← Chapters

တံခါးပိတ် မာစတာလူကို လွှတ်

Vol. 24 Ch. 351

တံခါးပိတ် မာစတာလူကို လွှတ်

Vol. 24 Ch. 351

ဖုန်းယွီက ဟူကောကို မျက်စောင်းထိုးလိုက်သည်။

“မင်းက ငါ့တို့ အဖွဲ့အစည်းကို အသုံးမကျဘူးလို့ တွေးကတည်းက သေချာတာက မင်းကုမ္ပဏီက ဆန်ကာတင် စာရင်းတောင် မဝင်တာပဲ။ မင်းရဲ့ ကုမ္ပဏီက အသုံးမကျတာ ပြီးတော့ အသုံးမဝင်တာကော မဖြစ်နိုင်ဘူးလား။”

ဖုန်းယွီက အသုံးမကျဟူသော စကားလုံးကို ဖိပြောလိုက်သည်။

ဟူကောက ဖုန်းယွီကို စိုက်ကြည့်လိုက်ပြီး သူ့ဒေါသသည်လည်း တလိမ့်လိမ့်တက်လာသည်။

ဖုန်းယွီ မျက်နှာထက်ရှိပုံသည် သူက ဟူကောနှင့် ပတ်သက်ပြီး အထင်မအမြင်သေးပြီး အစာမကြေ ဖြစ်ပုံပေါ်သည်။ ယင်းက သူ့မျက်နှာကို ခွေးချေးပုံနှင့် ရိုက်ပုံလည်း ပေါ်၏။ ယင်းက ဟူကောကို အထင်အမြင်သေးခြင်းပင် ဖြစ်၏။

အကယ်၍ ထိုအဖွဲ့အစည်းသည် အစိုးရဌာန၏ အောက်တွင် မှတ်ပုံမတင်ထားပါက ဟူကောသည် ဖုန်းယွီကို ရိုက်ပြီး ဖြစ်၏။

“အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ ရပ်လိုက်တော့။ ငါမင်းကို ထပ်မေးမယ်။ ဘာလို့ ငါ့ကုမ္ပဏီက ဆန်ကာတင် စာရင်းမှာတောင် မပါရတာလဲ။

“ဘာလို့ မင်းရဲ့ ကုမ္ပဏီက ဆန်ကာတင်ဝင်နိုင်တဲ့ ကုမ္ပဏီဖြစ်ရမှာလဲ။”

ဖုန်းယွီက သူ့ကို ပြန်မေးလိုက်သည်။

ဟူကောသည် သွေးများတက်သွားလု နီးပါးပင်။ ငါက မင်းကို ပြန်မေးတာ ဘာလို့ မင်းက မေးခွန်းအတူတူကို ပြန်မေးရတာလဲ။

“ဘာလို့ ဆိုတော့ ငါက ဟူကော ဖြစ်နေလို့ပဲ။”

သူ့က သူ့ကိုယ်သူ လက်ညှိုးထိုးလိုက်သည်။

ဟူကောမင်းက မြင့်မြတ်နေတဲ့သူလား။ ဒါမှမဟုတ် မင်းရဲ့ ဦးလေးက မြင့်မြတ်တဲ့သူ တစ်ယောက်လို့ တွေးနေတာလား။ ဒီအဖွဲ့အစည်းကို ငါ့ပိုက်ဆံနဲ့ အဆက်အသွယ်တွေ သုံးပြီးတော့ ထူထောင်ထားတာ။ ဒိုင်အဖွဲ့မှာရှိတဲ့သူတွေကိုလည်း ငါက အကုန်ကျခံထားတာ ပြီးတော့ လုပ်အားတွေကောပဲ။

မင်းက ငါအားလုံးအတွက် လုပ်ပေးတယ်လို့ တွေးနေတာလား။ ငါက ငါ့ကုမ္ပဏီအတွက်ကို လုပ်နေတာ။

