← Chapters

အခန်း (၃၅၅)

Vol. 24 Ch. 355

အခန်း (၃၅၅)

Vol. 24 Ch. 355

ဘေကျင်းပညာရေး တက္ကသိုလ်တွင်။ ငယ်ရွယ်ပြီး လှပသော မိန်းကလေးများသည် သူတို့ အဆောင်ကို အတူတကွ ပြန်သည့် အချိန်တွင် သူတို့သည် ချော့ကလက်ဘူး ထိုင်လျက် လမ်းလျှောက်လာသည့် တစ်ယောက်ယောက်ကို တွေ့လိုက်ရသည်။

“ဟို အကုန်လုံးက ဒီမှာပဲ။ နန ဘာလို့ ကိုယ် ဖုန်းကို ဘာလို့ ပြန်မခေါ်တာလဲ။”

ဖုန်းယွီက လီနကို ကြည့်လိုက်သည်။ သူသည် လီနအတွက် တရုတ်စာများကို မြင်နိုင်သည့် ပေဂျာ တစ်ခုကို ဝယ်ပေးခဲ့၏။သူသည် လီနကို စာသုံးစောင် ပို့ခဲ့၏။ ကံကောင်းချင်တော့ ဖုန်းယွီက သူမ အဆောင် အပြင်ဖက်တွင် စောင့်ဆိုင်းနေ၏။

“တစ်ယောက်ယောက်က ဒီကို မလာတာ ကြာလို့ နေမယ်။ ဒါကြောင့် ငါတို့ရဲ့ နန စိတ်ဆိုးနေတာ ဖြစ်လိမ့်မယ်”

လီန၏ အတန်းဖော်က ဟာသနှောကာ ပြောလိုက်၏။

ဖုန်းယွီကဲ့သို့ ရုပ်ချောပြီး စမက်ကြသည့် သူတစ်ယောက်ကို ရည်းစားအဖြစ် တော်ရသည့်အတွက် လီန၏ အတန်းဖော် အကုန်များသည် လီနကို အားကျ၏။

ထပ်ပြောရလျှင် ဖုန်းယွီသည် လီန၏ အခန်းကို ပြန်လည် ပြုပြင်ခဲ့ကာ သူမ၏ အတန်းဖော်များသည်လည်း ထိုအရာမှ အကျိုးအမြတ်များ ရရှိခဲ့ကြသည်။ အဆောင်နေ ကျောင်းသူ အကုန်လုံး နီးပါး အားလုံးက သူတို့ကို အားကျကြသည်။ ပြီးနောက် သူ့တို့အခန်းကိုတောင် လာကြည့်ကြသည်။

လီနဆီ ဖုန်းယီ လာလည်သည့် အချိန်တိုင်း သူသည် ချိုချဉ်များကို ဝယ်လာခဲ့ကာ တခါတရံတွင် သူ့အခန်းဖော်များအတွက် ပြည်ပမှ တင်သွင်းသည့် ချော့ကလက်များကို ယူခဲ့၏။

သို့သော် အခန်းဖော်များက လီနကို အားကျရုံသာ ရှိသည်။ လီနနှင့် ဖုန်းယွီ နှစ်ယောက်သားသည် ဒေသ အတူတူမှ လာသူများ ဖြစ်ကာ မူလတန်းကျောင်းကတည်းက အတန်းဖော်များ ဖြစ်ခဲ့ကြသည်။ သူတို့သည် အတူတူကြီးပြင်းလာ၏။ လီနသည်လည်း လှပသည်။ သူတို့သည် လီနထံမှ ဖုန်းယွီကို လုမယူနိုင်မှန်း သိပေ၏။

“ကိုယ်က စီစီတီဗွီမှာ ကူညီပေးနေတာ။ အဲ့တာကြောင့် အရမ်းအလုပ်များလို့ပါ။ ဒီအတွက်ကြောင့် ကိုယ်မလာနိုင်ခဲ့ဘူး။ ကြည့်လိုက်လေ။ ကိုယ် အလုပ်ပြီးတာနဲ့ ပြေးမလာလို့လား။ နောက်ဆုံးတော့ ကိုယ် အနားယူဖို့အတွက် ရက်အနည်းငယ် ရလာခဲ့ပြီ။”

