိုတော့ မော်တောင် မကြည့်ရဲပေ။ ထို အိုမင်းမျိုးဆက် အရာရှိများသည် ပုံမှန်အားဖြင့် ကလေးများစွာ ရှိကြသည်။ သူတို့ထဲမှ တစ်ယောက်သည် စွမ်းဆောင်ရည် ရှိပြီး လုပ်ကိုင်နိုင်စွမ်းရှိပါက အခြားသူများကို ဂရုမစိုက်ပေ။ ရလဒ်အနေဖြင့် ယခုကဲ့သို့ အသုံးမဝင်သည့် ဒုတိယမျိုးဆက် များစွာ ရှိလာခြင်း ဖြစ်သည်။

ထိုသူသည် အသုံးမကျသည့် ဒုတိယမျိုးဆက်ထဲမှ တစ်ယောက်ဖြစ်မည်ပင်။ ကျောင်းလျန်သည် သူ့ အထက်အရာရှိများကိုတောင် မကြည့်ရဲပေ။ ဖုန်းယွီက “တစ်ခုခုပြဿနာရှိလျှင် လာရှာဟု ပြောထးသည့်အတွက်ကြောင့် သူသည် ဖုန်းယွီကို ခေါ်ခဲ့ခြင်း ဖြစ်သည်။ သေချာသည်မှာ သူသည်လည်း မာစတာလူကို အကြောင်းကြားပြီး ဖြစ်သည်။ သို့သော် မာစတာလူသည် အလုပ်ရှိသေးသည်။ အလုပ်ပျက်ကွက်ခြင်းက ဖုန်းယွီ အတန်းပျက်သည်ထက်တောင် ပိုခက်ခဲ၏။

“မင်းက ဘာကောင်လဲ။ ဘာလို့ ဒီနေရာကို ရောက်နေတာလဲ။”

ဒုတိယမျိုးဆက်သည် သူ့နေကာမျက်မှန်ကို ချွတ်လိုက်ပြီးနောက် ...... ပူပေါင်းမှုတ်ထုတ်လိုက်၏။

ချီး သူက ပီကေစားနေတာလဲ။ ဒါကို ဘယ်ကနေ သင်ခဲ့တာလဲ။ ကလေးစုတ်။ ဖုန်းယွီသည် ထိုသူ့ကို တကယ်ပင် အထင်အမြင် သေးသည်ပင်။

“ငါက ဖုန်းယွီ ဒီအဖွဲ့အစည်းကို ထူထောင်တဲ့သူထဲက တစ်ယောက်။ မင်းကို ဘယ်လို ခေါ်ရမလဲ။”

“ငါက ဟူကော။ ငါ့တတိယဦးလေးက ဘဏ္ဍာရေးဌာနရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေထဲက တစ်ယောက်ပဲ။”

ဟူကောသည် စကားပြောတာကို ရပ်လိုက်ပြီးနောက် သူ့ခြေကို တင်ပျဉ်ခွေချိတ်လိုက်သည်။ ပုံမှန်အားဖြင့် သူသည် ထိုသို့ မိတ်ဆက်လိုက်ပြီးနောက် အခြားသူသည် သူ့ဆီကို အပြေးလာကာ သူ့ဆီမှ နှစ်သက်မှုရအောင် ကြိုးပမ်းကြမည် ဖြစ်သည်။

သို့သော် သူသည် တခဏကြာစောင့်လိုက်သော်ငြား အခန်းသည် တိတ်ဆိတ်နေသည်ဟု သတိပြုမိလိုက်သည်။ ဘာဖြစ်တာလဲ။ ငါ့ဦးလေးက ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ခေါင်းဆောင်လေ။ ဘာလို့ ဒီလူတွေက အံ့အားမသင့်ရတာလဲ။

ဟူကော။ ဒီလူက ဒါရိုက်တာ ဟူကော ဖြစ်ဖို့အတွက် အရမ်းကို ငယ်လွန်းသေးတယ်။ ပြီးတော့ သူက သရုပ်ဆောင်ဟူကောလဲ မဟုတ်ပြန်ဘူး။ နာမည် တူတာပဲ ဖြစ်ရမယ်။ ဘယ်သူက သူ့နာမည်ကို ဂရုစိုက်မှာလဲ။ ဘာလို့ သူဒီကို လာရတာလဲဆိုတာ အနည်းဆုံးတော့ ငါ့ကို ပြောမှရမဘ်။ ဘာလို့ သူ့ခေါင်းက အရမ်းကို မော့နေရတာလဲ။ သူ့လည်ပင်းက တစ်ခုခုများ ဖြစ်နေလို့လား။

