“ညီအစ်ကိုဖုန်း ညီအစ်ကို ဖုန်း”
Vol. 24 Ch. 353
မာစတာလူသည် အတွေးထဲတွင် နစ်မြောနေသည့် ဖုန်းယွီကို ခေါ်လိုက်သည်။
“အာ... ဘာမှ မဟုတ်ပါဘူး။ ကျွန်တော်က ဟူကောကို ဘယ်လို ကူညီရမလဲဆိုတာကို တွေးနေတာပါ။”
“မင်းအနေနဲ့သူကို ဟူလောင်ဆမ်လို့ ခေါ်လို့ ရတယ်။”
(လောင်ဆမ်သည် နံပါတ်သုံး ဖြစ်သည်။ ဟူကောတွင် အစ်ကိုကြီး နှစ်ယောက် ရှိသေးသည်။ ယင်းက တရုတ်နိုင်ငံတွင် အခေါ်များသည့် ပုံစံ တစ်ခု ဖြစ်သည်။)
မာစတာလူက ဟူကောကို စိုက်ကြည့်လိုက်၏။
“ဟုတ်ပါတယ်။ ဟုတ်ပါတယ် အစ်ကိုဖုန်း ကျွန်တော်ကို ဟူလောင်ဆမ်လို့ပဲ ခေါ်ပါ။”
ဖုန်းယွီသည် ဟူကောကို ကြည့်လိုက်သည်။ ထိုဟူကောသည် အသက်နှစ်ဆယ်ကျော်သာ ရှိသေးကာ သူ့အထက် အသက်အနည်းငယ်မျှသာကြီးသည်။ သူ့အနေဖြင့် သူ့ကိုသူ နိမ့်ချကာ ဖုန်းယွီကို အစ်ကိုဖုန်းဟု ခေါ်နေခြင်း ဖြစ်သည်။
ကျောင်းလျန်က ရှုပ်ပွနေသော စားပွဲကို သန့်ရှင်းပြီးနောက် လက်ဖက်ရည်ခွက် နှစ်ခွက်ကို ယူလာခဲ့ကာ သူသည် တိတ်တိတ်လေး ထောင့်တွင်သာ နေနေ၏။
“ဟူလောင်ဆမ် မင်းက ဒီလုပ်ငန်းကတည်းကို ဝင်ပြီးပြီးဆိုမှတော့ ဒါကို ဆက်လုပ်မှ ရမယ်။ အခု မင်းက ခိုးကူးဂိမ်းခွေတွေကို ရောင်းနေတာလား။”
ဟူကောက ခပ်တွဲ့တွဲ့ ပြုံးကာ
“အဲ့ မူးရင်းတွေက အရမ်းဈေးကြီးတာပဲ။”
“အဲတာဆိုတော့ ခိုးကူးတွေကိုပဲ ဆက်ရောင်းနေတာပေါ့။”
အတုအပ ပစ္စည်းများ များပြားလာသည့် အခါ ယင်းက ပျက်ဆီးမှုကို များစွာ သက်ရောက်မှု ရှိသည်။ မိုက်ခရိုဆော့ဖ်သည် တရုတ်နိုင်ငံကို ဝင်လာသည့် အခါက သူတို့ ဆော့ဖ်ဝဲပေါင်းမျိုးစုံ ခိုးကူးခံခဲ့ရ၏။
သို့သော် ထိုအချိန်တွင် ထိုခိုးကူးခွေများကို မည်သည့် အရေးယူမှုများ မပြုလုပ်ခဲ့ပေ။ အကြောင်းမှာ သူတို့သည် တရုတ်ဈေးကွက်ကို ဝင်ကာစသာ ရှိသေးသည်။ ပြီးနောက် ဈေးကွက်တွင် မိုက်ခရိုဆော့ဖ်၏ အိုအက်စ်သာ ရှိသည်မဟုတ်။ ဉရောပနှင့် တရုတ်တွင် သူတို့ ကိုယ်ပိုင် အိုအက်စ်များကို ဖွံ့ဖြိုးအောင် လုပ်နေ၏။
သို့သော် မိုက်ခရိုဆော့ဖ်၏ အိုအက်စ်သည် အသုံးပြုသူနှင့် အကျွမ်းတဝင် အရှိဆုံး ဖြစ်သည်။ မိုက်ခရိုဆော့ဖ်ကို အဟန့်အတား ဖြစ်စေသ်ည့ အရာတစ်ခုမှာ ထိုအိုအက်စ်၏ ဈေးပင် ဖြစ်သည်။