အနိုင်ရတဲ့ သူတွေက စီးပွားရေးကို ထောက်ပံ့နိုင်ရမယ်။ ပြီးတော့ ဒီနည်းလမ်းက လူတွေက ဒီဆုက မျှတတယ်လို့ တွေးနိုင်တယ်။ အဲ့ကျ လူတွေက ထိုက်ဟွကုန်သွယ်ရေး၊ လဲ့ဟဟနဲ့ ထျန်ဖုန်း ဝက်ခြံတွေက အထူးကောင်းမွန်တယ်လို့ တွေးကြလိမ့်မယ်။

ဖုန်းယွီသည် ထိုဆန်ကာတင်စာရင်းများကို သေသေချာချာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ အချို့သော ကုမ္ပဏီများသည် တိုင်းပြည်ကို ပံ့ပိုးကြကာ အချို့ သူတို့ အဆက်အသွယ်သုံးပြီး ဝင်လာသူများကို ဖုန်းယွီက ပယ်ချခဲ့၏။

ဖုန်းယွီတွင် ဒိုင်အဖွဲ့၌ သုံးဦးသာ ပါသော်ငြား အခြားသော ဒိုင်အဖွဲ့ဝင်များကို ဖုန်းယွီက ပိုက်ဆံနှင့် အဆက်အသွယ်ကို သုံးကာ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ဖုန်းယွီတစ်ဦးတည်းကာ ဆန်ကာတင် စာရင်းနှင့် အနိုင်ရရှိသူကို ဆုံးဖြတ်မည့်သူ ဖြစ်၏။

ဖုန်းယွီ ရွေးချယ်ထားသည့် ကုမ္ပဏီများသည် တိုင်းပြည်အပေါ် ထင်ရှားသည့် ပံ့ပိုးမှုများကို ပံ့ပိုးပေးခဲ့ကာ အဖွဲ့အစည်းနှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေး ရှိပေသည်။

ယခုနှစ်တွင် ဆုတစ်ဆုမျှ မရရှိသူများကို နောက်နှစ် ဆုပေးပွဲတွင် ဆုပေးမည်ဟု ကတိပေးထားသည်။ သူတို့အနေဖြင့် ယခုနှစ်တွင် တီဗွီထက်၌ ရုပ်ပြနိုင်ပြီး နောက်နှစ်တွင်တော့...။ ယင်းက ကောင်းမွန်သည့် အပေးအယူ ဖြစ်သည်။ ယခုနှစ် ဆုရရှိသူများအနေဖြင့် နောက်နှစ်တွင် အနိုင်ရရှိမည် မဟုတ်ပေ။

ဖုန်းယွီသည် အစိုးရပိုင်းနှင့် အဆက်အသွယ်ရှိသည့် ကုမ္ပဏီများကို ပယ်ချခဲ့သည်။ ထိုဟူကောသည်သည်လည်း အစိုးရအရာရှိပိုင်း မဟုတ်ပေ။

“ကျောင်းလျန် ငါတို့မှာ ဆန်ကာတင် စာရင်းအတွက် နေရာတွေ မရှိတော့ဘူးလား။”

ဖုန်းယွီက မေးလိုက်သည်။

ကျောင်းလျန်သည် ခေါင်းခါလိုက်ကာ

“ကျွန်တော်တို့မှာ နောက်ထပ် နေရာတွေ မရှိတော့ပါဘူး။ ဆန်ကာတင်စာရင်းနဲ့ အနိုင်ရရှိတဲ့သူတွေကို ရွေးချယ်ပြီးပါပြီ။”