ဖုန်းယွီသည် ဟူကောကို တိရစ္ဆာန်ရုံမှ မျောက်တစ်ကောင်လို ကြည့်လိုက်သည်။

“ငါက မင်းဦးလေးက ဘယ်သူလဲဆိုတာကို ငါ စိတ်မဝင်စားဘူး။ ပြီးတော့ အဲတာက ငါတို့ အဖွဲ့အစည်းနဲ့ ဘာမှ လုပ်လို့ မရဘူး။ ဘာလို့ မင်းဒီကို ရောက်နေရတာလဲ။”

ဟူကောမျက်လုံးသည် ပြူးကျယ်သွားတော့သည်။ ချီး ဒီကလေးက ဘယ်သူလဲ။ ဘာလို့ ငါ့ကို ပြန်ပြောရဲတာလဲ။ ငါ့ဦးလေးက သူ့ကို မခြိမ်းခြောက်နိုင်ဘူးလား။

“မင်း ငါပြောတာကို မကြားလိုက်ဘူးလို့ ထင်တယ်။ ငါ့ဦးလေးက.....”

“ငါက ဘာလို့ ဒီကို ရောက်နေတာလဲဆိုတာ မေးချင်တာ။ ဘာလို့ မင်းဦးလေးအကြောင်းပဲ ဆက်တိုက် ပြောနေရတာလဲ။ မင်းဦးလေးက မင်းကို ဒီကို လာခိုင်းတာလဲ။”

ဖုန်းယွီက ငေါ့တောတော့ ပြောလိုက်သည်။ ထိုသူသည် သူ့နောက်ခံကိုသာ တတွတ်တွတ်ပြောနေသည်။ ယင်းအဓိပ္ပာယ်က သူသည် စွမ်းဆောင်ရည်ရှိသည့် သူမဟုတ်မှန်း ပြသခြင်းပင် ဖြစ်သည်။

သူ့ဦးလေး ဟူကောက ဒီကို ပို့စရာ မဖြစ်နိုင်ဘူး။ အဲ့ခေတ်က လူကြီးတွေက အရင်ခေတ်ကလောက် အရှက်မရှိကြတာ မဟုတ်ဘူး။ ဒါ့အပြင် ကြီးမြတ်တဲ့ ခေါင်းဆောင်ကြီးကလည်း မရှိဘူး။ ပြီးတော့ သူက အာဏာကို အလွဲသုံးစား လုပ်သည့် သူများကိုလည်း မုန်း၏။ အာဏာကို အလွဲသုံးစား လုပ်သူများအတွက် ပြစ်ဒဏ်သည် အလွန် ပြင်းထန်၏။

ဟူကောသည် ပြောစရာ စကားမဲ့သွား၏။ ထိုဖုန်းယွီသည် သူ့ကိုတောင် ပြန်ပြောသည်ပင်။ ဖုန်းယွီက အင်အားကြီးတဲ့ နောက်ခံ ရှိတာလား။

ဖုန်းယွီသည် သူသိသည့် အရာရှိများတွင် ဖုန်းယွီနှင့် မျိုးရိုးနာမည် တူသည့်သူ ရှိမရှိကို တွေးလိုက်သည်။ ဖုန်းယွီအနေဖြင့် အရာရှိကြီးအချို့၏ ဆွေးကွဲမျိုးကွဲများ ဖြစ်နေသည်လား။

ဟူကော စိတ်ထား ပြောင်းသွားကာ မတ်တပ်ထရပ်လိုက်ပြီး

“မန်နေဂျာဖုန်းရဲ့ လေသံ အရဆိုရင် ဘေကျင်းကတော့ မဟုတ်ဘူး။ ဒီမှာ ဆွေမျိုးတွေနဲ့ အတူ နေတာလဲ။ ဆွေမျိုးတွေက ဘယ်မှာနေတာလဲ။”

ယင်းက ဖုန်းယွီ၏ နောက်ခံကို မေးခြင်းနှင့် အတူတူပင် ဖြငစ်၏။ ဖုန်းယွီ နေသည့် နေရာကို သိပါက ဟူကောအနေဖြင့် ဖုန်းယွီနောက်ကွယ်ရှိ သူကို ခန့်မှန်းနိုင်ပေ၏။