ဖုန်းယွီက ရှင်းပြလိုက်၏။

လွန်ခဲ့သည့် ရက်များက ဖုန်းယွီသည် အမှန်တကယ်ပင် အလုပ်များနေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူ့တွင် အချိန် ရှိလျှင် သူ့သည် လီနကို လာတွေ့မည် ဖြစ်သည်။

လီန၏ အခန်းဖော်များသည် ကြက်သေသေသွားကြသည်။ ဖုန်းယွီက စီစီတီဗွီကို ကူညီတာတဲ့လား။ သူ့က နာမည်ကြီး ဘေကျင်း တက္ကသိုလ်က ကျောင်းသားလို့ ပြောရင် မအံ့ဩစရာ မရှိဘူး။ ထိပ်တန်းကျောင်းသားများသည်သာ စီစီတီဗွီသို့ ဝင်ခွင့်ရသည်။

လီန၏ ထိုရက်များအတွင်း ဖုန်းယွီ အဘယ်တွက် မလာသည်ကို တွေးနေ၏။ သူမသည် ရာသီလာနေသည့်အတွက် ဖြစ်နိုင်သည်လော။ ဖုန်းယွီ သူမဆီ လာရသည့် အကြောင်းအရင်းသည် သူ့အနေဖြင့် ခပ်ဆိုးဆိုး အရာလုပ်ချင်သည့်အတွက် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

“ငါ လီနကို ခေါ်သွားတော့မယ်။ နှစ်သစ်ကူးနေကြရင်။ ငါမင်းတို့ အကုန်လုံးကို ညစာ ကောင်းကောင်း လိုက်ကျွေးမယ်”

ဖုန်းယွီသည်လီနကို သူ့ငယ်ချင်းများဆီမှ ဆွဲခေါ်သွားသည့်အခါ ရှက်သွေးဖြာနေတော့သည်။ သူ့အခန်းဖော်များသည်လည်း တခစ်ခစ် ရယ်နေကြသည်။ နောက်ဆုံးအကြိမ်က လီနသည် သူတို့ အဆောင်ကို ပြန်မလာသည့် အခါက လီနကို မေးခွန်းထုတ်ခဲ့ကြသည်။ သူတို့သည် လီနကို ဖုန်းယွီနှင့် ညအတူတူဖြတ်သန်းခဲ့သည်လောဟု မေးချင်း ဖြစ်သည်။

“ဘာလို့ ဒီနေ့ မပျှော်ရွှင်နေတာလဲ”

ဖုန်းယွီက မေးလိုက်သည်။

“နင်ဘာလို့ ဒီရက်ပိုင်း အလုပ်ရှုပ်နေတာလဲ။”

လီနက မေးလိုက်၏။

“ကိုယ်မင်းအတွက် စပရိုက် ပြင်ဆင်နေတာလေ။ မင်း အေရွန်ကော့ကို မကြိုက်ဘူးလား။ ကိုယ်သူ့ကို ဘေကျင်းကို ဖိတ်ထားတယ်။ မနက်ဖြန် ညကျရင်း မင်းအိုင်ဒေါနဲ့ နောက်ဆုံးတော့ တွေ့နိုင်တော့မယ်။ မင်း စပရိုက် မဖြစ်ဘူးလား။”

ဖုန်းယွီသည် အေရွှန်ကော့ကို ဆုပေးပွဲတွင် ဖျော်ဖြေရန် ဖိတ်ကြားရသည့် အကြောင်းအရင်းသည် လီနသည် အေရွှန်ကော့ကို ကြိုက်သည့်အတွက် ဖြစ်သည်။

ရေရွှန်ကော့သည် ထိုခေတ်က အတော်ပင် ခန့်သည်ဟု ပြောနိုင်ပေသည်။ ပြီးနောက် ဆယ်ကျော်သက်များက သူ့ကို ကြိုက်ကြသည်။ သူသည် အသက်ကြီးသွားသော်ငြား သူသည် ချစ်စရာ ကောင်းနေဆဲပင် ဖြစ်သည်။ သို့သော် ယခုခေတ်တွင် မည်သည့် လူငယ်မှ ထိုသက်လတ်ပိုင်း အမျိုးသားကို မနှစ်သက်ကြပေ။