“အဲ့တာဆိုရင်လည်း ငါ့အတွက် ဆုအမျိုးအစား တစ်ခု ထပ်တိုးလိုက်ပေါ့။ ဘာပဲ ဖြစ်ဖြစ် ဆုအမျိုးအစားကြီးနဲ့ ပါဝင်တဲ့သူ အများကြီးမှ မပါဘဲ။ ငါကြားတာကတော့ ပုဂ္ဂလိက ကုမ္ပဏီ သေးသေးလေးတွေတောင် အရည်အချင်းမီတယ်ပြောတယ်။ ဝက်ခြံကြီး တစ်ခုကတောင် အရည်အချင်းမှီတယ်တဲ့။ ဘယ်လို ဟာသမျိုးလဲ။ ငါ့ကုမ္ပဏီက ဘာကုမ္ပဏီလဲ မင်းသိလား။ နည်းပညာဖြင့် ကုမ္ပဏီတစ်ခု။ ငါ့ကုမ္ပဏီက သေချာပေါက် ဆုရသင့်တာပေါ့။”

ဝက်ခြံလား။ မင်းက ထျန်ဖုန်းဝက်ခြံ အကြောင်း ပြောနေတာလား။ ချီး မင်းက ငါ့အဖေကို ရယ်တာလား။

ယခုလက်ရှိတွင် ဖုန်းယွီ၏ ဒေါသထွက်အလှည့် ဖြစ်သည်။ ငါ တစ်ယောက်ယောက်ကို ခေါ်ပြီး မင်းကို ဒီက ထွက်သွားအောင် ရိုက်ခိုင်းမယ်။

“မင်းငါပြောတာကို ကြားရဲ့လား။ ငါ့အတွက် နောက်ထပ် ဆုအမျိုးအစား တစ်ခု ထပ်တိုးပေ။ ပြီးတော့ ငါကြားတာက ဒီဆုပေးပွဲက စီစီတီဗွီမှာ လုပ်မယ်လို့ ပြောတယ်။ ငါ့ကို ဒီအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌက ဆုပေးတာကို လိုချင်တယ်။”

ထိုကောင်စုတ်လေးက အတော်ကို အထက်စီးဆန်ပါ့ပဲ။ ဒီအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌက အမျိုးသား စီမံကိန်းကော်မတီက ခေါင်းဆောင်လေ။ မင်းရဲ့ ဦးလေးတောင် သူ့ကို အမိန့်မပေးနိုင်ဘူး။ ဘဏ္ဍာရေးဝန်ကြီးဌာနက အာဏာတွေ ရှိချင်ရှိမယ်။ ဒါပေမဲ့ အမျိုးသားစီမံကိန်းရဲ့ ယှဉ်ရင်တော့ ဘာမှ မဟုတ်ဘူး။ အမျိုးသားစီမံကိန်းကော်မတီက တစ်နိုင်ငံလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကိုင်တွယ်ရတဲ့ ဌာန။ ဒီဌာနက နိုင်ငံရဲ့ ထိပ်တန်းဌာန ပြီးတော့ အာဏာ အရှိဆုံးပဲ။ သူတို့တွေက ဘဏ္ဍာရေးဌာနကိုတောင် အမိန့်ပေးနိုင်တယ်။

ဖုန်းယွီသည် ထိုအရိုင်းအစိုင်း ကောင်စုတ်လေးကို မည်သို့ မောင်းထုတ်ရမည်ကို စဉ်းစားနေစဉ် သူသည် တစ်ယောက်ယောက် လမ်းလျှောက်လာသည်ကို မြင်လိုက်ရ၏။

မာစတာလူ ရောက်လာသည်ပင်။

ကောင်းပြီ။ ဒီ ဒုတိယ မျိုးဆက်ရဲ့ ပြဿနာကို သူတို့ အချင်းချင်းပဲ ဖြေရှင်းစေတော့။ မာစတာလူက ဒါကို မဖြေရှင်းနိုင်ဘူးဆိုရင် သူ့အနေနဲ့ စဉ်းစားထားတဲ့ တခြားနည်းတွေ ရှိမှာပဲ။ ဖုန်းယွီအနေဖြင့်ထို ကောင်စုတ်လေးကို မောင်းထုတ်ရန်အတွက် နည်းလမ်းများစွာ ရှိနေသေး၏။