မိုက်ခရိုဆော့ဖ်အိုအက်စ်၏ ခိုးကူးဗားရှင်းများ တရုတ်နိုင်ငံကို ဝင်လာသည်နှင့် တရုတ်နိုင်ငံရှိ ကွန်ပြူတာ အများစုသည် မိုက်ခရိုဆော့ဖ်၏ အိုအက်စ်ကို သုံးလာကြသည်။ သုံးနှစ်အတွင်း တရုတ်နိုင်ငံ ကုမ္ပဏီ အများစုနီးပါးသည် သူတို့ ကိုယ်ပိုင်အိုအက်စ်ထုတ်လုပ်မှုမှ လက်လျှော့လိုက်ကြတော့သည်။
အကြောင်းမှာ မည်သူမျှ သူတို့ အိုအက်စ်ကို အသုံးမပြုသည့်အတွက် ဖြစ်သည်။ ထိုကုမ္ပဏီများသည် သူတို့၏ အိုအက်စ်များကို ရောင်းစားကြသည်။ သို့သော် မိုက်ခရိုဆော့ဖ်အိုအက်စ် ခိုးကူးများသည်လည်း အလွယ်တကူ သုံးနိုင်သည်။ ပြီးနောက် ယင်းက အခမဲ့ ဖြစ်သည်ပင်။
အခြားသော နိုင်ငံများမှ ကုမ္ပဏီများသည်တောင် သူတို့ အိုအက်စ် တိုးတက်မှုကို မိုက်ခရိုဆော့ဖ်၏ အိုအက်စ် ခိုးကူးခွေများကတောင် အနိုင်ယူခဲ့သ်ဉ။ ယင်းက မိုက်ခရိုဆော့ဖ်ကို တရုတ်နိုင်ငံ၏ အိုအက်စ်ဈေးကွက်အတွင်း ဝင်ရောက်ရန် ခွင့်ပြုပေးခြင်းပင် ဖြစ်ပေသ်ည။
ယင်းက ဘီလ်ဂိတ် ဖော်ပြခဲ့သည့်အတိုင်းပင် ဖြစ်၏။ တရုတ်နိုင်ငံသည် သူတို့ကိုယ်တိုင် သူတို့ကိုယ်ပိုင် အိုအက်စ် ကုမ္ပဏီများကို သတ်နေခြင်း ဖြစ်သည်။ ယင်းက မိုက်ခရိုဆော့ဖ်အိုအက်စ်ကို ပိုက်ဆံသုံးပြီး ကြော်ငြာခြင်းထက်တောင် ပို၍ သက်ရောက်မှု ရှိစေ၏။ သုံးစွဲသူများသည် အခြားသော ရွေးချယ်စရာများ မရှိသည့်အခါ သူတို့သည် ပိုက်ဆံများကို စတင် သုံးစွဲချင်လာတော့၏။
ထိုအချိန်တွင် မိုက်ခရိုဆော့ဖ်သည် သူတို့၏ ခိုးကူးမှုများအတွက် စတင် တရားစွဲဆိုတော့သည်။ သူတို့သည် အစိုးရနှင့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများကို စတင် တရားစွဲဆိုကြသည်ပင်။
ထိုအဖွဲ့အစည်းများသည်လည်း မိုက်ခရိုဆော့ဖ်ကို လျှော်ရသည်။ အချို့သော ကုမ္ပဏီများသည် ဒေဝါလီခံလု နီးပါး အခြေအနေတောင် ရောက်သွားခဲ့သည်။ တရုတ်နိုင်ငံရှိ ဒေဝါလီ ခံလုနီးပါး ဖြစ်သွားသည့် ကုမ္ပဏီမှာ Kingsoft ဖြစ်သည်။ ယင်းကုမ္ပဏီသည်တရုတ်နိုင်ငံတွင် အကျော်ကြားဆုံး ကုမ္ပဏီ ဖြစ်သည်။ တရုတ်နိုင်ငံသည် ထိုကုမ္ပဏီကိုယ်စား တောင်းပန်ခဲ့ရ၏။
မိုက်ခရိုဆော့ဖ်သည် ခိုးကူးများကို အသုံးချကာ ဈေးကွက်ကို လက်ဝါးကြီး အုပ်ခဲ့သည်။ အကယ်၍ သူတို့သည် အစပိုင်းတွင် ခိုးကူးမှုကို တရားစွဲဆိုလျှင် အစကတည်းက တရားစွဲမည် ဖြစ်သည်။ ထိုအချိန်သည် မိုက်ခရိုဆော့ဖ်အနေဖြင့် တရုတ်နိုင်ငံဈေးကွက်ကို မရခင်က အချိန် ဖြစ်နိုင်ပေသည်။ သူတို့ ကျရှုံးနိုင်ပေ၏။