လီနသည် အမှန်ပင် အံအားသင့်စွာဖြင့်

“အေရွန်ကော့လား။ ဟော်ကောင်က အေရွှန်ကော့မလား။ The Heavenly King သီချင်းကို ဆိုတဲ့ တစ်ယောက်ဟုတ်တယ်မလား။”

“ဟုတ်တယ်လေ။ မနက်ဖြန်ကျရင် စီစီတီဗွီရဲ့ နှစ်သစ်ကူး အထူးအစီအစဉ်ရှိတယ်။ ပြီးတော့ သူက ဖျော်ဖြေတဲ့သူတွေထဲက တစ်ယောက်ပဲ။ ငါသူ့ကို ကိုယ်တိုင်ကိုယ်ကျ ဖိတ်ထားတာနော်။ တော်တော်တော့ ကုန်တယ်”

လေယဉ်လက်မှတ်နှင့် တည်းခိုစရိတ်သည် ယွမ် တစ်ထောင်ကျော် ကုန်ကျသည်။ ထိုခေတ်အခါက ယင်းကို အလွန်များသည့် ပမာဏဟု စဉ်စား၍ ရနိုင်ပေသည်။ သို့သော် ထိုအေရွန်ကော့သည် ထိုထက်တောင် ပိုများသေး၏။

“နှစ်သစ်ကူးဂါလာ ညစာစားပွဲလား။ ဒီအစီအစဉ်က နင်ငါ့ကို ပြောတဲ့ နင်ကူးပေးနေတဲ့ စီစီတီဗွီ အစီအစဉ်မလား။ စီစီတီဗွီက ဘယ်တုန်းကများ နှစ်သစ်ကူးအတွက် ဒီလို အစီအစဉ်တွေ ရှိသွားရတာလဲ။”

လီနသည် အံ့အားသင့်သွားခဲ့သည်။ သူသည် နှစ်သစ်ကူးဂါလာ ညစာစားပွဲအကြောင်းကို ကြားပြီး တခါမျှ မကြားဖူးပေ။

သူတို့သည် တက္ကသိုလ်တွင် နေနေကြသည် ဖြစ်ရာ သူတို့တွင် တီဗွီကြည့်ရန် အခွင့်အရေးတောင် မရှိကြပေ။ သူ့အနေဖြင့် ထိုအစီအစဉ်ကိုလည်း မသိသည်ပင်။ သို့သော် ယင်းက စီစီတီဗွီသည် ထိုအစီအစဉ်အတွက် ကောင်းကောင်း မကြေငြာသည်ကိုလည်း ပြသရာ ရောက်ပေ၏။

အကယ်၍ ၂၀နှစ်နောက်ပိုင်းတွင် တီဗွီနှင့် အင်တာနက်များတွင်သာ ကြော်ငြာ ရှိသည်သာမက ဘူတာရုံများ ဘက်စ်ကားမှတ်တိုင်များနှင့် မော်လ်များတွင်လည်း ပိုစတာများ ရှိမည် ဖြစ်သည်။

အကြောင်းမှာ ယင်းသည် ပထမနှစ် ဖြစ်သည့်အတွက် ဖြစ်သ်ည။ ဖုန်းယွီသည်လည်း ယုံကြည်မှု အပြည့် ရှိနေသည်တော့ မဟုတ်ချေ။ ထို့အတွက်ကြောင့် ဖုန်းယွီသည် စီစီတီဗွီကို များများ ကြော်ငြာရန် မတောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ကံကောင်းချင်တော့ ထိုအစီအစဉ်သည် ကြိုတင်ရိုက်ကူးမည့် အစီအစဉ် ဖြစ်သည်။ ကိစ္စ တစ်ခုခု ရှိပါက သူတို့တွင် ပြင်ရန် အချိန်ရပေ၏။