သူ့ကို အရင်ဆုံး ရိုက်ရမလား ဒါမှမဟုတ်ရင် စကားပြောပြီးမှလား။

သူ့ကို ရိုက်ပြီးနောက် သူ့ဦးလေးအား သူတို့ကို တောင်းပန်ရန် သူ့အား တောင်းဆိုမည်ပင်။ ဖုန်းယွီသည် တစ်နိုင်ငံလုံးကို ဂျပန်ထုတ်ကုန်များကို တစ်နိုင်ငံလုံး သပိတ်မှောက်အောင် လုပ်နိုင်ခဲ့လျှင် သူ့အနေဖြင့် ဟူကောနှင့် သူ့ တတိယ ဦးလေးကိုလည်း တစ်နိုင်ငံလုံးက ဆန့်ကျင်အောင် လုပ်နိုင်သည်ပင်။

အင်တာနက် မရှိသော်ငြား ကောလဟာလများသည် ပါးစပ်မှ တဆင့် ပြန့်နှင့်လွယ်၏။ ယခုလက်ရှိ လူများသည် အနာဂတ်ရှိ လူများကဲ့သို့ တော်ခြင်း မရှိကြပေ။ ပြီးနောက် သူတို့သည် ကြားသမျှကိုသာ ယုံကြသည်။

“ငါက မင်းကို ပြောနေတာ။ နားကန်းနေတာလား။ ငါမင်းဆီပဲ ထားခဲ့ပြီနော်။ ပြီးတော့ ပထမဆုံး ဆုရတဲ့သူက ငါပဲ ဖြစ်ချင်တယ်။ ငါ့ကို ဆုချီးမြင့်တဲ့သူကလည်း မင်းတို့ရဲ့ အဆင့်အမြင့်ဆုံး ခေါင်းဆောင်ကိုယ်တိုင် ဆုချီးမြင့်ရမယ်။ ပြီးတော့ မင်းတို့ အဖွဲ့က ငါတို့ ကုမ္ပဏီကို မေ့ခဲ့တယ်။ ဒီတော့ ငါက မင်းတို့ အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌငါ့ဆီ ကိုယ်တိုင်ကိုယ်ကျ လာတောင်းပန်တာကို လိုချင်တယ်။ မင်းမျက်နှာက ဘာဖြစ်နေတာလဲ။ မကျေနပ်ဘူးလား။ ငါ ဒီအဖွဲ့အစည်းကို ပျက်အောင် မလုပ်ရဲဘူးလို့ မထင်နဲ့နော်။”

ဟူကောသည် ဖုန်းယွီ တိတ်ဆိတ်နေတာကို မြင်ပြီး အလွန်ကို မောက်မာလာ၏။

“မင်းအနေနဲ့ ငါတို့ အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌကိုယ်တိုင် တောင်းပန်တာ ပြီးတော့ ဆုပေးရမယ်ဆိုတဲ့ စကားက သေချာပြီလား။”

ဖုန်းယွီက ရယ်မောလိုက်သည်။ သူသည် မာစတာလူ၏ မျက်နှာ ပြောင်းလဲသွားသည်ကို မြင်ပြီး ဖြစ်သည်။ ထိုအဖွဲ့အစည်း၏ ဥက္ကဋ္ဌသည် မာစတာလူ၏ ဦးကြီးပင် ဖြစ်၏။

ယင်းက မာစတာလူ၏ မျက်နှာကို ရိုက်ခြင်းနှင့် တူ၏။ ဖုန်းယွီသည် မာစတာလူအနေဖြင့် ယခု ပြဿနာကောင်ကို ဘယ်လို ဖြေရှင်းမည်ကို စိတ်ဝင်စားနေ၏။

“ငါ ဟူကောက ပြောရင် ပြောတဲ့ အတိုင်း လုပ်တယ်။ ငါပြောတာက....... ချီး ဘယ်သူက ငါ့ကို ရိုက်လိုက်တာလဲ။”