ထို့ကြောင့် သူတို့အနေဖြင့် စေကာနှင့် နင်တန်ဒိုမှ ဈေးကွက်ဝေစုကို ရယူရန်အတွက် ခိုးကူးများကို မရောင်းချသင့်ပေ။ ဗီဒီယိုဂိမ်းစက်များအတွက် နတ်ဆိုးလေး ရှိနေပြီ ဖြစ်သည်။ အချို့သော စက်ရုံများသည်လည်း နတ်ဆိုးလေးကို တုပ ထုတ်လုပ်နေကြပြီ ဖြစ်သည်။ သူတို့ ဈေးနှုန်းများသည် စေကနှင့် နင်တန်ဒိုဈေး၏ ဆယ်ပုံ တစ်ပုံသာ ရှိသည်။
ယင်းနည်းလမ်းဖြင့် စေကာနှင့် နင်တန်ဒိုတို့သည် တရုတ်နိုင်ငံ၏ ဈေးကွက်ကို ဝင်ရောက်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။ ပြီးနောက် တရုတ်နိုင်ငံသည်လည်း ထိုလုပ်ငန်းတွင် စတင် ဖွံ့ဖြိုးလာမည် ဖြစ်သည်။
ဟူကောက ဖုန်းယွီကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်သည်။ ဘာလို့ ဖုန်းယွီက သူ့ကို ဒီအကြံဉာဏ် ပေးရတာလဲ။ သူ့က ခိုးကူး ဗီဒီယိုဂိမ်းခွေတွေကို ဆက်မလုပ်စေချင်တာလား။ သူက ဒီအလုပ်က ရှက်စရာကောင်းပြီး မလုပ်သင့်မှန်း သိနေတဲ့ပုံပဲ။”
“အစ်ကိုဖုန်းမှာ နောက်ထပ် အကြံအဉာဏ်တွေ ရှိသေးလား။”
“ငါက မင်းကို ပြောနေတာက အချိန်အတိုင်းအတာ တစ်ခုအထိတော့ ခိုးကူးဂိမ်းခွေတွေ ရောင်းလို့ရတယ်။ ဒါက ဈေးကွက်ကို သိမ်းပိုက်ဖို့အတွက်ပဲ။ ငါမင်းကို နတ်ဆိုးလေးနဲ့ မိတ်ဆက်ပေးမယ်။ မင်းတို့ ကုမ္ပဏီ နှစ်ခုက ပူးပေါင်းဆောင်ရွက်နိုင်တယ်။ မင်းဂိမ်းခွေတွေကို သူတို့ ရောင်းတဲ့ နေရာမှာ ရောင်းနိုင်တယ်။ ဒီနည်းနဲ့ဆိုရင် မင်းရဲ့ အမြတ်က တိုးလာမှာပဲ။ စေကနှင့် နင်တန်ဒိုရဲ့ ဂိမ်းခွေတွေရောင်းအား ကျသွားလိမ့်မယ်။ သေချာတာကေတော့ မင်းဘဝ သက်တမ်း တစ်လျှောက်လုံး ခိုးကူးဂိမ်းခွေတွေကို ရောင်းဖို့ အားမပေးဘူး။ မင်းအနေနဲ့ ဂိမ်းခွေတွေ ခိုးကူးဖို့ လူရှိကတည်းက မင်းဆီမှာလည်း ပရိုဂရမ်းမင်း တက်တဲ့သူတွေ ရှိမှာပဲ။ ဘာလို့ သူတို့ကိုယ်တိုင် ဂိမ်းအချို့ကို မထွင်ခိုင်းရတာလဲ။”
“ကျွန်တော်တို့ ကိုယ်ပိုင် ဂိမ်းထွင်ရမှာလား။”
ဟူကောသည်လည်း သူ့ကိုယ်ပိုင် ဂိမ်းကို ဖန်တီးရန် တွေးဖူးသည်။ သို့သော် မည်သို့ ဂိမ်းအမျိုးအစား ဖန်တီးရမည်ကိုတော့ သူမသိပေ။ သူမည်သို့ တွေးတွေး ထိုဂိမ်းအမျိုးအစားများသည် ဈေးကွက်ထဲတွင် ရရှိနိုင်ပေ၏။ ထပ်ပြောရပါက ကိုယ်ပိုင်ဂိမ်းကို ဖန်တီးခြင်းကို ဈေးကွက်ထဲရှိ ဂိမ်းများကို ပြန်လုပ်ရခြင်းထက် ခက်ပေသည်။ သူ့အနေဖြင့် လူ့အရင်းအမြစ်လည်း လုံလုံလောက်လောက် မရှိပေ။ ပြီးနောက် ရင်းနှီးမြှပ်နှံရမည်မှာလည်း ပမာဏ နည်းနည်းမဟုတ်ပေ။