ဟူကော၏ ဦးလေးသည် ဘဏ္ဍာရေးဝန်ကြီးဌာန၏ လက်ထောက် အကြီးအကဲ ဖြစ်ကာ ငွေမျာကို ထုတ်ပေးရခြင်း ဖြစ်သည်။ အရာရှိ အများစုသည် သူ့ကို မျက်နှာ ပေးကြသည်။ ဖုန်းယွီသည် သူ့ကို မကြောက်ကတည်းက ယင်းအဓိပ္ပာဘ်ကား ဖုန်းယွီနောက်ကွယ်တွင် ရှိသည့် သူသည် အဆင့်မြင့် အရာရှိပင် ဖြစ်ပေမည်။

“ငါလား။ ငါက ဝေမင်ဟွာရေကန်ဘေးမှာ နေတာ။”

ဝေမင်ဟွာရေကန်လား။ အဲတာက ဘယ်မှာလဲ။ ဟူကောက အတွေးနက်နက် တွေးလိုက်သည်။ ထိုအနီးဝန်းကျင်တွင် မည်သည့် အစိုးရရုံးအဖွဲ့ဝင်မျှ မနေပေ။ ယင်းနေရာသည် ဘေကျင်းတက္ကသိုလ်ဘေးတွင် ရှိသည် လူဆယ်ထားသည့် ကန် ဖြစ်၏။

ဒီဖုန်းယွီရဲ့ နောက်ခံက ပညာရေးဝန်ကြီးပဲ ဖြစ်မယ်မလား။

ချီး မင်းရဲ့ ဆွေမျိုးက ပညာရေးဝန်ကြီးရဲ့ ခေါင်းပိုင်းက ဖြစ်ရင်တောင် မင်းကို မကြောက်ဘူး။ ပညာရေးဝန်ကြီးဌာနမှာ ရှိတဲ့သူက ဘယ်လောက် အာဏာရှိမှာမို့လဲ။

ဟူကောသည် ပြန်ထိုင်လိုက်ကာ တင်ပျဉ်ခွေချိတ် ထိုင်လိုက်ရင်း

“အို... မင်းက ဘေကျင်းတက္ကသိုလ်မှာ အလုပ်လုပ်တာလား။ ဆရာ တစ်ယောက်လား။ မဆိုးဘူးပဲ။ အလုပ်ကြိုးစား အဲ့တာဆို မင်း ရာထူး ကောင်းကြောင်း ရမှာပေါ့။”

ဖုန်းယွီသည် ဟူကောပြောသည်ကို ကြားသောအခါ သူ ရယ်မိတော့မည်ပင်။ ထိုသူသည် သူ့ကို အကြံပေးနေခြင်းလော။

ဆရာတစ်ယောက်လား။ သူက ငါ့ကို ဘေကျင်းတက္ကသိုလ်က ဆရာ တစ်ယောက်လို့ တွေးနေတာလား။ ငါက ယဉ်ကျေးပြီး ပညာတက် ဖြစ်ပေမဲ့ စာသင်ကြားပြီးတော့ အသက်မွေးဝမ်းကြောင်း မလုပ်ဘူး။ ငါက ငွေရှာတာကိုပဲ အာရုံစိုက်တာ။

“ငါမင်းကို မေးတာက ဘာလို့ ဒီကို ရောက်နေတာလဲ။

ဖုန်းယွီက တစ်ဖန် မေးလိုက်ပြန်၏။

ဟူကော၏ မျက်နှာက ပြောင်းလဲသွားပြီး စားပွဲကို ပုတ်ချလိုက်ကာ

“မင်းက ငါ့ကို မေးခွန်း မေးရဲတယ်ပေါ့။ ငါက မင်းကို မေးခွန်းမေးဖို့အတွက် ဒီကို ရောက်လာခဲ့တာ။ ဘာလို့ ငါ့ကုမ္ပဏီက မင်းရဲ့ ရူးကြောင်ကြောင် အဖွဲ့အစည်းက ကျင်းပတဲ့ ဆုမှာ မပါရတာလဲ။”

အို ဒီအတွက် မင်းလာတာပေါ့။ ဟူကော၏ ကုမ္ပဏီသည် ထိုဆုချီးမြင့်ပွဲအခမ်းအနားတွင် မပါဝင်ကတည်းက ယင်းအဓိပ္ပာယ်သည် သူ့ကုမ္ပဏီသည် အသုံးမကျသည့် ကုမ္ပဏီ ဖြစ်မည်ပင်။

All Chapters