ဟူကောသည် ဆက်ပြီး လေလုံးထွားဆဲဖြစ်ကာ ရုတ်တရက် သူ့နောက်မှ တစ်ဆင့် ခပ်ကြမ်းကြမ်း လက်ဝါး ရိုက်ချက် တစ်ချက်ကို ရလိုက်သည်။ သူသည် ချက်ခြင်းပင် ထခုန်လိုက်တော့၏။ သူ့သည် သက်တော်စောင့် တစ်ယောက်ကို ခေါ်ခဲ့သည်။ ပြီးနောက် သူသည် တိုက်ခိုက်ရမည်ကိုလည်း မကြောက်ပေ။

ထိုသူ မည်သည့်ပုံစံ ဖြစ်သည်ကို မမြင်မှီ နောက်တစ်ချက်သည် သူ့မျက်နှာပေါ် ရောက်လာသည်။ ကြယ်များကိုပင် မြင်ရတော့၏။

သူ့နောက်ရှိ သက်တော်စောင့်သည် ကြက်သေသေနေ၏။ တစ်ယောက်ယောက်က တကယ်ပင် ဟူကော၏ မျက်ခွက်ကို ဖြတ်ရိုက်ရဲသည်လော။ ထို သက်တော်စောင်သည့် ဟူကောအတွက် အလုပ်လုပ်သည်မှာ ကြာပြီ ဖြစ်ကာ အချိန် အများစုတွင် သူသည် နောက်တွင်သာ ရပ်နေပြီး အရင်က မည်သည့်အခါကမျှ အတိုက်ခိုက် မခံရဘူးပေ။ ယနေ့တွင် ဟူကောကို သူ့အရည်အချင်းကို ပြရန်အတွက် အခွင့်အရေး ရလာခြင်း ဖြစ်၏။

“ထွက်သွားစမ်း။ မင်းတို့တွေက ငါ့နေရာမှာ လာပြီး ပြဿနာ ရှာရဲတယ်ပေါ့။ မင်းကို သင်ခန်းစာ ကောင်းကောင်းပေးမှ ရမယ်။

နောက်ဆုံးတွင် မာစတာလူသည် ဒုတိယမျိုးဆက်၏ ခက်ထန်သည့် ကိုယ်ရည်ကိုယ်သွေးကို လစ်ဟလိုက်သည်။ သူ့အနေဖြင့် သက်တော်စောင့်ကို စိတ်ထဲ မထားပေ။ သူသည် သက်တောင်စောင့်ကို စိုက်ကြည့်ပြီး အော်လိုက်ရာ သူ ငြိမ်ကုတ်သွားပြီး ဘေးတွင်သာ ရပ်နေတော့၏။

ထိုသက်တော်စောင်သည် လမ်းမထက်တွင်သာ အာကျယ်အာကျယ် လုပ်သူ ဖြစ်သော်လည်း သူ့အနေဖြင့် ထိုလူသည် သူ့ပုံစံအရ ဟူကောထက် ကြီးမားသည့် နောက်ခံရှိကာ အာဏာရှိမှန်း ပြောနိုင်ပေသည်။ သူ့အနေဖြင့် ထိုသူကို မရိုက်နိုင်ပေ။ သို့သော် သူသည် သူ့ခန္ဓာကိုယ်နှင့် ဟူကောကို ကာပေးထားဆဲ ဖြစ်၏။

ဖုန်းယွီသည် မာစတာလူ စသည်ကို မြင်ပြီးနောက် သူသည်လည်း ချက်ခြင်းပင် ပြေးသွားကာ ဟူကောကို တစ်ချက် ကန်လိုက်သည်။ ပြီးနောက် ဟူကောသည် ကြမ်းပြင်ပေါ်တွင် လိမ့်သွားတော့သည်။