“ဘာလို့လဲ။ မင်းငါပြောတာကို မယုံဘူးလား။”
“ကျွန်တော် ယုံပါတယ်။ ကျွန်တော် အစ်ကိုဖုန်း ဘာပြောပြော ယုံတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ်ပိုင် ဂိမ်းဖန်တီးဖို့က မလွယ်ဘူးနဲ့တူတယ်။”
ဟူကောက ပြန်ပြောလိုက်သည်။
“မင်းမှာ ဆော့ဖ်ဝဲအင်ဂျင်နီယာ ဘယ်လောက်ရှိလဲ။ မင်းကုမ္ပဏီက ဘယ်မှာရှိလဲ။ ငါ သွားပြီး တစ်ချက် ကြည့်ကြည့်မယ်။ တစ်ချိန်တည်းမှာ မင်းကို လမ်းညွှန်မှုတွေ ပေးမယ်။ မင်းအနေနဲ့ သေချာပေါက် ငွေရှာနိုင်လိမ့်မယ်လို့ ငါအာမခံတယ်။ တကယ်လို့ မင်းသာ လူကြိုက်များတဲ့ ဂိမ်းကို ဖန်တီးနိုင်မယ်ဆိုရင် သေချာပေါက် ဆုရမှာပေါ့။”
ဟမ့်... ငါက မင်းကို အနာဂတ်မှ ဆုရမယ်လို့ ပြောတယ်။ ငါတို့တွေ နောက်ရက်တွေမှာ ဒီအကြောင်း ပြောကြတာပေါ့။
“တကယ်ကြီးလား။”
ဟူကောက အပျော်လွန်သွားသည်။
မာစတာလူက ပြောလိုက်သည်။
“မင်းက ညီအစ်ကိုဖုန်း ပြောနေတာကို သံသယ ဖြစ်နေတာလား။ မင်းအနေနဲ့ ညီအစ်ကိုဖုန်းက မင်းကို လိမ်မဲ့လူလို့ တွေးနေတာလား။ မင်းကုမ္ပဏီ သေးသေးလေးက သူ့ကုမ္ပဏီနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ သူ့ကုမ္ပဏီရဲ့ တန်ကြေးက ဘယ်လောက်ရှိလဲဆိုတာ သိလား။ သန်းတစ်ထောင်ထက် ပိုတယ်။”
ချီး.....
သန်း တစ်ထောင်ထက် ပိုတာလား။
ဟူကော၏ နှလုံးထားတွင်တော့ ဖုန်းယွီသည် အလွန်မြင့်မားသည့် နေရာ တစ်နေရာတွင် ထားထားလိုက်တော့သည်။ သို့သော် သူ့အနေဖြင့် ဖုန်းယွီသည် ယွမ် သန်း တစ်ထောင်ကျော် ရှိလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။ သူတို့၏ ဒုတိယမျိုးဆက်တွင် တစ်ယောက်ယောက်သည် ယွမ်သန်းချီ ရှိပါကထိုသူကို ချမ်းသာသည်ဟု စဉ်းစား၍ ရနိုင်ပေသည်။
သူ့သည် ယွမ် သန်း၁၀၀ထက် ရှိသူကို တစ်ခါမျှ မကြားဖူးပေ။ ယွမ် သန်းတစ်ထောင်စုရန်အတွက် မျိုးဆက်များစွာ စုဆောင်းရမည် ဖြစ်သည်။
“အစ်ကိုဖုန်း နားကြပ်ကပ်ဆက် ရောင်းတာနဲ့တင် ယွမ် သန်းတစ်ထောင်ကျော် ရတာလား။”
ဟူကောသည် သူ့တံတွေးကို သုတ်လိုက်သ်ည။ ယင်းလုပ်ငန်းသည် အလွန် အကျိုးအမြတ်များသည်ဆိုပါက သူ့အနေဖြင့် ထိုလုပ်ငန်းကို ကူးမည်ပင်။