အကယ်၍ တိုက်ရိုက် ထုတ်လွှင့်သည့် အစီအစဉ် ဖြစ်ပါက ဖျော်ဖြေမှု တင်ဆက်နေစဉ် ပြဿနာများရှိပါက နောက်နှစ် သတင်းစာခေါင်းစီးတွင် ပါလာမည် ဖြစ်သည်။ အနာဂတ်တွင် နွေဦးနှစ်သစ်ကူးပွဲတော်တွင် မတော်တဆ ဖြစ်ခဲ့သည်။ အစီအစဉ် တင်ဆက်သသူသည် သူ့ဇာတ်ညွှန်းကို မေ့သွားခဲ့ကာ မှားယွင်းသည့် အကြောင်းအရာများကို ပြောခဲ့သည်။ သူ့ကို ကြည့်ရှုသူများက နှစ်ပေါင်းများစွာ တိုင်အောင် အပြစ်တင်ကြသည်။ ထို့နောက်တွင့် မည်သည့် တိုက်ရိုက် အစီအစဉ်မျိုး ဖြစ်ပါက ပြဿနာ ဖြစ်ခဲ့လျှင် အင်တာနက် အသုံးပြုသူများသည် ထိုမတော်တဆမှုကို ပြန်အစဖော်ကြသည်။

ဖုန်းယွီသည် သူ့ကိုယ်သူ လက်ညှိုးထိုးကာ ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။

“အရင်တုန်းက မရှိဘူးလို့ ဘာလို့ဆိုတော့ ကိုယ်က ဘေကျင်းမှာမှ မရှိခဲ့တာ။ အခု ကိုယ်ဘေကျင်းမှာ ရှိနေပြီ။ ဒီနှစ်က စပြီး အဲလို အစီအစဉ်တွေ ရှိတော့မယ်။”

လီနသည် မျက်လုံးဝေ့လိုက်ကာ

“လေထွားတာတွေ ရပ်လိုက်တော့။ ခဏ... ဒီပွဲကို ကျင်းပဖို့အတွက် နင် ပိုက်ဆံ အများကြီး သုံးခဲ့တာလား။"

လီနက စိတ်ပူသွားသည်။ အကယ်၍ ဖုန်းယွီ၏ မိဘများသာ ထိုအကြောင်း သိပါက သူတို့ ပျော်ရွှင်လိမ့်မည်လော။ အကယ်၍ သူတို့သာ ဖုန်းယွီသည် သူမအတွက် သူ့မ အိုင်ဒေါကို ဘေကျင်းကို ဖိတ်ကြားခိုင်းခဲ့သည် ဆိုသည့်အကြောင်းကို သိပါက သူမအနေဖြင့် အနာဂတ် ယောက္ခမများအပေါ်တါင် ကောင်းမွန်သည့် အမြင် ကျန်နိုင်မည် မဟုတ်ချေ။ ဖုန်းယွီသည် ချမ်းသာသော်လည်း မည်သည့်မိဘများ သူတို့သားကို လက်ဖွာသည့် မိန်းမနှင့် လက်ထပ်မည်ကို မမြင်ချင်ကြပေ။”

“ကိုယ်အများကြီး မသုံးပါဘူး။ ငွေအများစုကလည်း လူတိုင်းဆီက ပြန်ရတာပဲလေ။ ပိုက်ဆံအတွက် စိတ်မပူနဲ့ ကိုယ်ပြန်ရမှာ။ မနက်ဖြန်ကျရင် စီစီတီဗွီမှာ တိုက်ရိုက် ကြည့်ရှုဖို့အတွက် ကိုယ်မင်းကို လာခေါ်မယ်။ မင်းစိတ်လှုပ်ရှားနေလား”

“တိုက်ရိုက်သွားကြည့်လို့ရတာလား။ စီစီတီဗွီရဲ့ ခန်းမမှာလား”

“ဟုတ်တာပေါ့။ ရှေ့မှာ ကိုယ်တို့တွေ ထိုင်ခုံ အတူတူတော့ ထိုင်လို့ မရဘူး။ ဒါပေမဲ့ ကိုယ်တို့တွေ ပရိသတ် ပထမဆုံး ထိုင်ခုံမှာတော့ ထိုင်လို့ရတယ်။ အို... ငါ လျိုခွန်၊ တုန့်ကျွင်းနဲ့ ကျန်းဟန်တို့ကိုလည်း ဖိတ်ထားသေးတယ်။ ကိုယ်တို့ အတူတူ ထိုင်ကြမှာ”

“တကယ်လား။ ကောင်းတာပဲ”

“ပျော်လား။ လာပါ မိန်းကလေး ကိုယ့်ကို ပျော်ရွှင်အောင် လုပ်ပေးလိုက်ပါဦး”