မာစတာလူသည် သက်တော်စောင့်ကို ဘေးကို တွန်းပြီး ဟူကောကို လက်သီးနှစ်ချက် ကျွေးလိုက်တော့၏။ ထိုလက်သီးနှစ်ချက်၏ တန်ဖိုးကို ချက်ခြင်းပင် မြင်ရ၏။ ဟူကော မျက်ရည်များ စထွက်လာတော့၏။

“ဟူကော မင်းကိုယ်မင်း တစ်ယောက်ယောက်လို့ အခုတွေးသေးတုန်းလား။ မင်း ငါ့နေရာကို လာပြီး ပြဿနာ လာရှာရဲတာလား။ မင်းလိုကောင်က ငါ့ဦးလေးကို ကိုယ်တိုင်ကိုယ်ကျ လာပြီး တောင်းပန်စေချင်တာလား။ လီးလိုကောင် မင်းဘယ်လို တွေးနေတာလဲ။ ညီအစ်ကို ဖုန်း သူ့ကို ကိုင်ထား။ ငါဒီနေ့ သူ့ကို သင်ခန်းစာ ပေးမှကို ရမယ်။”

ဟူကောသည် နောက်ဆုံးတွင် သူ့အားရိုက်သည့်သူကို မြင်ခဲ့သည်။

ချီး ဒါက မာစတာလူမလား။ သူ့ဦးလေးက ဒီအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌလို့ ပြောလိုက်တာလား။

ဟူကော ဘာမျှ မပြောခင် ဖုန်းယွီသည် သူ့ကို ဆိုဖာပေါ်တွင် နေရာချလိုက်သည်။ ဟူကောသည် လူကောင်သေး၏။ သူ့အနေဖြင့် ဖုန်းယွီ၏ ထိုးချက်များကိုတောင် ခံနိုင်ရည် မရှိပေ။ မာစတာလူသည် ထိုနေရာကို ရောက်လာပြီး ဟူကော၏ မျက်နှာကို လက်သီးအချက်များစွာ ထိုးလိုက်တော့၏။

“မာစတာလူ။ မာစတာလူ။ ကျွန်တော် တောင်းပန်ပါတယ်။ တော်ပါတော့။”

မာစတာလူသည် သူမရပ်ခင် အချက်များစွာ ထိုးပြီး ဖြစ်၏။ ဖုန်းယွီသည် ထိုမာစတာလူအနေဖြင့် ခွေးရိုင်း တစ်ကောင်ကဲ့သို့ ထိုးနေသည်ကို မြင်နိုင်ပေ၏။

“အစ်ကိုဖုန်း သူ့ကို လွှတ်လိုက်။ ဒီစောက်ရူးကောင်ကို ငါသိတယ်။”

ဖုန်းယွီက ပျော်ပျော်ကြီး ဟူကောကို လွှတ်ပေးလိုက်သည်။ ယခုလက်ရှိတွင် သူ့ကို ချုပ်ထားပြီး ဖုန်းယွီသည်လည်း ပျော်ပျော်ကြီး လက်သီးအချက် အနည်းငယ် ထိုးပြီးနောက် သူ့အဖေအတွက် ရယ်လိုက်၏။

ရိုက်ပြီးနောက် ဟူကော ထလာသည်။ ဖုန်းယွီ ပိုပြီး စိတ်ခံစားချက် ကောင်းလာသည်။ ယခု တိုက်ခိုက်မှုပြီးနောက် မည်သည့် ဒုတိယ မျိုးဆက်မှ ဤရုံးကို လာပြီး ပြဿနာ ရှာရဲတော့မည် မဟုတ်ပေ။

တကယ်လို့ ကောင်စုတ်တွေ ဒီကို လာပြီး ပြဿနာ ထပ်ရှာရင် ငါ့အနေနဲ့ တံခါးကိုဖွင့်ပြီး မာစတာလူကို လွှတ်ပေးလိုက်ရုံပဲ။

All Chapters