မာစတာလူသည် ဟူကောကို ကြည့်လိုက်ကာ
“နားကြပ်ကပ်ဆက်လား။ ဒါက ညီအစ်ကိုဖုန်းရဲ့ စီးပွားရေး တစ်ခုပဲ ရှိသေးတာ။ ဒီစားပွဲပေါ်က ရေနွေးငွေ့စက်ကို တွေ့လား။ အဲ့တာလည်း သူထုတ်ထားတာပဲ။ မင်း ဒလက်မဲ့ ပန်ကာကို မြင်လား။ အဲ့တာလည်း သူ့ဟာပဲ။ ပြီးတော့ မင်းအနေနဲ့ လမ်းမထက်မှာ စုန့်ကျန်းမော်တော်ဆိုင်ကယ် မြင်ဘူးလား။ အဲ့တာလည်း သူ့ဟာပဲ။ နောက်နှစ်ကျရင် သူ့ကားကို လမ်းမထက်မှာတောင် တွေ့ရတော့မှာ။”
ဟူကောသည် ပြောစရာစကား မဲ့သွားတော့သည်။ ဖုန်းယွီ၏ ထုတ်ကုန်များသည် ဈေးကွက်အတွင်း အရောင်းကောင်းဆုံးများပင် ဖြစ်သည်။ ဖုန်းယွီသည် တကယ်ပင် စွမ်းရည် ရှိသည့်သူ ဖြစ်သည်။ မာစတာလူအနေဖြင့် သူ့ကို လွန်စွာ လေးစားမှု ထားသည်ကား အံ့ဩစရာမလိုပေ။
“အစ်ကိုဖုန်း ကျွန်တော်ကုမ္ပဏီကို လာရောက်ပေးပါ။ ဘာလို့ ကျွန်တော်ကုမ္ပဏီကို ဒီနေ့ပဲ မသွားဘဲ နေမှာလဲ။”
ဟူကောက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ သူ့အနေဖြင့် ဖုန်းယွီအပေါ် မည်သည့် သံသယမျှ မရှိတော့ပေ။ ဖုန်းယွီနှင့် ယှဉ်လျှင်တောင်ပိုင်းတွင် တွေ့ခဲ့ရသည့် စီးပွားရေး လုပ်ငန်းရှင်များသည် ဘာမျှ မဟုတ်တော့ပေ။
မာစတာလူသည် ကုမ္ပဏီ တစ်ခုတွင် ရင်းနှီးမြှပ်နှံထားသည်ဟု ကောလဟာလများ ရှိသည်။ သူသည် မာစတာလူအနေဖြင့် နေ့တိုင်း ဘာမှ မလုပ်သည်ဟုလည်း ကြားမိသည်။ သူ့သည် နှစ်တိုင်းတွင် ယွမ် သန်းချီ ရမည်ပင်။ ယင်းကုမ္ပဏီသည် ဖုန်းယွီ၏ ကုမ္ပဏီ ဖြစ်နေမည်လော။
ဟူကောသည် မာစတာလူကဲ့သို့ ဖြစ်ချင်လာသည်။
“ကောင်းပြီလေ။ ငါလည်း ဘာမှ လုပ်စရာ မရှိတော့ ဒီနေ့ပဲ သွားကြတာပေါ့။ မာစတာလူ ဒီနေ့ အားလား။ အတူတူသွားရအောင်။””
ဖုန်းယွီသည် ဟူကောကို အားကုန် မယုံကြည်သေးပေ။ မာစတာလူ ရှိနေလျှင် ပို၍ လုံခြုံမည် ဖြစ်သည်။
မာစတာလူက ခေါင်းညိတ်လိုက်ကာ
“ကောင်းပြီလေ။ သွားကြည့်တာပေါ့။ ဒီညပိုင်းကျ ဟူလောင်ဆမ်ကို မင်းကို တောင်းပန်တဲ့အနေနဲ့ စားပွဲ တစ်ပွဲ ပြင်ခိုင်းရမယ်။ ဒီကလေးကို သေချာ သင်ပေးမှ ရမယ်။”
ဟူကောသည် ခေါင်းညိတ်လိုက်ပြီး ပြုံးကာ
“သေချာတာပေါ့။ အသေအချာပဲ။ ကျွန်တော် ဒီနေ့ အစ်ကိုတို့နှစ်ယောက်အတွက် စားပွဲ စီစဉ်လိုက်မယ်။ အခုသွားကြတော့မလား။”
“သွားကြရအောင်။”