ဖုန်းယွီက ဟာသနှောကာ ပြောလိုက်သည်။

လီနသည် တစ်ဖန် သူမမျက်လုံးကို လိမ့်လိုက်ကာ သူ့အား လစ်လျူရှုလိုက်သည်။

ဟူး.. ရက်နည်းနည်းပဲ ရှိသေးတယ်။ သူ စိတ်ဆိုးနေတာလား။ ငါ့သူကို ရယ်အောင် မလုပ်နိုင်ဘူးဆိုတာ မယုံဘူး။

လမ်းမီး နီသည့်အခါ ဖုန်းယွီသည် လီနဖက်ကို လှည့်ကာ

“ဘာလို့ ကိုယ်ကို ပျော်အောင် မလုပ်ပေးတာလဲ။.. ဟီးဟီးဟီး...”

“ဟဟဟ... နင်က အရမ်းကို မချမ်းမြေ့စရာပဲ”

လီနက ရယ်လိုက်၏။

သူမ ရယ်သည့်အခါ လီနသည် လှပပေ၏။ ချစ်ရသည့်သူ ရယ်သည့်အခါ ဖုန်းယွီ၏ ပင်ပန်းမှု အကုန် ပြေလျော့သွားခဲ့သည်။

ဖုန်းယွီသည် သူ၏ တိုက်ခန်းကို မောင်းသွား၏။ အိမ်တွင် ဖုန်းယွီက စတင်ပြီး ထိတွေ့မှုများဖြင့် လီနကို အင်တင်တင် ဖြစ်နေသည့် လီနကို စတင် စွဲဆောင်လိုက်သည်။

ပျော်ရွှင်သည့် အခိုက်အတန့်ပြီးနောက် ဖုန်းယွီသည် လီနကို သူ့လက်မောင်းဖြင့် အိပ်ယာပေါ် လှဲလိုက်သည်။

လီနက ရုတ်တရက် မေးလိုက်၏။

“ငါတို့တွေ ကိုယ်ဝန်တော့ မရနိုင်ဘူးမလား။ ဒီမှာ ကိုယ်ဝန် ရတာ ကြိုတင်ကာကွယ်ဖို့အတွက် တစ်ခုခု ရှိတယ်လို့ ကြားတယ်”

လီနသည် သူမ ကိုယ်ဝန် ရမည်ကို ကြောက်ရွံ့နေ၏။ အကယ်၍ သူမ ကိုယ်ဝန်ရသည့်အခါ ကျောင်းနားရမည် ဖြစ်ကာ သူ့မိဘသည်လည်း လီနကို စိတ်ပျက်ကြမည်။ အခြားသူများအနေဖြင့် သူမကို မည်သို့ မြင်မည်နည်း။

ဖုန်းယွီ အတွက်မူ စိုးရိမ်စရာ မရှိပေ။ အကယ်၍ လီနသည် တကယ် ကိုယ်ဝန်ရခဲ့ပါက သူတို့ လက်ထပ်နိုင်ပေမည်။ သို့သော် လီနသည် ကြောက်ရွံ့နေသည့်အတွက် သူမသည် ဖုန်းယွီကို အကာအကွယ်သုံးရန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဖုန်းယွီသည် သူ့အံဆွဲကို ထုတ်လိုက်ပြီး

“ဒီမှာလေ။ ကိုယ်ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ အဲတာက အဆင်ပြေပါတယ်။ အခုတော့ ကိုယ် အထဲမှ မလွှတ်တော့ဘူး။ ထပ်ပြောရမယ်ဆိုရင် အခုက မင်းရဲ့ စိတ်ချရတဲ့ကာလလေ။ စိတ်မပူပါနဲ့။ မင်းက ဒီလို ပြောတယ်ဆိုမှတော့ ကိုယ်တို့တွေ ဒီတစ်ခေါက် အကာအကွယ် သုံးပြီး စမ်းကြည့်ကြမလား။ မင်းလည်း လိုချင်နေတယ် ဟုတ်တယ်မလား။”

ဖုန်းယွီက လီနအပေါ် လဲချလိုက်သည်။

“အ... မလိုပါဘူး...”

All Chapters